တဏှာရူး
Vol. 24 Ch. 349
ယွီကျန့်ဟိုင်မှ ထိုသို့ပြောလိုက်သည်နှင့် ရွှီဖန်း၏ အကြည့်က အေးစက်သွားသည်။ ယွီကျန့်ဟိုင်က သူ့ကို ထပ်ခါထပ်ခါ စိန်ခေါ်နေကြောင်း ထင်ရှားလှသည်။
ယခင်က လျှို့ဝှက်စွာပြုမူခဲ့သော်လည်း ယခုမူ သူ့မျက်နှာရှေ့မှာ တိုက်ရိုက်ပြောဆိုလာခဲ့သည်။
ရှယန်ယွိလည်း မျက်မှောင်ကြုတ်သွားသည်။ ရွှီဖန်းကို ထိုသို့ ပြောဆိုရဲသူ မည်သူကိုမဆို သူမ blacklistလုပ်လိုက်ပြီဖြစ်သည်။
မန်နေဂျာကလည်း ထိုစကားကို ကြားသောအခါ ရွှီဖန်းကို သံသယဖြင့် ကြည့်လာပြီး တုံ့ဆိုင်းစွာ ပြောလာလေသည်။
"ဒါဆို နှလုံးခုန်နှုန်းကို ထပ်ပြီးစစ်ဆေးကြည့်
ရအောင်၊ ၂၈ ပဲရှိနေသေးရင် ပြဿနာမရှိဘူးပဲ၊ ဒီဆရာက အခုကစပြီး ကျွန်တော်တို့ရဲ့ စံချိန်အသစ်
တင်သူ ဖြစ်လာပါလိမ့်မယ်"
"ဟက်!"
ရွှီဖန်း အေးစက်စွာ ရယ်မောလိုက်ပြီး မန်နေဂျာအား လက်ဝှေ့ယမ်းပြလိုက်သည်။
"မလိုဘူး...ကလေးတစ်ယောက်ကစားတဲ့ စံချိန်တင်ဂိမ်းမျိုးကို ကျွန်တော် ဂရုမစိုက်ဘူး"
ရွှီဖန်းသည် ယွီကျန့်ဟိုင်ကို ကလေးတစ်ယောက်လိုပဲဟု လှောင်ပြောင်လိုက်သည်မှာ ထင်ရှားပေသည်။ တစ်ကယ်လည်း သူ့အတွက် ထိုစကားက အမှန်ကို ပြောခဲ့တာပင်။ သူ ဂရုမစိုက်ပေ။
သို့သော် ယွီကျန့်ဟိုင်ကတော့ ထိုလှောင်ပြောင်မှု၏ အဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။ ရွှီဖန်းက ကြောက်ရွံ့နေပြီး နှလုံးခုန်နှုန်းကို မစစ်ဆေးရဲဘူးဟု သူထင်နေလေသည်။ ယွီကျန့်ဟိုင်သည် ရွှီဖန်းအား မထီမဲ့မြင်ပြုစွာ ကြည့်လိုက်ပြီးနောက် မန်နေဂျာအား ပြောလိုက်သည်။
"ထားလိုက်ပါတော့...ဒါမျိုးက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ၂၈တဲ့လား၊ ခင်ဗျားက လူတိုင်းကို စူပါမန်းလို့ ထင်နေတာလား၊ ခင်ဗျားတို့စက်က တကယ်ကြီး ပြဿနာရှိနေပြီလို့ ကျွန်တော် ထင်တယ်၊ မြန်မြန်ပိတ်ပြီး ပြုပြင်လိုက်တာ ပိုကောင်းမယ်၊ တကယ်လို့ ၂၈သာ မှန်ခဲ့မယ်ဆိုရင် ကျွန်တော် ခွေးလိုမျိုး သုံးခါတောင် ဟောင်ပြဦးမယ်"
ထိုသို့ပြောနေရင်း ယွီကျန့်ဟိုင်သည် သူ့ကိုယ်သူ လက်ပိုက်ကာ ရွှီဖန်းကို ကြည့်လာသည်။
ရွှီဖန်းသည် ထိုစကားကိုကြားသောအခါ ပြုံးရုံသာ တတ်နိုင်ခဲ့သည်။ သူ ယွီကျန့်ဟိုင်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုပြီး စဉ်းစားနေခဲ့သော်လည်း နောက်ဆုံးမှာတော့ ယွီကျန့်ဟိုင်သည် သူ့ကိုယ်သူ ပေးပို့ခဲ့သည်။ ရွှီဖန်းသည် ယွီကျန့်ဟိုင်အား တစ်ချက်
ကြည့်၍ မျက်ခုံးပင့်လိုက်သည်။ ထိုလုပ်ရပ်ကြောင့် ယွီကျန့်ဟိုင်သည် အနည်းငယ် ဒေါသထွက်သွားခဲ့သည်။
ရွှီဖန်းသည် ဝင့်ကြွားသောအမူအရာဖြင့် မန်နေဂျာအား ကြည့်ကာ...
"ကောင်းပြီ ဒါဆိုရင်လည်း ဘယ်သူမှ မချိုးဖျက်နိုင်မယ့်ဂန္တဝင်မှတ်တမ်းတစ်ခုကို ထားခဲ့မယ်၊ တစ်ခါ ထပ်ပြီးစမ်းသပ်ကြည့်တာပေါ့"
ရွှီဖန်း၏ စကားဆုံးသည်နှင့် ယွီကျန့်ဟိုင်က ကျယ်လောင်စွာ ရယ်မောလေသည်။ ဖန်ယွီနင်းကလည်း ရွှီဖန်းကို ကြည့်၍ မျက်မှောင်ကြုတ်နေသည်။
ရှယန်ယွိ၏မျက်နှာအမူအရာကသာ မည်းမှောင်နေခဲ့သည်။ ဖန်ယွီနင်းနှင့်ယွီကျန့်ဟိုင်တို့၏ ရွှီဖန်းအပေါ်ထားရှိသော သဘောထားကြောင့် ရှယန်
ယွိ၏ဒေါသမှာ ထိန်းမနိုင်အောင် တိုးပွားလာခဲ့သည်။
ခုန်စက်ပေါ်မှ ရုတ်တရက်ဖြစ်ပျက်ခဲ့သောအဖြစ်
သည် ရွှီဖန်းကြောင့် ဖြစ်နိုင်ဖွယ်ရှိသည်။ မဟုတ်လျှင် ထိုဖျော်ဖြေရေးစက်ပစ္စည်း၏ဘေးကင်းရေးသည် ဤကဲ့သို့သော အမှားမျိုး မဖြစ်နိုင်ပေ။
ထိုအရာကို တွေးမိသောအခါ ရှယန်ယွိသည် ဒေါသကို ချုပ်ထိန်းရန် ဆုံးဖြတ်လိုက်သည်။ အမျိုးသမီးတစ်ဦးမှ ဝင်ရောက်စွက်ဖက်ရန် အချိန်မဟုတ်သေးကြောင်း သူမ သိသည်။
ထို့နောက် သူတို့လေးဦးစလုံး မန်နေဂျာ၏အနောက်မှနေ၍ ခုန်စက်ဘေးသို့ ပြန်လိုက်လာခဲ့ကြသည်။ ယွီကျန့်ဟိုင်ကတော့ ရွှီဖန်းကို လှောင်ပြောင်သလို ကြည့်နေကာ ရွှီဖန်းအရှက်ရတော့မည်ကို စောင့်ဆိုင်းနေသည်။ ဖန်ယွီနင်းကမူ ရှယန်ယွိ၏မျက်နှာအမူအရာ မကောင်းတော့ကြောင်း သတိပြုမိသဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ထားလိုက်ပါတော့...ရလဒ်ထက် ကစားခဲ့ရတယ်ဆိုတဲ့အမှတ်တရက ပိုအရေးကြီးပါတယ်"
သိသာစွာပင် ဖန်ယွီနင်းသည် ရှယန်ယွိ စိတ်ဆိုးအောင် မလုပ်လိုပေ။ ရွှီဖန်းကို အရှက်ရအောင်လုပ်တာက ရှယန်ယွိကို အရှက်ရစေတာနှင့် အတူတူပင် မဟုတ်ပါလော။
ရှယန်ယွိသည် ထိုစကားကို ကြားသောအခါ ဖန်ယွီနင်းဘက်ကို ခေါင်းလှည့်ကြည့်လိုက်သည်။ သူမ၏မှိုင်းညို့နေသောအမူအရာကို ပြန်သိမ်း၍ ဖန်ယွီနင်းကို ပြုံးပြကာ....
"ရွှီဖန်းအကြောင်းကို ငါ တော်တော်လေးနားလည်
တယ်၊ သူက တခြားသူတွေနဲ့ တစ်ကယ်မတူဘူး၊ သူက တခြားလူတွေထက်ကို ပိုသန်မာတယ်"
ထိုသို့ပြောရင်း ရှယန်ယွိသည် ရွှီဖန်းအား ယုံကြည်မှုအပြည့်ဖြင့် ကြည့်လိုက်ငည်။
ရွှီဖန်းလည်း ပြုံးလိုက်ပြီး ရှယန်ယွိ၏ပါးကို ခေါင်းငုံ့ကာနမ်း၍ ချီးကျူးလိုက်သည်။
"ကိုယ့်ဇနီးကပဲ ကိုယ့်ကို နားလည်တယ်"
သို့သော် ဖန်ယွီနင်းကတော့ ထိုမြင်ကွင်းကို မြင်
သောအခါ ခေါင်းခါယမ်းလိုက်လေသည်။ သူမ၏အမူအရာမှာ 'ဘာတွေဟန်ဆောင်နေတာလဲ...ခဏနေရင် ပေါ်တော့မှာပဲ' ဟု ပြောချင်နေပုံရသည်။
သို့သော် ယွီကျန့်ဟိုင်ကတော့ ထိုမြင်ကွင်းကြောင့် မျက်လုံးများ မှောင်မိုက်သွားခဲ့သည်။ ရှယန်ယွိက ရွှီဖန်းအပေါ်၌ သူထင်ထားသည်ထက် ပိုပြီးနက်နဲသောသံယောဇဉ်နှင့် လေးစားမှုများရှိနေတာကို သူ မြင်နိုင်ခဲ့သည်။ ဒါကို သူ မမျှော်လင့်ထားခဲ့ပေ။
ထို့နောက် လေးယောက်စလုံး ဘာမှမပြောကြတော့ပေ။ သို့သော် သူတို့အားလုံး၏မျက်နှာပေါ်မှာတော့ မတူညီသည့် အမူအရာများနှင့် အတွေးအမြင်များ ရှိနေခဲ့သည်။ သူတို့အားလုံး စက်ပစ္စည်းများ ပြင်ဆင်နေသော မန်နေဂျာကို စောင့်နေခဲ့ကြသည်။
စက်ကိရိယာကိုပြင်ဆင်ပြီးနောက်မှာ မန်နေဂျာသည် ရွှီဖန်း၏လက်ချောင်းကိုယူ၍ စက်ပေါ်တင်လိုက်
သည်။ အစပိုင်း၌ စက်ပေါ်တွင် ပြသနေသည့်နှုန်းက ၁၀၁ဖြစ်သည်။ ရွှီဖန်း၏လက်ချောင်းကို ကိရိယာပေါ်သို့ တင်ပြီးနောက်မှာ ဘာမှပြောင်းလဲသွားခြင်းမရှိပေ။
ထိုမြင်ကွင်းကိုမြင်တော့ ယွီကျန့်ဟိုင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ ရွှီဖန်းအား ပြောစရာကျန်နေသေးသကဲ့သို့ ကြည့်လိုက်သည်။ သို့သော် ယွီကျန့်ဟိုင်၏မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ မထီမဲ့မြင်စွာဖြင့် နှာခေါင်းရှုံ့ရာကနေ မယုံနိုင်ဖွယ်ကောင်းလောက်အောင် ကြောက်ရွံ့သွားသည့် အမူအရာမျိုး ဖြစ်သွားခဲ့သည်။
အကြောင်းမှာ ကိန်းဂဏန်းသည် ၁၀၁ ကနေ ၂၇ကို ခုန်ဆင်းသွားပြီး ၂၇နှင့် ၂၈ကြားမှာ လည်နေ၍ပင်။
"ဒါ မဖြစ်နိုင်ဘူး!"
ယွီကျန့်ဟိုင် အော်ဟစ်လိုက်ပြီးနောက် စက်ကို ထပ်မံစစ်ဆေးရန်အတွက် အနားကို အလျင်အမြန် သွားလိုက်သည်။ ကိန်းဂဏန်းက အတူတူပင်။ ထို့နောက် ယွီကျန့်ဟိုင် ထရပ်ကာ ကိရိယာကို လက်ညှိုးထိုး၍...
"မင်းတို့ရဲ့စက်က သေချာပေါက် တစ်ခုခုမှားနေတာပဲ! သေချာပေါက် ပျက်နေတာ! ဒါ ဘယ်လိုလုပ်
ဖြစ်နိုင်မှာလဲ! လဲပြီး ပြန်စစ်လိုက်...ဒါ ပျက်နေပြီ!"
"ဒါ..."
မန်နေဂျာလည်း မှင်သက်သွားခဲ့သည်။ စက်ကိရိယာပျက်စီးရန်မှာ မဖြစ်နိုင်ချေ။
သို့သော်လည်း ရွှီဖန်းက သဘောတူလာတာကြောင့် မန်နေဂျာသည် နောက်ထပ်နှလုံးခုန်နှုန်းတိုင်းတာစက်တစ်ခုကို ပြောင်းလဲပေးခဲ့သည်။
သို့သော် ရလဒ်ကတော့ အတူတူပင်။ ကိန်းဂဏန်းက ၂၇၊ ၂၈မှာသာ ရှိနေသည်။
"လုံးဝမဖြစ်နိုင်ဘူး! မင်းတို့ရဲ့စက်တွေမှာ ပြဿနာရှိနေတာ သေချာတယ်! အကုန်လုံး ပျက်နေပြီ! လာ ဒီမှာ ငါ့ကို လာစမ်းကြည့်! ငါ့နှလုံးခုန်နှုန်းကလည်း ၂၇ ကနေ ၂၈ ပဲရှိမှာ သေချာတယ်"
ယွီကျန့်ဟိုင်ကတော့ ထိုဖြစ်ရပ်ကို မယုံကြည်ချင်သေးပေ။ စက်ပေါ်၌ သူ့လက်ချောင်းကိုတင်ကာ တိုက်ရိုက် ညှပ်လိုက်ပြီး မန်နေဂျာအား သူ့နှလုံးခုန်နှုန်းကို စမ်းသပ်ခိုင်းလိုက်သည်။
မကြာခင်မှာပင် ဖန်သားပြင်ပေါ်၌ ၉၇ဟု ပြသလာသည်။ ထိုအရာက စက်ထံ၌ ဘာပြဿနာမှမရှိဘူးဟု ဆိုလိုခြင်းပင်။
"ဆရာ ကျွန်တော်တို့ရဲ့ခုန်စက်နဲ့ ဓာတ်ပုံရိုက်ပေးလို့ရမလား၊ ကျွန်တော် ပိုစတာအကြီးကြီးတစ်ခု လုပ်ပြီး ဒီနေရာမှာ ချိတ်ထားမယ်! ကမ္ဘာ့စံချိန်ကိုချိုးခဲ့တဲ့ ဒီလို အံ့ဖွယ်ဖြစ်ရပ်အတွက် ဒီကိန်းဂဏန်းကိုလည်း မှတ်တမ်းတင်ထားရမယ်!"
မန်နေဂျာ၏မျက်လုံးများက ဝမ်းသာမှုများဖြင့် ပြည့်နေခဲ့သည်။ ကြည့်ရတာ ကမ္ဘာ့စံချိန်တင်ထားသည့်သူများနှင့်ပင် ဆက်သွယ်ရန် ဆန္ဒရှိနေပုံရသည်။
"မလိုဘူး...မလိုဘူး...မလိုပါဘူး၊ ကျွန်တော့်ပုံစံကို သူများတွေမြင်အောင် ဒီမှာချိတ်ထားတာမျိုး မလုပ်
ချင်လို့ပါ"
ရွှီဖန်းသည် ထိုစကားကိုကြားသည့်အခါ ချက်ချင်းပင် လက်ခါယမ်းလိုက်သည်။ ဘေးမှာရပ်နေသည့် ယွီကျန့်ဟိုင်နှင့်ဖန်ယွီနင်းတို့နှစ်ယောက်စလုံးကတော့ မှင်
သက်နေကြသည်။ ယွီကျန့်ဟိုင်သည် မယုံကြည်
ချင်သေးသော်လည်း အမှန်တရားက သူတို့အရှေ့မှာ သိသာထင်ရှားနေလေပြီ။
နှိမ့်နှိမ့်ချချနေခဲ့သူက ရွှီဖန်းဖြစ်နေမှန်း အခုမှ သိလိုက်ရပေသည်။ သူမ၏ချစ်သူက အခုအချိန်၌ လူပြက်တစ်ယောက်လို ဖြစ်နေလေပြီ။ ရှယန်ယွိကိုပြောခဲ့သည့် ခုနကစကားများကို ပြန်တွေးမိသောအခါ ဖန်ယွီနင်း၏မျက်နှာမှာ ချက်ချင်းပင် အဖျားဝင်သွားသလို ဖြစ်သွားခဲ့သည်။ မျက်နှာမှသည် လည်ပင်းအထိ နီရဲနေလေပြီ။
ထိုအချိန်၌ ယွီကျန့်ဟိုင်၏တစ်ကိုယ်လုံးလည်း တောင့်တင်းနေခဲ့သည်။ သူ ဘယ်လောက်ပဲ မယုံကြည်ပါစေဦး၊ ဒီလူက တကယ်စွမ်းရည် ရှိနေသည်ဆိုတာကတော့ မပြောင်းလဲသွားပေ။ ထိုအရာက သူ့အား တုန်လှုပ်စေရုံသာမကဘဲ သူ့မျက်နှာကို မြေပြင်ပေါ်သို့ ပြုတ်ကျအောင် လုပ်နိုင်ခဲ့သည်။
ထိုအချိန်၌ ရွှီဖန်းသည် ခေါင်းပြန်လှည့်ကာ ယွီကျန့်ဟိုင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သို့သော် ဘာမှတော့ ထပ်မပြောခဲ့ပေ။ မည်သို့ပင်ဆိုစေ ဖန်ယွီနင်းသည် ရှယန်ယွိ၏အခင်ဆုံးသူငယ်ချင်းဖြစ်ရာ ရွှီဖန်း သူတို့၏မျက်နှာကို အနည်းငယ်ထောက်ထားပေးရလိမ့်မည်။
ရှယန်ယွိကလည်း ရွှီဖန်းကို ပြုံးပြုံးလေး ကြည့်
လာသည်။ ဤရလဒ်က ရှယန်ယွိ၏ မျှော်လင့်ချက်နှင့် မလွဲခဲ့ပေ။ ရှယန်ယွိ၏မျက်လုံးများက သူမ၏အခင်ဆုံးသူငယ်ချင်း ဖန်ယွီနင်းကို ကြည့်
လိုက်သည့်အခါမှာတော့ အနည်းငယ် အေးစက်နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဖန်ယွီနင်းနှင့် ယွီကျန့်ဟိုင်တို့သည် မတိုင်ခင်က ရွှီဖန်းကို မျက်နှာသာမပေးခဲ့ကြပေ။
"ဒါ....ရွှီသာ့ကောရဲ့ကျန်းမာရေးအခြေအနေက ဒီလောက်ထိ ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
(T/N - သာ့ကော က အစ်ကိုကြီးလို့ခေါ်တာပါ အစ်ကိုကြီးရွှီပေါ့)
ထိုအချိန်၌ ဖန်ယွီနင်းသည် အားတင်း၍ ပြုံးကာ ကြင်နာစွာဖြင့် ပြောလိုက်သည်။ ယွီကျန့်ဟိုင်ကတော့ ဘေးမှာ တိတ်ဆိတ်နေခဲ့သည်။ သူ ကြားဖြတ်ပြောရန်တောင် မဝံ့ရဲတော့ဘဲ ရွှီဖန်းကို မနာလိုဖြစ်နေသည့် အမူအရာနှင့်သာ ကြည့်နေခဲ့သည်။
"ကျွန်မတို့... တခြားတစ်ခုခု သွားကစားကြရအောင်လေ"
အခြေအနေက ကသိကအောင့်ရှိနေတုန်းဖြစ်ရာ ဖန်ယွီနင်းသည် အကြောင်းအရာကို အမြန်ပြန်ပြောင်းလိုက်သည်။ ထိုအရာကိုမြင်တော့ ရှယန်ယွိလည်း ဘာမှမပြောတော့ဘဲ ခေါင်းညိတ်လိုက်သည်။
မန်နေဂျာ၏ဖိတ်ခေါ်တောင်းဆိုမှုအရ ရွှီဖန်းတစ်ယောက် မထွက်ခွာသွားခင်မှာ သူ့ဓာတ်ပုံနှင့် နှလုံးခုန်နှုန်းကိန်းဂဏန်းကို ချန်ထားခဲ့ရသေး၏။
"ဟိုဟာ သွားကစားကြရအောင်"
လက်ရှိအချိန်တွင် ဖန်ယွီနင်း၏အသံမှာ အရင်ကထက် အများကြီးပိုတက်ကြွလာခဲ့ပြီး သူမ၏သဘောထားကလည်း ပို၍ကျိုးနွံလာခဲ့သည်။ ယခင်က ကသိကအောင့်ဖြစ်ခဲ့ရမှုကို ဖြေလျှော့ရန် ကြိုးစားနေသည်မှာ သိသာလှသည်။
"အင်း"
သို့သော် ရှယန်ယွိ၏စိတ်ဝင်စားမှုကတော့ သိပ်မရှိတော့ပေ။ သူမ ပုံမှန်အတိုင်းပင် ခေါင်းညိတ်လိုက်ပြီး ဖန်ယွီနင်း ပြနေသည့်ကစားစရာကိုတောင် မကြည့်ခဲ့ပေ။
အခြေအနေက အလွန်ကို စိတ်ညစ်စရာကောင်းနေခဲ့သည်။ အကြောင်းမှာ ယွီကျန့်ဟိုင်ကလည်း ဘေးမှာ တိတ်ဆိတ်နေခဲ့၍ပင်။ ဖန်ယွီနင်းသည် ယွီကျန့်ဟိုင်၏လက်မောင်းကို အမြန်တွန်းလိုက်ပြီး အပြုံးလေးဖြင့်...
"ဒီနေ့ ကျွန်မ ရွှီသာ့ကောရဲ့ကုမ္ပဏီနဲ့ အလုပ်တွဲလုပ်ဖို့ သဘောတူညီမှုရခဲ့တာလေ၊ ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ပျော်ပျော်ပါးပါး နေကြရအောင်ပါ"
ဖန်ယွီနင်း၏စကားများသည် ယွီကျန့်ဟိုင်ကို သတိပေးလိုက်ခြင်းပင်။ သူမ၏ကုမ္ပဏီနှင့် ရွှီဖန်း၏
ကုမ္ပဏီတို့ အရေးကြီးသည့်ပူးပေါင်းဆောင်ရွက်မှုတစ်ခု လုပ်ထားသည်ဆိုသည့်အကြောင်းပင်။
သို့သော် ယွီကျန့်ဟိုင်ကတော့ ထိုစကားကို ကြားသောအခါ မျက်နှာအမူအရာ ပြောင်းသွားလေသည်။ သူက ရွှီဖန်းကိုကြည့်ပြီး အာမေဋိတ်လေသံဖြင့်
"မင်းနာမည်က ရွှီဖန်းလား"
ဘေးနားရှိ ဖန်ယွီနင်းနှင့် ရှယန်ယွိတို့လည်း လန့်သွားခဲ့ကြသည်။ ဖန်ယွီနင်းသည် ယွီကျန့်ဟိုင်၏တုံ့ပြန်မှုကြောင့် အကြောင်းရင်းကို သိချင်သွားကာ သူ့မေးခွန်းကို အမြန် ပြန်ဖြေလိုက်သည်။
"ဟုတ်တယ် ကျွန်မ ရှင့်ကို ရွှီသာ့ကောနဲ့ မမိတ်
ဆက်ပေးရသေးဘူးလား၊ သူက ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးရဲ့ ဥက္ကဋ္ဌ ရွှီဖန်းတဲ့"
"ဒါဆို မင်းက အဲ့ဒီတဏှာရူး ရွှီဖန်းပေါ့"
သို့သော် ဖန်ယွီနင်း၏စကားဆုံးသည်နှင့် ယွီကျန့်ဟိုင်သည် ရွှီဖန်းအား စက်ဆုပ်ရွံရှာကာ အထင်သေးသောအမူအရာဖြင့် ချက်ချင်း လက်ညှိုးထိုးလာသည်။ သူ စကားပြောပုံမှာ ရွှီဖန်း၏အားနည်းချက်တစ်ခုအား ရှာတွေ့လိုက်သည့်အလားပင်။
********************