ပြောမနိုင် ဆိုမနိုင်သော မိန်းမငယ်လေး
Vol. 25 Ch. 374
"အဘိုး...သမီးက"
သူမမျက်နှာပေါ်ရှိ ထည်ဝါသောဟန်ပန်များသည် လုံးဝပျက်စီးသွားခဲ့လေပြီ။ ကျူပင်းသည် သူမ၏အဘိုးကို ကြည့်ကာ သူမအသံထဲ၌ နာကျင်မှုများ ရောယှက်နေသည်။
သူမ မလာခင်မှာ အဘိုးက ကိုယ့်ကိုယ်ကိုယ် သတ်
သေလုနီးပါး ဖြစ်ခဲ့သည်ဆိုတာကို သူမ တကယ်မထင်ထားခဲ့ပေ။
ဒီကိစ္စများအားလုံး၏နောက်ကွယ်၌ အကြောင်းရင်းတစ်ခု ရှိကောင်းရှိနိုင်သည်။
ကျူပင်းသည် ငိုယိုလျက် ကျူဟွာဆီကို ပြေးသွားခဲ့သည်။
အဘိုးနှင့်မြေးမလေးနှစ်ဦးသည် ခါးခါးသီးသီးပင် ငိုကြွေးနေကြသည်။ ရွှီဖန်းလည်း သူ့အရှေ့မှ မြင်ကွင်းကို ကြည့်ကာ ကျေနပ်အားရနေခဲ့သည်။
ကျူပင်းကို သူပြောခဲ့သည့် ခုနက စကားများသည် အနည်းငယ် ဒေါသထွက်နေသောကြောင့်ပင်။ တကယ်တော့ သူ တိုက်ခိုက်လိုခြင်း မဟုတ်ပေ။
မိန်းကလေးက နူးညံ့သွားသည်ကို မြင်သောအခါ ရွှီဖန်းသည် သူမလို ကလေးမလေးတစ်ယောက်နှင့် ရန်
ဆက်မဖြစ်တော့ပေ။
ရှယန်ယွိသည်လည်း အလွန်စိတ်ခံစားမှု ပြင်းထန်သော လူတစ်ယောက်ပင်။ ခုနက သူမ ဒေါသထွက်မိရာ ရွှီဖန်းသာ မရှိလျှင် သူမ ကျူပင်းနှင့် ရန်ဖြစ်မိမှာပင်။ အခု ကျူဟွာတို့က ငိုနေသောအခါ သူမလည်း လိုက်ငိုမိသည်။
စားသောက်ဆိုင်၏ စီးပွားရေးက ကောင်းမွန်ပေသည်။ ကျူပင်း၏ ဒေါသထွက်နေသော စကားများကြောင့် စားပွဲနှစ်လုံး၊သုံးလုံးစာလောက်က လူများသည် ကြောက်ရွံ့ကာ ထွက်ပြေးသွားကြသည်။
ထိုအချိန် ကျန်နေသေးသည့် စားပွဲနှစ်လုံးမှ စားသုံးသူများကတော့ ငိုကြွေးနေသည့်အဘိုးနှင့်မြေးမလေးနှစ်ဦးကို ကြည့်ကာ လက်ခုပ်တီးနေကြသည်။
ကြည့်ရတာ စားသောက်ဆိုင်ပိုင်ရှင်ကလည်း ကျူဟွာကို အချိန်အကြာကြီးကတည်းက သိခဲ့ပုံရသည်။ စားပွဲအနည်းငယ်စာလောက် စီးပွားရေးဆုံးရှုံးခဲ့ရသော်လည်း ကျူဟွာနှင့်ကျူပင်းက နောက်ဆုံးမှာ ပြန်လည်သင့်မြတ်သွားပြီဖြစ်ရာ သူတို့နှစ်
ယောက်လုံး၏ မျက်နှာပေါ်၌ အပြုံးများ ပေါ်နေကြသည်။
ကျူပင်းသည် ငယ်ရွယ်သောမိန်းကလေးတစ်ဦး ဖြစ်တာကြောင့် ခဏတာမျှ ငိုကြွေးပြီးနောက်မှာ သတိပြန်ဝင်လာပြီး အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။
ကျူဟွာကတော့ ကိုယ်ခံပညာလောက၌ အလွန်ကို ပေါ့ပေါ့ပါးပါးရှိသည့် စီနီယာတစ်ယောက်ပင်။ ငိုယိုပြီး မျက်ရည်များ သုတ်ပြီးသည့်အခါ စိတ်အားထက်သန်စွာဖြင့် ရယ်မော၍ ရွှီဖန်းနှင့် ရှယန်ယွိတို့ကို သူ့မြေးမလေးနှင့် မိတ်ဆက်ပေးလိုက်သည်။
"ရှောင်ပင်း...သူတို့နှစ်ယောက်က အဘိုးရဲ့ကျေးဇူးရှင် တွေ၊ ခုနက လူဆိုးတွေကို မောင်းထုတ်ပေးခဲ့တာက သူတို့ပဲ၊ ယွမ်တစ်သန်းကိုလည်း ဒီနှစ်ယောက်ကပဲ အဘိုးကို ပေးခဲ့တာ၊ အိုက်ယား...ဒီအဘိုးကြီးက မင်းတို့နှစ်ယောက်ကို တစ်ခါနားလည်မှုလွဲခဲ့တယ်၊ ဒါပေမဲ့ မင်းတို့နှစ်ယောက်ကို ရှောင်ပင်းကပါ ထပ်ပြီးနားလည်မှုလွဲလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ကျူဟွာသည် ရွှီဖန်းနှင့် ရှယန်ယွိတို့အား ကျူပင်နှင့် စိတ်အားထက်သန်စွာ မိတ်ဆက်ပေးနေခဲ့သည်။ တကယ်တော့ ကျူဟွာသည် ရွှီဖန်းနှင့် ရှယန်ယွိတို့ သူ့မြေးမလေးအပေါ်၌ ဒေါသထွက်သွားမည်ကို စိုးရိမ်နေခဲ့ခြင်းပင်။ ကျူဟွာသည် သူ့မြေးမလေး၏စိတ်နေစိတ်ထားကို အသိဆုံးပင်။ ထိုကြောင့် ကျူဟွာမှာ သူ၏မာနကို ဘေးဖယ်၍ ဝင်ပြောရန်မှတပါး ရွေးချယ်စရာမရှိခဲ့ပေ။
ရွှီဖန်းနှင့် ရှယန်ယွိဆိုတာ မည်သူနည်း။ ကုမ္ပဏီတွင် လူရာပေါင်းများစွာ၏ပြဿနာများကို အလွယ်တကူ ဖြေရှင်းနိုင်သူများပင်။ သူတို့ ကျူဟွာဆိုလိုချင်
သည့်အကြောင်းအရာကို နားမလည်ဘဲ မနေချေ။
ရွှီဖန်းသည် လက်ဝှေ့ယမ်းကာ ကျူဟွာကို ပြုံးပြလိုက်သည်။
"ရပါတယ်၊ ဆရာကြီးကျူ ပျော်ရွှင်နေတာ မြင်ရတော့ ကျွန်တော်တို့လည်း ပျော်ပါတယ်"
ရှယန်ယွိသည် မျက်ရည်များသုတ်၍ မျက်လုံးများနီရဲနေသောကျူပင်းကို ပြုံးပြလိုက်သည်။
"ကျူပင်း ကျောင်းကအကြောင်းတွေ ပြောပြပါဦး၊ ဒီနှစ်တွေထဲ တစ်ယောက်တည်းနေရတာ အရမ်းပင်ပန်းခဲ့မှာပဲ၊ ဟုတ်တယ်မလား"
ရှယန်ယွိသည် အစက ကျူပင်းအပေါ်၌ ကောင်းမွန်သောအမြင်မရှိခဲ့သော်လည်း ကျူပင်း၏အတိတ်ကို သိပြီးနောက်မှာ သူမကို သနားစိတ်ဝင်သွားခဲ့သည်။
ကျူပင်းသည် ပို၍ စိတ်ရှုပ်ထွေးသွားခဲ့သည်။ သူမအဘိုးပြောပုံအရ ဒီနှစ်ယောက်က လူဆိုးမဟုတ်
သော်လည်း ကျူပင်းကတော့ ဒီနှစ်ယောက်နှင့် ပတ်သက်၍ တစ်ခုခုမှားနေသလို ခံစားနေရတုန်းပင်။ ရွှီဖန်းနှင့် ရှယန်ယွိတို့သည် ကုမ္ပဏီ၌ အချိန်
ကြာမြင့်စွာပင် အာဏာရှိသူနေရာ၌ ထိုင်ခဲ့ကြသည်
ဖြစ်ရာ သူတို့၏စိတ်နေစိတ်ထားသည် သူတို့၏နေထိုင်လှုပ်ရှားမှုတိုင်းမှာ ရောယှက်နေလေပြီ။
လူနေမှုအဆင့်အတန်းမြင့်သော လူနှစ်ယောက်သည် သူမ၏အဘိုးနှင့် လမ်းအတူလျှောက်နေကြသည်။
သူတို့ ဘာကို လိုက်ရှာနေတာများလဲ။
ထိုအရာက ကျူပင်ကို အလွန်စိတ်ရှုပ်ထွေးစေခဲ့သည်။
ကျူပင်ကို ပို၍ဒေါသထွက်စေသည်မှာ ရွှီဖန်း၏ရက်စက်သောစကားများပင်။ ကျိုးကြောင်းဆီလျော်သည်ဟု ထင်ရသော်လည်း သူ၏လေသံကို အနည်းငယ် ပိုပျော့ပျောင်းအောင် လုပ်လို့ရပေသည်။
*မိန်းကလေးတစ်ယောက်ကို ညင်ညင်သာသာ ဆက်ဆံလို့ မရဘူးလား၊ ရှင် လူကြီးလူကောင်းမဟုတ်ဘူးလား*
ထို့ကြောင့် ရှယန်ယွိ၏ကြင်နာသောမေးခွန်းဖြင့် ရင်ဆိုင်လိုက်ရသောအခါ ကျူပင်းသည် ခေါင်းငုံ့ကာ စကားပြောရန် ငြင်းဆန်ခဲ့မိသည်။
ကံကောင်းစွာနှင့်ပင် ထိုမေးခွန်းကို မေးခဲ့သူမှာ ရှယန်ယွိဖြစ်နေလေသည်။ ရွှီဖန်းသာ မေးခဲ့မည်ဆိုလျှင် ကျူပင်းသည် သေချာပေါက် ပေါက်ကွဲသွားလိမ့်မည်။
ကျူပင်း၏အမြင်အရ ရှယန်ယွိသည် အလွန်လှပပြီး မျက်ရည်များကျနေလျှင်တောင် အလှမပျက်ခဲ့ပေ။ သူမ ဆိုးရင်တောင်မှ သိပ်ဆိုးလိမ့်မည်မဟုတ်ပေ။ ရွှီဖန်းကတော့ မတူပေ။
သူမ၏မြေးမလေး ဘာမှမပြောတော့သည်ကို မြင်သောအခါ ကျူဟွာသည် ချက်ချင်းပင် ပြုံး၍ ပြောလိုက်သည်။
"မစ္စရှကတော့ သိမှာမဟုတ်ဘူး၊ ရှောင်ပင်းရဲ့နာမည်ရင်းက ကျူပင်းလေ...ဒါပေမဲ့ ဒီကောင်မလေးက ခေါင်းမာတဲ့စိတ်ရှိတယ်၊ သူ့ကိုယ်သူ နာမည်ပြောင်းပြီး ကမ္ဘာကြီးကိုအုပ်စိုးမယ်ဆိုပြီးတော့တောင် ပြောခဲ့သေးတာ!"
ရှယန်ယွိသည် ကျူပင်း၏မျက်နှာအမူအရာကို မြင်သောအခါ ကျူပင်းက ရှက်နေတာဟု ထင်မိပြီးသနားစိတ်အပြည့်ကို ခံစားလိုက်ရသည်။ ထို့ကြောင့် ကျူဟွာနှင့်အတူ ကျူပင်း၏ကလေးဘဝက ရှက်စရာကောင်းသောအဖြစ်အပျက်များအကြောင်းကို စိတ်
အားထက်သန်စွာဖြင့် စကားပြောဆိုပေးခဲ့သည်။
ကျူပင်းသည် အစက တမင်တကာ တိတ်ဆိတ်နေခဲ့သော်လည်း အခုအချိန်မှာတော့ သူမ တော်တော်လေးရှက်နေလေပြီ။
သူမသည် ထိုင်ခုံပေါ်မှာ ထိုင်၍ အဘိုးဖြစ်သူက သူစိမ်းနှစ်ယောက်နှင့် သူမကလေးဘဝက ရှက်စရာကောင်းသော အဖြစ်အပျက်များအကြောင်း ပြောပြနေသည်ကို ကြည့်နေရသည်။ သူမ၏အဘိုးက ထိုစကားများကို ချီးမွမ်းသည့်လေသံဖြင့် ပြောခဲ့ခြင်းဖြစ်သော်လည်း ကျူပင်းအတွက် လက်ခံလို့ မရနိုင်ခဲ့ပေ။
ရွှီဖန်းသည် ကျူပင်း၏ရှက်ရွံ့မှုကို မြင်သောအခါ ဝင်ပြောလိုက်သည်။
"ဆရာကြီးကျူ ကျွန်တော်တို့တွေ ထမင်းစားလို့လည်း ပြီးပြီ၊ ဒိုဂျိုကို ပြန်ကြရအောင်လား၊ ခင်ဗျားရဲ့မြေးမလေးလည်း ပြန်လာပြီဆိုတော့ သူမမှာ ခင်ဗျားကို ပြောစရာတွေ အများကြီးရှိနေမှာပဲ! ဒိုဂျိုကို ပြန်
ရောက်ရင် ခင်ဗျားတို့နှစ်ယောက် အေးအေးဆေးဆေးနဲ့ကောင်းကောင်းလေး စကားပြောလို့ရပြီ"
ရွှီဖန်း၏သတိပေးသံကို ကြားသောအခါ ကျူဟွာလည်း ကြီးမားသောပျော်ရွှင်မှုကနေ ရုန်းထွက်လာပြီး ပြန်ဖြေလာသည်။
"ဟုတ်တယ် ဟုတ်တယ်! အိမ်ပြန်ကြရအောင်၊ ငါလည်း ရှောင်ပင်းနဲ့ စကားကောင်းကောင်းပြောချင်
တယ်"
လူလေးယောက်စလုံး မတ်တပ်ထရပ်လိုက်ကြသည်။ ရွှီဖန်းသည် ငွေရှင်းရန်သွားခဲ့ပြီး ကျူပင်းကြောင့် ကြောက်လန့်ကာ ထွက်ပြေးသွားခဲ့သော စားပွဲအချို့မှ စားသုံးသူများအတွက်ပါ ရှင်းပေးခဲ့သည်။
စားသောက်ဆိုင်ပိုင်ရှင်၏မျက်နှာပေါ်တွင် အပြုံးပန်းများ ပွင့်လန်းနေတော့သည်။
ကျူပင်း၏ ရင်ထဲတွင်တော့ အေးစက်သွားရသည်။ ဤလူသည် အစပိုင်းမှာ အဆင့်မြင့်ကိုယ်ကျင့်တရားရှိသူလိုလိုဖြင့် သူမအား ထောက်ပြကာ ဆူပူခဲ့ပြီးနောက် ယခု ကျက်သရေဆောင်ခြင်းကိုလည်း နည်းမျိုးစုံဖြင့် ပြသနေသည်။ ဒေါ်လာရာဂဏန်း အနည်းငယ် သုံးစွဲရုံဖြင့် သူ့ကိုယ်သူနှင့် အဘိုးအတွက်ပါ နာမည်ကောင်းရရှိအောင် လုပ်ခဲ့သည်။ တကယ့်ကို ဉာဏ်နီဉာဏ်နက်ဖြင့် ပြည့်နှက်နေသောလူပင်။
သို့သော်လည်း သူမ မည်မျှပင် တွေးတောနေပါစေ အသုံးဝင်မည်မဟုတ်တော့ပေ။
သူမ အိမ်ပြန်ရောက်သောအခါ သူမ၏အဘိုးနှင့် သေချာစကားပြော၍ ထိုလူ၏ အစစ်အမှန်ပုံစံကို အဘိုးအား သိအောင် လုပ်ရမည်။
ရှင် ဘယ်လောက်ထိ ကြာကြာဟန်ဆောင်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့!
ရွှီဖန်းသာ ကျူပင်း၏အတွေးများကို ကြားနိုင်မည်ဆိုပါက သူ သေချာပေါက် မျက်ရည်ကျလာလိမ့်မည်။ ဤခေတ်ကြီးထဲ၌ လူကောင်းတစ်ယောက်လုပ်ကာ ကောင်းမှုများပြုလုပ်ခြင်းသည် အင်မတန်ခက်ခဲမည်ဟု ထင်ခဲ့လိမ့်မည်မဟုတ်ပေ။
ထိုသို့သောအတွေးများဖြင့် သူတို့လေးဦးသည် ကိုယ်ခံပညာကျောင်းဘက်သို့ လျှောက်သွားကြသည်။ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် ရွှီဖန်း၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူ တစ်ဖက်ကိုလှည့်ကာ သူ့နောက်ကျောကို ကြည့်
လိုက်သည်။
"ဘာဖြစ်လို့လဲ ညီလေး"
ရွှီဖန်းက ရုတ်တရက် လှည့်လိုက်တာကြောင့် ကျူဟွာ မေးလိုက်မိသည်။
ရွှီဖန်း ခေါင်းခါယမ်း၍ ညင်သာစွာ ရယ်မောလိုက်
သည်။
"ဘာမှ မဟုတ်ပါဘူး...ဆရာကြီးကျူ၊ ယန်ယွိ မင်းတို့တွေ ဒိုဂျိုကို အရင်ပြန်နှင့်ကြပါ၊ ကျွန်တော် ပစ္စည်းလေးတစ်ခု သွားဝယ်လိုက်ဦးမယ်"
ကျူဟွာ၏ရင်ထဲ၌ တုန်လှုပ်သွားခဲ့ပြီး ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။
"စူပါမားကတ်သွားတဲ့လမ်းက နည်းနည်းဝေးတယ်၊ ညီငယ်လေး မင်း သေချာဂရုတစိုက်သွားမှရမယ်၊ ငါတို့တွေ နည်းနည်းဖြည်းဖြည်းဆီ လျှောက်နေလိုက်မယ်၊ မင်း ပစ္စည်းဝယ်ပြီးလို့ ပြန်လာရင် ငါတို့ကို လိုက်မီအောင်လို့"
ရွှီဖန်း ခေါင်းညိတ်ကာ ရှယန်ယွိကို ကြည့်လိုက်သည်။ ရှယန်ယွိက သူ့အား မျက်စိမှိတ်ပြလိုက်သည်ကို မြင်သောအခါ ရွှီဖန်းသည် မတွန့်ဆုတ်နေတော့ဘဲ ဆန့်ကျင်ဘက်လမ်းကြောင်းသို့ လှည့်ကာ လျှောက်သွားတော့သည်။
အတွေ့အကြုံရှိ ကိုယ်ခံပညာရှင်တစ်ဦးအနေဖြင့် ကျူဟွာသည် ရွှီဖန်း ပြောသည့်စကားထဲမှ ပြဿနာကို သဘာဝကျစွာ နားလည်ခဲ့သည်။ သေးငယ်သောကိစ္စ၊ သေးငယ်သော ပြဿနာဆိုလျှင်တော့ ပိုကောင်းလိမ့်မည်။
ရှယန်ယွိကလည်း အလွန်ဉာဏ်ကောင်းသူတစ်ဦးဖြစ်သည်။ ထို့အပြင် သူမသည် ရွှီဖန်းနှင့် အချိန်အကြာကြီး အတူရှိခဲ့သူဖြစ်သည်။ သဘာဝကျစွာပင် သူတို့အချင်းချင်းက နားလည်မှုရှိကြသည်။
ကျူပင်း တစ်ယောက်တည်းသာ စိတ်ရှုပ်ထွေးနေခြင်းပင်။ ကလေးမလေးသည် စိတ်ရှုပ်ထွေးနေရုံသာမကဘဲ သူမရင်ထဲရှိ ဒေါသများကလည်း ပြင်းထန်စွာ တောက်လောင်နေခဲ့သည်။
ကျူပင်းသည် ရွှီဖန်းကို အစကတည်းက မကြိုက်ခဲ့ပေ။ ရွှီဖန်းက သူမအား ဆူပူ၍ အပြစ်တင်ပြီးနောက်မှာ ကလေးမလေးသည် ရွှီဖန်းအား အံကြိတ်
မတတ် မုန်းတီးနေလေသည်။ အခုဆိုလျှင် သူတို့ အချင်းချင်းသာ နှုတ်ဆက်သွားကြပြီး သူမကို နှုတ်ဆက်ရန်တော့ စိတ်မဝင်စားခဲ့ပေ။
ကျူပင်းသည် ကျောင်းတွင် အမြဲမာနကြီးခဲ့သော ထူးချွန်သူတစ်ဦး ဖြစ်သည်။ သူမကို အခုလို မထီမဲ့မြင် ပြုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။
သူ ပြန်ရောက်လာသည့်အခါ သူမ၏အင်အားကို သေချာပေါက် ပြသရမည်။
တကယ်တော့ ရွှီဖန်းဘက်မှ ကျူပင်း၏ နာမည်ကိုခေါ်ခဲ့ပါကလည်း သူမ စိတ်ဆိုးဦးမှာ သေချာသည်။
ဘာကိုလာကြည့်နေတာလဲ! ဘယ်သူက ကြည့်ခိုင်းလို့လဲ! ရှောင်ပင်းလို့ ဘယ်သူက ခေါ်ခွင့်ပေးထားလို့လဲ!
စသဖြင့်ပင်။
ကလေးမလေးသည် အလွန်ကို ခေါင်းကြောမာပေသည်။
*******************