တစ်ချိန်တည်း တွေ့ဆုံမှု
Vol. 25 Ch. 371
ဒီနေ့ လျိုချောင်ဖန်တစ်ယောက် အလွန်စိတ်ညစ်နေသည်။ သူနှင့်ခင်မင်ရင်းနှီးသော သူငယ်ချင်းတစ်ယောက်က သူ့ကို အကူအညီတောင်းလာခဲ့ရာ လျိုချောင်ဖန်သည် သူငယ်ချင်း၏မျက်နှာကို မငြင်းနိုင်တာနှင့် သဘောတူလိုက်ရသည်။
သူ့ဖခင်နှင့်ဆက်ဆံရေးကို အသုံးချ၍ နာရီအနည်းငယ်အကြာတွင် စက်မှုနှင့်ကုန်သွယ်ရေးဗျူရိုအဖွဲ့တစ်ခုနှင့်အတူ ရောက်လာခဲ့သည်။ ဒီတစ်ခါ ပစ်မှတ်က သေးငယ်သောဒိုဂျိုလေးတစ်ခုဖြစ်နေသည်ကို သူ သဘောပေါက်လိုက်သည်။
(T/N - အော်သာက အရှေ့ပိုင်းမှာ စီးပွားရေးဗျူရိုလို့ ရေးထားပြီး အခုအပိုင်းမှာ စက်မှုနှင့်ကုန်သွယ်ရေးဗျူရိုလို့ ပြောင်းရေးထားလို့ပါ)
လျိုချောင်ဖန်ကို ပို၍စိတ်တိုစေသည်မှာ သူ့သူငယ်ချင်း၏ခွေးတစ်ကောင်က ခဏစောင့်ပေးရန် တောင်းဆိုနေတာပင်။
ဘာတဲ့။ အထဲက လူတွေ ကြမ်းပါစေဦးဆိုပဲ။
ဘယ်လိုကောင်လဲဟ!
လျိုချောင်ဖန်သည် ထိုလူအား ပါးရိုက်လုနီးပါး ဖြစ်သွားရသည်။
*ငါ့မှာ ဘယ်လိုဂုဏ်ပုဒ်မျိုး ရှိနေတယ်မှတ်လဲ...မင်းက ငါ့ကို ဒီမှာ စောင့်ခိုင်းချင်တာလား၊ မင်းတို့ မိမိုက်သလို ပြုမူချင်ရုံအတွက်နဲ့လေ*
သို့သော် သူ့သူငယ်ချင်းများအတွက် ထိုခွေးကောင်
သည် သူ့ကို ကောင်းကောင်း တောင်းပန်နေခဲ့တာကြောင့် လျိုချောင်ဖန်မှာ အေးစက်သောမျက်နှာဖြင့် သဘောတူလိုက်ရသည်။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့သည်။ လျိုချောင်ဖန်၏ ခပ်ဝဝမျက်နှာသည် မည်းမှောင်လာပြီး သွေးများစီးကျတော့မလိုတောင် ဖြစ်နေလေပြီ။
*သူက ခွေးတစ်ကောင်ပဲလေ...ဘယ်လို ဂုဏ်မျိုးရှိနေလို့လဲ၊ သူ့မှာ မျှော်လင့်ချက်ပြင်းပြခွင့်မရှိဘူးမလား၊ မိမိုက်သလိုဟန်ဆောင်ရတာများပြီး စွဲလမ်းသွားတာလား*
*လျိုချောင်ဖန်သည် အထဲကိုဝင်၍ ထိုမြင်းပေါက်စ
၏မျက်နှာကို ဖိကာ ပါးနှစ်ချက်သုံးချက်လောက် ရိုက်၍ သူ့ဒေါသကို ဖြေလျှော့သင့်မသင့် စဉ်းစားနေတုန်းမှာပင် ထိုမြင်းပေါက်စသည် နောက်ဆုံးမှာတော့ထွက်လာခဲ့သည်။
သို့သော် သူက လမ်းလျှောက်ထွက်လာခြင်းမဟုတ်
ပေ။ တကယ်တော့... တွားသွားထွက်လာခြင်းဖြစ်သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ စိုရွှဲနေပြီး ပါးနှစ်ဖက်လုံးက ရောင်ကိုင်းနေသည်။ နီးကပ်လာလေလေ သူ့အပေါ်က ဖိနပ်ရာများက ပို၍သိသာလာသည်။
လျိုချောင်ဖန် ရယ်မောလုနီးပါး ဖြစ်သွားရသည်။
*စောက်ကျိုးနည်း...ငါ လူတွေ မိမိုက်နေတာကို မြင်ဖူးပေမဲ့ ဒီလိုမိမိုက်ပြတာမျိုးတော့ တစ်ခါမှ မမြင်ဖူးဘူး*
မျက်နှာဖြတ်ရိုက်ခံရခြင်းဆိုသည့် ဒဏ္ဍာရီဆန်သော
လုပ်ရပ်က သူ့အရှေ့မှာ ပေါ်လာခဲ့လေပြီ။
ထိုခွေးကောင် တွားသွားထွက်လာသည့်အချိန်တွင် သူသည် မျှော်လင့်ချက်ရှာနေသလိုမျိုး လျိုချောင်ဖန်ဘက်ကို ကြည့်လာသည်။ ထို့နောက် ထိုခွေးကောင်သည် သူ၏ မဖုံးကွယ်ထားသော အပြုံးကို မြင်သွားလေသည်။
ခွေးကောင်က ချက်ချင်းပင် သတိလစ်သွားခဲ့သည်။ လျိုချောင်ဖန်သည် လုံလောက်အောင် ရယ်မောပြီးနောက် သူ့မျက်နှာက ပြန်လည်အေးစက်သွားခဲ့သည်။
သူငယ်ချင်းတစ်ယောက်က ဒီကိစ္စကို အပ်နှံထားတာကြောင့် သူ အဆင်မပြေတာလုပ်မိလျှင် နောက်ဆုံးမှာ ကြည့်ကောင်းမည်မဟုတ်ပေ။
ထိုကြောင့် လျိုချောင်ဖန်သည် ကားပေါ်ကနေ ချက်ချင်းပင် ခုန်ဆင်းလိုက်ပြီး သူ့အရှေ့မှ လူဆယ်ယောက်ကျော်ကို လက်ပြလိုက်သည်။ ထို့နောက် သူက ဦးဆောင်ကာ ကိုယ်ခံပညာအဆောက်အဦးထဲသို့ ပေါ့ပေါ့ပါးပါး လျှောက်ဝင်သွားလိုက်သည်။ သူ့အနောက်မှ လူများကိုတောင် တစ်ချက်မှ မကြည့်ခဲ့ပေ။
လျိုချောင်ဖန်က ရဲရင့်လွန်း၍ မဟုတ်ပေ။ သူ့စိတ်ထဲ၌ ရှင်းရှင်းလင်းလင်း သိထားသည့်အရာမှာ သူသည် ကျောင်းကို စိန်ခေါ်ရန် ရောက်လာတာမဟုတ်ဘဲ တံဆိပ်ခတ်ရန် ရောက်လာတာပင်။
နှစ်ဆယ့်တစ်ရာစု၏ ဥပဒေစိုးမိုးရေးကို ဘယ်သူက ငြင်းဆန်ရဲမည်နည်း။ သူ၏ကိုယ်ပိုင်
အထောက်အထားကပါ ရှိနေလျှင် ဘယ်သူက သူ့ကို ထိရဲမည်နည်း။
အသက်ရှင်ရတာ ငြီးငွေ့နေသောလူ မဟုတ်သ၍ပင်။
လျိုချောင်ဖန်သည် ထိုကဲ့သို့ တွေးနေရင်း ကိုယ်ခံပညာအဆောက်အဦးထဲကို လျှောက်ဝင်လာခဲ့ပြီးနောက် ရင်းနှီးသောမျက်နှာတစ်ခုကို မြင်လိုက်ရသည်။
ဒီလိုဖြင့် လျိုချောင်ဖန်နှင့်ရွှီဖန်းသည် ဒုတိယအကြိမ် ဆုံတွေ့ခဲ့ကြပြန်သည်။
"အစ်ကို အစ်ကိုရွှီလား"
လျိုချောင်ဖန်မှာ နေရာမှာတင် တောင့်တင်းသွားခဲ့သည်။ ရွှီဖန်းသည် အစကတော့ လျိုချောင်ဖန်ကို မမှတ်မိခဲ့ပေ။ သို့သော် အစ်ကိုရွှီဟူသည့် နာမည်ကို ကြားပြီးနောက် မနေ့ညက ကောင်းကင်ပြာဟိုတယ်မှာ ဝမ်ဖေး၏ဘေးကနေ လိုက်ပါလာသော ဝတုတ်
ကလေးကို သတိရသွားခဲ့သည်။
လျိုချောင်ဖန်အနောက်မှ ဥပဒေစိုးမိုးရေးအရာရှိ ဒါဇင်ကျော်ကို မြင်သည့်အခါ ရွှီဖန်း၏မျက်နှာက ချက်ချင်းပင် အေးစက်သွားသည်။
"မင်းတို့ ဒီကို ဘာလုပ်ဖို့လာတာလဲ"
လျိုချောင်ဖန်၏ မျက်နှာပေါ်၌ ချွေးအေးများ စီးကျ
လာသည်။ လျိုချောင်ဖန်သည် ရွှီဖန်းက လူရိုက်
နှက်တာကို ကိုယ်တိုင်မြင်ဖူးခဲ့သည်။ ထို့အပြင် ခရစ်စတယ်ကုလားထိုင်ခုံကို အံ့သြဖွယ်ရာ ကျွမ်းကျင်မှုဖြင့် ဖုန်မှုန့်များဖြစ်အောင် ချိုးပစ်ခဲ့သည်ကိုလည်း မြင်ခဲ့ဖူးသည်။
ဒါကြီးက ဘယ်လိုလုပ် လူဖြစ်နိုင်မှာလဲ! သူက တကယ်ကို နတ်ဘုရားတော့ မဟုတ်ဘူးမလား!
ရွှီဖန်း၏မျက်စိစူးစူးဖြင့် ကြည့်နေတာကို မြင်သည့်
အခါ လျိုချောင်ဖန်ထံ၌ ချက်ချင်းပင် ဒူးထောက်
ချင်သော စိတ်ဆန္ဒတစ်ခု ပေါ်လာသည်။ ကံကောင်းစွာနှင့်ပင် လျိုချောင်ဖန်သည် ရွှီဖန်း၏ချောင်းဟန့်သံကို အချိန်မီ ကြားလိုက်ရသည်။ ထိုအခါမှသာ လျိုချောင်ဖန်သည် တုန်ယင်စွာ ထရပ်၍ မျက်နှာညှိုးငယ်စွာဖြင့် ပြောလိုက်သည်။
"အစ်ကိုရွှီ! ကျွန်တော့်ကိစ္စကြောင့် ရောက်လာတာ မဟုတ်ပါဘူး"
သူတို့သခင်လေးက ငှက်တစ်ကောင်လို ကြောက်ရွံ့စွာ ပြုမူနေသည်ကို မြင်သောအခါ ဝန်ထမ်းများက ကြောင်သွားကြသည်။
သူတို့သခင်လေး၏စွမ်းဆောင်ရည်ကို ဘယ်သူက မသိဘဲ ရှိမည်နည်း။ တစ်ဖက်လူက သူ့ကို မကျေနပ်
စေသည်နှင့် ချက်ချင်းပင် ရိုက်နှက်တော့တာ ဖြစ်သည်။
သခင်လေးက ဘယ်တုန်းကတည်းက ဒီလို နာခံသွားတာလဲ။
လူငယ်မျိုးဆက်ထဲမှာဆိုလျှင် သူတို့သခင်လေးသည် ပြည်နယ်အုပ်ချုပ်ရေးမှူးအကြီးအကဲ၏ သားနှင့် တွေ့လျှင်တောင်မှ ဒီလောက်ထိ အရှက်ရပြီး ကြောက်လန့်နေတာမျိုး မရှိခဲ့ပေ။
သူတို့ရှေ့က ဒီလူငယ်လေးက ဘယ်သူများပါ့လိမ့်။
ရွှီဖန်း ပြုံးလိုက်ကာ...
"အိုး...ဒါဆို ငါက မင်းကို စွပ်စွဲမိတာလား"
"အစ်ကိုရွှီ! ကျွန်တော် ဘာလို့ ဒီကိုရောက်နေမှန်း မသိပါဘူး..."
လျိုချောင်ဖန်သည် မျက်ရည်ကျတော့မတတ် ဖြစ်နေလေပြီ။ ခုနကခွေးကောင် မျက်နှာဖြတ်ရိုက်ခံခဲ့ရသည်မှာ ကောင်းကောင်းမကြမ်းပြခဲ့၍ဖြစ်ကာ သူ့ကံပင်။
သို့သော် သူသည်လည်း ဤသတ်ဖြတ်ရေးနတ်ဘုရား ရှေ့မှောက်၍ အာဏာမပြရဲတော့ပေ။
ရွှီဖန်း၏အသံက ပို၍ အေးစက်လာသည်။
"အိုး... ငါ နားလည်ပြီ၊ မင်းပြောချင်တာက မင်းက ဒီကို ငါ့ကို လာစနောက်ဖို့ ရောက်လာတာလား"
လျိုချောင်ဖန်၏ ခြေထောက်များမှာ ပျော့ခွေပြီး ဒူးထောက်ကျတော့မလို့ပင်။ သို့သော် ထိုအချိန်၌ ရုတ်တရက် အသံတစ်သံက ထွက်ပေါ်လာသည်။
"ခင်ဗျားက ဘယ်သူလဲ၊ ကျွန်တော်တို့ စက်မှုနှင့် ကုန်သွယ်ရေးဗျူရိုက ရောက်လာတာကို မမြင်ဘူးလား၊ ကျွန်တော်တို့ ဒီကို ရောက်လာတာ လုပ်စရာရှိလို့ပေါ့!"
ရွှီဖန်း လှည့်ကြည့်လိုက်သည့်အခါ အလုပ်ဝတ်စုံဝတ်ထားသည့် လူငယ်တစ်ယောက်က သူ့အား မနှစ်မြို့သောမျက်နှာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
လျိုချန်သည် ဒီနှစ်မှ ကျောင်းပြီးခါစ လူသစ်
တစ်ယောက်အနေဖြင့် ဗျူရိုကို ဝင်ရောက်ထားခဲ့သည်။ သူ့သခင်လေး ဒုက္ခရောက်နေတာကို မြင်သောအခါ ချက်ချင်းပင် မဆိုင်းမတွ ထွက်ရပ်လိုက်သည်။
သခင်လေးက ငယ်သေးသည့်အပြင် သူတို့အားလုံးက အခု ဥပဒေစိုးမိုးရေးဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ဘာကြောက်စရာ ရှိလို့လဲ။ ဥပဒေစိုးမိုးရေးဝန်ထမ်းကို ဘယ်သူက ထိရဲမည်နည်း။
ရွှီဖန်းသည် လျိုချန်ကို တစ်ချက်သာ ကြည့်၍ စိတ်ဝင်စားမှုက ချက်ချင်းပင် လျော့ကျသွားသည်။ သူ ထပ်လှည့်ကာ လျိုချောင်ဖန်ကို ပြန်ကြည့်လိုက်သည်။
လျိုချောင်ဖန်သည် လုံးဝ တောင့်တင်းသွားလေသည်။
သူ့အရှေ့မှနတ်ဘုရားသည် သူ့အပေါ်မှာ ကောင်းမွန်သောအမြင် မရှိပေ။ ထို့အပြင် သူ့ ညီငယ် လေးကပါ သူ့ခေါင်းပေါ်သို့ သေးတစ်ပန်းကန်လောက် လောင်းချခဲ့သေးသည်။
ဒါ ဘယ်လိုညီငယ်တုန်း! မင်း မကြာခင် သေတော့မှာ မသိဘူးလားကွ!
လျိုချောင်ဖန်သည် ရွှီဖန်းမျက်လုံးထဲရှိ အေးစက်သောအကြည့်ကို မြင်သောအခါ သူ့ခန္ဓာကိုယ်
တစ်ခုလုံး တုန်ယင်သွားခဲ့သည်။ သူ နောက်ဆုံးမှာတော့ သတိပြန်ဝင်လာပြီး တုန်ယင်စွာဖြင့် လက်မြှောက်ကာ လျိုချန်၏မျက်နှာကို ရက်ရက်စက်စက် ရိုက်ချလိုက်သည်။
"ဖြောင်း!"
လျူချန်၏မျက်နှာပေါ်မှာ အနီရောင် လက်ဝါးရာတစ်ခု ချက်ချင်း ပေါ်လာသည်။
"မင်း ဘယ်လိုကောင်လဲ၊ အစ်ကိုရွှီ စကားပြောနေတုန်း ဘာလို့ဖြတ်ပြောရတာလဲ! ဒူးထောက်စမ်း! အစ်ကိုရွှီကို တောင်းပန်လိုက်!"
လျူချန်က မိုက်မဲစွာ ရပ်နေသေးတာကို မြင်သည့်အခါ လျိုချောင်ဖန်၏မျက်နှာပေါ်ရှိ အပေါက်ခုနစ်ပေါက် ကနေ မီးခိုးများ ထွက်လုနီးပါး ဒေါသထွက်သွားခဲ့သည်။ သူ လျိုချန်၏မျက်နှာကို ချက်ချင်းပင် ထပ်
ရိုက်လိုက်သည်။
သို့သော် ပါးရိုက်ရန် လက်က မျက်နှာကိုမရောက်သေးခင်မှာပင် တစ်စုံတစ်ယောက်က ဖမ်းဆုပ်လာသည်။
လျိုချောင်ဖန် ဒေါသထွက်တော့မလို့ပင်။ သို့သော် သူ လှည့်ကြည့်လိုက်သည့်အခါ ရွှီဖန်းကို မြင်လိုက်တာကြောင့် ချက်ချင်းပင် သူ့မျက်နှာမှာ ပြောင်းလဲသွားခဲ့သည်။
"အစ်ကိုရွှီ...ကျေးဇူးပြုပြီး နားလည်မှုလွဲတာမျိုး မဖြစ်ပါနဲ့၊ တကယ်ကို ဘာပြဿနာမှ လာရှာတာ မဟုတ်ပါဘူး၊ ကျွန်တော် ဒီဒိုဂျိုကို ကွန်ဖူးသင်ဖို့ လာတာပါ"
လျိုချောင်ဖန်၏ပြုံးရွှင်နေသော ဝကစ်ကစ်မျက်နှာကို ကြည့်ရင်း ရွှီဖန်း၏လေသံမှာ အနည်းငယ် နှေးကွေးသွားခဲ့သည်။
"ဒါဆို ငါလည်း နားလည်မှုလွဲခဲ့ပြီ ထင်ပါတယ်"
လျိုချောင်ဖန်သည် ခေါင်းကို ကြက်ကလေး ဆန်
ကောက်သလိုမျိုး ခေါင်းညိတ်လိုက်သည်။
"ဒါက သေချာပေါက်နားလည်မှုလွဲတာပါ၊ အစ်ကိုရွှီ...မင်းက အလုပ်များနေတာဆိုတော့ ကျွန်တော် ဆက်မနှောင့်ယှက်တော့ပါဘူး"
ရွှီဖန်း ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ လျိုချောင်ဖန်သည် နောက်ဆုံးမှာတော့ စိတ်သက်သာရာ ရသွားခဲ့သည်။ သူ တစ်ဖက်ကိုလှည့်ကာ သူ၏ဉာဏ်
ရည်မမီသော ညီအစ်ကိုအုပ်စုကို ကြည့်၍ အော်
လိုက်သည်။
"မင်းတို့ ဘာကို ရပ်နေကြသေးတာလဲ၊ ဒီမှာ အသက်ကြီးတဲ့သူနဲ့ အမျိုးသမီးတွေရှိနေတာ မမြင်ကြဘူးလား၊ သူ့ကို ကြောက်အောင်လုပ်မိရင် ဘယ်လိုလုပ်မလဲ၊ မြန်မြန် ထွက်သွားကြ! နောက်တစ်ခါ မင်းတို့တွေ သူတို့ကို ထပ်ကြောက်အောင် လုပ်ရဲရင် ငါ လျိုချောင်ဖန်က မြင်တိုင်း ရိုက်ပစ်မယ်!"
*******************