← Chapters

သန်မာတုန်းပဲ

Vol. 25 Ch. 367

သန်မာတုန်းပဲ

Vol. 25 Ch. 367

ရွှီဖန်းသည် လေထဲသို့ မြင့်မြင့်ခုန်တက်လိုက်ပြီး အဘိုးအို၏ညာဘက်ပခုံးကို ကန်လိုက်သည်။

"ချွမ်း!"

အဘိုးအိုသည် နေရာမှာတင် ရပ်နေပြီး သွေးစွန်းနေသောဓားမြှောင်တစ်ချောင်းသည် သူ့လက်ထဲကနေ ပြုတ်ကျကာ သစ်သားကြမ်းပြင်ပေါ်သို့ ကျသွားလေသည်။ 

ရွှီဖန်း၏ရင်ထဲ တင်းကျပ်သွားရသည်။ သူ ခြေတစ်

လှမ်း နောက်ကျသွားတာလား။

သူ အဘိုးအိုကို ပတ်ပတ်လည်ကြည့်လိုက်သောအခါ အဘိုးအို၏လည်ပင်း၌ သွေးစီးကြောင်းပါးပါးလေးသာရှိပြီး လုံးဝဒဏ်ရာမရသွားသည်ကို သိလိုက်ရသည်။ 

ရွှီဖန်း ဖြည်းညှင်းစွာ သက်ပြင်းချလိုက်မိသည်။ 

"အဘိုး စစ်ပွဲမှာအနိုင်အရှုံးကသာမန်ပဲလေ၊ ဘာလို့ ဒီလောက်တောင် ဒုက္ခခံနေရတာလဲ"

အဘိုးအိုသည် ကြောင်တောင်တောင်ဖြင့် မြေပြင်ပေါ် ထိုင်ကျသွားသည်။ ပဲလုံးအရွယ် မျက်ရည်များက သူ့မျက်လုံးထဲကနေ ကြိုးပြတ်သွားသည့် ပုလဲလုံးများကဲ့သို့ ကျလာသည်။

ရှယန်ယွိကလည်း ဓားမြှောင်ကိုမြင်သောအခါ အပြေးရောက်လာသည်။ အဘိုးအို၏ဒီလိုပုံစံမြင်သည့်အခါ သူမ ရွှီဖန်း၏ရှပ်အင်္ကျီစွန်းကို ဆွဲလိုက်သည်။ သူမ၏လှပသောမျက်လုံးများက ရွှီဖန်းကို တောင်းပန်နေခဲ့သည်။ 

ရွှီဖန်းသည် ရှယန်ယွိ၏လက်သေးသေးလေးကို ဆုပ်ကိုင်ကာ ဆွဲထုတ်လိုက်သည်။ 

"အဘိုး ကျွန်တော် အဘိုးရဲ့ဒိုဂျိုကို မလိုတော့ပါဘူး၊ *သီချင်းလေးနားထောင်...ဝိုင်သောက်ပြီး မနက်ခင်းနှင်းစက်တွေလို ဘဝရဲ့ဂျီဩမေတြီကို ခံစားနေချိန်မှာ ခါးသီးတဲ့နေ့ရက်တွေဆီ ရောက်ဦးမှာပဲ* ကိုယ်ခံပညာရှင်တွေက ကိုယ့်ကိုယ်ကိုယ် သတ်သေတာမျိုး မဖြစ်သင့်ဘူး"

(T/N - *တရုတ်စကားပုံတစ်ခုထင်ပါတယ်၊ အဓိက ပြောချင်တာကတော့ အောင်မြင်မှုတွေ၊ ဘဝရဲ့တောက်ပမှုတွေက တစ်ခဏတာပဲ ခံစားလို့ရမှာဖြစ်ပြီး  ခက်ခဲမှုတွေက ရောက်လာဦးမှာပဲ၊ ဘယ်အရာကမှ ထာဝရမတည်မြဲဘူးလို့ ဆိုလိုချင်တာပါ၊ ဘာသာပြန်ထားတာ ဖတ်ရတာထောက်နေရင် တောင်းပန်ပါတယ်)

အဘိုးအိုသည် ရုတ်တရက်ပင် ခေါင်းထောင်ကာ ထွက်ခွာသွားသော ရွှီဖန်း၏ပုံရိပ်ကို မျက်ရည်များဖြင့် ကြည့်နေသည်။ 

သူတို့ ဒီဒိုဂျိုကို မလိုချင်ဘူးတဲ့လား။ ဒီလူငယ်က လီရှူးတို့အဖွဲ့နဲ့ မတူဘူးလား။

အဘိုးအိုသည် ရုတ်တရက်ပင် သူ့ခေါင်းကို ရိုက်

လိုက်မိသည်။ လီရှူးကသာ သူ့ကို တကယ်တိုက်နိုင်ခဲ့မည်ဆိုလျှင် ဒီဒိုဂျိုကို ထိုသားရဲက လုသွားလောက်ပြီ ဖြစ်သည်။ အခုအချိန်ထိ စောင့်နေမည်မဟုတ်ပေ။ 

ထိုသို့တွေးမိသောအခါ အဘိုးအိုသည် လျင်မြန်စွာ  ရုန်းကန်ထ၍ ရွှီဖန်းကို အော်ခေါ်လိုက်သည်။ 

"စောင့်ပါဦး!"

ရွှီဖန်းက လှည့်လာသည်။ သူ့လေသံမှာ အရင်ကလို သည်းခံနေခြင်း မရှိတော့ပေ။

"အဘိုး ကျွန်တော်တို့ အဘိုးကို အစကနေ အဆုံးအထိ စိတ်ဆိုးအောင်မလုပ်ခဲ့ဘူး ဟုတ်တယ်မလား၊ ဒါပေမယ့် အဘိုးကျတော့ အစကနေ အခုချိန်အထိ မာနကြီးပြီး ရန်လိုနေခဲ့တယ်၊ ဘာလဲ...ကျွန်တော်တို့ဆီက ဆေးဖိုး တောင်းချင်လို့လား"

ဘယ်လောက်ပင် စိတ်ရှည်သောလူ ဖြစ်ပါစေ၊ ဒီလိုကိစ္စမျိုးအတွက်ဆိုလျှင်တော့ ဘယ်သူပဲဖြစ်ဖြစ် စိတ်တိုမိလိမ့်မည်။ 

ထိုစကားကိုကြားတော့ အဘိုးအို၏မျက်နှာက နီတလှည့် ဖြူတလှည့်ဖြစ်သွားလေသည်။ ခဏတာမျှ စဉ်းစားပြီးနောက်မှာ သူ ရွှီဖန်းရှေ့၌ ဒူးထောက်ချလိုက်သည်။

ရွှီဖန်းလည်း အံ့အားသင့်သွားသည်။ သူ အဘိုးအိုကို ကူညီရန် လက်လှမ်းခဲ့သော်လည်း အဘိုးအိုက လုံးဝမထပေ။ 

"မင်းတို့နှစ်ယောက်ကို ငါ တကယ်ပဲ အားနာပါတယ်၊ ငါ လေနဲ့မိုးတုတ်ကျူဟွာက တစ်သက်လုံး ကျန်းဟူမှာ ကျင်လည်နေခဲ့တာ၊ ဒါပေမဲ့ အသက်ကြီးလာတော့ အမြင်တွေမှားပြီး မင်းတို့နှစ်ယောက်စလုံးကို နားလည်မှုလွဲခဲ့မိတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

(T/N - 'ကျန်းဟူ' - တရုတ်ကိုယ်ခံပညာလောက )

ရွှီဖန်းကတော့ ကူကယ်ရာမဲ့နေသည်။ အဘိုးအို၏ကိုယ်ဟန်အနေအထားကို ကြည့်ရသည်မှာ သူကိုယ်တိုင်လည်း သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်သည့်ပုံပင်။  အဘိုးအိုက ဘယ်လိုမှ မထတာကြောင့် သူလည်း ထပ်ပြီးမနှောင့်နှေးရဲတော့ပေ။ သူ စကားအနည်းငယ် ပြောရင်းဖြင့် အဘိုးအိုကို ထူပေးခဲ့သည်။

"ဆရာကြီးရဲ့ဒိုဂျိုမှာ ဘာလို့ ကျောင်းသားတွေတစ်ယောက်မှ မရှိတာလဲ၊ ပြီးတော့ အဲ့ဒီဆိုင်းဘုတ်ကရော ဘာလို့ တစ်ယောက်ယောက်က ရိုက်ချိုးထားသလိုမျိုး ဖြစ်နေတာလဲ"

ဘေးမှာရပ်နေသည့် ရှယန်ယွိသည် တကယ်ကို သိချင်စိတ်ဖြစ်နေတာကြောင့် မမေးဘဲ မနေနိုင်ခဲ့ချေ။ 

ကျူဟွာဟု အမည်ရသောအဘိုးအိုသည် သက်ပြင်းရှည်ကြီးချ၍ သူ့မျက်ရည်များကို သုတ်ကာ သူတို့ မလာခင်က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ရွှီဖန်းနှင့် ရှယန်ယွိကို ပြောပြလာသည်။

ကျူဟွာသည် ရှေးကျသောကိုယ်ခံပညာမိသားစုမှ မွေးဖွားလာသူဖြစ်ပြီး သုံးနှစ်သားအရွယ်ကတည်းက ကိုယ်ခံပညာ စတင်လေ့ကျင့်ခဲ့သည်။ သူ့ဘဝသက်တမ်း၏အများစုကို တိုက်ခိုက်ရင်းဖြင့် ကုန်ဆုံးခဲ့ပြီး စိတ်ညစ်ညူးလာသည့်အခါမှာတော့ ကိုယ်ခံပညာကျောင်းတစ်ခုကို ဖွင့်ခဲ့သည်။ သူ နာမည်မရသေးခဲ့သည့်အတွက် သူ၏စီးပွားရေးမှာ မဆိုးလှသော်လည်း သိပ်မကောင်းပေ။

တစ်လအကြာတွင် အရှေ့တိုင်းကိုယ်ခံပညာကျောင်း တစ်ခုက သူတို့ဘေးနားမှာ ရုတ်တရက် ပေါ်လာသည်။ ထို့နောက် လီရှူးဟု အမည်ရသော လူငယ်တစ်

ယောက်သည် ဒီကိုပြေးလာပြီး သူက အရှေ့တိုင်း ကိုယ်ခံပညာကျောင်းက လာတာဖြစ်ကြောင်း၊ ကျူဟွာ၏ကျောင်းကို ဝယ်ချင်ကြောင်း ပြောလာသည်။ ကျူဟွာသည် ဤဒိုဂျိုကို ပိုက်ဆံရှာရန် ဖွင့်ထားတာ မဟုတ်ပေ။ သူသည် ပန်းများ၊ ငှက်များမွေးချင်သည့် အဘိုးကြီးတစ်ယောက်ပင်ဖြစ်ကာ သူ ပျော်ရွှင်ချင်ရုံသက်သက်သာ လုပ်ခဲ့ခြင်းပင်။ ဘယ်လိုလုပ် သဘောတူနိုင်မည်နည်း။ ထို့ကြောင့် လီရှူးသည် ကျူဟွာကို ခြိမ်းခြောက်ကာ ပြန်သွားခဲ့သည်။

နောက်ပိုင်းမှာ ကျူဟွာ၏ကျောင်းသားနှစ်ယောက်သည် တိုက်ခိုက်ခံရကာ တစ်ခုခု ဖြစ်သွားခဲ့သည်။ အဘိုးအိုသည် သူတို့ကို ဆေးရုံသို့ဆွဲခေါ်သွားပြီး အရိုးများကို စစ်ဆေးကြည့်သောအခါ အရိုးကျိုးနေတာကို တွေ့ခဲ့ရသည်။ ကျူဟွာသည် အစပိုင်းမှာတော့ ထိုကိစ္စကို လုံးဝ အလေးအနက်မထားခဲ့ပေ။ 

နောက်ပိုင်းမှာတော့ ဒုတိယအကြိမ်၊ တတိယအကြိမ်များထပ်ရှိလာပြီး လီရှူးဆီကကျောင်းသားများနှင့် တိုက်ခိုက်ခဲ့သောသူ့ကျောင်းသားများသည် အတိုင်းအတာအမျိုးမျိုးဖြင့် ဒဏ်ရာများ အပြင်းအထန် ရရှိခဲ့သည်။ ကျောင်းသားတစ်

ယောက်၏မျက်နှာဆိုလျှင် ဆွဲဖြဲခံခဲ့ရသေးသည်။ ဤဒိုဂျိုမှာ လေ့ကျင့်ရဲသည့် ဘယ်သူမဆို သူတို့ဖြင့် တစ်ယောက်ချင်းစီ တိုက်ခိုက်ကြရသည်။

နောက်ဆုံးမှာတော့ ကျောင်းသားများသည် ကြောက်ကာ ထွက်ပြေးကြတော့သည်။ ကျူဟွာမှ ရဲကို ခေါ်ခဲ့သော်လည်း ရဲများက ပိုက်ဆံစားထားသည်ကို တွေ့ခဲ့ရသည်။ မနေ့က လီရှူးသည် တခြားလူတစ်ယောက်ကို ခေါ်လာပြီး ကျူဟွာကို နှစ်သိန်းဖြင့် ဒိုဂျိုကို ရောင်းရန် ခြိမ်းခြောက်ခဲ့သည်။ ဒိုဂျိုကို ရောင်း၊မရောင်းအား စဉ်းစားရန် တစ်ရက်သာ အချိန်ပေးထားသည်။ 

ကျူဟွာမှာ ဒေါသထွက်၍ လီရှူးကို ရိုက်နှက်တော့မလို့ပင်။ လီရှူးကရော ဘယ်လိုလုပ် မပြင်ဆင်ထားဘဲ လာမည်နည်း။ ဒဏ်ရာရခဲ့သော ကျောင်းသားမိသားစုများသည် ကျူဟွာကို ဝိုင်းကာ ငွေမက်သူဟု ဆဲဆိုခဲ့ကြသည်။

ဒါကို ကြားတော့ ရှယန်ယွိမှာ မမေးဘဲ မနေနိုင်တော့ချေ။ 

"ဆရာကြီးကျူ ဘာလို့ သူတို့ကို တရားမစွဲတာလဲ"

ကျူဟွာက သက်ပြင်းချသည်။ 

"ရဲတွေတောင် သူတို့ရဲ့ပိုက်ဆံကို စားထားကြတာ၊ဘယ်လိုလုပ် တိုင်ကြားလို့ရနိုင်မှာလဲ၊ ဒါ့အပြင် အဲ့ဒီဥပဒေတွေကိုလည်း ငါက နားမလည်ဘူးလေ"

ရွှီဖန်း ခေါင်းခါယမ်းလိုက်သည်။ သူ့ဒိုဂျိုကို ဝယ်

မည်ဟု ကြားသည်နှင့် အဘိုးအိုသည် ချက်ချင်းပင် ရန်မူနေတာ အံ့သြစရာမဟုတ်တော့ပေ။  သူက ရွှီဖန်းအား လီရှူး၏လူဟု ထင်ခဲ့ပုံရသည်။ 

ရှယန်ယွိက ထပ်မေးသည်။

"ဆရာကြီးကျူရဲ့တစ်သက်တာကို ကျန်းဟူမှာပဲ ကျင်လည်ခဲဲ့ရတယ်လို့ ပြောခဲ့တယ်မလား၊ သူငယ်ချင်းတွေ မိတ်ဆွေတွေရော မရှိဘူးလား၊ အဲ့ဒီလီရှူးတို့က ဥပဒေချိုးဖောက်နေတာနော်"

ကျူဟွာ၏မျက်နှာအိုကြီးမှာ နီရဲသွားခဲ့ပြီး ထစ်အစွာ ပြောလာသည်။

"ငါ့ရဲ့မိတ်ဆွေအားလုံးက အလုပ်များနေကြတော့ ဒီလိုကိစ္စသေးသေးလေးအတွက်နဲ့ သူတို့ကို မနှောင့်ယှက်ချင်လို့ပါ"

ရှယန်ယွိမှာ ဒေါသထွက်လွန်း၍ ခြေထောက်ဆောင့်

လိုက်မိသည်။ လီရှူး၏အဖွဲ့ကလည်း မုန်းစရာကောင်းသလို...သူမအရှေ့မှ အဘိုးအိုကလည်း မိုက်မဲလွန်းသည်။ 

သူမ တစ်ခုခု ပြောရန်ပြင်လိုက်စဥ် ရွှီဖန်းသည် သူမ၏လက်ကို လျင်မြန်စွာ ဆုပ်ကိုင်လာသည်။ အဘိုးအို၏ပုံစံကို မြင်သည်နှင့် ရွှီဖန်းသည် ကျူဟွာ၏ဆိုလိုရင်းကို နားမလည်ဘဲ မနေချေ။

သူသည် တစ်ချိန်က ကိုယ်ခံပညာလောက၌ ဆရာတစ်ဆူဖြစ်ခဲ့ပြီး သူ၏ လေနှင့်မိုးတုတ်မှာ အံ့မခန်းပင်။ 

အခုတော့ဖြင့်...။

သူ့ဆီမှာ ရှုံးနိမ့်ပြီးနောက် လည်ပင်းကို ကိုယ်တိုင် ဖြတ်ကာ သတ်သေရဲသည်အထိ ခေါင်းမာသောအဘိုးကြီးတစ်ယောက်အနေဖြင့် သူ၏ပုံစံကို မိတ်ဆွေများကြား၌ ချပြရန် မလွယ်ကူပေ။ ထိုအရာက သူ့အတွက် သေရတာထက်တောင် ပိုဆိုးလိမ့်မည်။ 

ရွှီဖန်းသည် သူ့လက်ကိုဆန့်ထုတ်၍ ကျူဟွာ၏ပခုံးကို ပုတ်ပေးလိုက်သည်။ အဘိုးအိုကို နှစ်သိမ့်ပေးတော့မလို့ပင်။ သို့သော် သူကိုယ်တိုင်လည်း ချန်ဟိုင်းပြည်နယ်၌ အာဏာအနည်းငယ်သာ ရှိသေးသည်ကို ခံစားလိုက်ရ၏။ 

အနည်းဆုံးတော့ သူ ဒီအဘိုးအိုအတွက် ရှေ့နေငှားပေးနိုင်ပေသည်။ ရိုးရှင်းသောဒိုဂျိုလေးတစ်ခုက ဘယ်လိုလုပ် ကောင်းကင်ကို ထိုးဖောက်နိုင်မည်နည်း။ 

ထိုအချိန် တံခါးအပြင်ဘက်မှ နားကွဲလုနီးပါးကျယ်လောင်သည့် ဥဩသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုနှင့်အတူ အလွန်မာနကြီးသောအသံတစ်ခုက မထိန်းနိုင်မသိမ်းနိုင်ဖြင့် သူတို့နားထဲကို ရောက်လာသည်။ 

"အဘိုးကြီး! ခင်ဗျား ဧည့်ခံဖို့ငြင်းဆန်ရင် အပြစ်ပေးခံရမယ်! ထွက်လာပြီး လာသေစမ်း!"

ကျူဟွာတစ်ယောက် ဒေါသတကြီးဖြင့် ရယ်မောလိုက်သည်။

"ဒီအဘိုးကြီး ကျန်းဟူလောကမှာ ရှိနေတုန်းက မင်းဆိုတဲ့ကလေးက မင်းအမေရဲ့သားအိမ်ထဲမှာတောင် တန်းစီနေရတုန်းပဲ! မင်း ဒီအဘိုးကြီးရဲ့အသက်ကို လိုချင်

တာလား! ရတယ်...လာယူစမ်း!"

အဘိုးအို၏အသံက မကျယ်သော်လည်း အားပြင်းကာ အစွမ်းထက်သည်။ အဘိုးအို၏ခေတ်က ဝေးလံသွားပြီဆိုသော်လည်း သူ၏ကျောရိုးမှာ လုံးဝမကွေးသေးပေ။ သူ့ကို နှစ်ပေါင်းများစွာ အဖော်ပြုပေးခဲ့သည့် လေနှင့်မိုးတုတ်ကဲ့သို့ ဖြောင့်မတ်နေတုန်းပင်။ 

"ဖာ့ခ်! ငါယိုးအဘိုးကြီး! ခင်ဗျားကို မျက်နှာသာ ပေးနေတာနော်!"

ခြေသံများ ထွက်ပေါ်လာသည်။ ခြေသံများအရ လူတစ်ယောက်ထက် ပိုများသည်ဆိုတာကို သိနိုင်လေသည်။ အဘိုးအို၏မျက်နှာတစ်ခုလုံးက မာန်မာနဖြင့် ပြည့်သွားပြန်သည်။ သူ၏ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့သော အရပ်ခပ်မြင့်မြင့် ခန္ဓာကိုယ်သည် အခုအချိန်မှာတော့ တည့်တည့်မတ်မတ် ပြန်ရပ်နေလေပြီ။

အိုမင်းသော်လည်း ရိုးသားတည်ကြည်ခြင်းက ပြဿနာကို ဖြေရှင်းနိုင်မလား။ 

**********************

All Chapters