လက်ချောင်း
Vol. 25 Ch. 362
အစ်ကိုဟူနှင့် လူဆိုးတစ်သိုက် ထိုကဲ့သို့သော အမူအရာမျိုး ပြနေရသည့် အကြောင်းရင်းမှာ အလွန်ရိုးရှင်းပေသည်။ အားပြောင်၏ ပြင်းထန်သောလက်ဝါးရိုက်ချက်ကို ရွှီဖန်းမြှောက်ထားသည့် လက်ညှိုးက တားဆီးနိုင်ခဲ့သောကြောင့်ပင်။
အစ်ကိုဟူ၏ကြမ်းတမ်းရက်စက်သောမျက်နှာက အခုအချိန်မှာ ရယ်ချင်စရာ ဖြစ်နေလေသည်။ သူ့မျက်လုံးများက အံသြမှုကြောင့် ပြူးကျယ်နေပြီး ပါးစပ်ကလည်းဟောင်းလောင်းပွင့်နေကာ ကြက်ဥတစ်လုံးတောင် ထည့်လို့ရသည်။
အစ်ကိုဟူ၏လက်ပါးစေ လူဆိုးအဖွဲ့ဆိုလျှင် ပို၍တောင် ကြောက်ရွံ့သွားကြပြီး ရူးကြောင်ကြောင်
ပင် ဖြစ်သွားကြသည်။
သူတို့သက်တမ်းတစ်လျှောက် ဒီလိုမြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။
ပေါ့ပေါ့ပါးပါးထောင်လိုက်သည့်လက်ညှိုးတစ်ချောင်းက အရှိန်အပြည့်ဖြင့်ရောက်လာသည့် လက်ဝါးရိုက်
ချက်ကို တားဆီးနိုင်ခဲ့ခြင်း။
ဘယ်လိုမွန်းစတားမျိုးက သူတို့ရှေ့မှာ ထိုင်နေတာလဲ။
အစ်ကိုဟူ၏ ထိတ်လန့်တကြား မျက်လုံးအကြည့်အောက်မှာ ရွှီဖန်းသည် သူ့လက်ညှိုးကို ညင်သာစွာချ၍ အစ်ကိုဟူဘက်သို့ အန္တရာယ်ကင်းသောအပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
"ငါတို့ မတိုက်ခင်မှာ မင်းဘက်က ငါ့နာမည်ကို မမေးတော့ဘူးလား"
အစ်ကိုဟူ ပါးစပ်မဟနိုင်ခင်မှာပင် အားပြောင်၏ ကြီးမားသောခန္ဓာကိုယ်ကြီးက နောက်ပြန်လဲကျသွားသည်။
"ဘုန်း!"
အားပြောင်၏ သွေးများရွှဲနေသော ဦးခေါင်းမှာမာကျောသောကြမ်းပြင်နှင့် ထိတွေ့မိပြီး သွေးများ ပိုမို စီးကျလာသည်။
အစ်ကိုဟူသည် သူ့အရှေ့မှ အန္တရာယ်ကင်းပုံရသော အပြုံးကို ထပ်မံကြည့်ကာ သူ့နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားရသည်။
တစ်ချိန်တည်းမှာပင် အစ်ကိုဟူသည် ဒီလိုထူးဆန်းလှသောမြင်ကွင်းကြောင့် အံ့အားသင့်မိပြန်သည်။ သို့သော်ငြား အစ်ကိုဟူသည် သွေးထွက်သံယို တိုက်ပွဲများ များစွာဖြတ်သန်းလာခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူ ချက်ချင်းပင် သတိပြန်ဝင်လာသည်။
သူ လုံးဝ ကြောက်သွားလို့မရပေ။
အစ်ကိုဟူသည် သူ ဒီလူအား သေလောက်အောင် စော်ကားမိပြီဆိုတာကို ရှင်းရှင်းလင်းလင်း သိထားသည်။ သူ နောက်ဆုတ်သွားလျှင်တောင်မှ တစ်ဖက်လူက သူ့ကို လုံးဝ လွှတ်ပေးမည် မဟုတ်ပေ။
တစ်ဖက်မှာလည်း သူ့အနောက်တွင် ဒါဇင်နှင့်ချီသည့် ညီအစ်ကိုတွေ ရှိနေသေးသည်။ ဒီတစ်ခါ သူ အမြန်
ထွက်လာခဲ့ခြင်းပင်။ တစ်ဖက်လူက အရေးကြီးသောပုဂ္ဂိုလ်မဟုတ်ဘူးဟု ထင်ခဲ့တာကြောင့် ပစ္စည်းကြီးကြီးမားမားတွေ မယူလာခဲ့မိပေ။ သို့သော် ဓားတိုများစွာတော့ ပါလာသည်။
ဒီလူ ဘယ်လောက်ပင် အစွမ်းထက်ပါစေ သူ့လက်
ဗလာဖြင့် ဓားဒါဇင်ပေါင်းများစွာကို ကာကွယ်နိုင်မည်မဟုတ်ပေ။
အကယ်၍ ရွှီဖန်းက သူ့လူများကို အနိုင်ယူနိုင်ခဲ့လျှင်တောင်မှ သူ့ဆီမှာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး၏သား ကျန်နေသေးသည်။
ဝမ်ဖေးတို့သခင်လေးများ ကောင်းကောင်းမွန်မွန် ရှိနေတာကို အစ်ကိုဟူ ပြန်တွေးမိသည်။ ဒီကောင် မလုပ်ရဲခြင်းပင်။ ဒီလူသည် ရူးနေတာ မဟုတ်ဘဲ ကြီးမားသော ကိစ္စမျိုးကို သေချာပေါက် မလုပ်ရဲခြင်းပင်။
ထိုကဲ့သို့တွေးရင်းဖြင့် အစ်ကိုဟူသည် သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
"ငါတို့ရဲ့ နောက်ခံက ဘာလဲဆိုတာကို မင်းသိရဲ့လား၊ ငါတို့အားလုံးက ချန်ဟိုင်းပြည်နယ်မှာ တကယ်ကို အာဏာရှိတဲ့သူတွေချည်းပဲ၊ ဒီကိစ္စကို ကြီးကြီးမားမား ဖြစ်အောင် မလုပ်ချင်ဘူးမဟုတ်လား၊ ငါတို့ ဒါကို ကြီးကြီးမားမား လုပ်လိုက်ရင်လည်း ဘယ်သူ့အတွက်မှ မကောင်းဘူး..."
ရွှီဖန်းကတော့ အစ်ကိုဟူကို တည်ကြည်စွာ စိုက်
ကြည့်နေတုန်းပင်။ သူ စကားလုံးတစ်လုံးချင်းစီကို ပြန်ပြောလိုက်သည်။
"စမတိုက်ခင်မှာ ငါ့နာမည်ကို တစ်ကယ် မမေးတော့ဘူးလား"
အစ်ကိုဟူ၏ မျက်နှာက တင်းမာသွားသည်။ ဒီလူက သူနှင့် အသေအလဲ တိုက်ခိုက်ရန် စီစဉ်ထားပုံရသည်။
ရွှီဖန်းနှင့် အနီးဆုံးဖြစ်ပြီး အန္တရာယ်အရှိဆုံးလူမှာ သူပင်။ သို့သော် သူ ထရပ်ပြီး နောက်ဆုတ်လိုက်သည်နှင့် ဘယ်ညီအစ်ကိုကများ ရှေ့ကို တက်ရဲမည်နည်း။
အစ်ကိုဟူသည် သူ ထိုင်နေသောကုလားထိုင်အား ရွှီဖန်းပေါ်သို့ ရိုက်ချ၍ သူ့လက်ပါးစေများ ရွှီဖန်းကို ဝင်
တိုက်နေတုန်းမှာ မြန်မြန်ဆန်ဆန် နောက်ဆုတ်ရန် ပြင်ဆင်လိုက်သည်။ သူ အခွင့်အရေးယူတော့မည့်အချိန်မှာပင် အနောက်ကနေ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။ သီးသန့်အခန်းတံခါးက ပွင့်သွားခြင်းပင်။
အစ်ကိုဟူသည် အခန်းတံခါးကို ကျောပေးထားကာ ရွှီဖန်းကလည်း သူ့အရှေ့မှာ ပြုံးပြုံးကြီး ထိုင်နေသည်။ သူ ဘယ်လိုလုပ် နောက်ကျောပေးပြီးလှည့်ကြည့်ရဲမည်နည်း။
ရွှီဖန်းကတော့ ခေါင်းကို အနည်းငယ်မြှောက်ကာအသစ်ရောက်လာသောသူကို ဝှေ့ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်၌ အနည်းငယ် အံ့အားသင့်သွားသော အမူအရာတစ်ခု ပေါ်လာသည်။
ဘယ်လိုလုပ် သူမ ဖြစ်နေတာလဲ။
ရောက်လာသောသူက ဝမ်ဖေး မဟုတ်သလို အစ်ကိုဟူ၏ လူအားဖြည့်လက်ပါးစေများလည်း မဟုတ်ပေ။ သူမသည် အသက်နှစ်ဆယ်ကျော် အမျိုးသမီးတစ်ယောက်ပင်။ ဆံပင်တိုတိုလေးနှင့် သူမ၏ ပရော်
ဖက်ရှင်နယ်လုပ်ငန်းခွင်အဝတ်အစားများက သူမအား အလွန်ရဲရင့်ပြတ်သားသည့်ပုံ ပေါ်စေသည်။ သူမထံ၌ ဆွဲဆောင်မှုရှိသည့်ခန္ဓာကိုယ်နှင့် ချစ်စရာကောင်းသော မျက်နှာလေး ရှိပေသည်။ သူမ၏လက်ထဲမှာ ဝိုင်နီတစ်ခွက်ကို ကိုင်ဆောင်ထားသည်။ သူမ၏မျက်လုံးများက တောက်ပကာ သွားများကလည်း ဖြူဖွေးနေသည်။ သူမက မိန်မိန်းပင်။
မိန်မိန်း၏ရင်ထဲ၌ တင်းကျပ်သွားခဲ့သည်။ သွေးများစွာ ထွက်နေသည့် မြေပြင်ပေါ်ရှိ အားပြောင်ကို သူမ ကြည့်လိုက်သည်။ တကယ်ကို တစ်ခုခု ဖြစ်ခဲ့တာ သေချာသည်။
မိန်မိန်းသည် အခန်း၃၄၏ ပုံမှန်မဟုတ်သောအခြေအနေကို ဟိုတယ်၏ ဒုဥက္ကဋ္ဌအား သတင်းပို့ခဲ့လေသည်။ ထိုအချိန်မှာပင် အစ်ကိုဟူသည် လူအုပ်ကြီးတစ်အုပ်ကို ခေါ်ဆောင်၍ အခန်း၃၄သို့အပြေးအလွှား ပြေးသွားတာကို သူမ မြင်ခဲ့ရသည်။
မိန်မိန်းသည် အစ်ကိုဟူကို မသိသော်လည်း ထိုမြင်ကွင်းကို မြင်ပြီးနောက်မှာ ဘာတွေဖြစ်နေလဲဆိုတာ ကို နားမလည်ဘဲမနေခဲ့ချေ။
ထို့ကြောင့် မိန်မိန်းသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချကာ အခြေအနေကို ဒုဥက္ကဌဆီသို့ သတင်းပို့၍ သူမ၏စိုးရိမ်မှုများကို ပြောပြလိုက်သည်။ ဘယ်သူကသိနိုင်မည်နည်း။ တစ်ယောက်ယောက်တောင် သေသွားနိုင်ပေသည်။
ဒုဥက္ကဋ္ဌကလည်း ချက်ချင်း အမိန့်ပေးလာခဲ့သည်။
"မင်းက သတိပြုမိသွားတာဆိုတော့ မင်းပဲ ကိုင်တွယ်လိုက်တော့..."
မိန်မိန်း အံ့အားသင့်သွားခဲ့ရသည်။ သူမ၏ရာထူးက တော်တော်မြန်မြန်လေး တက်လာခဲ့လို့ ဒုဥက္ကဋ္ဌကို ရန်စမိသွားတာလားဟုပင် တွေးခဲ့မိသည်။
မိန်မိန်းမှာ အခန်း၃၄အား အပြေးအလွှားသွားရန်မှတပါး ရွေးချယ်စရာ မရှိခဲ့ပေ။ ဘာမှမဖြစ်ခဲ့ဘဲ ဝိုင်လေး အနည်းငယ် ဧည့်ခံ၍ ချိုသာသည့်စကားလေးများ ပြောခွင့်ရလျှင် အကောင်းဆုံးပင်။ သို့သော်ငြား တစ်ခုခုသာ ဖြစ်သွားပါက တာဝန်က သူမ၏ပခုံးပေါ် ကျိန်းသေ ကျလာမည်ပင်။
သို့သော် မိန်မိန်းမှ အခန်းထဲသို့ မဝင်ခင်မှာပင် တံခါးဝတွင် ရပ်နေသည့်ဝမ်ဖေးတို့အဖွဲ့က သူမကို တားဆီးလာသည်။
သီးသန့်အခန်းတံခါးဝမှာ ရပ်၍ သူမ ဝမ်ဖေးနှင့်
စကားပြောနေစဥ် ရုတ်တရက်ပင် အသံအကျယ်ကြီးကို ကြားလိုက်ရသည်။
မထင်မှတ်ထားဘဲ ဝမ်ဖေးသည် နက်နဲသော လှောင်ပြုံးတစ်ခုနှင့်အတူ ဘေးကို ဆုတ်ပေးလာသည်။
မိန်မိန်းကတော့ အံတင်းတင်းကြိတ်ကာ တံခါးကို တွန်းဖွင့်၍ ဝင်သွားလိုက်သည်။ သူမအရှေ့ရှိ မြင်ကွင်းအား ကြည့်ရင်း ရင်ထဲ တင်းကျပ်သွားခဲ့သည်။ တကယ်ပင် တစ်ခုခု ဖြစ်ခဲ့ပေသည်။
ကံကောင်းစွာဖြင့် ပဋိပက္ခက အထွတ်အထိပ်ကို မရောက်သေးပေ။ အနည်းဆုံးတော့ သူတို့၏အသက်က ရှင်နေကြတုန်းပင်။ ထိုလူက သူမကို ခေါင်းထောင်
ကြည့်လာပြီး ပြုံးတောင်ပြုံးနေသေးသည်။
ဒီလိုအခြေအနေမျိုးမှာတောင် ရယ်နိုင်သေးတယ်
လား!
မိန်မိန်းသည် ဒေါသထွက်သွားသော်လည်း သူမ၏ခန္ဓာကိုယ်ကို လှည့်ကာ အစ်ကိုဟူဆီသို့ လျှောက်သွားလိုက်သည်။ သူမ အစ်ကိုဟူအား ဆွဲဆောင်မှုရှိစွာ ပြောလိုက်သည်။
"လူကြီးမင်း ကျွန်မက ကောင်းကင်ပြာဟိုတယ်က
မိန်မိန်းပါ၊ ရှင်နဲ့ တစ်ခွက်လောက် အတူတူသောက်
ခွင့်ရှိမလားရှင့်"
အစ်ကိုဟူသည် မိန်မိန်းအား ကျောပေးထားသည်။ ရောက်လာသောလူက သူ့ကို ကူညီရန်အတွက် ဝမ်ဖေးစေလွှတ်လိုက်သောလူဟု သူ ထင်နေသည်။ သူ ပျော်
ရွှင်သွားသော်လည်း သူ့မျက်နှာအမူအရာကတော့ တည်ငြိမ်နေဆဲဖြစ်ကာ ရွှီဖန်းကို ကြည့်နေ၏။
ဘာတွေဖြစ်နေလဲဆိုတာကို ရွှီဖန်း နားမလည်ဘဲ မနေချေ။
ဟိုတယ်က သူတို့ဟိုတယ်မှာ လူသေမှာကို ကြောက်၍ သူတို့ သေပြီလားဆိုတာကို စစ်ဆေးရန် လူလွှတ်လိုက်ခြင်းပင်။
ရွှီဖန်းသည် မိန်မိန်းအား အနည်းငယ် ခေါင်းညိတ်ပြကာ...
"ဧည့်ခံဖို့ မလိုဘူး...အပြင်ထွက်ပါ!"
မိန်မိန်း၏ရင်ထဲ၌ ဒေါသထိုးထွက်လာသည်။
ဒီလူကတော့ သေမှာကို မကြောက်ဘူးလား။ ပြီးတော့ ကျွန်မက ရှင့်ကို ကယ်နေတာလေ...ဟုတ်ပြီလား။
မိန်မိန်းသည် ရွှီဖန်းကို စိုက်ကြည့်၍ အစ်ကိုဟူ၏ဘေးကို လျှောက်သွားလိုက်သည်။ ထို့နောက် အစ်ကိုဟူအား ဆွဲဆောင်မှုရှိစွာ ပြုံးပြ၍ ပြောလိုက်သည်။
"သူဌေး ကျွန်မကို မျက်နှာသာပေးပါဦးနော်၊ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းပြီးတာနဲ့ နောင်ကျရင် မိတ်ဆွေတွေ ဖြစ်သွားကြမှာ မဟုတ်ဘူးလား"
အစ်ကိုဟူသည် သူ့အရှေ့မှ နုနယ်သော မိန်မိန်းကိုကြည့်ကာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
သူဌေး? မင်းက ငါ့ကို သူဌေးလို့ ခေါ်လိုက်တာလား။
အစ်ကိုဟူ တွေးလိုက်သည်။
ဝမ်ဖေးက သူ့ကို ကူညီဖို့အတွက် ဒီမိန်းကလေးကို ခေါ်ထားတာမလား။
အစ်ကိုဟူသည် ချက်ချင်းပင် သတိပြန်ဝင်လာပြီး မိန်မိန်းကို ပြုံးပြလိုက်သည်။
"ငါ ဝိုင်သွားယူလိုက်ဦးမယ်"
အစ်ကိုဟူသည် မိန်မိန်း၏လက်မောင်းကို ဆွဲကိုင်ကာ ထသွားရန် အခွင့်အရေးယူလိုက်သည်။ သူမကို သူ၏အနောက်သို့ဆွဲပို့ကာ ရွှီဖန်းနှင့် ငါးလှမ်းအကွာကိုရောက်အောင် သွားလိုက်သည်။
"ညီအစ်ကိုတို့! ငါ့ကောင်တွေ! သူ့ကို ငါ့အတွက်သတ်ပစ်စမ်း!"
အစ်ကိုဟူ၏ ဒါဇင်နှင့်ချီသော လက်ပါးစေများသည် အနည်းငယ် ကြောင်သွားကြသော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာသည်။ တစ်ယောက်ပြီးတစ်ယောက် သူတို့အိတ်ကပ်ထဲမှ ဓားမြှောင်များကို ထုတ်ကာ ရွှီဖန်းဆီသို့ လျှောက်သွားကြသည်။
ရွှီဖန်းက ကြည်လင်နေသော ကုလားထိုင်ပေါ်မှာ ထိုင်နေသည်။ အကြောက်လွန်ကာ ဖြူဖျော့နေသောမိန်မိန်း၊ ကြမ်းတမ်းရက်စက်ပုံပေါ်သည့် အစ်ကိုဟူ၊ ထို့နောက် သူ့ဆီကို ဓားမြှောင်များကိုင်လျက် ပြေးလာနေသော လူမိုက်အုပ်စုကို ကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် သူ ခေါင်းယမ်းမိသည်။
********************