← Chapters

ရွှီဖန်းက အသန်မာဆုံးလူ

Vol. 23 Ch. 335

ရွှီဖန်းက အသန်မာဆုံးလူ

Vol. 23 Ch. 335

စက္ကန့်အနည်းငယ်အကြာတွင် လူတစ်ကိုယ်စာ ဝင်ဆံ့သောအပေါက်တစ်ခုက နံရံထက်တွင် ဖြည်းဖြည်းချင်း ပွင့်လာသည်။ အတွင်းထဲမှ ခြေလှမ်းသံက ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

မကြာလိုက်ပေ၊ လူအိုကြီးတစ်ဦးက မျက်စိကျိန်းလောက်စရာအလင်းရောင်ရှေ့တွင် ထွက်ပေါ်လာသည်။ သူသည် အင်္ကျီမပါဘဲကိုယ်ဗလာဖြစ်နေပြီး သူ့အရေပြားမှာ ခြောက်သွေ့နေသော သစ်သားကဲ့သို့ ရှုံ့တွနေသည်။ သူက မီးခိုးရောင်နှင့်အညိုရောင်

ရောင်ရောထားသည့်ဘောင်းဘီတစ်ထည်နှင့် အဖြူရောင်စနီကာဖိနပ်တစ်ရံကို ဝတ်ဆင်ထားသည်။

ထိုအဖိုးအို၏ဝတ်စားဆင်ယင်မှုက အဝေးမှ ရွှီဖန်းနှင့် လင်းရှောင်ရှောင်းတို့ကို ကြောင်အသွားစေခဲ့သည်။ ပိုင်ယွီကမူ ဘာဖြစ်နေမှန်းမသိသေးဘဲ ပတ်ဝန်းကျင်ကို သတိထားစွာ ကြည့်နေသည်။ ထိုအချိန်၌ သူမ၏ အကြည့်သည် ရွှီဖန်းအပေါ်တွင် စူးစိုက်နေခဲ့သည်။

ရွှီဖန်း စိတ်ထဲကနေ တွေးလိုက်မိသည်။ ကြီးမြတ်သောနတ်ဆိုးဘုရင်ကို ရန်လိုပြီး မျက်နှာမည်း၊ သွားကြမ်းသည့်လူဟု သိခဲ့ကြတာဖြစ်သည်။ အခုလို ကိုယ်ခန္ဓာအားနည်းသော အဖိုးအိုတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မည်သူကထင်ထားမည်နည်း။ ထိုသို့ဖြစ်နေသော်လည်း ရွှီဖန်းသည် သူ့ကို လုံးဝအထင်မသေးခဲ့ပေ။

အဖိုးအို၏မျက်လုံးများက အသက်မဲ့နေသော်လည်း ရွှီဖန်းကို လှမ်းကြည့်လိုက်သည့်အခိုက်အတန့်တွင် သူ့မျက်လုံးအိမ် နက်နက်ကြီးထဲမှ ကြောက်မက်

ဖွယ်ကောင်းသော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ရွှီဖန်းကတော့ ထိုနေရာမှာပင် ရပ်နေဆဲဖြစ်ပြီး သူ့မျက်နှာပေါ်၌ ထူးဆန်းသော သို့မဟုတ် လေးနက်သော အမူအရာတစ်ခု ရှိနေသည်။

အဖိုးအိုကို ရွှီဖန်း ကြည့်နေရင်း အဖိုးအိုသည် စမ်းသပ်ခြင်းခံရစဉ်က မည်သို့သောနာကျင်မှုများအား ဖြတ်သန်းခဲ့ရသည်ကို သူ စိတ်ကူးကြည့်နိုင်ခဲ့သည်။ ဖြစ်နိုင်သည်မှာ ယခင်က ဤလူသည် သက်လတ်ပိုင်းအရွယ်အမျိုးသား သို့မဟုတ် လူငယ်လေးတစ်ယောက် ဖြစ်ခဲ့လိမ့်မည်။

"မင်းမှာ အသိစိတ်ကျန်နေသေးရင် ပြန်လှည့်ပြီးထွက်သွားတော့၊ ငါ မင်းကို မသတ်ဘူးဆိုရင်တောင်မှ မင်း ကြာကြာအသက်ရှင်နိုင်တော့မှာမဟုတ်ဘူး"

ရွှီဖန်းသည် ရုတ်ချည်းပင် အဓိပ္ပါယ်ကင်းမဲ့သောစကားတစ်ခုကို ပြောလာသည်။ အဖိုးအို၏မျက်နှာအမူအရာကတော့ လုံးဝမပြောင်းလဲသွားပေ။

သို့သော် လျိုယွမ်ချန်နှင့် သူ့အဘိုး၏ မျက်နှာအမူအရာကတော့ သိသိသာသာ ပြောင်းလဲသွားသည်။

"အဘိုး၊ သူ..."

လျိုယွမ်ချန်က ရွှီဖန်းအား အံ့အားသင့်နေသော အမူအရာဖြင့် လက်ညှိုးထိုးပြနေသည်။ လျိုယွမ်

ချန်၏အဘိုးသည်လည်း ထိုအချိန်၌ မယုံကြည်

နိုင်သောမျက်နှာအမူအရာဖြင့် ရှိနေသည်။ 

"မဖြစ်နိုင်ဘူး အခုအချိန်မှာ မွမ်းမံခြင်းစွမ်းရည်ကို နားလည်တဲ့တစ်ဦးတည်းသောလူက ငါတို့လျိုမိသားစုပဲ"

အဘိုးဖြစ်သူသည် ရွှီဖန်း၏ မျက်နှာအမူအရာမှတဆင့် ချို့ယွင်းချက်တချို့ကို ရှာတွေ့ရန် ကြိုးစားသည့်အလား ရွှီဖန်းကို စူးစိုက်ကြည့်နေသည်။

"ကြီးမြတ်သောနတ်ဆိုးဘုရင် သူ့ကို ငါ့အတွက် သတ်လိုက်စမ်း!"

အချိန်အတော်ကြာ ရွှီဖန်းကို လေ့လာကြည့်ရှုပြီးနောက် လျိုယွမ်ချန်၏အဘိုးသည် အဖိုးအိုအား ဒေါသတကြီး အော်ဟစ်လေသည်။

ကြီးမြတ်သောနတ်ဆိုးဘုရင်သည် ထိုစကားကို ကြားသောအခါ ရုတ်တရက် ခေါင်းမော့၍ ရွှီဖန်းကို စူးစိုက်ကြည့်လာသည်။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်လှိုင်းများပေါက်ထွက်လာပြီး သွေးဆာကာရူးသွပ်နေသော သားရဲတစ်ကောင်မှ သူ့သားကောင်ကို စူးစိုက်ကြည့်နေသည့်အလား ရွှီဖန်းကို ကြည့်လာခြင်းပင်။

တစ်ချိန်တည်းမှာပင် သူ၏ဘယ်ဘက်လက်က ခါးပေါ်မှ ဓားတိုတစ်ချောင်းကို ယူထုတ်၍ ရွှီဖန်းဆီသို့ တည့်တည့်ဝင်လာလေသည်။

ကြီးမြတ်သောနတ်ဆိုးဘုရင်သည် လျှပ်စီးကဲ့သို့ မြန်ဆန်သော သူ၏ဘယ်ဘက်လက်အား ဆန့်တန်းကာ ဓားမြှောင်ကို လက်ဖဝါးဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ သူ့မျက်လုံးများသည် လင်းယုန်တစ်ကောင်မှ သားကောင်ကို ရှာဖွေနေသကဲ့သို့ ရွှီဖန်းအား တည့်တည့်စိုက်ကြည့်နေသည်။

"မင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်၊ မင်းမှာ အသိစိတ်လေး နည်းနည်းကျန်နေတယ်ဆိုတာကို ငါသိတယ်၊ ဒါပေမဲ့ မင်းသာ ငါ့ရန်သူဖြစ်ဖို့ ရွေးချယ်မယ်ဆိုရင် မင်း တကယ်ကို ရှင်သန်ဖို့ အခွင့်အရေး လုံးဝမရှိတော့ဘူး"

ရွှီဖန်းသည် အဖိုးအိုအား တည်ကြည်သောအမူအရာဖြင့် ကြည့်လိုက်သည်။ သူ၏စကားများကသတိပေးချက်တစ်ခုကဲ့သို့ပင်။ သို့သော် အဖိုးအိုကတော့ ရွှီဖန်းအား သူ၏လုပ်ဆောင်ချက်များဖြင့် ရှင်းရှင်းလင်းလင်း ပြန်ဖြေခဲ့သည်။ 

ကြီးမြတ်သောနတ်ဆိုးဘုရင်သည် တစ္ဆေတစ်

ကောင်ကဲ့သို့ ထိုးထွက်လာပြီး သူ့လက်ထဲရှိဓားတိုကလည်း အေးစက်သောအလင်းရောင်ဖြင့် လင်းလက်

နေသည်။ သူ အရှေ့သို့ ပြေးထွက်လာပြီး နောက်ကွယ်ပုံရိပ်များစွာကို ချန်ရစ်ခဲ့ကာ ဓားဖြင့် ရွှီဖန်း၏နှလုံးသားကို ထိုးစိုက်လာခဲ့သည်။

ရွှီဖန်း နှုတ်ခမ်းကိုမဲ့၍ မထီမဲ့မြင်ပြုစွာ လှောင်ပြောင်လိုက်သည်။ 

"မင်းကို အခွင့်အရေးပေးခဲ့တယ်၊ ဒါပေမဲ့ ဒီလိုနည်းလမ်းနဲ့ မင်းက ဘယ်လောက်အထိများ ဒီအင်အားကို သုံးနိုင်မှာတဲ့လဲ"

ရွှီဖန်းသည် ကြီးမြတ်သောနတ်ဆိုးဘုရင်၏ တိုက်ခိုက်မှုကို အမှတ်တမဲ့ပင် ဘေးသို့လှမ်းကာ ရှောင်တိမ်းလိုက်သည်။ ကြီးမြတ်သောနတ်ဆိုးဘုရင်ကတော့ သူ့လက်ထဲရှိဓားကို ရုတ်တရက် လှည့်လိုက်ပြီး ရွှီဖန်း၏ဝမ်းဗိုက်ကို ထိုးလာသည်။ ဓားက အရိပ်လိုမြန်ဆန်ပြီး ပိတ်ဆို့လို့ မရခဲ့ပေ။ ရွှီဖန်း၏နှလုံးသားက တင်းမာသွားပြီး အဖိုးအို၏မြန်နှုန်းကြောင့် သက်ပြင်းချလိုက်မိသည်။ သို့သော် ရွှီဖန်းသည် သူကိုယ်သူ လိမ်ကွေးကာ လျင်မြန်သောဓားချက်ကို ရှောင်တိမ်းလိုက်သည်။

ဒီတစ်ခါမှာတော့ သူတို့နှစ်ယောက်ဟာ ပြန်ကွဲကွာသွားခဲ့သည်။ သူတို့၏အင်အားချင်းက ညီနေလေသည်။

ကြီးမြတ်သောနတ်ဆိုးဘုရင်သည် သူတို့ ထုတ်လုပ်နိုင်သည့် အမြင့်ဆုံးအင်အားအဆင့် ဖြစ်နေလေပြီ။ ယခုမူ သူက ရွှီဖန်းနှင့် တိုက်ပွဲကို အဆုံးသတ်နိုင်ရန် တန့်နေခဲ့သည်။ ကြီးမြတ်သောနတ်ဆိုးဘုရင် ရှုံးသွားသည်အထိ သူတို့ စောင့်နေပါက ရွှီဖန်းသည် လျိုယွမ်ချန်အား ဤခရီး၌ လွှတ်ပေးရန် စိတ်ကူးရှိတော့မည်မဟုတ်ပေ။

ထိုအကြောင်းကို တွေးမိသောအခါ လျိုယွမ်ချန်သည် မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။ သူ အဘိုးဖြစ်သူကိုမော့ကြည့်လိုက်ပြီးနောက် အဝေးထိန်းခလုတ်တစ်ခုကို လျှို့ဝှက်စွာဆုပ်ကိုင်ပြီး သူ့အိတ်ကပ်ထဲ ထည့်

လိုက်သည်။

ထို့နောက် ရွှီဖန်းနှင့် ကြီးမြတ်သောနတ်ဆိုးဘုရင်သည် ထပ်မံတိုက်ခိုက်ကြပြန်သည်။ ကြီးမြတ်သောနတ်ဆိုးဘုရင်၏ပထမတိုက်ကွက်ကို ရွှီဖန်း ရှောင်တိမ်းလိုက်ပြီးနောက် ကြီးမြတ်သောနတ်ဆိုးဘုရင်၏ပုံစံသည် ရုတ်တရက်ပြောင်းလဲသွားကာ မူလက အောက်မှလာနေသော ဓားတိုသည် ရွှီဖန်း၏ လည်ပင်းအား ချက်ချင်းဖြတ်ခုတ်လေသည်။ ဓားမှ ထွက်ပေါ်လာသော လေပါးပါးကြောင့် ရွှီဖန်း၏ ဆံပင်များ ထောင်မတ်သွားခဲ့သည်။

" 'မွမ်းမံခြင်း'ရဲ့ထုတ်ကုန်ဆိုတဲ့အတိုင်းပဲ!" 

ရွှီဖန်းသည် ကြီးမြတ်သောနတ်ဆိုးဘုရင်နှင့် အပြန်အလှန် တိုက်ခိုက်နေရင်း ထိုလူ၏အင်အားကြောင့် တိတ်တိတ်လေး သက်ပြင်းချနေမိသည်။ လက်ရှိတွင် ရွှီဖန်းသည် ကမ္ဘာမြေအဆင့်မှ 

ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သူ့ကိုယ်တိုင်ကလည်း ကမ္ဘာကို လွှမ်းမိုးနိုင်လိမ့်မည်ဟု အစက ထင်ထားခဲ့သည်။

သို့သော်ငြားလည်း ရွှီဖန်း၏မျက်နှာအမူအရာတွင် ထိတ်လန့်ခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်း အရိပ်အယောင်များ မရှိခဲ့ပေ။ အကြောင်းမှာ ရွှီဖန်း တွင် အသုံးမပြုရသေးသော လျှို့ဝှက်ချက်များစွာ ရှိနေသောကြောင့်ဖြစ်သည်။

တစ်ဖက်၌ ရွှီဖန်းနှင့် ကြီးမြတ်သောဘုရင်တို့ တိုက်ခိုက်နေကြစဉ် ပိုင်ယွီကလည်း လင်းရှောင်ရှောင်း ကို ကြိုးဖြေပေးခဲ့သည်။

"သူ့ကို နင်သိလို့လား"

လင်းရှောင်ရှောင်းသည် ပိုင်ယွီအား နားမလည်သော အမူအရာဖြင့် ကြည့်လိုက်မိသည်။ ဒီနေရာမှာ ရွှီဖန်း၏ အသိနှင့် ထိပ်တိုက်တွေ့ဆုံရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

"သိတယ်"

ပိုင်ယွီကမူ ရွှီဖန်း၏လှုပ်ရှားမှုကို အာရုံစိုက်နေခဲ့သည်။ သူမသည် လင်းရှောင်ရှောင်း၏ စကားကိုခေါင်းညိတ်ပြရုံသာ လုပ်ခဲ့သည်။

ပိုင်ယွီ၏မျက်နှာအမူအရာကို မြင်တော့ လင်းရှောင်ရှောင်းမှာ အံ့အားသင့်သွားပြီး ခေါင်းခါယမ်းလိုက်မိသည်။ ရွှီဖန်းကို စွဲလမ်းနေသည့် နောက်ထပ်

အမျိုးသမီးတစ်ယောက်ဆိုတာကို သူမ နားလည်

လိုက်သည်။

"ကြီးမြတ်သောနတ်ဆိုးဘုရင်က ဒီနေ့ ဘာဖြစ်နေတာလဲ...သူ ဗိုက်မပြည့်ထားဘူးလား"

ဒုတိယထပ်ရှိ ဝန်ထမ်းများသည် ရွှီဖန်းက ကြီးမြတ်သောနတ်ဆိုးဘုရင်ကြောင့် အချိန်ကြာသည်အထိ ဒဏ်ရာမရသေးတာကြောင့် အံ့သြနေကြသည်။

သက်လတ်ပိုင်းအရွယ်အမျိုးသားကတော့ ရွှီဖန်းကို စူးစိုက်ကြည့်နေသည်။ သူ့မျက်နှာအမူအရာက တောင့်တင်းနေသော်လည်း မျက်လုံးထဲရှိအလင်းရောင်များကိုတော့ မဖုံးကွယ်ထားနိုင်ခဲ့ပေ။

"ဒါက ပြီးပြည့်စုံတဲ့လူပဲ" 

သူက တီးတိုးရေရွတ်နေ၏။ 

ထိုသို့ပြောရင်း သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ရုတ်တရက်ပင် တစ်ဖက်ကိုလှည့်ကာ ဘေးနားက တံခါးတစ်ခုကို ဖွင့်လိုက်လေသည်။ သူ ပြန်ပေါ်လာသည့်အချိန် လျိုယွမ်ချန်နှင့် သူ့အဘိုးတို့ရုံးခန်းကို ရောက်နေလေပြီ။

"ကြီးမြတ်သောနတ်ဆိုးဘုရင်ကို ချက်ချင်း ရုပ်သိမ်းဖို့ ကျွန်တော် အကြံပြုပါတယ်"

သက်လတ်ပိုင်းအရွယ်အမျိုးသားသည် လျိုယွမ်ချန် ကို ကြည့်၍ ဦးညွတ်ကာ ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ"

လျိုယွမ်ချန်လည်း ထိုလူ၏စကားကို ကြားသောအခါ အံ့အားသင့်သွားရသည်။

"ဒီရွှီဖန်းက ကျွန်တော် မြင်ဖူးသမျှထဲမှာ အသန်မာဆုံး လူပဲ၊ သူ့ကို စမ်းသပ်ခံပစ္စည်းအဖြစ် အသုံးပြုမယ်ဆိုရင် ကြီးမြတ်သောနတ်ဆိုးဘုရင်ထက် ပိုပြီး အစွမ်းထက်တဲ့သတ်ဖြတ်ရေးကိရိယာတစ်ခုကို ဖန်တီးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်၊ ဒါသာအောင်မြင်ခဲ့ရင် ပေကျင်းက လက်ရှိအခြေအနေနဲ့ကျွန်တော်တို့လျိုမိသားစုက ကျန်တဲ့ထိပ်တန်းမိသားစုကြီးသုံးခုကို အလွယ်တကူ ထိန်းချုပ်နိုင်မှာပဲ"

သက်လတ်ပိုင်းအရွယ်အမျိုးသားသည် သူ စိတ်ကူးထားသလို ပြီးပြည့်စုံသည့် ရလဒ်အား မြင်နေရသကဲ့သို့ သူ့မျက်နှာပေါ်ရှိ အပြုံးက ပို၍ကြီးမားလာသည်။

"ဟုတ်ပြီလေ"

သက်လတ်ပိုင်းအရွယ်အမျိုးသား၏ အကြံပြုချက်ကို ကြားသောအခါ လျိုယွမ်ချန်၏ အဘိုးလည်း သက်ပြင်းချ၍ ခဏတာမျှ စဉ်းစားလေသည်။ 

"မင်း ပြောတာမှန်တယ်၊ ဒါပေမဲ့ ဒီရွှီဖန်း က ထိန်းချုပ်ဖို့ မလွယ်ဘူးထင်တယ်၊ သူ့ကို မနိုင်ရင် ဘယ်လို ထိန်းချုပ်ရမှာလဲ"

လျိုယွမ်ချန်၏အဘိုးသည် သက်လတ်ပိုင်းအရွယ်

အမျိုးသားအား ကြည့်ကာ အဓိကပြဿနာကို ပြောလိုက်သည်။

"အဲ့ဒါက လွယ်ပါတယ်"

သို့သော် သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ထိုမေးခွန်းကို လုံးဝဂရုမစိုက်ဟန်ဖြင့် ယုံကြည်မှုရှိစွာ ပြုံးနေလေသည်။

"ဘာလုပ်ရမှာလဲ"

လျိုယွမ်ချန်၏ အဘိုးသည် သက်လတ်ပိုင်းအရွယ်

အမျိုးသား၏မျက်နှာအမူအရာကို မြင်သောအခါ ပို၍ပင် သိချင်လာခဲ့သည်။

"ဟိုဘက်ကို ကြည့်လိုက်ပါ"

သက်လတ်ပိုင်းအရွယ်အမျိုးသားသည် တစ်ဖက်ကိုလှည့်၍ ပိုင်ယွီနှင့်လင်းရှောင်ရှောင်းတို့ကို လက်ညှိုးထိုးပြသည်။ 

"ရွှီဖန်းကို ထိန်းချုပ်လို့မရပေမယ့် သူတို့ကို ထိန်းချုပ်လို့ရတယ်"

"ဒါက..."

လျိုယွမ်ချန်၏အဘိုးသည် ထိုစကားကို ကြားသောအခါ မျက်လုံးများ မှေးကျဥ်းသွားခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူတို့နှစ်ဦး တစ်

ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။

"လုပ်လိုက်!"

"ဟုတ်ကဲ့!"

သက်လတ်ပိုင်းအရွယ်အမျိုးသားက လှည့်ထွက်သွားခဲ့သည်။

ထိုအချိန် ကြီးမြတ်သောနတ်ဆိုးဘုရင်ကတော့ ပင်ပန်းနွမ်းနယ်ခြင်းကို မသိသလိုမျိုး ရွှီဖန်းကို ဆက်လက်တိုက်ခိုက်နေပြီး ရွှီဖန်းကလည်း ကြီးမြတ်သောနတ်ဆိုး၏ဘုရင်၏ တိုက်ခိုက်မှုကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့သည်။ 

ရွှီဖန်းသည် သူ့စွမ်းအား တိုးတက်လာပြီးကတည်းက ကြီးမြတ်သောနတ်ဆိုးဘုရင်၏ ခွန်အားကို သိနားလည်အောင် အရင်လုပ်ချင်ခဲ့ပြီး ထို့နောက်မှသာ ကြီးမြတ်သောနတ်ဆိုးဘုရင်ကို အဆုံးသတ်ချင်ခဲ့သည်။

ပိုင်ယွီနှင့် လင်းရှောင်ရှောင်းတို့ ရွှီဖန်း၏တိုက်ပွဲကို အာရုံစိုက်ပြီးကြည့်နေတုန်းမှာ ရုတ်တရက်ပင် သူတို့လက်မောင်းထက်၌ ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရသည်။ သူတို့ လှည့်ကြည့်လိုက်သည့်အခါ လင်းရှောင်ရှောင်းနှင့် ပိုင်ယွီ၏ လက်မောင်းထဲကို ဆေးထိုးအပ်တစ်ချောင်း ထိုးသွင်းထားသည်ကို တွေ့လိုက်ရသည်။

ထို့နောက်မှာတော့ သူတို့နှစ်ယောက်စလုံး လဲကျသွားခဲ့သည်။ သူတို့ကို သက်လတ်ပိုင်းအရွယ်အမျိုးသားနှင့်လူအိုကြီးစွန်းတို့က အသံမထွက်စေဘဲ ဖမ်းထားခဲ့ကြသည်။

လင်းရှောင်ရှောင်းနှင့် ပိုင်ယွီတို့ကို ခန်းမထဲကနေ ခေါ်ထုတ်သွားစဥ်မှာ သက်လတ်ပိုင်းအရွယ်

အမျိုးသားသည် သူ့လက်ထဲရှိ အဝေးထိန်းခလုတ်ကို ရုတ်တရက် နှိပ်ချလိုက်သည်။

ချက်ချင်းဆိုသလိုပင် ကြီးမြတ်သောနတ်ဆိုးဘုရင်

သည် နံရံကနေ ပွင့်ဟလာသည့် ဥမင်လိုဏ်ခေါင်းတစ်ခုထဲသို့ ပြေးဝင်သွားခဲ့သည်။

ရွှီဖန်းလည်း ရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး အံ့အားသင့်သွားသည်။ သူတို့ လက်လျှော့လိုက်တာများလား။

ရွှီဖန်း သူ့ခေါင်းကိုလှည့်ကာ လျိုယွမ်ချန်နှင့် သူ့အဘိုးအား နားမလည်နိုင်သောမျက်နှာအမူအရာဖြင့် ကြည့်လိုက်မိသည်။

သို့သော် လျိုယွမ်ချန်ကမူ ရွှီဖန်းအား ဒုတိယထပ်ကို ကြည့်ရန် ညွှန်ပြလေသည်။ ရွှီဖန်း မျက်မှောင်ကြုတ်ကာ မော့ကြည့်လိုက်သည်။ ဒုတိယထပ်ရှိ သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ရွှီဖန်း၏လက်ထဲသို့အရောက် ဆေးထိုးအပ်တစ်ချောင်းကို  ပစ်ချပေးလာသည်။ ဆေးထိုးအပ်ထဲရှိ အရည်မှာအရောင်မရှိ အနံ့မရှိပေ။

"ထိုးလိုက်"

ထိုအချိန်၌ လျိုယွမ်ချန်အဘိုး၏အသံက အသံလွှင့်

စက်ကနေ ထွက်ပေါ်လာသည်။ ရွှီဖန်းသည် ထိုစကားကို ကြားသောအခါ လျိုယွမ်ချန်နှင့် သူ့အဘိုးအား အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ 

"ခင်ဗျားတို့ နေရောကောင်းရဲ့လား...ကျုပ်ကို ထိုးခိုင်းတိုင်း ထိုးရအောင်"

သို့သော် လျိုယွမ်ချန်တို့မြေးအဘိုး၏ အပြုံးများက ရွှီဖန်း၏နှလုံးသားကို တင်းကျပ်သွားစေခဲ့သည်။ ထို့နောက် သူ အလျင်အမြန်ပင် နောက်လှည့်ကြည့်

လိုက်သည်။ တကယ်ကိုပင် လင်းရှောင်ရှောင်းနှင့် ပိုင်ယွီမှာ ပျောက်ကွယ်သွားလေပြီ။

"ရှာစရာမလိုဘူး...မင်း ဒီအရည်ကိုမထိုးရင် ဒါမှမဟုတ် ဟိုဟိုဒီဒီလျှောက်သွားနေမယ်ဆိုရင် သူတို့ရဲ့ တစ်စုံတစ်ခုခုကို ငါ ဖြတ်ပစ်လိုက်မယ်"

ချက်ချင်းဆိုသလိုပင် လျိုယွမ်ချန်အဘိုး၏အသံက အသံလွှင့်စက်ကနေ ထွက်ပေါ်လာပြီး ပြင်းထန်သောခြိမ်းခြောက်မှုပါ ပါဝင်နေသည်။

နောက်ဆုံးတော့ အခြေအနေမကောင်းတော့ဘူးဟု ရွှီဖန်း ခံစားလိုက်ရသည်။ သူ မျက်မှောင်ကြုတ်ကာ သူ့လက်ထဲက အရောင်အနံ့မရှိ၊ အရသာမရှိသောအရည်ကို ကြည့်လိုက်သည်။ သူ့လက်ချောင်းနှင့် ဖိကြည့်လိုက်တော့ အရည်အနည်းငယ်စီးကျလာပြီး ရွှီဖန်း၏ လက်ချောင်းပေါ်သို့ ကျသွားသည်။

သူ့လက်ချောင်းကို နှာခေါင်းနားထား၍ ရွှီဖန်း ရှူကြည့်လိုက်သည်။ ခဏအကြာတွင် သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

************************

All Chapters