← Chapters

အရိုက်ခံရသောကျူပင်း

Vol. 26 Ch. 379

အရိုက်ခံရသောကျူပင်း

Vol. 26 Ch. 379

ဟွာချန်းကိုယ်ခံပညာကျောင်းထဲ၌ ကျူဟွာသည် မျက်မှောင်ကြုတ်ရင်း သူ့မြေးမလေးကို သက်ပြင်းချကာ ပြောပြနေခဲ့သည်။

"ရှောင်ပင်း ကိစ္စကတော့ ဒီလိုပဲကွယ်၊ သူက အဘိုးတို့ကို ဒီလောက်ထိ အများကြီး ကူညီခဲ့တာ၊ မြေးက ပြန်ရောက်လာပြီး ကျေးဇူးတင်စကားတစ်ခွန်းတောင် မပြောခဲ့တဲ့အပြင် သူ့ကို မောင်းပါမောင်းထုတ်ခဲ့သေးတယ်၊ ဒါက ကိုယ်ခံပညာလောကရဲ့စည်းမျဥ်းကိုဖောက်ဖျက်တာပဲ"

ကျူပင်းကတော့ ခေါင်းမာလှသောအဘိုးကို ကြည့်ကာ သူမ၏ချောမောသော မျက်နှာလေးထက်၌ ကူကယ်ရာမဲ့မှုများပြည့်နေသည်။

"အဘိုးရဲ့ညီလေးရွှီသာ စိတ်လုံတယ်ဆိုရင် ရဲကို ဖုန်းခေါ်ထားတယ်လို့ ကြားတာနဲ့ ဘာလို့ အမြီးကုပ်ပြီး ထွက်ပြေးသွားရတာလဲ၊ အဘိုး...သူတို့က အဘိုးလိုမျိုး အဘိုးအိုတွေကို အထူးလှည့်ဖြားနေကြတဲ့ လူလိမ်တွေ၊ အဘိုးကို လိမ်မယ့်လူတွေကို အဘိုးက သူတို့အတွက် ပိုက်ဆံတွေတောင် ရေပေးလိုက်သေးတယ်"

ကျူဟွာသည် ထိုစကားများကြောင့် အံ့သြသွားသော်လည်း ပြီးတာနှင့် ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းလိုက်ပြန်သည်။ သူ၏အသံမှာ တည်ကြည်ခိုင်မာနေခဲ့သည်။

"မဖြစ်နိုင်ဘူး! ညီလေးရွှီက ကိုယ်ခံပညာရှင်တစ်ဦးပဲ၊ သူ့ရဲ့စွမ်းရည်က ဒီအဘိုးကြီးထက်တောင် ပိုကောင်းတယ်၊ သူက ကိုယ်ခံပညာမှာ တစ်ကယ့်ဆရာကြီးတစ်ဦးပဲ၊ အဲ့ဒီလိုလူမျိုးက ဘယ်လိုလုပ် လိမ်လည်သူ ဖြစ်နိုင်မှာလဲ"

ရွှီဖန်းကို ချီးမွမ်းနေသည်ကို ကြားသောအခါ ကျူပင်းသည် နှုတ်ခမ်းမဲ့ရွဲ့ကာ မဲ့ပြုံးပြုလိုက်မိသည်။

ကိုယ်ခံပညာဆရာကြီးများ၊ နဂါးများနှင့် ဖီးနစ်များစသည့် စကားများကို ကျူပင်းသည် တစ်လုံးတစ်ပါဒမျှ မယုံကြည်ပေ။ 

အခုက ဘယ်ခေတ်ရောက်နေပြီလဲ... ၂၁ ရာစုလေ ဟုတ်ပြီနော်၊ နည်းပညာခေတ်ပဲ! သေနတ်အမျိုးမျိုးရဲ့ အရှေ့မှာဆိုရင် ကိုယ်ခံပညာရှင်ဆရာကြီးတစ်ဦးတောင်မှ ခါးသီးမှုကိုခံစားရမှာပဲ။

အဘိုးနှင့်မြေးမလေးနှစ်ဦးတို့ စကားဆက်မပြောဘဲ အချင်းချင်း စိုက်ကြည့်နေတုန်းမှာပင် အိမ်အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။

ကျူပင်း မျက်မှောင်ကြုတ်လိုက်သည်။

"အဲ့ဒီလူ ပြန်လာတယ်လို့ မပြောနဲ့"

ကျူဟွာ၏မျက်နှာသည် တစ်ချက်လင်းသွားပြီး  သူ့နားကလည်း တဆတ်ဆတ်လှုပ်သွားခဲ့သည်။ ရုတ်တရက်ပင် သူ တည်တည်ငြိမ်ငြိမ် ဖြစ်သွားခဲ့သည်။

"ညီလေးရွှီ မဟုတ်ဘူး၊ ခြေသံတွေက အရမ်းများပြီးရှုပ်ထွေးနေတယ်၊ ရှောင်ပင်း ဒီမှာပဲနေ..ကျေးဇူးပြုပြီး အပြင်မထွက်လာနဲ့၊ အဘိုး အပြင်ထွက်ကြည့်လိုက်ဦးမယ်"

ကျူဟွာသည် စကားပြောပြီးတာနှင့် သူ့လက်ထဲမှ လေနှင့်မိုးတုတ်ကို ကောက်ယူကာ တံခါးကို တွန်းဖွင့်၍ ခြေလှမ်းကျဲများဖြင့် ထွက်သွားခဲ့သည်။

အလင်းရောင်အောက်တွင် အဘိုးအို၏ခေါင်းမာသော ပုံရိပ်သည် ရှည်လျားစွာဖြင့် အချိန်ကြာမြင့်စွာ ထင်ဟပ်နေခဲ့သည်။ 

ထိုအချိန်မှာ ကျူပင်းလည်း ရုတ်တရက်ပင် သူမ၏စိတ်များ လွင့်ပျယ်သွားသလို ခံစားလိုက်ရသည်။ သူမ၏မျက်လုံးထဲ၌ တစ်ချိန်က အားကောင်းမောင်းသန်ဖြစ်ခဲ့သည့် သူမ၏အဘိုးမှာ ရုတ်တရက်ပင် အနည်းငယ် ပို၍ မြင့်မားလာသလို ခံစားခဲ့ရသည်။

ခြေသံများက တိတ်ဆိတ်နေသော ဒိုဂျိုထဲ၌ အထူးကို ကျယ်လောင်နေသည်။ ကျူဟွာသည် သူ့လက်ထဲ၌ လေနှင့်မိုးတုတ်ကို ကိုင်ဆောင်ထားကာ ခန္ဓာကိုယ်ကို ဖြောင့်တန်းစွာ မတ်မတ်ရပ်နေခဲ့သည်။

သူ ခန်းမထဲ၌ တိတ်ဆိတ်စွာ ရပ်နေပြီး မုန်တိုင်းရောက်ရှိလာမှုကို စောင့်ဆိုင်းနေခဲ့သည်။

ဒိုဂျိုနှင့် သူ၏မြေးမလေးသည် သူ့အသက်ကိုပင် စွန့်စားကာ ကာကွယ်ရမည့် အရာများဖြစ်သည်။ သူ့နှလုံးသားက ကိုယ်ခံပညာကို သစ္စာစောင့်သိကာ ယုံကြည်မှုအပြည့်ရှိတာကြောင့် သူ့ထံ၌ ကြောက်စိတ်မရှိပေ။ 

တောက်ပသော အလင်းရောင်အောက်ရှိ မှောင်မိုက်သော ဝင်ပေါက်ထဲမှ ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ 

ပုဆိန်ဂိုဏ်း၊ ကျားဖြူဂိုဏ်း၊ ရှောင်ဟုန်ဂိုဏ်း...စသဖြင့်။

အနောက်ပိုင်းဒေသရှိ မြေအောက်အင်အားစုများ၏ ဂိုဏ်းခေါင်းဆောင်များသည် တစ်ဦးပြီးတစ်ဦး ဝင်ရောက်လာကြပြီး သူတို့၏ လက်ပါးစေဒါဇင်ပေါင်းများစွာကို ဦးဆောင်ကာ ဘေးနှစ်ဖက်တွင် ရိုသေစွာ ရပ်နေကြသည်။ သူတို့၏ပုံစံမှာ သူတို့၏ဘုရင်အား ကြိုဆိုနေသည့်အတိုင်းပင်။

ကြည်လင်ပြတ်သားသော ခြေသံက ပဲ့တင်သံထပ်လာသည်။ သူ၏ခြံနောက်ဖေးတွင် လမ်းလျှောက်နေသကဲ့သို့ ခြေလှမ်းများက မမြန်မနှေးပေ။ အနောက်ပိုင်းဒေသရှိ မြေအောက်အင်အားစုများမှ ဂိုဏ်းခေါင်းဆောင်ဒါဇင်ကျော်တို့သည် ရိုသေလေးစားသော မျက်နှာအမူအရာဖြင့် ခေါင်းငုံ့ထားကြသည်။

နောက်ဆုံးမှာတော့ ထိုလူသည် အရိပ်ထဲမှ ထွက်လာကာ အလင်းရောင်အောက်တွင် သူ၏အလွန်မှုန်မှိုင်းနေသော မျက်နှာကို ထုတ်ပြလာသည်။ သူ၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ လင်းလက်နေခဲ့ပြီး သေခြင်းတရားကို ကြေညာနေသည့်အလားပင်။

ကျူဟွာ၏မျက်စိသူငယ်အိမ်များမှာ ရုတ်တရက်ပင် ကျဉ်းမြောင်းသွားခဲ့သည်။ အဆိပ်နဂါးဂိုဏ်း!

တုယာ၏အသံသည် သတ္တုတံခါးကို ကျောက်တုံးဖြင့် ခြစ်သကဲ့သို့ နားစူးကာ ကြမ်းတမ်းလှသည်။ 

"ဟွာချန်းကိုယ်ခံပညာကျောင်းရဲ့ ဝင်ပေါက်မှာ ငါ့ကို ဒူးထောက်စေချင်နေတယ်လို့ ကြားတယ်..."

တုယာသည် စကားပြောနေခြင်းကို ခေတ္တရပ်ကာ အချုပ်အခြာအာဏာရှင်မင်းတစ်ဦးကဲ့သို့ ပတ်ဝန်းကျင်ကို ကြည့်ကာ ဖြည်းဖြည်းချင်း ထပ်ပြောလိုက်သည်။ 

"အခု ငါ ရောက်လာပြီ၊ သူက ဘယ်မှာလဲ"

ပတ်ဝန်းကျင်မှ ဂိုဏ်းခေါင်းဆောင်ဒါဇင်ကျော်က ခေါင်းငုံ့ထားကြသည်။ ယခုအချိန်၌ ဟွာချန်းကိုယ်ခံပညာကျောင်းမှာ အလွန်တိတ်ဆိတ်နေပြီး ဆံပင်တစ်ပင်ကျသံကိုပင် ကြားနိုင်လောက်သည်။

ကျူဟွာသည် သူ့လက်ထဲရှိ လေနှင့်မိုးတုတ်ကို ဆုပ်ကိုင်ထားသည်။

ထိုအချိန်တွင် ကိုယ်ခံပညာခန်းမ၏ တံခါးတစ်ချပ်က ပွင့်ဟလာသည်။ ကျူပင်းသည် သူမအရှေ့မှ တင်းမာနေသောလေထုကို ကြည့်ရာ သူမ၏မျက်လုံးထဲ၌ ကြောက်ရွံ့သွားသောအရိပ်အယောင်တစ်ခု ထွက်ပေါ်သွားခဲ့သည်။ သူမ၏မျက်နှာက ဖြူဖျော့နေသော်လည်း သူမ အံတင်းတင်းကြိတ်ကာ တုယာထံသို့ လျှောက်သွားလိုက်သည်။

"ရှင်တို့က ဘယ်သူတွေလဲ၊ ဒီကို ဘာလာလုပ်ကြတာလဲ! ကျွန်မ ရဲကို ခေါ်ထားခဲ့ပြီးပြီ! ရှင်တို့ ဒီနေရာကနေ ထွက်ပြေးဖို့ နှစ်မိနစ်ပဲ အချိန်ရှိတယ်!" 

သူမ၏အသံထဲ၌ ယုံကြည်မှုအပြည့်ရှိနေသည်မှာ သူမအရှေ့မှ ကြမ်းတမ်းရက်စက်သော အမျိုးသားရာပေါင်းများစွာကို ဂရုမစိုက်သကဲ့သို့ပင်။

ကျူဟွာပင်လျှင် အံ့အားသင့်သွားခဲ့သည်။ သူသည် သူ၏မြေးမလေးအား သူ့အနောက်သို့ ဆွဲခေါ်ရန် လက်လှမ်းလိုက်သော်လည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။

တုယာက ကျူပင်းကို ကော်လာမှဆွဲကိုင်ကာ အမြင့်သို့ မြှောက်တင်လိုက်လေသည်။ တုယာ၏ပါးစပ်မှ ထွက်လာသော စကားများက ကျူဟွာကို ရေခဲတိုက်ထဲ ရောက်သွားသကဲ့သို့ ခံစားရစေသည်။

တုယာက ဆိုးသွမ်းစွာပြုံးလျက် ကျူပင်းကို ပြောလာ၏။ 

"ရဲက မင်းအရှေ့မှာ ရောက်လာပြီမလား"

ကျူပင်းသည် လေထဲတွင် ဆက်တိုက် ရုန်းကန်နေသော်လည်း အနည်းငယ်မျှပင် အလျှော့မပေးခဲ့ပေ။ 

"ရှင်တို့က တစ်ပါးသူရဲ့အိမ်ကို ကျူးကျော်ဝင်ရောက်လာတာနဲ့ကို ကျွန်မတို့နိုင်ငံရဲ့ဥပဒေကို ချိုးဖောက်ပြီးသား..."

"အရမ်းဆူညံတာပဲ!" 

ကျူပင်း၏စကားမဆုံးခင်မှာပင် တုယာ၏ နောက်ပြန်ရိုက်လိုက်သောလက်ဝါးချက်ကြောင့် သူမ လွင့်စင်သွားခဲ့ရသည်။

ကျူဟွာ၏မျက်လုံးများမှာ ချက်ချင်း နီရဲသွားလေသည်။ အလျင်အမြန်ပင် သူ ကျူပင်း၏အရှေ့သို့ ပြေးသွားကာ မြေပြင်ပေါ်မှ ထူမလိုက်သည်။ 

"ရှောင်ပင်း ဘာဖြစ်သွားသေးလဲ"

ကျူပင်းသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး တုယာ၏ကြမ်းတမ်းရက်စက်သော မျက်နှာကို ကြောင်တောင်တောင်ဖြင့် ကြည့်နေသည်။

ဒီတစ်ခါ ကျူပင်းမှ လိမ်ပြောခဲ့ခြင်းမဟုတ်ပေ။ သူမသည် ရဲကို တကယ်ပင် ဖုန်းခေါ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် ဖုန်းဖြေသူသည် တုယာ ဖြစ်နေခဲ့သည်။

၂၁ရာစုတွင် ဥပဒေကိုကောင်းစွာသင်ယူထားပြီး နောင်အခါတွင်လည်း ထူးချွန်သူတစ်ဦး ဖြစ်လာမည့် ကျူပင်းသည် အခုအချိန်မှာ လုံးဝ အရှုံးပေးလိုက်ရလေပြီ!

တုယာသည် အဖိုးတန်သောပိုးပဝါတစ်ထည်ကို ပေါ့ပေါ့ပါးပါးပင် ထုတ်ယူလျက် ကျူပင်း၏မျက်နှာကို ရိုက်နှက်ရန် သုံးခဲ့သော သူ့လက်ဖဝါးကို သုတ်လိုက်သည်။

သူ့အရှေ့မှ အမျိုးသမီးသည် အနည်းငယ် တုံးအပုံရသော်လည်း သူမသည် အတော်လေးချောမောသည်။ အထူးသဖြင့် သူမ၏ကောက်ကြောင်းလှပသော ခန္ဓာကိုယ်နှင့် သူရဲကောင်းဆန်သောမျက်နှာပေါက်ကြောင့် သူ၏အဆိပ်အစွယ်များပင် မီးလောင်နေသကဲ့သို့ ခံစားရလေသည်။

သို့သော် တုယာသည် ဒီတစ်ခါက ဩဇာအာဏာပြသရန်သာ လာရောက်ခြင်းဖြစ်ကြောင်းကို ကောင်းစွာသိရှိထားသည်။

ပထမဆုံးအနေဖြင့် သူ ထိုလူငယ်ကို ရှာဖွေကာ ကမ္ဘာပေါရှိ အကြမ်းတမ်းဆုံးသောနည်းလမ်းဖြင့် ဖယ်ရှားပစ်မည်။ ထို့နောက် သူ့ကို ရေကန်ထဲသို့ ငါးစာကျွေးရန် ပစ်ချမည်။ နောက်ဆုံးတွင်မူ ထိုအဘိုးကြီးရှေ့မှာ အမျိုးသမီးကို ဖြည်းဖြည်းချင်း ခံစားပြလိုက်မည်။

ပြီးပြည့်စုံသော အစီအစဉ်ပင်။ 

ကျူဟွာသည် သူ့လက်ထဲရှိ လေနှင့်မိုးတုတ်အား ဒေါသတကြီးဖြင့် မြှောက်လိုက်သည်။ တုယာက သူ့မြေးမလေး၏မျက်နှာကို ရိုက်လိုက်ခြင်းသည် သူ့ကို သတ်လိုက်သည်ထက်ပင် ပို၍ဆိုးရွားစွာ ခံစားရစေသည်။

နှစ်ထောင်ပေါင်းများစွာတိုင်အောင် ကိုယ်ခံပညာလောက၏စည်းမျဥ်းသည် ဘယ်သောအခါမျှ မပြောင်းလဲခဲ့ပေ။ သို့သော် ဤနှစ်များတစ်လျှောက် ဘယ်သူက ထိုစည်းမျဥ်းများကို ဂရုစိုက်ခဲ့သနည်း။

ကျူဟွာသည် သူ့စိတ်ထဲ၌ ရှင်းရှင်းလင်းလင်းသိထားသည်။ ယနေ့ သူသာ ကြံ့ကြံ့ခံသောနည်းလမ်းကို အသုံးမပြုပါက အခြေအနေက သူ့ဘက်မှာ ရှိတော့မည်မဟုတ်ပေ။ 

ထိုအကြောင်းကို တွေးမိသောအခါ ကျူဟွာ၏ နှလုံးသားက တုန်ခါသွားခဲ့သည်။ သူသည် ကျားတစ်ကောင်လိုမျိုး လေနှင့်မိုးတုတ်ကို မြှောက်ကာ တုယာ၏ခေါင်းကို မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာဖြင့် ရိုက်ချလိုက်သည်။

ဤလူအုပ်စုကိုကိုင်တွယ်ရန်အတွက် သူသည်လည်း မည်သည့်စည်းမျဥ်းကိုမျှ လိုက်နာရန် မလိုအပ်တော့ချေ။ 

ရုတ်တရက်ပင် ကျယ်လောင်သော ပေါက်ကွဲထွက်သံတစ်ခု ထွက်ပေါ်လာသည်။ တုယာ လက်ထဲရှိ မည်းနက်သောပစ္စတိုတစ်လက်က မီးများထုတ်လွှတ်နေသည်။

"ဘန်း!"

ပြင်းထန်ကြမ်းတမ်းသည့် ကျားတစ်ကောင်ကဲ့သို့ ဖြစ်နေသော ကျူဟွာလည်း နောက်ပြန်လွင့်သွားခဲ့သည်။ သူသည် ငါးမီတာမှ ခြောက်မီတာအထိလွင့်သွားခဲ့ပြီးမှ အသံမထွက်ဘဲ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာခဲ့သည်။

ကျူပင်း၏မျက်လုံးများမှာ ပြူးကျယ်သွားကာ အမည်းရောင်ပစ္စတိုကို ကြည့်နေမိသည်။ သူမနှလုံးသားထဲမှ ရဲကိုမျှော်နေသည့် မျှော်လင့်ချက်လေးက ဤအချိန်တွင် လုံးဝပျက်စီးသွားလေပြီ။

ရွှီဖန်းနှင့် ရှယန်ယွိတို့သည် အချိန်ကြာမြင့်စွာ လျှောက်လည်ခဲ့တာကြောင့် ဟိုတယ်တစ်ခု၏ နို့နှစ်ရောင်အိပ်ရာကြီးတစ်ခုပေါ်တွင် အနားယူကာ လဲလျောင်းနေကြသည်။

ရွှီဖန်း၏လက်မည်းကြီးသည် ရှယန်ယွိ၏ပေါင်ဆီသို့ မရိုးသားသောနည်းဖြင့် စမ်းသပ်နေသည်။

ရှယန်ယွိကမူ နေ့ခင်းဘက်တွင် အလွန်ပျော်ရွှင်ခဲ့တာကြောင့် သူမသည် အိပ်ရာပေါ်တွင် ပင်ပန်းနွမ်းနယ်စွာ လဲလျောင်းနေလေသည်။ သူမ၏မျက်နှာလေးမှာ နီရဲနေပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တွန့်လိမ်နေခဲ့သည်။  သူမကို အခွင့်ကောင်းသာယူချင်ပါက လွယ်

လွယ်ကူကူဖြင့် အခွင့်ကောင်းယူနိုင်မည့်ပုံရသည်။

သူ့ဘေးနားရှိ အမျိုးသမီးလေးကို ရွှီဖန်း ကြည့်လိုက်သည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ပူနွေးသောသွေးများ စီးဆင်းနေသည်။ ရုတ်တရက်ပင် နားစူးလှသော ဖုန်းမြည်သံတစ်ခုက ထွက်ပေါ်လာသည်။

*****************

All Chapters