ယောကျ်ားကောင်း
Vol. 24 Ch. 353
ရွှီဖန်းသည် လီစီးချီအပေါ်၌ ကောင်းမွန်သောအမြင် မရှိပေ။ သူ၏ မူလအစီအစဉ်မှာ သူမကို ကူညီရန် ဖြစ်သည်။ အကယ်၍ လီစီးချီသာ မှန်ကန်သော လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းပြီး သူ ပေးခဲ့သည့် ဆယ်မိနစ်ကို တန်ဖိုးထားခဲ့မည်ဆိုပါက သူ သူမအား အခွင့်အရေး ပေးနိုင်လောက်သည်။
သို့သော်ငြား ထိုအမျိုးသမီးက မှားယွင်းသော လမ်းကြောင်းကို လျှောက်လှမ်းချင်သည်ဆိုတော့
လည်း သူ့အတွက် ကိစ္စမရှိခဲ့ပေ။ ရဲစခန်းသို့ ရောက်ရှိသွားပြီဖြစ်သည့် လောကမီဒီယာ၏ အယ်ဒီတာချုပ် ယွီကျန့်ဟိုင်က ဘာကြောင့်များ ထိုသို့ ပြောဆိုခဲ့သနည်း။
လီစီးချီသည် သူ့အပေါ်၌ မုန်းတီးမှုများကို စိတ်ထဲတွင် မြှုပ်နှံထားပြီး သူ့ကို နာမည်ပျက်အောင် လုပ်ချင်
နေသည်မှာ ထင်ရှားလှသည်။
ထို့ကြောင့် ရွှီဖန်း၏မျက်လုံးများသည်လည်း လီစီးချီကို ကြည့်သောအခါ၌ စက်ဆုပ်ရွံရှာမှုများဖြင့် ပြည့်
နှက်နေခဲ့သည်။ ၎င်းမှာ မထီမဲ့မြင်ပြုခြင်းနှင့် စက်ဆုပ်ခြင်းများဖြင့် ပြည့်နှက်နေသည့် အကြည့်
မျိုး ဖြစ်သည်။
ခြင်များသည် စိတ်အနှောင့်အယှက် ဖြစ်စေသော်လည်း သေးငယ်သည့်ခြင်တစ်ကောင်ကိုတော့ မည်သူက ဂရုစိုက်မည်နည်း။ ရွှီဖန်း၏လက်ရှိစိတ်နေစိတ်ထားမှာ ထိုသို့ပင် ဖြစ်သည်။
မဟုတ်ပါက သူ့လက်ချောင်းတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဤသေးငယ်သောခြင်ကို မြေမြှုပ်သတ်
ပစ်နိုင်ပေသည်။
လီစီးချီ၏ကျယ်လောင်သောအော်သံသည် ပတ်ဝန်းကျင်ရှိလူများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ပြည်နယ်ဟိုတယ်၏ စားသောက်ဆိုင်အတွင်းရှိ အမျိုးသားနှင့် အမျိုးသမီး အများအပြားသည် ခေါင်းများ မြှောက်ကာ လီစီချီဘက်သို့ ကြည့်လာကြပြီး အံ့အားသင့်နေသောအမူအရာများကို ပြသနေကြသည်။
သို့သော် ဤအသက်ရှူမှားလောက်အောင် လှပသော မိန်းကလေး၏ နောက်ကွယ်၌ သူမ၏လှပသော ရုပ်ရည်နှင့် လုံးဝမလိုက်ဖက်သည့် အလွန်တရာ ဆိုးရွားလှသော နှလုံးသားတစ်ခု ပုန်းကွယ်နေသည်ကို ရွှီဖန်းကလွဲ၍ မည်သူကမှ မသိနိုင်ပေ။
အခန်းတွင်းရှိလူများလည်း ဆူညံသံကြောင့် အံ့အားသင့်သွားကြသည်။
တံခါးဖွင့်သံတစ်ခု ထွက်ပေါ်လာပြီး အနည်းငယ် အသက်ကြီးပုံရသော သက်လက်ပိုင်းအမျိုးသားတစ်ဦးက ထွက်လာသည်။
"ဘာဖြစ်နေတာလဲ"
လီစီးချီသည် ထိတ်လန့်ခြင်းမရှိပေ။ သူမသည် အမျိုးသားဘေးသို့လျှောက်သွားပြီး အသံတိုးတိုးဖြင့် တီးတိုးပြောဆိုလိုက်သည်။ သက်လက်ပိုင်းအမျိုးသားကမူ ခေါင်းညိတ်လိုက်ပြီး အခန်းထဲသို့ ဝင်သွားသည်။
လီစီးချီသည် သူမ၏အဝတ်အစားများကို သပ်သပ်
ရပ်ရပ် ပြင်ဆင်လိုက်ပြီး တစ်ဖက်ကိုလှည့်လိုက်သည်။ သူမ၏ခေါင်းကိုမြှောက်ကာ သူမကို တားဆီးခဲ့သော ဝန်ထမ်းအချို့ကို မထီမဲ့မြင်ပြုသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သက်လက်ပိုင်းအမျိုးသား၏အနောက်သို့ လိုက်ကာ အခန်းထဲသို့ ဝင်သွားခဲ့သည်။ သူမ၏ပုံစံမှာ မာနကြီးသော မင်းသမီးတစ်ပါးကဲ့သို့ပင်။
ရွှီဖန်းမှာ ရယ်ချင်စိတ်ကို ထိန်းထားရသည်။ သူ ခေါင်းခါယမ်း၍ ရှယန်ယွိနှင့် ဖန်ယွီနင်းတို့အား ခေါ်ကာ ပြည်နယ်ဟိုတယ်အပြင်သို့ ထွက်ခွာလာခဲ့သည်။
ရှယန်ယွိသည် ရွှီဖန်း၏ခါးကို ဖက်ထားပြီး သူမ၏ စကားသံထဲတွင် ဖုံးကွယ်၍မရသော ခါးသီးမှုများ ပါဝင်နေသည်။
"ဟွန့်! ရှင်ကတော့... လှလှပပလေးတွေ မြင်တာနဲ့ မလှုပ်နိုင်တော့ဘူးနော်"
ချက်ချင်း ခွင့်လွှတ်ပေးပါရန် ရွှီဖန်း တောင်းဆိုလိုက်သည်။
"ဘာတွေဖြစ်နေတာလဲဗျာ....ကိုယ့်မျက်စိထဲမှာတော့ ကိုယ့်ချစ်သူလေးက ကမ္ဘာပေါ်မှာ အလှဆုံး မိန်းမလေးပါ"
အမျိုးသမီးများသည် ချော့မော့ရတာ အလွယ်ကူဆုံး ဖြစ်သည်။ အထူးသဖြင့် သင့်ကို အလွန်ချစ်သော အမျိုးသမီးမျိုးဆိုလျှင် ထိုနည်းလမ်းသည် အထူးပင် အသုံးဝင်သည်။
ရှယန်ယွိသည် သူမ၏လက်သေးသေးလေးကို လွှတ်ကာ ရည်ရွယ်ချက်ရှိရှိဖြင့် မျက်နှာကို တင်းထားသော်လည်း သူမ၏နှုတ်ခမ်းပါးများက ပြုံးနေသည်။
"တကယ်လား"
ရွှီဖန်းက ရှယန်ယွိ၏လက်ကို ကိုင်ထားသည်။
"မင်းရဲ့ချစ်သူက ဘယ်သူလဲ...ချစ်သူရဲ့နှုတ်က ထွက်လာတဲ့စကားဆိုရင် ဘယ်လိုလုပ်အတုယောင်
ဖြစ်နိုင်မှာလဲ"
ရှယန်ယွိသည် ရွှီဖန်းကို မျက်စောင်းထိုးလိုက်
သော်လည်း သူမ၏လက်သေးသေးလေးကို ရွှီဖန်း၏လက်မောင်းပေါ် ပြန်ထားခဲ့သည်။
ဖန်ယွီနင်းသည် ရွှီဖန်းနှင့် ရှယန်ယွိတို့ လမ်းတစ်လျှောက် ရန်ဖြစ်နေကြသည်ကို မြင်သောအခါ အနည်းငယ်စိတ်မသက်မသာ ဖြစ်မိပေသည်။ အကြောင်းမှာ သူမ လက်ထပ်တော့မည့် ချစ်သူကတော့ ရဲစခန်းသို့ ရောက်ရှိနေခဲ့ခြင်းကြောင့် ဖြစ်သည်။
ဖန်ယွီနင်း၏စိတ်နှလုံးအား ပို၍အေးခဲစေသည့်အရာမှာ ပုံမှန်အားဖြင့် သူမကို သေသေချာချာဂရုစိုက်
ဆက်ဆံတတ်သော ထိုအမျိုးသားသည် ရုတ်တရက်
ပင် သူ့မျက်နှာကိုဆွဲဖြဲကာ သူ၏အစစ်အမှန်မျက်နှာကို ဖော်ထုတ်ခဲ့ခြင်းပင်။ သူက သူမကိုပင် ပါးရိုက်ခဲ့သည်။ ရွှီဖန်းသာ တားဆီးခြင်းမရှိခဲ့ပါက ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို မသိနိုင်ပေ။
အမှန်တကယ်တော့ ဖန်ယွီနင်းသည် မတုံးအပေ။ သူမသည် သူမ၏ကိုယ်ပိုင်စွမ်းရည်ဖြင့် လက်ရှိရာထူးတွင် ထိုင်နေသူတစ်ယောက်ဖြစ်သည်။
သို့သော် ဘယ်သူကပြောနိုင်မည်နည်း။ ချစ်ရေးချစ်
ရာတွင် ကျရောက်သွားသော အမျိုးသမီးတစ်ဦးထံ၌ IQဆိုတာ မရှိတော့ပေ။
သူမ၏အချစ်ဆုံးသူငယ်ချင်း စိတ်မကောင်းဖြစ်
နေသည်ကို မြင်သောအခါ ရှယန်ယွိသည် ရွှီဖန်း၏ လက်မောင်းကိုလွှတ်၍ ဖန်ယွီနင်း၏လက်မောင်းကို ဆွဲယူကာ ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။
"ယွီနင်း စိတ်မပျော်မဖြစ်ပါနဲ့၊ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေ မရှိခဲ့ရင် ငါတို့ ယွီကျန့်ဟိုင်ရဲ့မျက်နှာအစစ်အမှန်ကို သိရမှာ မဟုတ်ဘူး"
ဖန်ယွီနင်းသည် အားတင်းပြုံး၍ ပြောလိုက်သည်။
"နင်တို့အားလုံးကို ရယ်စရာတွေ မြင်စေခဲ့ပြီ"
ရှယန်ယွိသည် ရွှီဖန်းကိုတစ်ချက်ကြည့်လိုက်ပြီး ရွှီဖန်းလည်း သူမ၏အချစ်ဆုံးသူငယ်ချင်းကို နှစ်သိမ့်ပေးသင့်ကြောင်း အချက်ပြလိုက်သည်။ ထို့နောက် သူမ ဖန်ယွီနင်းကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။
"ဒီကမ္ဘာပေါ်မှာ ကောင်းတဲ့ယောကျ်ားတွေ အများကြီး ရှိပါသေးတယ်၊ ငါတို့ယွီနင်းရဲ့ရုပ်ရည်နဲ့ စွမ်းရည်နဲ့သာဆိုရင် ကောင်းတဲ့ယောကျ်ားတွေ မရှာနိုင်စရာ ဘာအကြောင်းမှ မရှိဘူး၊ နောက်တစ်နေ့ကျရင် ရွှီဖန်းကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးဖို့ ငါ ပြောထားလိုက်မယ်၊ အဲ့ဒီယွီကျန့်ဟိုင်ထက် ဆယ်ဆ၊ အဆတစ်ထောင်ပိုကောင်းတဲ့ယောကျ်ားမျိုးလေ"
ရှယန်ယွိသည် ထိုစကားကိုပြောပြီးနောက် ရွှီဖန်းဘက်ကို ကြည့်လိုက်သည်။ ရွှီဖန်းလည်း တိတ်ဆိတ်စွာပင် သူ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော်သိတဲ့ မိတ်ဆွေတချို့ ရှိပါတယ်၊ ယွီကျန့်ဟိုင်ထက် အဆပေါင်းတစ်ရာ ပိုပြီးသန်မာတယ်လို့ ပြောရုံသာမကဘူး၊ အဲ့ဒီထက်တောင် ပိုသေးတယ်"
အဝင်ဝသို့ရောက်သောအခါ ဖန်ယွီနင်းသည် ခေါင်းခါယမ်း၍ အားတင်းကာ ပြုံးလိုက်လေသည်။
"မလိုပါဘူးကွယ်၊ ယန်ယွီနဲ့ရွှီဖန်း...နင်တို့ စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ်၊ ငါ သွားတော့မယ်နော်"
ပြည်နယ်ဟိုတယ်၏အပြင်ဘက်တွင် တက္ကစီများစွာ ရပ်ထားပြီး ၎င်းတို့အားလုံးသည် လက်ဝှေ့ယမ်းလိုက်သည်နှင့် အလျင်အမြန် မောင်းလာကြသည်။
ရွှီဖန်းသည်တက္ကစီတစ်စီးကိုခေါ်၍ ဖန်ယွီနင်းကို ကားထဲသို့ ပို့ဆောင်ပေးလိုက်သည်။ သူ ရှယန်ယွိနှင့်အတူ ရပ်ကာ ဖန်ယွီနင်းဘက်သို့ လက်ပြနှုတ်ဆက်လိုက်
သည်။
ရှယန်ယွိသည် ကားပေါ်သို့ရောက်သောအခါ ခေါင်းခါယမ်း၍ ညင်သာစွာ သက်ပြင်းချလိုက်မိသည်။
"ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စက ယွီနင်းကို တော်တော်လေး ထိခိုက်သွားပုံရတယ်၊ ယောက်ျားတွေ တစ်ယောက်မှ ကောင်းတာမဟုတ်ဘူး"
ရွှီဖန်းသည် ကားကို စတင်မောင်းနှင်လိုက်ပြီး ရှယန်ယွိအား အပြစ်ကင်းသောမျက်နှာဖြင့် လှည့်ကြည့်
လိုက်မိသည်။
"မင်း အရမ်းခန့်မှန်းလွန်းနေပြီမဟုတ်လား၊ ကောင်းတဲ့ ယောကျ်ားဆိုတာ အဝေးကြီးမှာရှိတာမဟုတ်ဘူး၊ မင်းရဲ့မျက်စိရှေ့မှာပဲ ရှိတာ"
ရှယန်ယွိသည် ပတ်ပတ်လည်ကို ကြည့်၍...
"ဘယ်မှာလဲ....သူ ဘယ်မှာလဲ"
ရွှီဖန်းသည် ရှယန်ယွိ၏ခေါင်းသေးသေးလေးကို ပုတ်လိုက်သည်။
"ကောင်းတဲ့ယောကျ်ားဆိုတာ မင်းရဲ့ယောကျ်ားလေ"
ရှယန်ယွိ နှုတ်ခမ်းဆူလိုက်သည်။
"ရှင်နဲ့ကျွန်မ အချေအတင် ဖြစ်နေတာ မပြီးသေးဘူးနော်...အဲ့ဒီကောင်မလေးက ဘယ်သူလဲ၊ ရှင်က သူ့ကို ထူးဆန်းတဲ့အကြည့်ကြီးနဲ့ ကြည့်နေတာ၊ ပြီးတော့ ယွီကျန့်ဟိုင်...သူ ပြောနေတဲ့ တဏှာရူးရွှီဖန်းဆိုတာကရော ဘာအဓိပ္ပာယ်လဲ"
ရွှီဖန်း သက်ပြင်းချလိုက်သည်။ အမျိုးသမီးတစ်ဦး၏ ဆဋ္ဌမအာရုံသည် အလွန်တိကျသည်ဟု ဆိုကြသည်။ ထိုဒဏ္ဍာရီဆန်လှသော ဆဋ္ဌမအာရုံသည် သူ့ချစ်သူထံပင် ရောက်လာခဲ့သည်။
ရွှီဖန်း သက်ပြင်းချလိုက်သည်ကို မြင်သောအခါ ရှယန်ယွိ၏မျက်လုံးများက ချက်ချင်း နီရဲလာသည်။
"ရှင် တကယ်ပဲ အဲ့ဒီတဏှာရူးလား"
ရွှီဖန်း၏ဦးနှောက်သည် ချက်ချင်းပင်ကျယ်ပြန့်လာပြီး ရှယန်ယွိအား အလျင်အမြန် ရှင်းပြလိုက်သည်။
"မင်းရဲ့ဦးနှောက်သေးသေးလေးက တစ်နေကုန် ဘာတွေတွေးနေတာတုန်းကွာ"
လီစီးချီဟုခေါ်သော မိန်းကလေးတစ်ဦးက သူ့စည်းမျဉ်းများကို မလိုက်နာနိုင်သောအခါ သူ့အပေါ် မကျေနပ်ချက်များထားရှိပုံတို့ကို ရှယန်ယွိအား ရွှီဖန်း ပြောပြလိုက်သည်။
ရွှီဖန်း၏စကားမဆုံးသေးခင်မှာပင် ရှယန်ယွိက ဒေါသထွက်နေပြီ ဖြစ်သည်။
"ဒီလိုစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် ရှိနိုင်တာလဲ"
ရွှီဖန်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"မင်း သူမကိုမကြိုက်ဘူးဆိုရင် ကိုယ် သူမကို ပျောက်ကွယ်သွားအောင် လုပ်ပေးမယ်"
သူ့လေသံသည် ပုရွက်ဆိတ်တစ်ကောင်ကို သတ်မည့်အလားပင်။
ရှယန်ယွိသည် ရွှီဖန်း၏လက်မောင်းကို ချက်ချင်း ဖက်လိုက်သည်။
"မေ့လိုက်ပါတော့၊ သူမကြောင့် ကျွန်မတို့ဒေါသထွက်စရာမလိုဘူးလေ၊ ဒီအကြောင်း ဒီမှာပဲရပ်ပြီ၊ ကျွန်မအချစ်ဆုံးသူငယ်ချင်းလေး ဒီနေ့ စိတ်ထိခိုက်ခဲ့ရတယ်၊ သူမ ဒီလောင်းရိပ်ထဲကနေ ဘယ်တော့မှထွက်နိုင်မလဲဆိုတာကို ကျွန်မ မသိဘူး၊ ယွီနင်းအကြောင်းကို ကျွန်မ ကောင်းကောင်းသိတယ်"
ရွှီဖန်း သက်ပြင်းချလိုက်သည်။
"ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စက သူမအတွက်ကောင်းတဲ့အရာတစ်ခုပဲ၊ ဒီနေ့ကိစ္စသာ မဖြစ်ခဲ့ရင် မင်းရဲ့အချစ်ဆုံးသူငယ်ချင်းက ယွီကျန့်ဟိုင်ကို တကယ်လက်ထပ်မိပြီး အနာဂါတ်မှာ ဘယ်တော့မှကောင်းကောင်းမွန်မွန် နေရတော့မှာ မဟုတ်ဘူး"
ရှယန်ယွိသည် သူမ၏ရင်ဘတ်ကိုပြန်ဖက်၍ ခရီးသည်ထိုင်ခုံပေါ်တွင် ကွေးနေသည်။ ဒီနေ့ဖြစ်ခဲ့သည့်ကိစ္စက ဖန်ယွီနင်းကိုထိခိုက်ခဲ့ရုံသာမကဘဲ ရှယန်ယွိကိုပါ များစွာထိခိုက်စေခဲ့ပုံရသည်။
မည်သို့ပင်ဆိုစေကာမူ အချိန်ကြာမြင့်စွာ ချစ်ခင်ခဲ့သောလူတစ်ယောက်၏ မျက်နှာအစစ်အမှန် ရုတ်တရက်ပေါ်လာခြင်းသည် ချစ်ခြင်းမေတ္တာ၌ ကျရောက်ဖူးသူတိုင်းအတွက် ကြီးမားသောထိခိုက်မှုတစ်ခု ဖြစ်သည်။
ရှယန်ယွိက ခုနက ရွှီဖန်းကို မေးခဲ့သော စကားများသည် စိတ်သက်သာရာရရန်အတွက်သာ ဖြစ်သည်။
ရွှီဖန်းလည်း လက်တစ်ဖက်ကိုဆန့်တန်းကာ ရှယန်ယွိအား သူ့လက်မောင်းထဲသို့ ညင်သာစွာ ဆွဲသွင်းလိုက်သည်။
ရှယန်ယွိကမူ ရွှီဖန်း၏ရင်ဘတ်ပေါ်တွင် ခေါင်းကိုမှီထားပြီး မှန်မှန်လေး အသက်ရှူနေသည်။ ရွှီဖန်း အောက်ငုံ့ကြည့်လိုက်သည်။ ရှယန်ယွိသည် သူ့လက်မောင်းထဲတွင် အိပ်ပျော်နေပြီဖြစ်သည်။
*********************