← Chapters

နတ်ဆိုး

Vol. 26 Ch. 386

နတ်ဆိုး

Vol. 26 Ch. 386

ရွှီဖန်း၏စကားများသည် နာမည်ကြီးမင်းသမီးကို စနောက်ရန်သက်သက် မဟုတ်ဘဲ သူ၏နောက်ထပ်လှုပ်ရှားမှုအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

တိတိကျကျပြောရလျှင်လည်း ရွှီဖန်းသည် တစ်ကယ်လည်း လူကောင်းတစ်ယောက်မဟုတ်ပေ။  လူကောင်းဆိုသည်မှာ အလွယ်တကူ အနိုင်ကျင့်ခံရတတ်သူ၊ တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးထားသည့် သဘောတူညီချက်ကို ဖျက်ဆီးပစ်ခဲ့သောတစ်စုံတစ်ဦး၏ အပေါ်စီးကနေ ဆက်ဆံတာကို ခံရလျှင်တောင် ယဉ်ကျေးနေသေးသည့် လူမျိုးပင်။ ထိုကဲ့သို့လူမျိုးဆိုလျှင် လူကောင်းဖြစ်ရတာက တစ်မျိုးပင်။

စွန်းဖေးဖေး၏ ချစ်စဖွယ်မျက်နှာလေးက သွေးဆုတ်ကာ ဖြူလျော်နေသည်။ သူမသည် အရုပ်လေးတစ်ရုပ်လို မတ်တပ်ရပ်နေပြီး တုန်ယင်နေသောအသံဖြင့် ပြောလာသည်။

"ရှင်... ဘာလုပ်ချင်နေတာလဲ၊ ကျွန်မ ရဲကို ဖုန်းခေါ်လိုက်မှာ"

လူအများစုအတွက် 'ရဲကိုဖုန်းခေါ်မှာ' ဟူသည့် စကားဖြင့် ခက်ခဲသောအခြေအနေမှ လွတ်မြောက်ရန် ခြိမ်းခြောက်ခြင်းသည် သိပ်အသုံးဝင်မည်မဟုတ်သလို စွန်းဖေးဖေးအတွက်လည်း ချွင်းချက်မဟုတ်ပေ။

"ရဲကိုဖုန်းခေါ်မယ်" ဟူသည့်စကားကို ကြားတာတောင်မှ ရွှီဖန်းက မျက်လုံးတစ်ချက် မမှိတ်သွားပေ။ မြေပြင်ပေါ်မှာရှိနေသည့် မန်နေဂျာအစ်ကိုကျန်းကို ဂရုမစိုက်ဘဲ စွန်းဖေးဖေးဆီသို့ လျှောက်သွားလိုက်သည်။ 

သူ၏ခြေလှမ်းများမှာ မမြန်မနှေးဘဲ အဆုံးမရှိသော စွမ်းအားကို ပိုင်ဆိုင်ထားပုံရသည်။

စွန်းဖေးဖေးသည် ကြောက်လန့်နေသော ကြောင်ကလေးတစ်ကောင်လိုမျိုး နားများကို ပိတ်၍ မျက်လုံးများကိုမှိတ်ကာ အော်ဟစ်နေသည်။

အမျိုးသမီးအများစုအတွက် ဤကဲ့သို့ ဆိုးရွားသောအခြေအနေနှင့် ရင်ဆိုင်ရပါက ကြိုးစားခုခံခြင်းကို လက်လျှော့လိုက်ကြလိမ့်မည်ဖြစ်သည်။ စွန်းဖေးဖေးကလည်း ချွင်းချက်မဟုတ်ပေ။

ပျဉ်ပြားပေါ်က ငါးတစ်ကောင်ကဲ့သို့ပင် မိမိဘဝက တစ်ပါးသူ၏လက်ထဲမှာ ဖြစ်သွားလိမ့်မည်။

အော်သံသည် တိုတောင်းသော်လည်း အသံစူးရှကာ ကျယ်လောင်လွန်းသည်။ စွန်းဖေးဖေး အသံပြုလိုက်သည်နှင့် တစ်ပြိုင်နက် ရွှီဖန်းသည် လျှပ်စီးလက်သကဲ့သို့ ရှေ့သို့ပြေးဝင်ကာ လက်ကိုဆန့်တန်း၍ စွန်းဖေးဖေး၏ ပါးစပ်ကို ဖုံးအုပ်လိုက်သည်။

ရွှီဖန်းသည် အမျိုးသမီးများ၏အော်ဟစ်သံကို အမုန်းဆုံးဖြစ်သည်။ အမျိုးသမီးက ရုပ်ရည်လှပသည်ဖြစ်စေ၊ အဆင့်အတန်းမြင့်မားသည်ဖြစ်စေ အရေးမပါပေ။ 

ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့ပြီး အားနည်းပုံပေါ်သော မိန်းကလေးက သူမ၏ ချယ်ရီရောင်နှုတ်ခမ်းဖြင့် ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် အော်သံကို ပြုလုပ်နိုင်သည်ဟု စိတ်ကူးရန်မှာ ခက်ခဲလှသည်။ ၎င်းအော်သံမှာ လူတို့၏ နားစည်များကို တိုက်ရိုက်ဖောက်ထွင်းနိုင်ပြီး တိုက်ခိုက်နိုင်စွမ်းကို ချက်ချင်း ဆုံးရှုံးစေနိုင်သည်ဟူ၍ပင် ထင်ရသည်။

ကံမကောင်းစွာဖြင့် ရွှီဖန်းသည် စိတ်နုသူမဟုတ်ပေ။ သူ့နှလုံးသားသည် အလွန်သန်မာပြီး သူ၏လှုပ်ရှားမှုများမှာလည်း သွက်လက်ပေသည်။ အရေးကြီးဆုံးမှာ ရွှီဖန်းသည် သူ့နှင့်မရင်းနှီးသော အမျိုးသမီးများကို ကောင်းမွန်စွာ ဆက်ဆံနည်းအား ဘယ်တုန်းကမှ မသိခဲ့ခြင်းဖြစ်သည်။

တချို့သော အမျိုးသားများသည် မိမိတို့ရှေ့မှ အမျိုးသမီးက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ အမြဲတမ်း သည်းခံပေးတတ်ကြသည်။ 

အမျိုးသမီးတွေက သူတို့ရဲ့ကြင်နာမှုကို ကျေးဇူးတင်မယ်တဲ့လား...ဒါပေါ့ လုံးဝတင်မှာမဟုတ်ဘူး!

ထို့ကြောင့် ရွှီဖန်းသည် စွန်းဖေးဖေး၏ ငန်းကဲ့သို့လည်တိုင်ကို တိုက်ရိုက်ဆုပ်ကိုင်ကာ အိပ်ရာပေါ်သို့ ပစ်ချလိုက်သည်။

gender equalityဖြစ်တာကြောင့် စကားနှင့်ချည်း ပြောလို့မရပေ။ အမျိုးသားနှင့် အမျိုးသမီးအား တန်းတူ ဆက်ဆံရမှာပင်။ ထို့အပြင် စာချုပ်ဖောက်ဖျက်မှုကလည်း စွန်းဖေးဖေးဘက်မှ စတင်ခဲ့သည်ဖြစ်ရာ ရွှီဖန်းသည် တုံ့ဆိုင်းမှုမရှိဘဲ လုပ်ဆောင်ခဲ့သည်။

စွန်းဖေးဖေးက ခရမ်းရောင်အဝတ်အစား ပါးပါးလေးကို ဝတ်ဆင်ထားခြင်းဖြစ်သည်။ ထိုအချိန်၌ သူမကို ရွှီဖန်းက အိပ်ရာပေါ် ပစ်တင်လိုက်လေသည်။ သူမရင်ဘတ်က လှိုင်းထသွားရုံသာမကဘဲ အဝတ်အစားအောက်မှ နေရာတော်တော်များများက ဖောင်းကြွနေ ခဲ့သည်။ နာမည်ကြီးမင်းသမီးတစ်ယောက်အနေဖြင့် စွန်းဖေးဖေးသည် သူမအား အရူးအမူးစွဲလမ်းနေသော ပရိသတ်များနှင့် ယဉ်ကျေးသော လူကြီးလူကောင်းများနှင့်သာ အမြဲ ရင်ဆိုင်ခဲ့ရသည်။

ရှက်ရွံမှု၊ ကြောက်ရွံ့မှု၊ ဒေါသ စသည်ဖြင့် ရောထွေးနေသော ခံစားချက်ပေါင်းစုံမှာ သူမ၏နှလုံးသားအောက်ခြေကနေ ပေါ်ထွက်လာပြီး စွန်းဖေးဖေး၏ မျက်နှာကို နီရဲစေခဲ့သည်။

ရွှီဖန်း၏အပြုံးက နတ်ဆိုးတစ်ပါး၏အပြုံးကဲ့သို့ပင်။ 

ရွှီဖန်းသည် အိပ်ရာပေါ်ရှိ စွန်းဖေးဖေးထံသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။

ရွှီဖန်း၏အစီအစဉ်က အတင်းအဓမ္မ လုပ်ဆောင်ရန်မဟုတ်သည်မှာ သိသာလှသည်။ အခုအချိန်၌ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်စိုက်ရုံးသည် အရေးကြီးသော အချိန်ကာလတွင် ရှိနေတာကြောင့် ရွှီဖန်းထံ၌ ပျော်ရွှင်မှုရှာရန် အချိန်လည်းမရှိသလို ဝါသနာလည်းမရှိပေ။ 

စွန်းဖေးဖေးကသာ စာချုပ်ကို အတင်းအဓမ္မ ဖောက်ဖျက်ခဲ့တာဖြစ်ပြီး ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးကသာ သူမကို တရားရုံးမှာ တရားစွဲပါက သူမရရှိမည့် ပြစ်ဒဏ်မှာ ဆုံးရှုံးမှုများဖြင့် နှိုင်းယှဉ်၍ ရမည်တောင်မဟုတ်ပေ။

အချိန်ကုန်နေပြီဖြစ်၍ စကားပြောနေသည်မှာ အသုံးမဝင်တော့တာကြောင့် သူ့အတွက် အင်အားသုံးရန်သာ ရွေးချယ်စရာ ရှိတော့သည်။

ရွှီဖန်း၏အစီအစဉ်မှာ အကြမ်းဖက်တွန်းအားကို အသုံးပြု၍ စွန်းဖေးဖေးအား အတင်းအကြပ် နာခံခိုင်းပြီးတော့ သူ့အတွက် ကြော်ငြာရိုက်ခိုင်းရန်ဖြစ်သည်။ ရိုက်ကူးရေးပြီးသွားလျှင်တော့ သူမ သူ့ကို ဘာပဲလုပ်ချင်ပါစေ လုပ်လို့ရသည်။ 

သူမက နာမည်ကြီးစတားတစ်ယောက်ဖြစ်ပြီး သူမ၏ နောက်ခံအင်အားက ဘယ်လောက်ပင် ကြီးမားနေပါစေ ရွှီဖန်း သူမကို အရေးလုပ်မည်မဟုတ်ပေ။ 

စွန်းဖေးဖေးကတော့ ရွှီဖန်း ဘာအကြောင်းစဉ်းစားနေလဲဆိုတာကို သဘာဝကျစွာပင် မသိပေ။ အမြဲတမ်း စကားနားထောင်တတ်သော ကောင်မလေးတစ်ယောက်ဖြစ်သည့် စွန်းဖေးဖေးမှာ သူမရှေ့မှ အမျိုးသားကြောင့် ကြောက်လန့်တကြားဖြစ်ကာ သတိလစ်မတတ်ဖြစ်နေလေပြီ။

ပထမဆုံးအနေဖြင့် သူမအခန်းထဲသို့ အတင်းဝင်လာခဲ့ ကာ စကားတစ်ခွန်းမှ မပြောဘဲ သူမ၏ မန်နေဂျာအစ်ကိုကျန်းကို မြေပြင်ပေါ်သို့ လဲကျသွားအောင် လုပ်ခဲ့သည်။ ထို့နောက် သူ့ကိုယ်သူ လူကောင်းတစ်ယောက် မဟုတ်ဘူးလို့လည်း ပြောခဲ့သည်။ ထို့နောက် ခြေတစ်လှမ်းတိုးကာ သူမ၏လည်ပင်းကို ဆုပ်ကိုင်၍ အိပ်ရာပေါ်သို့ ပစ်ချလိုက်သေးသည်။

ဖြည်းဖြည်းချင်း လျှောက်လာနေသည့် ရွှီဖန်းကို ကြည့်၍ စွန်းဖေးဖေးသည် နောက်ဘာဖြစ်မလဲဆိုတာကို နားလည်သွားလေပြီ။

စွန်းဖေးဖေးသည် တုန်ယင်နေပြီး သူမ၏လှပသောမျက်လုံးများထဲ၌ မျက်ရည်များ ပြည့်နှက်လာသည်။ နောက်ဘာဖြစ်လာမလဲဆိုတာကို သူမ ခန့်မှန်းပြီးသား ဖြစ်သော်လည်း စွန်းဖေးဖေးသည် ထိုအခြေအနေကို လက်ခံနိုင်စွမ်းမရှိသေးပေ။

လက်ရှိမြင်ကွင်းကို မြင်နေရသည့် သာမန်လူတစ်ယောက်သာဆိုလျှင် စွန်းဖေးဖေးကို ရင်ခွင်ထဲ ထည့်၍ နှစ်သိမ့်ရန် ပြေးသွားလောက်ပြီဖြစ်သည်။

ကံမကောင်းစွာဖြင့် သူမဆီကို ရောက်လာသူမှာ မိန်းမများ၏အခြေအနေကို နားမလည်ပေးသည့် ရွှီဖန်းဖြစ်နေခဲ့သည်။ 

ကြော့ရှင်းသောအမျိုးသမီးတစ်ယောက်ကပင် အခုလိုအခြေအနေမျိုး၌ အသုံးမဝင်နိုင်ပေ။ 

ရွှီဖန်းသည် ကုတင်ဘေးကို လျှောက်လာပြီး မျက်ရည်များဝဲကာ ကုတင်ပေါ်တွင် ကွေးနေသည့် စွန်းဖေးဖေးအား ငုံ့ကြည့်လိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေပြီး သူ့နှုတ်ခမ်းကတော့ နတ်ဆိုးတစ်ပါး၏အပြုံးလိုမျိုး ကွေးညွှတ်နေလေသည်။

ရုတ်တရက်ပင် သူ့အနောက်မှ ကျယ်လောင်သော အော်သံတစ်သံ ထွက်ပေါ်လာသည်။

"သေစမ်း!"

သစ်သားတုတ်တစ်ချောင်းက ရွှီဖန်း၏နောက်ကျောကို အားကုန်ထိမှန်ခဲ့ပြီး ရွှီဖန်း၏ခေါင်းကို တည့်တည့်ချိန်ရွယ်လာသည်။ 

ဤတိုက်ခိုက်မှုမှာ မန်နေဂျာ၏တစ်ခုတည်းသော မျှော်လင့်ချက်ပင်။

စွန်းဖေးဖေး၏ကိုယ်ရေးအချက်အလက်များမှာ ထူးခြား၍ ရဲကို တိုင်ကြားလို့မရပေ။ အစ်ကိုကျန်းမှ သူမအတွက် ဖော်ထုတ်ခဲ့လျှင်တောင် စွန်းဖေးဖေး၏ လက်ချောင်းတစ်ချောင်ကိုပင် ရွှီဖန်း ထိလိုက်သည်နှင့် နာမည်ကြီးမင်းသမီး၏ဂုဏ်သတင်းနှင့် နာမည်မှာ ကြီးမားစွာ ထိခိုက်သွားလိမ့်မည်။ 

လက်ရှိအချိန်၌ မန်နေဂျာအစ်ကိုကျန်းသည် ရှေ့ထွက်၍ အန္တရာယ်ကို ရင်ဆိုင်ရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။

စွန်းဖေးဖေး၏မျက်လုံးများကလည်း ပြူးကျယ်သွားခဲ့ပြီး နတ်ဆိုးကဲ့သို့ ရွှီဖန်းအား မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေသည်။ 

သို့သော် ဘယ်ကမှန်းမသိ ပေါ်လာသည့် အတောင်ပံများသည် ဖျက်ဆီးခံရရန် ကံကြမ္မာပါလာခဲ့ပြီးသားပင်။ ရွှီဖန်းက ခေါင်းတောင် မလှည့်ကြည့်ပေ။ သူ လက်ညှိုးကို ဆန့်ထုတ်ကာ အနောက်ကို တောက်လိုက်သည်။

ဒီလိုနှင့်ပင် မယုံနိုင်လောက်အောင် ခိုင်မာတောင့်တင်းသည့် သစ်သားတုတ်မှာ ထက်ခြမ်းကျိုးသွားလေသည်။ နဂို ရွှီဖန်းကို ခြိမ်းခြောက်နေသည့် သစ်သားတုတ်၏အဖျားမှာ နောက်ပြန်ပျံလွင့်သွားခဲ့ပြီး မန်နေဂျာအစ်ကိုကျန်း၏မျက်နှာကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။ 

မန်နေဂျာအစ်ကိုကျန်းမှာ ညည်းသံပြု၍ မြေပြင်ပေါ်သို့ သပ်သပ်ရပ်ရပ် လဲကျသွားခဲ့သည်။ ထို့နောက် နဖူးကနေ သွေးစက်များ ဖြည်းဖြည်းချင်း စီးကျလာလေသည်။

စွန်းဖေးဖေး၏လှပသောမျက်လုံးထဲတွင်လည်း မျှော်လင့်ချက်မဲ့မှုများ ပျံ့နှံ့သွားခဲ့သည်။ အတွေ့အကြုံရှိပြီး ဗဟုသုတကြွယ်ဝသည့် နာမည်ကြီးမင်းသမီးတောင်မှ အန္တရာယ်များသည့် သစ်သားတုတ်အား အားမပါပုံရသည့် လက်ချောင်းတစ်ချောင်းက ဘယ်လိုလုပ်ချိုးပစ်နိုင်ခဲ့တာလဲဆိုတာကို နားမလည်နိုင်ခဲ့ပေ။ သူမကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်းသာ မဟုတ်လျှင် လုံးဝယုံကြည်နိုင်မည်မဟုတ်ပေ။

စွန်းဖေးဖေး မျှော်လင့်ချက်မဲ့နေတုန်းမှာပင် ရွှီဖန်းက လမ်းလျှောက်တာကို ရပ်လိုက်သည်။ သူ့လက်နှစ်ဖက်စလုံးက အိတ်ကပ်ထဲမှာရှိနေပြီး ဖိအားပေးနေသော သူ၏အော်ရာများက လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ သူ့မျက်နှာပေါ်တွင် အပြစ်ကင်းသည့် အပြုံးတစ်ခုရှိနေပြီး မြေအောက်လောကနှင့် လုံးဝမပတ်သက်ဖူးသည့် ကျောင်းသားတစ်ဦးကဲ့သို့ပင်။

"မင်္ဂလာပါ နာမည်ကြီးစတားလေး၊ ဒီနေ့ မင်း စာချုပ်ဖောက်ဖျက်ခဲ့တဲ့အကြောင်းကို ဆွေးနွေးကြမလား၊ ဒါမှမဟုတ် မဆွေးနွေးခင်မှာ ပျော်စရာကောင်းတဲ့တစ်ခုခုကို လုပ်ကြမလား"

သူ့လေသံမှာ နှစ်ပေါင်းများစွာကတည်းက သိကျွမ်းခဲ့သည့် မိတ်ဆွေဟောင်းတစ်ဦးလိုမျိုးဖြစ်နေသည်။ သူ့အသံထဲ၌ ကြင်နာမှု၊ ဖော်ရွေမှုများဖြင့် ပြည့်နှက်နေပြီး ရိုးရှင်းလို့နေသည်။ ထုတ်ပြောလာသည့်စကားများကိုသာ လျစ်လျူရှုထားလျှင် ပြင်းထန်သည့် အကျိုးဆက်များ ဖြစ်လာမှာမဟုတ်ဘူးဟူ၍ပင် ထင်ရသည်။

စွန်းဖေးဖေးကတော့ တုန်ယင်သွားလေသည်။ သို့သော် သူမသည် ရွှီဖန်း၏စကားနောက်ကွယ်က ခြိမ်းခြောက်မှုအကြောင်းကို စဉ်းစားနေခဲ့တာ မဟုတ်ပေ။ သူမကို စာချုပ်ဖောက်ဖျက်ရန် အတင်းအကျပ် စေခိုင်းခဲ့သည့် အင်အားကြီးအမျိုးသားအကြောင်းကို သူမ စဉ်းစားနေခဲ့ခြင်းပင်။

********************

All Chapters