← Chapters

ခြေတစ်လှမ်းထက်နည်းသောအကွာအဝေး

Vol. 24 Ch. 351

ခြေတစ်လှမ်းထက်နည်းသောအကွာအဝေး

Vol. 24 Ch. 351

ရွှီဖန်း ယွီကျန့်ဟိုင်ကိုကြည့်၍ ပြောလိုက်သည်။

"ငါ ထပ်ပြောမယ်...မင်း ဒီကနေ ခုန်ချမလား၊ ငါပဲ မင်းကို တွန်းချရမလား"

"မင်း!" 

ယွီကျန့်ဟိုင်သည် ထိုစကားကို ကြားသောအခါ သူ့မျက်လုံးထဲ၌ ဆိုးရွားသည့် အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့သည်။

"ငရဲကို သွားစမ်း!"

ရုတ်တရက်ပင် ယွီကျန့်ဟိုင်သည် အော်ဟစ်၍ သူ့ဘေးနားရှိ ကျောက်တုံးပြာတစ်တုံးကို ကောက်ကိုင်

လိုက်သည်။ သူ နာကျင်မှုကို သည်းခံရင်းဖြင့် အရှေ့သို့ခုန်တက်ကာ ရွှီဖန်းဆီ ပြေးသွားခဲ့သည်။ ထို့နောက် သူ့လက်ထဲရှိ ကျောက်တုံးပြာဖြင့် ရွှီဖန်း၏ခေါင်းကို ရိုက်ချလိုက်သည်။

"မလုပ်နဲ့!" 

ဖန်ယွီနင်းသည် ရွှီဖန်း၏အနောက်ကနေ အော်လာသည်။ သူမ ယွီကျန့်ဟိုင်ကို တားချင်ခဲ့သော်လည်း ယွီကျန့်ဟိုင်က အရမ်း မြန်လွန်းသည်။ ဖန်ယွီနင်း၏စကားဆုံးသည်နှင့် ယွီကျန့်ဟိုင်သည် ရွှီဖန်းအရှေ့ကိုပင် ရောက်နေလေပြီ။

ယွီကျန့်ဟိုင်၏လုပ်ရပ်က ပတ်ဝန်းကျင်ရှိ ခရီးသွားများကိုလည်း လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။ တချို့ဆိုလျှင် ဖန်ယွီနင်းကဲ့သို့ပင် သူ့ကို တားရန်အတွက် ခြေထောက်များ မြှောက်လာကြသည်။

ရွှီဖန်းလည်း သက်ပြင်းချကာ ခေါင်းခါယမ်းလျက် ယွီကျန့်ဟိုင်ကို ကြည့်လိုက်မိသည်။ ယွီကျန့်ဟိုင်က ရွှီဖန်းရဲ့အရှေ့ကို ရောက်လာသောအခါ သူ ယွီကျန့်ဟိုင်ကို ရှောင်ရန်အတွက် ဘေးကို အနည်းငယ် ရွှေ့လိုက်သည်။ ထို့နောက် ပြဇာတ်ဆန်သည့် မြင်ကွင်းတစ်ခုက ချက်ချင်း ပေါ်လာခဲ့သည်။ ယွီကျန့်ဟိုင်၏တိုက်ခိုက်မှုမှာ လွဲချော်သွားခဲ့ပြီး နဂိုကတည်းက သူ့ခြေထောက်တစ်ဖက်မှာ ကျိုးနေသည်ဖြစ်ရာ အရှိန်ကြောင့် ယိုင်လဲ၍ ရွှီဖန်းအနောက်မှ ရေကန်ထဲသို့ ပြုတ်ကျသွားခဲ့သည်။ 

"ဗွမ်း!"

ထို့နောက် ရေကန်ထဲတွင် လူတစ်ယောက်က ယက်ကန်ယက်ကန်ဖြင့် ပေါ်လာသည်။ ယွီကျန့်ဟိုင်သည် ရေမကူးတတ်လို့ပဲလား သို့မဟုတ် ခြေထောက်ကျိုးနေလို့ပဲလားတော့ မသိပေ။ သို့သော် သူ ရေနစ်တော့မလိုမျိုး ဖြစ်နေခဲ့သည်။

ထိုအခါမှသာ ပျော်ပွဲစားဥယျာဉ်၏မန်နေဂျာကလည်း သတင်းရပြီး အလျင်အမြန်ပင် အပြေးရောက်လာခဲ့သည်။ သူ အမြန်ပင် ရေကန်ထဲသို့ ခုန်ဆင်းကာ ယွီကျန့်ဟိုင်အား ကယ်တင်ပေးခဲ့သည်။ 

ယွီကျန့်ဟိုင်ကတော့ ကမ်းပေါ်သို့ရောက်သည်နှင့် မြေပြင်ပေါ်တွင် လဲလျောင်းကာ သူ့ဗိုက်ထဲရှိ ရေကန်ထဲမှ ရေများကို အန်ထုတ်နေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ရီနေခဲ့ပြီး အနည်းငယ်တောင် တက်နေခဲ့လေသည်။ 

"သူ ဘာဖြစ်သွားတာလဲ"

ဖန်ယွီနင်းလည်း ထိတ်လန့်သွားခဲ့သည်။ သူမ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် အရှေ့ကို ပြေးသွားကာ စိုးရိမ်တကြီးမျက်နှာဖြင့် ယွီကျန့်ဟိုင်ဘေးသို့ သွားလိုက်သည်။

မန်နေဂျာကလည်း ရှေးဦးသူနာပြုစုနည်းတချို့ကို သိလေရာ ယွီကျန့်ဟိုင်၏ဝမ်းဗိုက်ကို ဖိအားပေး၍ ရေထုတ်ပေးခဲ့သည်။ ခဏအကြာမှသာ ယွီကျန့်ဟိုင်သည် သိသိသာသာပင် များစွာတည်ငြိမ်သွားခဲ့ပြီး သူ့အသက်ရှုသံကလည်း တဖြည်းဖြည်း ချောမွေ့လာခဲ့သည်။ ထို့အပြင် သတိလည်း ပြန်ဝင်လာခဲ့သည်။ 

ချက်ချင်းဆိုသလိုပင် အနောက်ကနေ ထွက်ပေါ်လာသည့် ဥဩသံက ရွှီဖန်း၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ သူ လှည့်ကြည့်လိုက်တော့ ရဲကားတစ်စီးက အရှိန်ဖြင့် မောင်းလာသည်ကို တွေ့လိုက်ရပေသည်။

တစ်စုံတစ်ယောက်က ရဲကို လှမ်းတိုင်ခဲ့တာ ထင်ရှားလှသည်။ 

သို့သော် ရွှီဖန်းက ရဲကားကို လှည့်ကြည့်နေသည့်

အချိန်မှာ ယွီကျန့်ဟိုင်၏မျက်လုံးများလည်း ပွင့်လာသည်။ သူ ပထမဆုံး မြင်လိုက်ရသည်က ရွှီဖန်းကိုပင်။  ယွီကျန့်ဟိုင်၏မျက်လုံးထဲ၌ မုန်းတီးမှုနှင့် ရူးသွပ်မှု အရိပ်အယောင်တစ်ခုက လင်းလက်သွားခဲ့သည်။ ရေကန်ထဲကနေ ခုနကမှ ဆွဲထုတ်ခံထားရတာကို မမှုဘဲ ဖန်ယွီနင်းကို ဘေးသို့ တွန်းပစ်ကာ ရွှီဖန်းဆီသို့ ပြေးလာခဲ့သည်။ 

သို့သော်လည်း ဒီတစ်ကြိမ်မှာတော့ ရွှီဖန်းက တုံ့ပြန်

ခြင်းမရှိခဲ့ပေ။ သူက ရဲကားကိုသာ လှည့်ကြည့်နေတုန်းပင်။ ထိုအချိန်၌ ရဲကားကလည်း လူအုပ်ဘေးနားမှာ ရပ်တန့်သွားလေပြီ။ ရဲယူနီဖောင်းဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ကားပေါ်ကနေ ဆင်းလာတာကို ရွှီဖန်း မြင်လိုက်ရသည်။ 

ထိုအမျိုးသမီးသည် ကားပေါ်ကနေ ဆင်း၍ ရွှီဖန်းကို ကြည့်လိုက်သည်နှင့် သူမ၏ မျက်နှာအမူအရာက ပြောင်းသွားခဲ့သည်။ သူမ ချက်ချင်းပင် "သတိထား!" ဟု အော်ကာ ရွှီဖန်းဆီသို့ ပြေးလာလေသည်။

သို့သော် ယွီကျန့်ဟိုင်၏လက်ရှိအမူအရာမှာ ရူးသွပ်နေသည့်အလားပင်။ သူက ဘေးနားရှိ ရဲကားကိုတောင် လုံးဝ သတိမထားမိခဲ့ပေ။ သူက ရွှီဖန်းကိုသာ စိုက်

ကြည့်ပြီး သတ်ချင်နေလေသည်။

သို့သော် ထိုအရာများအားလုံးဟာ ရွှီဖန်း ခန့်မှန်းထားသည့် အတိုင်းအတာထဲမှာ ရှိနေခဲ့သည်။ ရွှီဖန်းသည် ရဲကားကို မြင်လိုက်သည်နှင့် အစီအစဉ်တစ်ခု ခေါင်းထဲမှာပေါ်လာခဲ့သည်။ 

ယွီကျန့်ဟိုင်သည် ရွှီဖန်း၏အနောက်ကို ရောက်သွားသည်နှင့် သူ့လက်ထဲရှိ ကျောက်တုံးပြာဖြင့် ရိုက်ချရန်ပြင်လိုက်သော်လည်း ရဲမေက အချိန်မီစွာပင် ရှေ့သို့ရောက်လာပြီး ဘေးထောင့်ကန်ချက်ဖြင့် ကန်

ပစ်ခဲ့သည်။ ယွီကျန့်ဟိုင်သည် ရေကန်ထဲသို့ ထပ်၍ ပြုတ်ကျသွားခဲ့သည်။

ထိုအရာကိုမြင်တော့ ဘေးနားရှိမန်နေဂျာမှာလည်း သက်ပြင်းချလျက် မတတ်သာစွာပင် ယွီကျန့်ဟိုင်ကို ဆွဲတင်ရန်အတွက် ရေကန်ထဲသို့ ခုန်ဆင်းလိုက်ရပြန်သည်။ 

ယွီကျန့်ဟိုင်သည် သူအကန်ခံရပြီး ပြုတ်ကျသွားတော့မည့်အချိန်၌ အလိုလိုပင် ထိုရဲမေ၏ခြေထောက်ကို ဖမ်းဆွဲခဲ့သည်။ နောက်ဆုံးမှာ မဖမ်းမိခဲ့သော်လည်း ရဲမေသည် ဟန်ချက်ပျက်သွားခဲ့သည်။ နဂိုကတည်းက ရွှီဖန်းကို ကာကွယ်ရန်အတွက် ရောက်လာသည်ဖြစ်ရာ ရဲမေရပ်နေသည့်နေရာမှာ ရွှီဖန်းနှင့် တစ်လက်မသာ ကွာဝေးတော့သည်။ 

ဒီလိုနှင့် ရွှီဖန်းသည် ချက်ချင်းပင် သူ့နှုတ်ခမ်းကြား၌  နူးညံ့သောကျောက်စိမ်းတစ်ခုကို ထိတွေ့လိုက်ရသလိုမျိုး ခံစားလိုက်ရသည်။ 

ဒီအတိုင်းပင် သူတို့နှစ်ယောက် လူအများကြီးရှေ့၌ နမ်းမိသွားခဲ့ကြသည်။

ရဲမေဆီကနေ အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရဲမေသည် သူ့မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်

လိုက်ပြီး ရွှီဖန်းကလည်း ထိုနေရာမှာတင် မှင်

သက်သွားခဲ့သည်။ ရဲမေ မတွန်းထုတ်ခင်အထိ သူတို့နှစ်ယောက်စလုံး ထိုအတိုင်းသာ စက္ကန့်

အနည်းငယ်ကြာအောင် နေခဲ့မိကြသည်။

"ခင်ဗျား!" 

ရဲမေ၏မျက်နှာမှာ နီရဲနေလေသည်။ သူမ လက်မြှောက်ကာ ရွှီဖန်းကို တွန်းထုတ်ပြီးနောက် ရွှီဖန်းကို ပါးရိုက်ရန်တောင် ချက်ချင်း မစဉ်းစားနိုင်ခဲ့ပေ။

သို့သော် မြှောက်တက်လာသော ရဲမေ၏လက်မှာ ရွှီဖန်း၏လက်ဖြင့် သဘာဝကျစွာပင် တားဆီးခံလိုက်ရသည်။ သူမ၏လက်ကောက်ဝတ်မှာ သံညှပ်ဖြင့် ကိုင်

ခံထားရသလို ခံစားနေရပြီး သူမ ပြန်ဆွဲထုတ်

ချင်သော်လည်း မရခဲ့ပေ။

"မင်း ရူးနေတာလား"

ရွှီဖန်းသည် ရဲမေအား အနည်းငယ်စိတ်မကြည်သာသော အမူအရာဖြင့် ကြည့်လိုက်သည်။ 

"လူမိုက်ကောင် အရှက်လုံးဝမရှိဘူး!" 

ရဲမေသည် ဒေါသအပြည့်ဖြင့် ရွှီဖန်း၏လက်ထဲတွင် ရုန်းကန်နေဆဲပင်။ 

"ကျွန်တော့်ကို လူမိုက်လို့ ပြောလိုက်တာလား" 

ရွှီဖန်းသည် ထိုအမျိုးသမီး၏စကားကြောင့် ဒေါသတကြီး ရယ်မောမိပြီး ပန်းခြံလာလည်သူများကို မော့ကြည့်လိုက်လေသည်။

"အားလုံးကိုမေးကြည့်လိုက်...ကျွန်တော် အစကနေအဆုံးထိ တစ်ချက်မှမလှုပ်ရှားခဲ့ဘူး၊ မင်းကတော့ ရှေ့တက်လာပြီး ကျွန်တော့်ကို လာနမ်းတယ်၊ ကျွန်တော် တုံ့ပြန်ဖို့တောင် မလုပ်နိုင်သေးခင်မှာပဲ မင်းက ကျွန်တော့်ကို ထပ်ရိုက်လိုက်သေးတယ်"

ရွှီဖန်းသည် နှာခေါင်းရှုံ့၍ ရဲမေကို ကြည့်လိုက်သည်။

"ကျွန်တော့်ကို ဒီလိုအခွင့်ကောင်းယူပြီး ဖြောင့်မတ်

သလို လုပ်ပြရဲတာ တကယ်ကို အံ့ဩစရာကောင်းတယ်"

"မင်း!" 

ရဲမေသည် ရွှီဖန်း၏စကားကြောင့် အနည်းငယ် ရှက်ရွံ့သွားသည်။

"မင်းကို ကယ်ဖို့ပဲ မဟုတ်ဘူးလား၊ ကျွန်မကို လွှတ်ပေး"

ရဲမေသည် ထိုသို့ပြော၍ ရွှီဖန်း၏လက်ထဲမှ ရုန်းကန်နေခဲ့သော်လည်း သူမ၏လေသံက ယခင်ကလို မာန်မပါတော့ချေ။ မည်သို့ပင်ဆိုစေကာမူ ရွှီဖန်း၏စကားကလည်း မှန်နေသည်ပင်။ 

ထိုအခါမှသာ ရွှီဖန်းလည်း လက်လွှတ်ပေးခဲ့ပြီး သူ ရှယန်ယွိကို ချက်ချင်းလှည့်ကြည့်လိုက်မိသည်။ ရှယန်ယွိ၏လက်ရှိမျက်နှာအမူအရာသည် မကောင်းသော်လည်း ဒေါသထွက်နေတာမျိုးတော့ မဟုတ်ပေ။ တစ်ကယ်လည်း ရွှီဖန်းမှာ အပြစ်မရှိခဲ့ပေ။

ထိုအချိန်မှာ ဘေးနားရှိ ရဲမေကတော့ သူမ၏လက်မောင်းများကို ပွတ်သပ်နေသည်။ သူမ ရွှီဖန်းကို မတိုင်ခင်ကလို ဒေါသမထွက်တော့သော်လည်း ဒီလူ သူ့ကို နမ်းခဲ့တာကို ပြန်တွေးမိသည့်အခါ ဒေါသတကြီးဖြစ်သွားပြန်သည်။ သို့သော် သူမ တတ်နိုင်တာမရှိပေ။ ဘေးမှာ လဲနေသည့် ယွီကျန့်ဟိုင်ကိုမြင်

သောအခါ သူမ မာန်ပါပါဖြင့် အမြန်လျှောက်သွားခဲ့သည်။ 

"ရဲမေ ကျွန်တော့်အတွက် အဲ့ဒီလူယုတ်မာကို လက်စားချေပေးရမယ်! တရားမျှတမှုရအောင် လုပ်ပေးပါ!" 

ယွီကျန့်ဟိုင်သည် ရဲမေကို မြင်သည်နှင့် ချက်ချင်းပင် ရွှီဖန်းကို လက်ညှိုးထိုးကာ သူ၏အသက်ကယ်ကြိုးကို ရှာတွေ့သကဲ့သို့ တိုင်ကြားလိုက်သည်။

သို့သော် မကြာခင်မှာပင် ရဲမေသည် သူ့အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် လုပ်ပေးခဲ့လေသည်။ လက်ထိပ်တစ်စုံက ယွီကျန့်ဟိုင်၏လက်ပေါ်သို့ ရောက်သွားခဲ့သည်။

"မင်း! မဟုတ်သေး...ကျွန်တော်က ဘာလို့ လက်ထိပ်

ခတ်ခံရမှာလဲ! မင်း သူ့ကို ဖမ်းရမှာ! သူက လူဆိုးပဲ!"

ယွီကျန့်ဟိုင်သည် အံ့အားသင့်သွားရပြီး အနည်းငယ်လန့်နေပုံပေါက်သည့် ရဲမေ၏မျက်နှာကို ကြည့်လိုက်သည်။  သူ ခြေကျင်းဝတ်ကို လက်ညှိုးထိုးကာ...

"ကြည့်ပါဦး...သူ ကျွန်တော့်ခြေထောက်ကို ချိုးလိုက်တာ! ကျွန်တော့်မှာ သက်သေရှိတယ်!"

ထင်ထားသည့်အတိုင်းပင်။ ထိုစကားကို ပြောလိုက်

သည်နှင့် ရဲမေသည် ယွီကျန့်ဟိုင်၏ ခြေကျင်းဝတ်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက် သူမ တစ်ဖက်ကိုလှည့်ကာ ရွှီဖန်းကို သံသယဖြင့် ကြည့်လိုက်သည်။

"ရဲမေကြီး သူ့ဘက်က စကားကိုပဲ နားမထောင်ပါနဲ့၊ ကျွန်တော် အစကနေအဆုံးထိ တစ်ခါမှ သူ့ကို မထိခဲ့ဘူး၊ အခင်းဖြစ်ပွားရာနေရာက လူတိုင်းက ကျွန်တော့်ရဲ့သက်သေတွေပါပဲ၊ မယုံရင် ဘယ်သူ့ကိုမဆို မေးကြည့်လို့ရပါတယ်" 

ရွှီဖန်းသည် အပြစ်ကင်းသည့်ပုံစံဖြင့် အမြန်ရှင်းပြလိုက်သည်။ သူ့အမူအရာမှာ ကြီးမားသည့် မတရားမှုကို ခံစားခဲ့ရသလိုမျိုး ပုံကြီးချဲ့ထားလေသည်။

"မင်းကို ဖမ်းမယ်လို့လည်း မပြောပါဘူး" 

ရဲမေကလည်း မျက်မှောင်ကြုတ်ကာဖြင့် ရွှီဖန်းကို စိတ်အနှောက်အယှက်ဖြစ်စွာ ကြည့်ရင်း ပြောလာလေသည်။ ထို့နောက် ပျော်ပွဲစားဥယျာဥ်၏ မန်နေဂျာကို သူမ ကြည့်လိုက်သည်။

"သူ ပြောတာ အမှန်ပဲလား"

မန်နေဂျာသည် ခဏတာမျှ စဉ်းစားပြီးနောက် ရဲမေကို ခေါင်းညိတ်ပြလိုက်သည်။

"မှန်ပါတယ်..အဲ့ဒီလူက လက်ထဲမှာကျောက်တုံးပြာကို ကိုင်ပြီး ဒီလူကြီးမင်းရဲ့ခေါင်းကို ရိုက်လိုက်တာ ကျွန်တော် မြင်လိုက်တယ်၊ ပြီးတော့ ဒီလူကြီးမင်းက ရှောင်လိုက်တယ်၊ အဲဲ့ဒီလူက ရေကန်ထဲကို သူ့ဘာသာသူ ပြုတ်ကျသွားတာ၊ ကျန်တာကတော့ ရဲမေ မြင်တဲ့အတိုင်းပါပဲ"

မန်နေဂျာ၏စကားကို ကြားပြီးနောက် သူမ ဖန်ယွီနင်းကို သံသယဖြင့် ကြည့်လိုက်သည်။

"မင်း သူ့ကို သိလား" 

သူမ မြေပြင်ပေါ်မှာ လဲနေသည့် ယွီကျန့်ဟိုင်ကိုလက်ညှိုးထိုးပြလိုက်သည်။

"သူက ကျွန်တော့်ချစ်သူပါ! သူ ကျွန်တော့်အတွက် သက်သေခံပေးနိုင်ပါတယ်!"

ယွီကျန့်ဟိုင်သည် ချက်ချင်းပင် ဖန်ယွီနင်းကို လက်ညှိုးထိုးပြ၍ ရဲမေအား ပူပန်စွာဖြင့် ပြောလာသည်။

ရဲမေသည် သူတို့နှစ်ဦး၏ဆက်ဆံရေးကို အံ့ဩသွားပုံရပြီး ခေတ္တမျှ ကြောင်ကြည့်နေခဲ့သည်။ ထို့နောက် ဖန်ယွီနင်းဘက်သို့ လှည့်ကြည့်ကာ သူမ ပြန်ပြောမည့်

စကားကို စောင့်ဆိုင်းနေခဲ့သည်။

"မဟုတ်ပါဘူး...အစကနေအဆုံးအထိ မစ္စတာရွှီက သူ့ကို တစ်ချက်မှမထိခဲ့ပါဘူး၊ သူ ဘာလို့ဒီလိုဖြစ်နေတာလဲဆိုတာကို ကျွန်မလည်း တော်တော်လေးသိချင်နေတာ"

သို့သော် ဖန်ယွီနင်း၏နောက်စကားများက ယွီကျန့်ဟိုင်ကို အကြီးအကျယ် စိတ်ပျက်စေခဲ့သည်။

"မင်း မိန်းမယုတ်! ရိုးရိုးသားသားပြောစမ်းပါ!"

ယွီကျန့်ဟိုင်သည် ဖန်ယွီနင်း၏မျက်လုံးအကြည့်ထဲမှ မုန်းတီးမှုကိုမြင်သောအခါ ယခင်က ရူးသွပ်မှု အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။

ဖန်ယွီနင်းလည်း မျက်မှောင်ကြုတ်သွားသည်။ သူမ ဝေခွဲမရဖြစ်နေပုံရသည်။ ခဏအကြာတွင် သူမ ထပ်မံ၍ ပြောဆိုလိုက်သည်။

"မစ္စတာရွှီက သူ့ကို မထိခဲ့တာ သေချာပါတယ်"

ရွှီဖန်းသည် ဒီအရာကိုမြင်သောအခါ ခေါင်းငုံ့၍ လျှို့ဝှက်စွာ ပြုံးလိုက်မိသည်။ သူ ခုနက တိုက်ခိုက်ခဲ့သည်မှာ ဖန်ယွီနင်းအတွက်သာ ဖြစ်ပြီး ထိုကန်ချက်ကလည်း ဖန်ယွီနင်းအတွက်ပင်။ ထိုအပြင် အကွယ်တစ်ခုကြောင့် ရွှီဖန်း လှုပ်ရှားခဲ့သည်ကို ဖန်ယွီနင်းတစ်

ယောက်သာ မြင်ခဲ့ခြင်းဖြစ်သည်။ အခု ဖန်ယွီနင်းက ယွီကျန့်ဟိုင်အတွက် သက်သေမခံပေးတော့ဘူးဆိုမှတော့ ကြည့်ရှုသူတွေထဲက မည်သူကမျှ ယွီကျန့်ဟိုင်အတွက် သက်သေမခံနိုင်တော့ပေ။

သို့သော် ရဲမေသည် ထိုစကားကို ကြားပြီးနောက်မှာခေတ္တမျှ တုံ့ဆိုင်းနေခဲ့ပြီး ရွှီဖန်းကို အကြာကြီး ကြည့်နေခဲ့သည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သူမ ဘာမှနားမလည်နိုင်ခဲ့ပေ။

"မင်းကလည်း ဒဏ်ရာမရဘူး၊ သူ့ကိုလည်း ကျွန်မ ချုပ်ထားပြီးပြီ၊ မင်းတို့ တစ်ယောက်နဲ့တစ်ယောက် ပဋိပက္ခတွေ ရှိကြတာလား၊ တကယ်လို့ မင်းဘက်က ဒီကိစ္စကိုဘာမှဆက်မလုပ်ချင်ဘူးဆိုရင် သူ့ကို ကျွန်မ တောင်းပန်ခိုင်းပြီးတော့ပဲ လွှတ်ပေးလိုက်မယ်"

ရဲမေသည် မှတ်စုစာအုပ်တစ်အုပ်ကိုယူ၍ ပဋိပက္ခကို ဖြေရှင်းရန်အတွက် ရွှီဖန်းအရှေ့ကို လျှောက်လာခဲ့သည်။

"မရှိပါဘူး၊ သူ ဘာလို့ ကျွန်တော့်ကို တိုက်ခိုက်ချင်နေတာလဲဆိုတာကိုတောင် ကျွန်တော် မသိဘူး၊ သူ ရူးနေတယ်လို့တောင် ကျွန်တော် သံသယရှိမိတယ်၊ သူ့ကို ထိန်းချုပ်ထားဖို့လိုမယ်လို့ ထင်တယ်၊ ခင်ဗျားတို့ သူ့ကို စိတ်ကျန်းမာရေးဆေးရုံမှာ သွားစစ်ဆေးသင့်

တယ်၊ အခုဟာက ကျွန်တော် ကံကောင်းသွားတာပဲ၊ တကယ်လို့ ကျွန်တော်မဟုတ်ဘဲ တခြားတစ်ယောက်ယောက်သာ သူနဲ့ ကြုံတွေ့ခဲ့ရင် ဒီတိုက်ခိုက်မှုမျိုးနဲ့ ဘဝတစ်ဝက်သေသွားတာမျိုး ဒါမှမဟုတ် လုံးဝဥဿုံ သေသွားတာမျိုး ဖြစ်သွားနိုင်တယ်" 

ရွှီဖန်းသည် ဘေးဥပဒ်ကြီးတစ်ခုကနေ လွတ်မြောက်လာသလိုမျိုး ဟန်ဆောင်လိုက်လေသည်။

"မင်းကတော့"

ရဲမေသည် ရွှီဖန်းအား ခဏတာမျှ မတတ်နိုင်စွာ ကြည့်လိုက်မိပေသည်။

"ကောင်းပြီလေ၊ မင်းက သူ့ကို တာဝန်ယူခိုင်းစေချင်

တယ်ဆိုတော့လည်း ထိန်းသိမ်းခံရမှာက ရှောင်လွှဲလို့ မရတော့ဘူး၊ ကျွန်မ ဥပဒေအတိုင်း ဆောင်ရွက်

လိုက်ပါမယ်"

*******************

All Chapters