← Chapters

မင်းက ငါတွေ့ဖူးသမျှလူသတ်သမားတွေထဲ အတုံးဆုံးပဲ

Vol. 23 Ch. 331

မင်းက ငါတွေ့ဖူးသမျှလူသတ်သမားတွေထဲ အတုံးဆုံးပဲ

Vol. 23 Ch. 331

အခန်းထဲမှ လေထုက ချက်ချင်းပင် အေးခဲသွားလေသည်။ နှစ်ယောက်သား တိတ်ဆိတ်စွာဖြင့် တစ်

ယောက်ကိုတစ်ယောက် ကြည့်နေကြပြီးနောက်မှာ ရွှီဖန်းက အရင်ဦးဆုံး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

"ငါ့ကို မသတ်ခင် အရင်ကျေးဇူးဆပ်မယ်"

ရွှီဖန်းသည် ထိုဝါကျကိုထပ်ခါတလဲလဲ ရွတ်ဆိုနေရင်း ကြောင်အနေလေသည်။ သူ ပိုင်ပင်းကို ကြည့်ကာ သူမ၏ဆိုလိုရင်းကို နားမလည်နိုင်ခဲ့ပေ။

"အကယ်၍များ ကျွန်မကိုကယ်ဖို့အတွက် တကယ်ကို အဲ့ဒီဟိုတယ် သွားခဲ့တယ်ဆိုရင်တော့ ကျွန်မလည်း တစ်သက်လုံး အပြစ်ရှိသလို ခံစားနေရမှာပဲ၊ ဒါပေမဲ့ ကံကောင်းစွာနဲ့ ရှင် မသွားခဲ့ဘူးလေ"

ပိုင်ပင်းသည် ရွှီဖန်းအား ကြည့်ရင်း ရှင်းပြသည်။

သို့သော်လည်း ရွှီဖန်းသည် ထိုစကားကို ကြားသောအခါ သိသိသာသာပင် မကျေမနပ်ဖြစ်သွားတော့သည်။ ဘာလဲဟဟု သူ တွေးနေမိသည်။

"ငါသေမှပဲ မင်းက စိတ်ထဲခံစားမှာပေါ့...မင်းမှာ လူ့စိတ်ရောရှိသေးရဲ့လား၊ မင်းရဲ့နှလုံးသားက သံနဲ့လုပ်ထားတာလား"

ရွှီဖန်းသည် ပိုင်ပင်း၏ထိုစကားကို နားမလည်နိုင်ပေ။ လက်ခံနိုင်ခြင်းမရှိသလို ပုံမှန်လူတစ်ယောက်က ထိုသို့သောစကားမျိုးအား ဘာကြောင့်ပြောနိုင်ရသလဲဆိုတာကိုနားမလည်နိုင်ခဲ့ပေ။

မသိလိုက်ဘာသာနှင့် ရွှီဖန်း၏ထိုစကားများက သူမ၏နှလုံးသားအနက်ရှိုင်းဆုံးနေရာကို ထိမှန်သွားခဲ့ပြီး သူမအား မျက်ရည်များ ဝဲတက်လာစေခဲ့သည်။

"ဒါက ကျွန်မပြဿနာပါ၊ ရှင်နဲ့ထိုက်တန်သမျှ ကာလပတ်လုံးပေါ့၊ ရှင့်လိုအမျိုးသားတွေအတွက် ကျွန်မရဲ့ ရုပ်ရည်က သေစေနိုင်တဲ့ ဆွဲဆောင်မှုတစ်ခုဆိုတာ ကျွန်မသိတယ်၊ မူလကတော့ ရှင့်လို အမျိုးသားတွေကို ကျွန်မ ဘာမှအထင်မကြီးခဲ့ဘူး၊ ဒါပေမဲ့ ရှင် ကျွန်မကို ကယ်ခဲ့တာကြောင့် ဒီကျေးဇူးကိုဆပ်ဖို့ ဒါကို အရင်အသုံးပြုမယ်၊ ပြီးမှ ရှင်ကို သတ်မယ်"

သူမ စကားပြောရင်းနှင့် အလျင်အမြန်ပင် အဝတ်များကို ဆွဲချွတ်တော့သည်။ ရွှီဖန်းသည် ပိုင်ပင်း၏စကားများကြောင့် ပထမဆုံးအကြိမ်တွင် စိတ်နာကျင်ခဲ့ရသည်။ ပိုင်ပင်းမှ အဝတ်များကို တကယ်ချွတ်

လာသောအခါ သူ့မျက်လုံးထဲ၌ မကျေနပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။ ထို့နောက် သူ့လက်ထဲမှ လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်သည် တစ်ချက်လင်းလက်သွားခဲ့ပြီး ရွှီဖန်းကို ချည်နှောင်ထားသောကြိုးလည်း မြေမှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ပိုင်ပင်းသည်လည်း ရွှီဖန်း လွတ်မြောက်နိုင်

လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမ သေနတ်ကိုမြှောက်ကာ ရွှီဖန်းကို ချိန်လိုက်သောအခါ အချိန်

နှောင်းသွားခဲ့ပြီဖြစ်သည်။

ရွှီဖန်းက ပိုင်ပင်း၏အနောက်သို့ လျှပ်တစ်ပြက် ရောက်ရှိသွားခဲ့သည်။ ပိုင်ပင်း ခုနက ချွတ်ထားခဲ့သော ကုတ်အင်္ကျီနှင့်အပေါ်ဝတ်ကို သူ ပြန်ဝတ်ပေးရန် လက်မြှောက်လိုက်ပြီးနောက် ပိုင်ပင်း၏လက်ထဲမှ သေနတ်ပြောင်းကို သူ့လက်ဖဝါးဖြင့် ရိုက်ချလိုက်

သည်။

ထိုအရာများအားလုံးက တစ်စက္ကန့်အတွင်း ဖြစ်

ပျက်သွားခဲ့သည်။ ပိုင်ပင်းလည်း ကြောင်အသွားခဲ့သည်။ ရွှီဖန်း၏လှုပ်ရှားမှုကြောင့် သူမ တုန်လှုပ်သွားခဲ့သည်။ ရွှီဖန်းကိုယ်တိုင်တောင်မှ အံ့သြနေခဲ့ခြင်းပင်။ ဤသို့သောအမြန်နှုန်းသည် သူ အားပြည့်နေမှသာ ရရှိနိုင်သော အမြန်နှုန်းမျိုးဖြစ်သည်။

"ဒါက..."

မိုးပျံအိုးသိုင်းကျမ်း၏ စတုတ္ထအဆင့်ကို သူ တက်

လှမ်းသွားမှန်း သိသာလှသည်။ မိုးပျံအိုးသိုင်းကျမ်းအဆင့်တက်လှမ်းလာသည်နှင့်အမျှ ရွှီဖန်း၏ အဆင့်လည်း မြင့်တက်လာခဲ့သည်။ ရွှီဖန်း၏ ယခင်အသိအတိုင်းသာဆိုလျှင် သူသည် ကနဦးကမ္ဘာမြေအဆင့်သို့ ရောက်ရှိသွားလောက်ပြီဖြစ်သည်။

တစ်နည်းအားဖြင့် ရွှီဖန်း၏လက်ရှိအခြေအနေသည် ဤကမ္ဘာကိုပင်ကျော်လွန်နိုင်သော အသန်မာဆုံး စွမ်းအားတစ်ခု ဖြစ်နိုင်ဖွယ်ရှိနေသည်။ ထိုအရာကြောင့် ရွှီဖန်း၏နှလုံးသားထဲတွင် ပျော်ရွှင်မှုကို ခံစား

လိုက်ရသည်။ သူ၏လက်ရှိစွမ်းအားကို ချက်ချင်းပင် သူ စမ်းသပ်ချင်နေမိသည်။

သို့သော် ပိုင်ပင်း၏စကားများက ရွှီဖန်း၏ပျော်နေသောစိတ်ခံစားချက်ကို အနိမ့်ဆုံးသို့ ဆွဲချပစ်ခဲ့သည်။

"ရှင့်အသက်အတွက် ကျွန်မကို မထိရဲတာလား၊ ရှင်က တကယ်ကို ကြောက်တတ်တာပဲ"

ပိုင်ပင်းသည် သူမလက်ထဲရှိ သေနတ်ကို ပစ်ချကာ လှည့်ကြည့်လိုက်သည်။ သူမ ရွှီဖန်းကို လှည့်ကြည့်

ခဲ့သော်လည်း ရွှီဖန်း၏ ပြင်းပြသောအကြည့်ကြောင့် သူမ ထိုအကြည့်ကို ပြန်ရှောင်တိမ်းခဲ့ရသည်။ နောက်ဆုံးမှာ ပိုင်ပင်းသည် သူမ၏အပြစ်ရှိစိတ်ကို အတင်းအကျပ်ပင် ထိန်းချုပ်လိုက်သည်။

"မင်း ဘယ်လိုပဲပြောပြော ငါ မင်းကို ကယ်ခဲ့တာက ငါ့ရဲ့အတွင်းရေးမှူးဖြစ်နေလို့ပဲ၊ ပြီးတော့ မင်းကို နံပါတ်၁၆အနေနဲ့ ငါ မဖော်ထုတ်ခဲ့ဘူးဆိုတာကလည်း ငါ ဂရုမစိုက်လို့ပဲ၊ မင်းကတော့ ငါက မင်းရဲ့အလှနောက်ကိုလိုက်နေတယ်လို့ ထင်ကောင်းထင်နိုင်တယ်၊ ဒါပေမဲ့ မင်းအတွက်ကောင်းဖို့ တစ်ခုတော့ သတိပေးချင်တယ်"

ထိုနေရာ၌ ရွှီဖန်းသည် ခဏရပ်လိုက်ကာ ပိုင်ပင်းကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။

"မင်း ငါ့ကို သတ်လို့မရဘူး"

ထိုစကားများကို ထုတ်ပြောပြီးနောက် ရွှီဖန်းသည် ဆက်မနေတော့ဘဲ လှည့်ထွက်လာခဲ့သည်။

"ရှင်!"

ပိုင်ပင်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေခဲ့သည်။သူမ၏မျက်လုံးများသည် ရွှီဖန်း မနိုးထမီအချိန်က သူမမှာ ရှိခဲ့ဖူးသော မျက်လုံးများအတိုင်းပင် ဖြစ်သော်လည်း ယခု သူမ၏မျက်လုံးထဲတွင် နက်ရှိုင်းသောခံစားမှုတစ်ခုကို မြင်တွေ့နိုင်သည်။

"အစ်မ ညီမလေး တောင်းပန်ပါတယ်"

ထိုစကားမှာ ပိုင်ပင်းကလည်း ထွက်လာပြီး ရွှီဖန်း၏ အနောက်သို့လိုက်သွားစဉ်၌ သူမကိုယ်သူမ ပြောခဲ့သော နောက်ဆုံးစကားဖြစ်သည်။

ရွှီဖန်း ဟိုတယ်ထဲမှထွက်လာပြီးနောက် သူ့အနောက်ကနေ ပိုင်ပင်းက အနီးကပ်လိုက်လာကြောင်းမြင်လိုက်ရသည်။ သူ ဘာမှအများကြီးမပြောနေဘဲ တက္ကစီတစ်စီးကိုသာငှားလိုက်သည်။ ပိုင်ပင်းသည် ရွှီဖန်း၏အနောက်ကနေ လိုက်၍ နောက်ခန်းတွင် ဝင်

ထိုင်လိုက်သည်။

"ဘာလဲ ငါ့ကို သတ်ဖို့ အခွင့်အရေးရှာနေတုန်းပဲလား"

ရွှီဖန်းသည် ပိုင်ပင်း၏မျက်လုံးထဲ၌ မထီမဲ့မြင်ပြုမှုအရိပ်အယောင်တစ်ခုကို မြင်လိုက်သည်။ သူကဖြင့် သူမကို ကယ်တင်ပေးခဲ့ပြီး သူမကတော့ သူ့ကို ထိုလုပ်ကြံမှုတစ်ခုကြောင့် သတ်ချင်နေတုန်းပင်။

ဒါ ဘယ်လိုတောင် အာဃာတကြီးလွန်းတာလဲ။

ပိုင်ပင်းသည် ရွှီဖန်း၏စကားများကိုကြားသော်လည်း သူ့မျက်လုံးထဲရှိ မထီမဲ့မြင်ပြုမှုများကို ပြန်ကြည့်

လိုက်ပြီး ရှောင်တိမ်းခြင်းမရှိခဲ့ပေ။ သူမ ရွှီဖန်း၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်သည်။

"ရှင့်ကို ကျွန်မ မသတ်နိုင်ဘူးလို့ ပြောခဲ့တယ်နော်၊ ဒါဆို ရှင့်မှာ စွမ်းဆောင်ရည်ရှိရင် ကျွန်မကို ခေါ်သွားလေ၊ ကျွန်မ ရှင့်ကို အခု ကျေးဇူးကြွေးတင်နေတာလေ၊ ရှင့်ကိုလည်း သတ်နိုင်မှာမှ မဟုတ်ဘဲ"

"ရူးသွားပြီလား...မင်းမှာ ဘာရှက်စရာမှ မရှိတော့ဘူးလား"

ရွှီဖန်း တကယ်စိတ်မရှည်တော့ပေ။

ရွှီဖန်းက မသိသော်ငြား ပိုင်ပင်း၏နှလုံးသားမှာနှိပ်စက်ခံနေရသလို ခံစားနေရခြင်းပင်။ ပိုင်ပင်း အခုလိုလုပ်ခဲ့သည်မှာ ရှောင်းမိသားစုနှင့်အရိပ်အဖွဲ့အစည်းကို ရွှီဖန်းက ရှင်းလင်းလိုက်ပြီဟူသည့် သတင်းကို သူမရရှိခဲ့သောကြောင့်ပင်။ ပိုင်ယွီတစ်ယောက် ပျောက်ဆုံးသွားပြီးနောက်မှာတော့ ပိုင်ပင်းသည် ရွှီဖန်းက ပိုင်ယွီကို သတ်ခဲ့သည်ဟူ၍ သဘာဝကျစွာ တွေးခဲ့သည်။ ပိုင်ယွီက ပိုင်ပင်း၏အစ်မဖြစ်သော်ငြား ရွှီဖန်းကလည်း ပိုင်ပင်း၏ကယ်တင်ရှင်ဖြစ်နေခဲ့သည်။

ပိုင်ပင်းသည် ရွှီဖန်း၏စကားကို ကြားသောအခါ ချက်ချင်းဆိုသလိုပင် စိတ်မချမ်းမသာဖြစ်သွားရသည်။ သူမ ၁၈နှစ်လုံးလုံး လောကဓံကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး သူမနှင့် ရွယ်တူများထက် များစွာအတွေ့အကြုံရှိပေသည်။ သို့သော် ထိုကောင်မလေး၏မျက်ရည်

များသည် နောက်ဆုံးမှာတော့ ကျဆင်းလာလေပြီ။

သို့သော်ငြား ပိုင်ပင်း ငိုနေပုံက ထူးဆန်းပေသည်။ သူမက ငိုတတ်ပုံမရပေ။ ပိုင်ပင်းသည် ရွှီဖန်းကို စိုက်

ကြည့်ပြီး ငိုတာကို ရပ်တန့်ရန် ကြိုးစားခဲ့သော်လည်း လက်ဖြင့် မသုတ်နိုင်ခဲ့ချေ။

ရွှီဖန်း၏မျက်လုံးထဲမှာတော့ ရယ်စရာမကောင်းပေ။သူမပုံစံမှာ မိုးရေစိုနေသည့်သစ်တော်သီးတစ်လုံးလိုမျိုး တကယ်ကို သနားစရာကောင်းပေ၏။ ထိုမြင်ကွင်းကို ရွှီဖန်း မြင်သည့်အခါ တုန်လှုပ်သွားရသည်။ ပိုင်ပင်းအား ရေခဲတောင်အလှမယ်ဟု ရွှီဖန်း သတ်မှတ်ထားသည်ကို သိထားရပေမည်။ သို့သော် လက်ရှိမှာတော့ သူမ၏ပုံပန်းသဏ္ဍာန်မှာ ယခင်ကနှင့် အလွန်ကွာခြားနေလေသည်။

သို့သော် ထိုကွာခြားချက်ကပင် ရွှီဖန်း၏နှလုံးသားကို တုန်လှုပ်စေခဲ့သည်။

"မဟုတ်သေးဘူးပါကွာ...မင်း အဲ့ဒီလိုပုံစံမျိုး လုပ်နေရင် လူတွေက ငါ မင်းကို အနိုင်ကျင့်နေတယ်လို့ ထင်ကုန်တော့မှာပဲ"

ရွှီဖန်းမှာ သူ့အရှေ့မှယာဉ်မောင်းကို ကြည့်၍ ပိုင်ပင်းအား ကူကယ်ရာမဲ့စွာ ပြောမိသည်။

"ရှင် ကျွန်မကို အနိုင်ကျင့်နေတာပဲလေ...ရှင်က ကျွန်မ တစ်သက်လုံး တွေ့ဖူးသမျှထဲ ယုတ္တိအမဲ့ဆုံးလူပဲ"

ပိုင်ပင်း၏မကျေမနပ်ဖြစ်မှုက ပေါက်ကွဲလာခဲ့ပြီး သူမ ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပေ။ သူမက အမျိုးသမီးများ၏သဘာဝဗီဇအတိုင်း ကလေးဆိုးလေးလို ပြုမူလာခဲ့သည်။

ရွှီဖန်းသည် သူမမှ ထိုစကားကိုပြောလိုက်သည့်အခါ လုံးဝ ထိတ်လန့်သွားရသည်။

"မဟုတ်သေးပါဘူး...ငါတို့နှစ်ယောက်ထဲမှာ ဘယ်သူက ယုတ္တိမရှိတာလဲ"

"ရှင် ယုတ္တိမရှိတာလေ...ရှင် ကျွန်မရဲ့မူလဇစ်မြစ်ကို သိနေရဲ့သားနဲ့ ဘာလို့ ကျွန်မကို ဒီလိုလုပ်ရတာလဲ...ကျွန်မတို့ရဲ့ရန်ငြိုးက ပင်လယ်လို နက်ရှိုင်းတယ်ဆိုတာ ရှင်သိရဲ့လား...ဘာလို့ ကျွန်မကို ကယ်ခဲ့တာလဲ...ရှင်က ကျွန်မ ရှင့်ကို မသတ်နိုင်အောင် လုပ်ခဲ့တာပဲ!"

"မဟုတ်ဘူးကွ"

ပိုင်ပင်းက ထိုသို့ပြောလိုက်သည်နှင့် အရှေ့မှ ယာဉ်မောင်းသည် ဘရိတ်အုပ်ကာ သူတို့နှစ်

ယောက်အား ကြောက်လန့်တကြား မျက်နှာဖြင့် ကြည့်လာသည်။

"ဟဲဟဲ...ဇာတ်ညွှန်းလေ့ကျင့်နေတာပါ...ဇာတ်ညွှန်းလေ့ကျင့်နေတာ"

ရွှီဖန်းသည် ယာဉ်မောင်းအား အလျင်အမြန် ရှင်းပြလိုက်ရသည်။

ယာဉ်မောင်းကလည်း သက်ပြင်းချကာ ကားကို ပြန်မောင်းလေသည်။ ရွှီဖန်းသည် ဒေါသမျက်နှာဖြင့် ပိုင်ပင်းကို ကြည့်လိုက်သည်။

"မင်းရဲ့လုပ်ကြံမှုမအောင်မြင်တာနဲ့ပဲ ရန်ငြိုးက ပင်လယ်လို နက်ရှိုင်းသွားတယ်ပေါ့...မင်းသာ အောင်မြင်ခဲ့ရင် ငါ သေနေပြီပေါ့ကွ!"

ဘာကြောင့်မှန်းမသိပေ။ ရွှီဖန်း ဒေါသထွက်နေသော်လည်း ထိုဒေါသကို ထိန်းချုပ်ကာ ပိုင်ပင်းအား ဆင်ခြင်တုံတရားဖြင့် ပြောရန် ကြိုးစားလိုက်သည်။

ပိုင်ပင်းကမူ ရွှီဖန်း၏စကားကို ကြားသောအခါ ပို၍ အပြစ်တင်လာသည်။

"ရှင်က အခုထိ ဟန်ဆောင်နေတုန်းပဲ၊ ရှင် သတ်ခဲ့တာကို ကျွန်မ မသိဘူးလို့ ရှင် ထင်နေတာလား..."

သို့သော် ထိုစကားပြောနေရင်းဖြင့် ပိုင်ပင်းသည် ရုတ်တရက်ပင် စကားပြောတာ ရပ်သွားသည်။ သူမက တစ်ခုခုကို တွေးမိသွားဟန်ရှိပြီး ရွှီဖန်းအား အံ့အားသင့်စွာဖြင့် ကြည့်လာသည်။

"ဘာလို့ ကျွန်မကို မသတ်ခဲ့တာလဲ"

ပထမကတော့ ရွှီဖန်းလည်း ပိုင်ပင်း၏စွပ်စွဲမှုကို ကြားရသောအခါ စိတ်ရှုပ်ထွေးသွားခဲ့သည်။ သို့သော် ပိုင်

ပင်းက ထိုမေးခွန်းကို မေးလိုက်သည့်အခါ ရွှီဖန်း၏ စိတ်ရှုပ်ထွေးမှုက ပျောက်ကွယ်သွားသည်။ သူမကို မသတ်ခဲ့တာက ဘယ်ကဘယ်လို ပြဿနာဖြစ်သွားရမှန်း သူ နားမလည်နိုင်သေးပေ။

"မင်း လှလို့နေမှာပေါ့"

ရွှီဖန်းသည် ပိုင်ပင်းကို အာရုံစိုက်ရန် စိတ်မပါတော့ဘဲ ပေါ့ပေါ့ဆဆသာ ပြန်ဖြေခဲ့ပြီး သူ့ဒေါသအား ငြိမ်

အောင် ထပ်ခါတလဲလဲ ထိန်းလိုက်ရသည်။

သို့သော် ပိုင်ပင်း၏ နောက်ထပ်တုံ့ပြန်မှုက ရွှီဖန်းအားအံ့အားသင့်စေခဲ့သည်။ ပိုင်ပင်းသည် သူမခါးမှ ဓားတိုတစ်ချောင်းကို ထုတ်၍ သူမမျက်နှာကို ဓားနှင့် ထိုးလေသည်။

သို့သော် အဆင့်တက်လှမ်းပြီးခဲ့သော ရွှီဖန်းအတွက် ပိုင်ပင်း၏ တိုက်ခိုက်မှုအမြန်နှုန်းမှာ လိပ်အရှိန်နှင့် အတူတူနီးပါးပင်။ ရွှီဖန်း၏လက်များက နောက်ကွယ်ပုံရိပ်များစွာ ထင်ကျန်စေခဲ့ပြီး လက်တစ်ဖက်ဖြင့် ပိုင်ပင်း၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ကျန်တစ်ဖက်ဖြင့် ပိုင်ပင်းလက်ထဲရှိ ဓားတိုကို ဖမ်းဆုပ်လိုက်သည်။

"ပေးစမ်း!"

ပိုင်ပင်း၏မျက်လုံးထဲတွင် ဒေါသများ ရုတ်တရက် ထွက်ပေါ်လာသည်။

"မင်းရဲ့ ခေါင်းထဲမှာ တစ်ခုခု မှားနေတာလား..မပြောမဆိုနဲ့ ကိုယ့်ကိုယ်ကိုယ် ဘာလို့ သတ်သေရတာလဲ"

ရွှီဖန်းမှာ လုံးဝ ကြောင်အသွားခဲ့သည်။ သူ ပိုင်ပင်း၏ လုပ်ရပ်များကို တကယ်နားမလည်နိုင်ခဲ့ပေ။

ရွှီဖန်း၏စကားများသည် ကုလားအုတ်ကျောပေါ်မှ နောက်ဆုံးကောက်ရိုးတစ်ပင်ကဲ့သို့ ပိုင်ပင်းကိုလည်း ဒေါသမီးတောက်စေခဲ့သည်။

ပိုင်ပင်း၏မျက်လုံးထဲ၌ ဝမ်းနည်းမှုအရိပ်အယောင်

တစ်ခု ဖြတ်ပြေးသွားသည်။ သူမ ရွှီဖန်းကို ကြည့်

ကာ ပြောလိုက်သည်။

"ဒါဆို ကျွန်မအစ်မကရော သူက ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့တာလား"

ထို့နောက် သူမကိုယ်သူမ ပြောနေသကဲ့သို့ပင်။

"သူမ ဘယ်လောက်တောင် အရှက်ရနေမလဲ"

ထို့နောက် သူမ မော့ကြည့်လာရာ ရွှီဖန်းသည် သူမမျက်လုံးထဲတွင် မုန်းတီးမှုများ ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။ သို့သော် သူမလက်ထဲတွင် ချွန်

ထက်သောဓားက မရှိတော့ပေ။ သူမသည် စိတ်ပျက်အားငယ်မှုကြောင့် သူ့လက်ကို ကိုက်လာသည်။

"ရှီး!"

ရွှီဖန်းသည် ဘာကိုဆိုလိုတာလဲဟု မေးတော့မလို့ပင်ရှိသေးသည်။ ထိုအချိန်၌ သူ အကိုက်ခံလိုက်ရသည်ကို မြင်လိုက်ရသည်။ ရွှီဖန်း လက်မြှောက်လိုက်

သော်လည်း ပိုင်ပင်းသည် သူ့လက်ကောက်ဝတ်ကို ဆက်ကိုက်ထားဆဲဖြစ်ပြီး ထိုနာကျင်မှုကြောင့် ရွှီဖန်းမှာ အေးစက်သောလေကို ရှိုက်လိုက်ရသည်။

"ခွေးမလေး!"

ပိုင်ပင်းက ရွှီဖန်း၏လက်ထဲမှ ဓားကို ဆွဲလုရန် လက်ဆန့်သည်။

သို့သော် ရွှီဖန်းက သူမကို အနိုင်ပိုင်းခဲ့သည်။ သူ ပိုင်

ပင်း၏ လက်ကောက်ဝတ်ကို ဆွဲကာ နောက်သို့ လိမ်၍ သူမကို ထိန်းချုပ်လိုက်သည်။

"ငါ မင်းကို ဘယ်နေရာမှာ စော်ကားမိလို့လဲ ဟမ်...မင်းရဲ့ မစ်ရှင် မအောင်မြင်ခဲ့ရုံပဲ မဟုတ်ဘူးလား...မင်း ဒီလိုလုပ်ရပ်မျိုး လုပ်နေမှရမှာလား"

ရွှီဖန်းသည် အကိုက်ခံရခြင်းကို ဂရုမစိုက်သော်လည်း သူ့စိတ်ထဲက မေးခွန်းကိုတော့ မေးခဲ့ပေသည်။

ပိုင်ပင်းသည် ထိုစကားကို ကြားသောအခါ မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ခေါင်းမော့လာသည်။

"ရှင်က အခုထိ ဟန်ဆောင်နေတုန်းပဲ၊ အရိပ်အဖွဲ့အစည်းပျောက်ဆုံးသွားတာက ရှင်နဲ့ ဘာမှမဆိုင်ဘူးလား! ဘာပဲဖြစ်ဖြစ် ရှင် ကျွန်မအစ်မကို သတ်ခဲ့မှတော့ ကျွန်မ ရှင်နဲ့ ဘယ်တော့မှ အတူမနေနိုင်ဘူး!"

ရွှီဖန်းမှာ လုံးဝ ကြောင်အသွားတော့သည်။

"ငါက မင်းအစ်မကို သတ်ခဲ့တယ်? ပြီးတော့ အတူနေတယ်? ဆိုတော့ ဒီအပြုအမူတွေအားလုံးက အဲ့ဒါတွေနဲ့ပတ်သက်နေတာလား..မင်းကတော့ ငါ့တစ်သက်မှာ တွေ့ဖူးသမျှထဲ အတုံးဆုံးလူသတ်သမားပဲ"

လက်ရှိအချိန်တွင် ရွှီဖန်းသည် ကောင်းကင်ကြီးကို မော့ကြည့်၍ သက်ပြင်းရှည်ကြီးချလိုက်ရုံမှတစ်ပါး တခြားအရာမရှိခဲ့ပေ။

*********************

All Chapters