← Chapters

ကျိုးကြောင်းမဆီလျော်တဲ့သူ မဟုတ်

Vol. 24 Ch. 356

ကျိုးကြောင်းမဆီလျော်တဲ့သူ မဟုတ်

Vol. 24 Ch. 356

ရွှီဖန်း လှောင်ပြောင်ပြုံးလိုက်ကာ စိတ်ထဲကနေသက်ပြင်းချလိုက်မိသည်။

[ဒီလူတွေကို သတ်နိုင်ဖို့ ငါ့ရဲ့လူငယ်ဘဝကို မပျော်နိုင်ဘဲ စီးပွားရှာပြီးကိုယ်ခံပညာကို မြှင့်တင်ခဲ့ရတာ၊ ငါက သူတို့အဖေမှ မဟုတ်တာ၊ ဘာလို့ သူတို့ကို ဂရုစိုက်နေရမှာလဲ]

သို့သော်လည်း ဒီပြိုင်ကားအုပ်စုသည် အထူးတလည် လာရောက်ပြီး သူ့ကို သူတို့၏ပျော်ရွှင်မှုအတွက် ဆွဲခေါ်ခဲ့ကြခြင်းမှာ ခွင့်မလွှတ်နိုင်သော ရာဇဝတ်မှုပင်။

အရေးအကြီးဆုံးကတော့ သူတို့သည် သူ၏ကောင်းမွန်နေသောစိတ်ခံစားချက်ကို ဖျက်ဆီးခဲ့ကြသည်။

ရွှီဖန်း ကားတံခါးကို ညင်သာစွာ ဖွင့်၍ လက်နှစ်

ဖက်ကို အိတ်ကပ်ထဲထည့်ကာ ကားထဲမှ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။

"ဒီကိစ္စကို ငါ တော်တော်စိတ်ဝင်စားမိတယ်၊ ဒီအကြောင်းကို သိနေတဲ့လူ သိပ်များနေမယ်လို့ ငါမထင်ထားခဲ့ဘူး၊ မင်းတို့က ဘယ်လိုလုပ် ကြားဖူးနေကြတာလဲ"

ရွှီဖန်း၏စကားကို ကြားသောအခါ ထိုသခင်လေးအချို့သည် ချက်ချင်းပင် ဒေါသပေါက်ကွဲလုမတက် ဖြစ်သွားကြသော်လည်း ဝမ်ဖေးက သူတို့ကို တားဆီးလာသည်။

ရွှီဖန်းသည် ဝမ်ဖေးအပေါ်၌ ကောင်းမွန်သော အထင်အမြင် မရှိသလို ဝမ်ဖေးကလည်း ရွှီဖန်းအပေါ်၌ ကောင်းမွန်သော အထင်အမြင် မရှိပေ။ သူ့ရုပ်ရည်က အဆင်ပြေပြီး သိပ်စိတ်အနှောင့်အယှက် ဖြစ်စရာမရှိသော်လည်း ဝမ်ဖေး မခံနိုင်ဆုံးအရာမှာ ရွှီဖန်း၏သြဇာအာဏာပြနေပုံကို ဖြစ်သည်။ 

ပြောရခက်ပြီးခေါင်းမာသောလူအိုကြီးအတိုင်းပင်။ 

ဤသည်မှာ ရွှီဖန်းကို ပထမဆုံးအကြိမ်မြင်တွေ့ချိန်

၌ ဝမ်ဖေးပေးခဲ့သော အကဲဖြတ်မှုဖြစ်သည်။

လက်ရှိလူ့အဖွဲ့အစည်း၌ စည်းမျဥ်းများကို ခေါင်းမာစွာ ဖြင့် လိုက်နာနေပြီး ပြောင်းလဲမှုများကို မသိသောလူတစ်ယောက်သည် မည်သို့သော လှည့်ကွက်များကို လုပ်ဆောင်နိုင်မည်နည်း။ 

သို့သော်ငြား သူ့မိသားစုအတွက် ပြဿနာမဖြစ်စေရန် မျက်နှာမည်းမှောင်စွာဖြင့် ဝမ်ဖေးမေးလိုက်သည်။ 

"ညီအစ်ကို မင်းက ချန်ဟိုင်းကလား"

ရွှီဖန်းသည် ဤလူ၏ တည်ငြိမ်မှုကြောင့် အံ့အားသင့်သွားသော်လည်း မကြာခင်မှာပင် စိတ်သက်သာရာရသွားခဲ့သည်။

ဒီလူက ဒေသခံမြွေလေးတစ်ကောင်ပင်။ ပြည်နယ်

အတွင်းရှိလူများကိုသာ အနိုင်ကျင့်ရဲကြသည်။ မစခင်ကတည်းက ချန်ဟိုင်းက လူဟုတ်၊ မဟုတ်ကို မေးနေလေသည်။ တခြားပြည်နယ်ကလူကို တိုက်ခိုက်မိလျှင် ဒုက္ခရောက်မည်ကို ကြောက်နေကြခြင်းပင်။

ရွှီဖန်းသည် ထိုမေးခွန်းအား ပြန်ဖြေရန် စိတ်မဝင်စားပေ။ သူ လက်ဝှေ့ယမ်းလိုက်ကာ...

"တိုက်ချင်နေရင် လာတိုက်လိုက်...ဘာတွေ လေရှည်နေတာလဲ!"

ဝမ်ဖေးသည် လတ်တလော၌ စိတ်ရှည်သည်းခံရမည်ဟု ခံစားခဲ့ရသည်။ အထူးသဖြင့် သူ့မိသားစုဝင်များက သတိပေးပြီးသည့်နောက်တွင် ဖြစ်သည်။ သို့သော် ရွှီဖန်း၏စကားကို ကြားသောအခါ သူ ဒေါသထွက်လွန်း၍ သွေးပင်အန်တော့မတတ် ဖြစ်သွားရသည်။

အစ်ကိုကြီး! အခြေအနေကိုလည်းကြည့်ဦး၊ မင်း အဝိုင်းခံထားရတာ မဟုတ်လား...မင်းကပဲ လူခုနစ်ယောက်၊ ရှစ်ယောက်နဲ့ ငါတို့ကို ဝိုင်းထားသလိုမျိုး ပြုမူနေတာလဲ!!

မဟုတ်မှလွဲရော...ဒီလူက ကျွမ်းကျင်သူတစ်

ယောက် ဖြစ်နေမလား။ ဒါပေမယ့် ဒီလူက ကျွမ်းကျင်သူ ဖြစ်နေရင်တောင် ငါ့ရဲ့sport carကို ကြည့်ပြီး ငါတို့အုပ်စုက သူ စော်ကားလို့ မရတဲ့သူတွေဆိုတာကို သိနေရမှာ မဟုတ်ဘူးလား။ ငါ ဒီနေရာမှာပဲ ရပ်နေပြီး ဘာတုံ့ပြန်မှုမှမလုပ်ခဲ့ရင်တောင် သူ ငါ့ဆံပင်တစ်ချောင်းကို ထိရဲပါ့မလား။

ဘေးမှာရပ်နေသည့် လျိုချောင်ဖန်ကတော့ ဆက်ပြီးသည်းမခံနိုင်တော့ပေ။ လျိုချောင်ဖန်ကလည်း ပြဿနာရှာတတ်သောသူပင်။ ဝမ်ဖေးလိုပင် လျိုချောင်ဖန်ကိုလည်း သူ့မိသားစုက ထပ်ခါထပ်ခါ သတိပေးထားခဲ့သည်။

သို့သော် ဝမ်ဖေးနှင့်မတူတာက ဤသခင်လေးသည် ဘယ်ဘက်နားကဝင်ပြီး ညာဘက်နားက ပြန်ထွက်

တတ်သော အကျင့်ရှိပြီး ဒေါသလည်း ကြီးသည်။

ထို့ကြောင့် လျိုချောင်ဖန်သည် ရွှီဖန်း၏စကားများကို ကြားပြီးနောက် သည်းမခံနိုင်ဘဲ ချက်ချင်းပင် ဒေါသပေါက်ကွဲသွားလေသည်။ 

လျိုချောင်ဖန်က ရွှီဖန်း၏ဗိုက်ကို ကန်၍ အော်လာသည်။

"ဟေ့! ငါ့ရဲ့ဒေါသကို ချန်ဟိုင်းမှာ ဘယ်သူကမှ ဒီလိုလာမဆွရဲခဲ့ဘူး"

လျိုချောင်ဖန် လှုပ်ရှားလာတာကို မြင်တော့ ရွှီဖန်းသည် သူ့လက်များကို အိတ်ကပ်ထဲကနေပင် မထုတ်ဘဲ သူ့ခြေထောက်များကို အနည်းငယ်ရွှေ့ကာ လျိုချောင်ဖန်၏ကန်ချက်ကို ရှောင်လိုက်ပြီး သူ့ခြေချောင်းကို လျူချောင်ဖန်၏ဒူးပေါ် တင်လိုက်သည်။

လျိုချောင်ဖန်သည် ချက်ချင်းပင် နောက်ပြန်လွင့်ကာ မြေပြင်ပေါ် လဲကျသွားခဲ့ပြီး ခွေးကျဝက်ကျ ကျသွားခဲ့လေသည်။ သခင်လေးအချို့ကလည်း လျိုချောင်ဖန်ကို အလျင်အမြန် လာထူပေးကြသည်။

"အစ်ကိုဖန် အဆင်ပြေရဲ့လား!"

လျိုချောင်ဖန်သည် အကြိမ်အနည်းငယ် ညည်းတွား၍ သူ့ပါးစပ်ထဲမှ ရွှံ့များကို ထွေးထုတ်လိုက်သည်။တကယ်တော့ သွေးများ ထွေးထုတ်လိုက်တာဖြစ်သည်။

သခင်လေးအချို့က ကြောက်လန့်သွားကြကာ...

"အစ်ကိုဖန်! ကျွန်တော်တို့ကို မခြောက်ပါနဲ့!"

"အစ်ကိုဖန် သည်းခံပါ! ကျွန်တော့်အဖေကို အခုပဲ ခေါ်ပြီး လာကယ်ခိုင်းလိုက်မယ်!"

"မင်းအဖေကိုခေါ်တာက ဘာအသုံးဝင်လို့လဲ! 120 ကို ခေါ်!"

သခင်လေးများ ရှုပ်ထွေးနေကြတာကို မြင်သည့်အခါ ဝမ်ဖေးသည် မျက်နှာမည်းမှောင်စွာဖြင့်...

"မအော်ကြနဲ့! သူ မသေဘူး!" 

လျိုချောင်ဖန်ကလည်း ခေါင်းမော့၍ ရေရွတ်လာသည်။ 

"ငါ့ကောင်တို့...ငါ့ရဲ့အခြေအနေကောင်းပါတယ်၊ ငါ့အတွက်ပဲ လက်စားချေပေးကြပါ" 

ရွှီဖန်းက သူ့လက်များကို အိတ်ကပ်ထဲတွင် ထည့်ထားဆဲဖြစ်ပြီး သူ့sport carကို သက်သောင့်သက်သာရှိစွာ မှီနေလေသည်။ ခုနက ကန်လိုက်သည့် ခြေထောက်ကန်ချက်က သူ့ခွန်အား၏ ၁%ကိုသာ သုံးခဲ့ခြင်းဖြစ်သည်။

ဘယ်လိုလုပ် သေမှာလဲ။

ရွှီဖန်းသည် သူရင်ဆိုင်ရသည့် တခြားလူများထက် သိပ်မဆိုးရွားသော ဤလူများကို ရင်ဆိုင်ရာ၌ သိသာစွာပင် အလျှော့ပေးခဲ့ခြင်း ဖြစ်သည်။ သူ့တို့ကြားတွင် နက်ရှိုင်းသော ရန်ငြိုးမရှိသောကြောင့် သူတို့ကို ရိုက်

နှက်ရုံဖြင့် လုံလောက်သည်ဟု ယူဆပေသည်။

ဝမ်ဖေး၏မျက်နှာထားမှာ ချွေးများစီးကျလုနီးပါး မှိုင်းထိုင်းနေသည်။ သူ့ရှေ့မှလူသည် တစ်ကယ်ပင် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပါသလော။ ထိုလူသည် လက်များကိုပင် မဆန့်ထုတ်ဘဲ လျိုချောင်ဖန်အား မြေပြင်သို့ကန်ချလိုက်သည်မှာ သိသာပေသည်။ လျိုချောင်ဖန်သည်လည်း ကိုယ်ခံပညာလေ့ကျင့်ထားသူတစ်ဦး ဖြစ်သည်။

သို့သော် ဝမ်ဖေးအား နားမလည်စေသည့်အရာမှာ ဤကျွမ်းကျင်သူသည် ကိုယ်ခံပညာလေ့ကျင့်နေစဉ်၌ ဦးနှောက်များ ချွတ်ယွင်းသွားခဲ့လားဟူ၍ပင်။

သူတို့အုပ်စု၏အခြေအနေများကို ထိုလူက တစ်ကယ် မသိတာလားတော့ မခန့်မှန်းတတ်ပေ။ သူသည် သာမန်လူတစ်ဦးမှ စော်ကား၍မရနိုင်သောလူများထဲမှ တစ်ယောက်ပင်။

ချန်ဟိုင်းပြည်နယ်တွင် ဝမ်ဖေးကို စော်ကား၍မရနိုင်သော လူများစွာ ရှိပြီး သူ့ဘက်က စော်ကား၍မရနိုင်သော လူများမှာ အနည်းငယ်သာ ရှိသည်။ သူ့ရှေ့မှ လူသည် ထိုလူအနည်းငယ်ထဲမှ တစ်ဦးမဟုတ်သည်မှာ သေချာလှသည်။

ထိုအရာကို တွေးလိုက်မိသည်နှင့် ဝမ်ဖေးသည် လက်ဝှေ့ယမ်းလျက် လျိုချောင်ဖန်အတွက် လက်စားချေချင်နေသော သူငယ်ချင်းတချို့အား တားဆီးလိုက်သည်။

"ဒီလူရဲ့ဦးနှောက်က သိသိသာသာကို မကောင်းနေဘူး၊ မင်းတို့ကို ရိုက်နှက်ပစ်တာပဲ အလကားအဖက်တင်မှာ! အကူအညီခေါ်ရင်တောင်မှ အကြောင်းမဲ့ အရိုက်ခံရဦးမှာပဲ! ဘာတက်လုပ်ဖို့လဲ။

ဝမ်ဖေးသည် သူ့အရှေ့မှ ရွှီဖန်းကို စိုက်ကြည့်၍ တစ်လုံးချင်းစီ ပြောလိုက်သည်။ 

"ညီအစ်ကို မင်း ဘယ်သူ့ကို ရိုက်လိုက်တာလဲဆိုတာကို သိရဲ့လား၊ ဒါမှမဟုတ် မင်း ချန်ဟိုင်းမှာ ဆက်မနေချင်တော့တာလား။

ရွှီဖန်းတစ်ယောက် မျက်ခုံးများကို ပွတ်သပ်လိုက်မိသည်။ ဒီလူတွေ ဘာဖြစ်နေကြတာလဲ။ အထူးသဖြင့် ဒီဆံဖြူကောင်ပင်။ ဘာလို့များ စဉ်းစားပုံမမှန်သလိုမျိုးကြီး ဖြစ်နေတာလဲ။

သူကဖြင့် သူ့ကားကိုသာ ကောင်းကောင်း မောင်းနေခဲ့တာဖြစ်ပြီး ဘယ်သူ့ကိုမှ စော်ကားခဲ့ခြင်း မရှိခဲ့ပေ။

သို့သော် ဤအုပ်စုက ရုတ်တရက်ပင် သူ့ကို တမင်ဒုက္ခပေးရန် ရောက်လာကြသည်။

သူ ကားထဲမှ ထွက်လာပြီးသားဆိုတော့လည်း သူတို့နှင့် ကစားလိုက်ရုံပင်။ 

တစ်ယောက် ရှုံးသွားခဲ့ပြီဖြစ်ရာ ကျန်လူများသည် နောက်ခံသုံးရန် မစောင့်နိုင်ကြတော့ပေ။

ရွှီဖန်း သက်ပြင်းချကာ မြေပြင်ပေါ်တွင် ညည်းတွားနေသေးသည့် လျိုချောင်ဖန်ကို လက်ညှိုးထိုးပြ၍ ပြုံးလိုက်သည်။

"မင်းတို့အားလုံး သိနေပြီးသားလို့ ငါ ထင်ခဲ့တာ၊ ခုနကပဲ သူက ငါ့ကို သွေးကြီးနေတဲ့လူဆိုပြီး ပြောသွားတယ် မဟုတ်ဘူးလား"

ရွှီဖန်းမှ ထိုစကားကို ပြောလိုက်သည်နှင့် ကျန်နေသော သခင်လေးများအားလုံး ဒေါသပေါက်ကွဲလာကြတော့သည်။ 

ဝမ်ဖေးသည် သူ့အင်္ကျီလက်ထဲကနေ တုတ်တိုတစ်ချောင်းကို ဖြည်းဖြည်းချင်း ထုတ်လျက် အေးစက်နေသော လေသံဖြင့် ပြောလိုက်သည်။ 

"ရိုးရိုးသားသားပြောရရင်...မိတ်ဆွေ ငါတို့က ကျိုးကြောင်းမဆီလျော်တဲ့လူတွေ မဟုတ်ပါဘူး၊ အစကတည်းက ဒီကိစ္စက မင်းရဲ့အမှားပဲ၊ မင်း တောင်းပန်လိုက်ရုံနဲ့ အဆင်ပြေသွားမှာ၊ ဒါပေမဲ့ အခုတော့ မင်းမှာ တောင်းပန်ဖို့အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး"

ကျန်နေသော သခင်လေးခြောက်ယောက်က တစ်ပြိုင်နက်တည်း အော်ဟစ်အားပေးလာကြသည်။

"အစ်ကိုဖေး! သူ့ကို ဖျက်ဆီးပစ်! ပန်းတွေက ဘာလို့ နီရဲနေလဲဆိုတာ သူ့ကို ပြောပြလိုက်ပါ!"

"ခွေးမသား! ဒီလောင်ဇီက တခြားလူတွေနဲ့ ရန်မဖြစ်

ချင်ခဲ့ဘူး...ဒါပေမဲ့ အဲ့ဒီလူတွေကပဲ ငါတို့အုပ်စုကို ရန်လာလာစနေတာ!" "

"အစ်ကိုဖေး! သူ့ကို ပညာပေးပစ်!"

"ငါတို့ရဲ့အစ်ကိုဖေးက တိုက်ကွမ်ဒိုမှာ ခါးပတ်နက်

ရထားတာ! မင်းရဲ့ ဒီအရည်အချင်းလေးနဲ့ သေဖို့ပဲ စောင့်နေလိုက်!"

ရွှီဖန်းကတော့ ဒီလူအုပ်စုကြောင့် ထရယ်မိတော့မလို ဖြစ်သွားရသည်။ 

မင်းတို့က ကျိုးကြောင်းမဆင်ခြင်တဲ့လူတွေ မဟုတ်ဘူးပေါ့လေ...ငါ့ကို ကျိုးကြောင်းမဆီလျော်ဘဲ ရန်လာစနေတာက ဘယ်သူတွေလဲ။

ရွှီဖန်းသည် သူ့လက်များကို အိတ်ကပ်ထဲ၌ ထည့်ထားဆဲပင်။ သို့သော် သူ မတ်မတ်ရပ်ကာ ဝမ်ဖေးဆီသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

******************

All Chapters