← Chapters

ထွက်ခွာသွားသော ပိုင်ပင်း

Vol. 23 Ch. 332

ထွက်ခွာသွားသော ပိုင်ပင်း

Vol. 23 Ch. 332

ရွှီဖန်းက သူမအား အတုံးဆုံးလူသတ်သမားဟု ပြောလိုက်ခြင်းကို ပိုင်ပင်းကြားသောအခါ ခဏတာမျှ ကြောင်သွားခဲ့ပြီး ဒေါသပြန်ထွက်လာသည်။

"မဟုတ်သေးဘူး ငါနားလည်ပြီ၊ ဒါ နားလည်မှုလွဲတာပဲ"

ရွှီဖန်းသည် ချက်ချင်းပင် လက်ဝှေ့ယမ်းကာ ပိုင်ပင်း အား စကားဆက်မပြောအောင် တားဆီးလိုက်သည်။

"ဘာကိုနားလည်မှုလွဲတာလဲ...ရှောင်လွှဲဖို့ ကြိုးစားလည်း အပိုပဲနော်"

သို့သော် ပိုင်ပင်းက ရွှီဖန်းကို သတိထားနေသည်မှာ သိသာလှသည်။

"အေးပါ...ခဏလောက် ထပ်စောင့်ဦး"

တက္ကစီက ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံး တံခါးဝရှေ့သို့ ရောက်ရှိလာသည်။ သူ ပိုင်ပင်းကို လက်တစ်ဖက်ဖြင့် ထိန်းချုပ်ထားပြီး ကျန်တစ်ဖက်ဖြင့် ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်။ ယာဉ်မောင်း ပိုက်ဆံပြန်အမ်းမည်ကိုမစောင့်ဘဲ ပိုင်ပင်းကို ကားထဲမှ ခေါ်ထုတ်ကာ အခြေစိုက်ရုံးထဲသို့ ဝင်သွားလိုက်သည်။

ယာဉ်မောင်းကလည်း ရွှီဖန်းနှင့်ပိုင်ပင်းတို့ ထွက်သွားသော ပုံရိပ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

"အင်း...ဒီလိုမျိုး အလုပ်ကိုစိတ်နှစ်ပြီးလုပ်တဲ့ သရုပ်ဆောင်တွေ အခုဆို ရှားပါးသွားပြီ"

အခြေစိုက်ရုံးအတွင်းတွင် ပိုင်ပင်းနှင့်ရွှီဖန်းသည် တစ်ဦးနှင့်တစ်ဦး ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။ သူမ၏ခန္ဓာကိုယ်မှာ ရွှီဖန်း၏လက်ထဲမှ ရုန်းကန်လိုဟန်ဖြင့် တွန့်လိမ်နေပြီး ထိုအပြုအမူက အလုပ်သမားများ၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

ထိုအရာကိုမြင်သောအခါ ရွှီဖန်း၏မျက်နှာလည်း နီရဲသွားသည်။ ပိုင်ပင်းက သူ့လက်ထဲတွင် ထိုကဲ့သို့

ခန္ဓာကိုယ်လိမ်ကွေးနေခြင်းက ကြည့်မကောင်းပေ။

ပိုင်ပင်း၏အံ့အားသင့်သော အသံအောက်တွင် ရွှီဖန်း သည် သူမအား ပခုံးပေါ်ထမ်းလိုက်သည်။

သို့သော် ရွှီဖန်းမှ သူမကို ပခုံးပေါ်ထမ်းလိုက်သောအခါ သူမသည် ပို၍ပင် မငြိမ်တော့ပေ။ သူမ၏မျက်လုံးများက နီရဲနေပြီး ပို၍ပြင်းပြင်းထန်ထန် ရုန်းကန်နေခဲ့သည်။ သို့သော် ရွှီဖန်း၏လက်မောင်းမှာမူ သံကွင်းကဲ့သို့ ဖြစ်နေသည်။ ပိုင်ပင်းက မည်မျှပင် ရုန်းကန်

စေကာမူ အချည်းနှီးပင်။ ဝန်ထမ်းများ၏မျက်လုံးထဲ၌ ရွှီဖန်းသည် ချမ်းသာသောမိသားစုကို လုယက်နေသော အာဏာရှင်တစ်ဦးကဲ့သို့ ဖြစ်နေခဲ့သည်။

ရွှီဖန်းမှာ ရုံးခန်းထဲသို့ အလျင်အမြန် ဝင်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။

"ချောက်!"

ပိုင်ပင်းအား မချပေးခင်မှာ ရွှီဖန်း တံခါးသော့ခတ်

လိုက်သည်။

ထိုအရာအားလုံးကို ကုမ္ပဏီမှာရှိသော ရှောင်ပိုင်ကလည်း မြင်လိုက်သည်။ ရှောင်ပိုင်သည် ရွှီဖန်းမှ ရုံးခန်းတံခါးအား ပိတ်လိုက်သည်ကိုမြင်သောအခါ အနည်းငယ်စိတ်ရှုပ်ထွေးသွားပြီး သူမဖုန်းကို အလျင်အမြန်ထုတ်၍ တစ်စုံတစ်ဦးကို ဖုန်းခေါ်

လိုက်သည်။

"ကျွန်မကို ချပေး!"

ပိုင်ပင်းသည် ရွှီဖန်း၏ပခုံးပေါ်တွင် ရုန်းကန်ရင်း အော်ဟစ်နေသည်။ ထိုအခါမှ ရွှီဖန်းလည်း ပိုင်ပင်းကို ရုံးခန်းထဲတွင် ချပေးလိုက်သည်။

"ငါအခုပြောမယ့်စကားကို နားထောင်!"

"ဖြန်း!"

သို့သော် ရွှီဖန်း ပိုင်ပင်းကို ချပေးလိုက်သည်နှင့် သူမက သူ့မျက်နှာကို ရိုက်လာသည်။

ရွှီဖန်းလည်း တိတ်ဆိတ်သွားသည်။ ပိုင်ပင်းသည် ရွှီဖန်းအား မုန်းတီးစွာ ကြည့်လိုက်သည်။ သူမက အသက်ရှူသံများမတည်မငြိမ်ဖြစ်နေပြီး မျက်နှာတစ်ခုလုံးနီရဲနေသည်။

ခဏကြာပြီးနောက် ရွှီဖန်းလည်း ပါးစပ်ဖွင့်လိုက်

သည်။

"ငါက မင်းအစ်မကိုသတ်လိုက်တယ်ဆိုတာ မင်း နားလည်မှုလွဲနေတာ၊ သူမ မသေဘူး"

"ဘာ"

ပိုင်ပင်းသည် ထိုစကားကို ကြားသောအခါ အစပိုင်းမှာထိတ်လန့်သွားခဲ့သည်။ ထို့နောက် ရွှီဖန်းကို သံသယဖြင့် ကြည့်လိုက်သည်။

"ဒါဆို ဘာလို့ ပျောက်သွားတာလဲ"

"ငါ တကယ်မသိဘူး၊ ကြောက်မက်ဖွယ်အရိပ်အဖွဲ့အစည်းကလူတွေကို သတ်ခဲ့တာတော့ ငါပဲ၊ ဒါပေမဲ့ မင်းအစ်မကို ငါ တကယ်မသတ်ခဲ့ဘူး၊ အဲ့ဒီနေ့က ငါလည်း အင်အားပြတ်နေခဲ့တာ မင်း ငါ့ကို ဖမ်းခဲ့သလိုပဲ သူလည်း ငါ့ကို ထောင်ချောက်ဆင်ခဲ့တာ..."

ရွှီဖန်းသည် ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ်ပြန်ပြောပြခဲ့သည်။ သူ ပိုင်ပင်း၏ ယုံကြည်မှုကို ရချင်ခဲ့သည်။

သို့သော် ရွှီဖန်းက ဘယ်လိုပဲပြောပြပါစေ အချည်းနှီးပင်။ ပိုင်ယွီသာ မပေါ်လာပါက ရွှီဖန်းသည် သူ့ကိုယ်သူ အပြစ်ကင်းကြောင်း ပြသလို့မရပေ။ သို့သော် ရွှီဖန်းလည်း ပိုင်ယွီ ဘာကြောင့် ပျောက်ဆုံးသွားတာလဲဆိုတာကို မသိနေပေ။

"ကျွန်မက ရှင်ပြောတာကို ယုံမယ်ထင်နေလား"

ပိုင်ပင်းမှ ထိုစကားကိုပြောလာသည့်အချိန် သူမ၏

လေသံက ယခင်ကလို သိပ်မပြင်းတော့မှန်း သိသာလှသည်။

"မင်း ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ငါဂရုမစိုက်ဘူး၊ ငါ့ဘက်က မင်းကို ရှင်းပြစရာတောင် မလိုဘူးဆိုတာ မင်း သိပါတယ်၊ ဘာလို့လဲဆိုတော့ မင်း ငါ့ကို သတ်လို့မရလို့ပဲ"

ရွှီဖန်း ပိုင်ပင်းကို ကြည့်လိုက်သည်။ ထိုသို့ပြောပြီးနောက် သူ ရုံးခန်းရှိ ကုလားထိုင်ပေါ်တွင်ထိုင်၍ စားပွဲပေါ်မှာ တင်ထားသည့် ရေခဲရေတစ်ခွက်ကို တစ်

ကျိုက်တည်း မော့သောက်လိုက်သည်။

ပိုင်ပင်းလည်း ရွှီဖန်းကို ကြည့်လိုက်သည်။ သူမ ဘာတွေးနေလဲဆိုတာကို ဘယ်သူမှမသိပေ။ အချိန်

အတော်ကြာပြီးနောက် သူမ ပြန်ပြောလိုက်သည်။

"ကျွန်မကို ရှင်သိနေခဲ့တာတောင်မှ အတွင်းရေးမှူးလုပ်ချင်တယ်ဆိုတဲ့ ကျွန်မရဲ့အဆိုပြုချက်ကို ရှင့်

သဘောတူခဲ့တယ်...ဘာလို့လဲ ကျွန်မက လှလို့လား"

ပိုင်ပင်းသည် ရွှီဖန်းအား စူးစိုက်ကြည့်ရင်း ပြောလာသည်။

"မင်းက အလှပဂေးတစ်ဦးဖြစ်ပြီး အသက်ရှူရပ်စေနိုင်တဲ့ အလှတစ်ပါးဆိုတာ ငါ ဝန်ခံပါတယ်၊ ဒါပေမဲ့ အဲ့ဒီနေ့က ငါ မင်းကို ရင်းနှီးသလို ခံစားရတာမလို့ မင်းရဲ့အကြောင်း ပိုပြီးသိချင်ခဲ့တယ်၊ မင်းကိုငါသိသွားတဲ့နောက်မှာလည်း မင်းကို မဖော်ထုတ်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ငါ့အတွက် မလိုအပ်လို့ပဲ၊ မင်းဘက်က ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကို သတ်နိုင်မှာမဟုတ်ဘူးဆိုတာ ငါသိခဲ့တယ်၊ ဒါကြောင့် မင်းလုပ်ချင်တာကို ပေးလုပ်ထားတာ...ဒါက မင်းရဲ့ လွတ်လပ်ခွင့်ပဲလေ"

ရွှီဖန်းသည် ထိုစကားပြောနေသည့်အချိန်၌ ပိုင်ပင်းနှင့် မျက်လုံးချင်းဆုံထားပြီး လုံးဝ ရှောင်တိမ်းခြင်းမရှိခဲ့ပေ။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် တံခါးခေါက်သံတစ်ခုက ပြင်းပြင်းထန်ထန် ထွက်ပေါ်လာသည်။

ရွှီဖန်းရော ပိုင်ပင်းပါ လှုပ်ရှားခြင်းမရှိပေ။ သို့သော် ထိုလူထံ၌ ရုံးခန်းသော့ရှိသည့်ပုံပင်။ တစ်မိနစ်အတွင်းမှာပင် တံခါးပွင့်သွားသည်။ ရှယန်ယွိ ဖြစ်နေလေသည်။

ရှယန်ယွိသည် တံခါးကိုတွန်းဖွင့်၍ ဝင်သွားသောအခါ သူတို့နှစ်ဦး၏အခြေအနေကို မြင်၍ အံ့အားသင့်သွားခဲ့သည်။

ပိုင်ပင်းသည် သူမမျက်ရည်များကို အမြန်ဖုံးကွယ်

လိုက်ပြီး ရွှီဖန်းကို ကြည့်ကာ...

"ဒီကိစ္စအားလုံးကို ကျွန်မ ရှာဖွေဖော်ထုတ်မယ်"

ပိုင်ပင်းသည် လျင်မြန်စွာပင် ရှယန်ယွိကိုကျော်

ဖြတ်၍ အခန်းထဲမှ ထွက်သွားခဲ့သည်။ ပိုင်ပင်း ထွက်သွားပြီးနောက် ရွှီဖန်းလည်း သက်ပြင်းချလိုက်သည်။ ဘာကြောင့်မှန်းမသိ သူ့နှလုံးသားထဲ၌ ဆုံးရှုံးသလို ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

"ရှင် အဆင်ပြေရဲ့လား...မနေ့က ဘာဖြစ်ခဲ့တာလဲ၊ ရှင့်ကို ကျွန်မ တစ်ညလုံး ဖုန်းခေါ်နေတာ"

ရှယန်ယွိသည် တံခါးပိတ်လိုက်ပြီး ပိုင်

ပင်း၏အကြောင်းကို ဘာမှမမေးခဲ့ပေ။ သူမ ရွှီဖန်းဆီသို့ စိုးရိမ်တကြီးဖြစ်နေသောအကြည့်ဖြင့် လျှောက်လာခဲ့သည်။

"ဘာမှမဖြစ်ပါဘူး၊ ကိုယ် အရင်တစ်ခါလိုပဲ အားနည်းနေခဲ့တာ"

ရွှီဖန်း လက်ဝှေ့ယမ်းပြလိုက်သည်။ သူ့ပုံစံမှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေဟန်ရှိသည်။

ထို့ကြောင့် ရှယန်ယွိလည်း ထပ်မမေးတော့ပေ။ အခုအချိန်တွင် တိတ်ဆိတ်စွာနေပေးခြင်းက ပိုကောင်းကြောင်းကို သူမသိသောကြောင့် ရွှီဖန်း၏ဘေးတွင် တိတ်ဆိတ်စွာဝင်ထိုင်၍ သူ့လက်မောင်းပေါ် မှီလိုက်

သည်။

ရွှီဖန်းလည်း ရှယန်ယွိပေးလာသော နွေးထွေးမှုကို ခံစားမိသည်။ သူ ရှယန်ယွိ၏ခါးကို လက်ဖြင့်ဖက်

ကာ မြွေတစ်ကောင်ကဲ့သို့ သူမ၏ကော်လာထဲသို့ တိုးဝင်သွားသည်။

"လူယုတ်မာ"

ရှယန်ယွိ၏မျက်နှာမှာ နီရဲသွားသော်လည်း သူမ ခုခံခြင်းမရှိဘဲ ရွှီဖန်းကိုသာ ဆူပူလာသည်။

ရှယန်ယွိ၏အော်သံအောက်တွင် ရွှီဖန်းသည် သူမအားဆိုဖာပေါ်သို့ တွန်းချလိုက်သည်။ တစ်နာရီခန့်ကြာပြီးနောက်မှာတော့ ရှယန်ယွိသည် ရွှီဖန်း၏ရုံးခန်းထဲမှ မျက်နှာနီနီရဲရဲဖြင့် ထွက်လာပြီး ရှောင်ပိုင်အား ပြောလိုက်သည်။

"ရွှီဖန်းက မင်းကို HRဌာနက လီလီကို ဖုန်းခေါ်ခိုင်းလိုက်တယ်၊ ပြီးတော့ သီးနှံထုတ်လုပ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအပြင် ကုမ္ပဏီရဲ့စာချုပ်လုပ်ငန်းအကြောင်းကိုလည်း ပြန်တင်ပြပါတဲ့"

ထိုသို့ပြောပြီးနောက် ရှယန်ယွိသည် ရှောင်

ပိုင်၏အံ့အားသင့်နေသော အမူအရာအောက်တွင် ထွက်ခွာသွားခဲ့သည်။

"ဥက္ကဌဆိုတဲ့အတိုင်းပဲ...သူမခင်ပွန်းက ဖောက်ပြန်နေတာကို တွေ့တာတောင်မှ ဒီလောက်တည်ငြိမ်နေနိုင်

တာ"

ရှောင်ပိုင်သည် ထွက်ခွာသွားသော ရှယန်ယွိ၏ ပုံရိပ်အား ကြည့်၍ လျှို့ဝှက်စွာချီးကျူးကာ ရွှီဖန်းခိုင်းလိုက်သော အလုပ်များကို ပြင်ဆင်ရန် သွားလိုက်သည်။ ဆယ့်ငါးမိနစ်တောင် မပြည့်သေးခင် လီလီသည် ရွှီဖန်း၏ရုံးခန်းသို့ ရောက်ရှိလာသည်။

"ဥက္ကဌရှင့် ကျွန်မကို ရှာတာလား"

လီလီသည် ရွှီဖန်း၏အရှေ့တွင် ရိုသေစွာ မတ်တပ်

ရပ်နေပြီး ထိုင်ရန်ပင် မရဲခဲ့ပေ။

"ထိုင်ပါ ဝန်ထမ်းခေါ်ယူမှုအခြေအနေကို တင်ပြပါဦး"

ရွှီဖန်း မော့မကြည့်ဘဲ...

"ကျေးဇူးပြု၍"

ဟူသော အမူအရာဖြင့် လက်ဆန့်ပြကာစာရွက်စာတမ်းကို ဆက်ကြည့်နေလိုက်သည်။

"ဟုတ်ကဲ့"

လီလီလည်း မတွန့်ဆုတ်နေတော့ဘဲ ရွှီဖန်း၏အရှေ့တွင် ထိုင်ကာ စတင်တင်ပြတော့သည်။

မိနစ်၂၀ ခန့်အကြာတွင် ရွှီဖန်းလည်း ခေါင်းမော့ကာ လီလီအား ကျေနပ်စွာ ကြည့်လိုက်သည်။

"မဆိုးဘူး...အစ်မက ကျွန်တော့်ကို စိတ်မပျက်စေဘူးပဲ၊ ပြီးတော့ အစ်မကပဲ လီဝမ်လောင်ရဲ့ဝန်ထမ်းအပြောင်းအလဲကို စီစဉ်ပေးပါ"

"ကောင်းပါပြီရှင့်"

ထိုသို့ပြော၍ လီလီသည် အရိုအသေပေးကာ ထွက်ခွာသွားခဲ့သည်။ ထို့နောက် ရှောင်ပိုင်လည်း အစီရင်ခံရန် အလှည့်ကျလာခဲ့သည်။

ရွှီဖန်းသည် ရက်အနည်းငယ်ကြာအောင် ကြန့်ကြာနေခဲ့သော စာရွက်စာတမ်းများအား ညနေ၄နာရီတွင် ဖတ်လို့ပြီးခဲ့သည်။

ထို့နောက် ရွှီဖန်း ထရပ်ကာ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးမှ စိုက်ပျိုးမြေရှိရာသို့ အမြန်သွားလိုက်သည်။

ပါဝင်ပစ္စည်းများကို မြင်လိုသည့်အပြင် သူ လီဝမ်လောင်ကိုလည်း တွေ့လိုခဲ့သည်။ မည်သို့ပင်ဆိုစေ ရွှီဖန်းသည် လီဝမ်လောင်အား သူ့ညီမကို ကယ်တင်

ရန် ပြီးခဲ့သည့်အကြိမ်က ကတိပေးခဲ့လေသည်။

စိုက်ပျိုးမြေသို့ရောက်ရှိသောအခါ ရွှီဖန်းသည် နှစ်ဦး၊သုံးဦးတွဲ၍ အလုပ်လုပ်နေသော အလုပ်သမားများကို ကြည့်လိုက်သည်။ ပျင်းရိမှုအရိပ်အယောင်တစိုးတစိမျှ မတွေ့ရချေ။

ထို့နောက် ပြီးခဲ့သည့်အကြိမ်က လီဝမ်လောင်ကို တွေ့ခဲ့သော ဂိုဒေါင်ကြီးထံသို့ ရွှီဖန်း တည့်တည့်သွားလိုက်သည်။

သူ ဂိုဒေါင်ကြီးနားသို့ရောက်သည်နှင့် ချွေးသုတ်နေသော လီဝမ်လောင်ကလည်း ထွက်လာသည်။ သူသည် ရွှီဖန်း၏မျက်နှာကို မြင်သောအခါ ပြုံးလိုက်ပြီး ချက်ချင်းပင် အတွင်းသို့ ဖိတ်ခေါ်လိုက်သည်။

ရွှီဖန်းလည်း မတွန့်ဆုတ်နေဘဲ လီဝမ်လောင်၏

အနောက်မှ လိုက်ကာ အလုပ်ရုံထဲသို့ ဝင်သွားသည်။

"အမ်...အခြေအနေ ဘယ်လိုလဲ၊ ကျွန်တော့်ညီမအကြောင်း သတင်းများ ရသေးလား"

လီဝမ်လောင်သည် ရွှီဖန်းအား မျှော်လင့်တကြီးဖြင့် ကြည့်လာသည်။ ထို့ကြောင့် ရွှီဖန်းမှာလည်း အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူလီဝမ်လောင်အား ကြည့်ကာ သက်ပြင်းချလိုက်သည်။

"ခင်ဗျားရဲ့ညီမကို ကျွန်တော်မတွေ့ခဲ့ဘူး"

လီဝမ်လောင်လည်း ကြောင်အသွားခဲ့သည်။ ထို့နောက် သူ့မျက်နှာမှာ မှုန်မှိုင်းသွားခဲ့သည်။ သူ ဝမ်းနည်းသောအရိပ်အယောင်ဖြင့် ပြုံးကာ...

"အာ...ဟုတ်ပါတယ်၊ အချိန်တောင် အတော်ကြာသွားခဲ့ပြီ...အခွင့်အရေးမရှိတော့ဘူးထင်ပါတယ်"

"မဟုတ်ဘူး"

ရွှီဖန်းသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် လက်ဝှေ့ယမ်းကာ ငြင်းဆိုလိုက်သည်။

"ဟမ်"

လီဝမ်လောင်၏ မျက်လုံးထဲ၌ မျှော်လင့်ချက်နှင့် သံသယအရိပ်အယောင်များ ပေါ်လာသည်။

"သူမကို မတွေ့သေးပေမဲ့ သူမအကြောင်း သတင်းတချို့တော့ ကျွန်တော် ကြားထားတယ်၊ သူမက အသက်ရှင်နေသေးလောက်တယ်၊ ပြီးတော့ သူမရဲ့ ကျွမ်းကျင်မှုကလည်း အံ့မခန်းပဲ၊ သူမက ကြောက်မက်ဖွယ်အရိပ်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်

ဦး..."

ရွှီဖန်းသည် လီဝမ်လောင်၏ညီမအကြောင်းကို သူသိသမျှ ပြန်ပြောပြခဲ့သည်။ ကြောက်မက်ဖွယ်အရိပ်အဖွဲ့အစည်းကို ချေမှုန်းခဲ့သောကိစ္စအပါအဝင် အသေးစိတ်အချက်အလက်များကိုတောင် ရွှီဖန်း မထိမ်ချန်ထားခဲ့ပေ။ သူ လီဝမ်လောင်အား ညီမဖြစ်သူအသက်ရှင်နေသေးတယ်ဆိုသည့် မျှော်လင့်ချက်လေးပေးချင်ရုံသာဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် လီဝမ်လောင်သည် ထိုစကားကို ကြားသောအခါ သူ့မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြန်လည် တောက်ပလာခဲ့သည်။ သူ၏ကွေးညွှတ်နေသောခြေထောက်များနှင့် ဒူးထောက်ချင်ဟန်အမူအရာကို ရွှီဖန်းကြည့်လိုက်

သည်။

သို့သော် ဒီတစ်ကြိမ်မှာတော့ ရွှီဖန်း လက်မြှောက်ကာ သူ့ကို တားလိုက်သည်။

"တော်ပြီ...သံမဏိစိတ်ဓာတ်ရှိတဲ့လူတစ်ယောက်က အမြဲတမ်း ဒူးထောက်နေရင် ခင်ဗျားကို လူတွေ အထင်သေးကြလိမ့်မယ်"

"ဥက္ကဋ္ဌရွှီ မင်းက ကျွန်တော့်အတွက် လုံလောက်တဲ့ သတင်းတွေ ယူလာပေးခဲ့တယ်၊ ကျွန်တော့်ညီမရဲ့ နောက်ဆုံးမျှော်လင့်ချက်လေးကို မင်း ဖြည့်ဆည်းပေးခဲ့ပြီးပြီဆိုတာကို ကျွန်တော်သိတယ်၊ မင်းပြောပုံအရဆိုရင် သူမက အခု ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ စွမ်းရည်ရှိနေပြီလို့ ကျွန်တော်ထင်တယ်"

လီဝမ်လောင်က ရွှီဖန်းအား ကြည့်လာသည်။ သူ့မျက်လုံးထဲမှ မှောင်မိုက်မှုများလည်း ပျောက်

ကွယ်သွားခဲ့သည်။ ရွှီဖန်းလည်း ဘာမှမပြောဘဲ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ လီဝမ်လောင်

အနောက်မှ လိုက်ကာ ပါဝင်ပစ္စည်းများစိုက်ပျိုးခြင်းဆိုင်ရာပြဿနာကို သိနားလည်အောင်လုပ်ခဲ့သည်။

လက်ရှိအချိန်၌ ရွှီဖန်းလည်း ပြဿနာကို တွေ့ရှိခဲ့သည်။ ကောင်းကင်ဘုံမြေသြဇာဖြင့် ရင့်မှည့်စေခြင်းဖြစ်စဉ်ကို အခြေစိုက်ရုံးတွင် အသုံးပြုပါက အပြင်

ဘက်သို့ သိသာစွာသတင်းပျံ့နှံ့သွားလိမ့်မည်

ဖြစ်သည်။ သို့သော် ဤကဲ့သို့ထူးဆန်းသော ဖြစ်စဉ်ကို အခြားသူများအား သူ မည်သို့ ရှင်းပြရမည်နည်း။

ဤသည်မှာ ကြီးမားသော ပြဿနာတစ်ခုဖြစ်သည်။ ယခင်က သူတို့ အာရုံသိပ်မစိုက်ခဲ့ကြသော်လည်း ယခုအခါ သူ့ကုမ္ပဏီမှ အခြေအနေများက ထိန်းချုပ်မရ ဖြစ်လာတာကြောင့် ဘက်ပေါင်းစုံမှ အာရုံစိုက်မှုများစွာကို ရရှိခဲ့သည်။ ထိုပြဿနာများအားလုံးသည် ကြီးမားသောပြဿနာများဖြစ်သည်။

သို့သော် ထိုအချိန်၌ လီဝမ်လောင်က ရွှီဖန်းအတွက် စကားတစ်ခွန်းတည်းဖြင့် ဖြေဆိုပေးလာသည်။

"ဥက္ကဋ္ဌရွှီရဲ့ သုတေသနအဖွဲ့က အရမ်းကြောက်စရာကောင်းတာပဲ၊ တစ်ပတ်အတွင်း ကြီးထွားနိုင်တဲ့ အပင်တွေကို ထုတ်လုပ်နိုင်တယ်၊ ပြီးတော့ အပင်တိုင်းကလည်း တစ်နှစ်ပတ်လုံးကြီးထွားထားတဲ့ အပင်တွေလောက်ကို ကောင်းမွန်တယ်"

ရွှီဖန်းသည် ထိုစကားကို ကြားသောအခါ လီဝမ်

လောင်အား အားရကျေနပ်စွာ ကြည့်လိုက်သည်။ သို့သော် လီဝမ်လောင်မှာမူ ရွှီဖန်း၏မျက်နှာအမူအရာကြောင့် အနည်းငယ် ဇဝေဇဝါဖြစ်သွားရလေသည်။

*********************

All Chapters