← Chapters

လင်းရှောင်ရှောင်း အဆိပ်မိပြီ

Vol. 23 Ch. 336

လင်းရှောင်ရှောင်း အဆိပ်မိပြီ

Vol. 23 Ch. 336

ဆေးထိုးအပ်အား လက်မောင်းထဲသို့ ထိုးသွင်းလိုက်ပြီးနောက် အရောင်အနံ့မရှိသောအရည်သည် ရွှီဖန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ 

ချက်ချင်းဆိုသလိုပင် ရွှီဖန်း၏တစ်ကိုယ်လုံး ကျုံ့သွားကာ မျက်လုံးများက လည်သွားသလို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် ရွှီဖန်းသည် သတိလစ်မေ့မြောကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ရွှီဖန်းနိုးလာသောအခါ ဂူတစ်ခုထဲတွင် ရောက်နေလေသည်။ ဂူဝတွင် မီးလုံးကြီးတစ်လုံး ချိတ်ဆွဲထားပြီး နေရာတစ်ခုလုံးမှာ နေ့ခင်းအလား တောက်ပနေလေသည်။ ဒါကြောင့် ရွှီဖန်းမှာ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ရွှီဖန်း၏ဘေးတွင် လူအတော်များများ လဲလျောင်းနေကြသည်။ သူတို့၏ငိုယိုသံများနှင့် အော်ဟစ်သံများက အဆုံးမရှိ ထွက်ပေါ်နေသည်။ ဤနေရာသည် ငရဲဘုံသာ ဖြစ်၏။

ရွှီဖန်း ထရပ်ချင်သော်လည်း ခေါင်းက အနည်းငယ်မူးနောက်နေသည်။ သူ ဆေးတစ်မျိုး ထိုးသွင်းခံထားရတာဖြစ်ပြီး တော်တော်များများ ထိုးသွင်းခံထားရကြောင်း သူ သိလိုက်သည်။

"ဒီလူတွေကို သူတို့က ဒီလိုပဲ ထိန်းချုပ်ထားကြတာလား"

ထိုအရည်ကို သူ့ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းခဲ့ခြင်းမှာ လင်းရှောင်ရှောင်းနှင့် ပိုင်ယွီကြောင့်ဖြစ်သည်။ ဆေးပမာဏအရ ရွှီဖန်းသည် ခုနစ်ရက်ကြာ မေ့မြောနေခဲ့ပြီး ဤခုနစ်ရက်အတွင်းမှာလည်း သူ ဆေးရည်များစွာကို လက်ခံခဲ့ရခြင်း ဖြစ်နိုင်သည်။

ထိုအကြောင်းကိုတွေးမိတော့ ရွှီဖန်း လှောင်ပြောင်

လိုက်မိသည်။ သူ့ကို ဆေးများဖြင့် ထိန်းချုပ်ခြင်းက အိပ်မက်မက်နေခြင်းပင်။

ရွှီဖန်း လက်ဆန့်ထုတ်လိုက်သည့်အခါ ကျောက်စိမ်းဖြူဆေးတစ်ပုလင်းက သူ့လက်ဖဝါးပေါ်၌ တင်

နေသည်ကို တွေ့လိုက်ရသည်။ ဆေးပုလင်းအဖုံးကို ဖွင့်လိုက်ပါက ချိုမြိန်သောအနံ့တစ်မျိုး ပျံ့လွင့်လာလေသည်။ အနံ့နှင့်တင် သူ့နှလုံးသားအား ပုရွက်

စိတ်အုံများ တတိတိကိုက်ခဲနေသကဲ့သို့ ခံစားခဲ့ရသည်။ ထိုအရာကြောင့် ရွှီဖန်းသည် ဆေးပုလင်းထဲမှ အမှုန့်များကို သူ့ပါးစပ်ထဲသို့ ချက်ချင်း သွန်ထည့်

လိုက်သည်။ သူ ခြေချိတ်ထိုင်လိုက်သည်နှင့် ရွှီဖန်း သည် ကြီးမားသောညှဉ်းပန်းနှိပ်စက်မှုတစ်မျိုးကို ခံစားလိုက်ရသည်။

ဆယ့်ငါးမိနစ်ကြာပြီးနောက် ရွှီဖန်း၏တစ်ကိုယ်လုံးမှာ ချွေးစေးများဖြင့် ရွှဲနစ်နေခဲ့သည်။ သို့သော် သူ၏ နာကျင်နေသောမျက်နှာအမူအရာကတော့ များစွာလျော့နည်းသွားခဲ့သည်။ ရွှီဖန်းသည် များစွာစိတ်အေးသွားသကဲ့သို့ သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။ ထို့နောက် ရွှီဖန်း ထရပ်လိုက်သည်။

ဂူတစ်ခုလုံးကို ရှာဖွေပြီးနောက်မှာ ထောင့်တစ်နေရာတွင် ရှိနေသောလင်းရှောင်ရှောင်းကို တွေ့လိုက်ရသည်။ သူမက မြေပြင်ပေါ်၌ ကွေးကွေးလေးရှိနေပြီး သွေးများဖြင့် ပေကျံနေသည်။ သူမ၏လက်များ

နှင့်ခြေထောက်များကို ကြိုးဖြင့် တင်းကြပ်စွာ ချည်နှောင်ထားပြီး သူမခန္ဓာကိုယ်မှာ ရံဖန်ရံခါ တုန်ယင်နေလေသည်။ ရွှီဖန်း သူမကို နှစ်ကြိမ်တိုင်

တိုင် ခေါ်ကြည့်သော်လည်း သူမက မတုံ့ပြန်ခဲ့ပေ။ သူမ၏ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ယင်နေဆဲဖြစ်ပြီး သူမ၏ပါးစပ်ထောင့်ကနေ အမြှုပ်များဆက်တိုက် ထွက်နေသည်။ အလွန်ထူးဆန်းလှ၏။

ရွှီဖန်းလည်း သူမ၏နဖူးကို ထိကြည့်ရန် ကုန်းလိုက်သောအခါ သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ သူ ချက်ချင်းပင် လင်းရှောင်ရှောင်း၏ပါးစပ်ကို ဖွင့်ကြည့်လိုက်သည်။ သူမ၏လျှာမှာ မဲနက်နေပြီး လည်ချောင်း၌ အမှုန့်တချို့ပင် ကျန်နေသေး၏။ 

သူ မှန်းဆခဲ့တာမှန်ပေ၏။ သူမအား ဆေးများစွာကို အတင်းအကြပ် တိုက်ကျွေးခဲ့ခြင်းဖြစ်သည်။ ထိုအရာကိုမြင်သောအခါ ရွှီဖန်း၏မျက်နှာတစ်ခုလုံးက ရေခဲကဲ့သို့ အေးစက်သွားခဲ့သည်။ လျိုယွမ်ချန်နှင့် အခြားသူများသည် ရက်စက်ကြမ်းကြုတ်ကြပြီး လင်းရှောင်ရှောင်းကိုပင် ဤဆိုးရွားသောအခြေအနေအထိ ရောက်အောင်ဒဏ်ရာပေးခဲ့ကြသည်။ သူတို့က သူမအား ဤဆေးများကို တိုက်ကျွေးခဲ့ကြသည်။ ဤအရာများက အသက်အန္တရာယ်ရှိသည်ကို သိထားရပေမည်။ 

ထို့အပြင် ထိုဆေးအာနိသင်များကို ထိန်းချုပ်နိုင်

သည့်ဆေးပုလင်းမှာ သူ့ထံ၌ ခုနကသောက်ခဲ့သော တစ်ပုလင်းသာ ရှိပေသည်။ ရွှီဖန်းသည် လင်းရှောင်ရှောင်း၏လက်ရှိအခြေအနေကို ချက်ချင်း ကုသနိုင်ခြင်းမရှိနေပေ။

"ရှောင်ရှောင်း ရှောင်ရှောင်း!" 

ရွှီဖန်းမှ အသံတိုးတိုးဖြင့် ခေါ်လိုက်သော်လည်း လင်းရှောင်ရှောင်းမှာ တုံ့ပြန်ခြင်းမရှိသေးပေ။ သူမသည် ဖြည်းဖြည်းချင်း သတိလစ်သွားတော့မည်ဖြစ်သည်။

သူ စိုးရိမ်ပူပန်နေမိသည်။ လင်းရှောင်ရှောင်း၏ 

အခြေအနေမှာ အန္တရာယ်ရှိနေပြီဖြစ်သည်။ အခုချက်ချင်း ဆေးရုံသို့ပို့ဆောင်လျှင်ပင် ကုသရန် နောက်ကျလိမ့်မည်ဖြစ်သည်။ လင်းရှောင်ရှောင်းအား ဆေးဘယ်လောက်များများ ကျွေးခဲ့သည်ကို သူ မသိပေ။ ရွှီဖန်း၏မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်များ လျှံထွက်လာပြီး ပတ်ဝန်းကျင်အား ခဲစေလုမတတ်ပင်။

လင်းရှောင်ရှောင်းကို စူးစိုက်ကြည့်ရင်း သူ အံကြိတ်ကာ သူမအား မြေပြင်ပေါ်သို့ ပက်လက်

လှန်ချလိုက်သည်။ ထို့နောက် သူမ၏ရင်ဘတ်နှင့် လည်ချောင်းရှိ အပ်စိုက်မှတ်နှစ်ခုကို ဖိလိုက်သည်။ ဤသည်မှာ မှတ်တမ်းတင်ထားသော အဆိပ်ထုတ်နည်းလမ်းတစ်ခု ဖြစ်ပြီး အပ်စိုက်မှတ်များကိုဖွင့်ရန်အတွက် အတွင်းအားရှိမှသာ ရလေသည်။ သို့သော်ငြား လင်းရှောင်ရှောင်းကဲ့သို့ သာမန်လူတစ်ဦးအတွက် ဤကဲ့သို့ဖြေရှင်းနည်းမှာ အလွန်အန္တရာယ်များလှသည်။

သို့သော် လင်းရှောင်ရှောင်းကလည်း အန္တရာယ်ကျရောက်နေသဖြင့် ရွှီဖန်း၌လည်း စမ်းကြည့်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။

အပ်စိုက်မှတ်နှစ်ခုကို ခဏတာမျှ ဖိပြီးနောက် လင်းရှောင်ရှောင်း၏ခန္ဓာကိုယ်မှာ ပို၍ပင် တုန်ခါလာခဲ့သည်။ သူ အမှားတစ်ခုခုလုပ်မိပြီလားဟု တွေးတောနေစဉ်မှာ လင်းရှောင်ရှောင်းက ရုတ်တရက် အော့အန်လာသည်။ သူမ၏ပုံစံမှာ အစာအိမ်တစ်ခုလုံးအား အန်ထုတ်တော့မည့်ပုံပင်။ အချိန်အတော်ကြာသည်အထိ အော့အန်ခြင်းကို မရပ်တန့်ခဲ့ပေ။

လင်းရှောင်ရှောင်း၏တုံ့ပြန်မှုကို မြင်သောအခါ ရွှီဖန်း သက်ပြင်းချလိုက်သည်။ ဤသည်မှာ အဆိပ်ထုတ်

ခြင်းလုပ်ငန်းစဉ်တစ်ခု ဖြစ်၏။ ဒါဆိုလျှင် သူမ၏ အသက်ကို ကယ်တင်နိုင်လောက်သည်။ သို့သော် ဆေးများကြောင့် သူမ၏ခန္ဓာကိုယ် ထိခိုက်မှုကလည်း မနည်းလှပေ။ အနည်းဆုံးတော့ ဆေးရုံ၌ အချိန်

အတန်ကြာ အနားယူရန် လိုအပ်လိမ့်မည်။

"ဘယ်သူလဲ"

လင်းရှောင်ရှောင်း၏အော့အန်သံက အပြင်မှလူများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ထို့နောက် အမျိုးသားနှစ်ဦးက ဝင်လာပြီး ရွှီဖန်းကို ကြည့်လာသည်။

"မင်း အသက်ရှင်နေသေးတယ်လား၊ တစ်ကယ်ကို အသန်မာဆုံးလူဆိုတဲ့အတိုင်းပဲ"

"ဘာတွေပြောနေတာလဲ...သူ့ကို မိသားစုခေါင်းဆောင်ဆီ ခေါ်သွား၊ အခုဆို သူက အမှိုက်သာသာပဲ"

နောက်ထပ်အမျိုးသားတစ်ဦးက မောက်မာစွာ လမ်းလျှောက်လာပြီး ရွှီဖန်းကို လက်ညှိုးထိုးကာ...

"မင်းက အရမ်းတော်တယ်ဟုတ်လား...နောက်တစ်

ခေါက် ထပ်ကြိုးစားကြည့်ဦးပေါ့၊ ဒါနဲ့ ဆေးတွေက မကောင်းဘူးမလား...ဟားဟားဟား ငါ့ကိုယ်တိုင် မင်းကို ထိုးခဲ့တာလေ!"

ရွှီဖန်း၏မျက်လုံးများက အေးစက်နေပြီး လင်းရှောင်ရှောင်းကို ထူကာ ထွက်လာခဲ့သည်။

"ဟေး ရပ်စမ်း!"

အမျိုးသားတစ်ဦးက စူးစိုက်ကြည့်၍ ပြောလာသည်။

"မင်းကို မိသားစုခေါင်းဆောင်ဆီ သွားတွေ့ဖို့ ပြောခဲ့တာ...သူမကိုခေါ်သွားဖို့ ငါ မပြောခဲ့ဘူး"

ထိုအမျိုးသားက ပြောနေရင်း ရွှီဖန်း၏ပခုံးကို လှမ်းဆွဲလာသည်။ သို့သော် ရွှီဖန်းကို မဖမ်းမိဘဲ သူ့အရှေ့၌ အရိပ်တစ်ခု ဖြတ်ပြေးသွားသည်ကိုသာ တွေ့လိုက်ရပြီး ထိုအမျိုးသားသည် ချက်ချင်းပင် မျက်နှာကိုအုပ်ကာ မြေပြင်ပေါ်လဲကျသွားခဲ့သည်။

"မင်း..." 

တခြားအမျိုးသားတစ်ဦးသည် အစက တုန်လှုပ်သွားသော်လည်း အခြေအနေကို သူ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။ သူလည်း ရွှီဖန်းဆီသို့ လက်ဆန့်ထုတ်

လိုက်သည်။

ရွှီဖန်း၏မျက်နှာအမူအရာမှာ အေးစက်နေဆဲဖြစ်သည်။ သူ့လက်ချောင်းနှစ်ချောင်းကိုမြှောက်၍ ထိုအမျိုးသား၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်

သည်။ သူ ဖြည်းညင်းစွာ လှည့်လိုက်သောအခါ ထိုအမျိုးသားသည် ချက်ချင်းပင် နာကျင်မှုကို ခံစားလိုက်ရသည်။

"နာတယ် ကျိုးတော့မယ် မလုပ်ပါနဲ့!!!  အရမ်းနာတယ် အား!!!!"

"ငါ့မေးခွန်းကို ဖြေ၊ မဟုတ်ရင် မင်းလက်ကို ချိုးပစ်လိုက်မယ်!" 

ရွှီဖန်း အေးစက်စွာ ပြောလိုက်သည်။ 

"ဘာလို့ ငါနဲ့တင်မပြီးဘဲ သူမကို ဆေးကျွေးခဲ့တာလဲ"

"ဘယ်သူလဲ"

ရွှီဖန်းသည် သူ့ဘေးနားရှိ လင်းရှောင်ရှောင်းကို တစ်

ချက်ကြည့်လိုက်သည်။ ထိုအမျိုးသားက ကြောင်သွားကာ...

"ဘယ်သူက သူ့ကို ဆေးကျွေးလိုက်လို့လဲ၊ ငါတို့က မင်းကိုပဲ ဆေးထိုးခဲ့တာ"

"မင်း ငါ့ရဲ့သည်းခံနိုင်စွမ်းကို စမ်းသပ်နေတာလား"

ရွှီဖန်းသည် လက်ထဲတွင် အားအနည်းငယ် ထပ်

ထည့်လိုက်သည်။ ထိုအမျိုးသားက ချက်ချင်းပင် မျက်နှာညှိုးငယ်စွာဖြင့် 

"ညီလေး! ကျွန်တော်... ကျွန်တော် ပြောတာ အမှန်တွေပါ...သခင်လေးယွမ်ချန် သူမကို ခေါ်လာကတည်းက ဒီလိုပုံစံပဲ"

"ဘုန်း!" 

ထိုလူ၏စကားဆုံးသည်နှင့် ရွှီဖန်းသည် ထိုလူအား ဘေးနံရံသို့ ပစ်ပေါက်လိုက်သည်။ နံရံထက်၌ နက်ရှိုင်းသော ချိုင့်ခွက်တစ်ခု ဖြစ်သွားခဲ့သည်။

ရွှီဖန်းသည် လင်းရှောင်ရှောင်းကို ကျောပေါ်သို့တင်၍ ဂူဝသို့ လျှောက်ထွက်လာခဲ့သည်။ လက်ရှိအချိန်တွင် အဝင်ဝ၌ တိုက်ခိုက်မှုတစ်ခု ဖြစ်နေပုံရပြီး ဓားသံများ တချွင်ချွင် ထွက်ပေါ်နေခဲ့သည်။

ထိုအသံ၏မူလဇစ်မြစ်ကို မြင်သောအခါ ရွှီဖန်း၏မျက်လုံးများက ဒေါသများဖြင့် ချက်ချင််း လောင်ကျွမ်းလာခဲ့သည်။

ပိုင်ယွီသည် စိတ်ရူးထနေသည့်လူဆယ်ဂဏန်းခန့်နှင့် တိုက်ခိုက်နေလေသည်။ တိုက်ခိုက်မှုဟုဆိုသော်လည်း တိုက်ခိုက်ခြင်းမဟုတ်ဘဲ ခုခံကာကွယ်နေခြင်းသာ ဖြစ်သည်။ ထိုအချိန်၌ ပိုင်ယွီသည် သူမ၏လက်ဖြင့် ခေါင်းကို အုပ်ထားသည်။ လူများစွာ ဝိုင်းရံထားသဖြင့် သူမဘက်မှ ပြန်လည်တိုက်ခိုက်ချင်သော်လည်း မတိုက်ခိုက်နိုင်တော့ပေ။

လူအိုကြီးစွန်းနှင့် ရွှီဖန််း မမြင်ဖူးသေးသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးတို့သည် ဘေးတွင်ရပ်ကာ ပိုင်ယွီ၏အခြေအနေအား ပြုံးလျှက် ကြည့်နေကြသည်။ သူတို့က အမိန့်ပေးခဲ့သူတွေမှန်း သိသာလှသည်။

ရွှီဖန်းသည် အစကတော့ ဒေါသကို ထိန်းချုပ်ထားခဲ့ရသည်။ ထိုအခြေအနေကို မြင်သောအခါ သူ ဆက်ပြီး မထိန်းချုပ်နိုင်တော့ဘဲ အော်လိုက်သည်။ သူ့အော်သံမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှပြီး လူအိုကြီးစွန်းနှင့် သက်လတ်ပိုင်းအရွယ်အမျိုးသားတို့လည်း တုန်လှုပ်သွားကာ လှည့်ကြည့်လာကြသည်။

"ရွှီဖန်း!" 

ပိုင်ယွီလည်း အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ သူမ ရွှီဖန်းကို မြင်လိုက်သောအခါ မသိစိတ်မှအလိုလိုပင် စိတ်သက်သာရာရသွားခဲ့သည်။

လူအိုကြီးစွန်းသည် ရွှီဖန်းအား စူးစိုက်ကြည့်ကာ သူ့နာမည်ကို ခေါ်လာသည်။

"ရွှီဖန်း!"

"သူက ရွှီဖန်းလား"

လူအိုကြီးစွန်း၏ဘေးမှ သက်လတ်ပိုင်းအရွယ်

အမျိုးသားသည် ရွှီဖန်းအား ခေါင်းစခြေဆုံးကြည့်၍...

"ဒါပဲလား...ခေါင်းသုံးခေါင်း၊ လက်ခြောက်လက်ပါတဲ့ လူတစ်ယောက်လို့ ထင်ခဲ့တာ၊ သူ့လိုလူက လျိုမိသားစုနဲ့ တကယ်တိုက်ခိုက်ရဲတယ်လား၊ သူ သေချင်နေတာ မဟုတ်ဘူးလား"

"သခင်လေးလျိုယွမ်ချင်း ခဏပဲ စောင့်ပေးပါ၊ ကျွန်တော် သူ့ကို ဂရုစိုက်လိုက်ပါ့မယ်"

လူအိုကြီးစွန်းသည် လျိုယွမ်ချင်းရှေ့၌ စိတ်အားထက်သန်စွာ ဂုဏ်ပြချင်နေပုံရသည်။ သူ ရွှီဖန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ အော်ပြောလိုက်သည်။

"ရွှီဖန်း မင်း အခု ထလာလို့မရသေးဘူး"

သို့သော် လူအိုကြီးစွန်း၏စကားမဆုံးခင်မှာ ရွှီဖန်းက ရုတ်တရက်ပင် သူ့မျက်နှာကို လက်သီးဖြင့် ထိုးလာကြောင့် သွေးများ ပန်းထွက်လာသည်။ ထို့နောက် လူအုပ်ကြီး၏အကြည့်အောက်မှာတင် သူ ထပ်ထိုးလိုက်သည်။ 

ထိုမြင်ကွင်းက လျိုယွမ်ချင်းကို ကြောက်လန့်သွားစေခဲ့သည်။ သူ အလျင်အမြန်ပင် အော်လိုက်ကာ...

"အားလုံး ဝိုင်းတိုက်ခိုက်ပြီး သူ့ကို သတ်ကြ!"

စမ်းသပ်ခံလူအုပ်တစ်အုပ်သည် လျိုယွမ်

ချင်း၏အမိန့်ကိုနာခံကာ ရွှီဖန်းဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့သည်။ သို့သော် လျိုယွမ်ချင်းကတော့ ခပ်တိတ်တိတ်ပင် ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားလိုက်သည်။ ရွှီဖန်း၏အစောပိုင်းလှုပ်ရှားမှုက သူ့ကို နောက်ဆုတ်ရန် စိတ်ကူးရစေခဲ့သည်။

သို့သော် ရွှီဖန်းသည် သူ့ကို ချဉ်းကပ်လာသော စမ်းသပ်ခံပစ္စည်းများကို ဂရုမစိုက်ပေ။ သူ လျိုယွမ်

ချင်းကိုသာ ကြည့်၍...

"မင်းရဲ့မျိုးရိုးက လျိုလား၊ မင်းက လျိုမိသားစုက လူတစ်ယောက်ပဲပေါ့"

လျိုယွမ်ချင်းသည် ထိုအသံကို ကြားသောအခါ သူ့ခြေလှမ်းများကို ရပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ 

"လျိုမိသားစုနဲ့မင်းကြားမှာ ဘာရန်ငြိုးပဲရှိရှိ ငါ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ မင်း ဒီကိုရောက်လာပြီဆိုမှတော့ ထွက်သွားနိုင်ဖို့က စိတ်ကူးယဉ်နေတာပဲ၊ မင်းက အသန်မာဆုံးလူဆိုပြီး နာမည်ကြီးတာမလို့ ငါတို့ရဲ့ စမ်းသပ်ခံပစ္စည်းဖြစ်ရတာကို ဂုဏ်ယူသင့်တယ်"

ရွှီဖန်း၏အကြည့်က ပြောင်းလဲသွားပြီး လျိုယွမ်ချင်း ကို ကြည့်ကာ ပြောလိုက်သည်။ 

"လျိုမိသားစုနဲ့ငါ့ကြားကရန်ငြိုးလား...မင်းရဲ့မျိုးရိုးက လျိုဆိုတာကို ငါသိလိုက်ရတဲ့အချိန်ကတည်းက မင်းဟာ သေလူဖြစ်သွားပြီ!"

ပုံမှန်အတိုင်းသာဆိုလျှင် ရွှီဖန်းသည် ယခုအချိန်၌ တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးထားသင့်သည်။ သို့သော် ရွှီဖန်းသည် အခုအချိန်၌ အဆိပ်သင့်နေဟန်မရှိပေ။ 

ရွှီဖန်းသာ အဆိပ်မသင့်နေဘူးဆိုလျှင် သူ ထွက်ပြေးလို့မရမှန်း လျိုယွမ်ချင်းသိပေသည်။ ထိုအကြောင်းကို တွေးမိသောအခါ လျိုယွမ်ချင်း၏ခန္ဓာကိုယ်မှာ တုန်ယင်သွားခဲ့ပြီး ရွှီဖန်းအား အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။ 

"လာမလှည့်စားနေနဲ့...မင်းက အသန်မာဆုံးလူအဖြစ် ထိုက်တန်တယ် မထိုက်တန်ဘူးဆိုတာကို  ငါ စမ်းသပ်ပေးမယ်!"

"မင်းက သေတွင်းတူးနေတာပဲ!" 

ရွှီဖန်းသည် လင်းရှောင်ရှောင်းအား ပိုင်ယွီဆီ ပေးလိုက်ကာ ခြေလှမ်းနှစ်လှမ်း၊ သုံးလှမ်းလောက်ဖြင့် လျိုယွမ်ချင်းဆီသို့ ပြေးသွားခဲ့သည်။

လျိုယွမ်ချင်း၏မျက်စိသူငယ်အိမ်မှာ မျက်စိဖြင့် မမြင်နိုင်လောက်သည်အထိ အလွန်မြန်ဆန်စွာ ပြူးကျယ်လာခဲ့သည်။ လက်သီးတစ်လုံးက သူ့မျက်နှာ တည့်တည့်သို့ ရောက်လာခဲ့ပြီဖြစ်သည်။

ထို့နောက် လျိုယွမ်ချင်းသည် မြေပြင်ပေါ်သို့ ပျော့ခွေစွာ လဲကျသွားခဲ့သည်။ ရွှီဖန်း၏ဒေါသက လုံးဝမလျော့သွားခဲ့ပေ။ သူ ဂူပေါက်ဝကို ကြည့်၍ စကားတစ်ခွန်းကို ခပ်တိုးတိုးရေရွတ်လိုက်သည်။

"လျိုမိသားစု"

*********************

All Chapters