မင်းကအရမ်းသွေးကြီးနေတယ်လို့ ငါကြားတယ်
Vol. 24 Ch. 355
ဆံဖြူသခင်လေး၏နာမည်မှာ ဝမ်ဖေးဖြစ်ပြီး ချန်
ဟိုင်းပြည်နယ်၏ ဒုတိယသြဇာအာဏာအရှိဆုံး လူ ဖြစ်သည်။ သူက ချန်ဟိုင်းပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်သော ဝမ်တုန်းကျွင်း၏သားဖြစ်သည်။
စဉ်းစားကြည့်လိုက်လျှင် အဆင့်မြင့်sport carတစ်စီးကို မောင်းနှင်နိုင်သူသည် သာမန်လူ မဖြစ်နိုင်ပေ။
ဝမ်ဖေးသည် ထရပ်ကာ ဖြတ်သွားသည့် sport carကို မျက်နှာမည်းမှောင်စွာဖြင့် ကြည့်လိုက်သည်။
သူ့ဘေးနားရှိ ဆံပင်နီရဲရဲဖြင့် သခင်လေး လျိုချောင်
ဖန်ကလည်း ထရပ်လာသည်။ သူကတော့ ချန်ဟိုင်းပြည်နယ်စီးပွားရေးဗျူရိုဥက္ကဌ၏ သား ဖြစ်သည်။
"အစ်ကိုဖေး လိုင်စင်နံပါတ်ပြားကို ကြည့်လိုက်ပါလား၊ ချန်ဟိုင်းက ကားလား"
ဝမ်ဖေးက မည်းမှောင်နေသောမျက်နှာဖြင့် ခေါင်းညိတ်သည်။
"ဟဲဟဲ ချန်ဟိုင်းကပဲလား၊ ချန်ဟိုင်းမှာ ဒီလောက် ထောင်လွှားတဲ့ကားမျိုး ငါ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး"
ကျန်သည့် သခင်လေးများကလည်း စိတ်လှုပ်ရှားစွာဖြင့် ထရပ်လာကြသည်။ သူတို့က တွန့်ဆုတ်မနေဘဲ ရွှီဖန်းကို ဆဲဆိုနေကြသည်။
"ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်လဲ၊ ကိုယ့်နယ်မြေထဲမှာတောင် ပါးရိုက်ခံရတာ!"
"အတွင်းကလူတွေကို ဘယ်သူမြင်လိုက်လဲ၊ သူတို့က ဒီနယ်ပယ်ကပဲလား"
"သူ ဘယ်သူဖြစ်ဖြစ် ဘာဂရုစိုက်ရမှာလဲ၊ ငါ သူ့ကို စုတ်ပြတ်သတ်အောင် လုပ်ပစ်မယ်!"
"အစ်ကိုဖေး ကျွန်တော်တို့ ဒါကို လက်မခံနိုင်ဘူး!"
ဝမ်ဖေးသည် ခေါင်းအသာညိတ်၍ သူ၏စိုးရိမ်မှုများကို စိတ်ထဲမှ ထုတ်ပစ်လိုက်သည်။
အမှန်တကယ်တွင် ဝမ်ဖေးသည် ချန်ဟိုင်းပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဝမ်တုန်းကျွင်း၏ သား ဖြစ်သော်လည်း ထိုအချက်ကြောင့်ပင် ဝမ်ဖေးက တွေဝေမှုတချို့ရှိနေခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူ့စကားနှင့်လုပ်ရပ်များက သူ့အဖေ၏ပုံရိပ်ကို ကိုယ်စားပြုနေသည်။ လွန်ခဲ့သည့်
ရက်အနည်းငယ်ကစပြီး သူ့အဖေ ဝမ်တုန်းကျွင်းသည် သူ့အား ပြင်းပြင်းထန်ထန် အမိန့်ပေးထားခဲ့သည်။ သူ လည်ပတ်လို့ရပြီး ကောင်မလေးများနှင့် သွားတွေ့လို့ရ
သည်။ သို့သော် သူ့အတွက်တော့ လုံးဝပြဿနာမရှာလာရဘူးဟု ပြောထားခဲ့သည်။
သို့သော် အခုတော့ သူ ဘယ်လိုလုပ် သည်းခံနိုင်တော့မည်နည်း။ သူ့ဘက်က တခြားသူများကို မနှောင့်ယှက်သော်လည်း တခြားသူများက သူ့ကို ပြန်နှောင့်ယှက်နေကြသည်။
သူ့ကို လာမနှောင့်ယှက်ခင် ဘာလို့ မမေးမမြန်းရတာလဲ။ ဝမ်ဖေးဆိုတဲ့ သူက အလွယ်တကူ လာနှောင့်ယှက်လို့ရတဲ့သူလား။
ဒါကိုသာ သည်းခံလိုက်မည်ဆိုလျှင် ချန်ဟိုင်း၌ သူ ဘယ်လိုလုပ် ဆက်နေနိုင်တော့မည်နည်း။
ထိုအရာကို တွေးလိုက်မိသောအခါ ဝမ်ဖေးသည် စိတ်တိုစွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
"ကားထဲ ဝင်ကြ! နှင်းဆီပန်းတွေက ဘာလို့နီရဲနေလဲဆိုတဲ့အကြောင်းကို အဲ့ဒီလူ ဒီနေ့သိစေရမယ်!"
(T/N - ပြောချင်တာကတော့ သူတို့အဖွဲ့က ဆူးတွေနဲ့ပြည့်နေတဲ့အဖွဲ့ပါပေါ့ LOL ဆူးအနှုတ်ခံရတော့မယ် )
ဆိုးသွမ်းသူများစုစည်းထားသည့် ခွေးအုပ်စုတစ်စုသည် တစ်ပြိုင်နက်တည်း အော်ဟစ်တုံ့ပြန်လာကြသည်။ ခဏအကြာတွင် sport carတချို့က ဖုန်မှုန့်
လုံးကြီးတစ်ခုကို ဖြစ်စေခဲ့ပြီး ချန်ဟိုင်းမြို့တွင်းဘက်သို့ အရှိန်အဟုန်ဖြင့် ထွက်သွားကြသည့် ခပ်အုပ်အုပ်မြည်သံများကို ကြားလိုက်ရပေသည်။
ထိုအရာအားလုံး၏တရားခံဖြစ်သော ရွှီဖန်းကတော့ သိသာစွာပင် ဘာမှမသိနေပေ။ ခုနက ရွှီဖန်းသည် အတွေးနယ်ချဲ့နေခဲ့ခြင်းဖြစ်သည့်အပြင် အခုမှသာ မီးရောင်များလင်းထိန်နေသည်ဖြစ်ရာ လမ်းဘေးတွင် ရပ်နေသောသူများကို သူ ဘယ်လိုလုပ်သတိထားမိမည်နည်း။
လက်ရှိအချိန်တွင် ရွှီဖန်းသည် သူ လျှောက်လှမ်းရမည့် အနာဂတ်လမ်းကြောင်းကို သိရှိထားခဲ့ပြီဖြစ်သည်။ သူ အလွန်ပင် စိတ်ကြည်လင်နေပြီး ကားထဲ၌ သီချင်းသံဖွင့်ထားကာ သီချင်းတစ်ပုဒ်ကို ညည်းလျက် အမြန်မောင်းနေခဲ့သည်။
ရုတ်တရက်ပင် နောက်ကြည့်မှန်ထဲ၌ မီးရောင်တစ်
ချက် လင်းသွားလေသည်။ ရွှီဖန်း ကြည့်လိုက်သည်။ ၎င်းက sport carတစ်စီးဖြစ်သော Rolls-Royce Phantom ဖြစ်သည်။ ထိုကားက သူ၏ကိုယ်ပိုင်ကားထက် ပို၍စျေးကြီးသည်။ ထိုအချိန်တွင် လေးကြိုးမှထွက်ခွာသွားသော မြှားတစ်စင်း၏အရှိန်ကဲ့သို့ မီးရောင်များက တစ်လှည့်စီ လင်းနေသည်။
"အဲ့ဒီsport carက ဘာဖြစ်သွားတာလဲ၊ ဘရိတ်
ပျက်သွားတာလား၊ အဲ့ဒါကြောင့် အဝေးမီးနဲ့ အနီးမီးက တစ်လှည့်စီလင်းနေတာဖြစ်ရမယ်၊ သူ့ကိုယ်သူ သတိပေးချင်လို့များလား"
ရွှီဖန်းသည် Rolls-Royceအတွက် စိတ်မကောင်းဖြစ်နေစဉ် ကား၏အရှိန်ကိုလည်း ထပ်မံတွက်ချက်
လိုက်သည်။ ဤအရှိန်ဖြင့်သာဆိုလျှင် Rolls-Royce မပြောနှင့်၊ သံချပ်ကာကားဖြစ်နေရင်တောင် အဆင်ပြေလိမ့်မည်ပင်။
ရွှီဖန်းလည်း သူ့sport carကို ထိန်းချုပ်နေသည်။ သူသည် အဝေးမီးတချို့ကို လင်းပြလိုက်ပြီး အချက်ပြမှုကို လက်ခံရရှိကြောင်း အချက်ပြလိုက်သည်။ ထို့နောက် ထိန်းမရဖြစ်နေသော Rolls-Royceအတွက် လမ်းဖယ်ပေးလိုက်သည်။
Rolls-Royce Phantomအတွင်းရှိ ဝမ်ဖေးကမူ မှင်
သက်သွားခဲ့သည်။ အဲ့ဒီကားက ခုနလေးတင်ကမှ တော်တော်လေး ထောင်လွှားနေတာ မဟုတ်ဘူးလား။ အခု ဘာလို့ ရုတ်တရက်ကြီး အရှိန်နှေးသွားရတာလဲ။
ငါ့ကိုတောင် သူ့သဘောနဲ့သူ လမ်းဖယ်ပေးလိုက်သေးတယ်။
ဝမ်ဖေးသည် သူ မောင်းနေသောကားက Rolls-Royce Phantom ဖြစ်သည်ကို ရုတ်တရက် သတိရသွားခဲ့သည်။ သူ စတင်၍ နားလည်လာသည်။ ဒီလူက အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်တတ်သော လူကြောက်တစ်ယောက်ပင်။
Rolls-Royce ကားလေးတစ်စီးနှင့်တင် သူ့ကို ဒီလို အခြေအနေမျိုးရောက်အောင် ကြောက်လန့်သွားစေခဲ့သည်။
ခဏနေ၍ အဆင့်မြင့်sport car ခုနစ်စီး၊ ရှစ်စီးလောက် ဝိုင်းရံလာမည်ဆိုလျှင် အဲ့ဒီလူက ဒူးထောက်ပြီး သူ့မိဘများကိုပင် ခေါ်တော့မည့်ပုံပင်။
ထိုအရာကို တွေးလိုက်မိသောအခါ ဝမ်ဖေးစိတ်ထဲမှ ဒေါသအများစုက ပျောက်ကွယ်သွားခဲ့သည်။ ဒီလိုလူမျိုးအတွက် သူ ဒေါသထွက်နေစရာ မလိုပေ။
ဝမ်ဖေးမှ ကားစက်ကိုနင်းလိုက်ရာ Rolls-Royce သည် ကျယ်လောင်စွာမြည်ဟိန်း၍ ရွှီဖန်းအရှေ့မှာ တည့်တည့် ထိုးရပ်လိုက်သည်။
ရွှီဖန်းသည် မည်မျှပင် တုံးအနေစေကာမူ တစ်ခုခုတော့ မှားယွင်းနေပြီဖြစ်ကြောင်း စတင် သဘောပေါက်လာခဲ့သည်။ ထို့အပြင် ရွှီဖန်းသည် ဆေးစွမ်းကောင်းကို သောက်သုံးထားသည့်လူဖြစ်ရာ သူသာ တုံးအနေပါက ကမ္ဘာကြီးတစ်ခုလုံးက ငတုံးများ ဖြစ်သွားလိမ့်မည် မဟုတ်ပါလော။
(T/N - မမှတ်မိသောသူများအတွက် - သူ စစခြင်း အပိုင်း (၅)လောက်မှာ သောက်ခဲ့တဲ့ စိတ်ဝိညာဥ်ဖွင့်
ခြင်းအမှုန့်ကိုပြောနေတာပါ)
ရုတ်တရက် အရှိန်နှေးသွားသော Rolls-Royce Phantom ကားနှင့် သူ့နောက်မှ လိုက်ပါလာသော အဆင့်မြင့်sport car ခုနစ်စီး၊ ရှစ်စီးလောက်ကို ရွှီဖန်း ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်က လှောင်ပြောင်သည့် ပြုံးရိပ်တစ်ခု သန်းလာလေသည်။
ဤသူဌေးသား/သူဌေးသမီးမျိုးဆက်များအုပ်စု၊ sport carကားအဖွဲ့ စသည်ဖြင့် သူတို့အားလုံးသည် အတော်လေး ပျင်းရိငြီးငွေ့နေကြပုံရသည်။ သူတို့ထံ၌ ဘာလုပ်စရာမှ မရှိတာကြောင့် သူ့ကို ဖျော်ဖြေရေးပစ္စည်းအဖြစ် အသုံးပြုချင်နေကြသည်။
ရွှီဖန်းသည် ထိုsport carအဖွဲ့အပေါ်၌ ကောင်းမွန်သောအထင်အမြင်မရှိသည်မှာ သိသာလှသော်လည်း သူတို့အားစက်ဆုပ်သည်ဟူ၍လည်း ပြောလို့မရပေ။
sport carအဖွဲ့ဆိုသည်မှာ သူတို့၏နုပျိုမှုအား အလဟဿ ဖြုန်းတီးနေသူများ၊ သူတို့၏ဘဝများကို ဖြုန်းတီးနေသူများ၊ ငွေဖြုန်းရန်ပင် နေရာမရှိသူများနှင့် အင်ဂျင်ပေါ်တွင်ထိုင်ကာ စိတ်လှုပ်ရှားမှုကိုလိုက်စားသူများသာ ဖြစ်သည်။
သို့သော် မည်သည့်နယ်ပယ်တွင်မဆို ထိပ်ဆုံးသို့ရောက်ရှိရန် လိုအပ်သောကြိုးပမ်းအားထုတ်မှုသည် အလွန်ပင်ကြောက်စရာကောင်းကြောင်း ရွှီဖန်းသိရှိထားသည်။
ပေါ့ပေါ့ပါးပါးနေထိုင်နိုင်သူက အများအပြား မရှိပေ။ အရည်အချင်းရှိပြီး နောက်ခံကောင်းရုံဖြင့် သူတို့၏ ရုန်းကန်လှုပ်ရှားမှုများမရှိဘဲ အောင်မြင်မှုလမ်းကြောင်းပေါ်သို့ တိုက်ရိုက်လျှောက်လှမ်းနိုင်
လိမ့်မည် မဟုတ်ပေ။ ရုန်းကန်မှုမရှိပါက သူတို့၏အောင်မြင်မှုလမ်းကြောင်းမှာ သူတို့ကိုယ်တိုင် လိမ်လည်နေကြခြင်းပင်ဖြစ်သည်။
သူ့ကို တွေးကြည့်လျှင် သူ၏ပေါင်းသင်းဆက်ဆံရေးသည် အလွန်ကောင်းမွန်ပြီးသား ဖြစ်သည်။ ၎င်းမှာ နိုင်ငံ့ခေါင်းဆောင်များက လက်ခံထား၍လည်း မဟုတ်သလို အလှပဂေးများအား အော်ဟစ်စေအောင် ဆွဲဆောင်နိုင်ခြင်းကြောင့်လည်း မဟုတ်ပေ။
ဆန့်ကျင်ဘက်အားဖြင့် အလွန်ခက်ခဲကြမ်းတမ်းသောခရီးကို သူ ဖြတ်သန်းခဲ့ရသည်။ ထို့ကြောင့် ရွှီဖန်းသည် sport car အဖွဲ့ကို မမုန်းတီးသော်ငြားလည်း အခုလို အပြစ်မဲ့သည့် လမ်းသွားလမ်းလာတစ်ဦးကို ရယ်စရာလုပ်ဆောင်ရန် အသုံးပြုခြင်းက မှားယွင်းသော အပြုအမူဖြစ်သည်ကိုတော့ လက်ခံထားသည်။
ရွှီဖန်းသည် လှောင်ပြောင်သောအပြုံးဖြင့် sport carကို လမ်းဘေးတွင် ဖြည်းညှင်းစွာ ရပ်လိုက်သည်။
ဤကိစ္စ၌ ရွှီဖန်း မှားယွင်းထားခြင်း မရှိပေ။ ထို့ကြောင့် ဤအဖွဲ့အား နှာခေါင်းနှင့် မျက်နှာများ ပွန်းပဲ့ပြီး မိဘများကို အော်ဟစ်ငိုယိုကာ တိုင်တန်းရသည်အထိ သူ ရိုက်နှက်ခဲ့လျှင်ပင် ၎င်းက သူ လုပ်ဆောင်သင့်သောကိစ္စဖြစ်သည်။
ရွှီဖန်းက အမြဲပင် ဆင်ခြင်တုံတရားရှိသော လူတစ်ဦး ဖြစ်ခဲ့သည်။ မည်သူနှင့်ရင်ဆိုင်ရပါစေ သူ လုပ်ဆောင်
နိုင်သည့် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုခဲ့သည်
ဖြစ်သည်။
ကံမကောင်းစွာဖြင့် ဤလောကသည် ဆင်ခြင်တုံတရားရှိသော လောကတစ်ခု မဟုတ်ပေ။
ဆင်ခြင်တုံတရားမရှိသောလူများက အများအပြား ရှိနေသည်။ ဤလူ့အဖွဲ့အစည်းတွင် ရိုးသားသူများက နစ်နာကြရသည်။
ရွှီဖန်းကမူ ဂရုမစိုက်ပေ။
"ဖြောင့်မတ်သူသည် ကောက်ကျစ်သူကို မကြောက်" ဟူ၍ စကားပုံတစ်ခု ရှိသည် မဟုတ်ပါလော။
Rolls-Royce ကားသည် ရွှီဖန်း၏အရှေ့တွင် ဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့သည်။ ကားတံခါးက ပွင့်လာပြီး ဆံပင်ငွေရောင်ဖြင့် လူငယ်သူဌေးသားတစ်ဦး ထွက်လာသည်။
ရွှီဖန်း ထိုလူကို မြင်လိုက်သောအခါ ကောင်းမွန်သော အထင်အမြင် မရှိခဲ့ပေ။ ဘာကြောင့်များ လူ့ဆံပင်ကို အရောင်စုံအောင် ဆိုးထားရတာလဲ။ ဆံပင်နက်နက်နှင့် စိတ်ဝိညာဉ်ကောင်းတစ်ခုမှာ ဘယ်လောက်တောင်မှ လိုက်ဖက်လိုက်သလဲ။ တိုတိုပြောရလျှင် ထိုကဲ့သို့သောလူများသည် လူအများ၏အာရုံစိုက်မှုကို ခံယူရန် ကြိုးစားနေခြင်းဖြစ်သည်။
ဝမ်ဖေးသည် မျက်နှာမည်းမှောင်စွာဖြင့် ခပ်လှမ်းလှမ်းတွင် ရပ်နေသည်။ သူ့အနောက်တွင် ကားတံခါးဖွင့်သံများ ထွက်ပေါ်လာသည်။ သခင်လေးတချို့သည် ဆဲဆိုကျိန်ဆဲလျက် ဆင်းလာကြသည်။
ဆံပင်နီဆိုးထားသော လျိုချောင်ဖန်သည် ရွှီဖန်း၏ sport carခေါင်းကို ကန်ကာ...
"ညီအစ်ကို မင်းက တော်တော်လေး သွေးကြီးနေတယ်လို့ ငါ ကြားတယ်"
**********************