ပြိုင်ဘက်မရှိသော
Vol. 25 Ch. 368
မျက်နှာအနှံ့ မာနထောင်လွှားမှုများ ပြည့်နှက်နေသော လူငယ်တစ်ဦးသည် သူ့အနောက်မှ လူမိုက်အုပ်စုနှင့်
အတူ အတင်းဝင်ရောက်လာခဲ့သည်။
ထိုလူငယ်ကို ကြည့်လိုက်လျှင် သူ၏ပြောင်နေသော တရုတ်ဆံပင်ပုံစံ၊ လေးထောင့်မျက်နှာနှင့် နှာတံပေါ်ရှိရွှေရောင်မျက်မှန်ကို တွေ့ရမည်ဖြစ်ပြီး အပေါ်ပိုင်းတွင် အနီရောင်ဝတ်စုံ၊ အောက်ပိုင်းတွင်မူ အဖြူရောင်
ဘောင်းဘီနှင့် အနီရောင်သားရေဖိနပ်တစ်စုံကို ဝတ်ဆင်ထားသည်။
သူ့အနောက်တွင် လူဆယ်ယောက်ကျော် ရှိသည်။ သူတို့အားလုံးသည် အပေါ်ပိုင်းဗလာဖြင့် ကြွက်သားများထူထပ်နေသောလူများဖြစ်ကြသည်။ လက်နက်များ ကိုင်ဆောင်ထားကြကာ သူတို့ကို မစော်ကားသင့်
သည့်ပုံစံ ပေါက်နေသည်။
လူငယ်သည် ကျူဟွာဆီသို့ လျှောက်လာပြီး ငါးလှမ်းအကွာမှာ ရပ်လိုက်သည်။ သူ ရွှီဖန်းအား မြင်သည့်
အခါ သူ့မျက်လုံးထဲ၌ မထီမဲ့မြင်ပြုသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ရွှီဖန်းဘေးမှာ ရပ်နေသည့် ရှယန်ယွိကို ကြည့်လိုက်မိသောအခါ လီရှူး၏မျက်လုံးများမှာ ရုတ်ချည်း တောက်ပသွားခဲ့သည်။
သူ ရှယန်ယွိဆီသို့ လျှောက်သွားတော့မလို့ပင်။ သို့သော် အဘိုးအို၏အသံက ကြားဖြတ်လာသည်။
အဘိုးအိုသည် မာနကြီးနေသောလူငယ်ကို ကြည့်
ကာ သူ့မျက်လုံးထဲ၌ မထီမဲ့မြင်ပြုသော အရိပ်အယောင်များ ပေါ်လာသည်။
"လီရှူး မင်းက ဘယ်လိုများ ဒီအဘိုးကြီးရဲ့ဒိုဂျိုထဲ ဝင်လာရဲသေးတာလဲ! မင်းရဲ့ခြေထောက်တွေ ကျိုးသွားမှာ မကြောက်ဘူးလား!"
လီရှူး၏ နူးညံ့ညင်သာနေသောမျက်နှာထားမှာ ချက်ချင်းပင် အနည်းငယ် တွန့်ရှုံ့သွားသည်။
"ဖာ့ခ်! အဘိုးကြီး! ခင်ဗျားကို စကားပြောခွင့်ပေးထားလို့လား၊ ဒီနေ့ ကျုပ် ဒီဒိုဂျိုထဲမှာ ရပ်နေမယ်...ဘယ်သူကများ ကျုပ်ခြေထောက်ကို ကျိုးအောင်လုပ်ရဲလဲဆိုတာ ကြည့်ရသေးတာပေါ့!"
ကျူဟွာလည်း ဒေါသထွက်သွားကာ သူ့လက်ထဲရှိ လေနှင့်မိုးတုတ်အား မြေပြင်ပေါ်သို့ ရိုက်ချလိုက်
သည်။ ထို့ကြောင့် သူ့ပခုံးရှိ ဒဏ်ရာမှာ ထိခိုက်သွားပြီး နာကျင်စွာ ညည်းတွားလိုက်မိသည်။
လီရှူးသည် ကျူဟွာပခုံးရှိဒဏ်ရာကို မြင်သည့်အခါ သူ့မျက်နှာက တောက်ပသွားခဲ့သည်။ သူ့နှာတံပေါ်ရှိ ရွှေရောင်မျက်မှန်ကို ညှိ၍ ဟန်ဆောင်ပြုံးကာ...
"အချိန်တွေက အကုန်မြန်လိုက်တာ၊ တစ်ရက်တာကတောင် မသိလိုက်ဘာသာနဲ့ ကုန်ဆုံးသွားပြန်ပြီ၊ ဘယ်လိုလဲ အဘိုးကြီး...ခင်ဗျား ဆုံးဖြတ်ထားပြီးပြီလား၊ ဒိုဂျိုကို ကျုပ်ဆီ ရောင်းမလား? ဒါမှမဟုတ် အထုထောင်းခံရပြီး အားလုံးကို အဆုံးရှုံးခံမလား"
ကျူဟွာသည် မာနကြီးစွာ ရပ်နေတုန်းပင်။ သူ့အသံကလည်း အားမာန်အပြည့်ဖြင့် ရှိနေကာ...
"ဒီအဘိုးကြီးရဲ့ဒိုဂျိုကို ယူသွားချင်ရင် ဒီအဘိုးကြီးလက်ထဲက လေနှင့်မိုးတုတ်ကို အရင်မေးကြည့်လိုက်!"
လီရှူးသည် ထိုအဖြေကို မအံ့သြပေ။ သူ့မျက်နှာပေါ်ရှိ ဟန်ဆောင်ပြုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
"ဖာခ့်! အဘိုးကြီး! ကျုပ် ခင်ဗျားကို မျက်နှာသာ ပေးခဲ့ပေမယ့် ခင်ဗျားက ခေါင်းတလား မမြင်မချင်း တကယ်မငိုဘူးပဲ! ကျုပ် စိတ်ပြောင်းသွားပြီ...ညီအစ်ကိုတို့ သူ့ကို ရိုက်သတ်ပစ်!"
ဓားများ၊ တုတ်များ ကိုင်ဆောင်ထားသည့် လူဆယ်ယောက်ကျော်သည် ကျူဟွာဆီသို့ ပြေးဝင်လာသည်။ ထိုကဲ့သို့ အရေးကြီးနေသည့်အချိန်၌ အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။
"နေဦး!"
ဒါဇင်ကျော်လောက်ရှိသည့်လူများသည် နေရာမှာတင် ရပ်တန့်ပြီး ရွှီဖန်းကို ကြည့်လာကြသည်။
"နောက်ဆုံးတော့ ငါ သိခဲ့ပြီ၊ ဒီလိုသေးငယ်တဲ့ဒိုဂျိုလေးအတွက် မင်း တကယ်ကို အများကြီးကြိုးစားခဲ့ရမှာပဲ...ဟုတ်တယ်မလား၊ ဒါက တကယ် လိုအပ်လို့လား၊ မင်းရဲ့အဘိုးအရွယ်လောက် ရှိနေတဲ့သူကို မင်း တကယ်ပဲ လုပ်နိုင်လို့လား"
ရွှီဖန်းသည် ကျူဟွာ၏အရှေ့မှာ ရပ်ကာ ဒါဇင်
ပေါင်းများစွာသော လူမိုက်များကို တည်ငြိမ်သောလေသံ၊ စိတ်ခံစားမှုမရှိသောမျက်နှာဖြင့် ရင်ဆိုင်
လိုက်သည်။
လီရှူး၏မျက်နှာပေါ်၌ မထီမဲ့မြင်ပြုသောအရိပ်အယောင်များ ပေါ်လာပြီး ထူးဆန်းသည့် လေသံဖြင့် ပြန်ပြောလာသည်။
"ညီအစ်ကိုတို့...သူက ငါတို့ကို အကျိုးအကြောင်းနဲ့ ပြောဖို့ ကြိုးစားနေတာပဲ၊ ငါတို့က ကျိုးကြောင်းဆီလျော်စွာ ပြုမူတတ်တဲ့ပုံစံပေါက်နေတယ်လို့ မင်းတို့ရော ထင်ကြလား"
လူမိုက်တစ်ဒါဇင်ကျော်က အသားကုန် အော်ရယ်လာကြသည်။
"ဒီနေ့ ဘာတွေဖြစ်နေတာလဲ၊ ဘယ်ကိုသွားသွား တစ်လေသံတည်းရှိတဲ့လူတွေနဲ့ပဲ တွေ့နေရတယ်"
"ခေါင်းကိုက်စရာကောင်းလိုက်တာ..."
လီရှူးသည် ရွှီဖန်း၏ငြိမ်သက်နေသောမျက်နှာကို တိတ်တိတ်လေး ကြည့်နေသော်လည်း အလျင်စလို လှုပ်ရှားခြင်းမရှိပေ။
အသိပညာကင်းမဲ့ပြီး မကြောက်ရွံ့တတ်သော ကောင်လေးများကို လီရှူး များစွာ မြင်ဖူးပေသည်။
သူ့ဘေးနားကမိန်းမသည် အလွန်ကို လှသည်။
ပန်းပေါင်းစုံကိုမြင်တွေ့ဖူးသည့် လီရှူး၏နှလုံးသားတောင်မှ ရုတ်တရက် ခုန်လှုပ်လာသလို ခံစားရသည်။
ဒီလိုမိန်းမမျိုးက သာမန်ကောင်လေးတစ်ယောက်နှင့် ဘယ်လိုလုပ် ထိုက်တန်မည်နည်း။
လီရှူးသည် ထိုကဲ့သို့သော မိန်းမမျိုးနှင့် ပတ်သက်လာလျှင် အတွေ့အကြုံများစွာ ရှိသည်။ ပထမဆုံးအနေဖြင့် ထိုမျက်နှာဖြူလေးအား ရက်ရက်စက်စက် နင်းချေပစ်ရမည်။ ပြီးလျှင် ထိုမိန်းမက သူ့ရင်ခွင်ထဲသို့ လိမ္မာစွာ ရောက်လာလိမ့်မည်။
ရွှီဖန်းသည် သူ့ကို ပြုံးပြနေသော လီရှူးကို ကြည့်
ကာ ပြန်ပြုံးပြလိုက်သည်။ သူ့မျက်လုံးများက ရေတွင်းအိုကြီးတစ်ခုလို ငြိမ်သက်နေရာကနေ တဖြည်းဖြည်း အေးစက်လာလေသည်။
ဒီလိုလူမျိုးက သူ တိုက်ခိုက်ရန် မထိုက်တန်ပေ။သို့သော် သူနှင့် လာတွေ့ဆုံခဲ့ရတာကတော့ ကံကြမ္မာပင်။
ရွှီဖန်း စပြီး လှုပ်ရှားတော့မလို့ပင်။ ရုတ်တရက် သူ့အင်္ကျီလက်အား ဆွဲကိုင်လာသည့်လက်ကို ခံစားလိုက်ရသည်။ ရွှီဖန်း လှည့်ကြည့်လိုက်တော့ အဘိုးအိုက သူ့ကို ခေါင်းမာမာဖြင့် ခေါင်းယမ်းပြနေသည်ကို တွေ့လိုက်ရသည်။
"လူငယ်လေး...အခုဖြစ်နေတာ မင်းနဲ့ ဘာမှမဆိုင်ပါဘူး"
ရွှီဖန်းသည် အနည်းငယ် အံ့အားသင့်သွားသော်လည်း ဘာမှပြန်မပြောခဲ့ပေ။ အဘိုးအို၏ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ခါသွားပြီး သူ့ကိုယ်ထဲကနေ အော်ရာတစ်ခု ပွင့်ထွက်လာခဲ့သည်။
"ဒါက ငါ့ရဲ့ စစ်မြေပြင်ပဲ!"
အဘိုးအို၏ခွန်အားက သိပ်မပြင်းထန်သလို သူ့အသံကလည်း မကျယ်ပေ။ သူ၏ပုံပန်းသဏ္ဌာန်ကလည်း အလွန်အရပ်ရှည်သည်ဟု မဆိုနိုင်ပေ။ သို့သော် ထိုအချိန်တွင် အဘိုးအို၏ခန္ဓာကိုယ်မှ အော်ရာတစ်ခု ထုတ်လွှတ်နေလေသည်။
ရွှီဖန်းအရှေ့မှာရပ်နေသူသည် ရင်ဘတ်ထဲ၌ သွေးပွက်ပွက်ဆူနေသည့် ဆယ်ကျော်သက်တစ်ယောက်လိုပင်။
မကြောက်မရွံ့ဘဲ သေသည်အထိ တိုက်ပွဲဝင်ခြင်း!
သူ့လက်ထဲရှိ လေနှင့်မိုးတုတ်သည် အဘိုးအို၏ကျောရိုးကဲ့သို့ တည့်မတ်နေပြီး ထိုအရာမှာ သူ၏လက်နက်သာမကဘဲ သူ၏မာနပင်။
ရွှီဖန်းလည်း ဘေးကိုရွှေ့ကာ အဘိုးအို၏အနောက်ကို တိတ်တိတ်လေး ဆုတ်ပေးလိုက်သည်။
လက်ရှိအချိန်၌ ရွှီဖန်းသည် ပထမဆုံးအနေဖြင့် ပရိသတ်တစ်ယောက်ဖြစ်ရန် ဆန္ဒရှိနေခဲ့သည်။
ရွှီဖန်းက ကျူဟွာ၏အနောက်ကို ဆုတ်သွားသည့်အခါ လီရှူးမျက်နှာပေါ်ရှိ မထီမဲ့မြင်ပြုမှုက ပို၍တောင် ထင်ရှားလာခဲ့သည်။
သူက ပိုက်ဆံနည်းနည်းရှိပြီး ချမ်းသာတဲ့ဒုတိယမျိုးဆက်တစ်ယောက်ပဲ! အလကား...မိန်းမရှေ့မှာ မာန်တက်ပြချင်နေတာ!
ဘာမှမလုပ်ရသေးခင်မှာပင် ထိုလူက အရှုံးပေးနေလေပြီ။
လီရှူးသည် သူ့လက်ကို မဆိုင်းမတွ ဝှေ့ယမ်းလိုက်
သည်။
"ညီအစ်ကိုတို့ တိုက်ကြ! အဲ့ဒီအဘိုးကြီးကို သတ်ပစ်!"
လူမိုက်တစ်ဒါဇင်ကျော်သည် သူတို့၏လက်နက်များကို ဝှေ့ယမ်းကာ ကြောက်စရာကောင်းသော အပြုံးများဖြင့် ကျူဟွာဆီသို့ ပြေးဝင်လာကြသည်။
ရှေ့ဆုံးရှိ လူမိုက်တစ်ယောက်သည် သူ၏ဓားကြီးဖြင့် ကျူဟွာ၏လည်ပင်းကို ခုတ်ချလာသည်။ ထိုခုတ်
ချက်က ကျူဟွာ၏အသက်ကို ရည်ရွယ်ထားသည်။
ကျူဟွာသည် လေနှင့်မိုးတုတ်အား ပေါ့ပေါ့ပါးပါး မြှောက်လိုက်သည်နှင့် လေနှင့်မိုးတုတ်က ဓားသွားကို တည့်တည့်ထိသွားခဲ့သည်။ ဓားကြီးသည် လူမိုက်၏လက်ထဲကနေ လွင့်ထွက်သွားပြီး လေထဲ၌ အကွေးအဝိုက်တစ်ခုကို လုပ်၍ လီရှုးခြေထောက်
အောက်ရှိ သစ်သားကြမ်းပြင်ထဲကို တည့်တည့်ပင် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
လီရှူး၏မျက်နှာမှာ ဖြူဖျော့သွားခဲ့ပြီး သူ့ခန္ဓာကိုယ်
တစ်ခုလုံး တုန်ယင်သွားခဲ့သည်။ သူ့ခြေထောက်များမှာ ပျော့ခွေလာပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျလုနီးပါး ဖြစ်သွားရသည်။
ကျူဟွာသည် ဓားကြီးကို ရိုက်ထုတ်လိုက်ပြီးနောက် လေနဲ့မိုးတုတ်ဖြင့် လူမိုက်၏ရင်ဘတ်ကို ပေါ့ပေါ့ပါးပါး တို့လိုက်သည်။ လူမိုက်သည် မြေပြင်ပေါ်သို့ လဲကျကာ သတိလစ်သွားလေသည်။
အရှေ့ဆုံးက ခွေးကို ရှင်းထုတ်ပြီးသည်နှင့် တခြား ခွေးအုပ်စုသုံးလေးကောင်လောက်သည် လက်နက်များမြှောက်ကာ သူဆီ ရောက်လာကြပြန်သည်။
ကျူဟွာသည် စိတ်ပူခြင်းမရှိဘဲ သူ့လက်ထဲရှိ လေနှင့်မိုးတုတ်ကို လှည့်ကာ သူ့အရှေ့၌ စက်ဝိုင်းတစ်ဝက်ပုံစံ ဆွဲလိုက်သည်။ လူမိုက်သုံးယောက်သည် နောက်ပြန်လွင့်သွားခဲ့ပြီး သူတို့အနောက်မှလူများ၏ရင်ဘတ်များကိုပင် ဝင်တိုက်ကာ ကျန်လူမိုက်များကိုပါ ပါသွားစေခဲ့သည်။
တိုက်ပွဲရလဒ်နှင့် ပတ်သက်၍ သံသယဖြစ်စရာမရှိတော့ပေ။
ကျားခံတွင်းထဲသို့ ဝင်သွားသည့် သိုးတစ်ကောင်ကဲ့သို့ပင် ခွေးအုပ်စုများကို ကျူဟွာက မြေပြင်ပေါ်သို့ လျင်မြန်စွာ ရိုက်ချခဲ့နိုင်သည်။ လူမိုက်များသည် သူတို့ ၏ဒဏ်ရာများကို ဖုံးအုပ်ကာ အော်ဟစ်နေကြသည်။
ကျူဟွာလက်ထဲရှိ လေနှင့်မိုးတုတ်သည် တောင့်တင်းနေသော လီရှူးအား ထိုးလာသည်။ အဘိုးအိုမျက်နှာပေါ်ရှိ အမူအရာမှာ မာနများထောင်လွှားနေခဲ့သည်။
ရွှီဖန်းနှင့် ရှယန်ယွိတို့သည် ဘေးမှာရပ်နေပြီး အဘိုးအိုကို လက်ခုပ်တီးကာ အားပေးလိုက်ကြသည်။
သူ့မျက်နှာအနား ရောက်လာသည့် လေနှင့်မိုးတုတ်ကို မြင်သောအခါ လီရှူး၏ခြေထောက်များသည် ပျော့ခွေသွားခဲ့ပြီး ကျူဟွာ၏အရှေ့မှာ ဒူးထောက်ကျသွားခဲ့သည်။
"ဆရာကြီးကျူ ဒါ ကျွန်တော်လုပ်ချင်တဲ့ကိစ္စမဟုတ်ရပါဘူး၊ အရှေ့တိုင်းမိသားစုက ကျွန်တော့်ကို လုပ်ခိုင်းတာပါ၊ ကျွန်တော်မလုပ်ရင် သူတို့က ကျွန်တော့်
မိသားစုတစ်ခုလုံးကို သတ်ပစ်မယ်လို့ပြောတယ်"
လီရှူးသည် ကျူဟွာ၏အရှေ့မှာ ဒူးထောက်၍ အော်ဟစ်ငိုယိုနေသည်။
ကျူဟွာလက်ထဲရှိ လေနဲ့မိုးတုတ်သည် ထိုက်
တောင်တန်းကဲ့သို့ မယိုင်မလဲဘဲ ရှိနေလေသည်။ ၎င်းသည် လီရှူး၏အရှေ့မှာ တည့်တည့်မတ်မတ်ရှိနေပြီး လုံးဝမလှုပ်ရှားပေ။
"ဆရာကြီးကျူ ခင်ဗျား ကျွန်တော့်ကိုမသတ်နိုင်ပါဘူး! ဒီလိုလုပ်တာက ဥပဒေကို ချိုးဖောက်တာပဲ သိတယ်မလား!"
လီရှူးသည် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
ကျူဟွာလက်ထဲရှိ လေနှင့်မိုးတုတ်က အနည်းငယ် တုန်ယင်သွားခဲ့သည်။
*********************