ကျူပင်း၏ အနိုင်ရမှု
Vol. 26 Ch. 377
ဝမ့်စစ်ချီသည် ရွှီဖန်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို နောက်ဆုံးတွင် ပြန်သတိရခဲ့သည်။ ၎င်းသည် လုံးဝကိုလျှို့ဝှက်ထားရန်ဖြစ်သည့်အချက်အလက်များဖြစ်သည်။
ပြီးခဲ့သော ဝမ်ကျန့်ကျုံး၏ဖြစ်စဉ်အတွက် ဝမ့်စစ်ချီသည် ရွှီဖန်းကို စုံစမ်းရန် ကြိုးစားနေတုန်းမှာ သူမ၏အထက်အရာရှိထံမှ ချက်ချင်းပင် အမိန့်များ ရရှိခဲ့သည်။
သူမ၏အထက်အရာရှိက ရွှီဖန်း၏လှုပ်ရှားမှုများကို စုံစမ်းနေခြင်းမှ ချက်ချင်းပင် ရပ်တန့်ရန် တင်းတင်းကြပ်ကြပ် အမိန့်ပေးခဲ့သည်။
သူမ၏အထက်အရာရှိထံမှ လေသံကို နားထောင်ခြင်းအားဖြင့် ရွှီဖန်း၏နောက်ခံကို အနည်းငယ်ပင် စုံစမ်းခဲ့ပါက သူမကို စောင့်ကြိုနေသည့်အရာမှာ ပြစ်ဒဏ် သို့မဟုတ် သူမ၏တာဝန်များကို ယာယီရပ်ဆိုင်းခြင်း ဖြစ်လိမ့်မည်မှန်း ဝမ့်စစ်ချီသိခဲ့သည်။
ထိုကဲ့သို့သော ဆက်ဆံမှုမျိုးကို ရရှိနိုင်သူတစ်ဦးသည် နိုင်ငံတော်အတွက် အလွန်အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရမည်ပင်။ ထိုသို့သောပုဂ္ဂိုလ်မျိုးကို ရန်စမိခြင်းကနေ ရှောင်ရှားတာက ပိုကောင်းသည်။
"အား!"
နှလုံးကွဲလုမတတ် အော်သံတစ်သံက ဝမ့်စစ်ချီ၏အာရုံကို နိုးထစေခဲ့သည်။ ၎င်းမှာ သူမ၏ လက်အောက်ငယ်သား အုပ်စုတစ်စု ဖြစ်နေသည်။ သူတို့သည် ဆံနီလူမိုက်ကို နံရံထဲမှ ကယ်တင်ရန် ကြိုးစားနေစဉ်တွင် သူ့ဒဏ်ရာကို ထိမိခဲ့ခြင်း ဖြစ်သည်။
နေရာတွင်သာရပ်၍ ကူကယ်ရာမဲ့နေသော သူမ၏လက်အောက်ငယ်သားအုပ်စုကို ကြည့်ရင်း ဝမ့်စစ်ချီမှာ ဆဲချင်စိတ်ပင် ပေါက်သွားရလောက်အောင် ဒေါသထွက်သွားခဲ့သည်။ ခံရသူ၏ခြေလက်လေးဖက်စလုံးကို နံရံထဲသို့ နင်းထည့်ထားသောကြောင့် ကျိုးပဲ့သွားတာဖြစ်နိုင်သည်။ သူတို့က ပေါ့ဆစွာ လက်ဖြင့် ထိခဲ့မိကြသည်။ ဒီအတိုင်းသာ နံရံမှ ဆွဲထုတ်ခံရလျှင် နာကျင်မှုကြောင့် သေဆုံးသွားမည်မှာ အသေအချာပင်။
"ဌာနချုပ်ကိုဖုန်းဆက်ပြီး ဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့လောက် လွှတ်ပေးဖို့ တောင်းဆိုလိုက်၊ ပစ္စည်းကိရိယာ အစုံအလင် ယူခဲ့ပါလို့"
ဝမ့်စစ်ချီသည် အေးစက်စွာ အမိန့်ပေးလိုက်သည်။
"ပြီးတော့ မင်းတို့အားလုံးက မြေပြင်ပေါ်မှာ လဲနေတဲ့ သံသယရှိသူဒါဇင်ကျော်ကို စခန်းပြန်ပို့လိုက်!"
ဝမ့်စစ်ချီ၏အမိန့်အရ ရဲကားများသည် တစ်ဖန် လှုပ်ရှားလာပြီး ရဲစခန်းဘက်သို့ အသံပေးကာ မောင်းသွားကြသည်။ ရဲအချက်ပြသံများက ဖရဲသီးစားသုံးသူ အများအပြားကို လမ်းကျဉ်းသို့ ခေါ်ဆောင်လာနိုင်ခဲ့သည်။
ဖရဲသီးစားခြင်းဆိုသည်မှာ စား၍မရသော အရာတစ်ခု ဖြစ်ပြီး ပျော်ရွှင်စရာတစ်ခုခုအတွက် လာကြည့်ရှုကြသည့် အရာတစ်ခုကို ဆိုလိုခြင်းပင်။
(T/N - တစ်ခုခုထဖြစ်လို့ ကြားထဲကနေ ပွဲလာချောင်းကြတဲ့လူတွေကို တရုတ်မှာ ဖရဲသီးစားသုံးသူလို့ ခေါ်ကြပါတယ်)
သာမန်လူများဖြစ်ကြသော သူတို့အနေဖြင့် လူတစ်ဦးကို နံရံထဲသို့ တိုက်ရိုက်နင်းထည့်ထားသည့်အဖြစ်အားဘယ်တုန်းကမှ မမြင်ဖူးခဲ့ကြပေ။ လူအုပ်ကြီးသည် ထိုမြင်ကွင်းကို မြင်သောအခါ အေးစက်သောလေကို ရှူသွင်းလိုက်မိကြသည်။ သူတို့ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် သူတို့၏ဖုန်းများကို ထုတ်ကာ ထိုဖြစ်ရပ်ကို မှတ်တမ်းယူနိုင်ရန် ဓာတ်ပုံများ အမိအရရိုက်ယူကြတော့သည်။
ဝမ့်စစ်ချီမှ အချိန်မီတားဆီးနိုင်ခဲ့သော်လည်း ၂၁ ရာစုတွင် Wechat Moment သို့မဟုတ် တခြားသော social media ပေါ်သို့ ထိုကဲ့သို့သောအရာမျိုးကို တင်ရန်
အတွက်မှာ လက်ချောင်းလေးဖြင့် ထိလိုက်ရုံသာ လိုအပ်ပေသည်။
ရလဒ်အနေဖြင့် ဝမ့်စစ်ချီမှာ ပို၍ခေါင်းကိုက်ခဲ့ရသည်။ ထိုလူနှင့်တွေ့ဆုံတိုင်းမှာ အမြဲတမ်း ဆိုးရွားနေလေသည်။ ခေါင်းကိုက်နေသော ဝမ့်စစ်ချီနှင့် နှိုင်းယှဉ်လျှင် ရွှီဖန်း၏စိတ်အခြေအနေသည် များစွာ ပိုကောင်းနေသည်။
ရွှီဖန်းသည် ဆံနီလူမိုက်အား သင်ခန်းစာပေးခဲ့ရခြင်းကြောင့် စိတ်ကောင်းဝင်နေခြင်း မဟုတ်ပေ။ ကိုယ်ခံပညာကျောင်းကို ရရှိခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ ထို့အပြင် သူသည် ကျူဟွာကဲ့သို့သော သက်ကြီးဝါကြီးစီနီယာတစ်ဦးနှင့် မိတ်ဆွေဖွဲ့နိုင်ခဲ့သည်။
ထိုလူမိုက်များနှင့် အဆိပ်နဂါးဂိုဏ်းတစ်ခုလုံး အပါအဝင် ၎င်းတို့သည် ရွှီဖန်း၏မျက်စိထဲတွင် ယင်ကောင်များနှင့် ပုရွက်ဆိတ်များသာ ဖြစ်သည်။ သူတို့သည် ရွှီဖန်း၏စိတ်အခြေအနေကို အနည်းငယ်မျှပင် မထိခိုက်စေခဲ့ပေ။
ရွှီဖန်း လမ်းဟောင်းအတိုင်း ပြန်လျှောက်လာခဲ့သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်မှာ သူ့ကို စိုးရိမ်တကြီး စောင့်ဆိုင်းနေသော ရှယန်ယွိနှင့် မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုအပြည့်ရှိနေသော ကျူဟွာကို တွေ့လိုက်ရသည်။
"ညီလေးရွှီ မင်းကတော့ ခပ်ပေါ့ပေါ့မလုပ်ခဲ့ဘူးပဲ၊ ရဲတွေတောင်မှ ရောက်လာပြီ"
ကျူဟွာနှင့်တခြားလူများသည် ခပ်ဝေးဝေးသို့ မသွားရဲကြပေ။ ရဲကား၏အချက်ပေးသံကို ကြားသည်နှင့် သူတို့အားလုံး လန့်ဖျပ်သွားခဲ့ကြသည်။ သူတို့သည် လမ်းဘေးတွင်သာ ရပ်စောင့်နေခဲ့ကြပြီး သူတို့ဆီသို့ ပေါ့ပေါ့ပါးပါးလျှောက်လာနေသော ရွှီဖန်းကို မြင်ပြီးမှသာ သက်ပြင်းချနိုင်ခဲ့ကြသည်။
ရွှီဖန်းသည် ကျူဟွာ၏ မျက်နှာအမူအရာကို မြင်သောအခါ ရင်ထဲ မထိဘဲ မနေနိုင်ခဲ့ချေ။
"အားလုံးကို အချိန်အကြာကြီး စောင့်ခိုင်းမိပြီ၊ မတော်တဆဖြစ်ရပ်လေးတစ်ခုတော့ ရှိခဲ့ပေမယ့် အခုတော့ အကုန်ပြေလည်သွားပါပြီ"
ကျူပင်းကတော့ အေးစက်စွာ နှာမှုတ်၍ ထောင်လွှားနေသော ဒေါင်းမတစ်ကောင်ကဲ့သို့ ခေါင်းကိုမော့ကာ ထွက်သွားလေသည်။
ကျူဟွာနှင့် ရှယန်ယွိတို့သည် ရွှီဖန်းအတွက် စိုးရိမ်နေခဲ့ကြပြီး နှစ်ဦးစလုံးက ကျူပင်းကို ရှင်းပြခြင်းမရှိခဲ့ရာ ကျူပင်းသည် ကိစ္စအမှန်ကို မသိသေးပင်။
ကျူဟွာမှာ အနည်းငယ်ရှက်ရွံ့သွားရပြီး ရွှီဖန်းကို တောင်းပန်ချင်သော်လည်း ရွှီဖန်းက လက်ဝှေ့ယမ်းကာ တားဆီးလာသည်။
"ရပါတယ်... ဒိုဂျိုကို ပြန်ကြရအောင်ပါ"
သူတို့လေးဦးစလုံး ဒိုဂျိုသို့ ပြန်ရောက်လာကြပြီး ခဏတာမျှ စကားစမြည်ပြောဆိုခဲ့ကြသည်။ ရုတ်တရက်ပင် ကျူဟွာသည် တစ်စုံတစ်ခုကို သတိရသွားသလိုမျိုး ထရပ်ကာ ထွက်သွားလေသည်။ သူပြန်ရောက်လာသောအခါ စာချုပ်တစ်ခုကို ကိုင်ဆောင်လာခဲ့သည်။
"ညီလေးရွှီ ဒါက ဒိုဂျိုလွှဲပြောင်းရေးစာချုပ်ပါ၊ ဒီမှာ လက်မှတ်ထိုးလိုက်တာနဲ့ ဒီဒိုဂျိုက မင်းရဲ့အပိုင်ဖြစ်သွားပြီ"
ကျူဟွာ၏အသံတွင် ဝန်လေးမှုအလျဉ်းမရှိပေ။ နောက်ဆုံးမှာတော့ ဤဒိုဂျို၏တည်ရှိနေမှုကပင် အဘိုးအိုအတွက် ကိုယ်ခံပညာလေ့ကျင့်ရန် တရားဝင် နေရာ ဖြစ်နေဆဲပင်။ ယခု ရွှီဖန်းက ကျူဟွာကို ဆက်လက်တောက်ပရန်အတွက် အခွင့်အရေးပင် ပေးခဲ့သည်ဖြစ်ရာ မည်သူ့ဒိုဂျို ဖြစ်ကြောင်းက အရေးမကြီးတော့ပေ။
ရွှီဖန်း ခေါင်းညိတ်ကာ ကျူဟွာထံမှ ဘောပင် နှင့် စာရွက်ကို ယူလိုက်သည်။ သူ နာမည်ရေးထိုးရန် ပြင်တုန်းမှာပင် ဒေါသတကြီးအသံတစ်သံက ကြားဖြတ်လာသည်။
"ခဏ!"
ရွှီဖန်း လှည့်ကြည့်လိုက်သောအခါ ကျူပင်းက သူ့အား ဒေါသထွက်နေသော ကျားမတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူ့မြေးမလေးက အကြိမ်ကြိမ် ဒုက္ခပေးရန်အတွက် ထွက်လာသည်ကို မြင်သောအခါ ကျူဟွာမှာ အနည်းငယ်မျှ ကူကယ်ရာမဲ့သလို ခံစားနေရသည်။
"ရှောင်ပင်း အပြင်ထွက်ပြီး ယန်ယွီနဲ့ အရင်စကားပြောနှင့်ဦး၊ အဘိုးက ညီလေးရွှီနဲ့ အရေးကြီးကိစ္စ ဆောင်ရွက်စရာရှိနေသေးတယ်"
ကျူဟွာ၏စကားများကို မကြားသည့်အလား ကျူပင်းသည် ရွှီဖန်းဆီသို့ တည့်တည့်လျှောက်လာပြီး ကုလားထိုင်တစ်လုံးကို ဆွဲထုတ်ကာ တည်တည်ငြိမ်
ငြိမ်ဖြင့် ထိုင်ချလာသည်။ ထို့နောက် ရွှီဖန်းအတွက် လက်ခုပ်သံခပ်ဖွဖွ တီးပေးလိုက်သည်။
"ကောင်းလိုက်တဲ့အကွက်! စကားလေး နည်းနည်းလောက်နဲ့ ကျွန်မအဘိုးက သူ့ရဲ့အသက်နဲ့အမျှ တန်ဖိုးထားရတဲ့အရာကို ရှင့်ဆီ ပေးအပ်အောင်လုပ်နိုင်ခဲ့တယ်၊ ရှင့်ရဲ့စွမ်းဆောင်မှုက တော်တော်လေး ပင်ပန်းခက်ခဲခဲ့တာကို ကျွန်မ မြင်ခဲ့ရပါတယ်၊ ရှင် ပင်ပန်းသွားခဲ့ပြီ"
ရွှီဖန်းသည် ဒေါသများကို ထိန်းချုပ်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
"ခုနက ငါ မင်းကို သင်ပေးခဲ့တဲ့အရာက မင်း တစ်ခုခုကို မပြောခင်နဲ့ မလုပ်ခင်မှာ အရင်ဦးဆုံး အမှန်တရား ကို သိထားရမယ်ဆိုတာကိုပဲ၊ ဒီဒိုဂျိုကို ငါ ဝယ်ခဲ့တာ၊ ဒါပေမယ့် ငါ့လုပ်ရပ်တွေအားလုံးက တမင်တကာ ကြံရွယ်နေတယ်ဆိုပြီး မင်း ဘာလို့များ ဆက်တိုက်လာစွပ်စွဲနေတာလဲ"
ကျူဟွာလည်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်...သူတို့က ဝယ်ချင်တယ်...ငါကလည်း ရောင်းချင်တယ်၊ ရှောင်ပင်း ဒုက္ခမရှာနဲ့တော့...ညီလေးရွှီကို မြန်မြန် တောင်းပန်လိုက်"
ကျူဟွာ၏စကားကို ကြားသောအခါ ကျူပင်းမှာ ပို၍ ဒေါသထွက်လာသည်။ သို့သော်လည်း သူမမျက်နှာပေါ်တွင် ဒေါသအရိပ်အယောင် တစိုးတစိမျှ မပြသခဲ့ပေ။ သူမသည် သူမကိုယ်သူမ လုံးဝ ယုံကြည်မှုရှိနေပြီး အရာအားလုံးက သူမ၏ထိန်းချုပ်မှုအောက်တွင်ရှိနေသကဲ့သို့ ရွှီဖန်းကို ကြည့်နေခဲ့သည်။
"ကျွန်မ မမှားဘူးဆိုရင် ရှင် ဒီဒိုဂျိုအတွက် ပေးခဲ့တဲ့ဈေးက နှစ်သိန်းထက်မပိုလောက်ဘူးထင်တယ်၊ ဟုတ်တယ်မလား"
ရွှီဖန်းသည် တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်လိုက်သည်။
"တစ်သိန်း"
သို့သော် ကျူဟွာကတော့ ဘေးနားကနေ စိုးရိမ်တကြီးဖြင့်...
"ညီလေးရွှီက အဘိုးကို တစ်သန်းပေးဖို့ စီစဉ်ထားခဲ့တာ၊ ဒါပေမဲ့ အဘိုးက ငြင်းလိုက်တာပဲ၊ ညီလေးရွှီသာ အတင်းမပေးရင် အဘိုးက တစ်သိန်းတောင် ယူမှာမဟုတ်ဘူး၊ ရှောင်ပင်း မြေးက နားလည်မှုလွဲနေပြီ"
ကျူပင်းသည် ခေါင်းခါယမ်း၍ သူမ၏အဘိုးကိုတောင် မကြည့်ခဲ့ပေ။ သူမ၏မျက်နှာမှာ နှင်းကဲ့သို့ အေးစက်နေသည်။
"တကယ်တော့ အလယ်မှာဘာတွေဖြစ်ခဲ့လဲဆိုတာက အရေးမကြီးပါဘူး၊ ကျွန်မက ရလဒ်ကိုပဲ ကြည့်ရတာ ကြိုက်တယ်၊ အခုအချိန် ဒီဒိုဂျိုက လေးသိန်းကျော်လောက် သေချာပေါက်တန်တယ်၊ အဆိပ်နဂါးဂိုဏ်းက လူတွေဆို လုံးဝ လူစိတ်မရှိတဲ့သူတွေပဲ၊ သူတို့တောင်မှ နှစ်သိန်းပေးဖို့ ဆန္ဒရှိတယ်၊ ဒါတောင်မှ ရှင်က တစ်သိန်းပဲ ဈေးပေးခဲ့တယ်"
ရွှီဖန်း ဘာမှမပြောခင်မှာပင် ကျူပင်းသည် သူမ၏လက်များကို နောက်ပြန်ပစ်ကာ တည်
တည်ငြိမ်ငြိမ်ပင် ထရပ်၍ အောင်ပွဲခံနေသောပုံစံကို ပြသလာသည်။
"ခုနက ကျွန်မတို့တွေ အခန်းထဲမဝင်ခင်မှာ ရဲကိုခေါ်ထားပြီးပြီ၊ ရှင်က တစ်သိန်းလေးနဲ့ အဘိုးအိုကြီးကို လှည့်စားပြီး လေးသိန်းတန်တဲ့ဒိုဂျိုကို ဝယ်ချင်နေတယ်...ဒါက ရာဇဝတ်မှုတစ်ခု ဖြစ်နေပြီ၊ ကဲ...ရှင်တို့ ဒီနေရာကနေ ထွက်ပြေးဖို့ တစ်နာရီလောက် အချိန်ရှိတယ်"
ရွှီဖန်းသည် ကြောင်တောင်တောင်ဖြစ်နေသော ကျူဟွာကို ကြည့်ကာ ရင်ထဲမှာ သက်ပြင်းချလိုက်မိသည်။ သူသည် မာနကြီးစွာ ပြုမူနေသော ကျူပင်းကိုတောင် မကြည့်ဘဲ ထရပ်ကာ ရှယန်ယွိနှင့်အတူ ဒိုဂျိုမှ ထွက်လာခဲ့သည်။
ကိုယ်ခံပညာအဆောက်အဦးထဲတွင် ကျူဟွာသည် သူ့အတွက် အနည်းငယ် စိမ်းသက်လှသောမြေးမလေးကို စိုက်ကြည့်နေသည်။ သူသည် သူ့လက်ဖဝါးကို မြှောက်လိုက်သော်လည်း နောက်ဆုံးမှာတော့ သူမအပေါ်သို့ မကျရောက်ခဲ့ပေ။
ကျူပင်းကတော့ နေရာမှာတင် ရပ်ကာ ထွက်ခွာသွားသော ရွှီဖန်း၏ပုံရိပ်ကို ကြည့်ရင်း အောင်ပွဲခံရခြင်း၏ ပျော်ရွှင်မှုကို တိတ်တဆိတ် ခံစားနေခဲ့သည်။
တကယ်တော့ ကျူပင်းသည် ရဲကို လုံးဝ မခေါ်ခဲ့ပေ။ ဒီတစ်ကြိမ်မှာတော့ ကျူပင်းဆိုသည့် သူမက ပြည့်ပြည့်ဝဝပင် အောင်ပွဲခံနိုင်ခဲ့သည်။
**************************