← Chapters

မိုက်မဲသောအစ်ကိုဟူ

Vol. 25 Ch. 361

မိုက်မဲသောအစ်ကိုဟူ

Vol. 25 Ch. 361

ရွှီဖန်းသည် သူ့ရှေ့မှ ကြမ်းတမ်းရက်စက်ပုံပေါ်သည့် လူဒါဇင်ပေါင်းများစွာကို ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလုနီးပါး ဖြစ်သွားရလေသည်။ ဒီလူတွေ ဘယ်လောက်တောင်မှ ကံဆိုးတာလဲ။

ဝမ်ဖေးတို့အုပ်စုသည် ကောင်းကင်ပြာဟိုတယ်သို့ စိတ်ပင်ပန်းဆင်းရဲစွာ ရောက်လာပြီး အခုလိုခမ်းနားသည့် စားသောက်ပွဲကို ကျွေးမွေးရကာ အရှက်ရမှုများကို သည်းခံခဲ့ရသည်။ သူတို့ခေါ်ထားသည့် လူများကို ရွှီဖန်း စောင့်နေခဲ့သော်လည်း နောက်ဆုံးမှာတော့ မြွေစိမ်းဂိုဏ်းက လူတစ်စုသာ ရောက်လာခဲ့သည်။

ပြီးတော့ မြွေစိမ်းဂိုဏ်း၏အဓိကဘော့စ်ကလည်း ရှောင်းချောင်ဖြစ်ပြီး သူ့မိန်းမလည်း ဖြစ်နေသေးသည်။ 

သို့သော်ငြား ထိုလူဒါဇင်ပေါင်းများစွာကို ကြည့်

ရတာ သူ့ကို မမှတ်မိကြသည့်ပုံပင်။ 

ရွှီဖန်းက အစ်ကိုဟူနှင့်ကျန်လူများကို စစ်ဆေးနေချိန်တွင် အစ်ကိုဟူကလည်း အတွင်းစိတ်ထဲ၌ ရှုပ်ထွေးနေလေသည်။ 

အစ်ကိုဟူသည် လူကောင်းတစ်ယောက် မဟုတ်ပေ။ ဤနှစ်များအတွင်းမှာ ရက်စက်ကြမ်းကြုတ်သည့်

အလုပ်များစွာကို သူ လုပ်ခဲ့သည်။ အခုလက်ရှိ ခေါင်းဆောင်ငယ်ရာထူး၌ ထိုင်နိုင်ခဲ့ခြင်းသည် အစ်ကိုဟူ၏အားထုတ်မှု ရလဒ်ပင်။

အစပိုင်း၌ အစ်ကိုဟူသည် ရွှီဖန်း၏ခန့်ညားကြီးကျယ်လှသောဟန်ပန်ကြောင့် ခြိမ်းခြောက်ခံခဲ့ရသည်။ သို့သော် ရွှီဖန်းက အခု သူ၏အော်ရာကို ပြန်

ရုပ်သိမ်းလိုက်တာကြောင့် အစ်ကိုဟူ၏စိတ်က ပြန်လည် နိုးကြားလာသည်။

ဝမ်ဖေးက ဘယ်သူလဲ။ ချန်ဟိုင်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး၏သားဖြစ်သည်။ 

ထိုလူမှာ အစ်ကိုဟူအတွက် အခက်အခဲများစွာဖြင့် နောက်ဆုံးဖမ်းမိခဲ့သော ကြိုးတစ်ချောင်းဖြစ်သည်။ နောင်လာမည့်ကာလတွေမှာ သူ ထိုသခင်လေးအား အားကိုးလို့ရပေသည်။ သူ တစ်စက္ကန့်လေးတောင် တွန့်ဆုတ်တော့မည် မဟုတ်ပေ။ သူ့အရှေ့မှ ဒီလူကို တစ်ခါမှမကြားခဲ့ဖူးသော်လည်း ဂုဏ်ပုဒ်ရာထူးအရဆိုလျှင် မြွေစိမ်းဂိုဏ်း၏သခင်မတောင်မှ ဝမ်ဖေးနှင့်

ယှဉ်လို့မရချေ။

အစ်ကိုဟူသည် စိတ်ထဲ၌ ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။ ဤနှစ်များအတွင်း သူ၏ဂုဏ်ပုဒ်က မြင့်မားလာလေလေ သူ ပိုပြီး ကြောက်ရွံ့တတ်လာလေလေဖြစ်သည်။ 

ခုနက သူ့ကို ကြောက်လန့်စေခဲ့သည့် ထိုလူကို အခုပြန်ကြည့်လိုက်သည့်အခါ ဘာမှ ကြောက်စရာမလိုတော့သည့်ပုံရသည်။ အရပ်လည်း မမြင့်သည့်အပြင် သန်မာသည့်ပုံလည်းမရှိပေ။ အာဏာရှိလူကြီး သို့မဟုတ် ချမ်းသာသောပုဂ္ဂိုလ်ဟု ထောက်ပြစရာ တစ်ကွက်မှမရှိပေ။ 

ထူးခြားတာဆိုလို့ ချောမောခန့်ညားပြီး ဖြူဖွေးနေသည့်မျက်နှာပင်။ လေနှင့်နှင်းဒဏ်ကိုပင် ခံနိုင်ရည်မရှိပုံရကာ ထူးခြားသောအသွင်အပြင်ကို ပေးစွမ်းနေသည်။

အစ်ကိုဟူသည် မလှောင်ပြောင်ဘဲ မနေနိုင်ကာ ပြုံးလိုက်မိသည်။ 

ဒီလိုလူမျိုးက သူ့ကို ကြောက်အောင် လုပ်နိုင်ခဲ့တယ်တဲ့လား။

ရွှီဖန်းကို သူ ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်

မိသည်။ ထို့နောက် ပေါ့ပေါ့ပါးပါးပင် ကြည်လင်နေသည့် ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ရွှီဖန်း၏မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။ သူ၏လေသံက အရင်လို သတိထားနေခြင်း မရှိတော့ပေ။ 

"မင်း ဘယ်သူ့ကို စော်ကားမိလဲဆိုတာ သိရဲ့လား"

သူ့အရှေ့မှ မြွေစိမ်းဂိုဏ်းခေါင်းဆောင်ငယ်၏ ရုတ်တရက်ပြောင်းလဲသွားသောပုံစံကို ကြည့်ကာ ရွှီဖန်းလည်း အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော်ငြား မြန်လည်းမမြန်၊ နှေးလည်းမနှေးသည့် အသံအနေအထားဖြင့် ပြန်ဖြေလိုက်သည်။

"အိုး...တကယ်မသိပါဘူး"

ရွှီဖန်း၏ပေါ့ပေါ့ပါးပါးပုံစံကို မြင်သည့်အခါ အစ်ကိုဟူသည် ရွှီဖန်းက ဘာမှမဟုတ်သည့်လူတစ်ယောက်

မှန်း ပိုပြီးသေချာသွားခဲ့သည်။

ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး၏သားဖြစ်သူကို စော်ကားမိခဲ့တာတောင် သူ မသိနေပေ။ ဒါကြောင့် ဟိုတယ်ထဲကိုပင် အရူးလို လိုက်ဝင်လာခဲ့သည်။ ကြည့်ရတာ သူကိုယ်တိုင်အတွက် စားစရာတွေကိုတောင် မှာခဲ့သည့်ပုံပင်။ 

ဒီလိုလူမျိုးကို ဤစကားဖြင့် ဖော်ပြနိုင်သည်။

သေခြင်းတရားကို ရှာဖွေနေသူ!

အစ်ကိုဟူသည် သူ့အနောက်ရှိ လူအုပ်ကြီးအားလှောင်ပြောင်သည့် အမူအရာဖြင့် လက်ဝှေ့ယမ်းပြကာ ငြိမ်သက်နေဆဲဖြစ်သော ရွှီဖန်းကို လူသေတစ်

ယောက်လိုမျိုး ကြည့်လိုက်သည်။

"အားပြောင် ဒီသူဌေးကို ပြောပြလိုက်၊ သူ ဘယ်သူ့ကို စော်ကားခဲ့မိလဲဆိုတာကို"

အားပြောင်သည် သူ့မျက်နှာပေါ်ရှိ အသားများကို လှုပ်ရှားကာ ရွှီဖန်းကို လှောင်ပြောင်နေသည်။

"အစ်ကိုဟူ လူသေတစ်ယောက်ကို ဘာလို့ စကားပြောနေတာလဲ...ခုတ်ထစ်ပြီး ခွေးစာသာကျွေးလိုက်ပါတော့"

အစ်ကိုဟူသည် ရွှီဖန်းသောက်လက်စကျန်နေသေးသည့် ဝိုင်ပုလင်းကို ကောက်ယူကာ အားပြောင်၏ခေါင်းအား အချက်ပြခြင်းမရှိဘဲ ရိုက်ချလိုက်သည်။ သူ့မျက်နှာပေါ်ရှိ သွေးကြောများမှာ ထောင်ထနေပြီး အလွန်ကို ကြမ်းတမ်းရက်စက်သောပုံ ပေါက်နေသည်။

"မင်းကခေါင်းဆောင်လား ငါက ခေါင်ဆောင်လား! ငါ ဘယ်လို လုပ်ရမလဲဆိုတာကို မင်း သင်ပေးဖို့လိုနေတယ်ထင်လား"

အားပြောင်၏နဖူးမှာ ချက်ချင်းပင် သွေးများ လွှမ်းသွားခဲ့သည်။ သူ့ကိုယ်ခန္ဓာက အနည်းငယ် ယိမ်းထိုးသွားသော်လည်း လုံးဝ မလှုပ်ရဲခဲ့ပေ။ သူ့အသံက တုန်ယင်လာရင်း တောင်းပန်လာသည်။

"အစ်ကိုဟူ ကျွန်တော် မှားသွားပါတယ်"

အစ်ကိုဟူဆိုတာ မည်သူနည်း။ ကောင်းတာကလွဲလို့ အစ်ကိုဟူသည် လူသတ်၊ မီးရှို့ အစရှိသည့် ကိစ္စအားလုံးနီးပါးကို လုပ်ခဲ့ဖူးသည်။

ထို့အပြင် အစ်ကိုဟူ၏ပြိုင်ဘက်တွေကလည်း ရက်စက်ကြမ်းကြုတ်မှုဖြင့် နာမည်ကြီးခဲ့သည်။ သို့သော်ငြား မကြာသေးခင်နှစ်တွေမှာ လက်ဖြတ်၊ ခြေဖြတ်ခံရသူများရှိလာပြီး ထိုအခြေအနေကပင် ကောင်းမွန်သည့်အခြေအနေဟု သတ်မှတ်လို့ရပေသည်။

အားပြောင်သည် သူ့စိတ်ထဲ၌ ရှင်းရှင်းလင်းလင်းသိထားသည်။ အနည်းငယ်မျှသော မကျေနပ်မှုကို ပြသလိုက်သည်နှင့် မနက်ဖြန် နေရောင်ကိုတောင် သူမြင်ရတော့မှာမဟုတ်ဘူးဆိုတာကို သူ သိသည်။

အစ်ကိုဟူသည် ရွှီဖန်းအရှေ့မှ လက်ကိုင်ပဝါကို ကောက်ယူ၍ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီသူဌေးကို ပြောပြလိုက်...သူ ဘယ်သူ့ကို စော်ကားမိခဲ့လဲဆိုတာ"

အားပြောင်သည် ချက်ချင်းပင် ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်သည်။ ခုနက သူ မှားယွင်းစွာ ပြောခဲ့မိတာကို သိသည်။ အစ်ကိုဟူ၏မျက်လုံးထဲ၌ သူ့ပုံရိပ်ကို ပြန်တည်ဆောက်နိုင်ရန်မှာ ဤအရာပေါ်၌ မူတည်နေသည်။ 

သဘာဝကျစွာပင် အားပြောင်သည် မပေါ့ဆရဲပေ။ သူ လျှာထုတ်ကာ မျက်နှာပေါ်ကနေ စီးကျလာသည့် သွေးများကို လျှာဖြင့်လျက်၍ ရွှီဖန်းကို ယုတ်မာသောအပြုံးဖြင့် ကြည့်ကာ ပြောပြလိုက်သည်။ 

"ဒီသူဌေးရဲ့ကံက တကယ်ကို မကောင်းဘူးပဲ၊ တစ်ယောက်က စီးပွားရေးဗျူရိုဥက္ကဌရဲ့သား၊ နောက်တစ်ယောက်က ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးရဲ့သား၊  ကျန်တဲ့သခင်လေးတွေကလည်း သက်ဆိုင်ရာနယ်ပယ်က ခေါင်းဆောင်တွေရဲ့သားတွေ၊ ဘယ်သူမဆို သူတို့ထဲကတစ်ယောက်ရဲ့ခြေထောက်ကို တက်နင်းမိရင်တောင် တစ်ပြည်နယ်လုံး တုန်လှုပ်သွားနိုင်တယ်၊ ဒီလိုသူဌေးမျိုးကို သေအောင် နင်းချေဖို့ဆိုတာက သူတို့အတွက် ပုရွက်ဆိတ်တစ်ကောင်ကိုနင်းချေရတာထက်တောင် ပိုလွယ်ကူတယ်"

ရွှီဖန်းသည် အစ်ကိုဟူတို့အဖွဲ့အား ကစားစရာတစ်ခုလို သဘောထားပြီး ကြည့်ခဲ့လျှင်တောင်မှ အခု သူ အနည်းငယ်ဒေါသထွက်မိနေသည်။

ရှောင်းချောင်ရဲ့လူတွေက ဒီလိုမျိုးတွေလား။

ဒီလူတွေ ဘယ်လောက်ထိ ဆိုးသွမ်းနိုင်လဲဆိုတာကိုသာ မသိချင်ခဲ့လျှင် အစ်ကိုဟူ သူ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ကတည်းက ရွှီဖန်းသည် ချက်ချင်းပင် ပေါက်ကွဲလို့ရသည်။

ဒီလူအုပ်စုသည် သူ့ကိုကြည့်ရန်တောင် အရည်အချင်းမရှိပေ။ သူနှင့် စကားပြိုင်တူပြောရန်အတွက် ပိုလို့တောင် မရှိပေ။

သို့သော် ဒီလူအုပ်စုက ဘယ်လောက်ထိ ဆိုးသွမ်းလဲဆိုတာကို သူ မြင်ချင်တာကြောင့် ရွှီဖန်းသည် ချက်ချင်း မလှုပ်ရှားခဲ့ပေ။ 

မင်းတို့က ကစားချင်တာလား။ ငါ မင်းတို့နဲ့ ကစားပေးမယ်!

ရွှီဖန်း ခြေထောက်ချိတ်ထိုင်ကာ အစ်ကိုဟူကို ကြည့်၍ ပြုံးလိုက်သည်။

"ငါ့ကံက သိပ်မကောင်းတဲ့ပုံပဲ"

"ဟားဟား!"

အစ်ကိုဟူက လှောင်ရယ်လေသည်။ ဒီလိုလူမျိုးကို စကားအနည်းငယ်ပြောနေရတာကပင် သူ၏ဂုဏ်သိက္ခာနှင့် မကိုက်ညီတော့ပေ။ 

အစ်ကိုဟူ၏ပုံစံကို မြင်သောအခါ သူ့လက်အောက်ငယ်သားများဖြစ်သည့် ဒါဇင်ပေါင်းများစွာသော လူများသည် အစ်ကိုဟူ၏ ဆိုလိုရင်းကို နားမလည်ဘဲ မနေချေ။

သွေးများစွန်းပေနေသည့် အားပြောင်က ချက်ချင်း ထရပ်လာသည်။ 

"မင်းကိုယ်မင်း တော်တော် ထူးခြားတယ်လို့ ထင်နေလား၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပုံဖြစ်နေလဲဆိုတာ ပြန်ကြည့်ဦး၊ သေခါနီးနေပြီကို ဟန်ဆောင်နေတုန်းပဲ"

စောနက အားပြောင်၏ကြွားလုံးထုတ်မှုသည် အစ်ကိုဟူကို ဒေါသထွက်စေခဲ့ရာ သူ စိတ်ထဲ၌ မတည်မငြိမ် ဖြစ်နေလေပြီ။ အခုလို အခွင့်အရေးကောင်းကြီး သူ့အရှေ့မှာ ရှိနေတာကို ဘယ်လိုလုပ် မယူဘဲ နေနိုင်မည်နည်း။

ဤအရာမှာ ဘုရားသခင်ပေးသောအခွင့်အရေးပင်။

အားပြောင်သည် ဆဲဆိုလျက် ရွှီဖန်းဆီ လျှောက်သွားကာ သူ့မျက်နှာအား လက်ဝါးဖြင့် ပိတ်ရိုက်လိုက်သည်။ 

ရွှီဖန်းသည် ကြည်လင်နေသောကုလားထိုင်ပေါ်၌ မလှုပ်မယှက် ထိုင်နေတုန်းပင်။ မသိလျှင် အားပြောင်၏သွေးစွန်းနေသောမျက်နှာကြောင့် လန့်သွားသကဲ့သို့ပင်။

ထို့ကြောင့် အားပြောင်မှာ ပို၍ဒေါသထွက်လာခဲ့သည်။ ဒီလိုကိစ္စသေးသေးလေးတစ်ခုအား သူ့ပါ ထွက်

တိုက်နေရသည်။ ချီးပဲ! မတန်ဘူး!

ထိုအကြောင်းကိုစဉ်းစားမိတော့ အားပြောင်သည် သူ၏အင်အားကို အနည်းငယ် ထပ်တိုးလိုက်သည်။

ဤရိုက်ချက်မှာ Adonis၏ အရိုးများကိုပင် ချိုးရန် လုံလောက်ပေသည်။ 

ထိုကဲ့သို့ခြိမ်းခြောက်နိုင်သော ရိုက်ချက်က ရွှီဖန်း၏မျက်နှာပေါ်သို့ ကျရောက်တော့မလို ဖြစ်နေစဥ် အစ်ကိုဟူကိုသာ စိုက်ကြည့်နေသည့်ရွှီဖန်းကတော့ လှည့်တောင်မကြည့်လာပေ။ စားပွဲပေါ်မှာတင်ထားသော သူ၏ဘယ်ဘက်လက်ကိုသာ မြှောက်လာလေသည်။

အစ်ကိုဟူမှာ ရယ်ချင်စိတ် ပေါက်သွားခဲ့သည်။ 

အခုမှ လက်ထောင်နေတာလား! မင်းရဲ့လက်က မင်းမျက်နှာကို ကာကွယ်ပေးနိုင်မယ်တဲ့လား! ကာကွယ်နိုင်

ရင်တောင် ဒီရိုက်ချက်က မင်းကို လွင့်သွားစေလိမ့်

မယ်!

လူမိုက်အုပ်စုလည်း ကျယ်လောင်စွာဖြင့် ရယ်မောလိုက်ကြသည်။

"ဒီလူ အလန့်လွန်ပြီးများ ရူးသွားတာလား မသိဘူး"

"ရုပ်ချောရုံလေးပဲကို ဘာတွေ ဒီလောက်တောင် မာနကြီးနေရတာလဲ၊ ငါ သူ့ကို မကြိုက်တာကြာပြီ"

"ဒီရိုက်ချက်က သူ့အသက်တစ်ဝက်လောက်ကို ယူသွားနိုင်တယ်!"

ရုတ်တရက်ပင် အစ်ကိုဟူက ထရပ်လိုက်လေသည်။ သူသည် သရဲတစ်ကောင်အား မြင်လိုက်ရသကဲ့သို့ မျက်လုံးအပြူးသားဖြင့် ရွှီဖန်းကို စိုက်ကြည့်နေသည်။ 

အစ်ကိုဟူ၏လက်ပါးစေ လူမိုက်အုပ်စုသည် လည်ပင်းများ အညှစ်ခံထားသလိုမျိုး ရွှီဖန်းကို ကြည့်နေကြသည်။

********************

All Chapters