← Chapters

ပျက်ဆီးနေသောဒိုဂျို

Vol. 25 Ch. 365

ပျက်ဆီးနေသောဒိုဂျို

Vol. 25 Ch. 365

နံနက်ခင်းနေရောင်သည် မြို့ရှိနေရာတိုင်းကို သန့်ရှင်းနွေးထွေးစွာ ထွန်းလင်းပေးနေသည်။

ရွှီဖန်းသည် သူ့sport carပေါ်မှာ မှီ၍ ပျင်းရိစွာ သမ်းဝေလိုက်သည်။ မနေ့ညက သူ့အတွင်းရေးမှူး ရှောင်ပိုင် သည် စာရွက်စာတမ်းတွေ အများကြီးပို့ပေးလာပြီး လာယူခိုင်းခဲ့သည်။ နောက်ဆုံး အတည်ပြုပြီးသည့်

အခါ မိုးတောင်လင်းလုနီးပါးဖြစ်နေလေပြီ။

ကမ္ဘာမြေအစောပိုင်းအဆင့်မှာရှိသည့် ဂုဏ်သိက္ခာရှိသော ကျွမ်းကျင်သူတစ်ဦးအနေဖြင့် အခုလို သေးငယ်သော ကိစ္စလေးတစ်ခုကြောင့် ဒီလိုအခြေအနေမျိုးမှာ တန့်နေမှာ မဟုတ်ပေ။

ရွှီဖန်း သမ်းဝေနေရသည့်အကြောင်းရင်းကတော့ သူ့မိန်းမကို နာရီဝက်ကျော်လောက် ရပ်စောင့်နေခဲ့ရ၍ပင်။

မွှေးကြိုင်သောရနံ့တစ်ခုက သူ့နှာခေါင်းထဲသို့ လွင့်မျောလာသည်။ စံပယ်ပန်းရနံ့ကဲ့သို့ ရိုးရှင်းကာ ရည်မွန်သည်။ သူမဆိုတာ အတိအကျပင်။ 

ရွှီဖန်း၏စိတ်မှာ နိုးကြားလာပြီး ခေါင်းထောင်ကြည့်

လိုက်သည်။ သူမသည် အဖြူရောင်ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားရာ ရှည်လျား၍ သွယ်လျသောခြေထောက်များမှာ ပေါ်လွင်နေသည်။ ဂျင်းဘောင်းဘီအပေါ်မှာတော့ လက်တိုအဖြူရောင်တီရှပ်တစ်

ထည်ကို ဝတ်ထားသည်။

"ကြည့်ကောင်းလား"

ရွှီဖန်းသည် ရှည်လျားသောခြေတံနှစ်သွယ်ကနေ အကြည့်လွှဲရန် ရုန်းကန်လိုက်ပြီးနောက် သူ၏မျက်လုံးများက လှပသော တောင်ကြားချိုင့်ဝှမ်းနှစ်ခု၌ လျင်မြန်စွာ ကျရောက်သွားပြန်သည်။ 

"ကောင်းတယ်!" 

ရွှီဖန်းသည် ငယ်စဉ်ကတည်းက လုံးဝမလိမ်ခဲ့ဖူးသည့် ကောင်းမွန်သော ကလေးတစ်ယောက်ပင်။ သူ ချက်ချင်းပင် ခေါင်းညိတ်ကာ ရိုးသားစွာ ပြန်ဖြေလိုက်သည်။

ရှယန်ယွိကတော့ ဒေါသတကြီး ခြေဆောင့်လိုက်

သည်။ 

သူမရင်ဘတ်ကိုပဲ စိုက်ကြည့်နေပြီး ဘာကို ကောင်းနေတာလဲ! သူမ နာရီဝက်လောက် အပင်ပန်းခံ၍ ဝတ်စုံရွေးခဲ့ရတာ...အလကားပဲ!

ရှယန်ယွိက တစ်ဖက်ကိုလှည့်သွားတာကြောင့် သူ့အရှေ့ရှိ ပုံရိပ်များက ပျောက်ကွယ်သွားခဲ့သည်။ ရွှီဖန်း ပြုံးလိုက်ကာ ရှယန်ယွိဆီသို့ နီးကပ်စွာ ရွှေ့သွားလိုက်သည်။ ထို့နောက် သူ၏လက်ကြီးနှစ်ဖက်က ရှယန်ယွိ၏ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဆော့ကစားနေသကဲ့သို့ ပွတ်သပ်လိုက်သည်။

ရွှီဖန်းသည် မိုးပျံအိုးသိုင်းကျမ်းကို လေ့ကျင့်ထားကာ စိမ်းပြာရောင်ဆေးအိတ်ကိုလည်း စုံလင်စွာဖတ်ထားဖူးတာကြောင့် လူ့ခန္ဓာကိုယ်ပေါ်ရှိ အပ်စိုက်မှတ်များကို ကောင်းစွာ နားလည်လေသည်။ နှစ်ချက်၊ သုံးချက်မျှ ပေါ့ပေါ့ပါးပါး ပွတ်ပေးလိုက်သည်နှင့် စောနက ရှက်ပြီး ဒေါသထွက်နေသော ရှယန်ယွိမှာ ရယ်မောလျက် အရှုံးပေးလိုက်ရသည်။

သူတို့နှစ်ယောက် ခဏတာမျှ စကားပြောပြီးနောက် sport carပေါ်သို့ တက်ကာ မြို့၏အနောက်ဘက်

ဒေသဆီသို့ လျင်မြန်စွာ ဦးတည်လိုက်ကြသည်။ 

ရှယန်ယွိသည် တစ်ဖက်ကိုလှည့်၍ sport carမောင်းနေသော ရွှီဖန်းကို ကြည့်ကာ စူးစမ်းစွာ မေးလာသည်။

"ဘာလို့ ရုတ်တရက်ကြီး ဒိုဂျိုကို သွားချင်တာလဲ"

ရွှီဖန်း၏မျက်နှာက လေးနက်မှုအပြည့်ရှိနေသည်။

"ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင်လုပ်ပြီး ကိုယ်ခံပညာ တိုးတက်အောင် လုပ်ချင်လို့ပေါ့၊ ဒါမှ ကိုယ့်ရဲ့ဇနီးလေးကို ကာကွယ်ပေးနိုင်မှာ"

ရှယန်ယွိသည် မယုံကြည်သောမျက်နှာဖြင့် လှည့်သွားခဲ့သည်။

"ဟွန်း! မပြောချင်ရင်လည်း မပြောနဲ့ပေါ့! ကျွန်မလည်း နားမထောင်ချင်ပါဘူး!"

ရွှီဖန်း သက်ပြင်းချလိုက်ကာ...

"ဒီခေတ်မှာ ရိုးသားဖို့ တစ်ကယ်ခက်တာပဲ၊ အမှန်

အတိုင်းပြောခဲ့ရင်တောင် ဘယ်သူကမှ မယုံကြဘူး"

ရှယန်ယွိသည် သူမ၏ခန္ဓာကိုယ်လေး တုန်ခါသည်

အထိ ရယ်မောလာသည်။ သူမ ရွှီဖန်းကို လက်ညှိုးထိုးကာ ပြောလာသည်။ 

"ဟားဟားဟား! ရွှီဖန်းဆိုတဲ့ ရှင်က ရိုးသားတဲ့လူဟုတ်လား"

ရွှီဖန်းသည် ပြုံးစိစိဖြင့် သူ၏ညာဘက်လက်အား ရှယန်ယွိပေါင်ရှိရာကို လှမ်းလိုက်သည်။

"ကိုယ်က ရိုးသားတဲ့လူမဟုတ်ဘူးဆိုတာကို မင်း သိရဲ့သားနဲ့ ကိုယ့်ကားပေါ် လိုက်စီးရဲသေးတယ် ဟုတ်လား"

သူ့လက်ထဲတွင် မယုံနိုင်လောက်အောင် နူးညံ့သည့် အထိအတွေ့တစ်ခု ပေါ်လာခဲ့သည်။ ရွှီဖန်း၏လက်ကြီးသည် ထိုချောမွေ့နူးညံ့မှု၌ ရစ်မူးနေသလိုမျိုး အောက်ဘက်ကို ရွေ့လျားသွားလေသည်။ 

ရှယန်ယွိ၏မျက်နှာက နီရဲသွားခဲ့သည်။ သူမ ရွှီဖန်း၏လက်ကို သူမပေါင်ပေါ်ကနေ ရိုက်ချလိုက်သည်။

"ရှင် ကားမောင်းနေတာလေ ပိုပြီးရိုးရိုးသားသားနေစမ်းပါ"

ရွှီဖန်းက ဘယ်လိုလုပ် သဘောတူမည်နည်း။ ခဏအကြာမှာ သူ့လက်က တိတ်တဆိတ်ပင် ရှယန်

ယွိ၏ပေါင်ဆီသို့ ရောက်သွားပြန်သည်။

မျက်စိတစ်မှိတ်စာအတွင်းမှာပင် သူတို့ မြို့၏အနောက်ဘက်ခြမ်းကို ရောက်လာခဲ့လေပြီ။ ရွှီဖန်းသည် လမ်းညွှန်စနစ်ကို ပိတ်လိုက်ပြီး ကားထဲကနေ ထွက်လာခဲ့သည်။

ရှယန်ယွိကလည်း ကားထဲက ထွက်လာသည်။ သို့သော် သူမ၏နီရဲနေသောမျက်နှာကို ကြည့်ရုံဖြင့် ခုနက တိုက်ပွဲတစ်ခု ဖြစ်ခဲ့တာ သိသာပေသည်။ 

"ဝါး! အရမ်းလှတာပဲ!"

ရှယန်ယွိသည် သူမအရှေ့မှ စိမ်းလန်းစိုပြည်လှသောရှုခင်းကို ကြည့်ကာ ရိုးသားစွာ ချီးကျူးလိုက်မိသည်။ 

ရွှီဖန်းသည် မြေပုံပေါ်ရှိ လမ်းကြောင်းကို သူ့စိတ်ထဲ၌ ပြန်လည်ပုံဖော်နေရင်း ရှယန်ယွိ၏လက်ကို ဆုပ်ကိုင်ကာ ရှင်းပြလိုက်သည်။ 

"မြို့အနောက်ဘက်ခြမ်းက ကြီးကြီးကျယ်ကျယ် မတိုးတက်သေးလို့ မြို့လယ်လောက်တော့ မစည်ကားဘူး၊ ဒါပေမယ့် နေထိုင်ဖို့အတွက်ကတော့ တစ်ကယ်ကို ပိုပြီး သင့်တော်တယ်၊ ဟွာချန်းကိုယ်ခံပညာကျောင်းကို ကိုယ်ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းက လှပတဲ့ရှုခင်းတွေကြောင့်လည်းပါတယ်၊ ပြတင်းပေါက်တွေကိုဖွင့်ပြီး စိမ်းလန်းစိုပြည်တဲ့သဘာဝတရားကို ကြည့်ရတာကလည်း စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုတစ်မျိုးပဲမလား"

ရှယန်ယွိကလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံသည်။ သူမ ရွှီဖန်း၏လက်ကို ကိုင်ဆွဲကာ ရှေ့ကို လျှောက်သွားလိုက်သည်။ မကြာခင်မှာပင် သူတို့နှစ်ယောက်စလုံး ရည်ရွယ်ထားခဲ့သည့် ဟွာချန်းကိုယ်ခံပညာကျောင်းသို့ ရောက်လာခဲ့သည်။ 

"ကျွန်မတို့... လမ်းမှားလာခဲ့တာများလား"

ရှယန်ယွိသည် သူမအရှေ့မှ ပျက်စီးယိုယွင်းနေသော ဒိုဂျိုကို ကြည့်၍ ခေါင်းလှည့်ကာ ရွှီဖန်းကို မေးလိုက်

သည်။ 

"မမှားဘူး ဒီနေရာပဲ"

ရွှီဖန်း ခေါင်းခါယမ်းလိုက်သည်။ သူ့ခေါင်းပေါ်ရှိ ကောက်ကွေးကာ ပြိုလဲလုနီးပါးဖြစ်နေသည့် နာမည်ဆိုင်းဘုတ်ကို လျစ်လျူရှု၍ ရှယန်ယွိအား ကိုယ်ခံပညာအဆောက်အအုံထဲသို့ ဆွဲခေါ်သွားလိုက်သည်။ 

ကိုယ်ခံပညာအဆောက်အအုံထဲသို့ ရောက်သောအခါ ရွှီဖန်း တစ်ချက် ဝေ့ကြည့်လိုက်သည်။ နေရာက သိပ်မကျယ်သော်ငြား ကျဥ်းလည်း မကျဉ်းပေ။ လူရာပေါင်းများစွာ ကိုယ်ခံပညာလေ့ကျင့်ရန်အတွက် လုံလောက်ပေသည်။ ကျောင်းသားသစ်ခေါ်ယူခြင်းဧရိယာရှိ ထိုင်ခုံများအားလုံးသည် လွတ်နေပြီး စာရွက်စာတမ်းများက ကြမ်းပြင်အနှံ့ ပြန့်ကျဲနေလေသည်။

ရွှီဖန်းနှင့် ရှယန်ယွိလည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိကြသည်။ ကောင်းကင်မှာ မြင့်မြင့်မားမား ချိတ်ဆွဲထားသင့်သည့် ပျက်စီးနေသောနာမည်

ဆိုင်းဘုတ်၊ ပြန့်ကျဲနေသောစာရွက်စာတမ်းများနှင့် တိတ်ဆိတ်နေသော ဒိုဂျို။ သူတို့ ဘာမှ မပြောခဲ့သော်လည်း ဤဒိုဂျို၌ တစ်ခုခုဖြစ်ခဲ့မှန်း သူတို့ ခန့်မှန်းမိသည်။ 

ရွှီဖန်းသည် ရှယန်ယွိအား အရှေ့ကို ဆွဲခေါ်သွားလိုက်သည်။ ကိုယ်ခံပညာအဆောက်အအုံ၏ ကြမ်းပြင်သည် သစ်သားနှင့် ပြုလုပ်ထားတာကြောင့် သူတို့နှစ်ယောက် နင်းလိုက်သောအခါ ကျယ်လောင်သည့်အသံများထွက်ပေါ်လာသည်။ အခုလို တိတ်ဆိတ်နေသည့် ကိုယ်ခံပညာအဆောက်အအုံထဲ၌ မသိလျှင် လူထောင်ပေါင်းများစွာ၏ခြေသံများက ကြမ်းပြင်ကို နင်းနေသကဲ့သို့ပင်။ 

ဟောခန်းမထဲတွင်တော့ ဘယ်သူမှ မရှိပေ။ ဆက်လျှောက်ကြည့်လျှင် တံခါးပိတ်ထားသည့် အိမ်

ငယ်လေးကို မြင်လိုက်ရသည်။ 

ရွှီဖန်း လျှောက်သွားကာ တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။

"အထဲမှာ တစ်ယောက်ယောက်များ ရှိလားဗျ"

သူ့အသံက မကျယ်သော်လည်း အတွင်းရှိလူများ ကြားနိုင်အောင် လုံလောက်နေခဲ့ပြီး ရိုင်းစိုင်းသည့် အသံနေအသံထားလည်း မပေါက်ခဲ့ပေ။ 

"ကျွီ"

တံခါးက ပွင့်လာပြီး သစ်သားတုတ်ကို ကိုင်

ဆောင်ထားသော အဘိုးအိုတစ်ယောက်က ဒေါသတကြီး ထွက်လာလေသည်။ 

"မင်းတို့ကို ဘယ်သူလာခိုင်းတာလဲ! မင်းတို့ ဒီမှာ ဘာလာလုပ်ကြတာလဲ!"

ရှယန်ယွိမှာ ထိတ်လန့်သွားပြီး ရွှီဖန်းအနောက်မှာ ဝင်ပုန်းလိုက်သည်။ 

ရွှီဖန်းကတော့ ဒေါသထွက်နေသည့်အဘိုးအိုကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်နေခဲ့သည်။ ထိုအဘိုးအိုသည် လေးထောင့်မျက်နှာရှိပြီး တရုတ်ဝတ်စုံနှင့်

ကင်းဗတ်ဖိနပ်တစ်စုံကို ဝတ်ဆင်ထားသည်။  သူ့မျက်လုံးများက သာမန်အဘိုးအိုတစ်ယောက်၏ မျက်လုံးများကဲ့သို့ မနောက်ကျိနေဘဲ ကြည်လင်

တောက်ပကာ စိတ်ဓာတ်ခွန်အားအပြည့် ရှိနေလေသည်။

ယခု အဘိုးအို၏မျက်နှာပေါ်၌ ဒေါသအပြည့်

ပေါ်လွင်နေပြီး ရွှီဖန်းကို မေးခွန်းထုတ်သည့်လေသံဖြင့် ဆူငေါက်လာခဲ့သည်။ သူ့မျက်လုံးများမှာ သားကောင်ကို ကြည့်နေသည့် ကျားတစ်ကောင်ကဲ့သို့ပင်။ သူက ရွှီဖန်းဆီသို့ အစိတ်စိတ်အမြွှာမြွှာ ဆွဲဖြဲပစ်ရန် ရည်ရွယ်ချက်ဖြင့် ပြေးဝင်လာသည့်အတိုင်းပင်။ 

ရွှီဖန်းသည် ယဉ်ကျေးစွာ ပြုံးလိုက်ပြီး တိုးတိုးလေး ပြန်ဖြေလိုက်သည်။ 

"အဘိုး ဘယ်သူကမှ ကျွန်တော့်ကို လာခိုင်းတာ မဟုတ်ပါဘူး၊ ကျွန်တော် ဒီကိုလာရတဲ့ရည်ရွယ်ချက်က ဒီဒိုဂျိုကို ဝယ်ချင်လို့ပါ"

အဘိုးအို၏မျက်လုံးထဲ၌ ဒေါသအရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက် သူ့လက်ထဲရှိ သစ်သားတုတ်ကိုမြှောက်၍ အချက်ပေးခြင်းမရှိဘဲ ရွှီဖန်း၏မျက်နှာသို့ ဝှေ့ရမ်းကာ ရိုက်ချလိုက်လေသည်။ 

ထိုတုတ်သာ ထိသွားပါက အနည်းဆုံးတော့ လူတစ်ယောက်ကို မြေပြင်ပေါ်သို့ လဲကျသွားအောင် လုပ်နိုင်ပေလိမ့်မည်။ 

ရွှီဖန်းသည် ရုတ်တရက်တိုက်ခိုက်လာသည့်အဘိုးအိုကို ကြည့်ရင်း သူ့မျက်နှာပေါ်တွင်လည်း ဒေါသအရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ 

"ဘုန်း!"

အဘိုးအို၏ပြင်းထန်သောတုတ်ရိုက်ချက်ကို ရွှီဖန်းသည် လက်ဖြင့် ဆုပ်ကိုင်လိုက်လေသည်။ တုတ်

ရှည်က တဝီဝီမြည်သည်အထိ တုန်ခါနေခဲ့ရာ ထိုရိုက်ချက်က ဘယ်လောက်ထိ အားပြင်းလဲဆိုတာကို စဉ်းစားကြည့်နိုင်သည်။ 

သို့သော် ရွှီဖန်း၏အသံမှာ တဖြည်းဖြည်း အေးစက်လာသည်။

"အဘိုး ခင်ဗျားက ကျွန်တော့်အဘိုးအရွယ်ဖြစ်လို့ ကျွန်တော် တစ်ကယ်လေးစားခဲ့တယ်၊ ကျွန်တော် အဘိုးကို ယဉ်ယဥ်ကျေးကျေးဆက်ဆံခဲ့တယ်၊ အဘိုးနဲ့  ကျွန်တော်ကြားမှာ ဘာရန်ငြိုးမှမရှိဘူးမလား"

အဘိုးအိုကလည်း ရွှီဖန်း၏လှုပ်ရှားမှုကြောင့် အံ့အားသင့်သွားပုံရသည်။ သို့သော်ငြား တစ်ခုခုကို ပြန်စဉ်းစားမိသွားပုံရကာ သူမျက်လုံးထဲ၌ ဒေါသများ တောက်လောင်လာပြန်သည်။

"ငါ ကျူဟွာက မင်းတို့ကို အပိုင်းပိုင်း ခုတ်ဖြတ်ပစ်မယ်!"

ရွှီဖန်း၏မျက်နှာပေါ်ရှိ အပြုံးသည် နောက်ဆုံးမှာတော့ အမှန်တစ်ကယ်ကို အေးစက်သွားလေပြီ။ စောနက ရိုက်ချက်ကို သူ ခွင့်လွှတ်လို့ရသည်။ သို့သော်ငြား ထိုစကားကိုတော့ မခွင့်လွှတ်နိုင်ပေ။ 

အကြောင်းမှာ သူတစ်ယောက်တည်းရှိနေတာမဟုတ်ဘဲ ရွှီဖန်း၏အနောက်၌ ရှယန်ယွိပါ ရှိနေသောကြောင့်ပင်။ 

*********************

All Chapters