မိန်းမလှလေး၏ငိုကြွေးမှု
Vol. 26 Ch. 384
ကျူဟွာအတွက် သူ့အရှေ့မှ မြင်ကွင်းက မစိမ်းပေ။ ဆယ်စုနှစ်အနည်းငယ်အကြာကဆိုလျှင် ကျူဟွာသည် နုပျိုသန်မာခဲ့ဖူးသည်။ လေနှင့်မိုးတုတ်က မအောင်မြင်ခင်ကပင် ကျူဟွာသည် အရင်နာမည်ကြီးခဲ့ကာ သူ့ဂုဏ်သတင်းက နေရာအနှံ့အပြားသို့ ပျံ့နှံ့ခဲ့သည်။
ကျူဟွာ သက်ပြင်းကြီးစွာ ရှူရှိုက်လိုက်ပြီး သူ့ခံစားချက်များကို ထိန်းချုပ်ကာ အော်ပြောလိုက်သည်။
"မြေပြင်ပေါ်မှာလဲနေတဲ့ အဆိပ်နဂါးဂိုဏ်းဝင် ရာနဲ့ချီတဲ့လူတွေကို ဆွဲထုတ်လိုက်ကြ! မနက်ဖြန်မနက်ကျရင် ဟွာချန်းကိုယ်ခံပညာကျောင်းကို လာခဲ့ကြပါ၊ ငါ စည်းကမ်းအသစ်တစ်ခု ချမှတ်ချင်တယ်!"
ဂိုဏ်းခေါင်းဆောင်ဒါဇင်ကျော်တို့သည် တစ်ဦးပြီးတစ်ဦး ပြန်ဖြေလာကြသည်။ သူတို့သည် လက်များဝှေ့ယမ်းကာ သူတို့၏ခိုင်းဖက်ရာပေါင်းများစွာကို အလုပ်များစေကုန်ကြသည်။ အော်ဟစ်ငိုယိုကာ လှုပ်ရှားနေကြသော အဆိပ်နဂါးဂိုဏ်းဝင် ရာပေါင်းများစွာသည် ကိုယ်ခံပညာအဆောက်အဦးထဲကနေ ဆွဲထုတ်ခံခဲ့ကြရသည်။
ဒိုဂျိုဝင်ပေါက်ကို ရောက်သည့်အခါ ဂိုဏ်းခေါင်းဆောင်ဒါဇင်ကျော်သည် မြေကြီးထဲ ဝင်
လုမတတ် နက်နက်ရှိုင်းရှိုင်းခေါင်းငုံ့ကာ ဒူးထောက်နေသည့် တုယာကို မြင်သောအခါ ကျောချမ်းသွားကြသည်။
အနောက်ပိုင်းဒေသကတော့ ပြောင်းလဲတော့မည်။
လူမိုက်များ ထွက်ခွာသွားသည်နှင့်အတူ ဟွာချန်းကိုယ်ခံပညာကျောင်းတစ်ခုလုံးလည်း တိတ်ဆိတ်သွားခဲ့ပြီး ညမှာ တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။
ကျူဟွာ၏မျက်လုံးများက မျက်ရည်များဖြင့် လင်းလက်နေသည်။ သူ ချက်ချင်းပင် ဒူးညွှတ်ကာ ရွှီဖန်း အရှေ့မှာ ဒူးထောက်လိုက်သည်။
ရွှီဖန်းလည်း မြန်မြန်ဆန်ဆန်ပင် တုံ့ပြန်ကာ ကျူဟွာကို ထောက်ကူပေးရန်အတွက် အရှေ့ကို တိုးသွားလိုက်သည်။
"ဆရာကြီးကျူ ခင်ဗျားက ဒဏ်ရာရနေတုန်းပဲလေ...ဘာတွေလုပ်နေတာလဲ"
ကျူဟွာ၏မျက်လုံးများက မျက်ရည်များဖြင့် ပြည့်နေသော်လည်း သူ့မျက်နှာအမူအရာကတော့ ခိုင်မာနေသည်။
"ညီလေးရွှီ ဘာပဲဖြစ်ဖြစ်ပါ ဒီနေ့ ဒီအဘိုးကြီးက မင်းကို ဂါရဝပြုပါတယ်၊ ကျေးဇူးတင်တယ်လို့ ငါ မပြောတော့ပါဘူး... နောက်ဆိုရင် ငါ့ကို အသုံးလိုမယ့် ဘာကိစ္စမဆို ပြောသာပြောပါ"
ရွှီဖန်းမှာ ကျူဟွာ၏စကားကြောင့် ရယ်ရခက်၊ ငိုရခက် ဖြစ်သွားရကာ နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။
"ဆရာကြီးကျူ ဘာတွေပြောနေတာလဲဗျာ၊ ကျွန်တော် ရွှီဖန်းက စီးပွားရေးသမားတစ်ယောက်ပါ၊ ဂန်းစတားမဟုတ်ပါဘူး၊ ဘယ်လိုလုပ်ပြီး လိုအပ်တာတွေ ရှိရမှာလဲ၊ စီးပွားရေးလောကမှာ ကျွန်တော်တို့က ချစ်ကြည်ရင်းနှီးမှုနဲ့ စည်းစိမ်ဥစ္စာရဲ့အရေးကြီးမှုကို အလေးထားကြပါတယ်၊ ဒါကြောင့် ဆရာကြီးကျူရဲ့ စကားကို လက်ခံပေးဖို့ ကျွန်တော် မတတ်နိုင်ပါဘူး"
ကျူဟွာမှာ ရွှီဖန်း၏စကားကို ကြားသောအခါ စကားမပြောနိုင်အောင် ဖြစ်သွားရသည်။ သို့သော် ကျူဟွာ၏ကျေးဇူးတင်မိသောစိတ်မှာ လုံးဝမလျော့သွားပေ။ ရွှီဖန်းက သူ့အသက်ကို ကယ်တင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်းကို ပြသရန် အရိုအသေပေးလိုက်သည်။
ရှောင်လွှဲလို့ မရတော့တာကြောင့် ရွှီဖန်းလည်း ကျူဟွာ၏အရိုအသေပေးမှုကို ကူကယ်ရာမဲ့စွာ လက်ခံလိုက်ရပြီး အကြောင်းအရာကို မြန်မြန်ပြောင်းလိုက်သည်။
"ဆရာကြီးကျူ ခင်ဗျားက ဒဏ်ရာရနေတုန်းပဲ၊ ဆေးရုံသွားပြကြရအောင်လား"
ကျူဟွာက လက်ဝှေ့ယမ်းသည်။ သူ့ထံ၌ သန်မာတက်ကြွသော စိတ်ဓာတ်များ ပြည့်နှက်နေသည်။
"ဒီအဘိုးကြီးက ခက်ခဲတဲ့တိုက်ပွဲတစ်ခုကို ရင်ဆိုင်ခဲ့ရတုန်းက အရိုးရှစ်ချောင်းကျိုးသွားခဲ့တာတောင်မှ ခြေလက်မသန်စွမ်းသည့်တိုင်အောင် ပြိုင်ဘက်ရန်သူရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခဲ့တာ၊ ဒီကျည်ဆံလေးက ဘာအဆင့်ရှိလို့လဲ"
သူ လှည့်ကြည့်လိုက်တော့ ကျူပင်းက နိုးနေလေပြီ။ ထိုအချိန်၌ သူမသည် မျက်လုံးပြူးပြူးလေးဖြင့် ရွှီဖန်းကို စိုက်ကြည့်နေလေသည်။ ရွှီဖန်း လှည့်ကြည့်လာတာကို မြင်သောအခါ ကျူပင်းသည် ကမ္ဘာပေါ်မှ ကြောက်စရာအကောင်းဆုံးအရာကို မြင်လိုက်ရသကဲ့သို့ နားစူးစရာကောင်းသည့် အော်သံတစ်သံကို ထုတ်လွှတ်လာလေသည်။
ရွှီဖန်းမှာ ကျူပင်းအား သတိမေ့သွားအောင် ရိုက်ချင်စိတ်ကို မနည်းထိန်းချုပ်ကာ မျက်နှာလွှဲလိုက်ရသည်။
ကျူဟွာသည် သူ၏ချစ်မြေးမလေးကို နှစ်သိမ့်ရန်အတွက် အလျင်အမြန် ပြေးသွားခဲ့လေသည်။ နောက်ဆုံးမှာတော့ ကျူပင်းသည် ကျူဟွာ၏လက်ထဲ၌ ခါးခါးသီးသီး ငိုကြွေးကာ မျက်ရည်များကို သုတ်ပြီးနောက် ရွှီဖန်းကို စိုက်ကြည့်ကာ အိမ်ထဲဝင်သွားလေသည်။
ရွှီဖန်းတစ်ယောက် ဆွံ့အသွားရတော့သည်။ ဒီကလေးမကို သူ စမြင်ကတည်းကနေ အခုအချိန်အထိ သူမအပေါ်၌ ဘယ်တုန်းကမှ အမြင်ကောင်းမရှိခဲ့ပေ။ သူ့ဘက်က သူမ၏အသက်ကို ကယ်ပေးခဲ့တာတောင်မှ ဒီကလေးမက သူ့ကို အမြင်မကြည်သေးပေ။
ကျူဟွာသည် ကျူပင်းကို အခန်းထဲသို့ ပို့ပြီးနောက် ရွှီဖန်းကို ထပ်ခါတလဲလဲ တောင်းပန်လာခဲ့သည်။ ရွှီဖန်းလည်း အနည်းငယ် စိတ်မကောင်းဖြစ်မိသွားသည်ဆိုသော်လည်း ကလေးမလေးတစ်ယောက်အပေါ်မှာတော့ ဒေါသမထွက်ပေ။ သူ ချက်ချင်းပင် ရယ်မော၍ ပေါ့ပေါ့ပါးပါးသာ သဘောထားလိုက်သည်။
ကိစ္စများပြီးဆုံးသွားသည်ကို မြင်သောအခါ ရွှီဖန်းသည် ကျူဟွာကို နှုတ်ဆက်၍ ထွက်သွားရန် ပြင်လိုက်သော်လည်း ကျူဟွာက သူ့ကို တားလာသည်။
"ညီလေးရွှီ မင်းက ဘယ်သူလဲ၊ ဒီဒိုဂျိုကို ဘာရည်ရွယ်ချက်နဲ့ ဖွင့်ချင်တာလဲဆိုတာကိုတော့ ငါ မမေးတော့ပါဘူး၊ ဒါပေမဲ့ ဒီနေ့မှာ မင်းက ငါ့ကို နှစ်ခါတောင် ကယ်ခဲ့တာပဲ...ငါ ကျူဟွာက ညီလေးရွှီကို ဒီအတိုင်းထွက်သွားခိုင်းလိုက်မယ်ဆိုရင် ဒါက လုံးဝ မသင့်တော်
ဘူးလေ"
ထို့နောက် ကျူဟွာသည် သူ့ရင်ဘတ်အိတ်ထဲကနေ စာချုပ်တစ်စောင်ကို ထုတ်ယူကာ ရွှီဖန်းကို လေးနက်စွာ ကမ်းပေးလာသည်။
"ညီလေးရွှီ သတ်မှတ်ချက်တွေက အရင်ကနဲ့ အတူတူပါပဲ"
ကျူဟွာက ဟန်ဆောင်နေပုံမရသည်ကို မြင်သောအခါ သူသာ သဘောမတူလျှင် ထွက်သွားခွင့်ပြုမည်မဟုတ်မှန်း ရွှီဖန်း သိလိုက်သည်။ ထို့ကြောင့် သူ ပြုံးလိုက်ကာ ဘောပင်နှင့် စာရွက်ကိုယူ၍ စာချုပ်ပေါ်မှာ သူ့နာမည်ကို ရေးထိုးလိုက်သည်။
"ညီလေးရွှီ...အခုကစပြီး သူဌေးရွှီလို့ ခေါ်ရတော့မှာပဲ!"
ကျူဟွာသည် ရွှီဖန်းက စာချုပ်ပေါ်၌ လက်မှတ်ထိုးလိုက်သည်ကို မြင်မှသာ စိတ်အေးသွားရပြီး သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာလေသည်။
"အဲ့ဒီလိုမခေါ်ပါနဲ့၊ သူဌေးရွှီထက် ညီလေးရွှီက နားထဲကြားရတာ အသက်သာဆုံးပါပဲ၊ ဒီဒိုဂျိုကို ကျွန်တော် မကြာခဏ လာဖြစ်မှာ မဟုတ်ဘူး၊ ကျွန်တော့်ရဲ့ ဟိုဘက်က အလုပ်တွေ ပြီးမှပဲ ဒိုဂျိုစီးပွားရေးကို စဖွင့်နိုင်မယ်လို့ ထင်ပါတယ်၊ ဆရာကြီးကျူ ဒီဒိုဂျိုကို ခင်ဗျားရဲ့လက်ထဲကိုပဲ လွှဲခဲ့မယ်"
ကျူဟွာက လေးလေးနက်နက် ခေါင်းညိတ်ကာ...
"ညီလေးရွှီ စိတ်မပူပါနဲ့၊ ငါ ကျူဟွာကိုပဲ အပ်ထားလိုက်ပါ"
ရွှီဖန်း နှုတ်ဆက်ပြီးနောက် ထွက်ခွာလာခဲ့သည်။ ဟွာချန်းကိုယ်ခံပညာကျောင်းကနေ ထွက်လာစဥ်၌ မြေပြင်ပေါ်မှာ ဒူးထောက်၍ တုန်ယင်နေသော တုယာကိုပင် သူ မလှည့်ကြည့်ခဲ့ပေ။ သူ sportscarထဲ ဝင်ထိုင်ပြီးနောက် သူလာခဲ့သည့် လမ်းတစ်လျှောက် ပြန်မောင်းလာခဲ့သည်။
ညက မှောင်မိုက်နေသော်လည်း ကောင်းကင်ပေါ်တွင် ကြယ်များ ပြည့်နှက်နေလေသည်။
အသွားမှာ ရွှီဖန်း၏ မျက်နှာက အေးစက်နေခဲ့သော်လည်း အပြန်မှာတော့ သူ့မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေခဲ့သည်။
သူ ဟွာချန်းကိုယ်ခံပညာကျောင်းကို ရခဲ့၍တော့ မဟုတ်ပေ။ ဒိုဂျိုလေးတစ်ခု ပိုင်ဆိုင်ရန်မှာ ရွှီဖန်းအတွက် ပြောစရာလိုသည့်ကိစ္စမဟုတ်ပေ။
ရွှီဖန်းကို ပျော်ရွှင်စေသည့်အရာကတော့ သူ့လည်ပင်းကိုဖြတ်ရန် ဓားကိုကိုင်ထားခဲ့ဖူးသည့် အဘိုးအိုသည် နောက်ဆုံးမှာတော့ သူ၏သန်မာသောစိတ်ဓာတ်ကို ပြန်လည်ရရှိကာ သူလျှောက်လှမ်းရမည့် လမ်းကြောင်းကို ရှာတွေ့သွားခဲ့၍ပင်။ ဤအဆုံးသတ်မှာ အလွန်ကောင်းမွန်လှသည် မဟုတ်ပေလော။
ဤသို့ဖြင့် ရွှီဖန်းနှင့်ကျူဟွာတို့သည် မထင်မှတ်ထားခဲ့ဘဲ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အနောက်ပိုင်းဒေသ၏မြေအောက်လောကသည်လည်း ခေါင်းဆောင်အသစ်တစ်ဦးကို ရရှိခဲ့လေသည်။
ကျေးဇူးကန်းသည့်ကောင်မလေးတော့ သူ့ကို ကျေးဇူးတင်ကြောင်းပြသရန် အားနားပါးနာလေးတောင် မျက်ရည်မကျပြခဲ့သော်လည်း ထိုကိစ္စမှာ ကိစ္စသေးသေးလေးသာဖြစ်ပြီး သူ စိတ်ထဲမထည့်ထားပေ။ အဆုံးမှာတော့ သူမသည် တစ်ပါးသူကို အန္တရာယ်မပြုနိုင်သော ကလေးမလေးသာဖြစ်သည်။
လူတိုင်းမှာ ကိုယ်စီလျှောက်လှမ်းရမည့် လမ်းကြောင်းများ ရှိကြပေသည်။ ရွှီဖန်းက ဟိုတယ်ဖွင့်လှစ်ကာ သူ့စီးပွားရေးကို ချဲ့ထွင်ချင်သည်။ ကျူပင်းကတော့ ဥပဒေကို လေ့လာချင်ပြီး လောကကြီး၏မတရားမှုများကို ငြိမ်းချမ်းအောင် လုပ်ပေးချင်သည်။ ကျူဟွာ ကမူ အနောက်ပိုင်းဒေသကို စီမံခန့်ခွဲကာ သူ၏ရန်သူနှင့် ဒုတိယအကြိမ် ရင်ဆိုင်ရန်အတွက် မြေအောက်အင်အားစုတစ်ခုကို တည်ထောင်ချင်သည်။
လူတိုင်း၏လမ်းကြောင်းများက မဖြောင့်ဖြူးသော်လည်း သူတို့အားလုံးထံ၌ တိုက်ခိုက်လိုစိတ်
အပြည့်ရှိကာ ကိုယ်စီလမ်းကြောင်းကို လျှောက်လှမ်းရန် ဆုံးဖြတ်ထားကြလေသည်။
ဒီကမ္ဘာပေါ်၌ ထိုကဲ့သို့သောအရာများထက် ပိုပျော်စရာကောင်းသည့်အရာ မရှိနိုင်ပေ။
ကားရပ်တန့်ပြီးနောက် ရွှီဖန်းသည် သီချင်းခပ်အေးအေးညည်းကာ ဟိုတယ်ထဲသို့ ဝင်သွား၍ သူတို့ အခန်းထဲကို တိတ်တဆိတ် ဝင်သွားလိုက်သည်။
လရောင်က ပြတင်းပေါက်မှတဆင့် ရှယန်ယွိ၏ ကျော့ရှင်းသောခန္ဓာကိုယ်ပေါ်ကို ထိုးကျလျက်ရှိသည်။ သူမ၏အနက်ရောင်ဆံပင်များသည် ရေတံခွန်ကဲ့သို့ ဖြာကျနေကာ သူမ၏နူးညံ့သောမျက်နှာလေးမှာလည်း နတ်သမီးလေးတစ်ပါးကဲ့သို့ပင်။ သူမ၏နှုတ်ခမ်းထောင့်လေးသည် မြို့များကို သိမ်းပိုက်ကာ၊ အင်ပါယာများကို ဖြိုချနိုင်လောက်သည့် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်နေလေသည်။ ကောင်းမွန်သည့် အိပ်မက်
တစ်ခုကို မက်နေသည့်ပုံပင်။
လရောင်ကလည်း လှပလွန်းကာ သူမမျက်နှာပေါ်ရှိ အပြုံးကို ပို၍ နက်ရှိုင်းစေသည်။
ထိုကဲ့သို့အိပ်မက်ဆန်သောမြင်ကွင်းဖြင့် ရင်ဆိုင်လိုက်ရသော်လည်း ရွှီဖန်းသည် အလျင်စလို မပြုမူခဲ့ပေ။ ထိုအစား သူ ရှယန်ယွိ၏ဘေးမှာ တိတ်တဆိတ် ထိုင်ကာ စတင်ရှုစားမိသည်။
လက်ရှိအချိန်တွင် ရွှီဖန်း၏မျက်လုံးများမှာ အလွန် စင်ကြယ်နေပြီး ကိလေသာညစ်ညမ်းမှုများလုံးဝမရှိပေ။ သူ၏ပုံစံမှာ ခမ်းနားထည်ဝါသော အနုပညာလက်ရာတစ်ခုကို ကြည့်နေသကဲ့သို့ပင်။ သူနှင့် ထာဝရအတူရှိနေရမည့် ဇနီးသည်ကို စွဲလမ်းကာ အချစ်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်နေသည့်ခင်ပွန်းအလားပင်။
ရိုးမြေကျသည့်တိုင် မင်းအနေနဲ့ ဘာစိုးရိမ်စရာမှ မလိုအောင် ကိုယ် မင်းကို ကာကွယ်ပေးမယ်။
အိပ်ရာခင်းက လျှောကျသွားသည့်အခါ ဆွဲဆောင်မှုရှိသောမြင်ကွင်းတစ်ခုက ပေါ်လာသည်။ ရွှီဖန်းကတော့ ညင်သာစွာ ထ၍ နှင်းကဲ့သို့ ဖြူဖွေးလှသော အိပ်ရာခင်းကို ဆွဲယူကာ ထိုမြင်ကွင်းကို ဖုံးအုပ်ပေးလိုက်သည်။
ရွှီဖန်းသည် အိပ်ရာပေါ်တွင် ထိုင်၍ မိုးပျံအိုးသိုင်းကျမ်းကို တိတ်တဆိတ် ကျင့်ကြံနေသော်လည်း သူ့နှုတ်ခမ်းထောင့်များကတော့ အနည်းငယ် ကွေးညွှတ်နေခဲ့သည်။
********************