← Chapters

စမ်းသပ်ခံနှစ်ဦး

Vol. 23 Ch. 337

စမ်းသပ်ခံနှစ်ဦး

Vol. 23 Ch. 337

လက်ရှိအချိန်၌ ဖန်သားခြားထားသည့် ရုံးခန်းထဲတွင် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးသည် လူနှစ်ယောက်အရှေ့၌ ရိုသေလေးစားစွာ မတ်တပ်ရပ်နေလေသည်။

ထိုလူနှစ်ယောက်မှာ လျိုယွမ်ချန်နှင့် သူ့အဘိုးဖြစ်ပြီး သက်လတ်ပိုင်းအရွယ်အမျိုးသားကတော့ ဆေးဝါးပညာရှင်တစ်ဦးဖြစ်သည်။

"မျိုးနွယ်စုခေါင်းဆောင် ကျွန်တော်တို့တွေ မိသားစုကြီးလေးခုကို နောက်ချန်ထားခဲ့ဖို့ မဝေးတော့ပါဘူး၊ ရွှီဖန်းရဲ့ခွန်အားက ကမ္ဘာမြေအဆင့်အစောပိုင်းကို ရောက်နေပြီ၊ သူ့ကိုသာ စိတ်ဝိညာဉ်မွမ်းမံဆေးကို တိုက်လိုက်ရင် ကမ္ဘာမြေအဆင့်ရဲ့ အဆင့်မြင့်ဆုံး ဒါမှမဟုတ် အထွတ်အထိပ်အဆင့်အထိတောင် ရောက်သွားနိုင်တယ်၊ အဲ့ဒီအခါကျရင် မိသားစုကြီးလေးခုထဲက ဘယ်သူကမှ သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်တော့ဘူး"

ထိုစကားကိုကြားတော့ လျိုယွမ်ချန်၏မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာသည်။

"လျိုမိသားစုကို ပုရွက်ဆိတ်လိုကောင်က ထိပါးရဲခဲ့တာ"

သို့သော် လျိုယွမ်ချန်၏အဘိုးကတော့ မျက်မှောင်ကြုတ်နေခဲ့ပြီး သူ့မျက်လုံးများက တစ်ခုခုကို စဉ်းစားနေပုံရသည်။ 

"ရွှီဖန်းက မင်းထင်သလို မဟုတ်ဘူး၊ မင်းသူ့ကို ထိန်းချုပ်နိုင်ဖို့ ၁၀၀% ယုံကြည်မှုရှိရဲ့လား၊ တစ်ခုခုသာဖြစ်သွားရင် သူ့ရဲ့ခွန်အားက ငါတို့လျိုမိသားစုတစ်ခုလုံးကို မှောက်ခုံလှန်ပစ်ဖို့ လုံလောက်တယ်နော်"

ဆေးဝါးပညာရှင်လည်း ခဏတာမျှ မှင်သက်သွားသည်။ ခေါင်းဆောင်က သူ့ကို ထိုကဲ့သို့ စူးစူးရှရှကြည့်နေတာကြောင့် သူ ခေါင်းငုံ့ကာ ပြောလိုက်

တသည်။ 

"ကျွန်တော်လည်း ၁၀၀% မသေချာပါဘူး၊ ဒါပေမဲ့ သူ့ကို ပြင်းထန်တဲ့ဆေးတွေ ထိုးထားဖို့ လူတစ်ယောက်ကို လွှတ်ထားပြီးပါပြီ၊ သူ့ကို အပြည့်အဝ မထိန်းချုပ်

နိုင်ရင်တောင် သူ့ကို ဒုက္ခပေးလို့တော့ရပါတယ်"

ထိုစကားကိုကြားတော့ လျိုယွမ်ချန်၏အဖိုးမှာ ပို၍မျက်မှောင်ကြုတ်သွားခဲ့ပြီး လေးနက်သောအသံဖြင့် ပြောလာသည်။ 

"တစ်ခုခု မှားယွင်းသွားရင် မင်းပါ စမ်းသပ်ခံပစ္စည်း ဖြစ်ရလိမ့်မယ်!"

ဆေးဝါးပညာရှင်၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့ပြီး အလျင်အမြန်ပင် ခါးညွတ်အရိုအသေပြုကာ....

"မျိုးနွယ်စုခေါင်းဆောင် စိတ်ချပါ၊ လက်ရှိကြီးမြတ်သောနတ်ဆိုးဘုရင်ရဲ့အဆင့်ထက် သာလွန်တဲ့ စမ်းသပ်ခံမဟာဘုရင်နှစ်ယောက်ကို ကျွန်တော် အောင်မြင်စွာ ဖန်တီးထားပြီးပါပြီ၊ သူတို့က ရွှီဖန်းကို သေချာပေါက် နှိမ်နင်းနိုင်လိမ့်မယ်"

ထိုအချိန်၌ ရွှီဖန်းကမူ ဂူပေါက်ဝကနေ ထွက်လာခဲ့ပြီး လင်းရှောင်ရှောင်းကိုတော့ ပိုင်ယွီက ကူတွဲထားပေးလေသည်။ ယခု လင်းရှောင်ရှောင်းလည်း သတိရနေလေပြီ။ ကောင်မလေးနှစ်ယောက်စလုံးသည် ဘာစကားမှ မပြောကြဘဲ ရွှီဖန်း၏ညို့မှိုင်းနေသော မျက်နှာကိုသာ ငေးကြည့်နေကြသည်။

စင်္ကြံ၏လမ်းဆုံးကို ရောက်တော့ တံခါးက ပွင့်နေတုန်းပင်။ အထဲ၌ ဓာတ်ခွဲခန်းခန်းမကြီး ရှိလေသည်။ ရွှီဖန်း တည့်တည့်ကို လျှောက်သွားလိုက်တော့ အဝေးမှ ဖန်သားရုံးခန်းကို မြင်နေရသည်။ သို့သော် လျိုယွမ်

ချန်နှင့် သူ့အဘိုးကတော့ ထိုနေရာတွင် မရှိပေ။

သို့သော်ငြား ရွှီဖန်းက ဆက်သွားနေတုန်းပင်။ နှစ်လှမ်းထပ်လှမ်းလိုက်သည်နှင့် လူနှစ်ယောက်က သူ့ကို သတိထားမိကာ တားဆီးရန် ရောက်လာကြသည်။

"မင်းဘယ်လိုလုပ် ထွက်လာတာလဲ"

လူတစ်ယောက်က ထောင်ထောင်လွှားလွှားဖြင့် မေးလာလေသည်။ သူက ရွှီဖန်းကို မသိမှန်း သိသာလှသည်။ ရွှီဖန်းအား လွတ်မြောက်လာသည့်စမ်းသပ်ခံတစ်ဦးဟုသာ ထင်မှတ်နေလေသည်။ သို့သော် သူ့ကို ပြန်ဖြေလာသည့်အရာကတော့ အားပြင်းသောလက်သီးတစ်ချက်ပင်။ ထိုလူမှာ နှာခေါင်းကို အုပ်ကာ မြေကြီးပေါ်သို့ လဲကျသွားခဲ့သည်။

နောက်ထပ်လူတစ်ယောက်သည် ထိုအခြေအနေကို မြင်သောအခါ ဒေါသထွက်လာပြီး အော်လေသည်။

"မင်းက လျိုမိသားစုကလူကို ရိုက်ရဲတယ်လား..ငါ"

သူ လက်သီးကိုမြှောက်လိုက်သည့်အချိန် ရွှီဖန်းက သူ့ရင်ဘတ်ကို ကန်လာသည်။ ထိုလူမှာ နောက်ပြန်

လွင့်သွားခဲ့ပြီး ခန်းမကြီး၏အလယ်သို့ လွင့်စင်သွားခဲ့သည်။ ထိုအသံက လူတိုင်း၏အာရုံကို ဆွဲဆောင်

လိုက်နိုင်သည်။

"ဘယ်သူလဲ"

ဆေးဝါးပညာရှင်က ဦးဆောင်၍ အော်လိုက်လေသည်။ ထိုအချိန်၌ ရွှီဖန်းကလည်း ခန်းမထဲသို့ တိုက်ဆိုင်စွာ ဝင်လာပြီး လူအုပ်ကြီး၏ မြင်ကွင်းထဲကို ရောက်လာ၏။

"မင်းပဲ!"

ဆေးဝါးပညာရှင်၏မျက်နှာအမူအရာမှာ ပြင်းထန်စွာ ပြောင်းလဲသွားခဲ့ပြီး သူ့နှလုံးသားကလည်း တုန်လှုပ်သွားခဲ့သည်။ သို့သော် ခဏအကြာမှာ သူ့မျက်နှာပေါ်၌ လှောင်ပြောင်မှုတစ်ခု ပေါ်လာသည်။

"ကြီးမြတ်သောနတ်ဆိုးမဟာဘုရင်နှစ်ယောက်ကို သွားခေါ်ခဲ့"

ဆေးဝါးပညာရှင်သည် သူ့ဘေးနားကလူကို တိုးတိုးလေး အမိန့်ပေးလိုက်သည်။ ထို့နောက် ရွှီဖန်းကို အေးစက်စက် ကြည့်ကာ...

"ရွှီဖန်း မင်း တော်တော် သတ္တိရဲတာပဲ၊ မင်းတစ်ယောက်တည်း ငါ့တို့လျိုမိသားစုထဲကို ဝင်လာရဲတယ်၊ ငါတို့ဆီမှာ ဘယ်သူမှ မရှိဘူးလို့ ထင်နေတာလား"

ထိုလူက အကျင့်ဖြစ်နေတာပဲလား သို့မဟုတ် တမင်ပြောတာလားဆိုတာကို မသိနိုင်ပေ။ ဆေးဝါးပညာရှင်သည် ရွှီဖန်းကပဲ ကြီးမားသည့်အမှားတစ်ခုကို ကျူးလွန်ထားသလိုမျိုး ဖြောင့်မတ်စွာ ပြောဆိုနေလေသည်။ 

သို့သော် ရွှီဖန်းက သူ့ကို ဂရုစိုက်ရန် စိတ်မဝင်စားနေပေ။ သူ လေးနက်သောအသံဖြင့် မေးလိုက်သည်။

"လျိုယွမ်ချန်တို့ မြေးအဘိုးက ဘယ်မှာလဲ"

ရွှီဖန်း၏စကားဆုံးသည်နှင့် လူအုပ်ထဲမှ လူတစ်

ယောက်သည် ရွှီဖန်းကို စူးစိုက်ကြည့်ကာ...

"ငါတို့ရဲ့မိသားစုခေါင်းဆောင်ကို မင်း​အလိုရှိတိုင်း တွေ့လို့ရမယ်လို့ ထင်နေတာလား၊ မင်းကိုယ်မင်း မရှုံးနိုင်တဲ့လူလို့ ထင်နေတာလား" 

ထိုသို့ပြောရုံတင်မကဘဲ ထိုလူသည် ရွှီဖန်းဆီသို့ ပြေးလာကာ လက်သီးဖြင့် ထိုးလာသည်။

ထိုလူက တောထဲ၌ ရွှီဖန်းကိုချုံခိုတိုက်ခိုက်ခဲ့သည့် လျိုမိသားစုတိုက်ခိုက်ရေးအဖွဲ့ထဲက တစ်ယောက်

ဖြစ်သည်။ သူတို့သည် ရွှီဖန်းနှင့် ကြီးမြတ်သောနတ်ဆိုးဘုရင်တို့ အပြန်အလှန်တိုက်ခိုက်ခဲ့ကြသည့် မြင်ကွင်းကို မမြင်ခဲ့ကြဘဲ ရွှီဖန်းက သူတို့ရှေ့၌ အရင်တစ်ခါက ရှုံးနိမ့်ခဲ့ဖူးခြင်းကိုသာ သိကြလေသည်။ ထိုနေ့က ရွှီဖန်းကို ချုံခိုတိုက်ခိုက်ခဲ့သော လူအုပ်စုအားလုံးသည် ထိုစဥ်က မရှိခဲ့ကြဘဲ အခုမှသာ ရောက်လာကြခြင်းပင်။

သို့သော်  ရွှီဖန်း၏အရည်အချင်းကို သိထားသည့် ဆေးဝါးပညာရှင်အတွက်တော့ ထိုလူကို တားရန် နောက်ကျသွားပြီဖြစ်သည်။

ရွှီဖန်းကလည်း သူ့ဆီကို ပြေးဝင်လာသောလူကို မြင်သည်နှင့် ရှေ့သို့ခြေတစ်လှမ်းတိုးကာ တံတောင်ဆစ်နှင့် ထိုလူ့ရင်ဘတ်ကို ဦးတည်လိုက်သည်။

ရွှီဖန်း၏လှုပ်ရှားမှုကို မြင်တော့ ထိုလူ၏ မျက်နှာအမူအရာက ထိတ်လန့်တုန်လှုပ်စွာ ပြောင်းလဲသွားခဲ့သည်။ ရွှီဖန်းက အလွန်မြန်ပေသည်။ ထိုလူသည် တုန်လှုပ်သွားပြီး လက်ကို အမြန်မြှောက်ကာ ကာကွယ်လိုက်သည်။ သို့သော် ရွှီဖန်း၏လှုပ်ရှားမှုက အလွန်ကို အားကြီးလွန်းသည်။ သူ လက်နှစ်ဖက်စလုံးဖြင့် ကာကွယ်ခဲ့သော်လည်း သူ့လက်မောင်းများမှာ ထိခိုက်မှုကြောင့် ကျိုးလုနီးပါးဖြစ်သွားရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ လွင့်စင်သွားခဲ့ပြီး သူ့အနောက်မှ စက်ပစ္စည်းများအပေါ် ပြင်းပြင်းထန်ထန် ပြုတ်ကျသွားခဲ့သည်။

"တတိယညီလေး!" 

ထိုလူ၏အနောက်မှ လူအနည်းစုသည် အော်ဟစ်လာပြီး ရွှီဖန်းကို တားဆီးရန် ရောက်လာကြသည်။ ရွှီဖန်းကတော့ သတ်လိုစိတ်အပြည့်ဖြင့် လူအုပ်ထဲသို့ ပြေးဝင်သွားလိုက်သည်။ သူ မိုးပျံအိုးသိုင်းဖြင့် လက်သီးနှင့်ခြေထောက်ကို အသုံးပြုကာ ဘေးဘက်ကို ထိုးလိုက်၊ ကန်လိုက် ချနေလေသည်။

သူ ရောက်သွားသည့်နေရာတိုင်း၌ လူများ လွင့်စင်ကာ လဲကျကုန်ကြသည်။ လူ၆၀ ကနေ ၇၀နီးပါးလောက်ကို သူ ဆက်တိုက်အနိုင်ယူပြီးနောက်မှာ ဆေးဝါးပညာရှင်သည် နောက်ဆုံးမှာတော့ အော်လာသည်။

"ရပ်တော့"

ရွှီဖန်းသည် ထိုအသံကို ကြား၍ လှည့်ကြည့်

လိုက်သောအခါ ဆေးဝါးပညာရှင်၏အနောက်၌ အဘိုးအိုတစ်ယောက်နှင့် လူငယ်တစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ရွှီဖန်း အံ့သြသွားကာ...

"စမ်းသပ်ခံတွေ"

ရွှီဖန်း ရပ်တန့်လိုက်ပြီး ထိုနှစ်ယောက်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ထို့အပြင် ဆေးဝါးပညာရှင်၏ အနောက်ပါး၌ နောက်ထပ်လူနှစ်

ယောက်ပါ ထပ်ပါလာသေး၏။ ဒဏ်ရာရထားသည့်လူများကို မြင်တော့ သူတို့၏မျက်နှာပေါ်၌ မှုန်မှိုင်းသောအမူအရာများ ပေါ်လာသည်။

"ရွှီဖန်း မင်းကို မသတ်ပစ်ရင်တော့ လျိုမိသားစုရဲ့ ဂုဏ်သိက္ခာ ပျက်စီးမှာပဲ"

ရွှီဖန်းသည် စမ်းသပ်ခံနှစ်ဦးကို တစ်ချက်ကြည့်

လိုက်သည်။ ဒေါသများ ဖြေဖျောက်ပြီးသည့်နောက်မှာတော့ သူ့ဒေါသက အနည်းငယ် ငြိမ်သက်သွားခဲ့လေပြီ။ သူ ဆေးဝါးပညာရှင်ကိုကြည့်ကာ အေးစက်စက် ပြောလိုက်သည်။ 

"ဒီလောကကြီးမှာ လျိုမိသားစုက ရှိတော့မှာမဟုတ်ဘူး"

ထိုစကားကိုပြောပြီးသည်နှင့် သူ အချိန်ဆက်ဖြုန်းချင်စိတ်မရှိတော့ဘဲ စမ်းသပ်ခံလူနှစ်ယောက်ဆီ ပြေးဝင်သွားကာ သူ့ညာဘက်တံတောင်ဆစ်ဖြင့် အဘိုးအို၏ရင်ဘတ်ကို ဆောင့်ထိုးလိုက်သည်။ 

အဘိုးအိုသည် ခြေထောက်ကိုအနည်းငယ်ကွေး၍ လက်နှစ်ဖက်ကိုပူးကာ ရွှီဖန်း၏တိုက်ခိုက်မှုကို ပိတ်ဆို့လာသည်။ သို့သော် သူက ရွှီဖန်း၏ ခွန်အားကို အထင်သေးခဲ့မိခြင်းပင်။ ဤတိုက်ခိုက်မှုဖြင့် ရွှီဖန်းသည် သူ၏လက်နှစ်ဖက်စလုံးအား ဖယ်ထုတ်ပစ်နိုင်ခဲ့သည်။ ဘယ်လိုမှ ပိတ်ဆို့၍ မရခဲ့ပေ။ 

ဘေးနားရှိ စမ်းသပ်ခံလူငယ်က ရွှီဖန်း၏ တံတောင်ဆစ်အား အလျင်အမြန် ဆွဲထိန်းလာတာကြောင့်သာ သူ၏ထိုးချက်က လွဲသွားခဲ့သည်။ ထိုအခါမှသာ စမ်းသပ်ခံအဘိုးအိုသည် ရွှီဖန်း၏တံတောင်ဆစ်ဖြင့် ရင်ဘတ်ကို ထိမှန်တော့မည့် ကံကြမ္မာကနေ လွတ်မြောက်ခဲ့သည်။

ထိုစမ်းသပ်ခံနှစ်ဦးက ပူးပေါင်းတိုက်ခိုက်သည့်ပညာကို တကယ် တတ်မြောက်ထားကြသည်။ သူတို့နှစ်ယောက်စလုံးက အချင်းချင်း ထောက်ပံ့ပေးပြီး အပြန်အလှန်တိုက်ခိုက်ကာ ခုခံပေးကြသည်။ ထို့အပြင် သူတို့တစ်ဦးစီ၌ ယခင်ကြီးမြတ်သောဘုရင်

ထက် မနိမ့်သော ခွန်အားများ ရှိနေကြသည်။ 

သို့သော် ရွှီဖန်းကလည်း စမ်းသပ်ခံလူငယ်၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ သူ့ကို နောက်ပြန်ဆွဲလိုက်သည်။ တစ်ချိန်တည်းမှာပင် စမ်းသပ်ခံလူငယ်၏မျက်နှာအား လက်သီးဖြင့် ထိုးချလိုက်သည်။ 

စမ်းသပ်ခံလူငယ်သည် အော်သံတစ်ချက် ထုတ်ပြီးနောက် ထိုအခွင့်အရေးကိုယူကာ ခြေလှမ်းတစ်ဝက်

လှမ်းတိုး၍ ရွှီဖန်း၏ရင်ဘတ်တည့်တည့်ကို လက်သီးဖြင့် ပြန်ထိုးလိုက်သည်။ သို့သော်ငြား သူ့လက်သီးနှင့် ရွှီဖန်း၏လက်သီးက တိုက်မိမလို ဖြစ်သွားခဲ့သည်။

ထိုအချိန်၌ ဘေးနားရှိအဖိုးအိုကလည်း ပြေးဝင်လာကာ ရွှီဖန်း၏လက်သီးကို ပိတ်ဆို့ပေးလာတာကြောင့် လူငယ်သည် ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သည်။

သူတို့နှစ်ဦး၏နှုတ်ဆိတ်နားလည်ခြင်းက အံ့ဩစရာကောင်းလှသည်။ စမ်းသပ်ခံလူငယ်က ဤကဲ့သို့ ရှေ့တိုးရဲခဲ့ခြင်းမှာ စမ်းသပ်ခံအဘိုးအိုသည် သူ့ကို သေချာပေါက် ကူညီရန်လာလိမ့်မည်ကို သိနေ၍ပင်။

လူငယ်၏လက်သီးက သူ့ဆီ ပြင်းထန်စွာ ရောက်လာတာကို မြင်တော့ ရွှီဖန်းသည် အသက်ပြင်းပြင်းရှူသွင်းကာ လူငယ်နှင့် အဘိုးအိုနှစ်ယောက်စလုံးကို အနောက်ကို အနည်းငယ်ပြန်ဆွဲလိုက်သည်။ ရွှီဖန်း၏ခန္ဓာကိုယ်လည်း တစ်ပေခွဲနီးပါးလောက် နောက်ဆုတ်သွားခဲ့သည်။

စမ်းသပ်ခံလူငယ်နှင့်အဘိုးအိုတို့ကလည်း ရွှီဖန်းကို ဆွဲထားခဲ့သော်ငြား အခုလိုအခြေအနေမျိုး၌ ရွှီဖန်းက အနည်းငယ် နောက်ဆုတ်သွားမည်ဟု မထင်ထားခဲ့ကြပေ။ ဒါကြောင့် သူတို့နှစ်ယောက်၏ပူးပေါင်းတိုက်ခိုက်ခြင်း၌ အားနည်းချက်တစ်ခုကို ခဏတာ ပြသပေးလိုက်သလို ဖြစ်သွားခဲ့သည်။ ထိုအချိန် ရွှီဖန်းက ရုတ်တရက် ရှေကိုတိုးကာ စမ်းသပ်ခံအဘိုးအိုအား ပုခုံးဖြင့် ဝင်တိုက်လိုက်သည်။

သူတို့သုံးယောက်ဟာ အလွန်နီးကပ်နေကြပြီး ရွှီဖန်း၏တိုက်ခိုက်မှုများက အလွန်မြန်ဆန်လေသည်။ အဖိုးအိုမှာ ရှောင်တိမ်းရန် အချိန်မရတာကြောင့် လက်နှစ်ဖက်စလုံးဖြင့် ပိတ်ဆို့ရန်သာ တတ်နိုင်ခဲ့သည်။ သို့သော် နောက်ဆုံးတော့ သူက အလျင်လိုမိသွားကာ ရွှီဖန်း၏တိုက်ခိုက်မှုကြောင့် ခြေလှမ်းအတော်များများ နောက်ပြန်ဆုတ်သွားရသည်။ 

စမ်းသပ်ခံလူငယ်မှ ကူညီရန် ကြိုးစားခဲ့သော်လည်း နောက်ကျသွားခဲ့လေပြီ။ စမ်းသပ်ခံအဘိုးအိုက နောက်ပြန်ဆုတ်လိုက်ရသည်ကို မြင်သောအခါ ရွှီဖန်းသည် အဘိုးအိုနောက်သို့ ထပ်လိုက်သွားမည်ကို သူ ကြောက်သွားခဲ့သည်။ သူ အလျင်အမြန်ပင် လက်လှမ်းကာ ရွှီဖန်း၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ 

တစ်ချိန်တည်းမှာပင် ရွှီဖန်းကလည်း သူ၏ကျန်

လက်တစ်ဖက်ဖြင့် စမ်းသပ်ခံလူငယ်၏ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။ သူ ကျယ်လောင်စွာ အော်ဟစ်၍ စမ်းသပ်ခံလူငယ်၏ တစ်ကိုယ်လုံးကို ဆုပ်ကိုင်ကာ သူ့ပခုံးပေါ်ကနေ ပစ်ချလိုက်သည်။

စမ်းသပ်ခံလူငယ်လည်း ရွှီဖန်း၏ပစ်ချမှုကြောင့် မြေကြီးပေါ်ကို ပြင်းပြင်းထန်ထန် လဲကျသွားခဲ့သည်။ ကံကောင်းစွာဖြင့် စမ်းသပ်ခံအဘိုးအိုက အပြေးရောက်လာပြီး ရွှီဖန်း၏လက်ကို ဆွဲဖယ်လာတာကြောင့် စမ်းသပ်ခံလူငယ်အား ရွှီဖန်း၏ နောက်ထပ်တိုက်ခိုက်မှုကနေ ကာကွယ်ပေးနိုင်ခဲ့သည်။

လက်ရှိအချိန်၌ ဆေးဝါးပညာရှင်လည်း မှင်သက်နေလေသည်။ ကြီးမြတ်သောမဟာဘုရင်အဆင့်ရှိသည့် စမ်းသပ်ခံနှစ်ယောက်၏ အကူအညီဖြင့်သာဆိုလျှင် ရွှီဖန်း သေချာပေါက် ရှုံးနိမ့်လိမ့်မည်ဟု သူထင်ခဲ့၏။ ရွှီဖန်းက ဒီလောက်အထိ အစွမ်းထက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ကြီးမြတ်သောမဟာဘုရင်စမ်းသပ်သူနှစ်ယောက်တောင်မှ သူ့အရှေ့တွင် အသားစီးမရနိုင်ခဲ့ပေ။ ကြည့်ရတာ ရွှီဖန်းက လုံးဝတားဆီး၍ မရနိုင်သည့်ပုံပင်။

အဘိုးအိုသည် ရွှီဖန်းအား နောက်ပြန်ဆုတ်အောင် အတင်းအကြပ်လုပ်ခဲ့ပြီး လူငယ်ထရပ်နိုင်ရန် စောင့်နေခဲ့သည်။ သူတို့နှစ်ယောက်၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်ကောင်းမွန်ပြီး စမ်းသပ်ခံများနှင့် လုံးဝမတူလှပေ။

ဒီလိုတိုက်ခိုက်မှုစွမ်းရည်ကြောင့် ရွှီဖန်းလည်း ခဏလောက်ဖြင့် အသာစီးမရနိုင်ခဲ့ပေ။ လက်ရှိအခြေအနေမှာ ငါးမိနစ်နီးပါး ဆက်လက်ဖြစ်နေခဲ့သည်။ ရွှီဖန်းတစ်ယောက် စိုးရိမ်နေမိပြီး လျိုယွမ်ချန် ထွက်ပြေးသွားကို ကြောက်မိ၏။ 

သူ ရုတ်တရက်ပင် ရှေ့ကို ပြေးထွက်သွားကာ ရင်ဘတ်မှဒဏ်ရာကို ဂရုမစိုက်တော့ဘဲ အဘိုးအိုဆီသို့ တည့်တည့်တိုးဝင်သွားလိုက်သည်။ အဘိုးအိုကလည်း မရှောင်ဘဲ လက်နှစ်ဖက်ကို ပူးကာ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။ စမ်းသပ်ခံလူငယ်သည် ထိုအခွင့်အရေးယူ၍ ရွှီဖန်း၏ရင်ဘတ်အား ထပ်မံထိုးခဲ့သည်။ ရွှီဖန်းသည် မရှောင်တိမ်းနိုင်ဘဲ ရင်ဘတ်ကို အထိုးခံလိုက်ရသည်။ သို့သော်ငြား ထိုအရှိန်ကြောင့် သူ ထိုနှစ်ယောက်လုံး၏အရှေ့ကို ရောက်သွားခဲ့သည်။

သို့သော် သူ စမ်းသပ်ခံအဘိုးအိုကို မထိုးဘဲ စမ်းသပ်ခံ လူငယ်၏ရင်ဘတ်အား ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။ နှစ်ဦးသား လက်သီးချင်းဖလှယ်ပြီးနောက် အနည်းငယ်စီ နောက်ဆုတ်လိုက်ကြသည်။ 

တစ်ချိန်တည်းမှာပင် သူတို့ပါးစပ်ကနေ သွေးအန်

ထုတ်လိုက်ကြသည်။ စမ်းသပ်ခံလူငယ်၏ခွန်အားက ရွှီဖန်းလောက် မကောင်းသော်လည်း သူ့လက်သီး၏ခွန်အားကတော့ ကြောက်စရာကောင်းနေတုန်းပင်။ ရွှီဖန်းတောင်မှ ထိခိုက်ဒဏ်ရာရခဲ့သည်။ 

သို့သော် ရွှီဖန်း၏လက်သီးက စမ်းသပ်ခံလူငယ်၏ အခြေအနေကို ပို၍ ဒုက္ခပေးနိုင်ခဲ့သည်။ ရွှီဖန်း၏လက်သီးအားက တော်ရုံအင်အားဖြင့် နှိုင်းယှဥ်၍ မရနိုင်ပေ။ စမ်းသပ်ခံလူငယ်သည် ထိုလက်သီးဖြင့် အထိုးခံရပြီးနောက် သူ၏တိုက်ခိုက်နိုင်စွမ်းမှာ လုံးဝနီးပါးဆုံးရှုံးသွားခဲ့ရပြီး ရွှီဖန်းကတော့ အနည်းငယ်သာ ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

စမ်းသပ်ခံအဘိုးအိုသည် ထိုမြင်ကွင်းကို မြင်

သောအခါ သူ့မျက်လုံးထဲ၌ ခံစားချက်များ ပေါ်ထွက်လာပြီး ဝုန်းခနဲ လင်းလက်သွားခဲ့သည်။ သူ ရွှီဖန်းအား မုန်းတီးမှုအပြည့်ဖြင့်ကြည့်ကာ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ထို့နောက် သူ ရွှီဖန်းဆီသို့ ပြေးဝင်လာလေသည်။

အဖိုးအိုသည် ရွှီဖန်းရှေ့ကို ပြေးဝင်ကာ သူနှင့် လက်သီးချင်း အနည်းငယ် ဖလှယ်လိုက်သည်။ နောက်ဆုံးမှာတော့ သူသည်လည်း ရှုံးနိမ့်ကာ ရွှီဖန်း၏လက်သီးဖြင့် အထိုးခံလိုက်ရသည်။ သူလည်း စမ်းသပ်ခံလူငယ်နှင့် အတူတူပင်။ ပါးစပ်ကနေ သွေးများအန်ထုတ်လိုက်ရပြီး တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးသွားခဲ့သည်။

*********************

All Chapters