← Chapters

ငါ မင်းကိုရိုက်တာ ဥပဒေနဲ့ မညီဘူးလား

Vol. 25 Ch. 370

ငါ မင်းကိုရိုက်တာ ဥပဒေနဲ့ မညီဘူးလား

Vol. 25 Ch. 370

လီရှူး အံ့အားသင့်သွားခဲ့သည်။ 

*ဒီဖုအာတိုင်က လူတစ်ယောက်ကို လွယ်လွယ်ရိုက်

နှက်ရဲတာလား...သူ ဥပဒေကို မကြောက်ဘူးလား*

(T/N - 'ဖုအာတိုင်'ဆိုတာ ချမ်းသာတဲ့မိသားစုကနေဆင်းသက်လာတဲ့ သူဌေးသားတွေကို ဆိုလိုတာပါ)

ဖုအာတိုင်တွင် အာဏာတချို့ရှိနေတာ သေချာပေသည်။ ထောင်က သူ့ကို မကြောက်စေနိုင်လျှင် ဓားကိုတောင် အသုံးပြုနိုင်လိမ့်မည်။

လီရှူးသည် ဒူးထောက်ထိုင်နေလျက် ပေါက်စီလုံးကဲ့သို့ ဖူးရောင်နေသော ညာဘက်ပါးပြင်ကို အုပ်ကိုင်ကာ ရွှီဖန်းကို အမုန်းတရားများစွာဖြင့် စိုက်ကြည့်လိုက်သည်။ 

သူ တီးတိုးပြောဆိုလိုက်သည်။

"မင်းက ဒီကို ပထမဆုံးရောက်ဖူးတဲ့သူပဲ ဟုတ်

တယ်မလား၊ အရှေ့တိုင်းကိုယ်ခံပညာကျောင်းကို ဘယ်သူပံ့ပိုးနေတာလဲဆိုတာ မင်းသိရဲ့လား၊ အဆိပ်

နဂါးဂိုဏ်း...အဲ့ဒါကို သိလား...တုယာဆိုတဲ့နာမည်ကိုရော ကြားဖူးလား၊ ငါ့ကို ထပ်ရိုက်ကြည့်လိုက်... မနက်ဖြန်နေထွက်တာကိုတောင် မင်း မြင်လိုက်ရမှာ မဟုတ်ဘူးလို့ ငါ အာမခံတယ်!"

ရွှီဖန်းသည် လီရှူး၏စကားမဆုံးခင်မှာပင် လက်ဝါးဖြင့် ထပ်မံရိုက်လိုက်သည်။ လီရှူးသည် တစ်ဖန်လွင့်

စင်သွားခဲ့ပြီး လေထဲတွင် သုံးပတ်ပတ်ပြီးမှ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြန်ပြုတ်ကျလာသည်။ သူ့ဘယ်ဘက်ပါးပြင်ကလည်း အမြန်ဖူးရောင်လာသည်။

လီရှူး၏မျက်လုံးများက အထက်ကိုလှန်သွားကာ ထပ်၍မေ့လဲသွားပြန်သည်။

ထပ်မံ၍ လီရှူး၏ခေါင်းပေါ်သို့ ရေအေးတစ်ပုံး လောင်းချလိုက်သည်။ လီရှူးသည် မေ့လဲနေရာမှ ပြန်နိုးလာခဲ့သည်။ ထို့နောက် နတ်ဆိုးကဲ့သို့ အေးစက်သောအသံက သူ့နားထဲတွင် ပဲ့တင်ထပ်လာသည်။

"ဒူးထောက်ပြီး ငါ့ခြေထောက်တွေကို လျှာနဲ့လျက်"

လီရှူးက မာကျောသည့် အစေ့မဟုတ်ပေ။ သူ့ဆီမှာသာ ခိုင်ခံ့သည့် အရိုးများရှိနေပါက တုန်ယင်လျက် ကျူဟွာ၏အရှေ့မှာ ဒူးထောက်ကျသွားခဲ့မည် မဟုတ်ပေ။

ရွှီဖန်းက သူ့ကို ထိရဲလိမ့်မည်မဟုတ်ဟု လီရှူး သေချာနေခဲ့သည်။ သို့သော်လည်း ရွှီဖန်း၏လက်ဝါးသည် အနည်းငယ်ပြင်းထန်ကာ လီရှူး၏သွားများကိုပင် ကျိုးစေခဲ့သည်။

ရွှီဖန်း၏စကားကို ကြားသောအခါ လီရှူးသည် ချက်ချင်းပင် ဒူးထောက်ချ၍ အမြီးနံ့နေသော ခွေးတစ်ကောင်ကဲ့သို့ ရွှီဖန်း၏ဖိနပ်များကို ပျော်ရွှင်စွာ လျှာဖြင့်လျက်တော့သည်။

ရွှီဖန်း မျက်မှောင်ကြုတ်၍ လီရှူး၏မျက်နှာကို ကန်

လိုက်ရာ ခုနစ်မီတာမှ ရှစ်မီတာခန့်သို့ လွင့်သွားခဲ့သည်။

"လျက်တာ မှားနေတယ်...ဟိုဘက် ခြေထောက်"

လီရှူး၏မျက်လုံးထဲ၌ ရက်စက်သောအကြည့်တစ်

ချက် လျှပ်ခနဲ ပေါ်သွားခဲ့သော်လည်း သူ လျင်မြန်စွာ ပြန်ဖုံးကွယ်လိုက်သည်။ ထို့နောက် ခွေးတစ်ကောင်

ကဲ့သို့ ရွှီဖန်းဆီသို့ တွားသွားလိုက်သည်။ 

သူ ရွှီဖန်း၏အရှေ့ကို တွားသွားကာ ကျန်သည့်ခြေထောက်ကို မဆိုင်းမတွပင် လျှာဖြင့်လျက်လိုက်

သည်။

ရွှီဖန်း လီရှူး၏ဆံပင်ကိုဆုပ်ကိုင်၍ သူ့ခေါင်းကို မြှောက်ကာ စကားတစ်လုံးချင်းစီ မေးလိုက်သည်။ 

"အခု ငါမင်းကိုရိုက်တာ ဥပဒေနဲ့ညီလား မညီဘူးလား"

လီရှူးသည် ခေါင်းကို ရူးသွပ်စွာ ခါယမ်း၍ တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်သည်။

ရွှီဖန်းသည် လီရှူး၏မျက်နှာကို ကန်လိုက်ရာ သူ လွင့်

သွားခဲ့သည်။

"မင်းပြောတာကို ငါ မကြားရဘူး"

လီရှူးက မြေပြင်ပေါ်တွင် လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေသည်ကို မြင်သောအခါ ရွှီဖန်းပြုံးလိုက်ပြီး သူ့ခေါင်းပေါ်သို့ ရေတစ်ပုံး ထပ်လောင်းချလိုက်သည်။

ရွှီဖန်း၏ကန်ချက်များက အလွန်ကျွမ်းကျင်ပေသည်။ ဒဏ်ရာမရစေခဲ့သော်လည်း အရိုးထိတိုင်အောင် နာကျင်စေပေသည်။

ရွှီဖန်း ထပ်မေးလိုက်သည်။

"ငါ မင်းကိုရိုက်တာ ဥပဒေနဲ့ ညီလား မညီဘူးလား"

လီရှူးက လုံးဝကို တောင့်တင်းနေလေသည်။ 

ဤနှစ်များမှာ သူ မြေအောက်လောကထဲတွင် အနည်းငယ်လုပ်ကိုင်ခဲ့ဖူးသည်။ သူသည် ပြဿနာများကို ဦးနှောက်ဖြင့်သာ ဖြေရှင်းလေ့ရှိပြီး မိန်းမများနှင့် ပျော်ပါးခဲ့သော်လည်း ကောင်းမွန်သောရလဒ်များ ရရှိစမြဲပင်။ 

သို့သော် လီရှူးသည် ယခုအခြေအနေအား လုံးဝ နားမလည်တော့ပေ။ ဒီဖုအာတိုင်သည် မြေအောက်လောကမှ လူဆိုးဂိုဏ်းသားများထက်ပင် ပို၍ကြမ်းတမ်းနေသည်။ မည်သည့်နည်းလမ်းကိုမဆို အသုံးပြုနိုင်

သည့်အလားပင်။ 

သို့သော်လည်း စက္ကန့်အနည်းငယ်အတွင်းမှာပင် လီရှူး၏တုံ့ပြန်မှုကိုမရတာကြောင့် ရွှီဖန်းသည် သူ့ညာခြေထောက်ကို ထပ်၍ ဆန့်တန်းလိုက်ပြန်သည်။

"ဘုန်း!"

လီရှူးသည် ခုနစ်မီတာ၊ရှစ်မီတာခန့် ထပ်လွင့်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲရှိအရိုးအားလုံး ကျိုးသွားသလိုမျိုး ခံစားနေရသည်။ 

နှလုံးသားကိုဆွဲဆန့်ထားသကဲ့သို့ နာကျင်မှုမရှိသော နေရာဟူ၍ တစ်နေရာမှ မရှိတော့ပေ။

ရွှီဖန်း၏အေးစက်သောအသံက အိပ်မက်ဆိုးတစ်ခုကဲ့သို့ လိုက်ပါလာသည်။

"ဒါက ဥပဒေချိုးဖောက်မှုလား"

လီရှူးသည် သူ့ခန္ဓာကိုယ်ပေါ်မှ နာကျင်မှုများကို သည်းခံလျက် ခွေးတစ်ကောင်ကဲ့သို့ ရွှီဖန်း၏အရှေ့ကို တွားသွားလိုက်သည်။ သူ ရွှီဖန်းအား ရူးသွပ်စွာဖြင့် ခေါင်းခါယမ်းပြလိုက်သည်။

ရွှီဖန်းသည် သူ့ကိုထပ်ကန်ချင်နေသေးသော်လည်း ကျူဟွာက သူ့ဆီလျှောက်လာပြီး အင်္ကျီလက်ကို ဆုပ်ကိုင်လာသည်။ 

"တော်တော့...မင်း ဆက်ရိုက်နေရင် သူသေတော့မယ်"

လီရှူးကို ကြည့်ကာ ရွှီဖန်း အေးစက်စွာ အော်လိုက်

သည်။

"ထွက်သွား!"

ကမ္ဘာပေါ်တွင် အံ့သြဖွယ်အကောင်းဆုံးသော အသံကို ကြားလိုက်ရသကဲ့သို့ လီရှူးသည် သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ ဆွဲယူကာ အလွန်သောကရောက်နေသည့်ပုံစံဖြင့် တံခါးဆီ တွားသွားလိုက်သည်။

လီရှူး ထွက်သွားသည်ကို မြင်သောအခါ ကျူဟွာ၏ ခြေထောက်များလည်း ပျော့ခွေလာခဲ့ပြီး ရွှီဖန်းရှေ့၌ ဒူးထောက်လာသည်။ ရွှီဖန်း အမြန်ပင် ကျူဟွာကို တားလိုက်သည်။

"အဘိုး ဒီလိုတွေ မလုပ်ပါနဲ့"

ကျူဟွာ၏မျက်လုံးထဲမှ မျက်ရည်များ စီးကျလာသည်။ ရွှီဖန်းနှင့် ရှယန်ယွိတို့သည် ချက်ချင်းပင် ကျူဟွာ၏နောက်ကျောကို ပုတ်ကာ အဘိုးအိုကို နှစ်သိမ့်ပေးလိုက်ကြသည်။

ခဏအကြာတွင် ကျူဟွာက စိတ်ငြိမ်သက်သွားပြီး ရွှီဖန်းနှင့် ရှယန်ယွိတို့ကို ကြည့်ကာ ပြောလာသည်။ 

"ရယ်စရာတွေ မြင်စေမိပြီ"

"ဘယ်လိုလုပ် ရယ်စရာဖြစ်ရမှာလဲ၊ ကျွန်တော်တို့ မြင်ခဲ့ရတာတော့ အဘိုးရဲ့သူရဲကောင်းစိတ်ဓာတ်ကိုပဲ"

ရှယန်ယွိကလည်း ကျူဟွာကို လက်မထောင်ပြလာသည်။

"ဆရာကြီးက အရမ်းသန်မာတာပဲ...ကျွန်မတို့လေးစားတာတောင် နောက်ကျနေပြီ"

ကျူဟွာသည် အတင်းအကျပ် ပြုံးလိုက်သော်လည်း ရုတ်တရက်ပင် တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။ သူ ထိတ်လန့်သွားကာ အမြန် ထရပ်လိုက်သည်။

"မြန်မြန် ထွက်သွား!"

ရွှီဖန်းသည် ကျူဟွာ၏မျက်နှာအမူအရာကို မြင်

သောအခါ သူ ဘာကို စိုးရိမ်နေသလဲဆိုတာကို နားမလည်ဘဲ မနေချေ။ သို့သော် ကျူဟွာမျက်လုံးထဲရှိ ဒုက္ခက ရွှီဖန်းအတွက် ပြောပလောက်စရာပင် မရှိချေ။ 

ထို့ကြောင့် သူ ထွက်ခွာရန် စိတ်မစောသေးပေ။ 

ဆန့်ကျင်ဘက်အားဖြင့် သူသည် ကျူဟွာအား အရှေ့တိုင်းကိုယ်ခံပညာကျောင်း၏ အကြောင်းကို မေးမြန်းနေခဲ့သည်။

ရွှီဖန်းက ခေါင်းမာမာဖြင့် ထိုနေရာတွင်သာ ရှိနေသည်ကို မြင်သောအခါ ကျူဟွာသည် စိုးရိမ်တကြီး ဖြင့် ခြေထောက်ဆောင့်လာသည်။

"ညီငယ်လေး မင်းမသိလို့၊ လီရှူးရဲ့နောက်ကွယ်မှာ အရှေ့တိုင်းကိုယ်ခံပညာကျောင်းရှိနေတယ်၊ အဲ့ဒီကျောင်းကို အရှေ့တိုင်းကိုယ်ခံပညာကျောင်းလို့ ခေါ်ဝေါ်ပေမဲ့ တကယ်တမ်းကျတော့ လူဆိုးတွေ ပျော်ပါးဖို့ ဖွင့်ထားတဲ့ နေရာတစ်ခုပဲ၊ ငါ သူတို့ကို မရောင်းချင်တာက သူတို့ရဲ့နေထိုင်မှုပုံစံကို သိလို့ပဲ၊ တစ်နေကုန်လုံး ရာဇဝတ်မှုတွေပဲ လုပ်နေကြတာ၊ ဒိုဂျိုလို့သာ ပြောတယ်...သူတို့မှာ သဲအိတ်တောင် မရှိဘူး၊ ကုတင်တွေနဲ့ မိန်းမတွေပဲ ရှိတာ..."

ရွှီဖန်းကတော့ ခေါင်းမာဆဲပင်။

"ဒါဆို ကျွန်တော် မထွက်သွားနိုင်သေးဘူး၊ ခုနက သူ့ကို ပါးရိုက်ခဲ့ပေမယ့် ကျွန်တော့်ဒေါသက မပြေသေးဘူး၊ ပြီးတော့ အရှေ့တိုင်းကိုယ်ခံပညာကျောင်းကလည်း ကောင်းတဲ့နေရာ မဟုတ်နေဘူး၊ တစ်ယောက်ယောက်လာခဲ့ရင် ကျွန်တော့်ဒေါသကို ဖြေလျှော့လို့ရတယ်"

ကျူဟွာက သက်ပြင်းချသည်။

"ညီငယ်လေး မင်းကငယ်သေးတော့ နားမလည်ဘူး၊ ဒီနေ့ခေတ်ကိုယ်ခံပညာလောကက အရင်မျိုးဆက်တွေလို မဟုတ်တော့ဘူး...ညစ်ပတ်နေပြီ၊ ဘာအန္တရာယ်လဲ...ဘာမျှတမှုလဲ...သူတို့မျက်လုံးထဲမှာတော့ အဲ့တာတွေအားလုံးက အဓိပ္ပာယ်မဲ့တယ်၊ အရှေ့တိုင်းဒိုဂျိုက တကယ်တော့ အဆိပ်နဂါးဂိုဏ်းပဲ၊ ပိုင်ရှင်ကလည်း ဂိုဏ်းခေါင်းဆောင်ပဲ...သူ့နာမည်ကို တုယာလို့ခေါ်တယ်၊ သူက ရက်စက်ပြီး ကြင်နာမှုမရှိတဲ့လူအဖြစ် နာမည်ကြီးနေတာ၊ ဒါ့အပြင် သူ့မှာ နက်ရှိုင်းတဲ့နောက်ခံနဲ့ ကြီးမားတဲ့အာဏာလည်း ရှိသေးတယ်၊ ရဲတွေကတောင် သူ့ပိုက်ဆံစားထားကြတာ၊ ညီငယ်လေး မင်း အခု မထွက်သွားရင် နောက်ကျသွားမှာ စိုးရိမ်မိတယ်"

ရွှီဖန်းကတော့ ခေါင်းကို ခါယမ်းနေဆဲပင်။ တုယာဆိုသည့် လူက သာမန်လူဆိုးလေးတစ်ယောက်ပင်။ ရွှီဖန်းက ဘယ်လိုလုပ် သူ့ကို အလေးအနက်ထားမည်နည်း။

ရှယန်ယွိ၏ပုံပန်းသဏ္ဌာန်မှာ နူးညံ့၍အားနည်းပုံပေါ်သော်လည်း သူမ၏နှလုံးသားက ခိုင်မာသည်။ သူမသည် ရွှီဖန်း၏ဘေးတွင် ခိုင်မြဲစွာရပ်လျက် ပြောလာသည်။ 

"အဘိုး ကျွန်မတို့ မထွက်သွားဘူး! ကျွန်မတို့ ထွက်သွားရင် အဘိုးကျ ဘာလုပ်မလဲ"

ကျူဟွာသည် ဒေါသထွက်သွားသလို တစ်ချိန်တည်းမှာပင် ရင်ထဲလည်း ထိသွားခဲ့သည်။ တစ်ဖက်တွင်မူ သူတို့သည် အခြေအနေကို နားမလည်ဘဲ ခေါင်းမာလွန်းပေသည်။ တစ်ဖက်၌ သူသည် အဘိုးအိုသာ ဖြစ်သည်။ သူ့အသက်က ဘယ်လိုလုပ် အရေးကြီးမည်နည်း။ သူ ရင်ထဲထိသွားသော်လည်း ထိုနှစ်ယောက်အတွက် စိုးရိမ်နေတုန်းပင်။ 

ရုတ်တရက်ပင် ခြေသံများ ကြားလိုက်ရသည်။ ကျူဟွာ၏မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး အမြန် ပြောလိုက်သည်။ 

"ခဏနေရင် ငါ့အနောက်မှာ ရပ်ပြီး လီရှူးကို ထိခိုက်အောင် ငါ လုပ်ခဲ့တယ်လို့ ပြောလိုက်!"

ကျူဟွာသည် တစ်သက်လုံး ကိုယ်ခံပညာလောက တွင် နေခဲ့ခြင်းဖြစ်သည်။ သူသည် ကြီးမားသောအင််အားစုများနှင့် မတွေ့ဖူးဘဲ မနေချေ။ ထို့ကြောင့် ခြေသံအနည်းငယ်က သူ့ကို မခြောက်နိုင်ပေ။ ရွှီဖန်းနှင့် ရှယန်ယွိတို့ကိုသာ သူ စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ 

ကျူဟွာက ရွှီဖန်းတို့ကို ထိုကဲ့သို့ ဆက်ဆံသည်ဖြစ်ရာ ရွှီဖန်းသည် ကျူဟွာကို စွန့်ပစ်ရန် မည်သို့ စိတ်ကူးနိုင်မည်နည်း။

၎င်းမှာ "သူရဲကောင်းတို့သည် သူရဲကောင်းများကို ချစ်မြတ်နိုးသည်" ဟူသော စကား၏အဓိပ္ပာယ်ဖြစ်ပေသည်။

ရောက်ရှိလာတော့မည့်ခြေသံများနှင့်ပတ်သက်၍ သူတို့နှစ်ဦးစလုံး အလေးအနက်မထားခဲ့ကြပေ။

ကျူဟွာသည် တစ်သက်လုံး ကိုယ်ခံပညာကို လေ့ကျင့်ခဲ့သည်။ သူသည် အခုအချိန်ထိ ရှင်သန်ခဲ့ရာ သေခြင်းတရားကိုပင် ကာလကြာမြင့်စွာ မေ့လျော့နေခဲ့သည်။ သူ့ကိုယ်ပိုင်ဒိုဂျိုထဲ၌ လေနှင့်မိုးတုတ်ကို ကိုင်ဆောင်ကာ သေဆုံးရခြင်းသည် နောင်တရဖွယ်ရာမရှိပေ။

ရွှီဖန်း အလေးအနက်မထားရသည့် အကြောင်းအရင်းမှာ ထိုလူအုပ်စုကို မျက်လုံးထဲ မထည့်သောကြောင့်

ပင်။ 

သူ မာနမကြီးတတ်သော်လည်း ကမ္ဘာမြေအဆင့်

ကျွမ်းကျင်သူတစ်ဦး၏ ယုံကြည်မှုနှင့် စိတ်ချမှုကို တော့ မဖုံးကွယ်ထားနိုင်ပေ။ 

အနိုင်မခံသလို အရှုံးလည်းမပေးပေ။

**********************

All Chapters