← Chapters

နှလုံးရည်ယှဥ်ပြိုင်ပွဲ

Vol. 24 Ch. 347

နှလုံးရည်ယှဥ်ပြိုင်ပွဲ

Vol. 24 Ch. 347

ရှယန်ယွိသည် ထိုလူ၏သဘောထားကြောင့် မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ။ ရွှီဖန်းကလည်း ဂရုမစိုက်ပေ။ ဒီလိုလူဟာ သူ့အတွက် ဘာမှမဟုတ်တာကြောင့် လုံးဝဂရုမစိုက်ပေ။ လက်ဆွဲနှုတ်ဆက်ခြင်းမပြုခြင်းက ပြဿနာများကိုရှောင်ရှားရာရောက်သည်ဟု သူထင်သည်။

သို့သော် ရွှီဖန်း၏လျစ်လျူရှုမှုက ယွီကျန့်ဟိုင်၏ မျက်လုံးထဲတွင်တော့ သူရဲဘောကြောင်ခြင်း ဖြစ်သွားခဲ့သည်။ ရွှီဖန်းက ဒုတိယမျိုးဆက်သူဌေးသားဖြစ်ပြီး အသုံးမကျသူဟု ယွီကျန့်ဟိုင်ထင်သွားကာ အထင်သေးနေလေသည်။

"ဝင်ကြရအောင်"

သူတို့ ထိုနေရာမှာသာရပ်နေပြီး ဘာမှမပြောဘဲ နေ,နေကြသည်ကို မြင်သောအခါ ဖန်ယွီနင်းသည် အမြန်ပင် စကားဝင်ပြော၍ ကသိကအောင့်ဖြစ်နေမှုကို လျှော့ချခဲ့သည်။

"အင်း ဝင်ကြရအောင်" 

ရှယန်ယွိက ရွှီဖန်း၏လက်မောင်းကို ကိုင်ထားသည်။ ထို့နောက် သူတို့လေးဦးစလုံး ပျော်ပွဲစားဥယျာဉ်ထဲသို့ ဝင်သွားကြသည်။

ပျော်ပွဲစားဥယျာဉ်ထဲသို့ဝင်ရောက်ပြီးနောက် ရွှီဖန်းအနည်းငယ်အံ့အားသင့်သွားခဲ့သည်။ အခြားကမ္ဘာတစ်ခုသို့ သူတို့ ရောက်ရှိသွားသကဲ့သို့ပင်။ ပျော်ပွဲစားဥယျာဉ်၏အပြင်အဆင်အား နတ်ပြည်ကဲ့သို့အလား ဆင်ယင်ထားသည်။ 

နေရာတိုင်းတွင် ပန်းချီကားများရှိနေပြီး လည်ပတ်သူများ၏စိတ်ကို လန်းဆန်းစေကာ စိတ်ကြည်လင်

စေသည်။

"ဒီနေရာက မဆိုးဘူးပဲ"

ပတ်ဝန်းကျင်အား ရွှီဖန်း ကျေနပ်စွာ ကြည့်လိုက်

မိသည်။ နေရာတိုင်းတွင် ငှက်သံများကြားနေရပြီး ပန်းနံ့မွှေးမွှေးများ သင်းပျံ့နေသည်။

ထိုစကားကိုကြားသောအခါ ယွီကျန့်ဟိုင်၏ မျက်လုံးထဲတွင် အထင်သေးခြင်းအရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့သည်။ 

"ဒီကို ပထမဆုံးအကြိမ် လာဖူးတာလား"

ရွှီဖန်း ခေါင်းညိတ်လိုက်သည်။

 "အင်း ပထမဆုံးအကြိမ်ပဲ"

ယွီကျန့်ဟိုင်သည် ရွှီဖန်း၏အတည်ပြုမှုကို ကြားသောအခါ ဘာတွေးမိသွားခဲ့လဲ မသိ၊ သူ့နှုတ်ခမ်းထောင့်၌ ဆိုးညစ်သည့်အပြုံးတစ်ခု ပေါ်လာလေသည်။ 

"ဒါဆို ဒီနေ့ပျော်ပျော်ကစားလေ၊ မင်းတို့လုပ်သမျှက အခမဲ့ပဲ"

"အခမဲ့တဲ့လား"

ရွှီဖန်းလည်း ခဏတာမျှ အံ့အားသင့်သွားသည်။ ဒီပျော်ပွဲစားဥယျာဉ်၏စည်းမျဥ်းများကို သူ သိပ်မရှင်းတာ သိသာပေသည်။ သူ ရှယန်ယွိအား တစ်ချက်

ကြည့်ကာ မေးလိုက်တော့ ရှယန်ယွိက ရွှီဖန်းကို ခေါင်းညိတ်ပြလေသည်။

"ကောင်းပြီလေ ဝင်ကြည့်ရအောင်၊ ဘာစိတ်ဝင်စားစရာတွေ ရှိလဲဆိုတာ"

ထိုသို့ပြော၍ ရွှီဖန်းသည် ရှယန်ယွိ၏လက်ကို ဆွဲကာ ဘေးနားရှိ ယွီကျန့်ဟိုင်ကို ဂရုမစိုက်ဘဲ တိုက်ရိုက်ပင် အထဲသို့ လျှောက်သွားခဲ့သည်။

"ဟေး မြန်မြန်လာကြ"

ရှယန်ယွိမှာလည်း ရွှီဖန်း၏အပြုအမူကို မနိုင်တာကြောင့် တစ်ဖက်ကိုလှည့်၍သာ ဖန်ယွီနင်းနှင့် ယွီကျန့်ဟိုင်ကို လိုက်လာရန် ပြောရသည်။

ရှယန်ယွိ၏လက်ကိုကိုင်ထားသည့် ရွှီဖန်းလက်ကို မြင်တော့ ယွီကျန့်ဟိုင်၏မျက်လုံးများက မည်းမှောင်ကာ တီးတိုးရေရွတ်လိုက်မိသည်။ 

"ပန်းဂေါ်ဖီလှလှကို ဝက်ကလာတူးနေတာ"

"အာ...ဘာကြီးလဲ"

ဖန်ယွီနင်းကမူ ယွီကျန့်ဟိုင်အား နားမလည်စွာ ကြည့်လာသည်။

"ဘာမှမဟုတ်ပါဘူး"

ယွီကျန့်ဟိုင်သည် အမြန်လက်ခါလိုက်ပြီး သူ့မျက်နှာအမူအရာကလည်း ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ သူလည်း ဖန်ယွီနင်း၏လက်ကို ဆွဲကာ ထိုနှစ်ယောက်

အနောက်ကို လိုက်သွားခဲ့သည်။

လူလေးယောက် ပထမဆုံးလုပ်ခဲ့သည့်အရာကတော့ ခုန်စက်ရှေ့ကို ရောက်သွားခြင်းပင်။ ယွီကျန့်ဟိုင်ကပဲ တမင်လုပ်ခဲ့တာလား၊ မလုပ်ခဲ့ဘူးလားဆိုတာကို ဘယ်သူမှ မသိပေ။ ယွီကျန့်ဟိုင်သည် ဤပျော်ပွဲစားဥယျာဉ်အကြောင်း မိတ်ဆက်ပေးပြီးနောက်မှာ သူတို့အား ချန်ဟိုင်းပြည်နယ်ရှိ အမြင့်ဆုံး ခုန်စက်ဆီသို့ ခေါ်ဆောင်သွားသည်။ ၎င်းမှာ အမြင့်မီတာ ၃၀၀ ကျော်ရှိပြီး အလွှာဆယ်လွှာ မြင့်ပေသည်။ 

(T/N - ခုန်စက်ကို မျက်လုံးထဲမပေါ်ရင် jumping machineလို့ ရိုက်ရှာကြည့်လိုက်ပါနော်၊ အဲ့ဒီစက်ကို မြန်မာလိုဘယ်လိုသုံးနှုန်းလည်းမသိလို့ အဆင်ပြေသလိုပဲ ပြန်လိုက်ပါတယ်)

"ဒါကြီးက တကယ် ကြောက်ဖို့ကောင်းတယ်" 

ခုန်စက်ကိုကြည့်နေရင်း ရှယန်ယွိမှာ ခေါင်းမူးလာပြီး ကြောက်ရွံ့နေလေသည်။ ထိုစကားကို ကြားတော့ ယွီကျန့်ဟိုင်က အပြုံးဖြင့် အမြန်ပြောလာသည်။

"အဆင်ပြေသွားမှာပါ...အကာအကွယ်တွေလည်းရှိတယ်၊ ပြီးတော့ ဒါက နှလုံးခုန်နှုန်းကို လှုံ့ဆော်ပေးရုံပါပဲ၊ ကျွန်တော် ဒီခုန်စက်ကို အကြိမ်ပေါင်းများစွာ ကစားဖူးတယ်၊ အရမ်း လုံခြုံစိတ်ချရတယ်"

"တကယ်လား၊ ဒါပေမဲ့ ကျွန်မကတော့ အရမ်းမြင့်

တယ်လို့ ခံစားနေရတုန်းပဲ၊ ဒါလင် ရှင်ရော ဘယ်လိုထင်လဲ၊ ကစားချင်လား" 

ရှယန်ယွိသည် ရွှီဖန်းအား သနားစရာကောင်းသည့်

မျက်နှာလေးဖြင့် ကြည့်လာသည်။ သိသာစွာပင် သူမ ကစားချင်သော်လည်း မဝံ့ရဲပေ။

"ကျွန်မလည်း နည်းနည်းမြင့်လွန်းတယ်လို့ထင်တယ်၊ အရမ်းကြောက်စရာကောင်းမယ် ထင်တယ်"

ရွှီဖန်း ဘာမှမပြောရသေးခင်မှာပင် ဘေးနားရှိ ဖန်ယွီနင်းက အရင်ဝင်ပြောလာပြီး သူမ၏စိုးရိမ်ပူပန်မှုကို ရှယန်ယွိအတိုင်းပင် ဖော်ပြခဲ့သည်။ 

ဒါကိုမြင်တော့ ယွီကျန့်ဟိုင်သည် ယုံကြည်မှုအပြည့်

ဖြင့် ပြုံးလိုက်ကာ ဖန်ယွီနင်းအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ 

"အဆင်ပြေမှာပါ ဘေဘီရဲ့၊ ကိုယ်ဘေးနားကနေ လက်ကိုင်ထားပေးမယ်၊ မင်းကြောက်တော့မှာ မဟုတ်ဘူး"

ထိုအချိန်၌ စကားမပြောရသေးသည့် တစ်ဦးတည်းသောသူမှာ ရွှီဖန်းပင်။ ရှယန်ယွိကလည်း ယွီကျန့်ဟိုင်၏ စကားကို ကြားတော့ မျှော်လင့်တကြီးဖြင့် ရွှီဖန်းကို ကြည့်လာသည်။

ရွှီဖန်းသည်လည်း ရှယန်ယွိမျက်လုံးအကြည့်ထဲမှ ဆိုလိုချင်သောအဓိပ္ပာယ်ကို သဘာဝကျစွာ နားလည်ခဲ့သည်။ သူ မတတ်နိုင်စွာ နှုတ်ခမ်းကို တွန့်၍ ပြောလိုက်သည်။

"တကယ်တော့ ကိုယ် သိပ်မကစားချင်ဘူး၊ အဲ့ဒီဟာက ကိုယ့်အတွက် စိတ်လှုပ်ရှားစရာမဟုတ်ဘူး"

"ဟေး မင်း နည်းနည်းတော့ ယောက်ျားပီသစမ်းပါ၊ မိန်းကလေးကိုခေါ်ပြီး ကစားဖို့ ကြောက်နေတာက မကောင်းဘူးနော်" 

မမျှော်လင့်ထားစွာပင် ရွှီဖန်း၏စကားဆုံးသည်နှင့် ယွီကျန့်ဟိုင်က အသင့်ပြင်ထားသည့်အလား ချက်ချင်း ပြန်ပြောလာလေသည်။ သူ့စကားက ရွှီဖန်းကို နိမ့်ချချင်နေတာ သိသာပေသည်။

သို့သော် ရွှီဖန်း၏စိတ်ထဲမှာတော့ ယွီကျန့်ဟိုင်ဆိုတာ ကြွားဝါချင်သည့်သူဌေးတစ်ယောက်သာဖြစ်သည်။ သို့သော်ငြား ထိုလူက ဖန်ယွီနင်း ချစ်သူလည်း ဖြစ်နေတာကြောင့် ရွှီဖန်း မျက်မှောင်ကြုတ်ကာ ရှယန်ယွိကို ကြည့်၍...

"ကောင်းပြီလေ မင်း စိတ်ဝင်စားနေမှတော့ ကိုယ်

အဆင်ပြေပါတယ်၊ စိတ်မပူနဲ့...ကိုယ် မင်းကို မကြောက်အောင်လုပ်ပေးမယ်၊ ဒီဟာကြီး တကယ်ပြိုကျသွားရင်တောင် မင်းကိုဘေးကင်းလုံခြုံအောင် ကိုယ် ကာကွယ်ပေးနိုင်တယ်"

ရွှီဖန်း၏စကားများက ရှယန်ယွိ၏စိတ်လှုပ်ရှားမှုကို ဖြေလျှော့ပေးရန်ဖြစ်သည့်အပြင် သူပြောသမျှကလည်း အမှန်တရားပင်။ 

ယွီကျန့်ဟိုင်ကတော့ ထိုစကားကို ကြားသည့်အခါ အထင်သေးစွာဖြင့် နှာခေါင်းရှုံ့မိမလိုတောင် ဖြစ်သွားခဲ့သည်။

"ဒီခုန်စက်မှာ နှလုံးခုန်နှုန်းတိုင်းတာစက်လည်း ပါတယ်၊ လူတစ်ယောက်ရဲ့ရဲစွမ်းသတ္တိကို စမ်းသပ်တာပေါ့၊ စံချိန်ချိုးခဲ့ရင် ဆုလည်း ပေးတယ်၊ အခုထိ အနှေးဆုံးနှလုံးခုန်နှုန်းစံချိန်က ကျွန်တော့်ဟာပဲ၊ ဒါပေမဲ့ ကျွန်တော် နောက်တစ်ကြိမ်စံချိန်ချိုးနိုင်

မယ်လို့တော့ မထင်ဘူး"

ယွီကျန့်ဟိုင်က ပြောနေရင်းဖြင့် ရွှီဖန်းကို ကြည့်

နေသည်။ ယွီကျန့်ဟိုင် ပြောနေတုန်းမှာပင် ဝန်ထမ်းတစ်ယောက်က လျှောက်လာပြီး ယွီကျန့်ဟိုင်ကို နှုတ်ဆက်လာသည်။

"ဟေး ညီလေး ထပ်ပြီးလာကစားတာလား၊ ဒီတစ်ခါမှာ ချစ်သူကို ခေါ်လာတာပေါ့"

ထိုအသံကို ကြားတော့ ယွီကျန့်ဟိုင်၏မျက်နှာပေါ်၌ ချက်ချင်းပင် အပြုံးတစ်ခု ပေါ်လာသည်။ သူ တစ်ဖက်ကိုလှည့်ကာ မန်နေဂျာဖြစ်သူကို နှုတ်ဆက်

လိုက်သည်။

"ဟုတ်တယ် အစ်ကိုကြီးဝမ် ကျွန်တော့်စံချိန်က ရှိနေတုန်းပဲလား"

ယွီကျန့်ဟိုင်၏စကားကို ကြားတော့ မန်နေဂျာက မျက်လုံးကျဉ်းမြောင်း၍ ပြုံးလာသည်။ 

"မင်းရဲ့စံချိန်ကို ဘယ်သူက ချိုးနိုင်မှာလဲ၊ ငါ မင်းကို တကယ်လေးစားတယ်၊ နှလုံးခုန်နှုန်းက ၁၃၀ပဲ ရှိတယ်၊ ဒါပေမဲ့ ဒီတစ်ခါ မင်းစံချိန်ထပ်ချိုးနိုင်ရင် မင်းရဲ့ချစ်သူက သေချာပေါက်ဆုကို သဘောကျမှာ"

"အာ...ဘယ်လိုဆုမျိုးလဲ"

ယွီကျန့်ဟိုင်လည်း မှင်သက်သွားလေသည်။မန်နေဂျာ၏စကားကို သူ သိသာစွာပင် စူးစမ်းချင်

နေသည်။ 

မန်နေဂျာသည် ယွီကျန့်ဟိုင်ကို ပြန်မဖြေဘဲ မြေပြင်ပေါ်မှာ ချထားသည့် အရုပ်တစ်ရုပ်ကို ကောက်ယူလိုက်သည်။ 

ရှယန်ယွိနှင့်ဖန်ယွီနင်းတို့သည် မန်နေဂျာမှ ထိုအရုပ်ကို ကောက်ယူလိုက်သောအခါ မျက်လုံးများ တောက်ပသွားကြသည်။ ထိုအရုပ်က မိန်းကလေးများကို ဆွဲဆောင်ရန်အတွက် တည်ရှိနေတာပင်။ အထူးသဖြင့် အရုပ်သည် လူတစ်ယောက်စာလောက် မြင့်နေပြီး မန်နေဂျာထက်တောင်မှ ပိုကြီးကာ ပန်းရောင်ဝက်ဝံရုပ် ဖြစ်နေတာကြောင့် ပိုပြီးချစ်စရာကောင်းကာ ဆွဲဆောင်မှုရှိလှသည်။ ရှယန်ယွိသည် အလုပ်ခွင်၌ အေးစက်သည့် ဘုရင်မတစ်ပါးကဲ့သို့ ပြုမူတတ်သော်လည်း ထိုအရုပ်က သူမလို အေးစက်စက်မိန်းကလေးကိုတောင် ဆွဲဆောင်နိုင်လေသည်။

ယွီကျန့်ဟိုင်ကလည်း မိန်းကလေးနှစ်ဦး၏မျက်လုံးများကို သဘာဝကျစွာ သတိထားမိသည်။ သူ ခေါင်းငုံ့ကာ ခဏလောက် စဉ်းစားပြီးမှ မန်နေဂျာကိုကြည့်ကာ ပါးစပ်ဖွင့်လိုက်သည်။ 

"ဒါဆို ဒီနေ့ နောက်ထပ်စံချိန်တစ်ခုကို ချိုးကြည့်ဦးမယ်၊ ဒါပေမဲ့ ဆုက ဘာလို့တစ်ခုတည်းလဲ၊ ဒီမှာ မိန်းကလေးနှစ်ယောက်တောင် ရှိတာကို"

ထိုစကားကို ကြားတော့ မန်နေဂျာမှာ မတတ်နိုင်သည့် အမူအရာဖြစ်သွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဆုက တစ်ခုတည်းရှိလေသည်။ 

"မစ္စရှ တကယ်ကို တခြားနည်းလမ်းမရှိတော့ဘူးပဲ၊ ကျွန်တော်ကတော့ ရတနာကို ကျွန်တော့်မိသားစုဝင်ကိုပေးဖို့ အနိုင်ရအောင်လုပ်ရတော့မှာပဲ" 

မန်နေဂျာ၏အမူအရာကိကြည့်၍ ယွီကျန့်ဟိုင်သည် ရှယန်ယွိဘက်ကို လှည့်၍ ထိုစကားကို ပြောလာသည်။ သူစကားပြောသည့်ပုံစံမှာ မသိလျှင် စံချိန်ချိုးပြီးသည့်အလားပင်။ ရွှီဖန်းကိုနိမ့်ချချင်တာပဲလား သို့မဟုတ် ကြွားဝါရုံသက်သက်ပဲလားဆိုတာကို မသိနိုင်ပေ။

သို့သော် ဖန်ယွီနင်းကတော့ ထိုစကားကြောင့် သိသိသာသာ ပျော်ရွှင်နေခဲ့သည်။ သူမက ယွီကျန့်ဟိုင်၏လက်မောင်းကို အမြန်ဖက်တွယ်လိုက်လေသည်။သို့သော် သူမ ရှယန်ယွိကို ထောက်ထား၍...

"ရပါတယ် ရှင် အနိုင်ရရင် ယန်ယွိကိုပေးလိုက်ပါ၊တက္ကသိုလ်တုန်းက သူ အရုပ်တွေကို အရမ်းကြိုက်ပြီး စုခဲ့သေးတယ်ဆို ကျွန်မ မှတ်မိတယ်"

"မဟုတ်ပါဘူးနော်"

ဖန်ယွီနင်း၏စကားကို ကြားသည်နှင့် ရှယန်

ယွိ၏မျက်နှာမှာ ချက်ချင်းနီရဲလာပြီး ငြင်းဆိုလိုက်မိသည်။ 

ရွှီဖန်းလည်း ခဏတာမျှ မှင်သက်သွားခဲ့သည်။ ရှယန်ယွိထံ၌ ထိုကဲ့သို့သောဝါသနာမျိုး ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ကြိုက်တယ်ဆိုရင် ကိုယ် မင်းအတွက် အနိုင်ယူပေးမယ်" 

ရွှီဖန်းသည် ရှယန်ယွိကို ကြည့်ပြီးပြောလိုက်သည်။ 

ရွှီဖန်း၏စကားတွေက လေထုအခြေအနေကို ကသိကအောင့်ဖြစ်စေခဲ့ခြင်းတော့ မရှိပေ။ ယွီကျန့်ဟိုင်၏ မျက်နှာအမူအရာမှာ ထိုစကားကို ကြားသည်နှင့် အေးစက်သွားခဲ့သည်။ မသိလျှင် သူ့ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် လှုံ့ဆော်ခံလိုက်ရသလိုပင်။ 

"ဒါဆိုရင်တော့ အကောင်းဆုံးပေါ့၊ မျှမျှတတ ယှဉ်ပြိုင်ခြင်းမှာ ဘယ်သူပဲနိုင်နိုင် အနိုင်ရတာပဲလေ"

သူ့လေသံကတော့ တော်တော်လေး ကောင်းမွန်နေ၏။ 

ထိုအခြေအနေကို မြင်တော့ ရှယန်ယွိလည်း အမြန် ဝင် ပြောလိုက်သည်။ 

"ကောင်းပြီ အရုပ်တစ်ခုပါပဲ...တန်ဖိုးလည်း သိပ်မရှိပါဘူး၊ သွားကစားကြရအောင်"

ရွှီဖန်းကတော့ ယွီကျန့်ဟိုင်၏စကားကို လုံးဝ ဂရုမ

စိုက်ပေ။ သို့သော် သူ့ချစ်သူလေး အရုပ်ကြိုက်

တယ်ဆိုကတည်းက ရွှီဖန်းသည် ထိုအရုပ်ကို သူမအတွက် သေချာပေါက် ယူပေးမှာပင်။ 

"ခင်ဗျားတို့ နှလုံးခုန်နှုန်းကိုစမ်းသပ်တာက နှလုံးခုန်

နှုန်း မြန်နှုန်းကိုလား" 

ရွှီဖန်းသည် မန်နေဂျာကို မေးလိုက်သည်။ 

ထိုစကားကိုကြားတော့ ယွီကျန့်ဟိုင်က နှာခေါင်းရှုံ့လိုက်လေသည်။ မန်နေဂျာဘက်က ဘာမှမပြောရသေးခင်မှာပင် သူ ရွှီဖန်းကို ရှင်းပြလိုက်သည်။ 

"ပုံမှန်လူတစ်ယောက်ရဲ့နှလုံးခုန်နှုန်းက တစ်မိနစ်ကို ၆၀ကနေ ၁၂၀ကြားမှာရှိပြီး ဆင်းသက်လိုက်တဲ့အချိန်မှာဆိုရင် နှလုံးခုန်နှုန်းက တစ်မိနစ်ကို၁၅၀ ဝန်းကျင်ရှိတယ်"

"ဪ ဒါဆို မင်းရဲ့စံချိန်က ဘယ်လောက်လဲ"

ရွှီဖန်းသည် ယွီကျန့်ဟိုင်အား တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်သည်။ 

"၁၃၀" 

ယွီကျန့်ဟိုင်သည် ရွှီဖန်း၏မေးခွန်းကို ကြားတော့ ယုံကြည်မှုရှိသည့်လေသံဖြင့် ပြန်ဖြေကာ ပြုံးနေလေသည်။ 

"ဒါဆိုရင် အဲ့ဒီခုန်စက်နဲ့ကစားပြီးလို့ ကျွန်တော့်ရဲ့နှလုံးခုန်နှုန်းက ၁၃၀အောက်ဆိုရင် အရုပ်ကို ရနိုင်

တယ်ဆိုတဲ့ သဘောလား"

"သီအိုရီအရဆိုရင်ပေါ့" 

ယွီကျန့်ဟိုင်သည် ရွှီဖန်း၏စကားကိုကြားသည့်အခါ အရင်ဆုံးလှောင်ပြောင်လိုက်မိပြီး "သီအိုရီအရ" ဟူသည့်စကားကို ပြောလိုက်သည်။ ရွှီဖန်း မလုပ်နိုင်ဘူးဟု ဆိုလိုချင်တာ သိသာပေသည်။ 

သို့သော် ရွှီဖန်းသည် မေးခွန်း၏အဖြေကိုရပြီးနောက် ယွီကျန့်ဟိုင်ကို ပြန်လည်တုံ့ပြန်ရန် ပျင်းရိနေခဲ့သည်။ သူ ရှယန်ယွိကိုသာ ဆွဲခေါ်၍ ခုန်စက်ပေါ်မှာ ဝင်ထိုင်

လိုက်သည်။ လုံခြုံရေးစစ်ဆေးမှုအားလုံး ပြီးဆုံးသွားတော့ မန်နေဂျာက ရွှီဖန်းနှင့်ယွီကျန့်ဟိုင်အား နှလုံးခုန်နှုန်းတိုင်းတာစက် တပ်ဆင်ပေးခဲ့သည်။ 

ထိုအတောအတွင်းမှာ ရွှီဖန်းသည် ရှယန်ယွိ၏လက်ကို ကိုင်ထားပေးခဲ့ရာ ရှယန်ယွိလည်း အများကြီး စိတ်

တည်ငြိမ်သွားခဲ့သည်။

မကြာခင်မှာပင် ခုန်စက်က ဖြည်းဖြည်းချင်း မြင့်

တက်လာပြီး ထိပ်ဆုံးသို့ ရောက်သွားခဲ့သည်။ ရှယန်ယွိနှင့် ဖန်ယွီနင်းတို့နှစ်ယောက်စလုံးသည် အလွန်စိတ်

လှုပ်ရှားလာကြပြီး ရွှီဖန်းနှင့်ယွီကျန့်ဟိုင်အား သတိထားရန်ပင် စိတ်မရှိတော့ချေ။ 

ထိုအချိန် ခုန်စက်မှ စတင်လှုပ်ရှားနေသည့်အချိန်၌ ယွီကျန့်ဟိုင်သည် ရွှီဖန်းကို စိန်ခေါ်သောအကြည့်ဖြင့် ကြည့်လာလေသည်။

ဒီအရာက ရွှီဖန်းအား ယွီကျန့်ဟိုင်ဘက်ကို ပြန်လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ချေ။ သိသာသည်မှာ ယွီကျန့်ဟိုင်သည် ကြွားဝါရုံသက်သက်ပြုမူနေတာ မဟုတ်ပေ။ 

ရွှီဖန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် သူ့လက်ကနေ လျို့ဝှက်စွမ်းအင်တစ်ခုထွက်သွားကာ ယွီကျန့်ဟိုင်ရှေ့မှ အကာအကွယ်တန်းကို ရိုက်မိသွားပြီး ၎င်း၏ခေါင်းမှာ ယွီကျန့်ဟိုင်၏အဝေးကို လှည့်သွားခဲ့သည်။ 

ယွီကျန့်ဟိုင်ကတော့ သိသာစွာပင် ထိုမြင်ကွင်းကို မမြင်လိုက်ပေ။

********************

All Chapters