မျက်လုံးတွေနဲ့ ရွှီဖန်းကို သတ်ချင်!
Vol. 24 Ch. 360
အစ်ကိုဟူ၏မူရင်းနာမည်မှာ 'လီဝမ်ပင်' ဖြစ်သည်။နာမည်ကကောင်းသော်လည်း မြေအောက်လောက၌ သုံးရန် သင့်တော်လှသည့်နာမည်တော့ မဟုတ်ပေ။
အစ်ကိုဟူဆိုသည့်နာမည်က လီဝမ်ပင် ဆယ်နှစ်တာလုံး ကြိုးစားအားထုတ်ခဲ့ရသည့် ရလဒ်ပင်။
လူတိုင်းတော့မသိနိုင်သေးသော်ငြား နာမည်တော့ အနည်းငယ် ရနေလေပြီ။ တစ်ယောက်ယောက်က သူ့ကို အစ်ကိုဟူဟု ခေါ်လိုက်သည်နှင့် လီဝမ်ပင်သည် သူ့ကိုယ်သူ ဂုဏ်ယူမိပြီး မာန်တက်မိလေ့ရှိသည်။
ကောင်းကင်ကို မမှီခို၊ မြေကြီးကို မမှီခို၊ မိဘကို မမှီခိုဘဲ ကိုယ်ပိုင်အား၊ ကိုယ်ပိုင်ခြေလက်များဖြင့် တစ်
ချက်လေးတောင် အနားမယူဘဲ ဒီလောကထဲ၌ သူ ထိုးဖောက်ဝင်ရောက်ခဲ့သည်။
နောက်ဆုံး၌ သူ နာမည်ကြီးဓားတစ်ချောင်း မဖြစ်လာသေးသော်လည်း သူ့ဓားက လူတော်တော်များများကို ကြောက်လန့်စေရန် လုံလောက်ပေသည်။
အစ်ကိုဟူသည် မြေအောက်လောကမှ မြွေစိမ်းဂိုဏ်း၏ ခေါင်းဆောင်ငယ်လေးဖြစ်ပြီး လူအင်အားများကာ လက်ပါးစေ ဒါဇင်ပေါင်းများစွာ ရှိသည်။ ယုတ္တိကျကျ ပြောရလျှင်တော့ ဤကိစ္စများက ဝမ်ဖေးနှင့် လုံးဝမပတ်သက်ပေ။
သို့သော်ငြား ဘဝဆိုတာ အမြဲတမ်း ဆန်းကြယ်လှသည်။ မတူညီသောလူမှုအသိုင်းအဝိုင်းမှ လူများသည် အထူးတလည်အခြေအနေမျိုး၌ တွေ့ဆုံကြရသည်။
အစ်ကိုဟူနှင့် ဝမ်ဖေးတို့၏ရင်းနှီးမှုမှာ ပဋိပက္ခတစ်ခုကနေ စတင်ခဲ့ခြင်းပင်။ ထိုအချိန်ကလည်း ဝမ်ဖေးက သူ ဘယ်သူဘယ်ဝါဆိုတာကို ထုတ်ဖော်ပြခဲ့တာကြောင့် အစ်ကိုဟူသည် သဘာဝကျစွာပင် နောက်ဆုတ်ပေးခဲ့သည်။
ဝမ်ဖေးကလည်း သိသာစွာပင် ဆိုးသွမ်းနေသည့် လူတစ်ဦးမဟုတ်ပေ။ သူသည် ပို၍ပရိယာယ်ကြွယ်ဝကာ အနာဂတ်ကိုမျှော်ကြည့်တတ်သူတစ်ဦးပင်။ လှုပ်ရှားမှုအနည်းငယ်ဖြင့်ပင် အစ်ကိုဟူနှင့် သူ့အဖွဲ့ကို ဆွဲဆောင်နိုင်ခဲ့သည်။
ထို့ကြောင့် အစ်ကိုဟူ သတ်မှတ်ထားသည့်အရာမှာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး၏သားက သူ့အား အစ်ကိုဟူဟု ခေါ်ဝေါ်သော်လည်း သူနှင့်ရင်းနှီးသော ဆက်ဆံရေးမျိုးတော့ မဟုတ်ဘူးဆိုတာကိုပင်။
ဒါဟာ အကျိုးစီးပွားအတွက်သာ ဖြစ်သည်။
ဝမ်ဖေးသည် သူ့အား ပြဿနာသေးသေးလေးများ ဖြေရှင်းရန် အသုံးပြုပြီး သူကလည်း အကျိုးအမြတ်အချို့ကို ရယူသည်။ တစ်ချိန်တည်းမှာပင် ဝမ်ဖေး၏အဆင့်အတန်းကို သုံးကာ ပတ်ဝန်းကျင်ရှိ လူအများ၏ကျားအရေခွံကို ဆွဲချခဲ့သည်။
အစ်ကိုဟူသည် ဝမ်ဖေး၏ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသည်နှင့် ချက်ချင်းပင် သူ့ညီအစ်ကိုများ၏အရေအတွက်ကို စတင် ရေတွက်ခဲ့သည်။ ထို့နောက် ကားပေါ်ကိုတက်ကာ ကောင်းကင်ပြာဟိုတယ်ဘက်သို့ မောင်းနှင်သွားခဲ့သည်။
ဟိုတယ်တံခါးနားကို ရောက်သည့်အချိန် ဝမ်ဖေးဆီက ဖုန်းထပ်ဝင်လာသည်။ ဒီတစ်ခါ ပစ်မှတ်က အနည်းငယ် ခက်ခဲပုံရသည်။
သို့သော် အစ်ကိုဟူကတော့ မကြောက်ပေ။ မြွေစိမ်းဂိုဏ်းသည် တစ်နိုင်ငံလုံးရှိမြေအောက်လောကသားများနှင့် မယှဥ်နိုင်သေးသော်လည်း ချန်ဟိုင်းပြည်နယ်အတွင်းရှိ မြေအောက်လောကမှာတော့ ခေါင်းဆောင်ပင်။ ဘယ်သူက သူ့ကို မျက်နှာမထောက်ရဲဘဲ နေနိုင်မည်နည်း။
ချန်ဟိုင်းပြည်နယ်၏ လက်ရှိမြေအောက်လောက အုပ်စိုးသူအား ဘယ်သူကမှ မစော်ကားချင်ကြပေ။
အစ်ကိုဟူသည် ဒါဇင်နှင့်ချီသော သူ၏လက်ပါးစေများကို ခေါ်ယူကာ အခန်း၃၄သို့ လျှောက်လာခဲ့သည်။
မိန်မိန်းသည် တစ်ခုခုတော့ မှားနေပြီဆိုတာကို သတိထားမိနေလေပြီ။ မိန်မိန်းသည် အစကတော့ အထဲကိုဝင်ကာ အစ်ကိုရွှီ၊ အစ်ကိုဝမ်နှင့် တခြားသခင်လေးများကို ဧည့်ခံချင်ခဲ့သည်။
အကြောင်းမှာ သူတို့၏ဂုဏ်သိက္ခာကို ထောက်ရှု၍ သူမကိုယ်တိုင် မဧည့်ခံပါက မျက်နှာသာမပေးရာ ရောက်သွားမှာ စိုးသောကြောင့် ဖြစ်သည်။
သို့သော် မိန်မိန်းသည် သူတို့ကို သီးသန့်အခန်းထဲသို့ ခေါ်သွားစဥ်၌ စကားပြောနေရင်းကနေ တစ်ခုခု မှားနေတာကို သတိထားမိခဲ့သည်။ ဝမ်ဖေးတို့အဖွဲ့၏မျက်နှာအမူအရာများက အနည်းငယ် ထူးဆန်းနေသည်။ သူတို့၏ရင်းနှီးဖော်ရွေမှုထဲ၌ စိတ်လွင့်နေသည့်အရိပ်အယောင်များ ပါဝင်နေခဲ့သည်။
သူမ အခန်းထဲကနေ ထွက်လာပြီးနောက် ဝမ်ဖေးတို့၏မျက်နှာအမူအရာများက ဘာကြောင့် ထိုကဲ့သို့ဖြစ်နေတာလဲဆိုတာကို စဉ်းစားနေခဲ့သည်။
သူမဘက်က အကောင်းဆုံးဝန်ဆောင်မှု မပေးနိုင်ခဲ့၍ ဝမ်ဖေးတို့ကို စိတ်ခုအောင် လုပ်လိုက်မိတာလား။
သို့သော် မိန်မိန်းသည် စားဖိုဆောင်ကနေ သတင်းကြားလိုက်သည့်အခါ ပြဿနာက သူမဆီကနေ မဟုတ်ဘူးဆိုတာကို နောက်ဆုံး နားလည်သွားခဲ့သည်။
ဘန်းမုန့်တချို့နဲ့ ဆားရည်စိမ်ဟင်းရွက်ချဥ်တစ်ပွဲ။
ဝမ်ဖေးက ဒုက္ခခံပြီး ရိုးရှင်းတဲ့စိတ်ထားကို ထားဖို့ကြိုးစားနေတဲ့လူ ဆိုပါလား။
ဒါက ဘယ်လိုတောင်မှ နိုင်ငံတကာ ပြက်လုံးကြီးလဲ!
ဤသခင်လေးများသည် ဒီကို အခုမှသာ လာစားဖူးကြခြင်းမဟုတ်ပေ။ ထို့အပြင် ဒီမှာ လာစားကြသောလူအများစုသည် သူတို့၏ပုံရိပ်အတွက် လာကြတာဖြစ်သည်။
မဟုတ်ရင် ဘယ်သူက ဒီမှာ သိန်းချီသုံးပြီး တစ်နပ်စာ လာစားမှာလဲ! အပြင်မှာလည်း စားစရာတွေမှ အများကြီးပဲကို!
အဆင့်အတန်း! ရိုသေလေးစားခံရမှု!
ထိုအရာတွေကသာ သူတို့ လိုချင်ကြသောအရာများဖြစ်သည်။ ဘန်းမုန့်နှင့် ဆားရည်စိမ်အချဥ်ကို မှာခြင်းသည် မျက်နှာသာလိုချင်၍ လေးစားမှုခံယူချင်၍ မဟုတ်တော့ပေ။
စားပွဲထိုးဆီမှ သတင်းစကားကို နားထောင်ပြီးသည့်
အခါမှာတော့ အစ်ကိုရွှီနှင့် အစ်ကိုဝမ်တို့၏အဖွဲ့က တော်တော်လေး ရင်းနှီးသည့် ဆက်ဆံရေးရှိသည်ကို သိလိုက်ရသည်။
ထိုအကြောင်းကို စဉ်းစားပြီးနောက် မိန်မိန်းသည် ဒုဥက္ကဋ္ဌအား အခြေအနေကို အမြန်ပင် သတင်းပို့လိုက်တော့သည်။ မိန်မိန်းသိတာတစ်ခုကတော့ ဒီနေ့မှာ တစ်ခုခုတော့ ဖြစ်တော့မည်ဆိုတာကိုပင်။
မျှော်လင့်ထားသည့်အတိုင်းပင် မိန်မိန်းတစ်ယောက် အခြေအနေကို သတင်းပို့ပြီးသည်နှင့် အစ်ကိုဟူသည် သူ၏ညီအစ်ကိုဒါဇင်ပေါင်းများစွာကို ခေါ်လာပြီး အခန်း၃၄ရှိရာဘက်သို့ ပြေးဝင်သွားခဲ့သည်။
မိန်မိန်း သက်ပြင်းချကာ ဘယ်သူမှ မသေပါစေနှင့်ဟု တိတ်တိတ်လေး ဆုတောင်းလိုက်မိသည်။
ဒီလူတွေက ကိုင်တွယ်ရမလွယ်မည့် ပုံပင်။ ချမ်းသာသောသူ သို့မဟုတ် ရာထူးမြင့်သောသူတွေချည်းပင်။ တစ်ယောက်ယောက်သာ သေသွားပါက သန်းပေါင်းများစွာတန်ဖိုးရှိလေသည်။
အစ်ကိုဟူသည် သူ၏ညီအစ်ကို ဒါဇင်ပေါင်းများစွာကို ခေါ်ပြီး သူတို့ဆီလာတာကို မြင်သည့်အခါ ဝမ်ဖေးတို့အဖွဲ့မှာ စိတ်လှုပ်ရှားလွန်း၍ ငိုတောင်ငိုချင်လာသည်။
နောက်ဆုံးမှာတော့ အစ်ကိုဟူသည် သူ့ညီအစ်ကိုတွေကို ခေါ်လာနိုင်ခဲ့လေပြီ။ လက်ရှိအချိန်မှစ၍ ဝမ်
ဖေးသည် မာန်မာနများ ထောင်တက်လာပြီး သီချင်းတောင် ကောက်ဆိုချင်စိတ် ဖြစ်လာခဲ့သည်။
ဝမ်ဖေးသည် အရှေ့ကို ပြေးထွက်သွားကာ အစ်ကိုဟူ၏လက်ကို ဆွဲကိုင်လိုက်သည်။
"အစ်ကိုဟူ နောက်ဆုံးတော့ ခင်ဗျား ရောက်လာပြီပဲ!"
အစ်ကိုဟူသည် ဝမ်ဖေး၏မျက်နှာအမူအရာကို မြင်
သည့်အခါ စိတ်ထဲ တင်းကျပ်သွားခဲ့သည်။ အထဲမှာ သူတို့ မစော်ကားနိုင်သည့်လူများ ရှိနေတာလား။ သို့သော်ငြား သူ့မျက်နှာပေါ်တွင်မူ ဒေါသအပြည့်ဖြင့်
"ညီအစ်ကိုဖေး ဘယ်သူ ဒဏ်ရာရသွားသေးလဲ၊ မင်းတို့ကို ဘယ်သူကများ ဒီလောက်တောင် သတ္တိရှိရှိနဲ့ စော်ကားရဲတာလဲ"
သခင်လေးများထဲတွင် လျိုချောင်ဖန်သည် စိတ်
အလှုပ်ရှားဆုံး ဖြစ်သည်။ သူ၏ကျိုးသွားသော ရှေ့သွားများကို လက်ညှိုးထိုးပြလျက် ငိုမိမလိုတောင် ဖြစ်သွားရသည်။
"အစ်ကိုဟူ အဲ့ဒီလူက တကယ့်ကို တစ်ခုခုပဲ၊ သူက ကျွန်တော်တို့ညီအစ်ကိုတွေကို အရင်ရန်စခဲ့တယ်၊ ပြီးတော့ ကျွန်တော်တို့ သူ့ဆီသွားတော့လည်း သူ့လက်ချက်နဲ့ပဲ အထိုးခံခဲ့ရတယ်! အစ်ကိုဟူ...ကျွန်တော်တို့ရဲ့မကျေနပ်ချက်တွေအတွက် ကူညီဖြေရှင်းပေးပါဦး!"
အစ်ကိုဟူသည် လျိုချောင်ဖန်၏မျက်ရည်စက်လက်
ဖြင့် တိုင်ကြားမှုကို ကြားသည့်အခါ စိတ်ထဲ၌ ထပ်မံတင်းကျပ်သွားပြန်သည်။
အတွင်းထဲမှ လူက အနည်းငယ် ဆင်ခြင်တုံတရား ကင်းမဲ့ပုံရသည်။ လျိုချောင်ဖန်၏အထောက်အထားမှာ သူစိတ်မကျေနပ်လျှင် မည်သူကိုမဆို ရိုက်လို့ရသည့်အနေအထားပင်။
သို့သော် ဝမ်ဖေးတို့အဖွဲ့ ပြောသည့်ပုံစံအရဆိုလျှင် လျိုချောင်ဖန်ကလွဲ၍ ကျန်လူတွေက အထိုးအနှက်ခံခဲ့ရပုံ မပေါ်ပေ။ ဒါဆိုလျှင် တစ်ဖက်လူက ရက်စက်
ကြမ်းကြုတ်သည့်သူ မဟုတ်နိုင်ပေ။ ကိုင်တွယ်လို့ ရနိုင်သေးသည်ဟု ဆိုလိုခြင်းပင်။
ဝမ်ဖေးသည် လျိုချောင်ဖန်အား ဆွဲခွာလိုက်သည်။ အစ်ကိုဟူ၏ ညီအစ်ကိုများ၏ ပတ်ဝန်းကျင်ရှိ လူများ၏အကြည့်ကို ကွယ်ထားပေနိုင်သော်လည်း လျိုချောင်ဖန်၏ပုံစံမှာ တကယ့်ကို အရှက်ရစရာပင်။
ဝမ်ဖေးသည် အစ်ကိုဟူအား တည်တည်ကြည်ကြည် ဖြင့် ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"အစ်ကိုဟူ ဒီကိစ္စကို ခင်ဗျားနဲ့ပဲ လွှဲခဲ့မယ်၊ လက်ကို ထိန်းချုပ်ပြီး မသတ်မိစေပါနဲ့၊ ကျွန်တော်တို့ ညီအစ်ကိုတွေက အရမ်းဒေါသထွက်နေလို့ ဒေါသ
ထွက်ပေါက်ရှာချင်ရုံပဲ"
အစ်ကိုဟူလည်း ခေါင်းညိတ်ကာ သူ့အနောက်မှ လက်ပါးစေများကို လက်ဝှေ့ယမ်းပြ၍ တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်သည်။
"မင်းတို့ထဲက ဘယ်သူကများ မျက်စိကန်းနေတာလဲ! ငါ့မိတ်ဆွေကို ဒီလောက်အခြေအနေထိဖြစ်သွားအောင် ရိုက်နှက်ခဲ့တာဘယ်သူလဲ!"
လူဒါဇင်ပေါင်းများစွာသည် အခန်းထဲသို့ ဝင်လာခဲ့ကြသည်။ သူတို့သည် ပထမဆုံးထိုင်ခုံတွင် သက်
တောင့်သက်သာထိုင်၍ ဝိုင်နီသောက်ကာ အစားအသောက်များကို ပျော်ရွှင်စွာ စားသောက်နေ
သည့် ရွှီဖန်းအား ကြည့်လိုက်ကြသည်။
မြွေစိမ်းဂိုဏ်း၏ခေါင်းဆောင်ငယ်တစ်ယောက်
အနေဖြင့် အစ်ကိုဟူသည် ရွှီဖန်းကို ဖောက်ထွင်းမြင်
နိုင်ရန် အရည်အချင်းမရှိခဲ့ပေ။ သို့သော် သတိထားတတ်သူတစ်ဦးဖြစ်ရာ အစ်ကိုဟူသည် မာနကြီးစွာ ပြောနေသော်လည်း သူ့အတွက်သူ အသက်ရှင်ရာလမ်းကို ကြိုချန်ထားခဲ့သည်။
ပထမဆုံးအနေဖြင့် သူ ဒီကိုလာရသည့်
ရည်ရွယ်ချက်ကို ကျယ်ကျယ်လောင်လောင်ပြောကာ ထုတ်ဖော်ခဲ့သည်။ သူက မိတ်ဆွေများအတွက် လက်စားချေပေးရန် ရောက်လာခဲ့တာဖြစ်ပြီး ကိုယ်ရေးကိုယ်တာရန်ငြိုးကြောင့် မဟုတ်ပေ။ ထိုနေရာ၌ လွတ်မြောက်ရန်နည်းလမ်းတစ်ခု ချန်ထားခဲ့သည်။
ဒုတိယအနေဖြင့် ထိုသို့ ပြောခဲ့ခြင်းအားဖြင့် တစ်ခုခုဖြစ်လာလျှင် သူတစ်ယောက်တည်း ခံရမှာမဟုတ်ဘဲ အကုန်လုံး ပါဝင်သွားလိမ့်မည်။
ရွှီဖန်း၏ပေါ့ပေါ့ပါးပါး အမူအရာကို မြင်သည့်အခါ အစ်ကိုဟူသည် ဤလူက တကယ့်ကို အရေးကြီးပုဂ္ဂိုလ်ဖြစ်သည်ဆိုတာကို ပို၍ သေချာသွားခဲ့သည်။ လက်ရှိအစ်ကိုဟူ၏ပုံစံသည် ဒေါသထွက်နေပုံရသော်လည်း သူ၏ကန့်သတ်ချက်ကို သိကာ ထိုအကန့်အသတ်များကို မကျော်လွန်ရန်လည်း ဆုံးဖြတ်ထားသည်။
သူ့လူ ဒါဇင်ပေါင်းများစွာကလည်း အစ်ကိုဟူနှင့် ရင်းနှီးပြီးသားဖြစ်ရာ သူ့ပုံစံကို ဘယ်လိုလုပ် နားမလည်ဘဲ နေနိုင်မည်နည်း။
ရလဒ်အနေဖြင့် လူဒါဇင်ပေါင်းများစွာသည် တောက်ပနေသည့်ကုလားထိုင်ပေါ်မှာ ထိုင်နေသော ရွှီဖန်းကို
ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်ကြသည်။ သူတို့က မျက်လုံးများဖြင့် ရွှီဖန်းအား သတ်ပစ်ချင်နေသကဲ့သို့ပင်။
**************************