← Chapters

ရွှီဖန်း စလှုပ်ရှားပြီ

Vol. 25 Ch. 363

ရွှီဖန်း စလှုပ်ရှားပြီ

Vol. 25 Ch. 363

"မိုးမြေလင်းကောင်! သေရတော့မယ့်အချိန်မှာတောင် မင်းက မိမိုက်သလို ဟန်ဆောင်ချင်သေးတယ်"

မျက်တောင်တစ်ခတ်စာပင် မကြာလိုက်၊ အစ်ကိုဟူ၏ အဖွဲ့ထဲမှ ကြမ်းတမ်းသော လူဆိုးတစ်ဦးသည် ဓားမြှောင်တစ်ချောင်းကို ဝှေ့ယမ်းလျက် ရွှီဖန်းရှေ့သို့ ပြေးဝင်လာသည်။ 

ကြည်လင်သောမီးအလင်းရောင်အောက်၌ ဓားမြှောင်သည် အေးစက်စက်အလင်းရောင်များ တောက်ပနေပြီး သေခြင်းတရား၏အငွေ့အသက်များ ထွက်ပေါ်နေသည်။ 

ထိုဓားသည် ရွှီဖန်း၏လည်ပင်းကို တည့်တည့်ချိန်ထားလေသည်။ သိသာစွာပင် ရွှီဖန်း၏အသက်ကို ယူချင်နေခြင်းပင်။ 

အစ်ကိုဟူသည် ဘေးနားကနေ ကြည့်နေပြီး သူ့မျက်နှာပေါ်၌ ပျော်ရွှင်မှုများ ထိန်းမနိုင်အောင် ပြည့်နှက်နေသည်။ 

ရှေ့ဆုံးမှ ပြေးဝင်သွားသည့်လူဆိုးက သူအဖြစ် ပြောင်းလဲသွားသည့်အတိုင်းပင်။ 

မင်း ဘယ်လောက်ပဲသန်မာပါစေ ဒီညတော့ ငါ့လက်ထဲကို မင်း ရောက်လာရမှာပဲ!

ဘုန်း!

"ဘာကြီး!"

အစ်ကိုဟူ၏မျက်နှာပေါ်မှ ပျော်ရွှင်မှုများက ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ တစ်စက္ကန့်အတွင်းမှာပင် သူ့မျက်နှာပေါ်၌ ကြောက်လန့်တကြားအမူအရာများ ပေါ်ထွက်လာသည်။

မျက်စိတစ်မှိတ်စာအတွင်းမှာပင် ရွှီဖန်းက လက်ဖဝါးဖြင့် ရိုက်ထုတ်လိုက်လေသည်။ သူ့ဆီကို ပြေးဝင်လာသော လူဆိုးမှာ ကြိုးပြတ်သွားသည် စွန်တစ်ခုလိုမျိုး နောက်ပြန်လွင့်သွားခဲ့သည်။ 

ရွှီဖန်းသာ သူ၏စွမ်းအား၉၀%ကျော်ကို မထိန်းချုပ်ထားခဲ့ဘူးဆိုလျှင် ထိုလူဆိုးသည် ရွှီဖန်း၏လက်ဝါးရိုက်ချက်ကြောင့် သွေးစွန်းနေသောအငွေ့အဖြစ် ကြေမွသွားလိမ့်မည်။ 

ဘုန်း!

အမြောက်ဆံတစ်ခုလိုပင်။ ထိုလူဆိုးသည် သီးသန့်

အခန်း၏နံရံကို တည့်တည့်ပင် တိုက်မိသွားခဲ့ပြီး ချက်ချင်းပင် နံရံထက်၌ အက်ကွဲကြောင်းများစွာ ပေါ်လာသည်ကို အားလုံး မြင်တွေ့လိုက်ရသည်။ 

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လူတိုင်းမှာ အေးစက်သောလေကို ရှူသွင်းလိုက်မိသည်။ 

ဒါ ဘယ်လောက်တောင်များလွန်းတဲ့ ခွန်အားလဲ!

လက်ရှိအချိန်၌ ကြမ်းတမ်းသည့်အစ်ကိုဟူပင်ဖြစ်စေ၊ ဖြူဖျော့နေသည့် မိန်မိန်းပင်ဖြစ်စေ၊ ဓားမြှောင်များကို ဝှေ့ယမ်းလျက် ရွှီဖန်းဆီသို့ ပြေးလာသော လူဆိုးများပင်ဖြစ်စေ၊ သူတို့၏အမူအရာမှာ တစ်ယောက်ယောက်က သူတို့၏လည်ပင်းကို ဖမ်းဆုပ်ကာ အပ်တစ်ချောင်းနှင့် ဖိထားသလိုမျိုး ဖြစ်နေခဲ့သည်။ သူတို့၏ ပါးစပ်များမှာ ဟောင်းလောင်းပွင့်

လျက်ရှိပြီး မျက်လုံးများ ပြူးကျယ်စွာဖြင့် မလှုပ်မယှက် ရပ်နေကြသည်။ 

ရွှေရောင်အလင်းတစ်ခုက ရွှီဖန်း၏ဖြူဖွေးသန့်ရှင်းသောမျက်နှာပေါ်တွင် တောက်ပနေသည်။ သူ့မျက်နှာမှာ အဖုံးဖွင့်ထားသည့် ဝိုင်အိုးတစ်အိုးကဲ့သို့ပင်။ သူ၏နှုတ်ခမ်းထောင့်စွန်းမှာ အနည်းငယ် မြင့်တက်နေပြီး သူ့ဆီမှ ဝိုင်မွှေးရနံ့က သင်းပျံ့နေသည်။ 

ကံမကောင်းစွာဖြင့် ထိုအနံ့ကို တန်ဖိုးထားတတ်သည့် ဧည့်သည်များတော့ မရှိခဲ့ပေ။ 

မိန်မိန်းသည် ဤအခန်းထဲကို ဝင်လာကတည်းက စိတ်ရှုပ်ထွေးနေသော်လည်း ဉာဏ်ကောင်းစွာ ပြုမူခဲ့သော အမျိုးသမီးတစ်ယောက်ပင်။ သို့သော်ငြား ရွှီဖန်း လှုပ်ရှားလိုက်တာကို မြင်ပြီးနောက်မှာ သူမ လန့်သွားပြီး အူကြောင်ကြောင်ပင် ဖြစ်သွားခဲ့သည်။ဝိုင်နံ့ကောင်းမကောင်းကိုပင် အနံ့ခံရန် စိတ်မပါတော့ပေ။

အစ်ကိုဟူနှင့်တခြားသူများ၏ မျက်လုံးထဲမှာတော့ ရွှီဖန်း၏အပြုံးက သေမင်းအပြုံးနှင့် ပိုတူပေသည်။ 

ရွှီဖန်းတစ်ယောက် ညင်သာစွာ သက်ပြင်းချလိုက်

မိသည်။ သူ ထရပ်ကာ လက်ထဲမှာ ဓားမြှောင်များ ကိုင်ထားဆဲဖြစ်သည့် လက်ပါးစေများနှင့် ကြောင်တောင်တောင် ဖြစ်နေသေးသည့် အစ်ကိုဟူဆီသို့ လျှောက်သွားလိုက်သည်။ သူတို့၏ပုံစံမှာ ကြမ်းပြင်ပေါ်တွင် သံမှိုစွဲခံထားသလို ရပ်နေသည့် လူများအတိုင်းပင်။

ရွှီဖန်းက အလွန်နှေးကွေးစွာ လျှောက်လာခဲ့သည်။ တိတ်ဆိတ်နေသောအခန်းထဲ၌ သူ့ခြေသံများနှင့်အတူ ဒန်! ဒန်! ဒန်! ဟူသည့် အသံများကိုပါ ရှင်းရှင်းလင်းလင်း ကြားနေရသည်။

ထိုအသံက မြေပြင်ပေါ်သို့ ဓားမြှောင်များကျနေသည့် အသံပင်။ ရွှီဖန်းသည် အနောက်ကို လှည့်မကြည့်သလို ဘေးနားရှိ လူမိုက်များကိုလည်း တစ်ချက်လေးတောင် လှည့်မကြည့်ပေ။ သူ၏အကြည့်က အစကနေ အဆုံးအထိ အစ်ကိုဟူအပေါ်မှာသာ မြဲမြံစွာ ရှိနေခဲ့သည်။

အစ်ကိုဟူသည် နောက်ဆုံးမှာတော့ အသိပြန်ဝင်လာပြီး သူ့ဘေးနားမှာ ရပ်နေသည့် မိန်မိန်းကို ဆွဲယူလိုက်သည်။ ထို့နောက် သူ့ခြေထောက်အောက်နားရှိ ကွဲနေသော ဝိုင်ကွဲကို ကောက်ယူကာ ချွန်ထက်နေသော ဖန်သားစဖြင့် မိန်မိန်း၏လည်ပင်းကို ဖိထားလိုက်သည်။ ထို့နောက် ဖြည်းဖြည်းချင်း လျှောက်လာသည့် ရွှီဖန်းကို အော်ပြောလိုက်သည်။

"မလာနဲ့! မင်း ခြေတစ်လှမ်းထပ်လှမ်းရင် ငါ သူ့ကို သတ်ပစ်မယ်!"

အစ်ကိုဟူ၏မျက်နှာပေါ်မှ သွေးကြောများက ထောင်ထနေသည်။ သူ့မျက်နှာသည် အလွန်ကို ကြောက်မက်ဖွယ်ကောင်းနေပြီး ဒဏ်ရာရထားသော တောဝံပုလွေတစ်ကောင်ကဲ့သို့ပင်။ သူ့ပုံစံမှာ ရူးသွပ်သွားသည့်အလားပင်။ 

ရွှီဖန်းကတော့ မမြင်သလိုပင် အစ်ကိုဟူဆီသို့ ဖြည်းဖြည်းချင်း လျှောက်နေဆဲပင်။ သူ၏အေးစက်သောမျက်လုံးတစ်စုံက အစ်ကိုဟူအား အထက်စီးကနေ ကြည့်နေသည်။ မာနကြီးသော ဘုရင်တစ်ပါးက ပုရွက်ဆိတ်တစ်ကောင်အား ကြည့်နေသကဲ့သို့ပင်။

ထိုအရာက မထီမဲ့မြင်ပြုခြင်းပင်။ 

အစ်ကိုဟူကတော့ လဲကျတော့မတတ် ဖြစ်နေလေပြီ။

"မင်းတို့က ဘာတွေငူငိုင်နေကြတာလဲ! အားလုံး တက်ကြစမ်း! သူ့ကို သတ်! ငါ့နားကို မလာစေနဲ့! မလာစေနဲ့!"

အစ်ကိုဟူထံ၌ ကြမ်းတမ်းရက်စက်သော မျက်နှာအနေအထားရှိသော်လည်း အခုအချိန်မှာတော့  ကြောက်မက်ဖွယ်ကောင်းသောတစ်စုံတစ်ရာကို မြင်လိုက်ရသည့်အလားပင်။ မျက်ရည်များနှင့် နှာရည်များပါ စီးကျလာပြီး သူ၏နောက်ဆုံးအော်သံ၌ ငိုသံပင် ပေါက်နေခဲ့သည်။

သို့သော် ရွှီဖန်းကတော့ အစ်ကိုဟူဆီသို့ တစ်လှမ်းချင်း ဆက်လျှောက်နေတုန်းပင်။ ခြေသံများက ပိုနီးလာသည်မှာ သေမင်းခေါင်းလောင်းသံကဲ့သို့ပင်။

အစ်ကိုဟူသည် ပိုနီးကပ်လာနေသည့် ရွှီဖန်းကို ကြည့်နေရင်း သူ့စိတ်ထဲရှိ တင်းခံထားသော ကြိုးတစ်ချောင်းမှာ ပြတ်သွားခဲ့လေပြီ။ 

"ငါမှားပါတယ်! အရှုံးပေးပါတယ်! သေသွားတဲ့လူတွေက ငါ့လူတွေပါ! မင်းသာ ငါ့ကို လွှတ်ပေးမယ်ဆိုရင် ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဘာမှပတ်သက်စရာ မလိုတော့ဘူး... ရမလား"

အစ်ကိုဟူသည် ရွှီဖန်းကို ထိတ်လန့်တကြားကြည့်ကာ အသနားခံလိုက်သည်။ 

လက်ရှိအချိန်၌ မြေအောက်လောကတွင် ပျော်ပျော်

ရွှင်ရွှင် ကျက်စားနေသည့် အစ်ကိုဟူ၏ ယုံကြည်မှုများမှာ လုံးဝ ဖျက်ဆီးခံခဲ့ရလေပြီ။

သူ၏အသနားခံမှုက အလုပ်ဖြစ်ပုံရသည်။ ရွှီဖန်းသည် သူနှင့် သုံးလှမ်းအကွာမှာ ရပ်သွားသည်။ အစ်ကိုဟူ၏ မျက်လုံးထဲ၌ မျှော်လင့်ချက်များ ပြန်ပေါ်လာသည်။

သို့သော် ရွှီဖန်းနှင့် သူ ဘယ်လို ဆက်ပြီးဆွေးနွေးရမလဲဆိုတာကို သူ မစဥ်းစားနိုင်သေးခင်မှာပင် ရွှီဖန်းသည် ရုတ်တရက်ပင် သူ့ဆီသို့ လျပ်စီးအလား ရွေ့လျားလာသည်။

အစ်ကိုဟူ၏မျက်လုံးများမှာ ဝေဝါးသွားသလို ခံစားလိုက်ရသည်။ သုံးလှမ်းအကွာရှိ နတ်ဆိုးသည် ရုတ်တရက်ကြီး သူ့အရှေ့ကို ရောက်လာခဲ့ပြီး အဖြူရောင်လက်ချောင်းနှစ်ချောင်းက သူ့ရင်ဘတ်ကို ထိုးလာသည်။ 

ငါ့ရင်ဘတ်ကို ထိုးနေတာလား...သူ့လက်ချောင်းသူ ပစ္စတိုလို့ ထင်နေတာလား။

ဘုန်း! 

ထိုအရာက ပစ္စတိုတော့ မဟုတ်ပေ။ သို့သော် ထိုလက်ချောင်းတိုက်ခိုက်မှုက ပစ္စတိုထက် အများကြီး ပို၍ အားပြင်းပေသည်။ 

ဘုန်းကနဲ အသံနှင့်အတူ အစ်ကိုဟူသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ 

သူ့ရင်ဘတ်အပေါ်ရှိ လက်ချောင်းအရွယ်အစားဒဏ်ရာကနေ သွေးများ ပန်းထွက်လာသည်။ 

အစ်ကိုဟူသည် ညည်းတွားလျက် မေ့လဲသွားခဲ့သည်။ 

ရွှီဖန်း၏လက်ချောင်းတိုက်ခိုက်မှုသည် မိုးပျံအိုးသိုင်းကျမ်း၏ စတုတ္ထအဆင့်စွမ်းအားကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ အစ်ကိုဟူ၏ခန္ဓာကိုယ်ထဲမှ အာရုံကြောများအားလုံး ပျက်စီးသွားခဲ့လေပြီ။ သူ့ကို ကယ်တင်

နိုင်ခဲ့လျှင်တောင်မှ အစ်ကိုဟူသည် အသုံးမကျသူတစ်ဦးအနေဖြင့်သာ ရှင်သန်ရတော့မည်။

လူဆိုးဒါဇင်ပေါင်းများစွာ၏ ပါးစပ်များမှာ ဟောင်းလောင်းပွင့်နေကြပြီး သေမင်းနတ်ဘုရားပုံစံရှိသော ရွှီဖန်းကို ကြည့်နေကြသည်။ သူတို့၏ရင်ထဲ၌ အေးစိမ့်သော ခံစားချက်များ ပြည့်နှက်လာသည်။

ဒီလူ၏လက်ချောင်းက သေနတ်ထက်တောင် အားပြင်းသည်။ 

ချန်ဟိုင်းမှာ ဒီလိုလူမျိုး ဘယ်တုန်းက ရှိနေခဲ့တာလဲ။

ရွှီဖန်းသည် မြေပြင်ပေါ်တွင် သတိမေ့မြောနေသော အစ်ကိုဟူကို လှည့်တောင်မကြည့်ပေ။ သူ့မျက်နှာပေါ်ရှိ အပြုံးမှာ ပျောက်ကွယ်သွားပြီး တစ်ဖက်ကို လှည့်ကာ မြွေစိမ်းဂိုဏ်း၏ လူဆိုးဒါဇင်ပေါင်းများစွာကို ရေခဲလိုအေးစက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ 

လူဆိုးများမှာ သေလောက်အောင် ကြောက်ရွံ့သွားကြသည်။ သူတို့ ရွှီဖန်း၏အရှေ့တွင် ဒူးထောက်ကာ ကြမ်းပြင်ပေါ်၌ သွေးစုပ်ကောင်များလို ကပ်နေကြသည်။ 

"အစ်ကိုကြီး! သနားပါဦး! ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ! ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး! ကျွန်တော်တို့ကို လေလို သဘောထားပြီး ခွင့်လွှတ်ပေးပါ!"

ရွှီဖန်း၏မျက်လုံးထဲ၌ စိတ်ပျက်မှု အရိပ်အယောင်

တစ်ခု ပေါ်လာသည်။ ဒီလိုလူများကို သတ်ခြင်းက သူ့လက်များ ညစ်ပတ်ရုံသာ အဖတ်တင်လိမ့်မည်။ 

ရွှီဖန်းသည် ဒူးထောက်နေသော မြွေစိမ်းဂိုဏ်း၏ လူဆိုးများအား ရွံရှာစွာ ကြည့်လျက်...

"ထွက်သွား!"

မြွေစိမ်းဂိုဏ်း၏ လူဆိုးဒါဇင်ပေါင်းများစွာသည် လွတ်ငြိမ်းချမ်းသာခွင့်ရလိုက်သလိုမျိုးပင် ခံစားလိုက်ရသည်။ မိဘများက သူတို့အား ခြေနှစ်ချောင်းထက် ပို၍မပေးခဲ့တာကိုပင် အပြစ်တင်ချင်လာကြသည်။ ထို့နောက် အစ်ကိုဟူနှင့် တခြားလူများကို ထမ်းပိုးကာ သီးသန့်အခန်းထဲကနေ မရှက်မကြောက်နိုင်တော့ဘဲ ဖရိုဖရဲဖြင့် ထွက်ပြေးလိုက်ကြသည်။ 

အခန်းထဲမှ ကမူးရှူးထိုး ထွက်သွားသည့် လူဆိုးများကို ကြည့်၍ ရွှီဖန်းသည် နောင်အခါကျလျှင် ရှောင်းချောင်အား ဂိုဏ်းကိစ္စ၌ ဝင်မပါခိုင်းတော့ရန် တွေးထားခဲ့သည့် ဆုံးဖြတ်ချက်က ပို၍ ခိုင်မာသွားခဲ့သည်။ အလွန်ညစ်ပတ်လွန်းသည်။ အလွန် နောက်ကျိလွန်းသည်။ သည်းမခံနိုင်စရာ ကောင်းလွန်းသည်။ အမျိုးသမီးများက ထိုကဲ့သို့သောအရာများကို မကြည့်သင့်ပေ။ 

အထူးသဖြင့် သူ၏မိန်းမများပင်။ 

မြွေစိမ်းဂိုဏ်း၏ လူဆိုးဒါဇင်ပေါင်းများစွာ ထွက်သွားပြီးနောက် အခန်းနံပါတ်၃၄၌ ရွှီဖန်းနှင့် မိန်မိန်းသာ ကျန်ရစ်ခဲ့သည်။ မိန်မိန်းသည် မျက်လုံးများ ထိုင်းမှိုင်းစွာဖြင့် ကြမ်းပြင်ပေါ်တွင် ထိုင်နေသည်။

ရွှီဖန်းသည် တံခါးဝကိုသွား၍ ထိတ်လန့်တကြား ထွက်ပြေးနေသော မြွေစိမ်းဂိုဏ်း၏ လူဆိုးဒါဇင်

ပေါင်းများစွာကို ပြန်ခေါ်၍ ထိတ်လန့်မှုအပြည့် ဖြစ်နေမည့် သခင်လေးများကို ပြသကာ ဘဝအတွက် အတွေးအခေါ်များ၊ ဘာညာသာသကာများ ပြောပြရန် သွားတော့မလို့ပင်။ သို့သော် သူ့ဘောင်းဘီမှာ ချက်ချင်းပင် ဆွဲဖမ်းတာ ခံလိုက်ရသည်။

ရွှီဖန်း အောက်ကို ငုံ့ကြည့်လိုက်တော့ မြေပြင်ပေါ်တွင် ထိုင်ပြီး ငိုနေသည့်မိန်မိန်းက သူ့ဘောင်းဘီကို တင်းတင်းကျပ်ကျပ် ဖက်ထားသည်ကို တွေ့လိုက်ရ၏။ 

ဒီအမျိုးသမီးသည် အစ်ကိုဟူမှ သူမ၏လည်ပင်းအား ဝိုင်ခွက်အပိုင်းအစဖြင့် ထောက်ထားခဲ့သည့်အချိန်ကပင် အသံတစ်စက်မှ မထွက်ခဲ့ပေ။ ရွှီဖန်းသည် ဤအမျိုးသမီးအား သန်မာသည့်အမျိုးသမီးဟုပင် ထင်ခဲ့သည်။ 

ကြည့်ရတာ အမျိုးသမီး၏တုံ့ပြန်မှုက နှေးကွေးနေခဲ့တာ ဖြစ်နိုင်သည်။ 

********************

All Chapters