← Chapters

မမျှော်လင့်ထားသည့် စူပါစတား

Vol. 24 Ch. 352

မမျှော်လင့်ထားသည့် စူပါစတား

Vol. 24 Ch. 352

ရွှီဖန်း၏အတင်းအကြပ် တောင်းဆိုမှုအောက်တွင် ရဲမေသည် ယွီကျန့်ဟိုင်ကို လက်ထိပ်ခတ်၍ ရဲစခန်းသို့ ပြန်ခေါ်သွားကာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

"ကျွန်မ တောင်းပန်ပါတယ်" 

ရဲစခန်းကနေ ထွက်လာပြီးနောက် ဖန်ယွီနင်း၏ မျက်နှာမှ အနည်းငယ် ပင်ပန်းနေခဲ့သည်။ ရဲစခန်းထဲ၌ သူမနှင့် ယွီကျန့်ဟိုင်တို့ နောက်ထပ် အကြီးအကျယ် စကားများခဲ့ကြသေးသည်။

"ဟေး ဒါ မင်းရဲ့အပြစ် မဟုတ်ပါဘူး"

ရှယန်ယွိသည် ဖန်ယွီနင်း၏တောင်းပန်မှုကို ဂရုမစိုက်ခဲ့ပေ။ ထိုစကားကို ပြောခဲ့သူက ရွှီဖန်းပင်။

ရှယန်ယွိသည် ဖန်ယွီနင်းကို လှည့်ကြည့်၍...

"နင် သူနဲ့လက်ထပ်ဖို့ကို ပြန်စဉ်းစားသင့်ပြီလို့ ငါ ထင်တယ်"

ဖန်ယွီနင်းသည် ထိုစကားကိုကြားသောအခါ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့ပြီး သူမ၏မျက်နှာမှာ မှိုင်းကျသွားခဲ့သည်။ 

"ငါ သူ့ကို လက်ထပ်ဖို့မဖြစ်နိုင်တော့ဘူး၊ ဒီတစ်ခါ သူ အပြင်ထွက်လာရင် သူနဲ့ လမ်းခွဲမယ်လို့ ငါ ပြောမယ်"

ထိုအရာကိုမြင်တော့ ရှယန်ယွိသည် သက်ပြင်းချကာ အရှေ့ကိုတိုး၍ ဖန်ယွီနင်းကို ညင်သာစွာ ဆွဲဖက်

လိုက်သည်။ ဖန်ယွီနင်းကလည်း တုန်ယင်လျက် ရှိုက်ကြီးတငင် ငိုကြွေးလာသည်။

ရွှီဖန်းသည် ဘာမှ ထပ်မပြောခဲ့ဘဲ ထိုနှစ်ယောက်ကိုသာ တိတ်တဆိတ် စောင့်နေခဲ့သည်။ အကြာကြီးနေမှသာ ရှယန်ယွိသည် ဖန်ယွီနင်းမျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးလိုက်သည်။

"ကျေးဇူးပါပဲ"

ဖန်ယွီနင်း၏မျက်နှာပေါ်၌ အားတင်းပြုံးထားသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ 

"ငါတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ဘာလဲပြော"

ရှယန်ယွိသည် ဖန်ယွီနင်းကို ပြန်ပြုံးပြလိုက်ပြီး ညီအစ်မနှစ်ယောက်ကြားရှိ ယခင်က ကသိကအောင့်ဖြစ်ခဲ့ရမှုများကို စွန့်လွှတ်လိုက်ကြပေသည်။

"ဥက္ကဋ္ဌရွှီ ကျွန်မ မနက်ဖြန်ကျရင် စွန်းဖေးဖေးရဲ့ အေဂျင်စီကို တစ်ယောက်ယောက်လွှတ်ပြီး ဆက်

သွယ်ခိုင်းလိုက်ပါ့မယ်၊ ပြဿနာ မရှိလောက်ပါဘူး"

"အဆင်ပြေပါတယ်၊ ဒီလိုမျိုးကိစ္စတွေကို မင်းရဲ့ ဝန်ထမ်းတွေကို လုပ်ခိုင်းလို့ ရပါတယ်၊ အရေးမကြီးပါဘူး၊ မင်းရဲ့စိတ်အခြေအနေမကောင်းရင် ရက်

အနည်းငယ်လောက် အနားယူလိုက်ပါ"

ရွှီဖန်းသည် ဖန်ယွီနင်းကို ကြည့်၍ အပြုံးဖြင့် ပြောလိုက်သည်။

ဖန်ယွီနင်းလည်း ထိုစကားကို ကြားသောအခါ သူမ၏မျက်နှာအမူအရာက ယခင်ကထက် အများကြီး ပို၍သက်သောင့်သက်သာ ဖြစ်သွားခဲ့သည်။ သူမ ရွှီဖန်းကို ပြန်ပြုံးပြလိုက်သည်။

"ဥက္ကဋ္ဌရွှီ၊ ရှင် ကျွန်မကို ဒီလောက်ဂရုစိုက်နေရင် ဥက္ကဋ္ဌရှ ဒေါသထွက်လိမ့်မယ်" 

သူ ရွှီဖန်းနှင့် နောက်ပြောင်စပင် ပြုလာခဲ့သည်။

သို့သော် ရွှီဖန်းကတော့ ထိုနောက်ပြောင်မှုကို စိတ်ထဲမထားခဲ့ပေ။ သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ အခြေအနေက အများကြီး ပို၍တည်ငြိမ်လာခဲ့သည်။ 

ထို့နောက် ဖန်ယွီနင်း၏အတင်းအကြပ်ဖိတ်ခေါ်မှုအောက်မှာ နေ့လယ်စာစားရန်အတွက် သူတို့ လိုက်ပါခဲ့ရသည်။ ရွှီဖန်း၊ ရှယန်ယွိနှင့် ဖန်ယွီနင်းတို့သည် ပြည်နယ်ဟိုတယ်သို့ ညစာစားရန် သွားခဲ့ကြသည်။ 

ရွှီဖန်းသည် မူလကတော့ လမ်းဘေးဆိုင်ဆိုလည်းရကာ ဘယ်အစားအစာမဆို စားမည်ဟု ပြောချင်ခဲ့သည်။  သို့သော် သူ ဖန်ယွီနင်း၏ ကြင်နာစွာ ဖိတ်ခေါ်မှုကိုလည်း မငြင်းနိုင်ခဲ့ပေ။ နောက်ဆုံးမှာတော့ သူတို့ ဖန်ယွီနင်း၏စီစဉ်မှုကို နားထောင်၍ ပြည်နယ်ဟိုတယ်မှာ စားသောက်ရန် ရွေးချယ်ခဲ့ကြသည်။

ရွှီဖန်းသည် ထိုဟိုတယ်သို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးခဲ့သည်ဖြစ်ရာ ရင်းနှီးကျွမ်းဝင်နေလေပြီ။ သူအလှပဂေးနှစ်ဦးကို တင်ဆောင်၍ ကားမောင်းကာ ရောက်ရှိလာခဲ့သည်။ သို့သော် ဟိုတယ်အဝင်ဝတွင်မူ လူများစွာဖြင့် စည်ကားနေပြီး ရဲတပ်ဖွဲ့ဝင်များပင် လုံခြုံရေးအတွက် ရှိနေသည်ကို တွေ့လိုက်ရသည်။

"ဥက္ကဋ္ဌရွှီ..ဥက္ကဋ္ဌ ရှ...ဥက္ကဌဖန်"

သူတို့အဝင်ဝသို့ ရောက်ရှိလာချိန်တွင် ပြည်နယ်

ဟိုတယ်၏ဧည့်မန်နေဂျာကလည်း တိုက်တိုက်ဆိုင်ဆိုင်ပင် အပြင်သို့ ထွက်လာသည်။ မထင်မှတ်ထားဘဲ သူတို့ သုံးဦးနှင့်ဆုံမိရာ ဧည့်မန်နေဂျာသည် သူတို့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိသွားခဲ့သည်။ 

အကြောင်းမှာ သူတို့အားလုံးသည် ချန်ဟိုင်းပြည်နယ်တွင် နေ့စဉ်တွေ့နေရတတ်သည့် နာမည်ကျော်ပုဂ္ဂိုလ်များ ဖြစ်သောကြောင့်ပင်။ 

သို့သော် ဒီနေ့မှာတော့ ရွှီဖန်းသည် အဓိကတာဝန်ယူသူ မဟုတ်ပေ။ ဖန်ယွီနင်းကသာ သူတို့ကို ဧည့်ခံကျွေးမွေးမည် ဖြစ်သည်။

ဧည့်မန်နေဂျာ မှတ်မိနေသည်ကို မြင်သောအခါ ဖန်ယွီနင်းသည် ပြုံးလျက် အရှေ့သို့ တိုးသွားလိုက်သည်။ 

"မန်နေဂျာလျို ဒီနေ့ ကျွန်မက ဥက္ကဋ္ဌရွှီနဲ့ ဥက္ကဋ္ဌရှတို့ကို ကျွေးမွေးမှာ၊ ရှင် ကျွန်မတို့အတွက် အားလုံးကို စီစဉ်ပေးရမယ်နော်"

မန်နေဂျာလျိုသည် ချက်ချင်းပင် ပြုံးလာပြီး ဘေးတံခါးကို တွန်းဖွင့်ကာ ဖိတ်ခေါ်သည့် အမူအရာဖြင့်...

"ဒါက ကျွန်တော့်တာဝန်ပါပဲ၊ လူကြီးမင်းတို့ ဒီဘက်ကို ကြွပါ"

ရွှီဖန်းတို့ ခေါင်းညိတ်၍ ဖန်ယွီနင်း၏ခြေလှမ်းနောက်ကို လိုက်သွားခဲ့သည်။ သို့သော် သူတို့ အထဲကို ဝင်ရောက်သွားပြီးနောက်မှာ ဖြစ်ပျက်နေသည့် မြင်ကွင်းက ရွှီဖန်းကို အံ့အားသင့်စေခဲ့သည်။ အခြေအနေက တော်တော်လေး ထူးခြားနေသည်ကို တွေ့ရသည်။

ကြမ်းပြင်ပေါ်တွင် အနီရောင်ကော်ဇောတစ်ခု ခင်းကျင်းထားပြီး ဘေးနှစ်ဖက်တွင်လည်း သတင်းထောက်များအားလုံး ရပ်နေကြသည်။ သို့သော် ခန်းမထဲတွင် မည်သူမျှမရှိဘဲ ကြည့်ရှုသူများအားလုံးသည်လည်း တံခါးအပြင်ဘက်တွင် ပိတ်ဆို့ခံထားရသည်။

"ဒီနေ့ ချန်ဟိုင်းပြည်နယ်ကို နာမည်ကြီးပုဂ္ဂိုလ်များ လာမှာလား၊ ခမ်းခမ်းနားနားရှိလိုက်တာ" 

ဖန်ယွီနင်းသည် မန်နေဂျာလျိုကို ကြည့်၍ စူးစမ်းချင်

စိတ်ဖြင့် မေးမြန်းမိသည်။

ထိုစကားကို ကြားသောအခါ မန်နေဂျာလျိုသည် အနည်းငယ်စိတ်ပူပန်နေပုံရပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။

ထိုအရာက ဖန်ယွီနင်းကိုလည်း အနည်းငယ်လန့်သွားစေခဲ့သည်။ ထို့နောက် သူမလည်း ပတ်ပတ်လည်ကို တစ်ချက်ကြည့်၍...

"ကျွန်မပြောမယ် မန်နေဂျာလျို၊ အပြင်မှာလည်း လူပင်လယ်ကြီးရှိနေတာ၊ ဒီလောက်ကြီးကျယ်တဲ့ပွဲကို လျှို့ဝှက်ထားမယ်လို့ မပြောနဲ့နော်"

မန်နေဂျာလျိုသည် ထိုစကားကို ကြားသောအခါ သူ့မျက်နှာမှာ ရှက်ရွံ့မှုဖြင့် အနည်းငယ် နီရဲသွားခဲ့သည်။ 

"ကျွန်တော်တို့လျှို့ဝှက်ထားဖို့ စီစဉ်ထားခဲ့တာပါ၊ ဒါပေမဲ့ တစ်ယောက်ယောက်က သတင်းကို ရောင်းစားလိုက်တယ်၊ လာမယ့်သူကတော့ စွန်းဖေးဖေးပါ"

စွန်းဖေးဖေးဟူသော နာမည်ကိုကြားသည်နှင့် ဖန်ယွီနင်းသည် "မထူးဆန်းတော့ပါဘူး"ဟု တွေးလိုက်မိပေသည်။ ထို့နောက် သူမ ပြုံးလျက် တစ်ဖက်ကိုလှည့်ကာ ရွှီဖန်းကို ကြည့်လိုက်သည်။ 

"ဘယ်လိုလဲ ဒီမှာ စောင့်ချင်လား"

ရွှီဖန်းသည် ထိုစကားကိုကြားသောအခါ ခေတ္တမျှ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် သူ လက်ကိုဖြန့်၍...

"ကောင်းပြီလေ...ဘာမှလည်း လုပ်စရာမရှိတော့ဘူးဆိုတော့၊ အပြင်မှာ သူမကို တစ်ခါမှ မမြင်ဖူးဘူး"

"လူကြီးမင်းတို့ ဒီပွဲထဲကို မပါဝင်တာ ပိုကောင်းပါလိမ့်မယ်၊ အခြေအနေသာ ရှုပ်ထွေးလာရင် ကျွန်တော်လည်း ဂရုစိုက်နိုင်မှာ မဟုတ်လို့ပါ"

မန်နေဂျာလျိုသည် ရွှီဖန်း၏စကားကို ကြားသည်နှင့် ချက်ချင်းပင် သတိပေးစကား ပြောကြားလိုက်ပေသည်။

ဖန်ယွီနင်းနှင့် ရှယန်ယွိတို့နှစ်ဦးစလုံးသည် ရွှီဖန်းကို ကြည့်လိုက်ကြသည်။ ဖန်ယွီနင်းကလည်း ပြုံး၍ မန်နေဂျာလျိုဘက်သို့ လှည့်ကာ...

"ရှင် စိတ်အေးအေးထားပြီး သွားလို့ရပါတယ်၊ ကျွန်မတို့ အဝေးကနေပဲ ကြည့်ပါ့မယ်၊ ဥက္ကဋ္ဌရွှီက မစ္စစွန်းကို ဘယ်လောက်အထိသဘောကျလဲဆိုတာကို ရှင် မသိပါဘူး...ဟားဟား"

ဖန်ယွီနင်းသည် ပါးစပ်ကိုဖုံးအုပ်၍ ရယ်မောလိုက်လေသည်။ အမှန်တကယ်တွင် သူမသည် စိတ်အေးလက်အေးရှိရန်အတွက် အတင်းပြုံးနေခြင်း ဖြစ်ကြောင်း သိသာပေသည်။ သို့သော် ထိုအရာသည် လူအများကိုလည်း သက်သောင့်သက်သာခံစားရစေပြီး ရှယန်ယွိသည်လည်း ထိုသို့ ခံစားခဲ့ရသည်။

ထိုစကားကိုကြားသောအခါ မန်နေဂျာလျိုသည် ရွှီဖန်းကို ကြည့်၍ ခဏတာမျှ စဉ်းစားလိုက်သည်။ 

"ဥက္ကဋ္ဌရွှီ စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်တော် ခဏနေရင် မစ္စစွန်းရှေ့မှာ ပြောပေးလို့ရပါတယ်"

ရွှီဖန်းသည် ထိုစကားကိုကြားသောအခါ အံ့အားသင့်သွားခဲ့သည်။ သူ စွန်းဖေးဖေးအပေါ်၌ ကောင်းမွန်သော အထင်အမြင်ရှိထားသော်လည်း ၎င်းတို့အားလုံးသည် ဖန်သားပြင်ပေါ်မှ ဇာတ်ကောင်များအပေါ်၌သာ ဖြစ်သည်။ လက်တွေ့ဘဝတွင် ရွှီဖန်းသည် သူမအပေါ်၌ အခွင့်ကောင်းယူရန် ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပေ။ သို့သော် အခု ကြော်ငြာတစ်ခုအတွက် အတူတကွ လုပ်ဆောင်ရတော့မည်

ဖြစ်ကြောင်းကို သူ တွေးလိုက်မိသည်။ 

စွန်းဖေးဖေးနှင့်ပြောဆိုဆက်ဆံမှုကို ရှောင်လွှဲ၍ မရနိုင်တာကြောင့် ဒီနေ့ သူမနှင့် တစ်ခါတည်း ခင်မင်

ရင်းနှီးသွားတာက ပိုကောင်းမည်ဟု သူ တွေးမိသည်။

ထို့ကြောင့် ရွှီဖန်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ မန်နေဂျာလျိုကို ခေါင်းညိတ်

ပြကာ...

"ဒါဆိုရင်တော့ မန်နေဂျာလျိုကို ဒုက္ခပေးမိပါပြီ"

"ဒါက ရိုးရှင်းတဲ့ကိစ္စလေးပါ"

မန်နေဂျာလျိုသည် ချက်ချင်းပင် နှိမ့်ချစွာဖြင့် ပြန်ဖြေလာခဲ့သည်။

ထို့နောက် ရွှီဖန်းတို့သုံးယောက်သည် လူအုပ်ကြားထဲမှ ဖြတ်၍ ဒုတိယထပ်ရှိ သီးသန့်အခန်းထဲသို့ ဝင်သွားကြသည်။ သူတို့ မကြာခင် တွေ့ရတော့မည် ဖြစ်ရာ ပွဲထဲသို့ ဝင်ရောက်ရန် အလျင်စလိုမဖြစ်ကြပေ။

သူတို့အပေါ်ထပ်သို့ တက်သွားပြီးနောက် နာရီဝက်ပင် မပြည့်သေးပေ။ ဟင်းလျာများ စားပွဲပေါ်သို့ ရောက်ရှိလာသည်နှင့် အောက်ထပ်မှ အော်ဟစ်သံများကို ကြားလိုက်ရသည်။ စွန်းဖေးဖေး ရောက်ရှိလာသည်မှာ သိသာလှသည်။

ရွှီဖန်းတို့သုံးယောက်လည်း ထိုအဆုံးမရှိသော အော်သံများဖြင့် ဝိုင်းရံခံထားရသောကြောင့် စားသောက်ရန် စိတ်မပါတော့ပေ။ သူတို့ ထရပ်ကာ ပြတင်းပေါက်များမှတစ်ဆင့် အောက်ရှိ ခန်းမကို ကြည့်လိုက်ကြသည်။

မျက်လုံးတစ်စုံသာဖော်ထားသည့် အမျိုးသမီးတစ်ဦးက ရွှီဖန်း၏မြင်ကွင်းထဲတွင် ပေါ်လာသည်။ သူမ၏ ဘေးတွင် ကိုယ်ရံတော်အဖွဲ့တစ်ဖွဲ့နှင့် ရင့်ကျက်ပုံရသည့် အမျိုးသားတစ်ဦး ရှိနေသည်။ သို့သော် ထိုအမျိုးသား၏မျက်နှာအမူအရာက မကောင်းနေပေ။

မန်နေဂျာလျိုက ဘေးနားကနေ တောင်းပန်သည့် အပြုံးကို ပြုံးပြထားခဲ့သည်။ လူအုပ်ကြီးအား တံခါးအပြင်ဘက်တွင် ပိတ်ဆို့ထားသော်လည်း အောက်

ထပ်တွင်မူ သတင်းထောက်များ ပြည့်နှက်နေလေသည်။ သူတို့ ဖြတ်ကျော်လာသည့်အချိန်၌ သတင်းထောက်များက ခြံရံလိုက်ပါလာကြသည်။ တစ်ချိန်တည်းမှာပင် သတင်းထောက်အဖွဲ့ကိုလည်း လှေကားများအပြင်ဘက်တွင် ပိတ်ဆို့ထားခဲ့ကြသည်။

ထိုအရာကို မြင်သည်နှင့် ရွှီဖန်းလည်း ပြတင်းပေါက်ကို ပိတ်လိုက်သည်။ စွန်းဖေးဖေး၏ မျက်နှာကို သေသေချာချာ မမြင်လိုက်ရသော်လည်း ရွှီဖန်း ပြုံးလိုက်မိသည်။ ပြတင်းပေါက်ကို ပိတ်

လိုက်သည်နှင့် အပြင်မှဆူညံသံများသည် ပိတ်ဆို့ခံလိုက်ရသည်။ သူတို့သုံးဦးစလုံး နေ့လယ်စာစားရန်

အတွက် ထိုင်ခုံများထံသို့ ပြန်သွားခဲ့ကြသည်။

သို့သော် သူတို့ တူကိုလှုပ်ရှားရန် ပြင်ဆင်နေတုန်းမှာပင် အပြင်ဘက်တံခါးဝမှ အမျိုးသားတစ်ဦး၏ အပြစ်တင်သံက ထွက်ပေါ်လာသည်။

"ခင်ဗျားဘယ်လိုလုပ်လိုက်တာလဲ၊ ခင်ဗျားတို့ဟိုတယ်က ကျွန်တော်တို့ရဲ့ခရီးစဉ်ကို လုံးဝ လျှို့ဝှက်ထားပေးမယ်ဆိုပြီး အာမခံထားတာမဟုတ်ဘူးလား၊ ဒါက ခင်ဗျားပြောတဲ့ အာမခံမှုလား"

"ကျွန်တော်တောင်းပန်ပါတယ် မစ္စတာ ကျန်း၊ ဒီလို ဖြစ်လာမယ်လို့ ကျွန်တော်တို့လည်း မထင်ထားခဲ့ပါဘူး၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့အမှားပါပဲ၊ ကျွန်တော် စိတ်ရင်းမှန်နဲ့ တောင်းပန်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စအတွက် ခင်ဗျားတို့ကို ရှင်းပြ..."

"တောင်းပန်ရုံပဲလား"

ထင်ရှားစွာပင် မန်နေဂျာလျို၏တောင်းပန်မှုသည် အမျိုးသား၏လေသံကို မကောင်းဖြစ်နေဆဲပင်။

သို့သော် အမျိုးသမီးတစ်ဦး၏အသံက ထိုအချိန်တွင် ဝင်ရောက်လာသည်။ 

"အစ်ကိုကျန်း၊ ဒီကိစ္စကို ဒီမှာပဲထားလိုက်ရအောင်ပါ၊ သူ့ကို အပြစ်မတင်ပါနဲ့၊ ဒါက ပထမဆုံးအကြိမ်မှ မဟုတ်တာ"

"ဒါပေမဲ့..." 

အမျိုးသားသည် မကျေနပ်သည့်အသံဖြင့် ပြောနေဆဲ ဖြစ်သော်လည်း အမျိုးသမီးက သူ့ကို တားဆီးခဲ့သည်။

"ကောင်းပြီ ဒါဆိုရင်လည်းလမ်းပြပြီး မစ္စစွန်းရဲ့အခန်းကို လိုက်ပို့ပေးပါ"

စကားပြောဆိုမှုသည် ထိုအမျိုးသား၏နောက်ဆုံးစကားဖြင့် ပြီးဆုံးသွားခဲ့သည်။ အပြင်ဘက်မှ အသံများကို မကြားရတော့ပေ။ ရွှီဖန်းသည်လည်း စကားပြောဆိုမှုတစ်ခုလုံးကို ကြားခဲ့ရသည်။ ထိုအမျိုးသမီး၏အသံသည် စွန်းဖေးဖေး၏အသံ ဖြစ်ပေလိမ့်မည်။ ရွှီဖန်းသည် စွန်းဖေးဖေးအပေါ်၌ ကောင်းမွန်သည့်အထင်အမြင်များ မထားဘဲ မနေနိုင်ခဲ့ချေ။ သူမထံ၌ နာမည်ကျော်ကြယ်ပွင့်တစ်ဦး၏ မာန်မာနမရှိဘဲ ပုံမှန်လူတစ်ဦးကဲ့သို့ပင် ပြောဆိုလေသည်။

ထိုအရာကို တွေးလိုက်မိသောအခါ ရွှီဖန်းသည် စွန်းဖေးဖေးနှင့် သူ၏ ပူးပေါင်းဆောင်ရွက်မှုအပေါ်၌ အနည်းငယ်သော မျှော်လင့်ချက်လေး ရှိလာခဲ့သည်။

သို့သော် မကြာခင်မှာပင် မန်နေဂျာလျိုသည် နွမ်းနယ်နေသော မျက်နှာဖြင့် တံခါးကို ခေါက်လာခဲ့သည်။ သူ ရွှီဖန်းကိုတွေ့သောအခါ စွန်းဖေးဖေးနှင့် စကားမပြောနိုင်ခဲ့ကြောင်း တောင်းပန်ခဲ့သည်။ ရွှီဖန်းကလည်း ထိုအရာကို ကြိုတင်တွေးထားခဲ့ပြီးသား ဖြစ်သည်။

"မန်နေဂျာလျိုကို ကျေးဇူးတင်ပါတယ်၊ တကယ်တော့ ဒါက သိပ်ပြီးကြီးမားတဲ့ကိစ္စလည်းမဟုတ်ပါဘူး၊ သူ့ကို တွေ့တွေ့၊မတွေ့တွေ့ အရေးမကြီးပါဘူး"

အလွန်အမင်းတောင်းပန်နေသော မန်နေဂျာလျိုကို ပြန်လွှတ်ပြီးနောက်မှာ ဖန်ယွီနင်းက ပြောလာသည်။ 

"ကျွန်မတို့ သူမကို အရင်ဆုံး သွားရှာသင့်လား၊ ဘာပဲဖြစ်ဖြစ် သူမနဲ့တွေ့ရအောင် ဆက်သွယ်ရဦးမှာပဲလေ"

ရွှီဖန်းသည် သူ့ထိုင်ခုံရှိရာသို့ပြန်လာခဲ့ပြီး ဖန်ယွီနင်းကို ကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။ 

"လုပ်ချင်ရင်တောင် ဒီလိုအခြေအနေမှာတော့ လုပ်လို့မဖြစ်နိုင်သေးဘူး၊ မနက်ဖြန်ကျမှ ကုမ္ပဏီနာမည်နဲ့ ဆက်သွယ်ပြီး စောင့်ကြည့်ရအောင်"

ဖန်ယွီနင်းကလည်း ရွှီဖန်း၏စကားကို ကြားပြီးနောက် မှာ စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် သူတို့သုံးဦးစလုံး ခေါင်းငုံ့ကာ အစားအသောက်များကို စတင် စားသောက်ကြပြီး  စွန်းဖေးဖေးကို ဆက်ပြီး အာရုံမထားကြတော့ပေ။ 

သို့သော် သူတို့သုံးဦးစလုံး စားသောက်ပြီးနောက် ပြန်

ရန်အတွက် ပြင်ဆင်နေချိန်တွင် စင်္ကြံလမ်း၌ နောက်ထပ်အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။

"ရှင်တို့ကိစ္စမဟုတ်ဘူး! ကျွန်မကို တက်ခွင့်ပေးပါ! ကျွန်မက စွန်းဖေးဖေးရဲ့လက်ထောက်လို့ ပြောခဲ့ပြီးပြီပဲ"

"မင်းရဲ့အလုပ်သမားကတ်က ဘယ်မှာလဲ"

"မေ့ခဲ့တယ်"

"ဒါဆိုရင်တော့ တောင်းပန်ပါတယ်၊ မင်းကို ဖြတ်သန်းခွင့် မပေးနိုင်ဘူး"

"ဘာလို့ ဒီလောက်တောင် ခေါင်းမာနေကြတာလဲ၊ ကျွန်မလိုလှပတဲ့ မိန်းကလေးတစ်ယောက်က ရှင်တို့ကို ဒီမှာ လိမ်ညာနေစရာ ဘာအကြောင်းမရှိဘူး၊ ကျွန်မလည်း ဒီလောက်ရှက်စရာကောင်းတဲ့အလုပ်မျိုးကို မလုပ်ပါဘူးနော်"

ရွှီဖန်းသည် ထိုရင်းနှီးနေသည့်အသံကို ကြားသောအခါ မှင်သက်သွားခဲ့သည်။

"အဲ့ဒါ လီစီးချီ မဟုတ်ဘူးလား"

********************

All Chapters