← Chapters

ဒေါသထွက်နေသောရွှီဖန်း

Vol. 24 Ch. 354

ဒေါသထွက်နေသောရွှီဖန်း

Vol. 24 Ch. 354

ရှယန်ယွိကို ပြန်ပို့ပေးပြီးနောက် ရွှီဖန်းသည် သူ၏ sport carဖြင့် အဝေးပြေးလမ်းမကြီးပေါ်၌ အရှိန်ပြင်းစွာ မောင်းနှင်ခဲ့သည်။ မိုးက စတင်လင်းနေပြီ ဖြစ်သည်။

ကားပြတင်းပေါက်ကိုချထားရာ ကားထဲသို့ လေတဟူးဟူး တိုက်ခတ်ဝင်ရောက်လာသည်။ ရွှီဖန်းလည်း သူ့မျက်လုံးများကို အနည်းငယ် မှေးစင်းထားသည်။ သူ၏မျက်နှာအမူအရာသည် တည်ငြိမ်နေသော်လည်း ကားအရှိန်မှာမူ အနည်းငယ်မျှပင် မလျော့ကျခဲ့ပေ။

ရွှီဖန်းနှင့်ရင်းနှီးသူများသာ လက်ရှိ အလွန်

တည်ငြိမ်နေသော သူ့မျက်နှာကို မြင်လျှင် လက်ရှိရွှီဖန်းသည် အနည်းငယ် ဒေါသထွက်နေကြောင်း သိရှိကြလိမ့်မည် ဖြစ်သည်။

မည်သူက ရွှီဖန်းကို ထိုမျှဒေါသထွက်စေမည်နည်း။

မဆင်မခြင်ပြုမူခဲ့သည့် ယွီကျန့်ဟိုင်ကလား သို့မဟုတ် ရွှီဖန်းကို မဟုတ်မမှန် စွပ်စွဲခဲ့သည့် လီစီးချီကလား။

တစ်ယောက်မှ မဟုတ်ပေ။ နောက်ဆုံးမှာတော့ သူတို့သည် ရွှီဖန်းအတွက် သာမန်လူများသာ ဖြစ်သည်။ သူတို့ မည်မျှပင် ချမ်းသာကြွယ်ဝကြသည်ဖြစ်စေ၊ ကိုယ်ခံပညာအတတ်များ ရှိကြသည်ဖြစ်စေ ရွှီဖန်း၏အရှေ့တွင် သူတို့သည် လူပြက်များသာ ဖြစ်ကြသည်။

ရွှီဖန်းကို ဒေါသထွက်စေခဲ့သူမှာ သူကိုယ်တိုင်ပင် ဖြစ်သည်။

ကောင်းကင်ဘုံ၏အမွေအနှစ်ကို ရရှိထားသူတစ်ဦးဖြစ်သည့်အပြင် ထိုက်ပိုင်ကျင့်စစ်တို့ကလည်း သူ့ကို နှစ်သက်ကြသောကြောင့် သူသည် မည်သူကမျှ မယှဉ်နိုင်သောသူဖြစ်ခဲ့သင့်သည်။

သို့သော် ယခုရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စများက ရွှီဖန်းအား မိမိကိုယ်ကိုယ် ခွင့်မလွှတ်နိုင်

အောင် ဖြစ်စေခဲ့သည်။

သူ လီမိသားစု၏ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး အဆိပ်ထိုးသွင်းခံရပြီးနောက် လင်းရှောင်ရှောင်းလည်း အဆိပ်သင့်ခဲ့ရသည်။ သူသာ နောက်ကျပြီး နိုးထလာခဲ့ပါက လင်းရှောင်ရှောင်း အပါအဝင် ပိုင်ယွီလည်း ဘေးဆိုးဒုက္ခနှင့် ကြုံတွေ့ခဲ့ရလိမ့်မည်။

ရှယန်ယွိပင်လျှင် ဝမ်မိသားစုသားအဖ၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသည်။ သူသာ တစ်ဝက်တစ်ပျက် နောက်ကျခဲ့ပါက ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို တွေးရန်ပင် မဖြစ်နိုင်ချေ။

ရိုးရိုးသားသားပြောရလျှင် ရွှီဖန်း၏မျက်လုံးထဲ၌ ဝမ်မိသားစုသားအဖသည် လူပြက်များသာ ဖြစ်ခဲ့ကြသည်။ သို့သော် ထိုလူပြက်များက သူ့မျက်နှာပေါ်သို့ ခုန်တက်ခဲ့ကြသည်။

ရွှီဖန်း၏မျက်နှာအမူအရာက အနည်းငယ် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

ထိုဆိုးသွမ်းသော လူပြက်များနှင့် ဆက်ဆံရာတွင် သူတို့ကို ပေါ့ပေါ့ပါးပါး သတ်ပစ်တာက အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ မဟုတ်လျှင် သူ့ကို အနိုင်ကျင့်

နိုင်သည်ဟု လူပြက်တွေ အထင်မှားကုန်ကြလိမ့်မည်။

ပြဿနာမှာ လက်ရှိမော်ဒန်လောကတွင် ဥပဒေများ ရှိနေသည်ဖြစ်ရာ သူတို့ကို လွယ်ကူစွာ သတ်ပစ်နိုင်မှာတဲ့လား။

ဒါပေါ့...သတ်ပစ်နိုင်သည်။

တရားဓမ္မသည် လူအများကို မပယ်ချနိုင်ပေ။ ထို့အတူပင် တရားဓမ္မသည် မြင့်မြတ်သူများကိုလည်း ပယ်ချခြင်းမပြုနိုင်ပေ။ အထူးသဖြင့် တရုတ်နိုင်ငံတွင် ဤသည်မှာ မပြောင်းလဲနိုင်သော နိယာမဖြစ်သည်။

နိုင်ငံအတွက် အကန့်အသတ်မရှိ၊ တန်ဖိုးရှိသော လူတစ်ယောက်က လူတစ်ယောက်ကို သတ်ခဲ့လျှင်ပင် ဘာအရေးကြီးမည်နည်း။ ဥပဒေတွင် လိုသလို အသုံးပြုနိုင်သော လျှို့ဝှက်စည်းမျဉ်းများစွာ ရှိနေသေးသည်။

နောက်ဆုံးမှာတော့ နိုင်ငံတော်အတွက် အရေးကြီးဆုံးအရာမှာ အကျိုးကျေးဇူးသာ ဖြစ်သည်။

သူသာ သူ၏စွမ်းရည်နှင့်တန်ဖိုးကို ပြသနိုင်သရွေ့ နိုင်ငံနှင့်သူ့ကြားမှ ဆက်ဆံရေးကလည်း ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး သူ့အနာဂတ်အခြေအနေကလည်း ယခုလောက်ခဲယဥ်းနေတော့မည် မဟုတ်ပေ။

ထိုအရာကို တွေးလိုက်မိသောအခါ ရွှီဖန်း၏ အကြည့်က ပို၍အေးစက်လာသည်။

နိုင်ငံက ဘာကြောင့်များ အင်အားကြီးမားနေရသနည်း။ ၎င်းမှာ နိုင်ငံတွင် မယှဥ်သာနိုင်သော ကြီးမားသည့်အုပ်စုကြီးများ စုဝေးနေသောကြောင့် ဖြစ်သည်။

လျိုမိသားစုက ဘာကြောင့် ထိုမျှ အားကောင်းနေရသနည်း။ တစ်ချိန်တည်းမှာပင် လျိုမိသားစုကလည်း ကြီးမားသောသတ္တဝါကြီးတစ်ကောင် ဖြစ်နေသောကြောင့်ပင်။ 

သူသာ တစ်ယောက်တည်းဆိုလျှင် နိုင်ငံသည် လျိုမိသားစု သို့မဟုတ် တခြားကျပန်းမိသားစုကိုသာ အခွင့်အရေးပေးလိမ့်မည်မှာ သေချာသည်။

သူ၏သင်္ချိုင်းဂူနှင့် ထိုစဥ်က မိခင်၏မျက်နှာအမူအရာကို ပြန်တွေးကြည့်မိသောအခါ ရွှီဖန်းသည် ဘယ်

သောအခါမှ ထိုအရာကို ထပ်မံဖြစ်ပွားခွင့်ပြုတော့မည် မဟုတ်ပေ။

သို့ဖြစ်ရာ ယခုအရေးကြီးဆုံးအရာသည် သူ၏ ကိုယ်ပိုင်အင်အားကို တည်ဆောက်ရန်ဖြစ်သည်။

ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးလား။

၎င်းသည် မျက်နှာပြင်ပေါ်ရှိ အင်အားစုလေးတစ်ခုသာ ဖြစ်သည်။ လျိုမိသားစုကို ခုခံနိုင်ရန်နှင့် အနာဂတ်တွင် သူ၏နေရာကို မြှင့်တင်နိုင်ရန်အတွက် ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးတစ်ခုတည်းက လုံးဝ မလုံလောက်ပေ။

ဘယ်အင်အားကများ ငါ့အတွက် ခိုင်မာတဲ့ အထောက်အပံ့တစ်ခု ဖြစ်လာမလဲ။

ဟုတ်သား...တိုက်ခိုက်ရေးသမား!

ရွှီဖန်း၏မျက်လုံးများက လင်းလက်သွားပြီး အတွေးများက သူ့စိတ်ထဲတွင် ပေါ်လာသည်။

ချန်ဟိုင်းပြည်နယ်၏လမ်းမပေါ်မှ လူတချို့ကို ရဲရဲတင်းတင်းခေါ်ယူ၍ သိုင်းပညာကို သင်ကြားပေး၍ မရပေ။ နိုင်ငံက ခွင့်ပြုမည်မဟုတ်သလို ရွှီဖန်းကလည်း လုပ်မည် မဟုတ်ပေ။

ထိုသို့သောကိစ္စမျိုးကို လုပ်ဆောင်ရာ၌ လျှို့ဝှက်စွာ လုပ်ဆောင်ရပေမည်။

ပထမဦးစွာ ဒိုဂျို သို့မဟုတ် ကလပ်တစ်ခု ဖွင့်ပြီးနောက် ကျောင်းသားများကို စုဆောင်းရမည်။ ကျောင်းသားများထဲမှ အလားအလာရှိသူများကို ရွေးချယ်မည်ဖြစ်ပြီး အရေးအကြီးဆုံးမှာ သစ္စာရှိသောသူများကို စိတ်ပိုင်းဆိုင်ရာကျင့်စဥ်များကို သင်ကြားပေးရမည်။

ထိုလူအုပ်စုကို အထင်မသေးသင့်ပေ။ ရှေးစကားပုံတစ်ခုတွင် "ကိုယ်ခံပညာသင်ကြားသူများကို အထင်မသေးရပေ၊ အခြေအနေလေးရပ် ပြည့်စုံရမည်၊ သူတို့သည် မှော်ဆန်စွာ ချမ်းသာရမည်" ဟူ၍ ရှိသည်။

လေ့ကျင့်နေစဉ် ဒဏ်ရာရခဲ့လျှင် ငွေတချို့ သုံးစွဲရမည်။ 

တိုက်ပွဲတွင် ဒဏ်ရာရခဲ့လျှင် ငွေတချို့ သုံးစွဲရမည်။ 

နေ့တိုင်း ဟင်းသီးဟင်းရွက် စားနိုင်လို့လား။ 

ဂျင်ဆင်း၊ ဆေးဝါး သို့မဟုတ် အခြားအရာများအတွက် ငွေသုံးစွဲရမည်။ 

ဆရာတစ်ဦးဖြစ်လာရန်အတွက် ငွေသုံးစွဲရန် လိုအပ်သည်။

အတိုချုပ်အားဖြင့် ငွေမရှိဘဲ ကိုယ်ခံပညာ သင်ယူဖို့ မစဉ်းစားသင့်ပေ။

ထိုကဲ့သော လူအုပ်စုကိုသာ စုဝေးနိုင်ခဲ့ပါက မည်သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ရမည်နည်း။

ပေကျင်းရှိ မျိုးနွယ်စုလေးခုပင် သူ့ကို ဦးညွတ်ရလိမ့်မည် ဖြစ်သည်။

ထိုအရာမှာ ရွှီဖန်း လျှောက်လှမ်းရမည့် တကယ့်လမ်းကြောင်း ဖြစ်သည်။ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးသည် မျက်နှာပြင်ပေါ်ရှိ အရာတစ်ခုသာ ဖြစ်သည်။ မြေအောက်အင်အားစု၏ အထောက်အပံ့သာမရှိပါက စာရွက်ပါးတစ်ရွက်သည်ပင် ကုမ္ပဏီ၏ အနာဂတ်ကို ပိတ်ဆို့နိုင်ပေသည်။

မြေအောက်အင်အားစု ပိုမိုအားကောင်းလာသည်နှင့်

တစ်ပြိုင်နက် ချန်ဟိုင်းပြည်နယ်သည် ရွှီဖန်းအတွက် ကောင်းကင်ဘုံ ဖြစ်လာမည်ဖြစ်သည်။

ထို့အပြင် တရုတ်နိုင်ငံတစ်ဝန်းလုံးတွင်လည်း ရွှီဖန်းသည် အကြွင်းမဲ့နေရာတစ်ခုကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

ဤသည်မှာ ပထမဆုံး ခြေလှမ်း ဖြစ်သည်။

ကောင်းကင်ဘုံမှ အမွေအနှစ်တွေကို သူ ရရှိထားသည်။ ဤမျှ ကြီးမားသောအခွင့်အရေးကို ရရှိထားပါလျက်နှင့် လှုပ်ရှားမှုများ မပြုလုပ်ဘဲ နဂါးအဖြစ် မပြောင်းလဲလို့မရပေ။

ရွှီဖန်း အသက်ပြင်းပြင်းရှူသွင်းကာ အတွေးများကို ခေါင်းထဲမှ ညင်သာစွာ ထုတ်လိုက်တော့သည်။ သူ ဘရိတ်ကို နင်း၍ စတီယာရင်ကို လှည့်လိုက်သည်။ 

"ကျွိ! ကျွိ!" 

ကားတာယာများ၏ မြေပြင်ပေါ် ပွတ်တိုက်မိသံနှင့်

အတူ sport carသည် လှပသောအကွေ့တစ်ခုကို ပြုလုပ်၍ သူ လာရာလမ်းဘက်သို့ ပြန်လှည့်သွားခဲ့သည်။

"ဟေး ရှောင်ပိုင် အိပ်ပျော်နေပြီလား၊ ငါ ရွှီဖန်း"

ရွှီဖန်းသည် သူ့အတွင်းရေးမှူး၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။ သူ့မျက်နှာအမူအရာမှာ ပြေလျော့သွားခဲ့ပြီဖြစ်ပြီး သူ့လေသံကလည်း ရှောင်ပိုင်အား  စနောက်နေသကဲ့သို့ ပေါ့ပါးနေသည်။

ရွှီဖန်းသည် သူ၏စိတ်ခံစားမှုများကို ထိန်းချုပ်

တတ်သူ ဖြစ်သည်။ သူ မည်မျှပင် စိတ်လှုပ်ရှားနေပါစေ၊ စိတ်ပူပန်နေစေကာမူ မိသားစုဝင်များ သို့မဟုတ် မိတ်ဆွေများနှင့် တွေ့သောအခါ သူ၏စိတ်ခံစားမှုများကို အခြားသူများထံ ဘယ်တော့မှ မသက်ရောက်စေခဲ့ပေ။ 

"ဥက္ကဋ္ဌ ဘာဖြစ်လို့လဲ၊ ကျွန်မ အလုပ်ဆင်းချင်ပြီလို့ ပြောမလို့ဟာကို...ဒီလို ခေါ်လိုက်တော့ ကျွန်မ အချိန်ပိုဆင်းရဦးမယ်ထင်ပါတယ်"

အတွင်းရေးမှူးရှောင်ပိုင်၏အသံတွင် မကျေမနပ်သံများ ပါဝင်နေသည်။

ရွှီဖန်း၏နှုတ်ခမ်းများက ပြုံးယောင်သန်းသွားခဲ့သည်။ သူ့အတွင်းရေးမှူးကို သူ အလိုလိုက်ထားမိကြောင်း သတိပြုမိသွားသည်။ 

"မင်းသာ မြန်မြန်လုပ်ရင် မိနစ်အနည်းငယ်ထက် ပိုမကြာပါဘူး၊ ချန်ဟိုင်းပြည်နယ်မှာရှိတဲ့ ဒိုဂျိုတွေနဲ့ ကလပ်တွေရဲ့ အချက်အလက်အားလုံးကို ငါလိုချင်

တယ်"

အတွင်းရေးမှူးရှောင်ပိုင်၏အသံသည် ဖုန်းထဲမှတစ်ဆင့် ထွက်ပေါ်လာသည်။ 

"အမိန့်အတိုင်းပါ...ဥက္ကဋ္ဌကြီး"

ရွှီဖန်း ခေါင်းခါယမ်းကာ ဖုန်းချလိုက်ပြီး ကားစက်

ပြန်နှိုးလိုက်သည်။ sport carသည် အရှိန်ပြင်းစွာ မြည်ဟိန်း၍ ချန်ဟိုင်းပြည်နယ်သို့ ဦးတည်မောင်းနှင်သွားခဲ့သည်။

ချန်ဟိုင်းပြည်နယ် အဝေးပြေးလမ်းမကြီးအပေါ်၌ ယာဉ်အနည်းငယ်သာ ရှိနေသည်။ အဆင့်မြင့် sport carတချို့သည် လမ်းဘေးတွင် ရပ်နားထားပြီး ဆံပင်အရောင်အမျိုးမျိုးဆိုးထားသည့် ဒုတိယမျိုးဆက်သခင်လေးတချို့သည် sport carများအပေါ် မှီကာ ဆံပင်အဖြူရောင်ဆိုးထားပြီး တပျိုးပျိုးတပြက်ပြက်တောက်ပနေသည့် သခင်လေးတစ်ဦးကို မြှောက်ပင့်နေကြသည်။

ရုတ်တရက်ပင် sport car တစ်စီးက သူတို့ဘေးမှ ဖြတ်ကျော်သွားရာ လေပြင်းများ တိုက်ခတ်သွားပြီး သခင်လေးများကို မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်စေခဲ့သည်။

သခင်လေးများပင် မတုံ့ပြန်ရသေး၊ ထို sport carသည် ရုတ်တရက် အရှိန်နှေးသွားခဲ့သည်။ ထို့နောက် အမြီးကို လှုပ်ရှားကာ နောက်တစ်ကြိမ် အရှိန်ပြင်းစွာ မြည်ဟိန်း၍ လာရာလမ်းအတိုင်း ပြန်

လှည့်သွားခဲ့သည်။

"ရွှီး!"

sport carသည် လေးကြိုးမှ လွတ်ထွက်သွားသော မြှားတစ်စင်းကဲ့သို့ သူတို့ဘေးမှ ဖြတ်ကျော်သွားခဲ့သည်။

ဆံဖြူသခင်လေးသည် မည်းမှောင်နေသောမျက်နှာဖြင့် မတ်မတ်ရပ်လိုက်လေသည်။

****************

All Chapters