← Chapters

ရွှီဖန်း နောက်ပြန်ဆုတ်ခြင်း

Vol. 23 Ch. 343

ရွှီဖန်း နောက်ပြန်ဆုတ်ခြင်း

Vol. 23 Ch. 343

ရွှီဖန်း လက်သီးနှင့်ထိုးချလိုက်တော့ ဝမ်ကျန်းကျုံး သည် ချက်ချင်းပင် အော်သံရပ်တန့်သွားခဲ့သည်။ သူ အသံတောင်မထွက်နိုင်တော့ဘဲ မျက်နှာမှာ ရုတ်တရက် ဖြူဖျော့သွားကာ မျက်ဖြူလန်သွားခဲ့သည်။ သို့သော် သူ အသက်ကတော့ ရှူနေတုန်းပင်။ သူ့နှုတ်ခမ်းထောင့်၌ သွေးစများ ရှိနေ၏။ 

ထိုလက်သီးချက်က ဝမ်ကျန်းကျုံး၏ကျောက်ကပ်ကို သူ့ဗိုက်ကနေတဆင့် တိုက်ရိုက်ဖျက်ဆီးလိုက်ခြင်းပင်။ 

"ပထမဆုံး လက်သီးချက်"

"ဘုန်း!"

ရွှီဖန်း၏နောက်ထပ်လက်သီးချက်က ဝမ်ကျန်းကျုံး၏ပေါင်ခြံကြားထဲကို ကျရောက်သွားခဲ့သည်။ ထိုအရာက ရက်စက်သည်ဟု ပြောလို့ရသည်။ ဘေးနားရှိ လူတစ်ဒါဇင်လောက်သည် ချက်ချင်းပင် သူတို့၏ပေါင်ခြံကို ဖုံးအုပ်လိုက်ကြပြီး သူ့ကို ကြည့်

တောင် မကြည့်ရဲကြတော့ပေ။

ထိုအချိန်၌ ဝမ်ကျန်းကျုံးမှာ နာကျင်မှုကြောင့် သတိလစ်သွားခဲ့ပြီဖြစ်သော်ငြား သူ့အသက်ကတော့ ရှိနေတုန်းပင်။ ဒါကလည်း ရွှီဖန်း၏ရည်ရွယ်ချက် ဖြစ်သည်။ သူ့ကို အကြိမ်ကြိမ် နှိပ်စက်ချင်သည့်

ရည်ရွယ်ချက်ပင်။ 

"ဒုတိယ လက်သီးချက်"

"ဒဿမ လက်သီးချက်"

လက်ရှိအချိန်တွင် ဝမ်ကျန်းကျုံးသည် ရွှီဖန်း၏လက်ထဲ၌ ရွှံ့ပုံတစ်ခုလို ဖြစ်နေလေပြီ။ 

သို့သော် ရွှီဖန်းမှ သူ၏ဆယ့်တစ်ကြိမ်မြောက် လက်သီးချက်ကို ထိုးရန် လက်မြှောက်လိုက်သောအခါ သူ့အနောက်ကနေ လက်သွယ်သွယ်လေးတစ်ဖက်က ရွှီဖန်း၏လက်ကို ဆွဲကိုင်လာသည်။ ရွှီဖန်း မှင်

သက်သွားကာ လက်သီးကိုထပ်မချတော့ပေ။

"တော်ပြီ ရွှီဖန်း၊ ကျွန်မ ကြောက်လာပြီ၊ အိမ်ပြန်ကြရအောင်" 

ရှယန်ယွိသည် ရွှီဖန်းအား အနောက်ကနေ သိုင်းဖက်

လာသည်။ သူမ၏ခန္ဓာကိုယ်က မထိန်းချုပ်နိုင်စွာ တုန်ယင်နေတုန်းပင်။

ရွှီဖန်းသည် ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် သူ့လက်ထဲမှာရှိနေသည့် ဝမ်ကျန်းကျုံးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သူ တစ်ဖက်ကိုလှည့်ကာ ရှယန်ယွိကို ဖက်လိုက်ပြီး...

"ကောင်းပြီ အိမ်ပြန်ကြရအောင်၊ ဘယ်သူ့ကိုမှ မင်းကို ထပ်ပြီးအနိုင်ကျင့်ခွင့် မပေးတော့ဘူး"

သို့သော် ထိုအချိန်၌ ရွှီဖန်းသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။ 

"သွားရအောင်"

သူ ရှယန်ယွိကို လက်ထဲပွေ့ချီကာ ကော်ဖီဆိုင်၏နံရံတစ်ခုအား လက်သီးဖြင့်ထိုး၍ ပြေးထွက်လာခဲ့သည်။ 

ကော်ဖီဆိုင်ဝင်ပေါက်၌ ဘရိတ်အမြန်နင်းသံတချို့ကို ကြားလိုက်ရလေသည်။ ရဲကားများရပ်တန့်သွားပြီးနောက် ရဲကားတစ်ကား၏အရှေ့ခရီးသည်ထိုင်ခုံတွင် အမျိုးသမီးတစ်ဦး ထိုင်နေခဲ့သည်။ သူမသည် ရဲဝတ်စုံကိုဝတ်ဆင်ထားပြီး ရဲရင့်ပြတ်သားသည့်ပုံ ပေါက်နေသည်။

ထိုအလှပဂေးသည် ရွှီဖန်းတစ်ယောက် နံရံအပေါက်ကနေ ပြေးထွက်သွားသည်ကို မှန်ကနေ မြင်လိုက်ရသော်လည်း ရွှီဖန်း၏မျက်နှာကိုတော့ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။

ကားပေါ်မှဆင်းပြီးနောက် ရဲမေသည် နံရံအပေါက်ဆီသို့ အပြေးအလွှားသွားခဲ့သော်လည်း ရွှီဖန်း၏အရိပ်အယောင်ကိုတောင် မတွေ့ရတော့ပေ။

ရဲမေသည် ဘေးနားမှာလဲကျနေသည့်ဝမ်ကျန်းကျုံးကို တစ်ချက်ကြည့်လိုက်သည်။ ဘေးနားရှိ ကျိုးပဲ့နေသောအုတ်ခဲကို သူမ တက်နင်းကာ ရွှီဖန်း ထွက်ပြေးသွားသည့်ဘက်ကို လှည့်ကြည့်လိုက်သည်။ သူမ အံတင်းတင်းကြိတ်ကာ 

"မိလို့ကတော့ သေမယ်"

"ခေါင်းဆောင် သူက အသက်ရှင်နေတုန်းပဲ၊ တစ်

ယောက်က ဒဏ်ရာအပြင်းအထန်ရထားပြီး ကျန်နှစ်ယောက်ကတော့ အနည်းငယ် ဒဏ်ရာရထားပါတယ်" 

ရဲတစ်ဦးသည် ဝမ်ကျန်းကျုံး၏အခြေအနေကို စစ်ဆေးပြီးနောက် ရဲမေကို အလျင်အမြန် သတင်းပို့လာသည်။

"လက်ဗွေရာတွေကို ဒီနေရာမှာပဲ ယူထားပြီး ဆိုင်အနီးအနားက စောင့်ကြည့်ကင်မရာတွေကို စစ်လိုက်၊ ဆိုင်ထဲမှာရော စောင့်ကြည့်ကင်မရာတွေ ရှိမရှိ စစ်ဆေးပြီး ရှိရင် ငါ့ကိုလာခေါ်၊ ထွက်ပြေးနေတဲ့ ရာဇဝတ်ကောင်ကို ရှာ"

ရဲမေသည် မျက်မှောင်ကြုတ်၍ ပြတ်သားစွာ ပြောလိုက်သည်။

"ဟုတ်ကဲ့"

ဘေးနားရှိရဲတစ်ဦးသည် အလျင်အမြန် ခေါင်းငုံ့လိုက်သည်။ ဤအလှပဂေးရဲမေအား သူ မျက်နှာချင်းဆိုင် မကြည့်ရဲပေ။ 

ထို့နောက် ဝမ်ကျန်းကျုံးကို သူတို့ ဆေးရုံသို့ ပို့ဆောင်လိုက်သည်။ အသက်အန္တရာယ်မရှိတော့သော်ငြား ဘီးတပ်ကုလားထိုင်နှင့်သာ ဘဝကို ဆက်လျှောက်ရတော့မည်။ အလွန်အမင်းလည်း ရှော့ရသွားခဲ့တာကြောင့် ဘယ်တော့မှပြန်ကောင်းလာနိုင်မလဲဆိုတာ မသိနိုင်ပေ။

ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးရေးရုံး၌ ဖြစ်သည်။

"ခေါင်းဆောင် သတင်းအချက်အလက်တွေ ရလာပါပြီ"

ကံကောင်းစွာပင် ရဲမေတစ်ဦးသည် အလှပဂေးရဲမေ၏ဘေးနားမှာ ရပ်ကာ သတင်းပို့လာသည်။ 

"ပြော ဘာလို့ ငါ့ကိုကြည့်နေသေးတာလဲ" 

အလှပဂေးရဲမေသည် သူ့လက်ထဲရှိလက်ဖက်ရည်

ခွက်အား ချကာ စိတ်မရှည်သည့်မျက်နှာဖြင့် ရဲမေကို ကြည့်လိုက်သည်။

"စုံစမ်းစစ်ဆေးမှု ရလဒ်က...ထိပ်တန်းလျှို့ဝှက်

ချက်ဖြစ်ပါတယ်တဲ့၊ ဒါ့အပြင် အာဏာပိုင်တွေက ဖုန်းဆက်လာပြီး စုံစမ်းခွင့်မပြုထားဘူး၊ ဝမ်ကျန်းကျုံးကို ပြန်ပေးဆွဲမှုနဲ့ ထောင်ဒဏ်ဘယ်လောက်ချမှတ်နိုင်

တယ်ဆိုပြီးတော့တောင် သူတို့က ပြောလာပါတယ်၊ အဲ့ဒီလူက သူ့ကိုယ်သူ ကာကွယ်ခဲ့တာတဲ့" 

သတင်းပို့နေသည့်ရဲမေ၏မျက်နှာမှာလည်း မယုံနိုင်

မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူမ ပြောနေသောစကားများကို သူမကိုယ်တိုင်တောင် မယုံနိုင်ခဲ့ပေ။

"ဘာ!"

ထိုစကားကို ကြားတော့ အလှပဂေးရဲမေလည်း မှင်

သက်သွားခဲ့သည်။ သူမ နောက်ကိုမှီလိုက်ကာ လက်ဝှေ့ယမ်း၍ ထွက်သွားရန် ပြောလိုက်သည်။

အလှပဂေးရဲမေတစ်ယောက်တည်းသာ ရုံးခန်းထဲ၌ ကျန်နေခဲ့သည်။ သူမ၏မျက်လုံးများက လေဟာနယ်ကို စိုက်ကြည့်နေပြီး တစ်ခုခုကို စဉ်းစားနေလေသည်။

"နောက်ကွယ်ကနေထောက်ပံ့ပေးနေတဲ့သူက ဘယ်လောက်ပဲကြီးမားပါစေ၊ မင်း ဥပဒေကို ချိုး

ဖောက်ရင်တော့ ငါ မင်းကို ဆွဲချပစ်မှာပဲ" 

ရဲမေသည် သူမ၏မျက်လုံးကိုကျဉ်းမြောင်းကာ သူမလက်ထဲရှိ လက်ဖက်ရည်ခွက်ကို ပြန်ကောက်ကိုင်

လိုက်သည်။

စစ်တပ်မိသားစုအိမ်ရာဝင်း။

လက်ရှိအချိန်မှာတော့ ရွှီဖန်းသည် ရှယန်ယွိအား စစ်တပ်မိသားစုအိမ်ရာဝင်းထဲကို ပြန်ခေါ်လာခဲ့ပြီဖြစ်သည်။ 

အောက်ထပ်မှာရပ်နေသောရွှီဖန်းသည် အိမ်ထဲသို့ မဝင်ရဲသေးပေ။ မည်သို့ပင်ဆိုစေ ဤအရာမှာ သူတို့အတွက် အလွန်ကြောက်စရာကောင်းလှသည်။ ဒီအတိုင်းသာ လူလုံးထွက်ပြလိုက်လျှင် သူတို့ အကြောက်လွန်ပြီး ရှော့ရသွားနိုင်သည်။ 

"ကျွန်မအရင်တက်သွားပြီး သူတို့ကို ပြောပြလိုက်ရမလား"

ရှယန်ယွိ ရွှီဖန်းကို ကြည့်လိုက်တော့ သူ့အတွေးများကို ဖောက်ထွင်းမြင်နိုင်ခဲ့သည်။ 

"အင်း"

ရွှီဖန်း သူမကို ခေါင်းငြိမ့်ပြလိုက်သည်။ ရှယန်ယွိ အရင်ဆုံး တက်သွားပြီး အားလုံး စိတ်ပြင်ဆင်ထားနိုင်ရန် ကြိုပြောပြထားတာက ပိုကောင်း၏။

ရှယန်ယွိကတော့ ခြေလှမ်းကျဲများဖြင့် အပေါ်ထပ်ကို တက်သွားခဲ့ပြီး ရွှီဖန်းကတော့ အောက်ထပ်မှာ စောင့်နေခဲ့သည်။

၁၀မိနစ်မပြည့်ခင်မှာ ရွှီဖန်း၏ဖခင်သည် မျက်လုံးများနီရဲစွာဖြင့် အပေါ်ထပ်ကနေ ဆင်းလာခဲ့သည်။ အပေါက်ဝကိုရောက်လာပြီး ရွှီဖန်းကို မြင်လိုက်

သောအခါ သူ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး မျက်လုံးထဲ၌ မျက်ရည်များဖြင့် ပြည့်နှက်သွားခဲ့သည်။

ရွှီဖန်းလည်း ခဏတာမျှ အံ့အားသင့်သွားခဲ့သည်။ သူ့နှာခေါင်းဝမှာလည်း စူးရှလာပြီး အလျင်အမြန်ပင် ရှေ့ကို တိုးသွားခဲ့သည်။

"အဖေကို စိတ်ပူအောင် လုပ်မိခဲ့ပြီ"

အဖေရွှီ၏လက်မှာ အနည်းငယ်တုန်ယင်နေပြီး ရွှီဖန်း၏မျက်နှာကို အရင်ဆုံး ထိလာသည်။

"ပြန်လာတာ ကောင်းတယ်...ပြန်လာတာ ကောင်းတယ်!"

အဖေရွှီက ဝမ်းသာမျက်ရည်များ စီးကျနေလေသည်။ 

"အမေရော"

သူ့ဖခင်တစ်ယောက်တည်း ဆင်းလာတာကို မြင်တော့ ရွှီဖန်း မေးလိုက်သည်။ 

"အဖေက မင်းရဲ့ပစ္စည်းတွေ ယူဖို့ပြန်လာတာ၊ မင်းအမေနဲ့တခြားသူတွေက ဂူသချိုင်းထဲမှာ ရှိတယ်"

"ဒါဆို မြန်မြန်သွားကြရအောင်"

ရွှီဖန်းလည်း အံ့အားသင့်သွားကာ အလျင်အမြန် ပြန်ဖြေလိုက်သည်။

"ကောင်းပြီ သွားကြရအောင်" 

အဖေရွှီလည်း မတွေဝေနေတော့ဘဲ အမြန်ပင် ဦးဆောင်သွားခဲ့သည်။ သူတို့ သုံးယောက်စလုံး ဆင်ခြေဖုံးမှသင်္ချိုင်းသို့ တက္ကစီဖြင့် သွားခဲ့ကြသည်။ 

သင်္ချိုင်းကို ရောက်သည်နှင့် လူအုပ်ကြီးကို မြင်လိုက်ရသည်။ အနည်းဆုံး လူတစ်ထောင်လောက်တော့ ရှိလိမ့်မည်။

"ဘာလို့ ဒီလောက်များတဲ့လူတွေ ရှိနေတာလဲ" 

ရွှီဖန်းလည်း အံ့အားသင့်သွားခဲ့သည်။ သူတို့ဆီမှာ ဆွေမျိုးမိတ်ဆွေတွေ ဒီလောက်များများ မရှိသင့်ပေ။

"ဗိုလ်မှူးဝူရော တပ်သားစုဆောင်းရေးခေါင်းဆောင်

ရော လာကြတယ်၊ ရှောင်းချောင်ဆိုတဲ့ကောင်မလေး ဘာလုပ်လိုက်လဲတော့ မသိဘူး၊ လူတစ်

ထောင်ကျော်ကို အနက်ရောင်ဝတ်စုံတွေနဲ့ မင်းရဲ့ ခုနစ်ရက်ပြည့်ရက်လည်ကို လုပ်ပေးဖို့ဆိုပြီး ခေါ်လာတာ၊ မြန်မြန်သွားကြည့်လိုက်...ချိုးဆုအာလည်း ဒီမှာရှိတယ်"

အဖေရွှီက ပြောလာ၏။ 

ထိုစကားကိုကြားသောအခါ ရွှီဖန်း၏ရင်ထဲ နွေးထွေးသွားခဲ့သော်ငြား တစ်ချိန်တည်းမှာပင် နာကျင်မှုကိုလည်း ခံစားခဲ့ရသည်။ ဒီလောက် ဆူပူအောင် လုပ်မိခဲ့တာ သူ့အမှားတွေချည်းပင်။ အရင်ကတည်းက သိခဲ့မည်ဆိုလျှင် သူ လျိုမိသားစုနယ်မြေထဲကို ရောက်

သည်နှင့် မြန်မြန်ဆန်ဆန်ပင် ပြတ်ပြတ်သားသားရှင်းပစ်ခဲ့မှာပင်။ သို့သော် အခုကတော့ နောက်ကျသွားလေပြီ။ ရွှီဖန်း ကားပေါ်မှ အလျင်အမြန်ဆင်းကာ လူအုပ်ကြီးဆီသို့ လျှောက်သွားလိုက်သည်။ 

"ဟေး ဒီလူက ဓာတ်ပုံထဲကလူနဲ့ ဘာလို့ဒီလောက်

တောင် တူနေရတာလဲ" 

အနက်ရောင်ဝတ်စုံနှင့်လူအနည်းငယ်သည် ရွှီဖန်း လျှောက်လာတာကို မြင်သည့်အခါ မအံ့သြဘဲ မနေနိုင်ခဲ့ချေ။ သူတို့ အနည်းငယ်ရင်းနှီးသလို ခံစားရသည်။

"ဒါ...သရဲ... သရဲ!"

ရုတ်တရက်ပင် ဘေးနားမှ တစ်ယောက်ကထိတ်လန့်တကြား အော်ဟစ်လာသည်။

ထိုအော်သံကြောင့် လူအများကြီးက ရွှီဖန်းကို လှမ်းကြည့်လာကြသည်။ သူတို့အားလုံးလည်း ထိုလူ၏တုံ့ပြန်မှုနှင့် ဆင်တူသည်။ သူတို့အားလုံးသည် ရွှီဖန်းကြောင့် အံ့အားသင့်ခဲ့ရပြီး သရဲဟု ထင်ကုန်ကြသည်။

ရွှီဖန်းကတော့ ထိုလူတွေကို ရှင်းပြရန် ပျင်းရိနေခဲ့သည်။ သူ လူအုပ်ကြားထဲသို့ တိုးဝှေ့ကာ အရှေ့ဆုံးကို ရောက်သွားခဲ့သည်။ အမေက သူ့အုတ်ဂူရှေ့မှာ ဒူးထောက်နေတာကို သူ မြင်လိုက်ရသည်။ ချိုးဆုအာ၊ ရှောင်းချောင်နှင့် ကျန်လူများကလည်း ရွှီဖန်း၏အမေကို ကူထောက်ပေးထားကြကာ မျက်လုံးများနီရဲရောင်ကိုင်းသည်အထိ ငိုနေကြသည်။

"အမေ!"

ရွှီဖန်း ရှက်ရွံ့သွားကာ မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်ချလိုက်သည်။ သူ့မျက်လုံးထဲကနေလည်းမျက်ရည်နှစ်စက် ကျဆင်းလာခဲ့သည်။

ထိုအချိန်၌ ရွှီဖန်း၏အော်သံကြောင့် အမေဖြစ်သူနှင့် မိန်းကလေးများအားလုံး အံ့အားသင့်သွားကြသည်။ ထို့နောက် သူတို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လာကြကာ ရွှီဖန်းအား မယုံနိုင်စွာကြည့်ရင်း ခန္ဓာကိုယ်များ တုန်ယင်လာကြသည်။ 

ရွှီဖန်း၏အမေကတော့ အုတ်ဂူပေါ်မှ ဓာတ်ပုံကို ပြန်

ကြည့်၍ ခေါင်းပြန်လှည့်လာကာ မယုံနိုင်သေးသည့်အသံဖြင့်...

"ငါ...ငါ အိပ်မက်မက်နေတာလား။ ဖန်းအာက ငါ့ရှေ့မှာ ဒူးထောက်နေတာကို ဘယ်လိုလုပ်မြင်နေရတာလဲ"

"မင်း အိပ်မက်မက်နေတာမဟုတ်ဘူး၊ ငါတို့သားက ပြန်လာပြီ၊ သူ မသေဘူးကွ!" 

ထိုအချိန်၌ အဖေကလည်း ရွှီဖန်း၏အမေကို ရှင်းပြရန် အပြေးအလွှား ရောက်လာခဲ့သည်။ 

ရွှီဖန်း၏အမေသည် ထိုစကားကို ကြားသောအခါ ခဏတာမျှ တောင့်တင်းသွားပြီးမှ ရွှီဖန်းဆီသို့ အလျင်အမြန် ပြေးလာခဲ့သည်။ သူမ၏ခန္ဓာကိုယ်မှာတုန်ယင်နေပြီး ရွှီဖန်း၏ခေါင်းကို ထိလာသည်။

ရွှီဖန်းလည်း သူ့အမေ၏ရင်ခွင်ထဲသို့ ဝင်လိုက်သည်။ သူ၏ရင်ဘတ်က သူ့အမေ၏ရင်ဘတ်နှင့် ထပ်တူပေါင်းစပ်သွားခဲ့သည်။

"အမေ့ရဲ့မလိမ္မာတဲ့သားက...အမေ့ကို ဒုက္ခပေးမိပါပြီ"

"ငါ... ငါ့သားလေး ပြန်လာပြီ"

ရွှီဖန်း၏အမေကတော့ အခုထိ မယုံနိုင်သေးပေ။ ရွှီဖန်းကို ကြည့်နေရင်း သူမ၏လက်များက တုန်ယင်

နေကာ သူ့ကို ထိကြည့်၍ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။

"ဟုတ်တယ်... ငါ့သားပဲ၊ ငါ့သားလေး ပြန်လာပြီ"

ထိုသို့ပြောပြီးနောက် ရွှီဖန်း၏အမေသည် သားဖြစ်သူအား ရင်ခွင်ထဲသို့ တင်းတင်းကျပ်ကျပ် ဖက်လိုက်

လေသည်။

"သားက အမေ့ကို သေအောင်ကြောက်စေခဲ့တာပဲ၊ အမေက သားနဲ့ခွဲရတော့မယ်လို့ တစ်ကယ်ထင်ခဲ့တာ"

"အမေ အိမ်ပြန်ကြရအောင်"

ရွှီဖန်း၏ပြန်လာမှုက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ ထို့ကြောင့် ရွှီဖန်းသည် ပြည်နယ်ရှိဟိုတယ်များမှ စားသောက်ဆိုင်အားလုံးကို ငှားရမ်းကာ လူတိုင်းအား ညစာကျွေးရန်အတွက် များပြားသည့်

ကုန်ကျစရိတ်ကို ထုတ်ပေးခဲ့သည်။

သို့သော်ငြား ရွှီဖန်းကတော့ အစားအသောက်ကို လုံးဝ မပျော်မွေ့ခဲ့ပေ။ နောက်ဆုံးမှာတော့ သူ့အမျိုးသမီးများအားလုံး စုဝေးလာခဲ့ကြသည်။ ရွှီဖန်း၏အမေလည်း ထိုအမျိုးသမီးများကြောင့် ကြက်သေသေခဲ့ရသော်ငြား သူမမျက်နှာပေါ်မှ အပြုံးကို ဖုံးကွယ်

ရန်တော့ ခက်ခဲခဲ့ပေသည်။

ဝမ်မိသားစုမှ သားအဖကလည်း ပြန်ပေးဆွဲမှုနှင့်အတူ ဝမ်ကျုံးကျန့် ထောင်မကျခင်မှာ လုပ်ဆောင်ခဲ့သည့်

တရားမဝင်အလုပ်များအတွက်ပါ သံသယရှိခံခဲ့ရသည်။ 

သို့သော် ဝမ့်စစ်ချီဟု ခေါ်သော အလှပဂေးရဲအရာရှိမလေးသည် ရွှီဖန်းကို မျက်စိကျနေခဲ့သည်။ နိုင်ငံ၏ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းများကို သူမ ဘယ်လိုရှာရမလဲတော့ မသိခဲ့ပေ။ သူမမှာ သက်သေအလုံအလောက်မရှိသေးတာကြောင့် ဝမ့်စစ်ချီသည် ရွှီဖန်းကို ဘာမှမလုပ်နိုင်ခဲ့ဘဲ ရွှီဖန်းမှ သူ၏မြေခွေးအမြီးအား ထပ်ထုတ်လာမည့်အချိန်ကိုသာ စောင့်နေလေသည်။ 

သို့သော် ရွှီဖန်းကတော့ ထိုအကြောင်းများကို ဘာတစ်ခုမှ မသိသေးပေ။ 

အခြေစိုက်ရုံး၏ရှယ်ယာကိစ္စကလည်း လုံးဝ ဖြေရှင်းပြီးသားဖြစ်နေလေပြီ။ လူအုပ်စုကိုစုစည်း၍ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံး၏ရှယ်ယာများကို ပြန်ပေးရန်အတွက် ခြိမ်းခြောက်သောလုပ်ရပ်သည် တရားမဝင်ပေ။ နောက်ဆုံးမှာ သူတို့ လူအနည်းငယ်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ကျန်လူများကလည်း ပြန့်ကျဲသွားကြပြီး ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်

ရုံး၏အကျပ်အတည်းလည်း ပြေလည်သွားခဲ့သည်။ 

ယခင်ကရရှိခဲ့သော ရွှီဖန်း၏နာမည်ကျော်ကြားမှုကြောင့် ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးသည် အလွန်အမင်း တိုးတက်လာခဲ့ပြီး အထူးသဖြင့် နိုင်ငံတစ်ဝန်းနှင့်ကမ္ဘာတစ်ဝန်းရှိ ဝယ်ယူသူများအပေါ်၌ အလွန်ကောင်းမွန်သည့်ထင်မြင်ချက်များကို ရရှိခဲ့သည်။

ရွှီဖန်းသည် ငွေကြေးများစွာ ရှာဖွေနိုင်ခဲ့သော်လည်း သူ့ရည်မှန်းချက်က ထိုမျှသာ မဟုတ်ခဲ့ပေ။ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးအား တည်ထောင်ရခြင်း၏ အကြောင်းရင်းမှာ ကုန်ကြမ်းထောက်ပံ့မှုကို လမ်းစဖွင့်လှစ်ရန်အတွက်ဖြစ်ပြီး ထို့နောက်မှာ ကောင်းကင်ဘုံဟင်းချက်နည်းကို အသုံးပြု၍ သူ၏စားသောက်ဆိုင်များကို တိုးချဲ့ရန်ဖြစ်သည်။ 

သို့သော် ရွှီဖန်းတစ်ဦးတည်းဖြင့် ထိုအရာများကို လုပ်ဆောင်ရန် ခက်ခဲနေဆဲဖြစ်သည်။ ၎င်းအပြင် သူသည် လုပ်ငန်းနယ်ပယ်တွင် ကျင်လည်နေသော ရှယန်ယွိလောက် စီးပွားရေးအကြောင်းကိုလည်း သိပ်မသိပေ။ ထို့အပြင် ကောင်းကင်ဘုံဟင်းချက်နည်း ရှိနေရုံဖြင့်လည်း မလုံလောက်သေးပေ။

**********************

All Chapters