← Chapters

လျိုမိသားစု၏လျို့ဝှက်ချက်

Vol. 23 Ch. 334

လျိုမိသားစု၏လျို့ဝှက်ချက်

Vol. 23 Ch. 334

မနက်ခြောက်နာရီရှိလေပြီ။ အရှေ့ဘက်ကောင်းကင်

ပြင်တွင် အဖြူရောင်စတင်သန်းလာပြီး မိုးလင်းတော့မည်ဖြစ်သည်။

ရှယန်ယွိနှင့် ရှောင်းချောင်တို့သည် ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံး၏ ဥက္ကဋ္ဌရုံးခန်းထဲတွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။ သူတို့ဟာ အချိန်တိုင်း၊ အချိန်တိုင်း တံခါးကိုသာ စိုးရိမ်တကြီးဖြင့် ကြည့်နေကြသည်။ ရွှီဖန်းသည် သူမတို့၏ ဖုန်းခေါ်ဆိုမှုကို ရပြီးသည်နှင့် ချက်ချင်းပြန်လာသင့်သော်လည်း အခုထိ ပြန်မရောက်သေးပေ။ တစ်ခုခုများ ဖြစ်နေတာလား။

လက်ရှိအချိန်မှာတော့ ကောင်မလေးနှစ်

ယောက်၏မျက်နှာပေါ်တွင် စိုးရိမ်စိတ်များဖြင့် ပြည့်နေလေ၏။ သူတို့ တစ်ညလုံး ဝူထျန်းကနေတစ်ဆင့် လင်းမိသားစုကို ဆက်သွယ်ရန်လည်း ကြိုးစားခဲ့ကြသည်။ လင်းမိသားစုက သူတို့၏သမီးလေးလည်း ပျောက်နေသည်ဟု ပြောလာသည်။

ထိုအချိန်မှာတော့ ရွှီဖန်းနှင့်လင်းရှောင်ရှောင်းသည် ဥမင်လိုဏ်ခေါင်းထဲကို ဝင်ရောက်နေပြီဖြစ်သည်။ ပိုးသတ်ဆေးနံ့ခပ်ပြင်းပြင်းက သူတို့၏နှာခေါင်းထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိပြီး လင်းရှောင်ရှောင်းမှာ မကောင်းသောနိမိတ်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

ထိုအချိန်မှာပင် ဥမင်လိုဏ်ခေါင်း၏အနက်ရှိုင်းဆုံးနေရာကနေ စက်သံများ တရုန်းရုန်း ထွက်ပေါ်လာသည်။ လင်းရှောင်ရှောင်းသည် အလွန်

ကြောက်လန့်သွားခဲ့ပြီး တုန်ယင်ကာ အော်လိုက်မိသည်။

"ဘာဖြစ်လို့အော်နေတာလဲ၊ ငါ မင်းကြောင့် လန့်တာသေဖို့!"

အရှေ့က ခေါင်းဆောင်သည် အနောက်ကို ပြန်

လှည့်ကြည့်လာပြီး လင်းရှောင်ရှောင်းကို ဒေါသတကြီး ဖြင့် စိုက်ကြည့်လာသည်။

ရွှီဖန်းသည် လင်းရှောင်ရှောင်း၏အနားကို ပိုကပ်သွားလိုက်ပြီး သူမ၏လက်ဖမိုးကို ပွတ်သပ်ကာ နှစ်သိမ့်လိုသောအကြည့်ဖြင့် ကြည့်လိုက်သည်။ လင်းရှောင်

ရှောင်းလည်း ငြိမ်သက်သွားခဲ့ပြီး ရွှီဖန်း၏အမူအရာကို ပြန်တွေးမိသွားခဲ့သည်။

ဥမင်လိုဏ်ခေါင်း၏အဆုံးမှာတော့ သံချေးတက်နေသည့် ဧရာမသံတံခါးကြီးတစ်ချပ် ရှိသည်။ သို့သော် တံခါးက အလွန်ကိုလေလုံပြီး တင်းကျပ်နေပုံရသည်။ ခဏအကြာမှာ ကျယ်လောင်သောအသံနှင့်အတူ တံခါးပွင့်လာသည်။

တံခါးပွင့်လာသည်နှင့် လူတစ်ယောက်၏ဘေး၌ ဧရာမသေတ္တာကြီးတစ်လုံး ရှိနေတာကို တွေ့လိုက်ရသည်။ ထိုလူသည် ဦးဆောင်လာသောသူကို လက်ပြကာ ပြုံးပြ၍...

"လူအိုကြီးစွန်း ဒီကိုလာပြီး ကူညီပါဦး"

"ဟမ်"

လူအိုကြီးစွန်းအဖြစ် သမုတ်ခံရသောသူသည် သစ်သားသေတ္တာကြီးကို ကြည့်ကာ ခဏတာမျှ ကြောင်သွားပြီးနောက် လျှောက်သွားလေသည်။

ရွှီဖန်းနှင့် လင်းရှောင်ရှောင်းတို့လည်း သူ့အနောက်ကနေ လိုက်သွားခဲ့ကြသည်။ သူတို့နှစ်ယောက်စလုံး ဤနေရာနှင့်ပတ်သက်သည့် ဘယ်သတင်းကိုမဆို ရှာဖွေရန် ကြိုးစားနေခဲ့ပြီး ပတ်ပတ်လည်ကို ကြည့်ခဲ့ကြသည်။ ဤနေရာမှာ လျိုမိသားစု၏နက်ရှိုင်းလျို့ဝှက်သောနေရာတစ်ခုဖြစ်မှန်း သိသာလှသည်။

"ညီလေးဝမ် သူက ဘယ်သူလဲ"

လူအိုကြီးစွန်းသည် သေတ္တာကို စပ်စုစွာ ဖွင့်လိုက်သည့် အခါ သေတ္တာထဲတွင် သတိလစ်မေ့မြောနေသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ အမျိုးသမီး၏အဝတ်အစားများသည် စုတ်ပြဲနေပြီး အစွန်းအထင်းများဖြင့် ပြည့်နေသည်။ ဒါ့အပြင် အမျိုးသမီး၏ခြေတံရှည်ကို ကြည့်ခြင်းအားဖြင့် ၁.၇၀မီတာလောက် ရှိလိမ့်မည်ဟု ယူဆရသည်။

ရွှီဖန်းနှင့်လင်းရှောင်ရှောင်းတို့လည်း ထိုအမျိုးသမီးကို မသဲမကွဲ မြင်လိုက်ရသည်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဤအမျိုးသမီး၏လက်ရှိဒုက္ခသည် သူတို့ရင်ဆိုင်ရမည့်

အရာနှင့် အတူတူမှန်း သိလိုက်ကြသည်။

"နောက်ထပ် စမ်းသပ်မှုတစ်ခုလား"

လူအိုကြီးစွန်းသည် ညီလေးဝမ်အား ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်လေသည်။

"သူမက မမျှော်လင့်ထားတဲ့အရာတစ်ခုခုကို ကြုံခဲ့တာ ဖြစ်ရမယ်၊ သူမနာမည်က ပိုင်ယွီ၊ သူမရဲ့ကျင့်ကြံမှုက ပုံမှန်ပဲဆိုပေမဲ့ ရုပ်ရည်ကတော့ ပြောစရာမလိုအောင် လှပတယ်"

ညီလေးဝမ်က ရယ်မောနေသည်။

"ပိုင်ယွီ"

ရွှီဖန်း၏စိတ်ထဲ၌ အာမေဋိတ်သံတစ်ခု ထွက်သွားသည်။ ချက်ချင်းပင် သူ့မျက်လုံးများဖြင့် သေချာကြည့်ရှုလိုက်သည်။ ရွှီဖန်း၏စိတ်က ပူလောင်နေသော်လည်း သူ့မျက်နှာကတော့ ရေသေလို တည်ငြိမ်နေတုန်းပင်။ ထိုနှစ်ယောက်စလုံးက ဘာမှသတိမထားမိခဲ့ကြပေ။

"စမ်းသပ်ဖို့သုံးလို့မရရင်တောင် တစ်ခုခုတော့ အသုံးဝင်သေးတယ်လေ ဟားဟားဟား"

ညီလေးဝမ်က ပြုံးလိုက်ပြီး လူအိုကြီးစွန်းအား တစ်

ချက်ကြည့်လိုက်သည်မှာ တစ်ခုခုကိုပြောပြနေသကဲ့သို့ပင်။

"ဟင်း....ဒီမှောင်မိုက်နေတဲ့နေရာမှာ ဘယ်လောက်ကြာကြာနေရဦးမလဲ မသိဘူး"

လူအိုကြီးစွန်းက စိတ်ပျက်စွာဖြင့် သက်ပြင်းချသည်။

"အင်း...ဒါက ငါတို့လိုသလိုဖြစ်လာမယ့်အရာမဟုတ်ဘူးလေ၊ သွားရအောင်"

ညီလေးဝမ်က လူအိုကြီးစွန်းကို ကြည့်ကာ ခေါင်းခါယမ်း၏။ ထို့နောက် နှစ်ယောက်သား သေတ္တာကို မလိုက်ကြသည်။ လူအိုကြီးစွန်းသည် ရွှီဖန်းနှင့် လင်းရှောင်ရှောင်းအား စူးစိုက်ကြည့်ကာ....

"ငါတို့ရှေ့ကနေ သွား!"

ရွှီဖန်းသည် ပေါက်ကွဲတော့မည့် လင်းရှောင်

ရှောင်း၏လက်အား ထပ်မံဆုပ်ကိုင်လိုက်ကာ ခေါင်းခါပြလိုက်သည်။ ထို့နောက် ရွှီဖန်းသည် လူအိုကြီးစွန်းကို ကျော်၍ သူ့အရှေ့ကနေ လျှောက်သွားခဲ့သည်။ သို့သော် ရွှီဖန်း၏မျက်လုံးများကတော့ အချိန်တိုင်း သေတ္တာထဲမှ အမျိုးသမီးကို ကြည့်နေခဲ့သည်။ သူမက ပိုင်ယွီ ဟုတ်၊ မဟုတ်ကို ၁၀၀% သေချာအောင် စစ်ဆေးချင်ခဲ့သည်။ ပိုင်ယွီသာ အန္တရာယ်ရှိနေပြီဆိုလျှင် ရွှီဖန်းသည် သူမကို ကယ်တင်ရလိမ့်မည်။

သို့သော် နောက်ဆုံးမှာတော့ သူမ၏မျက်နှာကို မမြင်ရတော့သည့်အတွက် သေချာအတည်ပြုရန် နည်းလမ်းမရှိခဲ့ပေ။ သူ အခြေအနေအရဆောင်ရွက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

သူတို့ ပိုပြီး နက်နက်ရှိုင်းရှိုင်းဝင်သွားလေ အဖြူရောင်အလင်းတချို့ကို မြင်နိုင်လေဖြစ်သည်။ အဖြူရောင်အလင်းဆီသို့ ဦးတည်နေသည့် လမ်းကြောင်းပင်ဖြစ်၏။ အဖြူရောင်အလင်းထဲကို ဝင်ရောက်ပြီးနောက် ရွှီဖန်းနှင့် လင်းရှောင်ရှောင်းတို့ အံ့အားသင့်သွားကြသည်။

ထိုအရာမှာ မြေအောက်သိပ္ပံစိတ်ကူးယဉ်ကမ္ဘာကြီးတစ်ခုအလားပင်။ သူတို့ မြင်လိုက်ရသည်မှာ အမျိုးမျိုးသော အီလက်ထရွန်းနစ်စခရင်များနှင့် နည်းပညာမြင့်စက်များဖြစ်ပြီး အဖြူရောင်ယူနီဖောင်းနှင့်

အလုပ်သမားများကလည်း ခေါက်တုံ့ခေါက်ပြန် သွားလာနေကြသည်။

ရွှီဖန်းတို့နှင့် အနီးဆုံးနေရာမှာ ရုံးခန်းနေရာတစ်ခု ဖြစ်ပုံရသည်။ ၎င်းအား ဖောက်ထွင်းမြင်နိုင်သောအမြှေးပါး သို့မဟုတ် မှန်နှင့်ကာရံထားပြီး ရွှီဖန်း ရပ်နေသည့် ဥမင်လိုဏ်ခေါင်းနှင့် ချိတ်ဆက်ထားသည်။

ရွှီဖန်းနှင့်လင်းရှောင်ရှောင်းတို့၏အရှေ့တွင် လူနှစ်ယောက်ရှိနေသည်။ အဖိုးအိုတစ်ယောက်နှင့် လူငယ်တစ်ယောက်ပင်။ သို့သော် သူတို့နှစ်ယောက်

စလုံးက ရွှီဖန်းဘက်ကို ကျောပေးထားပြီး သူတို့ရှေ့မှ မျက်နှာပြင်ကြီးကို ကြည့်နေကြသည်။

"Xx ရုပ်မြင်သံကြားဌာနရဲ့ ညနေပိုင်းသတင်းအရ မနက်အစောပိုင်းတွင် ချန်ဟိုင်းပြည်နယ်၌ ကြီးမားတဲ့ကိစ္စတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သတင်းရခဲ့ပါတယ်၊အမျိုးသားအလောင်းတစ်လောင်းကို ချန်ဟိုင်းတူးမြောင်းကနေ ကောက်ယူရရှိခဲ့တာဖြစ်ပြီး မကြာသေးခင်က နာမည်ကြီးခဲ့တဲ့ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးရဲ့ ဥက္ကဌရွှီဖန်း ဖြစ်တယ်လို့ သံသယရှိထားပါတယ်၊ အသေးစိတ်အချက်အလက်တွေကို ဆက်လက်စုံစမ်းဖို့ လိုအပ်နေသေးပေမယ့်လည်း လက်ရှိအခြေအနေကို ကြည့်ခြင်းအားဖြင့် ၈၀ ရာခိုင်နှုန်း အတည်ပြုနိုင်ခြေရှိ..."

"ဒါက..."

လင်းရှောင်ရှောင်းသည် ထိုသတင်းကို မြင်သောအခါ တုန်လှုပ်သွားရသည်။ သူမ ဘေးမှာရပ်နေသည့် ရွှီဖန်းကို တစ်ချက်ကြည့်လိုက်သည်။ ရွှီဖန်း၏မျက်နှာပေါ်တွင်လည်း ထူးဆန်းသော အမူအရာတစ်ခုရှိနေသည်။ ဒီသတင်းက တကယ်ကြီးလွှင့်နေတာလား။

တစ်ဖက်ကို လှည့်လာသည့် အဖိုးအိုနှင့်လူငယ်ကို သူ မြင်လိုက်ရသည်။ လူငယ်မှာ လျိုယွမ်ချန်ပင်။

လျိုယွမ်ချန်သည် ရွှီဖန်းကို မြင်သောအခါ ထိန်းချုပ်မရသော ဒေါသက သူ့မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။

သို့သော် လျိုယွမ်ချန်၏လုပ်ရပ်များက သူ့ဘေးနားရှိ အဖိုးအိုကို ဒေါသထွက်စေခဲ့သည်။

"ယွမ်ချန် ငါ မင်းကို အကြိမ်ကြိမ် ပြောခဲ့ပြီးပြီ၊ မင်းရဲ့စိတ်က တည်ငြိမ်ပြီး အာရုံစုစည်းနိုင်မှုရှိဖို့ လိုအပ်

တယ်"

လျိုယွမ်ချန်သည် ထိုစကားကို ကြားသောအခါ ခဏတာမျှ လန့်သွားခဲ့သည်။ ထို့နောက် ရက်စက်သော အပြုံးတစ်ခုက သူ့မျက်နှာပေါ်၌ ပေါ်လာခဲ့ပြီး ရွှီဖန်း နှင့်လင်းရှောင်ရှောင်းကို ကြည့်လိုက်သည်။

"အဘိုးရဲ့ဆုံးမစကားအတိုင်းပါ...ကျွန်တော် အရမ်းစိတ်လှုပ်ရှားလွန်သွားတယ်"

ထိုစကားကိုကြားသောအခါ အဖိုးအိုက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ရွှီဖန်း၏အေးစက်သော အမူအရာကို ကြည့်လာသည်။ သူ ဘာမှမပြောဘဲ ရွှီဖန်းအနောက်မှ လူအိုကြီးစွန်းဘက်ကို လက်ဝှေ့ယမ်းပြလိုက်သည်။

"ကြီးမြတ်သောနတ်ဆိုးဘုရင်နံပါတ်၁နဲ့ စမ်းသပ်

လိုက်၊ သူက တိုက်ခိုက်တဲ့နေရာမှာ တော်

တယ်လို့ ပြောခဲ့တာမလား၊ သူကပဲ ကောင်းလား ဒါမှမဟုတ် ငါစမ်းသပ်ထားတဲ့ပစ္စည်းကပဲ ကောင်းလားဆိုတာ ကြည့်ချင်မိတယ်"

"ဒီလူကရော"

လူအိုကြီးစွန်းသည် သေတ္တာထဲမှ ပိုင်ယွီကို လက်ညှိုးထိုးပြလိုက်သည်။

"ကြီးမြတ်သောနတ်ဆိုးဘုရင်ကို ကျွေးလိုက်"

အသက်တစ်ခုက သူ့အတွက်တန်ဖိုးမရှိသည့်အလား အဖိုးအို၏မျက်နှာပေါ်တွင် စိတ်မရှည်သောအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

"ဟုတ်ကဲ့"

လူအိုကြီးစွန်းသည် ချက်ချင်းပင် ကြောက်ရွံ့စွာ ခေါင်းငုံ့သွားပြီး နောက်ထပ် မနှောင့်နှေးရဲတော့ပေ။ သူ ရွှီဖန်းနှင့်လင်းရှောင်ရှောင်းတို့အား ဘေးတံခါးတစ်ခုသို့ ခေါ်ဆောင်သွားပြီး လျိုမိသားစု၏ရုံးခန်းကို ပတ်သွားကာ ဓာတ်ခွဲခန်း ခန်းမကြီးသို့ ရောက်ရှိလာခဲ့သည်။

"ဆရာက သူတို့သုံးယောက်ကို ကြီးမြတ်သောနတ်ဆိုးဘုရင်ဆီ ကျွေးလိုက်ဖို့ ပြောတယ်"

လူအိုကြီးစွန်းသည် ပွဲခင်းထဲတွင်ထိုင်နေသော သက်လတ်ပိုင်းအရွယ်အမျိုးသားကို ပြောလိုက်သည်။

သက်လတ်ပိုင်းအရွယ်အမျိုးသား၏ မျက်နှာမှာ တည်ငြိမ်နေခဲ့သည်။ သူက သူ့လက်ထဲရှိ ခလုတ်ကို နှိပ်ကာ ပြော၏။

"အားလုံးကို အပေါ်ထပ်ကို ခေါ်သွားပြီး ကြီးမြတ်သောနတ်ဆိုးဘုရင်ကို လွှတ်လိုက်"

အားလုံးနီးပါးသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် သူတို့၏အလုပ်များကို ရပ်လိုက်ကြသည်။ မိန်းကလေးအချို့ကပင် အံ့အားသင့်စွာ အော်လာကြပြီး ဒုတိယထပ်သို့ တက်လာကြသည်။

ဒုတိယထပ်သည် နံရံတွင်ထည့်သွင်းထားသော ဖန်လုံးကြီးကဲ့သို့ဖြစ်နေပြီး ပွဲကြည့်ခန်းနှင့် ပိုတူလှသည်။ အဘိုးနှင့်မြေးဖြစ်သူ၏ ရုံးခန်းကဲ့သို့ပင် ၎င်းကိုလည်း ပွင့်လင်းမြင်သာသော မှန်တစ်ချပ်ဖြင့် ကာရံထားသည်။

"ငါတို့လည်း ထွက်သွားရအောင်"

လူအိုကြီးစွန်းသည် ချက်ချင်းပင် ခေါင်းကိုလှည့်ကာ ဒုတိယထပ်ရှိ လျှောက်လမ်းဘက်သို့ လျှောက်သွားလိုက်သည်။ သက်လတ်ပိုင်းအရွယ်အမျိုးသားလည်း အဝေးထိန်းခလုတ်တစ်ခုကို ကောက်ကိုင်ကာ အတွင်းထဲသို့ ဝင်သွားခဲ့သည်။

သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ဥမင်လိုဏ်ခေါင်းထဲသို့ဝင်လိုက်ပြီး သူ့လက်ထဲရှိ အဝေးထိန်းခလုတ်ကို နှိပ်လိုက်ရာ ဥမင်လိုဏ်ခေါင်းက ပိတ်သွားခဲ့သည်။ မကြာမီပင် ခန်းမထဲရှိ စက်များအားလုံး ဖြည်းဖြည်းချင်း ပိတ်ကျသွားခဲ့ပြီး ရွှီဖန်း၊ လင်းရှောင်ရှောင်းနှင့် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော ပိုင်ယွီတို့သာ အထဲ၌ ကျန်ရစ်ခဲ့သည်။

ထိုအချိန်၌ ရွှီဖန်းကတော့ နောက်ဆုံးမှာ သေချာသွားခဲ့သည်။ အကြောင်းမှာ လူအိုကြီးစွန်းသည် မထွက်ခွာခင်တွင် ပိုင်ယွီ၏ကိုယ်ထဲသို့ အရည်တစ်မျိုးကို ထိုးသွင်းခဲ့ပြီး သူမကလည်း နောက်ဆုံးမှာ နိုးထလာခဲ့သောကြောင့်ဖြစ်သည်။

သို့သော် ရွှီဖန်းသည် ပိုင်ယွီအား ဂရုမစိုက်နိုင်သေးပေ။ ထိုအစား ဤထူးဆန်းသောနေရာကို သူ ဝေ့ကြည့်လိုက်သည်။ ဤနေရာသည် ဘာအတွက်

ဖြစ်ကြောင်းကို ရွှီဖန်း သေချာစွာ သိနေပြီဖြစ်သည်။ ပိုးသတ်ဆေး၏ပြင်းထန်သောအနံ့တွင် အထူးဆေးရည်များ ပါဝင်နေသည်။

ထိုက်ပိုင်ကျင့်စစ်၏ဆေးပညာဆက်ခံသူအနေဖြင့် ရွှီဖန်းသည် သူ၏ကျွမ်းကျင်မှုများကို သေချာသင်ယူထားခဲ့သည်။ သူ အနံ့ခံလိုက်သောအခါ ၎င်းသည် "မွမ်းမံခြင်း"ဟုခေါ်သော အလွန်ဆိုးရွားသည့် လျှို့ဝှက်ဆေးတစ်မျိုးမှန်း သူ ခန့်မှန်းနိုင်ခဲ့သည်။ ထိုဆေးသည် လူ့ခန္ဓာကိုယ်၏စွမ်းရည်ကို တိုးမြှင့်ပေးသည့်ဆေးတစ်မျိုးဖြစ်သည်။ ရွှီဖန်းက ၎င်းကို ဆိုးရွားသည်ဟု ခေါ်ခဲ့ရခြင်းအကြောင်းရင်းမှာ ၎င်းသည် လူတစ်ဦး၏စိတ်ကို ထိန်းချုပ်နိုင်သောကြောင့်ဖြစ်သည်။

ထိုအကြောင်းကိုတွေးမိသောအခါ ရွှီဖန်းသည် မှန်ထဲမှ နေ၍ လျိုမိသားစု၏အဘိုးနှင့်မြေးကို ကြည့်လိုက်

သည်။ သူ့မျက်လုံးများက အလွန်အေးစက်နေပြီး ထိုနှစ်ဦးအား ချက်ချင်းပင် ဆွဲဖြဲပစ်ချင်နေသည်။ ဤဓာတ်ခွဲခန်းကသာ "မွမ်းမံခြင်း" ဓာတ်ခွဲခန်း ဖြစ်

မည်ဆိုလျှင် အပြစ်မဲ့သူ ဘယ်လောက်များများအား သူတို့ စတေးခဲ့ကြမည်ကို စိတ်ကူးကြည့်နိုင်သည်။ ရွှီဖန်း သည် ကြင်နာတတ်သူတစ်ဦး မဟုတ်သော်လည်း ဤကဲ့သို့ကြောက်မက်ဖွယ်ကောင်းသော ကိစ္စရပ်မျိုးမှာတော့ သူ့စိတ်ထဲမှ သတ်ဖြတ်လိုစိတ်ကို မထိန်းချုပ်နိုင်ခဲ့ပေ။

ရွှီဖန်းသည် လျိုမိသားစု၏အဘိုးနှင့်မြေးကို စိုက်

ကြည့်ကာ ဖြည်းဖြည်းချင်း သူတို့ဆီသို့ လျှောက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့ကို ချည်နှောင်ထားသော ကြိုးကိုလည်း ဆွဲဖြုတ်လိုက်သည်။ သို့သော် ရွှီဖန်းမှ ချဉ်းကပ်လာသော်လည်း လျိုမိသားစု၏ အဘိုးနှင့်မြေးတို့သည် ထိတ်လန့်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်းမရှိဘဲ ရွှီဖန်းကို ပြုံးကာ ကြည့်နေခဲ့ကြသည်။

"အဘိုး သူ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်

မယ်လို့ ထင်လဲ၊ ကျွန်တော်မှတ်မိတာက နောက်ဆုံးအကြိမ် ဝင်သွားတုန်းက နက်နဲခြင်းအဆင့်၊ အထွတ်အထိပ်မှာရှိနေတဲ့တစ်ယောက်တောင် ငါးစက္ကန့်ထက် ပိုပြီးမရှင်ခဲ့ဘူး"

လျိုယွမ်ချန်သည် သူ့အဘိုးအား မကြည့်ဘဲ မေးလိုက်သည်။ ထိုအစား ရွှီဖန်းကိုသာ သူက ပေါ့ပါးသောအမူအရာဖြင့် ကြည့်နေသည်။

"ယွမ်ချန် မင်း ရွှီဖန်း ကို အထင်မသေးသင့်ဘူး၊ မဟုတ်ရင် အဘိုးက ဘာလို့များ ကြီးမြတ်သောနတ်ဆိုးဘုရင်ကို တိုက်ရိုက် လွှတ်ပေးလိုက်မှာလဲ"

အဘိုးအိုသည် လျိုယွမ်ချန်ထက် ပို၍ အသိပညာရှိပုံရပြီး ရွှီဖန်း၏လက်ရှိအင်အားကို မြင်နိုင်ခဲ့သည်။

ရွှီဖန်းသည် ထိုမြေးအဘိုးဆီသို့ လျှောက်သွားနေရင်း ရုတ်တရက် ရပ်တန့်ကာ သူ့ဘေးနားရှိ နံရံလွတ်ကို ကြည့်လိုက်သည်။

"ဒါ..."

လျိုယွမ်ချန်မှာ ကြောင်အသွားခဲ့သည်။ ရွှီဖန်း၏ မျက်နှာအမူအရာကိုကြည့်၍ သူ အနည်းငယ် အံ့အားသင့်သွားကာ...

"အဘိုး သူ တကယ်ကြီး ရှာတွေ့နိုင်..."

"ကြည့်ရုံပဲ ကြည့်တော့"

သို့သော် အဖိုးအိုသည် လက်ဝှေ့ယမ်းလျက် လျိုယွမ်ချန်အား စကားပြောခြင်းမှ တားမြစ်ခဲ့သည်။ သူက ကြီးမြတ်သောနတ်ဆိုးဘုရင်အပေါ်၌ အလွန်

ယုံကြည်မှုရှိပုံရသည်။

***********************

All Chapters