← Chapters

တိုးချဲ့ရေးစီမံကိန်း

Vol. 23 Ch. 344

တိုးချဲ့ရေးစီမံကိန်း

Vol. 23 Ch. 344

အခုအချိန်မှာတော့ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်

ရုံး၏အစည်းအဝေးခန်းထဲ၌ အပူတပြင်း ဆွေးနွေးငြင်းခုံမှုများဖြစ်ပေါ်နေသည်။

"ဥက္ကဌရွှီခင်ဗျာ...ကျွန်တော်တို့ ခေတ်စျေးကွက်

ရေစီးကြောင်းကိုလိုက်ပြီးတော့ ဆိုင်ခွဲတွေတိုးချဲ့ဖို့အရေးကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ လိုအပ်

တယ်လို့ ထင်ပါတယ်" 

စျေးကွက်မန်နေဂျာသည် ရွှီဖန်းကိုကြည့်၍ အလွန်

စိတ်လှုပ်ရှားနေခဲ့သည်။ သို့သော်စျေးကွက်

မန်နေဂျာ၏အကြံပြုချက်ပြီးဆုံးသည်နှင့် ချက်ချင်းပင် ငြင်းဆိုခြင်းခံလိုက်ရသည်။

"မဟုတ်ဘူး မဟုတ်ဘူး လက်မခံပါဘူး၊ ကျွန်တော်တို့တွေ ဟိုတယ်ပုံစံဆောက်လုပ်ပြီး အဆင့်မြင့်ပုံစံကို သွားသင့်တယ်လို့ ထင်ပါတယ်"

ရွှီဖန်းကတော့ ပြောဆိုနေကြသည့် ဝန်ထမ်းများကို ကြည့်နေသည်။ ဝန်ထမ်းတစ်ဦးချင်းစီ၏စကားများကို သူ သေချာလေး စဉ်းစားနေသည်။ လက်ခံသင့်လား၊ လက်မခံသင့်လားဟူ၍ပင်။ အကြောင်းမှာ ဤအစည်းအဝေးသည် ရွှီဖန်း ချမှတ်ထားသော စားသောက်ဆိုင်လုပ်ငန်းဖွံ့ဖြိုးတိုးချဲ့ရေး ဦးတည်မှုနှင့် ပက်သက်သည့် တိကျသောလုပ်ငန်းဆောင်တာများကို ဆွေးနွေးနေသောကြောင့် ဖြစ်၏။

"ကောင်းပြီ တိတ်ဆိတ်ပေးကြပါ" 

ရွှီဖန်းသည် ငြင်းခုံမှု ဆက်မလုပ်တော့ရန်

လက်မြှောက်လိုက်သည်။

"အချိန်အကြာကြီးဆွေးနွေးပြီးနောက်မှာ ကျွန်တော်

လည်း အကြမ်းဖျင်းစဉ်းစားပြီးပါပြီ၊ ဒါဆို ဒီအဆိုပြုချက်ကို နားထောင်ပေးနိုင်ပါတယ်" 

ရွှီဖန်းသည် ဝန်ထမ်းအုပ်စုကို ကြည့်၍ ပြောလိုက်

သည်။ အခုချက်ချင်း ကောက်ချက်ချရန်အတွက် သူ မရည်ရွယ်ခဲ့ပေ။ ထိုအစား သူ့ထင်မြင်ချက်ကို တင်ပြခဲ့သည်။

"ကျွန်တော့်ရဲ့အမြင်အရ ရိုးရှင်းတဲ့ဆိုင်ခွဲတစ်ခုအနေနဲ့ဆိုရင်သေချာပေါက်ကောင်းမှာမဟုတ်ဘူး၊ ဒါပေမဲ့ အဆင့်မြင့်စတိုင်ကလည်း ကျွန်တော့်လုပ်ငန်းရဲ့ ဦးတည်ချက်မဟုတ်ဘူး၊ ခင်ဗျားတို့ရဲ့စိတ်ကူးတွေအပေါ်မှာ မူတည်ပြီးတော့ XXနဲ့ ဆင်တူတဲ့ အလယ်အလတ်အဆင့်အမှတ်တံဆိပ်တစ်ခုကို ကမ္ဘာအနှံ့ကဆိုင်ခွဲတွေနဲ့ ထုတ်လုပ်လို့ရနိုင်တယ်၊ ကျွန်တော်တို့ရဲ့တရုတ်စားသောက်ကုန်လုပ်ငန်းကို ကမ္ဘာ့အနှံ့က လမ်းမတွေပေါ်မှာ ရှိစေချင်တယ်"

ဖြောင်း ဖြောင်း ဖြောင်း

ရွှီဖန်း၏စကားများက အားလုံး၏ငြင်းခုံမှုကို လုံးဝ ရပ်တန့်သွားစေခဲ့ပြီး ခန်းမတစ်ခုလုံးသည် လက်ခုပ်

သံများဖြင့် ပြည့်နှက်သွားခဲ့သည်။

"ခင်ဗျားတို့ရော ဒါကဖြစ်နိုင်တယ်လို့ ထင်လား၊ ကျွန်တော်က စီးပွားရေးမှာမကျွမ်းကျင်ဘူး၊ ဒါကြောင့် ကျွန်တော်တို့ ဆွေးနွေးရမှာပေါ့" 

ရွှီဖန်းထံ၌ ဥက္ကဌတစ်ယောက်၏အခွင့်အာဏာနှင့်

လွှမ်းမိုးချုပ်ကိုင်မှု လုံးဝမရှိပေ။ အကြောင်းမှာ ရွှီဖန်းကိုယ်တိုင်ကလည်း သူ့စိတ်ထဲ၌ သူဟာ ဘာမဆိုမလုပ်နိုင်ဘူးဆိုတာ သိနေတာကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် စီးပွားရေးလုပ်သည့်အခါ တခြားသူများ၏ ထင်မြင်ချက်များကို လက်ခံရပေသည်။ 

"ဥက္ကဌရွှီရဲ့အဆိုပြုချက်က ကောင်းတယ်လို့ ထင်ပါတယ်၊ ဒီနည်းလမ်းနဲ့ ကျွန်တော်တို့အမှတ်တံဆိပ်ကို မြှင့်တင်နိုင်ရုံသာမကဘဲ ကျွန်တော်တို့ အမှတ်

တံဆိပ်ရဲ့အဆင့်အတန်းကိုလည်း မကျဆင်းစေဘူး"

စျေးကွက်မန်နေဂျာက ရွှီဖန်း၏အကြံကို မှတ်ချက်ပြုလေသည်။

ထို့နောက် ရွှီဖန်း၏အကြံကို အားလုံး သဘောတူခဲ့ကြသည်။ သို့သော် အကောင်အထည်ဖော်ရာ၌ ပြည်သူကြား ကျော်ကြားမှု၊ ရန်ပုံငွေ၊ လုပ်ငန်းလည်ပတ်မှုနှင့် စားဖိုမှူးများအထိ ပြဿနာများစွာ ရှိနေသေးသည်။

သို့သော်လည်း ၎င်းတို့အားလုံးကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရမည်ပင်။ အားလုံးကို သေချာစွာ သတ်မှတ်ပြီးသည်နှင့် ရွှီဖန်း စိတ်ချသွားခဲ့သည်။

အစည်းအဝေးအပြီးတွင် ရွှီဖန်းသည် လူတိုင်းကို ပြန်

ခိုင်းခဲ့ပြီး သုံးဦးသာ အစည်းအဝေးခန်းထဲ၌ ကျန်ရစ်ခဲ့သည်။

ရှယန်ယွိနှင့်ရှောင်ပိုင်တို့သည် စကားတစ်ခွန်းမျှ ဝင်မပြောခဲ့ကြပေ။

"မင်းတို့ ဘာဖြစ်နေတာလဲ၊ အစည်းအဝေးမှာ ဘာလို့ စကားမပြောကြတာလဲ" 

ရွှီဖန်းသည် ရှယန်ယွိနှင့် ရှောင်ပိုင်အား သံသယမျက်လုံးများဖြင့် ကြည့်လိုက်မိသည်။

"ကျွန်မက အတွင်းရေးမှူးပါ၊ ဒီလိုအစည်းအဝေးမျိုးမှာ ဝင်ရောက်ပြောဆိုဖို့ အရည်အချင်းမရှိပါဘူး"

ရှောင်ပိုင်က ရွှီဖန်း၏အမေးကို ပြန်ဖြေလာသည်။

ရှယန်ယွိကတော့ ရွှီဖန်းကို ကြည့်၍...

"ရှင်က ဆွေးနွေးလေ...ကျွန်မက နားထောင်ပေးဖို့ တာဝန်ယူတယ်"

"ခုနက ကိုယ်ဝင်ပြောနေတာ မကြားဘူးလား" 

ရွှီဖန်းသည် ရှယန်ယွိအား မှင်သက်စွာ ကြည့်လိုက်

သည်။

ရှယန်ယွိက ခေါင်းခါ၍...

"ရွှီဖန်း ရှင်ရဲ့စိတ်ကူးက အကောင်အထည်ဖော်ဖို့အတွက် အရမ်းခက်တယ်လို့ ပြောရမှာပဲ"

"အာ..."

ရွှီဖန်းလည်း ထိုစကားကို ကြားတော့ အနည်းငယ် ရှုပ်ထွေးသွားသည်။ ရှောင်ပိုင်ကလည်း ရှယန်ယွိ ပြောချင်သည့် အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်းမသိတာကြောင့် ရှင်းပြချက်ကို စောင့်နေသည်။

"ရှင်ရဲ့စိတ်ကူးအတိုင်းသာဆိုရင် ကမ္ဘာအနှံ့ဆိုင်ခွဲတွေ ဖွင့်ဖို့ဆိုတာ အခုချိန်မှာ မဖြစ်နိုင်သေးဘူး၊ အရင်ဆုံး နိုင်ငံအနှံ့ကိုပဲ ဆိုင်ခွဲတွေနဲ့ စတင်လိုက်ပါ၊ ရန်ပုံငွေကလည်း မလုံလောက်ဘူးလေ၊ အရေးအကြီးဆုံးက ကျွန်မတို့သာ စျေးကွက်ကို အမြန်ဆုံးမသိမ်းပိုက်နိုင်

ဘူးဆိုရင် ရှင့်ရဲ့ဟင်းချက်နည်းတွေကို မကြာခင်မှာပဲ အားလုံးက အတုခိုးလာကြလိမ့်မယ်၊ ရှင့်ရဲ့ဟင်းချက်နည်းက ဘယ်ကလာမှန်းမသိပေမဲ့ လူတွေရဲ့အတုခိုးနိုင်စွမ်းကို ရှင့်အနေနဲ့ စိတ်ကူးယဥ်ကြည့်လို့တောင်ရမှာမဟုတ်ဘူး"

ရှယန်ယွိသည် မျက်မှောင်ကြုတ်၍ သူမ၏စိုးရိမ်

ပူပန်မှုများကို ပြောပြခဲ့သည်။

"ဟင်းချက်နည်းတွေအတုခိုးမှာကိုတော့ စိတ်ပူစရာ မလိုပါဘူး...လုံးဝမဖြစ်နိုင်ဘူး၊ သူတို့ အတုခိုးနိုင်

ရင်တောင်မှ သူတို့မှာ ဒုတိယချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးမရှိဘူး၊ တခြားကိစ္စတွေအတွက်ရော မင်း ဘယ်လိုထင်လဲ"

ရွှီဖန်းလည်း အံ့သြနေသည်။ ရှယန်ယွိသည် စီးပွားရေးမှာ သူထင်ထားတာထက်ပို၍ တစ်ကယ်ကို စဉ်းစားတတ်သည်။ 

ထိုစကားကိုကြားတော့ ရှယန်ယွိသည် ရွှီဖန်းအား စူးစမ်းလိုသောစိတ်ဖြင့် ကြည့်လာသည်။ သူမသည် ရွှီဖန်း ယုံကြည်မှုရှိနေသည့် ဟင်းချက်နည်းကို စူးစမ်းချင်ပုံရသော်လည်း မမေးခဲ့ပေ။ ထိုအစား သူမ အကြာကြီး စဉ်းစားကာ သူမ၏စိတ်ကူးကို ပြောပြလာစသည်။

"ကျွန်မတို့ရဲ့လုပ်ငန်း စတင်ဖို့ ကနဦးအဆင့်

ကတော့ ပထမဆုံးဆိုင်ကို ဖွင့်လှစ်ဖို့ပဲ၊ အဲ့ဒီဆိုင်ကို အကောင်းဆုံး စတင်ရမှာဖြစ်ပြီး သူက ကျွန်မတို့အတွက် လမ်းဖွင့်ပေးလိမ့်မယ်"

ရွှီဖန်းလည်း ထိုစကားကိုကြားတော့ ခေါင်းညိတ်ကာ အပြည့်အဝ သဘောတူခဲ့သည်။

"ဒုတိယအဆင့်ကတော့ သုံးစွဲသူတွေကြား ကျော်ကြားမှုပဲ၊ အနုပညာရှင်ကြယ်ပွင့်တွေရဲ့သက်ရောက်မှုကိုအသုံးပြုပြီး လူတွေက ကျွန်မတို့ရဲ့အမှတ်တံဆိပ်ကို ရင်းနှီးလာအောင် လုပ်ဆောင်ဖို့က အဓိကပဲ"

"ကိုယ်လည်း အဲ့ဒါကို သဘောတူတယ်၊ ဒါက မဖြစ်မနေ လုပ်ရမယ့်အရာပဲ" 

ရွှီဖန်း ခေါင်းညိတ်လိုက်ကာ ရှယန်ယွိကို ဆက်ပြောရန် အချက်ပြလိုက်သည်။

"ကျွန်မမှာ အကြံတစ်ခုရှိတယ်၊ ကျွန်မတို့ ရွှေကတ်

စနစ်ကို အသုံးပြုပြီး နောက်ပိုင်းရန်ပုံငွေတွေအတွက် ပြင်ဆင်ဖို့ တစ်ကြိမ်တည်းနဲ့ ဆော့ဖ်ရန်ပုံငွေကို ရှာနိုင်ရမယ်၊ ဒါပေမဲ့ ဒီအစီအစဉ်ကို အကောင်အထည်ဖော်နိုင်မလားဆိုတာက ကျွန်မတို့ရဲ့ ကျော်ကြားမှုအပေါ်မှာ မူတည်နေတယ်"

ရွှီဖန်းသည် သူ့ဟင်းပွဲတွေအပေါ်၌ ၁၀၀%ယုံကြည်မှု ရှိသည်။ ထိုအကြောင်းကို တွေးမိသောအခါ ရွှီဖန်းသည် မဆိုင်းမတွပင် ဝါဒဖြန့်ချိရေးဌာနကို တိုက်ရိုက်ဖုန်းခေါ်၍ ကြော်ငြာအတွက် ပြင်ဆင်ရန်နှင့် ရုံးချုပ်ကိုအသက်ဝင်အောင်လုပ်ရန်အတွက် မှာကြားရန်ပြင်လိုက်သည်။

"ကြော်ငြာကုမ္ပဏီကို ကျွန်မဆက်သွယ်လိုက်မယ်"

သူ ဖုန်းခေါ်ပြီးနောက် ရှယန်ယွိက ရွှီဖန်းကိုကြည့်ပြီး ပြောလာသည်။

ရွှီဖန်း မှင်သက်သွားကာ...

"ဒါဆို ဝါဒဖြန့်ချိရေးဌာနကို မလိုဘူးပေါ့"

ရှယန်ယွိမှာ ခဏတာမျှ စကားမပြောနိုင်ဖြစ်သွားရပြီး...

"ရှင် တစ်ကယ်ပဲ ပိုက်ဆံကို ဘယ်လိုရှာလာတာလဲဆိုတာ ကျွန်မ မသိတော့ဘူး၊ ကျွန်မ ကူညီပြီးဆက်

သွယ်ပေးမယ်၊ ရှင်ကလည်း ရှင့်ရဲ့ဝါဒဖြန့်ချိရေးဌာနကိုပြောလေ"

"အိုး ကောင်းပြီ"  

ရွှီဖန်း ခေါင်းကုတ်လိုက်ပြီးနောက် တောင့်တင်းသွားခဲ့သည်။ ရှယန်ယွိကိုကြည့်ရင်း သူ့မျက်လုံးထဲ၌ အပြုံးတစ်ခုက လင်းလက်သွားခဲ့လေသည်။ 

"အခု မင်းရဲ့ယောက်ျားကိုပါ အပြစ်တင်ရဲနေပြီပေါ့လေ"

ထိုသို့ပြောပြီးနောက် ရွှီဖန်းသည် ရှယန်ယွိအား သူ့ပေါင်ပေါ်သို့ တိုက်ရိုက်ပွေ့ချီလိုက်သည်။

"အဟွတ်!"

သို့သော် ထိုအချိန်၌ ဘေးနားရှိ ရှောင်ပိုင်၏ချောင်းဆိုးသံက ထွက်ပေါ်လာကာ မသင့်တော်ကြောင်း အချက်ပြနေလေသည်။

"ဒုက္ခမပေးနဲ့...ဒီမှာ လူရှိနေတယ်လေ"

ရှယန်ယွိ၏မျက်နှာလည်း နီရဲသွားကာ ရွှီဖန်း၏ပေါင်ပေါ်ကနေ အလျင်အမြန် ထရပ်၍ အပြစ်တင်သောမျက်နှာဖြင့် ရွှီဖန်းကို ကြည့်လိုက်သည်။ 

"အင်း...ဘာ...ညစာစားပြီးပြီလား" 

ရွှီဖန်းလည်း အနည်းငယ် ရှက်သွားသည်။ ခုနက ရှောင်ပိုင်တစ်ယောက် သူ့ဘေးမှာထိုင်နေတာကို တကယ်မေ့သွားခဲ့သည်။ သူ၏နေရခက်နေသောခံစားချက်ကို လျှော့ချရန်အတွက် ထိုစကားတစ်

ခွန်းကို အမြန် ပြောလိုက်သည်။ 

ထို့နောက် ရွှီဖန်းမှာ တန်ဖိုးတစ်ခုပေးဆပ်ခဲ့ရသည်။ ညစာတစ်နပ်အတွက် ဒေါ်လာထောင်ပေါင်းများစွာ ကုန်ကျခဲ့ရသည်။ သို့သော် အခုချိန်မှာ ချမ်းသာနေပြီဖြစ်သည့်ရွှီဖန်းအတွက်တော့ စိတ်ထဲမရှိပေ။ 

ဒုတိယနေ့။

နောက်တစ်နေ့တွင် ရွှီဖန်း ကုမ္ပဏီကိုရောက်သည်နှင့် ရှယန်ယွိပေးထားသည့် ကြော်ငြာကုမ္ပဏီကို ဖုန်းခေါ်ရန် ပြင်လိုက်သည်။ ထိုစဥ် ရုံးခန်းတံခါးက ပွင့်သွားပြီး လှပသည့်ပရော်ဖက်ရှင်နယ်ဝတ်စုံနှင့်

အတူ အပြုံးတစ်ခုအား မျက်နှာပေါ်မှာဆင်ထားသည့် ရှောင်ပိုင်က ရုံးခန်းထဲ ပေါ်လာသည်။

"ဥက္ကဌရွှီ အရေးကြီးကိစ္စတစ်ခု သတင်းပို့စရာ ရှိပါတယ်"

ထိုစကားကိုကြားတော့ ရွှီဖန်းလည်း ဖုန်းပေါ်မှ သူ့လက်ကိုဖယ်ကာ ခေါင်းညိတ်လိုက်သည်။

"အင်း ရှောင်ပိုင် ဘာကိစ္စလဲ"

"ဒါကို ကြည့်ပေးပါ"

ရှောင်ပိုင်သည် ရုံးခန်းတံခါးကို ပိတ်၍ ရွှီဖန်း၏စားပွဲဆီသို့ အလျင်အမြန် လျှောက်လာခဲ့သည်။ ထို့နောက် သူမရင်ဘတ်ထဲရှိ စာရွက်ပုံတစ်ပုံကို ရွှီဖန်း၏မျက်စိရှေ့သို့ ချလိုက်လေသည်။ 

"ဒါတွေက ချန်ဟိုင်းလရောင်ကြော်ငြာကုမ္ပဏီရဲ့ အဆိုပြုချက်တွေပါ"

ချန်ဟိုင်းလရောင်ကြော်ငြာကုမ္ပဏီသည် ချန်ဟိုင်းပြည်နယ်တွင် အကောင်းဆုံးကြော်ငြာကုမ္ပဏီတွေထဲက တစ်ခုဖြစ်သည်။ မနေ့က ရွှီဖန်းကလည်း ရှာဖွေလေ့လာထားသောကြောင့် ဤကုမ္ပဏီသည် ချန်ဟိုင်းမှာ နာမည်ကြီးသောကြော်ငြာကုမ္ပဏီတစ်ခုဖြစ်ကြောင်းကို သိထားသည်။ ဒီကုမ္ပဏီက ကောင်းသော်လည်း ရှယန်ယွိမိတ်ဆက်ပေးသည့်ကုမ္ပဏီတော့ မဟုတ်ပေ။ 

"ရှောင်ပိုင် ဒီကြော်ငြာအဆိုပြုချက်က အရမ်းထူးခြားနေလို့လား" 

ရွှီဖန်းသည် သူ့လက်ထဲမှ ကြော်ငြာအဆိုပြုချက်ကို စတင်ဖတ်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ရှောင်ပိုင်က ရယ်မော၍...

"တကယ်ကို ထူးခြားပါတယ်၊ ဥက္ကဌပဲ ကြည့်လိုက်ပါ"

ထိုစကားကို ကြားတော့ ရွှီဖန်းသည် ရှောင်ပိုင်အား စူးစမ်းသလိုကြည့်ပြီး ခေါင်းပြန်ငုံ့လိုက်သည်။ ရုတ်တရက်ပင် သူ မှင်သက်သွားခဲ့သည်။ 

သူ့လက်ထဲတွင်ကိုင်ထားသည် အဆိုပြုချက်ကို သူကြည့်နေတာပင်။ ဤကြော်ငြာအဆိုပြုချက်သည် တကယ်ကို ထူးခြားပေ၏။

ပြောရေးဆိုခွင့်ရှိသူရွေးချယ်ရေးနေရာ၌ လူကြိုက်များသည့် ရုပ်ရှင်မင်းသား၊မင်းသမီး သို့မဟုတ် နာမည်ကြီးအဆိုတော်တစ်ယောက်၏နာမည်ကို မထည့်ထားဘဲ သူ့နာမည် ရွှီဖန်းအား ဖြည့်ထားသည်ကို 

တွေ့လိုက်ရသည်။

"ရှောင်ပိုင် ငါ့နာမည်နဲ့ ကြယ်ပွင့်တစ်ယောက် ရှိတယ်ပေါ့"

ရွှီဖန်း အံ့သြစွာဖြင့် မေးလိုက်မိသည်။

ရှောင်ပိုင်လည်း မတတ်သာသည့်ပုံဖြင့် ခေါင်းခါယမ်းကာ ပြုံးနေသည်။

"အဲ့ဒီလူက ဥက္ကဌပဲလေ၊ ချန်ဟိုင်းလရောင်ကြော်ငြာကုမ္ပဏီက ဆိုလိုချင်တဲ့အဓိပ္ပာယ်ကတော့ ဒီလိုပါ၊ ဥက္ကဌရဲ့လက်ရှိနာမည်ကျော်ကြားမှုကို ထည့်သွင်းစဉ်းစားပြီးတော့ သူတို့က ဒီကြော်ငြာကနေအကြီးမားဆုံးတုံ့ပြန်မှုကို ရချင်တယ်ဆိုရင် အကောင်းဆုံးနည်းလမ်းက ဥက္ကဌကိုယ်တိုင် ကြော်ငြာမှာ ခေါင်းဆောင်

အဖြစ် သရုပ်ဆောင်ရမယ်လို့ ထင်ပါတယ်တဲ့"

စကားပြောနေရင်းဖြင့် ရှောင်ပိုင်၏မျက်လုံးများမှာ ရယ်စရာကောင်းသည့်အပြုံးတစ်ခုဖြင့် ကွေးတက်သွားခဲ့သည်။

သို့သော် ထိုအရာကလည်း အမှန်တရားပင်။ ရွှီဖန်းသည် အင်တာနက်မှာ ခဏခဏကျော်ကြားပြီးကတည်းက သူသည် တရုတ်ပြည်သူအားလုံး၏မျက်လုံးထဲ၌ စံနမူနာဖြစ်လာခဲ့သည်။ တချို့ဆိုလျင် ရွှီဖန်း၏လုပ်ဆောင်ချက်များအားသင်ကြားရေးအနေဖြင့် အသုံးပြုသင့်သည်

ဟူ၍တောင် ပြောကြသေး၏။ 

ရွှီဖန်းကလည်း ထိုအရာကို ရှင်းရှင်းလင်းလင်း သိထားသော်ငြား စီးပွားရေးသမားတစ်ယောက်အနေဖြင့် သူကိုယ်တိုင် ကြော်ငြာရန်အတွက် ထွက်လာတာက ထူးဆန်းလှသည်။ ရွှီဖန်းကိုယ်တိုင်ကလည်း တော်တော်လေး လျှို့ဝှက်စွာနေချင်သူဖြစ်၍ လက်မခံချင်ပေ။ 

"ငါ့ကို ကြော်ငြာရဲ့ခေါင်းဆောင်အဖြစ် သရုပ်ဆောင်

ခိုင်းနေတာလား"

ဒီကြော်ငြာက ဖွင့်လှစ်မည့်ဆိုင်များအတွက် လူကြိုက်များမှုကို ထိပ်ဆုံးထိ ရောက်အောင် လုပ်ပေးနိုင်မည်ဆိုလျှင်တော့ သူ ပေးဆပ်မှုတစ်ခု ပြုလုပ်နိုင်ပါသေးသည်။ 

သို့သော် ရွှီဖန်းသည် သူ့ထံ၌ သရုပ်ဆောင်နိုင်သည့်

အရည်အချင်း မရှိခြင်းကို စိုးရိမ်နေမိသည်။ မည်သို့ပင်ဆိုစေ ထိုစွမ်းရည်ကလည်း သာမန်လူများ ကောင်းကောင်းလုပ်နိုင်သည့်အရာမဟုတ်ပေ။

ရှောင်ပိုင်ကမူ ရွှီဖန်း၏တွေဝေမှုကို မြင်တော့ ရုတ်တရက် ရယ်မောလာသည်။ 

"ဥက္ကဌရွှီက တွေဝေနေတာဆိုတော့ မငြင်းဆန်

ချင်လို့ပေါ့၊ ဒါဆိုရင် ကျွန်မ ကြော်ငြာကုမ္ပဏီကို အကြောင်းပြန်ကြားလိုက်မယ်" 

ထိုသို့ပြောပြီးနောက် ရှောင်ပိုင်သည် သူမ၏မျက်လုံးကို ကျဉ်းမြောင်းကာ သူမ၏လက်ချောင်းသွယ်

သွယ်လေးများအား ဆန့်တန်း၍ စားပွဲပေါ်ရှိ အဆိုပြုချက်ကို ညင်သာစွာ ထိလိုက်သည်။

"မဟုတ်ဘူး...ငါ သေချာမစဉ်းစားရသေးဘူး၊ ရှောင်

ပိုင် ငါတို့ကုမ္ပဏီရဲ့အကျိုးအတွက်ဆိုရင်တော့ ငါ့မှာတာဝန်ခံလိုစိတ် ရှိတယ်၊ ဒါပေမဲ့ ငါက ကြော်ငြာထဲမှာ အဲ့ဒီကြယ်ပွင့်တွေထက် ပိုထိရောက်လိမ့်မယ်လို့ မထင်ဘူး" 

ရွှီဖန်းသည် ညှိုးငယ်စွာ ပြုံးလိုက်ကာ ကင်မရာရှေ့ရှိ သူ၏ပုံပန်းသဏ္ဌာန်အား စိတ်ထဲ၌ ပုံဖော်မိသည်။ သူ အကြီးအကျယ်ပင် ရှက်ရွံ့သွားလေသည်။

"ဥက္ကဌက ပုံမှန်ဆိုရင် အရမ်းကိုမှတိုက်ခိုက်လိုစိတ်တွေ ပြည့်ဝနေတာမဟုတ်ဘူးလား၊ ဘာလို့ အခုကျမှ ဒီလောက်တောင် တွေဝေနေရတာလဲ"

ရှောင်ပိုင် ပြုံးလိုက်ပြီး ရွှီဖန်း၏ အရှေ့မှ အချက်အလက်ပုံကြီးကိုစီကာ ရင်ခွင်ထဲ ထည့်

လိုက်သည်။ 

"ဥက္ကဌရှပြောခဲ့တဲ့ ကြော်ငြာကုမ္ပဏီက ဘယ်လိုစီစဉ်ပေးနိုင်မလဲဆိုတာကို ကြည့်ပြီး ဆုံးဖြတ်

လိုက်တာပိုကောင်းမယ်"

***********************

All Chapters