ကျူပင်း
Vol. 25 Ch. 372
လျိုချောင်ဖန်တို့အဖွဲ့သည် ဒိုဂျိုကနေ ထွက်ပြေးသွားကြသည်။ သူတို့ ချန်ထားခဲ့သည့် စကားများ၏အဓိပ္ပာယ်က ရှင်းပေသည်။ နောက်ဆိုလျှင်
စက်မှုနှင့် ကုန်သွယ်ရေးဗျူရိုက ဒီကိုလာပြီး ပြဿနာရှာတော့မည် မဟုတ်ပေ။
သို့သော် ရွှီဖန်းသည် လျိုချောင်ဖန်ကို ထွက်သွားခွင့်ပြုခဲ့သည်မှာ သူ့စိတ်ထဲ၌ အတွေးတစ်ခု ရှိနေ၍ပင်။
ဒိုဂျိုကို ဖွင့်လှစ်ချင်သည့် သူ့ရည်ရွယ်ချက်က ဘာလဲ။ သင်ကြားရေးစွမ်းရည်များကို အသုံးချကာ ကြီးမားသည့် ဆက်သွယ်ရေးကွန်ရက်တစ်ခုကို တည်ဆောက်ရန် ဖြစ်သည်။ လျိုချောင်ဖန်က သူ၏လိုအပ်ချက်များနှင့် ကိုက်ညီနေသည်။
သို့သော် ထိုကဲ့သို့ကိစ္စမျိုးကို ဒိုဂျိုဖွင့်ပြီးမှသာ လုပ်ဆောင်မှာဖြစ်သည်။ သူ့လို သခင်လေးတစ်
ယောက်အား လက်အောက်ခံဖြစ်အောင် လုပ်ရန်မှာ ရွှီဖန်းအတွက် မခက်ခဲပေ။
ရွှီဖန်းက လျိုချောင်ဖန်တို့အဖွဲ့အား စကားအနည်းငယ်ဖြင့် ရှင်းထုတ်လိုက်သည်ကို မြင်
သောအခါ ရှယန်ယွိကတော့ ဘာမှမဖြစ်ခဲ့ပေ။ သူမသည် အရင်ကတည်းက ကျင့်သားရနေပြီဖြစ်သည်။သို့သော် ကျူဟွာကတော့ ပါးစပ်မစေ့နိုင်အောင် အံ့အားသင့်နေခဲ့သည်။
လူငယ်လေးသည် ကိုယ်ခံပညာမှာ ထူးချွန်ရုံသာမက သူ့နောက်ခံကလည်း အလွန်နက်ရှိုင်းလွန်းသည်။ စက်မှုနှင့်ကုန်သွယ်ရေးဗျူရိုက လူတွေကိုတောင် မောင်းထုတ်နိုင်ခဲ့သည်။
သို့သော် သူတို့ စက်မှုနှင့်ကုန်သွယ်ရေးဗျူရိုနှင့် ပြဿနာကိုဖြေရှင်းပြီးပြီဆိုသော်လည်း အရှေ့တိုင်း ကိုယ်ခံပညာကျောင်းက မကြာခင်မှာ သူတို့ကို ပြဿနာလာရှာတော့မည်။
ငါ ဒီကျောင်းကို ကာကွယ်နိုင်တာလည်းမဟုတ်ဘဲ...ဘာလို့များ...
ရွှီဖန်းသည် ရှယန်ယွိ၏လက်သေးသေးလေးကို ဆွဲကိုင်ကာ ထရပ်၍ ကျူဟွာကို နှုတ်ဆက်လိုက်သည်။
"ဆရာကြီးကျူ ဒါက ကျွန်တော့်ဖုန်းနံပါတ်ပါ၊ နောက်ကျရင် ဘာအခက်အခဲပဲရှိရှိ ကျွန်တော့်ကို ဖုန်းဆက်လိုက်ပါ၊ ညဉ့်နက်နေပြီဆိုတော့ ကျွန်တော်တို့ သွားလိုက်ပါဦးမယ်"
ကျူဟွာသည် နောက်ဆုံးမှာတော့ ကြီးမားသောဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပုံရသည်။ သူ ထရပ်ကာ ရွှီဖန်းကို ပြောလိုက်သည်။
"နေပါဦး...ညီငယ်လေး၊ မင်းက ဒိုဂျိုတစ်ခုကို ဝယ်
ချင်တာ မဟုတ်ဘူးလား၊ ဒီဒိုဂျိုကို လက်ဆောင်အနေနဲ့ ငါ မင်းကို ပေးလိုက်မယ်!"
ရွှီဖန်း အံ့အားသင့်သွားသည်။
"ဆရာကြီးကျူက ဒီဒိုဂျိုကို အသက်နဲ့တောင် လဲပြီး ကာကွယ်ခဲ့တာ၊ ဘယ်လိုလုပ် ကျွန်တော့်ကို ပေးမှာလဲ၊ ကျွန်တော် မလိုချင်ပါဘူး"
ကျူဟွာသည် ကျယ်လောင်စွာ ရယ်မော၍ ရွှီဖန်း၏ပခုံးကို ညင်သာစွာ ပုတ်လာသည်။
"ငါက အသက်ကြီးနေပါပြီ! ဒီဒိုဂျိုကို ထိန်းသိမ်းထားရင်လည်း အသုံးမဝင်တော့ဘူး၊ အရင်က မရောင်းချင်ခဲ့ဘူးဆိုတာက ဒီဒိုဂျိုကို အဆိပ်နဂါးဂိုဏ်းက ဖျက်ဆီးမှာကို မခံနိုင်လို့ပဲ၊ ဒီအဘိုးကြီးမှာ *သူရဲကောင်းတွေကို တိုက်ခိုက်နိုင်တဲ့ ရတနာဓား
တစ်လက် ရှိခဲ့ပေမယ့် အခုတော့ ဒီအဘိုးကြီးက
ခေတ်ရေစီးကြောင်းကို လိုက်ခဲ့ရပြီ၊ ဒါကြောင့် ဒီဒိုဂျိုကို ညီလေးကို ပေးဖို့ ဆုံးဖြတ်ခဲ့တာ"
(T/N - *အရင်က စွမ်းဆောင်ရည်ရှိခဲ့ပေမယ့်လည်း သူ့ခေတ်က ကုန်သွားပြီလို့ ဆိုလိုတာပါ)
ကျူဟွာ ဆုံးဖြတ်ထားပြီးပြီဆိုတာကို သိရသောအခါ ရွှီဖန်းလည်း ထပ်မငြင်းတော့ပေ။ သူ့အိတ်ထဲကနေ ဘဏ်ကတ်တစ်ခု ထုတ်လိုက်ကာ...
"ဒါဆို ကျွန်တော် ဆရာကြီးကျူရဲ့ဆုံးဖြတ်ချက်
အပေါ် မယဉ်ကျေးတော့ပါဘူး၊ ဒါကတစ်သန်းပါ...ဆရာကြီးကျူ သေချာ သိမ်းထားပါဗျ"
ကျူဟွာက ဘယ်လိုလုပ် သဘောတူနိုင်မည်နည်း။
သူတို့နှစ်ယောက် အချင်းချင်းငြင်းဆန်နေချိန်မှာ ရှယန်ယွိကလည်း သူမ တတ်နိုင်သလောက် ဝင်စည်းရုံးပေးခဲ့သည်။ သို့သော် ကျူဟွာသည် လုံးဝလက်မခံ
န် ခိုင်မာစွာ ဆုံးဖြတ်ထားခဲ့သည်။
ရွှီဖန်းမှာ ကူကယ်ရာမဲ့စွာဖြင့်...
"ဆရာကြီးကျူ ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ ဆရာကြီးမှာ တခြားအလုပ်မရှိဘူးဆိုရင် ဟွာချန်းကိုယ်ခံပညာကျောင်းရဲ့ နည်းပြအဖြစ် ဆရာကြီးကို ကျွန်တော် ငှားချင်ပါတယ်...ကိုယ်ခံပညာ သင်ပေးဖို့ပေါ့၊ ဒီတစ်သန်းကို ကြိုတင်နှစ်စဉ်လစာအဖြစ်ပဲ ထားလိုက်ပါ"
"ဆရာကြီးမှာ အချိန်မရှိရင်တော့ ဂုဏ်ထူးဆောင်နည်းပြဘွဲ့ပဲ ယူလိုက်ပေါ့...ဒီတစ်သန်းကို သိမ်းထားသင့်ပါတယ်"
ကျူဟွာ၏မျက်လုံးများက တောက်ပသွားခဲ့သည်။ နောက်ဆုံးမှာတော့ သူသည် တစ်သက်လုံး ကိုယ်ခံပညာကို လေ့ကျင့်ခဲ့တာဖြစ်သည်။ ဘယ်လိုလုပ် အလွယ်တကူ လက်လွှတ်ရဲမည်နည်း။ *ဆက်ပြီးတော့ အလင်းရောင်နှင့် အပူဓာတ်ကို ထုတ်လွှတ်
နိုင်ခြင်းမှာ သူ လိုချင်တောင့်တနေသောအရာတစ်ခုပင်။
(T/N - 'အသက်ရှင်နေသ၍ ဆက်လက်ပြီး တောက်ပနေဖို့၊ အသုံးဝင်နေဖို့' ကို ဆိုလိုပါတယ်၊ တရုတ်တွေစာရေးရင် အရမ်းကွန့်တာပဲ ^_^)
"ညီငယ်လေး ဒါဆိုလည်း ငါ မင်းကို အားမနာတော့ပါဘူး၊ တစ်သိန်းဆိုရင်ပဲ လုံလောက်ပါတယ်၊ နောက်ကျရင် ကျောင်းသားကိစ္စတွေအားလုံး ငါ ကျူဟွာကိုပဲ လွှဲထားခဲ့ ရတယ်!"
ကျူဟွာ လက်ခံလိုက်သည်ကို မြင်သောအခါ ရွှီဖန်းလည်း နောက်ဆုံးမှာ သက်ပြင်းချလိုက်မိသည်။
"ဒါဆိုရင် မွန်းလည်းတည့်ခါနီးပြီ၊ ထမင်းအတူတူသွားစားရအောင်လား၊ ကျွန်တော်တို့ ဟွာချန်းကိုယ်ခံပညာကျောင်းရဲ့ဖွင့်ပွဲကို ကျင်းပတဲ့အနေနဲ့ပဲဖြစ်ဖြစ်၊ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ဖိအားပေးတဲ့အနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့"
ကျူဟွာက ပျော်ပျော်ရွှင်ရွှင်ဖြင့် သဘောတူလာသည်။ ဒိုဂျိုကနေ ထွက်လာပြီး ဒိုဂျိုတံခါးကို သော့ခတ်လိုက်ပြီးနောက်မှာ ကျူဟွာသည် ရုတ်တရက်ပင် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
ရွှီဖန်း အံ့အားသင့်သွားသည်။
"ဆရာကြီးကျူ တခြားဘာများရှိသေးလို့လဲ"
ကျူဟွာ ခေါင်းခါယမ်းလိုက်သည်။
"အဲ့ဒီလီရှူးအကြောင်းကို တွေးမိပြီး သက်ပြင်းချနေတာပါ"
ရွှီဖန်းကတော့ သိပ်အလေးမထားခဲ့ပေ။ စင်ပေါ်ကိုတောင် တက်လို့မရသည့် ခွေးကောင်တစ်ကောင်
အပေါ်၌ ဘာသက်ပြင်းချစရာလိုလို့လဲ။
ကျူဟွာက ညင်သာစွာ သက်ပြင်းချသည်။
"ကျူပင်းရေ"
///////
ကျူပင်း။ သူမ၏နာမည်သည် ယောက်ျားဆန်
သော်လည်း တစ်ကယ်တမ်းမှာတော့ မိန်းကလေးနာမည်ပင်။ သို့သော်ငြား ကျူပင်းသည် သူမနာမည်ထဲတွင်ရှိသော ယောက်ျားဆန်မှုကို စိတ်မပျက်စေခဲ့ပေ။
မူလတန်းကျောင်းမှ အထက်တန်းကျောင်းအထိ သူမ ဘယ်တော့မှအရှုံးမပေးခဲ့တာကြောင့် ကောလိပ်ဝင်
ခွင့်စာမေးပွဲ၌ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ သူမသည် နိုင်ငံ၏အကောင်းဆုံးနှင့် ကျော်ကြားလှသော တက္ကသိုလ်သို့ ဝင်ရောက်နိုင်ခဲ့ပြီး ရန်ကျင်းတွင် ပညာသင်ကြားခဲ့သည်။
ကျူပင်း၏ဆရာသည် တစ်ချိန်က မှတ်ချက်ပေးခဲ့ဖူးသည်။ ဤမိန်းကလေးထံ၌ အကောင်းဆုံးသောအရည်အချင်းမရှိသော်လည်း ဆယ်စုနှစ်အတွင်း သူ မြင်ဖူးသမျှထဲမှာတော့ အတော်ဆုံး ကျောင်းသူဖြစ်သည်ဟု ပြောခဲ့ဖူးသည်။ သူမသည် မကြာခဏပင် နံနက်အစောပိုင်းအထိ စာကျက်လေ့ရှိသည်။
ကျူပင်း ထိုကဲ့သို့ပြုမူရသည့် အကြောင်းရင်းမှာ သူမ၏မိဘများ ဆုံးပါးသွားခဲ့သောကြောင့်ပင်။ သူမအဖိုး၏ရန်သူက သူမမိဘများကို ရှာတွေ့ခဲ့ရာကနေ ဆိုးဆိုးရွားရွား သေဆုံးခဲ့ရသည်။ သေဆုံးသူများဓာတ်ပုံကိုတောင် သူမတို့အိမ်သို့ မိုက်ရိုင်းစွာ ပို့ခဲ့သေးသည်။
ထိုကြောင့် ကျူပင်းသည် သူမ၏အဖိုးကို မုန်းခဲ့သည်။ သုံးနှစ်အကြာ တက္ကသိုလ်သို့ဝင်ရောက်ပြီးနောက် ကျူပင်းသည် သူမအဖိုးကို ဘယ်တော့မှ မဆက်သွယ်ခဲ့သလို ပိုက်ဆံလည်း မတောင်းခဲ့ပေ။
သို့သော် သူမအဘိုး တစ်ခုခု ဖြစ်နေပြီဆိုတာကို ကြားကြားချင်းပင် ကျူပင်းသည် ရူးသွပ်နေသူတစ်ဦးလိုမျိုး ရထားဘူတာဘက်ကို ပြေးသွားခဲ့သည်။
အိမ်နီးချင်းများ၏ဖုန်းခေါ်ဆိုမှုဖြစ်ရာ သတင်းက မမှားနိုင်ပေ။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ရန်သူများသည် အဘိုးကို ရှာတွေ့သွားပုံရသည်။
တစ်ဖက်ရှုထောင့်ကနေကြည့်လျှင် သူမ၏မိဘများကို သေစေခဲ့သူမှာ အဘိုးဖြစ်သော်လည်း နောက်ဆုံးမှာတော့ သူက သူမ၏အဘိုး၊ သူမ၏တစ်ဦးတည်းသော မိသားစုဝင် ဖြစ်နေတုန်းပင်။
ကျူပင်းသည် ရထားပေါ်သို့ရောက်မှသာ စိတ်ငြိမ်သွားခဲ့သည်။ ဆရာဖြစ်သူကို သူမ အရင်ဖုန်းခေါ်ခဲ့ပြီး ခွင့်တိုင်လိုက်သည်။ ထို့နောက် အိမ်နီးနားချင်းကို ဖုန်းခေါ်ကာ အခြေအနေကို မေးမြန်းခဲ့သည်။
အိမ်နီးချင်းများ၏ဝိုးတဝါးစကားတွေကနေ ကျူပင်းသည် ချက်ချင်းပင် ကိစ္စများကို တွေးမိသွားသည်။ ရန်သူက သူမအဘိုးကို လာရှာတာ ဖြစ်နိုင်
သည်။ သို့သော် ရန်သူက သူမအဘိုး၏အသက်ကို သတ်ချင်ပုံမရပေ။ ဒါကလည်း သဘာဝကျပေသည်။ အဘိုးအိုကြီးတစ်ဦးထံ၌ အသက်ရှင်ရန် နှစ်ပေါင်းများစွာ မကျန်တော့ပေ။ သတ်သည်ဖြစ်စေ မသတ်သည်
ဖြစ်စေ သိပ်အဓိပ္ပာယ်မရှိပေ။
သူမအဘိုးကို နာကျင်စေနိုင်သည့် အရာနှစ်ခုရှိသည်။ တစ်ခုက ကျူပင်း၊ နောက်တစ်ခုက ဒိုဂျိုပင်။
ဒါဆို ဒီလူတွေက ဒိုဂျိုကို ဦးတည်နေတာ သေချာပေသည်။ ကျူပင်းသည် သူများအပေါ်၌ အမြတ်
ထုတ်ခြင်းကို မြင်ဖူးသူ မဟုတ်ပေ။ သို့သော် ကျူပင်းသည် တက္ကသိုလ်၌ ဥပဒေပညာကို အဓိကသင်ယူနေသည်ဖြစ်ရာ သူမ၏အဘိုးကို ကာကွယ်၍ ဒိုဂျိုကို ပြန်ယူလာရန် ယုံကြည်မှုအပြည့်အဝ ရှိပေသည်။
ဒါက ၂၁ ရာစုပင်။ သူမသာ ရှိနေလျှင် ဘယ်သူက ဥပဒေချိုးဖောက်ရဲမည်နည်း။ ဘယ်သူက သူ့အဘိုးကို ထိရဲမည်နည်း။ သူမထံ၌ ဥပဒေက လက်နက်တစ်ခုအဖြစ် ရှိနေသည်။ တစ်ဖက်လူက သူမ၏အသိပညာမဲ့သောအဘိုးကိုသာ လှည့်စားနိုင်လိမ့်မည်။
ရထားပေါ်ကဆင်းပြီးနောက် ကျူပင်းသည် ဒိုဂျိုဘက်ကို ပြေးသွားခဲ့သည်။ နောက်ဆုံး ရောက်သွားသည့်အခါ တံခါးက သော့ခတ်ထားသည်ကို တွေ့လိုက်ရသည်။
ကျူပင်း မထိတ်လန့်ပေ။ သူမ ရဲကို ဖုန်းမခေါ်ခဲ့ဘဲ အိမ်နီးနားချင်းကို တည်ငြိမ်စွာ သွားရှာခဲ့သည်။
အိမ်နီးနားချင်းတွေဆီကနေ ဒီနေ့ ကိစ္စအများကြီး ဖြစ်ခဲ့တာကို သိလိုက်ရသည်။ လူမိုက်အုပ်စုတစ်စုက ရောက်လာပြီး ပြန်ထွက်သွားခြင်းနှင့် စက်မှုနှင့်
ကုန်သွယ်ရေးဗျူရိုမှ လူအုပ်စုတစ်စုလည်း ပြန်သွားသည့် အကြောင်းပင်။ နောက်ဆုံးမှာတော့ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် အဘိုးအိုကို အပြင်ခေါ်ထုတ်သွားခဲ့သည်ဟု ဆိုလာကြသည်။
ကျူပင်းသည် အိမ်နီးနားချင်းများကို ကျေးဇူးတင်စကား ပြောလိုက်သည်။ နောက်ဆုံးမှာ ဟိုမေးဒီမေးဖြင့် စားသောက်ဆိုင်တစ်ခုသို့ ရောက်လာခဲ့သည်။
ကျူပင်းသည် အထဲသို့ ချက်ချင်း မဝင်သွားဘဲ စားသောက်ဆိုင်၏ဝင်ပေါက်တွင် ခေတ္တရပ်ကာ စဉ်းစားနေခဲ့သည်။
သူမအဘိုး၏ ရန်သူဖြစ်သည့်အတွက် အဘိုးလက်ထဲမှ ကိုယ်ခံပညာအဆောက်အဦးသည် အလွယ်တကူ လုယူခံရသေးမည် မဟုတ်ပေ။ ကျူပင်းသည် သူမအဘိုး၏စွမ်းဆောင်ရည်များကို ကောင်းစွာ သိရှိထားသည်။
ထို့ကြောင့် ဖြစ်နိုင်ခြေတစ်ခုသာ ကျန်တော့သည်။
ဉာဏ်နီဉာဏ်နက်သုံးခြင်း။
ပထမဦးစွာ လူမိုက်များ၊ စက်မှုနှင့်ကုန်သွယ်ရေးဗျူရိုမှ လူများကို အသုံးပြုကာ သူမ၏အဘိုးကို ခြိမ်းခြောက်မည်။ နောက်ဆုံးတွင် လှည့်ဖြားချော့မြူသော စကားအမျိုးမျိုးကို ပြောဆိုလိမ့်မည်။ သူမအဘိုး၏ စိတ်နေသဘောထားအရသာဆိုလျှင် သူ့ဒိုဂျိုအား တစ်ဖက်လူကို ပေးလိုက်သည်အထိပင် ဖြစ်သွားနိုင်သည်။
သို့သော်လည်း သူတို့၏ တွက်ချက်မှုက မှားယွင်းသွားခဲ့လေပြီ!
ကျူပင်းသည် အေးစက်စွာ ရယ်မော၍ စားသောက်ဆိုင်ထဲသို့ ဝင်သွားခဲ့သည်။
***********************