← Chapters

ကျွန်မ အိပ်မက်မက်နေတာလား

Vol. 23 Ch. 342

ကျွန်မ အိပ်မက်မက်နေတာလား

Vol. 23 Ch. 342

ကော်ဖီဆိုင်ထဲတွင် ရှယန်ယွိ၏သတိသည် တဖြည်းဖြည်း လွတ်တော့မလိုဖြစ်နေ၏။ ဝမ်ကျန်းကျုံး၏မျက်လုံးများက ရူးသွပ်သလို နီရဲနေခဲ့သည်။ ရှယန်ယွိ သူ့ကို ပေးခဲ့သော အရှက်ခွဲမှုအတွက် သူမ၏မျက်နှာကို သူ ဆက်တိုက်ပါးရိုက်နေခဲ့သည်။

ထိုအချိန်မှာပင် ချန်ဟိုင်းပြည်နယ် ရဲတပ်ဖွဲ့ဆီသို့ ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာခဲ့သည်။ ရှလုပ်ငန်းစု၏ဥက္ကဌဖြစ်သော ရှယန်ယွိ ပြန်ပေးဆွဲခံရပြီး မီလုကော်ဖီ

ဆိုင်သို့ ခေါ်သွားသည်ဆိုသော အကြောင်းပင်။ ထိုဖုန်းခေါ်ဆိုက ချန်ဟိုင်းရဲစခန်းကို လှုပ်ခတ်သွားစေခဲ့ပြီး အဆင့်မြင့်အရာရှိများ၏အာရုံစိုက်မှုကိုလည်း ဆွဲဆောင်ခဲ့သည်။

ချန်ဟိုင်းရဲတပ်ဖွဲ့သည် သူတို့၏တပ်ဖွဲ့ဝင်အားလုံးကို ချက်ချင်း လှုပ်ရှားစေခဲ့ပြီး မီလုကော်ဖီဆိုင်သို့အရှိန်အဟုန်ပြင်းပြင်းဖြင့် ဦးတည်သွားခဲ့သည်။

"မင်းက တကယ် ခံနိုင်ရည်ရှိတာပဲ"

ရှယန်ယွိသည် သူမပါးစပ်ထဲရှိ သွေးများကို အကုန်ထွေးထုတ်လိုက်သည်။ သူမက ခေါင်းထောင်ကာ ဝမ်ကျန်းကျုံးကို ပြုံးပြလိုက်သည်။ ထိုအပြုံးက အနည်းငယ် စိတ်နှလုံးနာကျင်ဖွယ်ရာကောင်းနေသည်။ 

"ဝမ်ကျန်းကျုံး နင့်ကို ငါဘာလို့မကြိုက်လဲဆိုတာ သိလား"

ဝမ်ကျန်းကျုံးလည်း မှင်သက်သွားသည်။

"ဘာလို့လဲ ရွှီဖန်းကြောင့်လား၊ သူ့ရဲ့ခွန်အားကလွဲရင် သူ့မှာကောင်းတာဘာမှမရှိဘူးဆိုတာလေး ထည့်ပြောစမ်းပါဦး"

သူ မဆိုင်းမတွပင် ပြောလိုက်သည်။

ရှယန်ယွိသည် ဝမ်ကျန်းကျုံးအား လျော့ရဲစွာကြည့်

လိုက်သည်။ ရွှီဖန်း၏ပုံရိပ်က သူမစိတ်ထဲ ပေါ်လာသည်။ 

"ဘာလို့လဲဆိုတော့ သူက ယောက်ျားတစ်ယောက်

ဖြစ်လို့ပဲ၊ သူ့ဘေးနားမှာ စကားတစ်လုံးမှပြောခွင့်မရဘဲ ထိုင်နေရရင်တောင် ငါ စိတ်ချမ်းသာတယ်၊ မိုးပြိုလာရင်တောင်မှ သူရှိနေရင် ငါမကြောက်ဘူး"

"ဖြီး!"

ထိုစကားကို ကြားတော့ ဝမ်ကျန်းကျုံးသည် ပို၍ဒေါသထွက်သွားခဲ့သည်။ သူ မြေပြင်ပေါ်သို့တံတွေးထွေးလိုက်ပြီး ရှယန်ယွိအား နက်နဲသောမုန်းတီးမှုအပြည့်ဖြင့် ကြည့်ကာ...

"ကောင်းပြီ၊ အခု မိုးပြိုနေပြီဆိုတော့ သူ မင်းကို လာကယ်နိုင်ဦးမလားဆိုတာ ကြည့်ရအောင်"

ဝမ်ကျန်းကျုံးသည် သူ့လက်ကိုမြှောက်၍ ရှယန်ယွိကို ပါးရိုက်ရန် ပြင်လိုက်သည်။

သို့သော် ဒီတစ်ခါမှာတော့ ရှယန်ယွိသည် ရှောင်ဟန်မပြုပေ။ ထိုအစား သူမမျက်လုံးထဲ၌ အလင်းရောင်

တစ်ချက်လက်သွားကာ ကော်ဖီဆိုင်၏ဝင်ပေါက်ကို ကြည့်နေသည်။ သူမ ကိုယ့်ကိုယ်ကိုယ် တိုးတိုးလေး ပြောနေလေသည်။

"ငါ အိပ်မက်မက်နေတာလား"

"အိပ်မက်မက်နေတာမဟုတ်ဘူး၊ ကိုယ်မင်းကို လာကယ်တာ"

ဝမ်ကျန်းကျုံးသည် မရိုက်လိုက်ရဘဲ သူ့အနောက်က အသံကြောင့် မှင်သက်သွားခဲ့သည်။ သူ တုန်ယင်စွာဖြင့် မယုံနိုင်သောအမူအရာနှင့်အတူ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ ဝမ်ကျန်းကျုံးသည် 

ရောက်လာသူကို မြင်သောအခါ သူ့မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

"ဒါ မဖြစ်နိုင်ဘူး!"

"ဒုံး!"

သူ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဖန်တံခါးတစ်ခုကလည်း လွင့်စဉ်၍ကျိုးပဲ့သွားသည်။ တကယ်ပင် ကော်ဖီဆိုင်၏တံခါးဖြစ်နေသည်။ ရွှီဖန်းက ဆွဲဖြုတ်လိုက်တာဖြစ်ပြီး ဝမ်ကျန်းကျုံးကိုပါ ဖန်ကွဲစများ ထိမှန်သွားခဲ့သည်။

ရွှီဖန်း၏အော်ရာကသာ လူသတ်နိုင်မည်ဆိုလျှင် သူ ရွှီဖန်း၏လက်ထဲမှာ သေနေလောက်ပြီဖြစ်သည်။

ရွှီဖန်း၏မျက်နှာက အလွန်မည်းမှောင်နေသည်။ ဖန်ကွဲစအစအနများကြောင့် သွေးစိမ်းရှင်ရှင် ထွက်နေသည့် ဝမ်ကျန်းကျုံး၏ခန္ဓာကိုယ်ကို သူ ကြည့်လိုက်သည်။ 

သို့သော် ရွှီဖန်းသည် ဆက်လက်တိုက်ခိုက်ခြင်းမရှိခဲ့ဘဲ ရှယန်ယွိကို ကြိုးဖြည်ပေးရန်သာ အလျင်အမြန် သွားခဲ့သည်။

အခုအချိန်အထိ ရှယန်ယွိမှာ စိတ်ရှုပ်ထွေးနေတုန်းပင်။ သူမအရှေ့မှာ ဖြစ်ပျက်နေသည့် အရာအားလုံးကို မျက်လုံးဖြင့်မြင်နေရသော်လည်း မယုံနိုင်သေးပေ။

"နောက်ကျသွားလို့ တောင်းပန်ပါတယ်" 

ရွှီဖန်းသည် ရှယန်ယွိအား ချစ်ခြင်းမေတ္တာအရိပ်အယောင်များ ပြည့်နေသော မျက်လုံးဖြင့် ကြည့်လိုက်သည်။

ရှယန်ယွိသည် ထိုစကားကို ကြားသောအခါ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့သည်။ ထို့နောက် သူမ၏လက်ကို ဖြည်းဖြည်းချင်းမြှောက်ကာ ရွှီဖန်း၏ပါးပြင်ကို ထိကြည့်မိသည်။

ရွှီဖန်း၏နွေးထွေးမှုကို ထိတွေ့လိုက်ရသောအခါ သူမမျက်နှာပေါ်၌ မျက်ရည်များဖြင့် ပြည့်နှက်သွားသည်။ သူမရင်ထဲရှိ အဆုံးမရှိသောသောကများ၊ တောင့်တမှုများနှင့်အတူ ရွှီဖန်း၏ရင်ခွင်ထဲသို့ ပြေးဝင်သွားလိုက်သည်။

"ရှင် မသေဘူးဆိုတာ ကျွန်မသိတယ်၊ ပြီးခဲ့တဲ့ရက်

အနည်းငယ်ကတည်းက ကျွန်မ စိုးရိမ်လို့သေတော့မယ်ဆိုတာ ရှင်သိရဲ့လား"

ရှယန်ယွိသည် ဤကာလအတွင်းရှိ သူမ၏ခံစားချက်များကို ရွှီဖန်းကိုပြောပြရင်း ရွှီဖန်း၏နောက်ကျောကို ထုနေခဲ့သည်။

ရှယန်ယွိကိုကြည့်၍ ရွှီဖန်း မျက်မှောင်ကြုတ်လိုက်

သည်။ သူ ရှယန်ယွိအား တင်းတင်းကျပ်ကျပ် ဖက်ထားရင်း သူ့ရင်ခွင်ထဲမှာ ငိုခွင့်ပေးလိုက်သည်။ သူ သူမကို ပုတ်ပေးကာ....

"အကုန်လုံး ကိုယ့်အပြစ်ပါ၊ နောက်ကျသွားလို့ တောင်းပန်ပါတယ်"

"ဝူး ဝူး ဝူး~~ ရှင် မသေတာ အရမ်းကောင်းတယ်"

"အင်း ကိုယ်မသေဘူး အခု ကိုယ်ပြန်ရောက်လာပြီ၊ ပြီးခဲ့တဲ့ရက်အနည်းငယ်က မင်းကို အနိုင်ကျင့်ခဲ့တဲ့သူတွေအားလုံးကို ပြန်ပေးဆပ်ခိုင်းမယ်"

ရွှီဖန်းသည် ထိုသို့ပြောနေရင်းဖြင့် ဘေးနားမှာ ရပ်နေသည့် လူဆယ်ယောက်ကျော်ကိုရော မြေပြင်ပေါ်ကနေတုန်ယင်စွာထကာ ထွက်ပြေးရန် ပြင်ဆင်နေသည့် ဝမ်ကျန်းကျုံးကိုပါ တစ်ချက်ကြည့်လိုက်သည်။ 

"ထိုင်ပြီး ကြည့်နေ"

ရွှီဖန်းသည် ရှယန်ယွိကို တွဲခေါ်၍ ဘေးနားရှိ ဆိုဖာပေါ်မှာ ထိုင်စေလိုက်သည်။ ထို့နောက် သူ တစ်ဖက်ကိုလှည့်ကာ အေးစက်သောမျက်လုံးအကြည့်များဖြင့် ဝမ်ကျန်းကျုံးဆီကို လျှောက်သွားခဲ့သည်။

"တိုက်ခိုက်!" 

ရွှီဖန်း သူ့ဆီလာနေတာကို မြင်တော့ ဝမ်ကျန်းကျုံးမှာဖန်ကွဲစ အစအနများနှင့် ထိုးဖောက်ခံထားရသည့် ခန္ဓာကိုယ်ပေါ်မှ နာကျင်မှုကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ အလွန်ကြောက်သွားခဲ့သည်။ သူ ထရပ်ကာ နောက်ကို အနည်းငယ်ဆုတ်၍ သူ့ဘေးနားမှလူများကို ရွှီဖန်းကို သွားတိုက်ခိုက်ရန် လက်ဝှေ့ယမ်းလိုက်သည်။

အခြားလူများအတွက်ကတော့ ရွှီဖန်း တံခါးကနေဝင်လာကတည်းက သူ၏လုပ်ဆောင်မှုကြောင့် ထိတ်လန့်ခဲ့ကြလေသည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် မဝံ့မရဲ ကြည့်လိုက်မိကြသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် ပိုက်ဆံအတွက် လာခဲ့တာဖြစ်၍ ဒီလို နတ်ဆိုးမျိုးနှင့်ကြုံရသောအခါ အသက်

ရှင်ရန်ကလွဲ၍ ကျန်တာ အရေးမကြီးတော့ပေ။

"မင်းတို့ ဆယ်ယောက်ကျော်တောင်မှ သူ့ကို မနိုင်ဘူးလား"

ထိုအချိန်၌ ဝမ်ကျန်းကျုံးက ထပ်ပြောလာသည်။ ထိုလူအုပ်စုသည် တွန့်ဆုတ်နေသော်လည်း ဝမ်ကျန်းကျုံး၏စကားများက သူတို့ကို ပို၍ဒေါသထွက်စေခဲ့သည်။ 

လူတစ်ဒါဇင်ကျော်လောက် ရှိတာလည်းမှန်၏။ သူတို့

က လူတစ်ယောက်တည်းကိုတောင် မတိုက်ရဲကြပေ။ ထိုအကြောင်းကို စဉ်းစားမိတော့ တစ်ယောက်က ဦးဆောင်ကာ လက်သီးဆုပ်၍ ရွှီဖန်းဆီသို့ အပြေးအလွှား တိုးဝင်သွားခဲ့သည်။

တစ်ယောက်က ဦးဆောင်လိုက်သည်နှင့် ကျန်လူများကလည်း တွန့်ဆုတ်မနေတော့ပေ။ ဒီအလုပ်လုပ်နေသည့်လူတွေကလည်း ရဲရင့်သောသူများပင်။ အချို့ဆိုလျှင် ခုံတစ်လုံး၊ ဖန်ခွက်တစ်လုံးကို ကောက်ယူကာ သူတို့၏သတ္တိကို မြှင့်တင်၍ ရွှီဖန်းဆီသို့ ပြေးဝင်လာကြသည်။ 

ဒါကို မြင်တော့ ရွှီဖန်းသည် သူ့လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့သည်။

"သူတို့ကို မသတ်ပါနဲ့၊ ရွှီဖန်း ကျွန်မ ကြောက်တယ်၊ ရှင် ပြန်လာတာအရမ်းကောင်းတယ်၊ ဒီတစ်ခါ ရှင်သေသွားတဲ့သတင်းကိုကြားပြီးနောက်မှာ ကျွန်မ အကုန်လုံးကို သေချာနားလည်သွားခဲ့ပြီ"

သို့သော် ထိုအချိန်၌ ရှယန်ယွိအသံက ရွှီဖန်း၏နောက်ကျောကနေ ထွက်လာခဲ့သည်။ ရွှီဖန်းသည် သူ့ခန္ဓာကိုယ်ထဲသို့ အေးစက်သောခံစားမှုတစ်ခု ဖြတ်သန်းသွားခြင်းကို မထိန်းနိုင်ဖြစ်သွားခဲ့သည်။ ရှယန်ယွိ၏အသံက တူရိုက်သံလိုပင် ရွှီဖန်း၏လက်သီးအား ပြေလျော့စေခဲ့သည်။

လူတစ်ဒါဇင်ကျော်၏လက်သီးများက ရောက်လာပြီဖြစ်သော်လည်း ထိုရက်စက်ကြမ်းကြုတ်ပုံပေါ်သောတိုက်ခိုက်မှုက ရွှီဖန်း၏မျက်လုံးထဲ၌ အဆများစွာ နှေးကွေးသွားခဲ့သည်။ သူ ဘေးကိုနည်းနည်းလေး ရွေ့လိုက်ရုံနှင့် တစ်ဖက်လူ၏လက်သီးကို ရှောင်တိမ်းနိုင်ခဲ့သည်။ ထို့နောက် သူ့လက်ဖဝါးကို ထိုလူ၏ဝမ်းဗိုက်ပေါ်ကို ပွတ်ဆွဲလိုက်သောအခါ ထိုလူ၏ခန္ဓာကိုယ်က လွင့်စင်သွားခဲ့သည်။ သို့သော် ရွှီဖန်းသည် သူ့လက်ဆကို ထိန်းထားခဲ့ပြီး လူ့အသက်ကို မသတ်ခဲ့ပေ။

ရွှီဖန်း၏လုပ်ရပ်အား အနောက်မှနေ၍ တိုက်ခိုက်လာသည့် လူများလည်း မြင်သွားခဲ့သည်။ သူတို့အားလုံး အံ့အားသင့်သွားသော်လည်း အချို့မှာ မထိန်းနိုင်တော့ပေ။ ခုံကိုကိုင်ထားသောသူသည် လေထဲကို ခုန်

တက်ပြီး ရွှီဖန်းကို လှမ်းရိုက်ချလေသည်။

ရွှီဖန်းကတော့ မရှောင်တိမ်းဘဲ ခုံဖြင့်ရိုက်ချခွင့်ပြုထားသည်။ ထို့နောက် သူ့လက်မောင်းကို မြှောက်ကာကာကွယ်လိုက်သည်။ ခုံက အပိုင်းပိုင်းကွဲသွားခဲ့သော်လည်း ရွှီဖန်းကတော့ လုံးဝ အကောင်းပကတိပင်။ ထိုလူကမူ လက်ထဲကျန်နေသည့် ခုံတစ်ဝက်ကို ကိုင်ကာ မြေပြင်ပေါ်ပြန်ကျလာသည်။

"ဖြန်း!"

ရွှီဖန်း ထိုလူကို ပါးရိုက်လိုက်သောအခါ မြေပြင်ပေါ်၌ အကြိမ်အနည်းငယ်လည်နေပြီး လဲကျသွားခဲ့သည်။

ထို့နောက် ဘယ်သူကမှ ဆက်တက်ရန် မရဲတော့ပေ။ သူတို့အားလုံးသည် ရွှီဖန်းအား ကြောက်ရွံ့မှုအပြည့်

ဖြင့်ကြည့်ကာ နောက်ဆုတ်သွားကြသည်။

ရွှီဖန်းကတော့ ဝမ်ကျန်းကျုံးကို စူးစိုက်ကြည့်

နေသည်။ ဝမ်ကျန်းကျုံးကမူ ထောင့်တစ်ထောင့်ကို ဆုတ်ခွာသွားခဲ့ပြီဖြစ်သည်။ သို့သော် ရွှီဖန်းက တံခါးဘေးမှာ ရပ်နေတာမလို့ သူ လုံးဝထွက်ပြေးလို့ မရတော့ပေ။

"သွား သွား! သွားလေ! ဘာကို ကြောက်နေတာလဲ၊ သွား! ဟိုကောင်ကို သွားတိုက်စမ်း! သူ့ကို သတ်နိုင်ရင် ငါ မင်းတို့ကို ပိုက်ဆံအများကြီးပေးမယ်" 

ဝမ်ကျန်းကျုံးသည် သူ့ဘေးနားမှ လူများကို အသက်လုတိုက်ခိုက်ရန် ဆက်ပြီး လှုံ့ဆော်နေခဲ့သည်။

သို့သော် ဝမ်ကျန်းကျုံး၏အော်သံက အလဟဿဖြစ်နေတာ ထင်ရှားလှသည်။ ရွှီဖန်းက ဖြည်းဖြည်းချင်း သူ့အရှေ့ကို လျှောက်လာလေသည်။

ဝမ်ကျန်းကျုံးသည် ကြောက်လန့်တကြားဖြင့် ချက်ချင်းပင် မြေပြင်ပေါ်သို့ ထိုင်ချကာ...

"မလုပ်နဲ့! ငါ့ကို မသတ်ပါနဲ့! မြန်မြန်ရဲခေါ်လိုက်...မြန်

မြန်ခေါ်စမ်း! သူ ငါ့ကို သတ်ချင်နေတာ!" 

ဝမ်ကျန်းကျုံးသည် ရွှီဖန်း၏မျက်လုံးထဲ၌ သတ်

ဖြတ်ချင်နေသောစိတ်ကို မြင်လိုက်ရပြီး သူ့အဖေက ရွှီဖန်းအကြောင်း ပြောပြခဲ့ဖူးသည်ကို သတိရသွားခဲ့သည်။ မကြာလိုက်ပေ၊ ဆီးနံ့က ပျံ့နှံ့လာခဲ့သည်။

ဝမ်ကျန်းကျုံးသည် သူ့ကို ရွှီဖန်း မထိရခင်မှာပင် သူ့ဘောင်းဘီထဲ၌ ဆီးသွားမိသည်အထိ ကြောက်နေလေပြီ။ ဝမ်ကျန်းကျုံးကို ကြည့်ရင်း ရွှီဖန်း၏မျက်လုံးထဲ၌ မထီမဲ့မြင်ပြုသောအကြည့်တစ်ခု ဖြတ်သန်းသွားခဲ့သည်။ သို့သော်ငြား လက်ရှိအချိန်တွင် ရွှီဖန်းသည် လှောင်ပြောင်သောစကားတစ်ခွန်း ပြောရန်တောင် စိတ်မပါနေပေ။ 

သူ ဝင်လာတုန်းက မြင်ကွင်းကိုတွေးမိတော့ ရွှီဖန်း၏ ရင်ထဲ၌ နာကျင်မှုတစ်ခုကို ပြန်ခံစားလိုက်ရသည်။ ထိုအကြောင်းကို စဉ်းစားမိသည့်အခါ ရွှီဖန်းသည် ဝမ်ကျန်းကျုံးအား အေးစက်သောအမူအရာဖြင့် ကြည့်ကာ...

"ဒီကိုလာခဲ့"

သူ ခေါင်းပင်မလှည့်ဘဲ သူ့အနီးဆုံးမှလူကို လက်ညှိုးထိုးလိုက်သည်။ 

"ဘာ... ဘာလုပ်မလို့လဲ"

ခန္ဓာကိုယ်တောင့်တင်းသည့်လူသန်ကြီးတစ်

ယောက်မှာ ကြောက်ရွံ့သွားခဲ့ပြီး ရွှီဖန်းကို ကြည့်ကာ ထစ်အအဖြင့် မေးမိသည်။ သူ အရှေ့ကို မတိုးရဲခဲ့ချေ။

"ဒီကိုလာ!" 

ရွှီဖန်းက ရုတ်တရက်လှည့်ကာ အော်လာသည်။

ထိုသူသည် ချက်ချင်းပင် ကြောက်လန့်တကြားဖြင့် တောင့်တင်းသွားကာ မြေပြင်ပေါ်ကို ထိုင်ကျသွားခဲ့သည်။ ရွှီဖန်း၏ဒေါသတကြီးမျက်လုံးများကို မြင်

သည့်အခါ ထိုလူသည် မဆိုင်းမတွပင် အမြန်ထရပ်၍ ရွှီဖန်းအရှေ့ကို ပြေးသွားခဲ့သည်။ သူ ရွှီဖန်းအရှေ့မှာ ရပ်ပြီး တံတွေးမျိုချကာ ကြောက်ရွံ့စွာဖြင့် ကြည့်နေမိသည်။ 

"သူမကို ဘယ်နှကြိမ်ပါးရိုက်ခဲ့တာလဲ"

ရွှီဖန်းသည် ထိုလူအား ကြည့်၍ မေးလိုက်သည်။ 

ထိုလူမှာ မှင်သက်နေပြီး စကားတစ်လုံးမှ မပြောနိုင်ခဲ့ပေ။ 

"ပြောစမ်း!"

ရွှီဖန်း ထပ်အော်လိုက်သည်။

"နှစ်ဆယ် နှစ်ဆယ်ပါ"

ထိုလူမှာ အကြောက်လွန်နေတာကြောင့် မျက်စိစုံမှိတ်ကာ နံပါတ်တစ်ခုကိုပဲ ပြောလိုက်တာလား သို့မဟုတ် တကယ်ပင် အကြိမ်၂၀ရိုက်ခဲ့တာလား မသိနိုင်ပေ။

သို့သော် ရွှီဖန်းကတော့ ထိုစကားကို ကြားသည်နှင့် တစ်ဖက်ကိုလှည့်ကာ ဝမ်ကျန်းကျုံးကို အရိုးထိအေးစိမ့်သွားစေမည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။ 

"ဘယ်လို ပြန်ပေးဆပ်မလဲ ပြော"

"မဟုတ်ဘူး မဟုတ်ဘူး၊ နှစ်ဆယ် မဟုတ်ဘူး၊ သူ လိမ်တာ၊ သူ လိမ်ပြောနေတာ"

ဝမ်ကျန်းကျုံး၏ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်နေရင်း လက်များကို အလျင်အမြန် ဝှေ့ယမ်းနေသည်။ သူ က ကိုယ့်ကိုယ်ကိုယ်အတွက် ဖြေရှင်းချက်တစ်ခု ပေးချင်ခဲ့သည်။

ရွှီဖန်းကတော့ ဝမ်ကျန်းကျုံး၏လက်ဖဝါးကို နင်းလိုက်လေသည်။ ဝမ်ကျန်းကျုံး၏လက်ဖဝါးကို ရွှီဖန်းက တိုက်ရိုက်နင်းလိုက်တာကြောင့် ကြမ်းပြင်

ပေါ်၌ ကြီးမားသောအပေါက်တစ်ခု ကျန်ခဲ့သည်။ ပြီးတာနှင့် ဝမ်ကျန်းကျုံး၏သနားစရာကောင်းသော အော်သံက ထွက်ပေါ်လာခဲ့သည်။ 

"ပြော ဘယ်လို ပြန်ဆပ်မှာလဲ"

ရွှီဖန်း၏မျက်လုံးထဲ၌ အေးစက်မှုအရိပ်အယောင်

တစ်ခု လင်းလက်သွားခဲ့သည်။ သူ ဝမ်ကျန်းကျုံးအား မေးပြီးသည့် မေးခွန်းဟောင်းကိုသာ ဆက်မေးနေခဲ့သည်။

"ပြောပါမယ် ငါ ပြောပါ့မယ်၊ ဘယ်လောက် ဘယ်လောက်လဲဆိုတော့"

ဝမ်ကျန်းကျုံးသည် နာကျင်မှုကိုသည်းခံရင်း ရွှီဖန်း၏မေးခွန်းကို အလျင်အမြန် ပြန်ဖြေလိုက်သည်။

"မင်းက သေခြင်းတရားကို ဖိတ်ခေါ်နေတာပဲ"

ဝမ်ကျန်းကျုံး၏လိုရင်းမရောက်သည့်စကားကိုကြားသောအခါ ရွှီဖန်းသည် ပို၍ ဒေါသထွက်လာခဲ့သည်။ သူ ကြမ်းပြင်မှ ခြေထောက်ကို ပြန်ဆွဲထုတ်၍ နောက်ထပ်ကန်ချက်တစ်ချက်ဖြင့် ဝမ်ကျန်းကျုံး၏ခြေထောက်ကို နင်းချလိုက်သည်။ မြေပြင်

ပေါ်၌ နောက်ထပ်ကြီးမားသော အပေါက်တစ်ပေါက် ဖြစ်သွားခဲ့ပြီး ဝမ်ကျန်းကျုံး၏ခြေထောက်မှာလည်း ပြားဝင်သွားကာ မြေကြီးထဲစိုက်ဝင်သွားသလို ဖြစ်သွားခဲ့သည်။

ဝမ်ကျန်းကျုံးကလည်း ထပ်အော်လာပြီး မျက်ရည်များ စီးကျလာသည်။ 

"ငါ မှားသွားပါတယ်၊ ခွင့်လွှတ်ပေးပါ အစ်ကိုကြီး! ကျေးဇူးပြုပြီး မသတ်ပါနဲ့"

ဝမ်ကျန်းကျုံးသည် ရုပ်ပျက်ဆင်းပျက်မျက်နှာဖြင့် ရွှီဖန်းကို အသနားခံနေသည်။

"မင်းကို ငါက ခွင့်လွှတ်ပေးရမယ်လား၊ ဒါပေမဲ့ မင်းက သူမကိုရော လွှတ်ပေးခဲ့လို့လား၊ ငါ မင်းကို ဘယ်လိုပြန်လုပ်ရမလဲ"

ရွှီဖန်းသည် မျက်လုံးမှေးကျဉ်းလိုက်ကာ 

"သူမပါးရိုက်ခံခဲ့ရတာက မင်းရဲ့အသက်ထက် ပိုပြီးအရေးကြီးတယ်၊ မင်းက သူမကိုအကြိမ်၂၀ ပါးရိုက်ခဲ့တာ...မင်းမှာ အသက်၂၀သက်ရှိရင်တောင် ပေးဆပ်ဖို့ မလုံလောက်ဘူး"

ထိုစကားကို ပြောပြီးနောက် ရွှီဖန်း လက်သီးဆုပ်

လိုက်သည်။ ထို့နောက် သူ၏ကျန်လက်တစ်ဖက်ဖြင့်

ဝမ်ကျန်းကျုံးကို မကာ သူ၏ဝမ်းဗိုက်နောက်ကျောကို လက်သီးဖြင့် ထိုးလိုက်သည်။ 

*********************

All Chapters