ကံဆိုးရှာသောလူဆိုး
Vol. 23 Ch. 340
ထင်ထားသည့်အတိုင်းပင်။ လူတစ်ယောက်က မစောင့်နိုင်တော့ဘဲ အော်လာသည်။
"မင်းတို့ဘယ်သူဖြစ်ဖြစ် လူကောင်းတွေနဲ့ မတူဘူး၊ မင်းတို့လူဆိုးတွေ ဒီကို ပိုက်ဆံခိုးဖို့ ရောက်လာတာမလား၊ ခိုးထားတဲ့ပစ္စည်းတွေ အကုန်ထုတ်ပေးစမ်း!"
စကားလုံးတွေက သိပ်မရှင်းသော်လည်း အဓိပ္ပာယ်
ကတော့ အထူးရှင်းလင်း၏။
ထိုအချိန်၌ ပိုင်ယွီမှာ မရယ်ဘဲ မနေနိုင်တော့ချေ။ သူတို့က ရွှီဖန်းကိုမှ လာလုနေကြတာပင်။ ဒီလူတွေ ကောင်းသောအဆုံးသတ်နှင့် ကြုံရမည်မဟုတ်ချေ။ ပိုင်ယွီသည် စိတ်ထဲမှနေ၍ ရွှီဖန်း ထိုလူအုပ်စုကို မည်သို့ သင်ခန်းစာပေးမည်ကို စောင့်ကြည့်ရမည်ဟု တွေးနေမိသည်။
သို့သော် အဘိုးအဘွားစုံတွဲကတော့ အိတ်ကပ်ထဲမှ ပိုက်ဆံစုတ်လေးများကို အလျင်အမြန် ထုတ်ယူကာ ထိုလူအုပ်စုကို ပေးလိုက်လေသည်။
"ညီလေးတို့...ကျုပ်တို့က အခုပဲ ပြောင်းတော့မှာပါ၊ သူတို့က လမ်းသွားလမ်းလာတွေပါ၊ ဒါက သူတို့နဲ့ မဆိုင်ပါဘူး"
သို့သော်ငြား ထိုလူတွေက ဤပိုက်ဆံလောက်လေးကို မည်သို့စိတ်ဝင်စားမည်နည်း။ သူတို့ရှေ့မှလူက လက်ကို တစ်ချက်ဝှေ့လိုက်သည်နှင့် ချက်ချင်းပင် ထိုပိုက်ဆံများမှာ ဘေးကို ပစ်ချခံလိုက်ရသည်။
သူတို့က ရွှီဖန်းကိုသာ စိုက်ကြည့်နေတုန်းပင်။ ဒီလိုလူမျိုးကသာ ဝက်ကြီး(ပိုက်ဆံရှိသူ) ဖြစ်သင့်၏။ ပိုင်ယွီနှင့်လင်းရှောင်ရှောင်းတို့လို အမျိုးသမီးနှစ်
ယောက်ကိုပါ ခေါ်လာတာဆိုတော့ တော်ရုံချမ်းသာတာမဖြစ်နိုင်ပေ။
"မြန်မြန်လုပ် ငါတို့က သိပ်စိတ်ရှည်တာ မဟုတ်ဘူး"
ထိုလူက ရွှီဖန်းကိုကြည့်ပြီး ထပ်မံ ခြိမ်းခြောက်
လာသည်။ ရွှီဖန်းကတော့ ဘာမှ မပြောသေးပေ။ သူ့အမူအရာက ထိုအုပ်စုကို ဂရုစိုက်ရန် ပျင်းရိနေသည့်အလားပင်။ သူက ရေကိုပင် ဖြည်းဖြည်းချင်း သောက်နေခဲ့၏။
"မင်းတို့ကို ရဲခေါ်မှာ မကြောက်ဘူးလား"
လင်းရှောင်ရှောင်းသည် မျက်မှောင်ကြုတ်၍ ထိုလူတွေကို ပြောလိုက်သည်။ ဒီလူတွေက သူတို့ကို ပေါ်
တင်ကြီး လာလုရဲသည့်အကြောင်းရင်းကို လင်းရှောင်ရှောင်း နားမလည်နိုင်တာ ထင်ရှား၏။
"ဟားဟား ရဲခေါ်မယ်တဲ့၊ အစ်ကိုလင်း...ဒီကောင်မလေးက ရဲခေါ်ချင်တယ်တဲ့"
လင်းရှောင်ရှောင်း၏ စကားဆုံးသည်နှင့် လူတစ်
ယောက်က ရယ်မောလာသည်။ သူ့လေသံထဲ၌ လှောင်ပြောင်မှုများက အထူးသိသာနေသည်။
အစ်ကိုလင်းဟု ခေါ်သောသူကလည်း ပြုံးကာ လင်းရှောင်ရှောင်းကို ကြည့်လာသည်။
"ဒါဆို ရဲခေါ်ကြည့်လိုက်လေ၊ ရဲရောက်လာတဲ့အချိန် ငါတို့က အိပ်တောင်ပျော်နေလောက်ပြီ"
ထိုစကားကိုကြားတော့ လင်းရှောင်ရှောင်းလည်း မျက်မှောင်ကြုတ်သွားသည်။ ဒီနေရာက ဘယ်လောက်တောင် ဝေးနေလို့လဲ။ ရဲရောက်လာဖို့အတွက် ဒီလောက်တောင် အချိန်ကြာတာလား။ ဒီလူတွေ ဒီလောက်အထိ တရားဥပဒေမဲ့ပြီး ရဲတင်းနေတာ အံ့ဩစရာမရှိတော့ပေ။
"မြို့ထဲမှာ လုယက်ဖို့ ရဲရဲတင်းတင်း မလုပ်ရဲဘူးလား၊ ဒီရွာသားတွေမှာ ဘာပိုက်ဆံရှိမှာမို့လို့လဲ"
ထိုအချိန်မှာ ပိုင်ယွီကလည်း စကားစပြောလိုက်သည်။ သူမ၏စကားထဲ၌ ထိတ်လန့်မှုအရိပ်အယောင် လုံးဝမရှိပေ။ ထိုအစား အဘိုးအဘွားနှစ်ယောက်အတွက် တိုက်ခိုက်ပေးနေသလိုပင်။ မည်သို့ပင်ဆိုစေ ရွှီဖန်းကထိုင်နေသရွေ့ လင်းရှောင်ရှောင်းနှင့် ပိုင်ယွီတို့က လုံးဝမကြောက်ကြပေ။
သို့သော် ပိုင်ယွီ၏ စကားဆုံးသည်နှင့် လူတစ်
ယောက်က အလျင်အမြန်ပြောလာသည်။
"ဟမ့်! ရွာထဲက ဘိန်းစိုက်တဲ့လူတွေမှာ ပိုက်ဆံမရှိဘူးလို့ မင်း ပြောနေတာလား"
"သေချင်လို့လား"
သို့သော် ထိုလူ၏စကားဆုံးသည်နှင့် အစ်ကိုလင်းဟု ခေါ်သောလူသည် ဒေါသတကြီး ဆူပူလာသည်။
ထိုသူသည် အလွန်အမင်း ကြောက်လန့်သွားကာ အမြန်ပင် လက်ဝှေ့ယမ်း၍ ပြောလာသည်။
"ကျုပ်ပါးစပ်က လွန်သွားတာပါ၊ ပါးစပ်လွန်သွားတာပါ"
ထို့နောက် အစ်ကိုလင်း၏မျက်လုံးများက ပြောင်းလဲသွားကာ ရွှီဖန်းဘက်သို့ လှည့်ကြည့်၍ ပြောလာသည်။
"အစက ငွေကြေးကိစ္စလေးပါပဲ၊ ဒါပေမဲ့ မင်းက ဒီရွာရဲ့လျှို့ဝှက်ချက်ကို သိသွားပြီဆိုတော့ မင်းကို လွှတ်ပေးလို့ မဖြစ်တော့ဘူး"
သို့သော် သူ့စကားမဆုံးခင်တွင် ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ရွှီဖန်းက စတင်
လှုပ်ရှားလိုက်ပြီဖြစ်ရာ ထိုသူသည် ရွှီဖန်း၏ ပြင်းထန်သောလက်သီးချက်ဖြင့် ခြံဝင်းအပြင်သို့ လွင့်စင်သွားခဲ့သည်။
လူအုပ်စုလည်း ချက်ချင်း လှုပ်ရှားလာကြသည်။ သို့သော် ရွှီဖန်းသည် လက်သီးတစ်ချက်ဖြင့်သာ သူတို့အား လေထဲသို့ပျံတက်သွားခဲ့ပြီး သွေးများစီးကျလာကာ မြေပြင်ပေါ်သို့ပြုတ်ကျသွားခဲ့သည်။ သို့သော် အံ့အားသင့်စရာကောင်းစွာပင် အိမ်အပြင်ဘက်၌ တစ်စုံတစ်ယောက် ရှိနေသေးသည်။
တိုက်ပွဲက စတင်တော့မည်။
ဥပဓိရုပ်ကြမ်းတမ်းသောလူနှစ်ဦးသည် ရွှီဖန်းအား ဓားဖြင့်ထိုးရန် တိုးဝင်လာကြသည်။ ရွှီဖန်းသည် အနည်းငယ်မျှပင် တွေဝေခြင်းမရှိဘဲ ထိုင်လျက်သားဖြင့် ဓားတိုနှစ်ချောင်းကို သူ့ခေါင်းပေါ်သို့ ထိုးသွင်းခွင့်ပြုထားသည်။ ဓားက ရွှီဖန်း၏မျက်နှာကို ထိုးဖောက်တော့မည့်ဆဲဆဲတွင် သူသည် လက်ကို မြှောက်လိုက်ပြီး လက်ကောက်ဝတ်အားဖြင့် ဓားနှစ်ချောင်းကို ဆုပ်ကိုင်လိုက်သည်။
"ချွင်!"ဟူသော အသံနှင့်အတူ ဓားနှစ်ချောင်းက ကျိုးပဲ့သွားသည်။ တစ်ချိန်တည်းမှာပင် ဓားကိုင်ထားသောလူနှစ်ဦး၏ ပါးစပ်များမှ သွေးများ ပန်းထွက်လာသည်။ ရွှီဖန်းသည် သူ့ရှေ့မှစားပွဲကို ကန်ထုတ်
လိုက်သည်။ စားပွဲက ထိုလူနှစ်ဦးကို ထိမှန်ပြီး လွင့်
စင်သွားကာ သူတို့၏အဖော်များနှင့်အတူ မြေပြင်ပေါ်တွင် လူးလိမ့်နေခဲ့သည်။
အသက်အနည်းငယ်မျှရှူချိန်အတွင်းတွင် ထိုလူများအားလုံး မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြသည်။ အချို့ မှာ သေဆုံးသွားကြပြီး အချို့မှာ ညည်းတွားနေကြသည်။ တစ်ဦးတစ်ယောက်မျှ ဆက်လက်ရပ်နိုင်ခြင်း မရှိတော့ပေ။ အဘိုးအဘွားစုံတွဲကတော့ ဘေးနားတွင် ကြောင်တောင်တောင်ဖြင့် ရပ်နေကြပြီး ဘာတွေဖြစ်
ပျက်သွားမှန်း နားမလည်နိုင်ဖြစ်နေခဲ့သည်။
"တန်ဖိုးရှိတာတွေ အကုန်ထုတ်ပေးစမ်း"
ရွှီဖန်းသည် ကုလားထိုင်တစ်လုံးကို ထိုလူအုပ်
အလယ်သို့ ဆွဲယူကာ ထိုင်လိုက်ပြီး ခြေထောက်
နှစ်ချောင်းကို ချိတ်လိုက်သည်။ သူ ထိုလူဆိုးများထံမှ တကယ်ပင် လုယက်တော့မည်ဖြစ်သည်။
"အစ်ကိုကြီး ကျွန်တော်တို့ မှားသွားပါတယ်၊ကျွန်တော်တို့မှာ မျက်လုံးတွေရှိပေမဲ့ တိုင်တောင်ကြီးကို မမြင်ခဲ့ပါဘူး၊ ကျွန်တော်တို့ အစ်ကိုကြီးကို ပိုက်ဆံပေးပါ့မယ်၊ အစ်ကိုကြီးလိုချင်သလောက် ယူနိုင်ပါတယ်"
ထိုအချိန်၌ အစ်ကိုလင်းဟု ခေါ်သောလူသည် အလျင်အမြန် ထရပ်လာပြီး ရွှီဖန်း၏အရှေ့တွင် ဒူးထောက်လာသည်။
"လိုချင်သလောက် ယူလို့ရလား"
ရွှီဖန်းသည် အစ်ကိုလင်းအား ရွဲ့စောင်းသောအမူအရာဖြင့် မေးလိုက်သည်။
"လိုချင်သလောက် ယူလို့ရပါတယ်"
အစ်ကိုလင်းသည် ရွှီဖန်း မလိုချင်မှာကို ကြောက်နေသည့်အလား ခေါင်းကို အမြန်ငြိမ့်လာသည်။
"မင်းက ဒီလောက်တောင် ချမ်းသာတာလား"
ရွှီဖန်းသည် အစ်ကိုလင်းအား အံ့အားသင့်စွာ မေးလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်၊ ကျွန်တော်က အရမ်းချမ်းသာပါတယ်၊ ပိုက်ဆံလည်းအများကြီးရှိတယ်၊ အစ်ကိုကြီးလိုချင်သလောက် ယူလို့ရတယ်"
အစ်ကိုလင်းမှာ ရွှီဖန်းကြောင့် အကြောက်လွန်ပြီး ရူးကြောင်ကြောင် ဖြစ်သွားသည့်ပုံပင်။
"အင်း"
ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်းမိကာ အံ့အားသင့်မှုကို မထိန်းနိုင်ခဲ့ပေ။ သူ အစ်ကိုလင်းအား ကြည့်၍
"မင်းတို့က ဒီတောထဲကရွာမှာ ပိုက်ဆံလာလုနေကြတာလား"
"အာ..."
အစ်ကိုလင်းသည် ရွှီဖန်း၏မေးခွန်းကြောင့် မှင်
သက်သွားခဲ့သည်။
"ဟုတ်တယ်"
အစ်ကိုလင်း စကားရပ်သွားတာကို မြင်တော့ ရွှီဖန်း မျက်မှောင်ကြုတ်လိုက်သည်။ သူက ထပ်ပြီးတိုက်ခိုက်တော့မည့်ပုံပင်။
"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး၊ ဒီရွာက ဘိန်းစိုက်တာလေ၊ ကျွန်တော်တို့ ဒီကဘိန်းတွေကို ပိုက်ဆံအများကြီးနဲ့ ပြန်ရောင်းတာ"
အစ်ကိုလင်းသည် ရွှီဖန်း၏မျက်နှာအမူအရာကို မြင်သည့်အခါ မတွန့်ဆုတ်ရဲတော့ဘဲ ချက်ချင်းပင် အမှန်အတိုင်း ပြောလိုက်သည်။
"ဒီလိုလား"
ရွှီဖန်းသည် သူလိုချင်တာ သိသွားပြီးနောက် နှုတ်ခမ်းတင်းတင်းစေ့ထားမိသည်။ သူတို့က ရွာသားတွေဆီက ဘိန်းပင်များကို သိမ်းပိုက်ချင်နေသည့်ပုံပင်။
"ဟုတ်ကဲ့ ပြောပါ...အစ်ကိုကြီး၊ ဘယ်လောက်ပဲ သက်မှတ်ပါစေ ကျွန်တော် ပေးနိုင်ပါတယ်"
ရွှီဖန်းက ပိုက်ဆံလိုချင်နေတာကို မြင်တော့ အစ်ကိုလင်းလည်း သက်ပြင်းချလိုက်မိသည်။ သူဘက်က ပိုက်ဆံပေးနေသရွေ့ ရွှီဖန်း သူ့ကို တိုက်ခိုက်မှာ မဟုတ်ဘူးဟု သူထင်ခဲ့သည်။
သို့သော် သူက ရွှီဖန်းအကြောင်း အနည်းငယ်သာ သိထားမှန်း ထင်ရှားလှသည်။ ရွှီဖန်းသည် အစ်ကိုလင်းကို ကြည့်ကာ နှုတ်ခမ်းမဲ့လိုက်သည်။
"ကောင်းပြီလေ မင်းကို ငါ့ပိုက်ဆံနဲ့ မြှုပ်ပစ်မယ်၊ မင်းရဲ့ပိုက်ဆံလား...ငါမလိုနေဘူး"
ထိုသို့ပြောပြီးနောက် အစ်ကိုလင်း၏ အသနားခံမှုကိုဂရုမစိုက်ဘဲ ရွှီဖန်းသည် လက်သီးတစ်ချက်ဖြင့် အစ်ကိုလင်းအား တန်းပြီး သတိမေ့သွားအောင် ထိုးလိုက်သည်။
ထို့နောက်မှာတော့ ရွှီဖန်းသည် ထိုလူများကို တစ်
ယောက်ပြီးတစ်ယောက် တောထဲသို့ ပစ်ထုတ်လိုက်
သည်။ ရွှီဖန်း၏ကြမ်းတမ်းသောတစ်ဖက်ခြမ်းကြောင့် အဘိုးအဘွားစုံတွဲသည် တော်တော်လေး ကြောက်လန့်သွားကြသည်။
ရွှီဖန်း အထဲကိုပြန်လာခဲ့ပြီးနောက် အဘိုးအိုတို့နှစ်ယောက်ကို အေးစက်သောအမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ဘာလို့ ကျွန်တော့်ကို လိမ်တာလဲ"
"ဘာကို လိမ်တာလဲ"
အဘိုးအိုသည် ရွှီဖန်း၏စကားကိုကြားသောအခါ မှင်သက်သွားခဲ့ပြီး ရှုပ်ထွေးနေသည့်အကြည့်ဖြင့် ကြည့်ကာ မေးလိုက်မိသည်။
ရွှီဖန်းကတော့ သူ့ခေါင်းကိုလှည့်ကာ အဘိုးအိုအား စူးစိုက်ကြည့်လိုက်သည်။ သူ၏အကြည့်က မြှားတစ်စင်းကဲ့သို့ပင် အဘိုးအိုအား တုန်ယင်ကာ ကြောက်စေခဲ့သည်။ သူ အမြန်ပင် ဆက်ပြောလိုက်သည်။
"အဘိုး မင်းတို့ကို ဘယ်တုန်းကမှ မလိမ်ခဲ့ဖူးဘူး၊ မင်းတို့ ဘယ်ကလာမှန်းတောင် တကယ်မသိတာ"
ရွှီဖန်းလည်း မျက်မှောင်ကြုတ်သွားခဲ့သည်။ အဘိုးအိုက လိမ်နေပုံမပေါ်သည်ကို မြင်ပြီးနောက် မေးလိုက်သည်။
"ဒါဆို သူတို့က ဘာလို့ ဒီမှာဘိန်းစိုက်ကြတယ်လို့ ပြောခဲ့တာလဲ"
"ဘိန်းလား"
အဘိုးအိုသည် ထိုစကားကိုကြားသည့်အခါ ခဏတာမျှ စဉ်းစားပြီးနောက် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
"မင်းက ဒီမှာပေါက်နေတဲ့ အလွန်ရှားပါးတဲ့ ပန်းအကြောင်းကို ပြောနေတာလား၊ ဒါပေမဲ့ အဘိုးတို့က အဲ့ဒါကို ဘိန်းလို့ ခေါ်မှန်းမသိခဲ့ဘူး၊ အဲ့ဒီလူအုပ်စုက ဒီမြေကို ရောင်းလိုက်ပြီဆိုပြီးတော့ အဘိုးတို့ကို ပြောင်းခိုင်းတယ်၊ သူတို့က အဲ့ဒီပန်းတွေကိုမြင်ပြီး ဘိန်းလို့ ခေါ်ကြတာနေမှာ"
"ဘယ်လို...ဘိန်းက ဘာကိုဆိုလိုတာမှန်း တစ်ကယ်မသိဘူးလား"
ပိုင်ယွီကလည်း အဘိုးအဘွားနှစ်ယောက်အား သံသယမျက်လုံးများဖြင့် ကြည့်လိုက်မိသည်။
လင်းရှောင်ရှောင်းက...
"သူတို့ ဘိန်းအကြောင်းကို ဘာမှသိပုံမရဘူး၊ မဟုတ်
ရင် ဒီလောက်ဆင်းရဲနေမှာ မဟုတ်ဘူးလေ"
"ဟုတ်သားပဲ"
ထိုစကားကို ကြားတော့ ပိုင်ယွီလည်း အသက်ရှူမှားသွားခဲ့သည်။ ဤကြုံတွေ့မှုက သာမန်ကိစ္စ မဟုတ်ဘူးဟု သူမ ခံစားနေရသည်။
"ရွှီဖန်း အပြင်ထွက်ပြီး သူတို့ကို ရှာကြည့်လိုက်ပါလား၊ သူတို့ဆီမှာ ဖုန်းရှိရမယ်၊ ကျွန်မတို့မိသားစုနဲ့ ဆက်သွယ်နိုင်ရင် အရာအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားမယ်ထင်တယ်"
လင်းရှောင်ရှောင်းသည် ရွှီဖန်းကိုကြည့်၍ ပြောလာသည်။
ထိုအခါကျမှ ရွှီဖန်း၏မျက်လုံးများ လင်းလက်သွားသည်။ သူတို့ဆီမှာ ဖုန်းတော့ သေချာပေါက်ရှိရမည်။ ထိုအကြောင်းကိုစဉ်းစားမိတော့ ရွှီဖန်းသည် ချက်ချင်းပင် အပြင်ထွက်သွားကာ ဖုန်းအများကြီးဖြင့် ပြန်
ရောက်လာခဲ့သည်။
အချိန်အကြာကြီး ရှာဖွေပြီးနောက်မှာ စကားဝှက်မထားထားသည့် ဖုန်းတစ်လုံးကို နောက်ဆုံးမှာ ရှာတွေ့ခဲ့သည်။ လင်းရှောင်ရှောင်းသည် သူမ၏လင်းမိသားစုကို အလျင်အမြန် ဆက်သွယ်လိုက်သည်။ ဒီကနေတစ်ဆင့် သူတို့ဘက်ကလည်း လင်းရှောင်
ရှောင်း၏သတင်းအချက်အလက်များကို သိခဲ့ရသည်။
"သူတို့က နာရီဝက်အတွင်း ရောက်မယ်လို့ ပြောတယ်"
ဖုန်းချပြီးနောက် လင်းရှောင်ရှောင်းသည် အားလုံးကို ထိုသတင်းအား ပြောပြလိုက်သည်။
"ဒါဆို ငါတို့ ဒီရွာကိုရော ဂရုမစိုက်တော့ဘူးလား"
အခုအချိန်၌ ပိုင်ယွီက ထိုအကြောင်းကို ပို၍စိတ်ပူနေမှန်း သိသာလှသည်။ လင်းရှောင်ရှောင်းက သူမကို တစ်ချက်ကြည့်ကာ...
"မစိုးရိမ်ပါနဲ့ ဒီကိစ္စကို တာဝန်ယူပေးမယ့်သူတွေကိုလည်း ခေါ်ထားပြီးသားပါ"
"ကောင်းပြီ"
ပိုင်ယွီလည်း ထိုစကားကို ကြားတော့ သူမ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာသည်။ သူမ ချက်ချင်း လှည့်ကာ အဘိုးအဘွားစုံတွဲကို ကြည့်လိုက်သည်။
"အဘိုးနဲ့အဘွားတို့ ရွှေ့ပြောင်းစရာ မလိုတော့ဘူး၊ ခဏနေရင် ကာကွယ်ပေးမယ့်သူတွေ ရောက်လာလိမ့်မယ်"
လက်ရှိအချိန်၌ အဘိုးအဘွားစုံတွဲသည် ရွှီဖန်းတို့အဖွဲ့၏စကားကို လုံးဝ သံသယမဝင်တော့ပေ။ ပိုင်
ယွီ၏စကားကို ကြားတော့ သူတို့ ချက်ချင်းပင် ဦးညွှတ်ကာ မျက်လုံးများနီရဲစွာဖြင့် ကျေးဇူးတင်
လာကြသည်။
လင်းမိသားစုက နာရီဝက်အတွင်း လာကြိုမည်ဟု လင်းရှောင်ရှောင်းက ပြောခဲ့သည်။ လင်းရှောင်
ရှောင်း၏ခန္ဓာကိုယ်မှာ သိပ်မကောင်းသေးပေ။ ဒါကြောင့် ရွှီဖန်းလည်း အနည်းငယ် စိုးရိမ်နေတုန်းပင်။ ဒါ့အပြင် ရွှီဖန်း ခန့်မှန်းကြည့်ရသလောက် သူ ခုနစ်
ရက်လောက် အပြင်ရောက်နေတာဖြစ်၍ ချန်ဟိုင်းပြည်နယ်၌ အတော်လေး ဆူပူနေလောက်ပြီဖြစ်သည်။
သူတို့ဓာတ်ခွဲခန်းကို ရောက်သွားတုန်းက လျိုယွမ်
ချန်တို့ မြေးအဘိုးသည် ရွှီဖန်း သေပြီဆိုသောသတင်းအမှားတစ်ခုကို အထူး လွှင့်ခဲ့သည်။ သူ ဒါကို စဉ်းစားလေလေ ချက်ချင်းပင် ပျံသန်းပြီး အရောက်သွားချင်မိသည်။
အချိန်က တိကျပေသည်။ နာရီဝက်ကြာပြီးနောက်မှာ ရဟတ်ယာဉ်သည် ရွှီဖန်းတို့ ခေါင်းပေါ်ရှိ ကောင်းကင်ပေါ်တွင် တောက်ပသောအလင်းရောင်
နှင့်အတူ ပေါ်လာခဲ့သည်။
လင်းကျန့်ကျန်းလည်း လေယာဉ်ပေါ်မှာ ပါလာခဲ့သည်။ ပြီးခဲ့သည့် ခုနစ်ရက်အတွင်း လင်းရှောင်
ရှောင်း၏ ပျောက်ဆုံးမှုက လင်းကျန့်ကျန်းအား အလွန်အမင်း စိုးရိမ်ပူပန်စေခဲ့ပြီး ရွှီဖန်း သေဆုံးသွားပြီဆိုသည့် သတင်းကို သူရခဲ့သည်။ လင်းကျန့်ကျန်းမှာ သတိမေ့လုနီးပါး ဖြစ်ခဲ့ရပြီး ပြီးခဲ့သည့်ခုနစ်ရက်
အတွင်း လင်းရှောင်ရှောင်းအား လိုက်ရှာခဲ့ရသည်။
လေယာဉ်က ခြံအပြင်ဘက်ရှိ တောနက်ထဲတွင် ရပ်
သွားသည်။ လင်းကျန့်ကျန်းသည် လေယာဉ်ပေါ်ကနေ ဆင်းလာပြီး လင်းရှောင်ရှောင်းဆီသို့ အလျင်အမြန် လျှောက်လာခဲ့သည်မှာ လမ်းပေါ်ရှိ တစ်ခုခုနှင့်ပင် တိုက်မိပြီး လဲကျလုနီးပါး ဖြစ်ခဲ့လေသည်။
*********************