← Chapters

အယ်ဒီတာချုပ် ယွီကျန့်ဟိုင်

Vol. 24 Ch. 346

အယ်ဒီတာချုပ် ယွီကျန့်ဟိုင်

Vol. 24 Ch. 346

"ဘာကြီး! မြန်မြန်ပြင်ဆင်ပြီးဝတ်စုံပြည့်ဝတ်ခဲ့၊ ဇီယွမ် ကြော်ငြာကုမ္ပဏီက တာဝန်ခံနဲ့တွေ့ဖို့ ကျွန်မနောက်ကို လိုက်ခဲ့ရမယ်၊ ကျွန်မ ပြောမယ်နော်...သူက ကျွန်မရဲ့ အခင်ဆုံးသူငယ်ချင်းပဲ...ကျွန်မတို့ အကြာကြီး သိခဲ့တာ၊ ရှင် မပလေးနဲ့နော်"

ရှယန်ယွိသည် မျက်နှာနီရဲစွာဖြင့် ဖုန်းချလိုက်ရသည်။သူမအား ပြည်နယ်၏အလှပဂေးလားဟု ရွှီဖန်းမေးခဲ့သည်ကို ပြန်စဥ်းစားမိသောအခါ ခေါင်းကို ညင်သာစွာ ခါယမ်းမိပြီး ပြောစရာစကားမဲ့သွားရသည်။ သို့သော် သေချာစဉ်းစားကြည့်ပြီးနောက်မှာ သူမ ကိုယ့်ကိုယ်

ကိုယ် ပြောမိသည်။ 

"ပြည်နယ်မှာ ငါ့ထက် ပိုလှတဲ့သူကိုတော့ မမြင်ဖူးဘူးလို့ ပြောရမှာပဲ"

ဖုန်းချခံလိုက်ရသည့် ရွှီဖန်းကတော့ ပါးစပ်

အဟောင်းသားဖြစ်နေသည်။ ရွှီဖန်း၏ ပလေးဘွိုင်းပုံစံက ရှယန်ယွိစိတ်ထဲ၌ ပြောင်းလဲလို့မရတော့သည့်ပုံပင်။

ထို့နောက် ရွှီဖန်းသည် စားသောက်ဆိုင်တစ်ဆိုင်ဆီသို့ကားမောင်းသွားခဲ့သည်။ ရွှီဖန်း ရောက်သောအခါ ရှယန်ယွိသည် အမျိုးသမီးတစ်ဦးနှင့် စကားပြောနေလေပြီ။ အဝေးကနေကြည့်ရုံဖြင့် ထိုအမျိုးသမီးက တကယ်ကို လှပသည့်မိန်းကလေးတစ်ဦးမှန်း သိနိုင်သည်။ ပိန်သွယ်သောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အရပ်ရှည်ကာ အသားညိုသော်လည်း သူမ၏အလှတရားကို မထိခိုက်စေဘဲ သူမ၏အလှကို ပိုတိုးစေခဲ့သည်။

ရှယန်ယွိနှင့်စကားပြောနေတာကြောင့် သူမ၏မျက်လုံးများသည် တောက်ပနေကာ ကြည်လင်သောရေထဲ၌ နှစ်ထားသည့် ပုလဲနက်နှစ်လုံးကဲ့သို့အလားပင်။ မည်သည့်နေရာကနေ လှည့်ကြည့်ပါစေ ထက်မြက်ပြီး လှပပုံပေါ်၏။ ထို့အပြင် ခရမ်းရောင်ခပ်ဖျော့ဖျော့ပါရှိသော ဘောင်ပါမျက်မှန်တစ်စုံနှင့် တွဲလိုက်သည့်အခါ ရွှီဖန်း၏ရှုထောင့်ကနေကြည့်လျှင် ဆရာဝန်မလေးတစ်ယောက်ကဲ့သို့ပင်။ သူမသည် သူ၏နူးညံ့ပြီး ကျက်သရေရှိသောဆံပင်များကို ခေါင်းနောက်တွင် စည်းထားပြီး သိုးချိုပုံစံ စိန်ဆံထိုးကြောင့် ပို၍ နူးညံပုံ ပေါ်နေလေသည်။

"ဖန်ယွီနင်း...နာမည်နဲ့လိုက်ဖက်ပါပေတယ်"

ထို့နောက် ရှယန်ယွိရှိရာ စားပွဲသို့ ရွှီဖန်း ခြေလှမ်းလှမ်းလိုက်သည်။

"ရောက်လာပြီ"

ရှယန်ယွိသည် ရွှီဖန်း၏ပုံရိပ်ကို မြင်သောအခါ ချက်ချင်းပင် ထရပ်၍ မိတ်ဆက်ပေးခဲ့သည်။

"သူက ငါ့ချစ်သူ ရွှီဖန်း"

"သူကတော့ ကျွန်မရဲ့အခင်ဆုံးသူငယ်ချင်း ဖန်ယွီနင်း၊ လှတယ်မဟုတ်လား"

ထိုစကားကိုကြားတော့ ရွှီဖန်းမှာ ပြုံးရုံပင် တတ်နိုင်ခဲ့သည်။ 

ဒီအလှပဂေးတွေ ဘယ်လောက်ပဲလှပါစေဦး...မင်းဘေးနားရောက်ရင် အကုန်လုံး မှေးမှိန်သွားတာပဲ။

သို့သော် ရွှီဖန်းသည် ထိုစကားကို သူ့စိတ်ထဲမှာသာ ပြောနိုင်ခဲ့ပြီး ဖန်ယွီနင်းအား ယဉ်ကျေးစွာ လက်

ဆွဲနှုတ်ဆက်လိုက်သည်။ 

"မင်္ဂလာပါ ရွှီဖန်းပါ"

"မင်္ဂလာပါ ဖန်ယွီနင်းပါ"

လက်ဆွဲနှုတ်ဆက်ပြီးနောက် သူတို့ ထိုင်လိုက်ကြသည်။ သူမလာခင်က ဖန်ယွီနင်းနှင့်ရှယန်ယွိတို့နှစ်ဦး ဘာတွေပြောခဲ့ကြလဲ မသိပေ။ သူတို့နှစ်ဦးစလုံး၏မျက်နှာများမှာ နီရဲနေကြသည်။ ရွှီဖန်း စူးစမ်းစွာဖြင့် မေးလိုက်သည်။

"ဘာတွေ ပြောနေကြတာလဲ"

"ဖန်ယွီနင်းလေ သူ မကြာခင် လက်ထပ်တော့မယ် ထင်တယ်"

ရှယန်ယွိ၏ပျော်ရွှင်နေသည့်မျက်နှာလေးမှာ သူမသူငယ်ချင်း၏သတင်းကောင်းကြောင့်မှန်း သိသာလှသည်။ 

ရွှီဖန်းလည်း ထိုစကားကိုကြားတော့ ချက်ချင်းပင် ဂုဏ်ပြုစကားပြောလိုက်သည်။ ခဏတာမျှ စကားပြောပြီးနောက်မှာ ရွှီဖန်းသည် အဓိကအကြောင်းအရာကို တိုက်ရိုက်ပြောလိုက်သည်။ 

"ကျွန်တော်တို့ကုမ္ပဏီရဲ့ဝါဒဖြန့်ချိရေးနဲ့ ပတ်သက်ပြီး အကြံများရှိလား"

"အင်း ကျွန်မရဲ့ဝန်ထမ်းတွေကို မနေ့က အဆိုပြုချက်ထုတ်ခိုင်းခဲ့တယ်"

ဖန်ယွီနင်းသည် အိတ်ထဲမှ အဆိုပြုချက်ကို ထုတ်၍ ရွှီဖန်းကို ကမ်းပေးလာသည်။

ရွှီဖန်း အံ့သြသွားပြီးမှ မျက်မှောင်ကြုတ်လိုက်

မိသည်။ ဖန်ယွီနင်း ကမ်းပေးလာသည့် အဆိုပြုချက်ကို သူ မယူခဲ့ပေ။

သို့သော် ရွှီဖန်း၏လုပ်ရပ်ကြောင့် လေထုအခြေအနေက အနည်းငယ် ကသိကအောင့်ဖြစ်သွားလေသည်။ ရှယန်ယွိလည်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဘာဆိုလိုချင်နေတာလဲဆိုတာကို သူမ မသိတာကြောင့် ရွှီဖန်းအား နားမလည်သည့်မျက်နှာဖြင့် ကြည့်ကာ ရှင်းပြလာမည်ကို စောင့်နေမိသည်။ 

ရွှီဖန်းက အပြုံးဖြင့်...

"သူငယ်ချင်းက သူငယ်ချင်း၊ စီးပွားရေးက စီးပွားရေးပါ၊ ကျွန်တော်ပြောမှာကို စိတ်ထဲမထားဘူးလို့ မျှော်လင့်ပါတယ်ခင်ဗျ၊ အခု ကျွန်တော်တို့ဘက်ကလည်း ဒီလောက်ထိ အလျင်စလို မလိုအပ်သေးပါဘူး၊ မင်းတို့လည်း တစ်ညတည်းနဲ့ အပြေးအလွှား ထုတ်

စရာမလိုဘူးလို့ထင်မိပါတယ်"

ရွှီဖန်းစကား၏အဓိပ္ပာယ်က ပိုမိုရှင်းလင်းလာသည်။ တစ်ညတည်းနှင့်အပြေးအလွှား ထုတ်ထားသော ကိစ္စများက ဘယ်ကောင်းနိုင်မည်နည်း။ ရှယန်ယွိနှင့် ရွှီဖန်းတို့ကြား ဆက်ဆံရေးရှိနေသော်လည်း ရွှီဖန်းသည် ဖန်ယွီနင်းကို မည်သည့်အထူးအခွင့်အရေးမျှ ပေးမည်

မဟုတ်ပေ။ ရွှီဖန်းနှင့်ပူးပေါင်းဆောင်ရွက်လိုသော ကြော်ငြာကုမ္ပဏီများသည် ရုံးအပြင်ဘက်တွင် တန်းစီနေကြပြီး ဇီယွမ်ကသာ အကောင်းဆုံးကုမ္ပဏီတစ်ခု မဟုတ်သည်ကို သိထားသင့်သည်။

ရှယန်ယွိမှာ ရွှီဖန်း၏စကားကြောင့် လန့်သွားရပြီး ချက်ချင်းပင် ဖန်ယွီနင်းဘက်သို့ လှည့်ကြည့်လိုက်

မိသည်။ သူမ၏အခင်ဆုံးသူငယ်ချင်း စိတ်မပျော်မရွှင်ဖြစ်မည်ကို စိုးရိမ်နေမိသည်။ 

မည်သို့ပင်ဆိုစေကာမူ ရွှီဖန်း၏စကားသည် အနည်းငယ် တိုက်ရိုက်ဆန်ပေသည်။ ရှယန်ယွိသည် ရွှီဖန်း၏စိတ်နေစိတ်ထားကို ကောင်းစွာသိထားသော်လည်း ဖန်ယွီနင်းကတော့ ရွှီဖန်း၏လုပ်ပုံကိုင်ပုံကို လက်ခံနိုင်မည်ဟု မဆိုလိုပေ။

သို့သော် ဖန်ယွီနင်းသည် ကြော်ငြာလုပ်ငန်းတွင် နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ပြီး ထိုကဲ့သို့အခြေအနေမျိုး၌ အေးအေးဆေးဆေးပင် ရှိနေ၏။ သူမ ချက်ချင်းပင် ရွှီဖန်းကို ပြုံးပြကာ ယဉ်ကျေးစွာ ပြောလာသည်။

"စိတ်မပူပါနဲ့ ဥက္ကဌရွှီ၊ ကြော်ငြာလုပ်ငန်းနယ်ပယ်မှာ ကျွန်မတို့ဇီယွမ်ရဲ့နာမည်ဂုဏ်သတင်းကို မေးမြန်းကြည့်နိုင်ပါတယ်၊ ကျွန်မတို့ ဒီအဆိုပြုချက်အပေါ်မှာ အလေးအနက်ထားခဲ့ပါတယ်၊ ဒါ့အပြင် အရည်အသွေးကလည်း လုံးဝမဆိုးပါဘူး၊ ဖတ်ပြီးရင်  ရှင့်မှာ အကြံပြုချက်တွေရှိမရှိ ပြောနိုင်ပါတယ်"

ထိုစကားကိုကြားတော့ ရွှီဖန်း၏မျက်ခုံးများ ပြေလျော့သွားခဲ့သည်။ အဆိုပြုချက်က မည်သို့ဖြစ်ပါစေ၊ သူမ၏သဘောထားက လီစီးချီထက် အများကြီး ပိုကောင်းပေသည်။ ရွှီဖန်းလည်း အပြုံးဖြင့် ပြန်

တောင်းပန်လိုက်ကာ အဆိုပြုချက်ကို လက်ခံလိုက်

သည်။

ရှယန်ယွိကလည်း ရွှီဖန်း၏အပြုအမူကို လုံးဝ အပြစ်မတင်ပေ။ ထိုအစား အဆိုပြုချက်ကို အလေးအနက်ထားကာဖတ်နေသည့် ရွှီဖန်းကိုကြည့်ရင်း သူမ အလွန်ကျေနပ်ကာ ခေါင်းညိတ်လိုက်မိသည်။ 

ဆယ်မိနစ်ခန့်ကြာသော် ရွှီဖန်းက အဆိုပြုချက်ကို ကျေနပ်စွာ ပြန်ချလိုက်သည်။ ရှယန်ယွိ မိတ်ဆက်ပေးခဲ့သော ဤကြော်ငြာကုမ္ပဏီ၏အဆိုပြုချက်သည် တကယ်ကိုအဆင်ပြေပြီး သူလည်း အလွန်ကျေနပ်ခဲ့သည်။

"ဒီစိတ်ကူးက အရမ်းဆန်းသစ်တယ်၊ ကျွန်တော်တို့ ကုမ္ပဏီရဲ့တာဝန်ခံကို ဆက်သွယ်ပြီး ကြော်ငြာဘတ်ဂျက်နဲ့ပတ်သက်ပြီးတော့ မင်းတို့နဲ့ ဆွေးနွေးခိုင်းလိုက်ပါ့မယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ တောင်းဆိုချက်

တစ်ခုတော့ ရှိပါတယ်၊ ကြော်ငြာရဲ့ကြယ်ပွင့်ကို ပြောင်းလဲဖို့ လိုတယ်"

ရွှီဖန်းသည် ကြယ်ပွင့်နောက် လိုက်သူ မဟုတ်သော်လည်း ဇီယွမ်က ပေးထားသည့် ကြယ်ပွင့်ကို မကြိုက်ရုံပင်။ 

"ဪ...ဒါက ဆွေးနွေးလို့ရပါတယ်၊ ဥက္ကဌရွှီမှာ ဒီအတွက် အကြံပြုချင်တာ ရှိလို့လား"

ဖန်ယွီနင်းသည် ရွှီဖန်း၏စကားကို ကြားတော့ ချက်ချင်းပင် မေးလိုက်သည်။ မည်သို့ပင်ဆိုစေ ဇီယွမ်နှင့်ပူးပေါင်းဆောင်ရွက်မည့် ရွှီဖန်း၏ကြောငြာက သေးငယ်သည့် ကြော်ငြာတစ်ခု မဟုတ်ပေ။

"ကျွန်တော့်အထင်တော့ စွန်းဖေးဖေးက အဆင်ပြေမယ်လို့ ထင်တယ်"

ရွှီဖန်းသည် သူ ကြည့်ဖူးသည့် တစ်ခုတည်းသော ရှေးခေတ်ဝတ်စုံ တီဗီဇာတ်လမ်းတွဲမှ ဇာတ်ဆောင်ကို သတိရခဲ့သည်။ စွန်းဖေးဖေး၏ နတ်ဘုရားဆန်သောပုံစံက အလွန်ဆွဲဆောင်မှုရှိသည်။ 

သို့သော် ရွှီဖန်း၏စကားကြောင့် ရှယန်ယွိမှာ ဘေးတစောင်းကြည့်လာပြီး ရွှီဖန်းအား သတ်ချင်နေသည့်

မျက်လုံးဖြင့် ကြည့်နေလေသည်။ ထိုသို့မြင်လိုက်ရတော့ ရွှီဖန်းတစ်ယောက် ချောင်းဆိုးကာ ခန္ဓာကိုယ်ကို တည့်တည့်ထိုင်လိုက်မိသည်။

"ဒါက ပြဿနာမရှိပါဘူး၊ ကျွန်မတို့လည စွန်းဖေးဖေးနဲ့ ပူးပေါင်းဆောင်ရွက်ဖူးတယ်၊ ဒါပေမဲ့ စွန်းဖေးဖေးရဲ့ တန်ဖိုးက ပိုမြင့်တာကြောင့် ဘတ်ဂျက်ကလည်း သဘာဝအတိုင်း ပိုများလိမ့်မယ်" 

ဖန်ယွီနင်းသည် ရွှီဖန်းအား အားသာချက်နှင့် အားနည်းချက်များကို ရှင်းပြခဲ့ပြီး  ရွှီဖန်းကလည်း နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

အလုပ်ကိစ္စဆွေးနွေးပြီးသွားတော့ ရှယန်

ယွိ၏စစ်ဆေးမေးမြန်းမှုက ဆက်တိုက်ကပ်ပါလာတော့သည်။ 

"စွန်းဖေးဖေးနဲ့ကျွန်မဆို ဘယ်သူ ပိုလှလဲ၊ စွန်းဖေးဖေးက နတ်ဘုရားမတောင် ဖြစ်ခဲ့ဖူးတယ်ဆိုတော့လေ"

ရှယန်ယွိ၏မေးမြန်းမှုအား ရွှီဖန်းခဗျာ အပြုံးဖြင့်သာ ပြန်ဖြေနိုင်ခဲ့သည်။ ထိုမြင်ကွင်းကြောင့် ဖန်ယွီနင်းသည့် မနာလိုသည့် မျက်လုံးများဖြင့် ကြည့်လာလေသည်။

"နင်တို့က တကယ်ချစ်ကြတာပဲ"

ရှယန်ယွိ၏မျက်နှာမှာ နီရဲသွားခဲ့ပြီး အကြောင်းအရာကို ချက်ချင်း ပြန်ပြောင်းလိုက်သည်။

"နင်လည်း မကြာခင် လက်ထပ်တော့မှာပဲကို၊ ငါ နင့်ကို အရမ်းမနာလိုတာပဲ၊ ဟဲ့ နင် လက်ထပ်မယ့်သူအကြောင်း ပြောပြပါဦး၊ ငါ သိတဲ့လူလား"

ထိုအကြောင်းကိုကြားတော့ ဖန်ယွီနင်း၏မျက်နှာလည်း နီရဲသွားခဲ့သည်။ 

"ယွီကျန့်ဟိုင် လောကမီဒီယာရဲ့အယ်ဒီတာချုပ်ကို သိတယ်မလား"

"သူလား...ငါ သူနဲ့ ပူးပေါင်းလုပ်ကိုင်ဖူးတယ်၊ သူက မဆိုးပါဘူး...အရပ်ရှည်ပြီး ချောသားပဲ"

"ဘယ်လိုပြောရမလဲ...သူက ငါ့အပေါ်ကောင်းတယ်"

"ဟီးဟီး နင့်မျက်နှာနီရဲနေပြီ"

ဒီလိုစကားဝိုင်းမျိုး၌ ရွှီဖန်း ဝင်ပြောနိုင်သည့် စကားတစ်ခွန်းမှမရှိပေ။ သို့သော် ရှယန်ယွိက ပျော်ရွှင်

တက်ကြွနေတာကြောင့် ရွှီဖန်းလည်း ပျော်ရွှင်ခဲ့သည်။

ညစာစားပြီးနောက် ရွှီဖန်းမှာလည်း ဒီနေ့အတွက် ဘာလုပ်စရာမှ မကျန်တော့ပေ။ မကြာမီ ကြော်ငြာအတွက်လှုပ်ရှားမှုကို ကောင်းကောင်းလုပ်ဆောင်ရမှာဖြစ်ပြီး ဇီယွမ်မှ ဝန်ထမ်းများနှင့် အရင်ဆွေးနွေးဖို့ကိုသာ စောင့်ရပေလိမ့်မည်။

ရွှီဖန်းသည် အားလပ်ချိန်၌ ရှယန်ယွိနှင့်အတူ အိမ်

ပြန်ပြီး မိသားစုနှင့်တွေ့ဆုံချင်ခဲ့သော်လည်း အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ကတော့ အကြာကြီးမတွေ့ခဲ့ရတာကြောင့် ပျော်ပွဲစားဥယျာဉ်ကို အတူတူသွားချင်

သည်ဟု ပြောခဲ့ကြသည်။ 

ထို့အပြင် ဖန်ယွီနင်း၏ချစ်သူကလည်း မကြာခင် ရောက်လာတော့မည်ဖြစ်ရာ ရွှီဖန်း ငြင်းပယ်

ရန် အခွင့်မရှိခဲ့ပေ။

"ကျွန်မလည်း သူငယ်ချင်းနဲ့ အကြာကြီးမတွေ့ပါဘူး၊ ညနေကျရင် ပြန်မယ်လို့ ကတိပေးပါတယ် နော်၊ ပြီးရင် ကျန်တာဘာပဲလုပ်ချင်လုပ်ချင် ရှင့်သဘော"

ဖန်ယွီနင်းအလစ်မှာ ရှယန်ယွိသည် ရွှီဖန်းအား အမြန်

ပင် ချော့မော့ပြောဆိုလိုက်သည်။ ထိုစကားကို ကြားတော့ ရွှီဖန်း၏မျက်လုံးများက တောက်ပသွားခဲ့ပြီး စိတ်ကူးများဖြင့် ပြည့်နှက်သွားခဲ့သည်။ ပျော်ပွဲစားဥယျာဉ် သွားရခြင်း၏ မကျေနပ်မှုများ ချက်ချင်း ပျောက်သွားခဲ့သည်။

ဖန်ယွီနင်းပြန်ရောက်ပြီးနောက် သူတို့ သုံးယောက် ထွက်လာခဲ့ကြသည်။ ဖန်ယွီနင်း၏ချစ်သူက ပျော်ပွဲစားဥယျာဉ်မှာ သူတို့ကို စောင့်နေမည်ဟု ပြောခဲ့သည်။

နာရီဝက်ခန့် ကားမောင်းပြီးနောက်မှာ ရွှီဖန်းသည် သူငယ်ချင်းနှစ်ယောက်အား လျန်မိန်ပျော်ပွဲစားဥယျာဉ်တံခါးဝသို့ ပို့ဆောင်ပေးခဲ့သည်။ ရွှီဖန်းသည် ပျော်ပွဲစားဥယျာဉ်သို့ တစ်ခါမှ မသွားဖူးသော်လည်း ၎င်း၏နာမည်ကိုတော့ ကြားဖူးသည်။ ၎င်းသည် ချန်ဟိုင်းပြည်နယ်တွင် အကြီးဆုံးပျော်ပွဲစားဥယျာဉ်ဖြစ်ပြီး ဖျော်ဖြေရေးပစ္စည်းများလည်း အလွန်ပြည့်စုံသည်ဟု ဆိုကြသည်။ သို့သော် ရွှီဖန်းကတော့ ထိုကဲ့သို့ကလေးဆန်သော အရာများကို စိတ်မဝင်စားပေ။ ဘေးကင်းရေးတိုင်းတာမှုများပါရှိသော ခုန်စက်ပေါ်မှ လူတွေ ခုန်ချရခြင်း၏ စိတ်လှုပ်ရှားမှုများ စသဖြင့် စိတ်လှုပ်ရှားစရာ စက်ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။ သို့သော် ရွှီဖန်း၏နှလုံးမှာ သိုင်းကျင့်စဥ်ကြောင့် တော်ရုံတန်ရုံဆိုလျှင် အခုန်မမြန်တော့သည့်အတွက် ဤပျော်ပွဲစားဥယျာဉ်မှာ သူ့အတွက် ပျင်းရိစရာကောင်းလွန်း၏။

"ယွီနင်း"

တံခါးဝသို့ရောက်သည်နှင့် လူတစ်ယောက်သည် ရွှီဖန်းတို့ဘက်ကို အလျင်အမြန် လက်ဝှေ့ယမ်းပြလာသည်။ ထိုလူသည် တကယ်ကို အရပ်ရှည်ကာ ချောမောသူဖြစ်သည်။ သူ၏ကိုယ်လုံးကိုယ်ထည်

သည် ရွှီဖန်းထက်အနည်းငယ်တောင့်တင်းပုံပေါ်သည်။

ထိုလူသည် ဖန်ယွီနင်း၏ ဘေးသို့လျှောက်သွားကာ ချက်ချင်းပင်ငုံ့၍ ပါးကို နမ်းလိုက်လေသည်။ ဖန်ယွီနင်း၏ မျက်နှာလည်း ပူနွေးသွားခဲ့သည်။

သို့သော် ထိုလူသည် ရွှီဖန်းနှင့်ရွှီဖန်းအနောက်ရှိ တောက်ပသော sportကားကို မြင်သောအခါ သူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့ပြီး သတိထားခြင်းနှင့် အလိုမကျခြင်း အရိပ်အယောင်များ ပေါ်လာခဲ့သည်။ ထိုကဲ့သောမျက်လုံးမျိုးကို ရွှီဖန်း အလွန်

ရင်းနှီးသည်။ သို့သော် သူ ဂရုမစိုက်ပေ။ 

သို့သော်ငြား ထိုလူသည် ရှယန်ယွိကို မြင်သောအခါ မျက်လုံးများက ပြန်တောက်ပလာပြီး မြင်ရုံနှင့်ပင် စွဲလမ်းနေသော အမူအရာမျိုး ပေါ်လာခဲ့သည်။ ၎င်းမှာ အချိန်တိုလေးအတွင်းသာ ဖြစ်ခဲ့ပြီး ပြန်လည်ဖုံးကွယ်ခဲ့လေသည်။ ရွှီဖန်း၏ထက်မြက်သောအကဲခတ်နိုင်စွမ်းကသာ ထိုသေးငယ်သောအမူအရာပြောင်းလဲမှုကို ဖမ်းမိခဲ့သည်။ ရွှီဖန်းသည် ထိုလူကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိပြီး စိတ်ထဲ၌ အခြေအနေမဟန်သလို ခံစားခဲ့ရသည်။

သို့သော် ရှယန်ယွိကမူ သတိမပြုမိဘဲ ပြုံးပြုံးရွှင်

ရွှင်ဖြင့်...

"လမ်းပေါ်မှာကို မရှက်ကြဘူးလား၊ ချစ်ခြင်းမေတ္တာတွေပတ်ဖြန်းပြီး လူတွေကို လဲအောင်လုပ်နေတာ"

ရှယန်ယွိ၏စကားကို ကြားသောအခါ ထိုလူသည် ယဉ်ကျေး၍လူကြီးသူကောင်းဆန်သော အပြုံးကို ထိန်းထားပြီး ရှယန်ယွိကို ကြည့်လာသည်။ 

"ဘေဘီ သူမက မင်း ကိုယ့်ကို ပြောပြခဲ့တဲ့မစ္စရှလား"

"အင်း ဟုတ်တယ်၊ ရွှီဖန်းကတော့ သူ့ချစ်သူလေ" 

ဖန်ယွီနင်းက ရွှီဖန်းနှင့်ရှယန်ယွိတို့ကို မိတ်ဆက်

ပေးသည်။ 

"ဒါက ငါ့ချစ်သူ ယွီကျန့်ဟိုင်"

"မင်္ဂလာပါ" 

ထိုလူက ပြုံးပြလာပြီး ရှယန်ယွိနှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် ရွှီဖန်းဘက်သို့ လှည့်ကြည့်ကာ ခေါင်းညိတ်ပြသည်။ သူက ရွှီဖန်းနှင့် လက်ဆွဲနှုတ်ဆက်ရန် မရည်ရွယ်ထားသည့်ပုံပင်။

*******************

All Chapters