← Chapters

Lafite in '82

Vol. 24 Ch. 358

Lafite in '82

Vol. 24 Ch. 358

Sport carတစ်စီးက ရပ်သွားခဲ့သည်။ ဝမ်ဖေးသည် ကောင်းကင်ပြာဟိုတယ်၏တံခါးဝတွင်ရပ်၍ အဝေးကို ကြည့်လိုက်သည်။ သူ ရွှီဖန်း၏sport carကို အလွယ်တကူ မြင်နိုင်ခဲ့သည်။

"ဟဲဟဲ...တကယ်ကို သေရမှာမကြောက်တဲ့လူတွေ ရှိသေးတာပဲ"

သခင်လေးတချို့ကလည်း ဝမ်ဖေး၏ဘေးနားတွင် ရပ်ကာ လှောင်ပြောင်လာကြသည်။ 

"အစ်ကိုဖေး ကျွန်တော် သူ့ခြေထောက်တစ်ချောင်းကို လိုချင်တယ်!"

"အစ်ကိုဖေးနဲ့ငါတို့ကို ပြန်ပြောရဲတဲ့သူက နွားမဟုတ်ရင် လူရမ်းကားပဲနေမှာ!"

"သူ ကိုယ်ခံပညာ ဘယ်လောက်ပဲတော်ပါစေ သူတစ်ယောက်တည်းနဲ့ ဘယ်နှစ်ယောက်လောက်ကို တိုက်နိုင်မှာမို့လို့လဲ"

"ဟုတ်တယ်၊ သူ ပိုပြီးအစွမ်းထက်လေ နောက်ပိုင်း ငါတို့ သူ့ကိုရိုက်နှက်တဲ့အခါကျရင် ပိုပြီးတော့ပျော်စရာကောင်းလေပဲ!"

လျိုချောင်ဖန်ကလည်း...

"ခွေးမသား! ငါ ငယ်ငယ်ကတည်းက ဒီလို ရှုံးတာမျိုးကို တစ်ခါမှ မခံခဲ့ရဖူးဘူး! ညီအစ်ကိုတို့ ခဏနေရင် ဘယ်သူကမှ ငါ့နေရာကို လာလုမယ်မတွေးကြနဲ့! 

ငါ အရင်သွားမယ်!"

ရွှီဖန်းကတော့ sport carကို သက်သောင့်သက်သာ ဖြင့် မောင်းနှင်လာသည်။ ထို့နောက် ကားသော့ကိုပစ်ပေးကာ ဝမ်ဖေးနှင့်အခြားလူများဆီ လျှောက်လာခဲ့သည်။

"အားလုံး ဘာလို့ရပ်နေကြတာလဲ၊ ဝင်လေ... အာ... သူက"

ရွှီဖန်းသည် ရှေ့သွားများစွာ ကျိုးနေသော လျိုချောင်ဖန်ကို ကြည့်ကာ အံ့အားသင့်နေသော အမူအရာဖြင့် မေးလိုက်သည်။

လျိုချောင်ဖန်သည် ချက်ချင်းပင် ပေါက်ကွဲတော့မလို ဖြစ်သွားသော်လည်း ဝမ်ဖေးခေါ်ထားသည့် လူဆယ်

ဂဏန်းခန့်က ရောက်မလာသေးသည်ကို သူ သိထားသည်။ အခု ပေါက်ကွဲလိုက်လျှင် နောက်ထပ် ရိုက်နှက်မှုအချို့က မလွဲမသွေ သူ့ဆီရောက်လာလိမ့်မည်။

ထို့ကြောင့် လျိုချောင်ဖန်မှာ သူ့ဒေါသကို မြိုသိပ်လျက်...

"အစ်ကိုရွှီ ခုနက ကျွန်တော် ကားထဲမှာ အိပ်ပျော်သွားလို့ ခင်ဗျား သတိမထားလိုက်မိဘူးဖြစ်မယ်၊ ကျွန်တော်တို့ အရင်ဝင်ကြတာပေါ့...အစ်ကိုဖေးက သီးသန့်အခန်းတစ်ခန်းကို ကြိုတင်မှာထားပြီးသားပါ"

ဝမ်ဖေးကလည်း ဘေးကနေ အကြံပေးလာသည်။

"အစ်ကိုရွှီ ခင်ဗျားက အစ်ကိုအကြီးဆုံးဆိုတော့ အရင်ဝင်ပါ"

ရွှီဖန်း လက်ဝှေ့ယမ်းကာ ရယ်မောလိုက်သည်။ 

"မင်းတို့က အရမ်းယဉ်ကျေးနေကြတာပဲ၊ ဒါဆိုလည်းငါ ယဉ်ကျေးမနေတော့ဘူးနော်"

ထို့နောက် ရွှီဖန်းသည် ကောင်းကင်ပြာဟိုတယ်ထဲသို့ ဦးဆောင်ဝင်သွားလိုက်သည်။ သခင်လေးအချို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ လျိုချောင်

ဖန်၏ပခုံးကိုပုတ်၍ ရွှီဖန်းအနောက်ကနေ လိုက်ပါသွားကြသည်။

ကောင်းကင်ပြာဟိုတယ်

ကောင်းကင်ပြာဟိုတယ်သည် ချန်ဟိုင်းပြည်နယ်ရှိ ကြယ်ငါးပွင့်ဟိုတယ်အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ခမ်းနားထည်ဝါလှပြီး ဝန်ဆောင်မှုအရည်အသွေးကလည်း အလွန်

ကောင်းမွန်သည်။ တစ်ကြိမ် စားသောက်ရန်အတွက် ယွမ်ကိန်းဂဏန်းထောင်ချီ၍ လိုအပ်မည်ဖြစ်သည်။ သန်းပေါင်းများစွာသော ကြွယ်ဝမှုသာ မရှိပါက အပေါက်ဝမှာတင် လှည့်ပြန်ရလိမ့်မည်။ ထို့အတူပင် သန်းဆယ်ချီသောကုန်ကျမှုကြောင့် ဝန်ဆောင်မှုပိုင်းဆိုင်ရာ သဘောထားများကိုတော့ ပြောစရာပင်မလိုချေ။

လာရောက်သော ဧည့်သည်များကို စော်ကားမိပါက ဟိုတယ်၏ဝင်ငွေမှာ လျော့ကျသွားနိုင်ပြီး၊ ဝန်ထမ်းများအနေဖြင့်လည်း အရှက်ခွဲခံရလိမ့်မည်။ ဧည့်သည်များထံမှ မကျေနပ်ချက်များ ထွက်ပေါ်လာပါက ရလဒ်များမှာ ပို၍ဆိုးရွားနိုင်ပေသည်။

ထိုအကြောင်းကြောင့်ပင် ဟိုတယ်ရှိ စားပွဲထိုးများသည် တင်းကြပ်သော လေ့ကျင့်မှုများကို ဖြတ်သန်းခဲ့ရသည်။ ပထမဦးစွာ သူတို့အား လက်အောက်ခံကုမ္ပဏီတစ်ခု၌ လေ့ကျင့်ပေးပြီး တတ်ကျွမ်းမှသာ တာဝန်ထမ်းဆောင်စေသည်။ ထို့နောက် အကဲဖြတ်မှုများ ပြုလုပ်ပြီး စွမ်းဆောင်ရည် အဆင့်ဆင့်အရ ကောင်းကင်ပြာဟိုတယ်၌ စားပွဲထိုးအဖြစ် လုပ်ကိုင်ခွင့် ရရှိပေသည်။

ထိုအရာက အခွင့်အရေးတစ်ခုမျှသာ ဖြစ်သည်။ အကယ်၍ အမှားအယွင်းများ၊ ဧည့်သည်များဆီက တိုင်ကြားမှု သို့မဟုတ် အကဲဖြတ်မှုကျရှုံးခြင်းများ ရှိလာပါက စားပွဲထိုးများ ထုတ်ပယ်ခံရလိမ့်မည်။ ပြင်းထန်သော ကိစ္စများ၌ဆိုလျှင် ဒဏ်ငွေရိုက်ခြင်း သို့မဟုတ် အလုပ်နယ်ပယ်မှထုတ်ပယ်ခြင်းမျိုးအထိ ရှိနိုင်သည်။

ကောင်းကင်ပြာဟိုတယ်မှ ဖိုမန်(အလုပ်သမားကြီးကြပ်ရေးခေါင်းဆောင်)၊မန်နေဂျာ အစရှိသည့်ရာထူးများသည် အလကားရထားသည့် အလုပ်ရာထူးများ မဟုတ်ပေ။ သူတို့အားလုံးသည် အောက်ခြေကနေ တက်လာခဲ့ကြခြင်းဖြစ်သည်။

အောက်ခြေအဆင့်စားပွဲထိုးများနှင့် ယှဉ်လျှင် မန်နေဂျာသည် အကျိုးခံစားခွင့် များစွာရရှိပေသည်။ 

သူ့ထံ၌ အောက်ခြေအဆင့်ဝန်ထမ်းများအား ထုတ်ပယ်နိုင်သည့် အာဏာလည်း ရှိသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူတို့လည်း သက်သာရာမရကြပေ။

အကြောင်းမှာ သူတို့သည် အောက်ခြေအဆင့် ဝန်ထမ်းများကို တာဝန်ယူရသည့်အတွက်ကြောင့်ပင်။ အောက်ခြေအဆင့်၌ မတော်တဆအမှုတစ်ခုခု ဖြစ်ပွားခဲ့ပါက သူတို့ကိုယ်တိုင် တာဝန်ယူရလိမ့်မည်။ အောက်ခြေအဆင့်၌ မတော်တဆဖြစ်ပွားသည့်ကိစ္စသာမကဘဲ ဟိုတယ်၏ဝင်ငွေကျဆင်းခြင်း သို့မဟုတ် တခြားမည်သည့်ပြဿနာပင်ဖြစ်ပါစေ သူတို့ ကိုယ်တိုင်သာ တာဝန်ယူရလိမ့်မည်။

ထို့ကြောင့် ကောင်းကင်ပြာဟိုတယ်၏ ဦးဆောင်သူနှင့် စားပွဲထိုးဖြစ်လာသောလူများအားလုံးထံ၌ ထူးချွန်သော စွမ်းရည်များ ရှိကြလေသည်။

မိန်မိန်းသည်လည်း သူတို့ထဲက တစ်ဦးပင်။

မျိုးဆက်သစ်မန်နေဂျာတစ်ဦးအနေဖြင့် မိန်မိန်းသည် သူမ၏စေ့စပ်သေချာသောလုပ်ကိုင်မှုများကြောင့် နာမည်ကျော်ကြားပေသည်။ ဧည့်သည်များက သူမနှင့် ဆော့ကစားလာကြသည့်အချိန်တိုင်းမှာလည်း မိန်မိန်းသည် အလုပ်ပြီးဆုံးသည့်အချိန်အထိ ဆက်လက်

လုပ်ဆောင်လေ့ရှိပြီး ဧည့်သည်များကို ဘယ်

သောအခါမှ မလေးမစားပြုမူတာမျိုး မရှိခဲ့ပေ။

ထို့အပြင် အမျိုးသမီးတစ်ဦးအနေဖြင့် သူမ၏လက်တံရှည်များက အလွယ်တကူ လှုပ်ရှားနိုင်ပြီး မိန်မိန်းသည် ကိစ္စများအားလုံးကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့သည်။ တစ်နှစ်ခွဲအတွင်းမှာပင် မိန်မိန်းသည် မန်နေဂျာရာထူးကို လုံးဝတည်မြဲအောင် ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ ဟိုတယ်ကိုလာသော ဧည့်သည်အများစုသည် မိန်မိန်းအား မျက်နှာသာပေး၍ "ညီမမိန်း"ဟု ခေါ်ဝေါ်ကြသည်။

မိန်မိန်းသည် မက်မွန်သီးများနှင့် ဇီးသီးလို ချိုမြိန်သည့် သစ်သီးပန်းကန်များ တည်ခင်းပေးတတ်ကာ ဝန်ဆောင်မှုများ ပေးတတ်သည်။ ထို့အပြင် ချစ်စဖွယ် စကားလေးများ ပြောဆိုပြီး ဧည့်သည်များကို စိတ်ကျေနပ်အောင် ဝန်ဆောင်မှုပေးလေသည်။

ဧည့်သည်များ ပျော်ရွှင်ကြသည့်အခါ မိန်မိန်း၏ရာထူးက ပိုပြီး ခိုင်မာလာခဲ့သည်။ မိန်မိန်းက ဒုဥက္ကဋ္ဌ ရာထူးကိုတောင် ရတော့မည်ဟူသည့် ကောလာဟလများတောင် ထွက်ပေါ်ခဲ့သည်။

မိန်မိန်းသည် ဧည့်သည်အချို့အား သီးသန့်ခန်းထဲသို့ ပို့ပေးပြီးသည်နှင့် သစ်သီးပန်းကန်တစ်ချပ် ပို့ပေးရန် ပြင်ဆင်နေတုန်းမှာ ခေါင်းမော့ရင်ကော့၍ ဝင်လာသော ရွှီဖန်းကို မြင်လိုက်ရသည်။

ကံမကောင်းစွာဖြင့် မိန်မိန်းသည် ရွှီဖန်းကို မရင်းနှီးခဲ့ပေ။ သူမက အောက်ခြေကနေ တက်လာခဲ့တာဖြစ်ပြီး ရွှီဖန်းကလည်း ကောင်းကင်ပြာဟိုတယ်ကို တစ်ခါမှ မရောက်ဖူးသည့်အတွက် မိန်မိန်းက ရွှီဖန်းအား မသိသည်မှာ သဘာဝကျ၏။

သို့သော် ရွှီဖန်းအနောက်မှ သခင်လေးများကို မြင်

လိုက်ရသည့်အခါ မိန်မိန်း၏မျက်လုံးများ လင်းလက်သွားခဲ့သည်။ 

ဒီလူများကို မိန်မိန်း အလွန်ရင်းနှီးပေသည်။ သူတို့အားလုံးသည် သူမ စော်ကား၍မရသော အရေးပါသည့် ပုဂ္ဂိုလ်များဖြစ်သည်။

ဒီလူအနည်းငယ်၏ဖခင်များသည် ချန်ဟိုင်းပြည်နယ်၌ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များဟု ပြောလို့ရသည်။ အထူးသဖြင့် ဝမ်ဖေး၏ဖခင်သည် ချန်ဟိုင်းပြည်နယ်၏ဒုတိယအုပ်ချုပ်ရေးမှူးခေါင်းဆောင်

ဖြစ်လေရာ ဘယ်သူကများ ထိုလူကို စော်ကားရဲမည်နည်း။

မိန်မိန်းသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် နှုတ်ဆက်လိုက်

သည်။

"အစ်ကိုဖေးတို့ ရောက်ပြီလား၊ သီးသန့်ခန်းကို ကြိုတင်ဖယ်ထားပါတယ်ရှင်၊ သူကရော ဘယ်သူလဲဆိုတာ မိန်မိန်း သိခွင့်ရှိမလား"

ဝမ်ဖေးတစ်ယောက် အနည်းငယ်ချောင်းဆိုးလိုက်

မိသည်။ သူ့ပုံစံက အနည်းငယ် ထူးဆန်းနေသော်လည်း မျက်နှာပေါ်မှာတော့ အပြုံးတစ်ခုကို ဆက်လက်ထိန်းထားဆဲပင်။ သူခေါ်ထားသည့် ညီအစ်ကိုဒါဇင်ပေါင်းများစွာက ရောက်မလာသေးပေ။ မတိုင်ခင် အထိုးခံရမှာက မတန်ပေ။

"ဒါက...အစ်ကိုရွှီပါ"

မိန်မိန်းသည် ဆွဲဆောင်မှုရှိစွာဖြင့် "အစ်ကိုရွှီ"ဟု ခေါ်လာသည်။

ရွှီဖန်း မိန်မိန်းကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် အသက်နှစ်ဆယ်ကျော်ရှိပုံရပြီး ဘဲဥပုံစံမျက်နှာလေးရှိကာ လုပ်ငန်းခွင်ဝတ်စုံကို သေသေချာချာ ဝတ်ဆင်ထားသည်။ 

ရွှီဖန်း သူမကို အနည်းငယ်ခေါင်းညိတ်ပြ၍ ညင်သာစွာ ပြန်နှုတ်ဆက်လိုက်သည်။ 

ရွှီဖန်းသည် ဤလူအုပ်စုနှင့် အဆင်မပြေသော်လည်း တခြားအပြင်လူများ အထူးသဖြင့် အမျိုးသမီးတစ်ယောက်ပေါ်၌ ရိုင်းစိုင်းပြစရာမလိုဘူးဟု မှတ်ယူထားသည်။ 

ရွှီဖန်းအနောက်မှ သခင်လေးအချို့ကတော့ တစ်

ယောက်ကိုတစ်ယောက် ကြည့်ကာ သူတို့၏နှုတ်ခမ်းထောင့်များ၌ မထီမဲ့မြင်ပြုသောအပြုံးရိပ်များ သန်းလာခဲ့သည်။

ဝမ်ဖေးလည်း အထင်သေးနေသော်လည်း သူ့မျက်လုံးထဲမှ ခံစားချက်များကိုတော့ ဖုံးကွယ်ထားခဲ့သည်။ 

ကြီးကြီးမားမားပုံရိပ်များကို ဒီလူက ဘယ်တုန်းကမှ မကြုံခဲ့ဖူးပုံရသည်။ ကြယ်ငါးပွင့်ဟိုတယ်နှင့် မန်နေဂျာလေးတစ်ယောက်အား ပြလိုက်ရုံနှင့်တင် ဒီလူကို ကြောက်သွားစေခဲ့သည်။ အဲ့တာများ ဘယ်ကနေ သူ့ကို စကားပြန်ပြောရဲသည့်သတ္တိ ရလာလဲဆိုတာကို မခန့်မှန်းတတ်တော့ပေ။ 

"မသိသောသူများက မကြောက်တတ်"ဟူသည့် စကားပုံတစ်ခု ရှိသည်။ မွေးခါစနွားပေါက်စက ကျားကို မကြောက်ဆိုသည့် လူစားမျိုးပင်။

ဝမ်ဖေးသည် လက်ဝှေ့ယမ်း၍ သူ့အရှေ့မှ မိန်မိန်းကို စကားဖြတ်ပြောလိုက်သည်။

"ငါတို့ ဗိုက်ဆာနေပြီ...အခန်းကို မြန်မြန်ခေါ်သွားပေးပါ၊ ဪ ဒါနဲ့ Lafite in '82 တစ်ပုလင်းပေးပါ"

မာန်မာနရှိပြီး ထောင်လွှားကြွားဝါတတ်သည့်လောက၌ Lafiteသည် ထိပ်ဆုံးအဆင့်မှာ ရှိနေခဲ့သည်။ တစ်

နှစ်သားအရွယ်ကနေ အသက်ရှစ်ဆယ်အရွယ်အထိ Lafiteကို မကြားဖူးသည့်လူမရှိပေ။ ထိုအရာမှာ အဆင့်အတန်းတစ်ခု၏ပြယုဂ်ပင်။

ဝမ်ဖေး၏အတွေးက အလွန်ရိုးရှင်းပေသည်။ ထိုနွားကလေးကို သတိပေးချင်ခြင်းဖြစ်သည်။ သူ့အနောက်က လူများသည် သူ့လိုလူမျိုးက စော်ကား၍မရသောလူများဆိုတာကို သိစေချင်သည်။

ဒါဇင်နှင့်ချီသည့်ညီအစ်ကိုများ မပါဝင်ခဲ့လျှင်တောင်မှ Lafiteတစ်ပုလင်းတည်းနှင့်တင် သူ့ကို ခွင့်လွှတ်ပေးပါရန် တောင်းပန်လာလိမ့်မည်။

( T/N - Lafite in '82 - 1982 Lafite Rothschild ဝိုင်

ပါ။ ဝိုင်တွေရဲ့နယ်မြေလို့တောင် တင်စားကြတဲ့ Bordeauxက စက်ရုံတွေကနေ ထုတ်တဲ့ အကျော်ကြားဆုံးဝိုင်ဖြစ်ပါတယ်တဲ့)

*********************

All Chapters