← Chapters

စည်းမျဥ်းတွေနဲ့ ချုပ်သွားတာလား

Vol. 23 Ch. 345

စည်းမျဥ်းတွေနဲ့ ချုပ်သွားတာလား

Vol. 23 Ch. 345

ရှောင်ပိုင် လှည့်ထွက်ရန် ပြင်နေတုန်းမှာပင် ရွှီဖန်း၏ ရုံးခန်းတံခါးက ရုတ်တရက် ပွင့်သွားခဲ့သည်။

"ခဏလေးပါ ကျွန်မ ဥက္ကဌရွှီနဲ့ ကိုယ်တိုင်စကားပြောပါရစေ"

အပြင်ဘက်ကနေ အမျိုးသမီးတစ်ဦး ဝင်လာခဲ့သည်။

သို့သော် သူမအား အမျိုးသမီးထက် မိန်းမငယ်ဟုပြောတာက ပိုသင့်တော်လိမ့်မည်။ 

သူမကိုကြည့်ရသည်မှာ အရမ်းနူးညံ့ပုံပေါ်ပြီး သန့်ရှင်းစင်ကြယ်သောခံစားမှုမျိုးကို ပေးစွမ်းလေသည်။ သူမ၏နက်မှောင်သောဆံကေသာက ပိုးသားလို ချောမွေ့နေပြီး သပ်သပ်ရပ်ရပ်စည်းထားတာကြောင့် ထိုမြင်းမြီးဆံပင်က လှပမှုကို ပေးစွမ်းနေသည်။ ထူထဲသည့်ဆံပင်အောက်မှာတော့ အနက်ရောင်ရတနာကဲ့သို့ တောက်ပသောမျက်ဆံတစ်စုံရှိ၏။ ထိုတောက်ပသောမျက်လုံးများက အရမ်းထူးခြားပေသည်။ ထို့နောက် အနည်းငယ်အထက်ကိုမော့နေသည့် နှာခေါင်းအောက်မှာတော့ သေးငယ်သည့်ပါးစပ်လေးရှိသည်။ရွှင်မြူးတက်ကြွကာ လှပသည့် မိန်းကလေးတစ်

ယောက်အတိုင်းပင်။

"အာ ဘယ်သူက မင်းကိုဝင်ခွင့်ပြုလိုက်တာလဲ၊ တံခါးမခေါက်တတ်ဘူးလား"

ရှောင်ပိုင်သည် ရောက်လာသူကို မြင်သောအခါ ချက်ချင်းပင် မျက်နှာပေါ်၌ မကျေနပ်သောအကြည့် ပေါ်လာခဲ့သည်။

"ဆယ်မိနစ်လောက်ပါပဲ" 

သို့သော် ထိုမိန်းကလေးက ရှောင်ပိုင်၏စကားကို လုံးဝ လျစ်လျူရှုထားသည်။ သူမထံ၌ ယဉ်ကျေးမှုလုံးဝရှိဘဲ ရွှီဖန်းကိုသာ ယုံကြည်မှုအပြည့်ဖြင့် ကြည့်နေခဲ့သည်။

ရွှီဖန်း မျက်မှောင်ကြုတ်မိသွားသည်။ ထိုမိန်းကလေးက တကယ်တမ်းပြောရရင်တော့ ကြည့်ကောင်းပေသည်။ သို့သော် လှပသောအမျိုးသမီးများကို မြင်ဖူးနေကျ ရွှီဖန်းအတွက်တော့ ဤမိန်းကလေး၏ ရုပ်ရည်က သန့်ရှင်းစင်ကြယ်မှုကိုပေးစွမ်းသည်ဟု သူ့စိတ်ထဲ၌ ထင်ခဲ့မိသည်။

သို့သော် ထိုမိန်းကလေး၏လုပ်ရပ်က ရွှီဖန်းအား အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စေလေသည်။ ထို့ကြောင့် မိန်းကလေးကို ကြည့်သည့် သူ့အကြည့်ကလည်း အနည်းငယ် စိတ်မရှည်သောပုံပေါ်သွားခဲ့ပြီး အသံကလည်း မကောင်းတော့ပေ။ 

"မင်းက ဘယ်သူလဲ"

ရွှီဖန်း အေးစက်စက် မေးလိုက်သည်။

ထိုစကားကိုကြားတော့ မိန်းကလေးက မှင်သက်သွားလေသည်။ ရွှီဖန်းက ဘာလို့များ ဒီလိုလေသံနှင့် ပြောရတာလဲဆိုတာကို သူမ အံ့သြသွားပုံရသည်။ ထို့နောက် သူမ၏ကိုယ်ဟန်အနေအထားကို နှိမ့်ချလိုက်သည်။ သူမ၏အပြုံးက ပို၍ချိုမြိန်လာပြီး အသံကလည်း ပို၍နူးညံ့လာခဲ့သည်။

"မင်္ဂလာပါ ဥက္ကဌရွှီကတော့ ကျွန်မကို မသိလောက်ဘူးထင်ပါတယ်၊ ဒါပေမဲ့ ကျွန်မကတော့ ရှင့်ကို သိပါတယ်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးရှင်းရှင်းမိတ်

ဆက်ပေးပါရစေ၊ ကျွန်မက ချန်ဟိုင်းလရောင်ကြော်ငြာကုမ္ပဏီရဲ့အလုပ်သင်တစ်ဦးပါ၊ နာမည်ကတော့ လီစီးချီဖြစ်ပါတယ်၊ ဥက္ကဌရဲ့ကုမ္ပဏီက ကြော်ငြာအတွက် ပါတနာတွေ ရှာနေတယ်ဆိုတာကို ကျွန်မသိထားလို့ အဆိုပြုချက်ပို့လိုက်တာပါ၊ ခွင့်ပြုချက်မရှိဘဲ ရောက်လာတဲ့အတွက် ခွင့်လွှတ်ပေးပါဦးရှင့်"

ထိုအချိန်၌ ရွှီဖန်း၏မျက်ခုံးများက အတော်လေး ပြေလျော့သွားခဲ့သည်။ သူမ၏စကားများက ယဉ်ကျေးပြီး လူတွေကို သက်တောင့်သက်သာ ဖြစ်စေလေသည်။ သို့သော် ပထမဆုံးတွေ့ဆုံမှု၏ထင်မြင်ချက်ကို ပြောင်းလဲရန် ခက်ခဲလှသည်။ 

သို့သော် သူမဘာပြောချင်လဲဆိုတာကိုတော့ ရွှီဖန်း နားထောင်နိုင်ပါသေးသည်။ ဒီလို စိတ်အားထက်သန်သည့်အလုပ်သင်မျိုးကို ကူညီနိုင်လျှင် ကူညီသင့်သည်ဟု ရွှီဖန်းထင်သည်။

"အရင်ထွက်သွားလိုက်ပါ ရှောင်ပိုင်" 

ရွှီဖန်းသည် ရှောင်ပိုင်အား လက်ဝှေ့ယမ်းပြလိုက်

သည်။ 

"ဒါပေမဲ့..."

ရှောင်ပိုင်သည် မှင်သက်သွားခဲ့ပြီး မိန်းကလေးကို ကြည့်လိုက်လေသည်။ 

"တံခါး ပိတ်ပေးခဲ့ဦး"

သို့သော် ရွှီဖန်းသည် သူ့ကို ရှင်းပြရန် ပျင်းရိနေခဲ့သည်။ ရှောင်ပိုင်၏နှုတ်ခမ်းက စူသွားသည်။

"အစ်မ အဆိုပြုချက်ကို ထားခဲ့လို့ရမလား"

ရှောင်ပိုင် မထွက်သွားခင်မှာ လီစီးချီ၏မျက်နှာပေါ်၌ ယဉ်ကျေးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထို့ကြောင့် ရှောင်ပိုင်၏ပုံစံမှာ လူဆိုးတစ်ယောက်နှင့် တူသွားရသည်။ 

"မင်း"

ရှောင်ပိုင်သည် လီစီးချီ၏အပြုံးကို ကြည့်ကာ ရင်ထဲ၌ ဒေါသထွက်သွားခဲ့သည်။ သို့သော် သူမ လှည့်ကြည့်

လိုက်တော့ ရွှီဖန်းက မလှုပ်မယှက်ရှိနေတုန်းပင်။ ရှောင်ပိုင်လည်း ချွေးအေးများ ထွက်လာခဲ့သည်။ သူမလက်ထဲမှ အဆိုပြုချက်ကို လီစီးချီ၏လက်ထဲ ထည့်ပေးလိုက်ပြီး လှည့်ထွက်လာခဲ့သည်။

လီစီးချီသည် ရှောင်ပိုင်၏ဒေါသထွက်နေသောပုံစံကို ကြည့်ပြီး ရွှီဖန်းအရှေ့၌ ပါးစပ်ကိုအုပ်ကာ ရယ်မောနေသည်။ 

ရွှီဖန်းကတော့ လီစီးချီကို ကြည့်နေသော်ငြား လိုက်မပြုံးခဲ့ပေ။

"တန်ဖိုးရှိတဲ့ဆယ်မိနစ်ကို ပေးလိမ့်မယ်လို့ မျှော်လင့်တယ်"

ရွှီဖန်းသည် လီစီးချီ၏ရယ်သံကို ဖြတ်တောက်၍ ထိုစကားကို ညင်သာစွာ ပြောလိုက်သည်။ 

"အိုး"

လီစီးချီသည် မှင်သက်သွားကာ ရွှီဖန်းကို လှည့်

ကြည့်လာသည်။ ထို့နောက် သူမ၏နှုတ်ခမ်းထောင့်၌ ပုံမှန်အပြုံးတစ်ခုကို အလျင်အမြန် ဖန်တီးကာ ရွှီဖန်းဆီသို့ တည့်တည့်လျှောက်သွား၍ ထိုင်ချလိုက်သည်။

သို့သော် မထိုင်ခင်မှာ လီစီးချီသည် သူမအရှေ့ရှိ ထိုင်ခုံကို ငုံ့ကာ အကြာကြီးသုတ်နေခဲ့တာကြောင့် အလွန်နေရခက်လှသည့် အခြေအနေတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ ဆိုလိုသည်မှာ လီစီးချီ၏လည်ပင်းက ရွှီဖန်းဘက်ကို မျက်နှာမူနေတာကြောင့် ရွှီဖန်းသည် အရာအားလုံးကို တစ်ချက်

ကြည့်လိုက်ရုံဖြင့် မြင်လိုက်ရသောကြောင့်ပင်။

ထိုအရာက ရွှီဖန်းကို အနည်းငယ်ရှက်ရွံ့သွားစေခဲ့ပြီး သူ အနည်းငယ် ချောင်းဆိုးလိုက်မိသည်။

"အဟွတ်!"

"အာ..."

ရွှီဖန်း၏ချောင်းဆိုးသံက လီစီးချီ၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ လီစီးချီသည် မျက်နှာပေါ်မှာ နားမလည်

နိုင်သည့် အမူအရာဖြင့် ရွှီဖန်းကို မော့ကြည့်လာ

သည်။ ထို့နောက် ရွှီဖန်း၏မျက်လုံးလားရာအတိုင်း သူမရင်ဘတ်ကို ပြန်ကြည့်လိုက်မိပြီး သူမလည်ပင်းကို အလျင်အမြန် ဖုံးလိုက်ရသည်။

သို့သော် ရွှီဖန်း မြင်လိုက်ရသည်မှာ သူမ၏ ကြောက်လန့်တကြားဖြစ်သွားသည့် အမူအရာမျိုးမဟုတ်ဘဲ အနည်းငယ်သောပျော်ရွှင်မှုနှင့် ပမာမထားသည့်အပြုအမူကိုပင်။ ထိုအခါမှသာ သူမ တမင်

ရည်ရွယ်ခဲ့မှန်း ရွှီဖန်းသိခဲ့ရသည်။

ရွှီဖန်းသည် ထိုကဲ့သို့အမျိုးသမီးများ သို့မဟုတ် လူများကို မကြိုက်ပေ။ ထိုအရာက ရွှီဖန်းကို ရွံရှာစေသည်။ သို့သော် ဒီလီစီးချီကိုတော့ ရွှီဖန်း စူးစမ်းချင်နေသည်။ အကြောင်းမှာ တက္ကသိုလ်တောင်မပြီးသေးသည့် အလုပ်သင်တစ်ယောက်က ဘာလို့ ဒီလိုမျိုးလုပ်ရတာလဲဆိုတာကို သူ နားမလည်နိုင်၍ပင်။

"အဲ့ဒီထိုင်ခုံကို သုတ်စရာမလိုဘူး၊ တစ်နေ့ကို သုံးကြိမ် သုတ်ပေးဖို့ သီးသန့်လူ ထားထားတယ်၊ ပိုးသတ်ဆေးလည်း ဖျန်းထားပြီး အရမ်းကို သန့်ရှင်းတယ်"

ရွှီဖန်းသည် လီစီးချီကို ကြည့်၍ သတိပေးလိုက်သည်။  ထိုစကားက အဓိကအချက်ကိုမြန်မြန်ပြောဟု ဆိုလိုသည့် သဘောပင်။ 

လီစီးချီကလည်း သူမလျှာလေးကို ထုတ်ပြကာ ချစ်စဖွယ်ပုံစံလေးဖြင့် စကတ်ကိုမ၍ အမြန်ထိုင်ချလာသည်။

"ကျွန်မရဲ့အဆိုပြုချက်တွေကို ခုနက အကုန်ကြည့်ပြီးပြီလား"

"အင်း"

"ကျေနပ်ရဲ့လား"

"ကျေနပ်လား" 

ရွှီဖန်း မှင်သက်သွားပြီးမှ ပြုံးလိုက်ကာ...

"မင်းဝင်လာတုန်းက အဖြေကို ကြားပြီးပြီမဟုတ်လား"

လီစီးချီသည် ခဏတာတိတ်ဆိတ်သွားပြီးမှ ရယ်မောလာသည်။

"ဥက္ကဌရွှီ ရှင်က ရိုက်ကူးရေးပြဿနာ ဒါမှမဟုတ် တခြားတစ်ခုခုကို ကြောက်နေတာလား၊ ရှင်က စီးပွားရေးသမားဖြစ်တာမလို့ အကျိုးအမြတ်ကို ဦးစားပေးရမယ့်အခြေခံမူကို နားလည်မယ်လို့ကျွန်မ ထင်ပါတယ်၊ ကျွန်မရဲ့အဆိုပြုချက်က ရှင့်ကုမ္ပဏီကို ကုန်ကျစရိတ်အနည်းဆုံးနဲ့ အမြတ်အများဆုံးရစေမှာပါ၊ ထိပ်တန်းကြယ်ပွင့်တွေရဲ့ပုံမှန်ငှားခက အခုဆို သန်းဆယ်ဂဏန်းရှိနေပြီဆိုတာ ရှင်သိထားသင့်တယ်"

ထိုစကားကိုကြားတော့ ရွှီဖန်း မျက်မှောင်ကြုတ်

လိုက်သည်။ 

အခုခေတ်ကျောင်းသားတွေက တခြားသူတွေနဲ့ ဒီလိုပဲ ပြောဆိုနေကြတာလား။

"စီးပွားရေးလုပ်နည်းအတွက် မင်း ငါ့ကို သင်ပေးစရာမလိုပါဘူး၊ ပိုက်ဆံချွေတာဖို့အတွက် အရာရာတိုင်းကို လုပ်ရမယ်ဆိုရင် လူတစ်ယောက်မှမခေါ်တာက ပိုက်ဆံပိုပြီး ချွေတာနိုင်တာမဟုတ်ဘူးလား"

ရွှီဖန်းက ထပ်ငြင်းဆိုလိုက်သည့်အခါ လီစီးချီသည် အနည်းငယ်ရှက်ရွံ့သွားပုံရပြီး မတိုင်ခင်က ယုံကြည်မှုအပြည့်ရှိခဲ့သည့်ပုံစံနှင့် ခြားနားနေခဲ့သည်။ လေထုက ခဏတာတိတ်ဆိတ်သွားခဲ့ပြီး ရွှီဖန်း အမိန့်ပေးတော့

မည့်အချိန်မှာ လီစီးချီက ထရပ်လာသည်။ သူမ၏မျက်လုံးထဲတွင် အရှက်ရခြင်း အရိပ်အယောင်များ ပေါ်လာပြီး ရွှီဖန်းဆီသို့ လျှောက်လာသည်။ ထို့နောက် သူမသည် ခန္ဓာကိုယ်ကို ကိုင်းညွှတ်ကာ အဆိုပြုချက်ကို ထောက်ပြ၍...

"ဥက္ကဌရွှီ ကျွန်မ ကောင်းမွန်တဲ့အစီအစဉ်တစ်ခုကို ပြောပြမယ်၊ ရှင် ကျွန်မကို ဒီအခွင့်အရေးပေးချင်

လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ရွှီဖန်း မှင်သက်သွားသည်။ မိန်းကလေး၏ရနံ့က သူ့ဆီသို့ ရောက်ရှိလာပြီး သွေးသားပုံရိပ်များ ပေါ်လာခဲ့သည်။ သို့သော် ထိုအရာအားလုံးသည် ယခုအချိန်၌ ရွှီဖန်းကို ဆွဲဆောင်နိုင်ခြင်း မရှိပေ။ ဆန့်ကျင်ဘက်

အားဖြင့် သူ အနည်းငယ် ဒေါသထွက်သွားခဲ့သည်။ ရွှီဖန်းသည် လှပသောအမျိုးသမီးများကို နှစ်သက်သော်လည်း တစ်စုံတစ်ယောက်က ထိုအရာကိုအသုံးပြု၍ ရွှီဖန်း၏ဆန္ဒကို ထိန်းချုပ်နိုင်မည်ဟု မဆိုလိုပေ။

"ပြန်ထိုင်ပါ"

ရွှီဖန်းသည် အေးစက်စွာဖြင့် ထိုစကားကို အရင်ဆုံး ပြောလိုက်သည်။

"ဥက္ကဌရွှီ"

"ဟဲလို လုံခြုံရေးလား"

ရွှီဖန်းသည် တွေဝေနေခြင်းမရှိဘဲ လုံခြုံရေးကို ဖုန်းခေါ်နေသည်။

"ရှင်!"

လီစီးချီ၏မျက်နှာပေါ်တွင် ရှက်ရွံ့ခြင်းအရိပ်အယောင်များ ပေါ်လာပြီး သူမသည် ရွှီဖန်းကို လက်ညှိုးထိုးကာ အချိန်အတော်ကြာအထိ စကားမပြောနိုင်ဖြစ်နေခဲ့သည်။

"မင်းကိုယ်တိုင်ထွက်သွားဖို့ အခွင့်အရေးရှိသေးတယ်၊ နောက်မှ လုံခြုံရေးက မင်းကိုကန်ထုတ်တာမျိုးတော့ မလိုချင်ဘူးမလား"

လီစီးချီ၏ပုံစံကို သူ သည်းမခံနိုင်တော့ဘဲ တိုက်ရိုက်

ပင် ထိုသို့ပြောလိုက်သည်။

"ဘာကို ဟန်ဆောင်နေတာလဲ၊ ရှင် ကျွန်မဆီက မဆွဲဆောင်ခံခဲ့ရဘူးဆိုရင် ဘာလို့ ခုနက ကျွန်မကို အဲ့ဒီလို ဆက်ဆံပြီး အတွင်းရေးမှူးကို လျစ်လျူရှုခဲ့တာလဲ၊ ကျွန်မတို့အားလုံးက လူကြီးတွေပဲလေ၊ ကိုယ်

လိုအပ်တာကို အချင်းချင်းရယူရုံပဲကို ရှင် ဘာလို့ ဒီလိုမျိုးလုပ်နေတာလဲ" 

လီစီးချီသည် ရွှီဖန်းကိုကြည့်ပြီး ဒေါသတကြီး အော်ငေါက်လာသည်။

ရွှီဖန်းမှာ ထပ်မံ၍ မှင်သက်သွားရသည်။ ဒီအလုပ်သင်

မိန်းကလေးသည် ဒီနေ့မှာတင် ရွှီဖန်း၏ဘဝအမြင်ကို အကြိမ်ပေါင်းများစွာ၊ မရေမတွက်နိုင်အောင် ပြောင်းလဲစေခဲ့လေပြီ။

ရွှီဖန်းသည် သူ့ခေါင်းကို ညင်သာစွာခါယမ်း၍ လီစီးချီကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်မိသည်။ 

"ပထမဆုံးအနေနဲ့ ငါ ဆွဲဆောင်ခံခဲ့ရတာမဟုတ်ဘူး၊ ငါ့ပတ်ဝန်းကျင်က ဘယ်အမျိုးသမီးမဆို မင်းထက် အဆပေါင်းများစွာ ပိုလှတယ်၊ ဒုတိယအနေနဲ့ ငါ့မျက်လုံးထဲမှာ မင်းက တကယ့်လူကြီးမဟုတ်သေးဘူး...အနည်းဆုံး မင်းရဲ့စိတ်က အခြေခိုင်မာမှု မရှိသေးဘူး"

"ရှင်!"

လီစီးချီသည် ရွှီဖန်း၏စကားကို ကြားသောအခါ ဒေါသထွက်သွားပြီး လက်ညှိုးထိုးလာသည်။ သို့သော် သူမ စကားမပြောခဲ့ဘဲ ခဏတာမျှ ရွှီဖန်းကို စိုက်

ကြည့်ကာ ထပ်၍လှောင်ပြောင်လာသည်။ 

"ဦးလေးကြီး ရှင်က အရမ်းကိုဟန်ဆောင်ကောင်းလွန်းတာပဲ၊ ဘယ်အမျိုးသမီးမဆို ကျွန်မထက် လှတယ်ဟုတ်လား...ဘယ်သူလဲ တံခါးနားက အတွင်းရေးမှူးလား၊ ဦးလေးကြီး ကျွန်မက ချန်ဟိုင်းတက္ကသိုလ်က ကျောင်းသူတစ်ယောက်...ဒီလိုမျိုးကျွန်မကို စိတ်က အခြေခိုင်မာမှုမရှိဘူးလို့ ပြောခဲ့တာ ရယ်စရာကောင်းတယ်လို့မထင်ဘူးလား၊ ရှင်ကသာ မျက်စိကန်းနေတယ်လို့ ကျွန်မထင်တယ်"

လီစီးချီမှ ထိုစကားကိုပြောပြီးသည့်အခါ လုံခြုံရေးအစောင့်သည် တံခါးမှ အထဲသို့ ဝင်လာခဲ့ပြီဖြစ်သည်။

ဘာမှဆိုစရာပင်မလိုဘဲ လုံခြုံရေးအစောင့်သည် ထိုမြင်ကွင်း၏အဓိပ္ပာယ်ကို နားလည်ခဲ့သည်။

"ကြွပါ"

လုံခြုံရေးအစောင့်သည် လီစီးချီကို ကြည့်၍ လက်လှမ်းကာ ဖိတ်ခေါ်သော အမူအရာကို ပြလိုက်

သည်။

"ရှင့်ဘာသာရှင် ပြန်စဉ်းစားကြည့်လိုက်ပါ၊ ဒီတစ်

ကြိမ်ကို လွဲချော်သွားရင် ရှင် ဘယ်လောက်ပဲ ပိုက်ဆံပေးပေး ကျွန်မနဲ့နီးစပ်နိုင်တော့မှာ မဟုတ်ဘူး" 

ထိုသို့ပြောပြီးနောက် လီစီးချီသည် သူမလက်ထဲရှိ အဆိုပြုချက်ကို ကြမ်းပြင်ပေါ်သို့ ရက်ရက်စက်စက် ပစ်ချကာ မောက်မာသောအမူအရာဖြင့် ခေါင်းလှည့်ကာ ထွက်သွားခဲ့သည်။

ရွှီဖန်းမှာ အချိန်အတော်ကြာအထိ မှင်သက်နေပြီးမှ ပြန်လည်၍ အသိဝင်လာခဲ့သည်။

"သူက ဥက္ကဌကို စည်းမျဥ်းတွေနဲ့ ချုပ်သွားလို့လား"

ရှောင်ပိုင်သည် လီစီးချီ ထွက်သွားတုန်းက ပြောသွားသည့်စကားကို ကြားခဲ့တာ သိသာပေသည်။

ရွှီဖန်းမှာ မှင်သက်သွားပြီး ဆွံ့အနေသောမျက်နှာထားဖြင့် ရှောင်ပိုင်ကို ကြည့်လိုက်မိသည်။

ရှောင်ပိုင်လည်း ထိုအရာကိုမြင်တော့ နားလည်သွားခဲ့ပြီး ချက်ချင်းပင် ပြန်ထွက်သွားခဲ့သည်။

ရှောင်ပိုင် ထွက်သွားပြီးနောက် ရွှီဖန်းသည် သူ့ကုလားထိုင်ပေါ်မှာ ပြန်မှီ၍ ဖြစ်ပျက်ခဲ့သမျှကို စဉ်းစားနေခဲ့သည်။

"လီစီးချီက ချန်ဟိုင်းတက္ကသိုလ်ရဲ့ပန်းလေးလား၊ ဒါဆို ရှယန်ယွိနဲ့ ရှောင်းချောင်ကရော...သူတို့က ချန်

ဟိုင်းပြည်နယ်ရဲ့ပန်းလေးတွေလား"

အချိန်အကြာကြီးစဉ်းစားခဲ့သော်လည်း ရွှီဖန်းတစ်ယောက် အဖြေရှာမတွေ့ခဲ့ပေ။ နောက်ဆုံးမှာတော့ ရွှီဖန်းသည် သူတို့ကို ဖုန်းဆက်ပြီးမေးရန်သာ ဆုံးဖြတ်ခဲ့သည်။ 

အပြင်ဘက်သို့ အတင်းအကြပ်ထုတ်ခံလိုက်ရသည့် လီစီးချီသည် ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးရှေ့တွင် ရပ်နေပြီး သူမအနောက်ရှိ အဆောက်အအုံကြီးကို ကြည့်နေသည်။ 

"ကောင်းပြီလေ ရှင်က အရမ်းမာနကြီးပြနေမှတော့ ရှင်နာမည်ပျက်အောင် ကျွန်မလုပ်ပစ်မယ်" 

ထိုသို့ပြောပြီးနောက် လီစီးချီ လှည့်ထွက်လာခဲ့သည်။ ထွက်ခွာလာပြီးနောက် လီစီးချီသည် လရောင်ကြော်ငြာကုမ္ပဏီသို့ မသွားဘဲ ထျန်းရှားမီဒီယာရုံးသို့ တိုက်ရိုက်သွား၍ ဖုန်းခေါ်လိုက်သည်။

"ဟဲလို သူငယ်ချင်းဟောင်းရေ ငါ နင့်ကုမ္ပဏီရဲ့အောက်ထပ်မှာ ရှိနေတယ်၊ ဟားဟားဟား...ဒါဆို ငါ တစ်ခါတည်း တက်လာလို့ရတယ်ဟုတ်"

ထိုသို့ပြောပြီးနောက် သူမ ဖုန်းချကာ ထျန်းရှားမီဒီယာရုံးထဲသို့ ဝင်သွားခဲ့သည်။

*********************

All Chapters