မင်းရဲ့သူဌေးက ဘယ်သူလဲ
Vol. 25 Ch. 375
ရွှီဖန်းသည် ခိုးကြောင်ခိုးဝှက်လုပ်နေသော ပုံရိပ်တစ်
ခု၏ အနောက်ကို လိုက်သွားကာ လူပြတ်သော လမ်းကျဉ်းလေးထဲသို့ ဝင်ရောက်သွားခဲ့သည်။
လမ်းကျဉ်းလေးထဲသို့ ရောက်သောအခါ ၎င်းက ပိတ်ဆို့နေသောလမ်း ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။ ခိုးကြောင်ခိုးဝှက်ပုံရိပ်များကလည်း ပျောက်ကွယ်သွားခဲ့သည်။
ရုတ်တရက်ပင် သူ့အနောက်မှ ဒေါသတကြီး အော်သံတစ်ခု ထွက်ပေါ်လာသည်။
"ဟေ့ကောင် မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီလား! ငါတို့လမ်းကို ပိတ်ဆို့ရဲတယ်ပေါ့"
ရွှီဖန်း ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ သူ့အရှေ့တွင် ရှိနေသော လူများသည် ဘယ်ဘက်
လက်တွင် စိမ်းပြာရောင်နဂါးထိုးထားပြီး ညာဘက်
လက်တွင်မူ ကျားဖြူကို ဆေးမင်ကြောင်ထိုးထားသည်။ သူတို့၏ လက်ထဲတွင် ဓားမြှောင်များ ကိုင်ဆောင်ထားကြကာ လူမိုက်ဒါဇင်ကျော်လောက် ရှိပေသည်။
ရှေ့ဆုံးတွင် ရပ်နေသော လူမိုက်သည် မျက်နှာထားက ကြမ်းတမ်းနေပြီး ဓားမြှောင်တစ်ချောင်းကို ကိုင်
ဆောင်ထားကာ ဆံပင်နီများကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်သည်။
"အိုး...မင်းတို့က အဆိပ်နဂါးဂိုဏ်းက လူတွေလား"
ရွှီဖန်းသည် ဦးဆောင်လာသော ဆံနီလူမိုက်ကို ကြည့်၍ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ထိုလူများအား သူ့မျက်စိထဲ၌ မထည့်ထားသည်မှာ သိသာလှသည်။ သူတို့သည် ဆယ်ဂဏန်းမျှသာ ရှိသော လူမိုက်များဖြစ်ပြီး ရွှီဖန်းအတွက် မျက်စိတစ်
မှိတ်စာအတွင်းမှာ ဖျက်ဆီးပစ်နိုင်လေသည်။
ရှေ့ဆုံးတွင် ရပ်နေသော ဆံနီလူမိုက်သည် ကြမ်းတမ်းသော မျက်နှာအမူအရာဖြင့် သူ့လက်ဖဝါးကို မြှောက်ကာ ရွှီဖန်း၏မျက်နှာကို ရိုက်ချရန် ပြင်နေသည်။
"ငါယိုး...မင်း ငါ့ကို စကားပြောရဲသေးတယ်ပေါ့"
ရွှီဖန်း၏မျက်လုံးထဲ၌ အေးစက်သော အလင်းတစ်
ခုက လျှပ်ခနဲ ဖြစ်သွားလေသည်။ သူ၏ညာဘက်
လက်အား လျှပ်စီးလက်သလိုမျိုး လျင်မြန်စွာဖြင့် မြှောက်ကာ ဆံနီလူမိုက်၏ မျက်နှာကို ရိုက်ချလိုက်
သည်။
"ဖြောင်း!"
ဆံနီလူမိုက်၏လက်ဖဝါးက ရွှီဖန်းနှင့် သုံးလက်မအကွာသို့ပင် ရောက်သေး၏၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် လေထဲသို့ မြင့်မားစွာ ပျံတက်သွားခဲ့သည်။ လေထဲတွင် အကြိမ်အနည်းငယ်လောက် လှည့်ပတ်နေပြီးမှ အသံတောင် မထွက်နိုင်ဘဲ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာခဲ့သည်။
ဓားမြှောင်များကိုင်ထားသည့် လူမိုက်ဒါဇင်ပေါင်းများစွာ၏နှလုံးများမှာ တုန်ယင်သွားခဲ့သည်။
ဘယ်လောက်တောင်ကြီးလိုက်တဲ့ ခွန်အားလဲ! လူ
တစ်ယောက်လုံးကိုတောင် တိုက်ရိုက်လွင့်သွားအောင် လုပ်နိုင်တယ်!
သူ့အရှေ့တွင် ရှိသော လူမိုက်ဆယ်ယောက်ကျော်ကို ကြည့်၍ ရွှီဖန်းသည် သူ့ခွန်အားကို ထုတ်စရာပင်မလိုခဲ့ပေ။ သူ အရင်က ပြောခဲ့သလိုပင်။ ဤလူမိုက်များသည် သူ့အရှေ့တွင် ယင်ကောင်များသာဖြစ်ပြီး လက်ချောင်းတစ်ချက် ချိုးလိုက်ရုံဖြင့် ဖျက်ဆီးပစ်
နိုင်ပေသည်။
ရွှီဖန်းက သူ့အရှေ့မှ လူမိုက်အားလုံးကို ချေမှုန်း၍ အကြိမ်အနည်းငယ် ဒူးထောက်ခိုင်းမည်ဟု
ဆုံးဖြတ်လိုက်သောအချိန်တွင် ဆံနီလူမိုက်သည် ညည်းသံတစ်ချက်ဖြင့် ဖြည်းဖြည်းချင်း ပြန်နိုးလာသည်။ ထို့နောက် ပါးစပ်ကို ဖုံးအုပ်ကာ အော်ဟစ်လာသည်။
"ငါယိုး...မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့! တိုက်ခိုက်ကြစမ်း! သူ့ကိုသတ်ပစ်!"
လက်ပါးစေလူမိုက်များသည် အံတင်းတင်းကြိတ်ကာ လက်ထဲရှိ ဓားမြှောင်များကို ပို၍ တင်းတင်းကြပ်
ကြပ်ဆုပ်ကိုင်လိုက်သည်။ ရုတ်တရက်ပင် ယုံကြည်မှုများ ရရှိသွားသကဲ့သို့ သူတို့အားလုံး ရွှီဖန်းဆီသို့ ပြေးဝင်လာကာ တိုက်ခိုက်တော့သည်။
လမ်းက ကျယ်သည်မဟုတ်ပေ။ ဘေးချင်းယှဉ်ရပ်
လျှင် လူနှစ်ယောက်၊ သုံးယောက်လောက်သာ ဝင်ဆံ့လေသည်။ လူမိုက်က ဆယ်ဂဏန်းအရေအတွက်ရှိသော်လည်း တစ်ကယ်တမ်းတွင်တော့ ရွှီဖန်းကို ဓားနှစ်လက်၊ သုံးလက်ဖြင့်သာ တစ်ပြိုင်နက်တည်း တိုက်နိုင်ပေသည်။
ရွှီဖန်းအတွက်တော့ ထိုအရာမှာ ဂိမ်း၏အခက်အခဲကို သိသိသာသာ လျော့ကျစေခဲ့ပြီး ဂိမ်း၏ပျော်စရာကိုလည်း သိသာစွာ လျော့ကျစေခဲ့သည်။
မိနစ်ဝက်မပြည့်ခင်မှာပင် လူမိုက်ဆယ်ယောက်ကျော်သည် မြေပြင်ပေါ်၌ ကွေးကာ နာကျင်စွာ အော်ဟစ်နေကြလေပြီ။
ရွှီဖန်းသည် လက်ခုပ်တီးလိုက်ပြီးနောက် သမ်းဝေလိုက်သည်။
ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူတစ်ဦးအတွက် ထိုလူမိုက်များသည် ရှောင်လင်ဘုန်းကြီးကို တိုက်ခိုက်နေသော သူငယ်တန်းကျောင်းသားလေးများကဲ့သို့ပင်။
ဆံနီလူမိုက်သည်လည်း နာကျင်စွာ အော်ဟစ်နေသော သူ၏လူများကို ကြောင်တောင်တောင်ဖြင့် ကြည့်
နေကာ သူ့မျက်နှာပေါ်၌ မယုံကြည်နိုင်ခြင်းများ ပြည့်
နှက်နေသည်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။ ထိုမြင်ကွင်းမှာ ရုပ်ရှင်ထဲကအတိုင်းပင်။ လှုပ်ရှားမှု အနည်းငယ်နှင့်
တင် အားကောင်းမောင်းသန်ဖြစ်သော သူ့လူအားလုံးက လဲကျသွားခဲ့သည်။ ရုပ်ရှင်ထဲမှာဆိုလျှင်တောင် မိနစ်အနည်းငယ်ကြာသည်အထိ ရိုက်ကူးရလိမ့်မည်။
ရွှီဖန်းသည် သမ်းဝါးရင်းဖြင့် ဆံနီလူမိုက်ဆီသို့ ပျင်းရိစွာ လျှောက်သွားလိုက်သည်။ ဆံနီလူမိုက်သည် နောက်ဆုံးမှာတော့ သတိပြန်ဝင်လာပြီး သူ့
ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားကာ ရွှီဖန်း၏အရှေ့မှာ ဒူးထောက်ကျသွားခဲ့သည်။
"ဆရာကြီး ခင်ဗျားမှာ စွမ်းအားတွေ ခွန်အားတွေ အများကြီးရှိပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်လို မဖြစ်စလောက်လေးအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ်မနှိမ့်ချလိုက်ပါနဲ့၊ ကျွန်တော်က မျက်စိပါလျက်နဲ့ ထိုက်တောင်တန်းကြီးကို မမြင်ခဲ့တာပါ၊ သေစမ်း! သေစမ်း!"
ဆံနီလူမိုက်သည် သူ့ကိုယ်သူ ပါးရိုက်၍ ခွင့်လွှတ်ပေးရန် တောင်းပန်နေသည်။ သူ၏မည်းနက်နေသောလက်ဖဝါးက ခပ်ဝဝမျက်နှာကို ရိုက်နေတာကြောင့် ခပ်ပြတ်ပြတ်အသံများ ထွက်ပေါ်လာနေသည်။
ရွှီဖန်းသည် ဆံနီလူမိုက်လို လူတစ်ယောက်နှင့် စကားများရန် ပျင်းရိလွန်းနေသည်။ သူ ဆံနီလူမိုက်ဆီသို့ လျှောက်သွားကာ တိုက်ရိုက်ပြောလိုက်သည်။
"ပြော...မင်း ဘာလို့ ငါ့နောက်ကို လိုက်လာတာလဲ"
ဆံနီလူမိုက်သည် ပါးရိုက်နေတာကို ရပ်၍ နှိမ့်ချစွာ ပြောလိုက်သည်။
"ဆရာကြီး ဒါက နားလည်မှုလွဲတာပါ! တော်တော်ကြီးကြီးမားမားကို နားလည်မှုလွဲနေတာပါ! ကျွန်တော်တို့က ခင်ဗျားနဲ့ ရှုပ်ချင်တာမဟုတ်ပါဘူး...အဲ့ဒီအဘိုးကြီးနဲ့..."
ရွှီဖန်းက ဆံနီလူမိုက်၏မျက်နှာကို ကန်လိုက်
သောအခါ ဆံနီလူမိုက်သည် ခုနစ်မီတာ၊ ရှစ်မီတာလောက် လွင့်စင်သွားခဲ့ပြီး နံရံတစ်ခုအား ပြင်းထန်စွာ တိုက်မိသွားလေသည်။ ထိုအခါမှသာ ကျယ်လောင်သောအသံ ထွက်ပေါ်လာပြီး ရပ်တန့်သွားခဲ့သည်။
ဆံနီလူမိုက်မှာ သွေးတစ်ပွက်အန်လိုက်ရသည်။ သို့သော် သူ အသက်မရှူနိုင်သေးခင်မှာပင် ရွှီဖန်း၏ အေးစက်သောအသံကို ကြားလိုက်ရသည်။
"ငါ မင်းကို ရပ်လို့ရတယ်လို့ပြောခဲ့လို့လား...ဆက်
ရိုက်!"
ဆံနီလူမိုက်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့သည်။ သူ အံတင်းတင်းကြိတ်၍ နာကျင်မှုကို သည်းခံရင်း ရွှီဖန်း၏အရှေ့ကို အမြန်တွားသွားကာ အရောက်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏မည်းနက်နေသောလက်ဖဝါးဖြင့် သူ့မျက်နှာကို ဆက်ရိုက်ကာ ရွှီဖန်းကို မရှင်းတရှင်း ရှင်းပြလာသည်။
"ဆရာကြီး ဒါက နားလည်မှုလွဲတာပါ၊ အဆိပ်နဂါးဂိုဏ်းက ကျွန်တော်တို့ကို ဟွာချန်းကိုယ်ခံပညာကျောင်းနဲ့ ပတ်သက်ပြီး တင်းတင်းကြပ်ကြပ်
ကိုင်တွယ်ဖို့ အမိန့်ပေးခဲ့လို့ပါ၊ အထက်လူကြီးရဲ့ အမိန့်ကို ဘယ်သူက မနာခံရဲဘဲ နေမှာလဲဗျာ... ကျွန်တော်တို့ တကယ်ပဲ ဆရာကြီးကို ဖြေရှင်းဖို့ ရောက်လာတာ မဟုတ်ပါဘူး!"
ရွှီဖန်း၏ရင်ထဲ တစ်ချက်တုန်သွားသည်။
အဆိပ်နဂါးဂိုဏ်းရဲ့ခေါင်းဆောင်က ကျူဟွာရဲ့ ရန်သူများလား။
ထိုအကြောင်းကိုတွေးမိသောအခါ ရွှီဖန်းသည် ဆံနီ
လူမိုက်အား ချက်ချင်းပင် အေးစက်စွာ မေးလိုက်သည်။
"အထက်လူကြီးလား...အဲ့တာက ခေါင်းဆောင်ရဲ့ စိတ်ကူးပေါ့၊ မင်းတို့ခေါင်းဆောင်က ဒီနှစ် အသက်
ဘယ်လောက်ရှိပြီလဲ"
ဆံနီလူမိုက်က သူ့ကိုယ်သူ ပါးဆက်ရိုက်နေသည်။ သူခေါင်းငုံ့ကာ ခဏတာမျှ စဉ်းစားလိုက်သည်။ ပြီးတော့ အသက်ကို မသေချာဘဲ ပြန်ဖြေလာသည်။
"ဆရာကြီး ကျွန်တော်တို့ရဲ့ခေါင်းဆောင်က အသက်သုံးဆယ်ကနေ လေးဆယ်ကြား ရှိမယ်ထင်ပါတယ်၊ အဆိပ်နဂါးဂိုဏ်းမှာ သူ့အသက်အမှန်ကို ဘယ်သူမှ မမေးရဲကြပါဘူး..."
ရွှီဖန်း မျက်မှောင်ကြုတ်လိုက်သည်။ အသက်သုံးဆယ်ကျော်ဆိုလျှင် ကျူဟွာထက် မျိုးဆက်တစ်ခုငယ်ပေသည်။ ကျူဟွာနှင့် ရန်ငြိုးရန်စ ရှိလိမ့်မည်
မဟုတ်ပေ။
ကျူဟွာသည် မတိုင်ခင်က သြဇာရှိသောပုဂ္ဂိုလ်
တစ်ဦး ဖြစ်ခဲ့လိမ့်မည်။ လေနှင့်မိုးတုတ်အား ကျွမ်းကျင်ပြီးနောက်မှာ ကျူဟွာ၏စရိုက်အရ မျိုးဆက်သစ်တစ်ယောက်နှင့် ရန်ဖြစ်လိမ့်မည် မဟုတ်ပေ။ သူ မသိသေးသည့် ကိစ္စတစ်ခုခုက သူတို့ကြားမှာ ရှိနေပုံရသည်။
ဆံနီလူမိုက်လို လူမျိုးအတွက်တော့ ထိုအကြောင်းကို သိနိုင်ခြေမှာ သုညနီးပါးပင်။
ရွှီဖန်း၏တွေးတွေးဆဆပုံစံကို မြင်သောအခါ ဆံနီ လူမိုက်သည် နောက်ဆုံးမှာတော့ သတ္တိများပြန်ဝင်လာသည်။ သူ့မျက်နှာကို ပါးရိုက်လိုက်ကာ ရွှီဖန်းကို ပြောလိုက်သည်။
"ဆရာကြီး ဒီနေ့ကိစ္စက အရမ်းကို နားလည်မှုကြီးကြီးလွဲနေတာပါ၊ ကျွန်တော်တို့ အဆိပ်နဂါးဂိုဏ်းရဲ့ ခေါင်းဆောင်တုယာက သူရဲကောင်းတွေနဲ့ ပေါင်းသင်းရတာ ကြိုက်ပါတယ်၊ ခင်ဗျားသာ ကျွန်တော့်ကို လွှတ်ပေးမယ်ဆိုရင် ခေါင်းဆောင်ရှေ့မှာ ခင်ဗျားအတွက် ပြောပေးပါ့မယ်"
ဆံနီလူမိုက်၏အတွေးမှာ တကယ်တော့ အလွန်ရိုးရှင်းပေသည်။ ပထမဦးဆုံးအနေဖြင့် ရွှီဖန်းကို မြှောက်ပြောမည်။ ဒုတိယအနေဖြင့် သူ့ခေါင်းဆောင်နာမည်ကို အသုံးပြုကာ ရွှီဖန်းကို သတိပေးမည်။ ထိုမျှနှင့်တင် လုံလောက်သင့်ပေသည်။ နောက်ဆုံးမှာတော့ ဤနေရာသည် အဆိပ်နဂါးဂိုဏ်း၏ နယ်မြေပင်ဖြစ်သည်။
ဆံနီလူမိုက်သည် ရဲရင့်သူတစ်ဦး မဟုတ်ပေ။ ဆံနီ လူမိုက်မှ ထိုကဲ့သို့ ပြောရန် သတ္တိရှိခဲ့ခြင်းမှာ အလွန်ရိုးရှင်းပေသည်။ အလွန်နာကျင်လွန်းသောကြောင့်ပင်။
သူ့ကိုယ်သူ ရိုက်နေရတာကြောင့် သူ့မျက်နှာသည် ပေါက်စီထက်တောင်မှ ပို၍ရောင်ကိုင်းနေလေပြီ။
နည်းနည်းလေးထိရုံနှင့်တောင် နာကျင်နေသည်ဖြစ်ရာ အဆက်မပြတ်ရိုက်နေရခြင်း၏ နာကျင်မှုကိုတော့ ပြောစရာပင် မလိုတော့ချေ။
သို့သော် ဆံနီလူမိုက်၏မြှောက်ပင့်ပြောဆိုခြင်းက အခြေအနေနှင့် မကိုက်ညီခဲ့ပေ။
ရွှီဖန်းဆိုတာ မည်သူနည်း။ သူက အဆိပ်နဂါးဂိုဏ်းကို ဘယ်လိုလုပ် မျက်စိထဲထည့်မည်နည်း။
ရွှီဖန်းသည် ချက်ချင်းပင် ကန်ထုတ်လိုက်သည်။ ဆံနီလူမိုက်၏စကားများကို ဖြတ်တောက်နိုင်လိုက်ရုံသာမကဘဲ သူ့ကို ခုနစ်မီတာ၊ ရှစ်မီတာလောက် လွင့်
သွားစေခဲ့သည်။
ရွှီဖန်း အေးစက်စက် ပြောလိုက်သည်။
"မင်းရဲ့ခေါင်းဆောင်ဟုတ်လား...သူက ဘာကောင်မို့လို့လဲ...ငါ့ကို တွေ့ချင်နေတာလား၊ ဟုတ်ပြီ...သူ့ကို ဟွာချန်းကိုယ်ခံပညာကျောင်းရဲ့တံခါးဝမှာ ဒူးထောက်ပြီး ငါ့ကို စောင့်ခိုင်းလိုက်!"
*********************