← Chapters

လူကောင်းကတ်

Vol. 26 Ch. 387

လူကောင်းကတ်

Vol. 26 Ch. 387

ထိုလူက သူမကို လက်ချောင်းတစ်ချောင်းတည်းဖြင့် ချေမှုန်းနိုင်သည်။ 

သို့သော် သူမအရှေ့မှ လူကလည်း ပေါ့ပေါ့တန်တန် သဘောထားလို့ရမည့်ပုံမပေါ်ပေ။ သူ့လက်ချောင်းကို တစ်ချက်တောက်လိုက်ရုံဖြင့် သစ်သားတုတ်ချောင်းကို ချိုးလိုက်နိုင်သည်။ သူ့ကို ဒေါသထွက်အောင် လုပ်မိပါက အကျိုးဆက်များက စိတ်ကူးထားသည်ထက် ပိုဆိုးလိမ့်မည်။ 

လက်ရှိအခြေအနေက ဘေးကျပ်နံကျပ်ပင်။ 

နှုတ်ခမ်းကို ဖိကိုက်လျက် တိတ်ဆိတ်နေသည့် စွန်းဖေးဖေးကိုကြည့်ကာ ရွှီဖန်းပြုံးလိုက်သည်။ သူ ချက်ချင်းပင် ရှေ့တိုးကာ ခန္ဓာကိုယ်ကို ကိုင်းလျက် သူမကို ဖိအားပေးလိုက်သည်။

"မင်းက တကယ်ပဲ ငါနဲ့အတူတူ ပျော်စရာတစ်ခုခုကို  လုပ်ချင်နေပုံရတယ်"

စွန်းဖေးဖေးသည် သူမနှုတ်ခမ်းကို ဖိကိုက်ပြီး ရွှီဖန်းကို စိုက်ကြည့်နေမိသည်။ ရွှီဖန်း၏ခြိမ်းခြောက်မှုကို ဂရုမစိုက်သည့်အလား သူမက တိတ်ဆိတ်နေခဲ့သည်။ သို့သော် သူမ၏အနည်းငယ် တုန်ယင်နေသော ခန္ဓာကိုယ်ကတော့ သူမ၏လက်ရှိစိတ်အခြေအနေကို လုံးဝပြသနေခဲ့သည်။ 

ရွှီဖန်း လှောင်ပြုံးပြုံးလိုက်သည်။ သူ ဖိနပ်ချွတ်ကာ ကုတင်ပေါ်သို့ တက်နင်း၍ ထောင့်နေရာမှာ ပုန်းအောင်းကာ တုန်ယင်နေသည့် စွန်းဖေးဖေးကို ဖိအားပေးလိုက်သည်။

ဒီအမျိုးသမီးက သေလုမြောပါး ကြောက်ရွံ့နေတာ သိသာသော်လည်း အံကြိတ်ကာ သည်းခံနေတုန်းပင်။ ရှင်းရှင်းပြောရလျှင် အခေါင်းကို မမြင်မချင်း မငိုဘူးဆိုသည့်သဘောပင်။

စွန်းဖေးဖေး၏ပခုံးပေါ်တွင် တောက်ပသော အနက်ရောင်ဆံပင်များက ပြန့်ကျဲနေပြီး ခရမ်းရောင်ခပ်ဖျော့ဖျော့ ဝတ်စုံကလည်း သူမ၏ အံ့မခန်းလှပသော ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်စေလေသည်။ စွန်းဖေးဖေးသည် သူမကိုယ်သူမကွေးထားတာကြောင့် စကက်၏အောက်ခြေက ဒူးခေါင်းပေါ်ကနေ အတော်လေးမြင့်တက်ပြီး သူမ၏နှင်းကဲ့သို့ဖြူဖွေးကာ လုံးဝန်းသော ပေါင်တံနှစ်ချောင်းက ရွှီဖန်း၏မျက်လုံးများကို သိမ်းပိုက်ထားသည်။

သို့သော်လည်း ရွှီဖန်းက သူမ၏ အခြေအနေကို နားမလည်ပေးခဲ့ပေ။ သူ စွန်းဖေးဖေး၏လက်မောင်းကို ကြမ်းတမ်းစွာ ဆွဲကိုင်၍ ကုတင်အလယ်သို့ ဆွဲခေါ်

လိုက်သည်။ ထို့နောက် သွယ်လျကာ လှပသော လည်ပင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်၍ သူမ၏နောက်ကျောပေါ်သို့ သူ ခွလိုက်သည်။

စွန်းဖေးဖေး အော်ချင်သော်လည်း သူမ၏လည်ပင်းကို ရွှီဖန်း၏အားကောင်းသောလက်က တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတာကြောင့် အသံတောင် မထွက်နိုင်ပေ။

လက်ရှိအချိန်မှာ ရွှီဖန်းသည် ခြေထောက်နှစ်ချောင်းကိုကားကာ စွန်းဖေးဖေး၏လက်များကို ချုပ်ထားလျက် ထိုင်နေသည်။ သူ၏လက်တစ်ဖက်က စွန်းဖေးဖေးလည်ပင်းကို ဖက်ထားပြီး ကျန်တစ်ဖက်ကတော့ သူမ၏ရှုပ်ပွနေသော ဆံပင်ရှည်များကို ပေါ့ပေါ့ပါးပါး ဖယ်ရှားပေးနေသည်။ သူ စွန်းဖေးဖေး၏ ခန္ဓာကိုယ်ပေါ်မှာ ထိုင်၍ သူမ၏နီရဲနေသောမျက်နှာကို ပျော်ရွှင်နေသည့် အမူအရာဖြင့် ငုံ့ကြည့်လိုက်သည်။

သူမ၏ခန္ဓာကိုယ်မှ ရနံ့မွှေးမွှေးများက လေထဲသို့ ပျံ့လွင့်လာသည်။ ပေါ့ပါးကာ ကျော့ရှင်းသော စံပယ်ပန်းရနံ့ဖြစ်ကာ အထူးသဖြင့် ကောင်းမွန်သည့် ရနံ့ကို ပေးစွမ်းလေသည်။ သူမ၏ခန္ဓာကိုယ်ကတော့ ပြင်းထန်သော မောဟိုက်သံနှင့်အတူ တက်လိုက်ကျလိုက် ဖြစ်နေလေသည်။

သို့သော်လည်း ရွှီဖန်းသည် သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ဦးနှောက်နေရာမှာ အစားထိုးသုံးသည့်လူတစ်ယောက် မဟုတ်ပေ။ ခဏတာ စိတ်ရှုပ်ထွေးသွားသော်လည်း သူ ပြန်လည်၍ တည်ငြိမ်သွားခဲ့သည်။ 

ဒီတစ်ခါ သူ၏တရားဝင်လုပ်ငန်းအတွက် ရောက်လာခဲ့တာဖြစ်သည်။ ကုမ္ပဏီ၏ကြော်ငြာပြဿနာကို ဖြေရှင်းရန်အတွက်သာ မဟုတ်ဘဲ သူ့ကို ဘယ်သူက ပစ်မှတ်ထားနေတာလဲဆိုတာကို စွန်းဖေးဖေးထံကနေ သိအောင်လုပ်ရန်ဖြစ်သည်။

သူ၏ကိုယ်ဟန်အနေအထားက အလွန်အန္တရာယ်များလာတာကြောင့် သာမန်အမျိုးသမီးများသာဆိုလျှင် မေးသမျှမေးခွန်းများကို ဖြေကာ ကြောက်လန့်နေကြလိမ့်မည်။ 

ထိုအကြောင်းကို စဉ်းစားရင်း ရွှီဖန်းသည် မျက်နှာနီမြန်းနေသော စွန်းဖေးဖေးကို ကြည့်ကာ နတ်ဆိုးကဲ့သို့ အပြုံးတစ်ခုကို ထပ်ပြုံးပြလိုက်ပြီး သူမလည်ပင်းကို ကိုင်ထားသည့် သူ့လက်ကို အနည်းငယ် ဖြေလျှော့လိုက်သည်။ ထို့နောက် ဒွိဟဖြစ်စေနိုင်သော အသံဖြင့်...

"စတားမင်းသမီးလေး မင်းကို နောက်ထပ်အခွင့်အရေးတစ်ခုပေးမယ်၊ ငါတို့ အရမ်းအပျော်လွန်ပြီး အရေးကြီးတဲ့ကိစ္စတွေ မေ့သွားမှာကို စိုးရိမ်မိတယ်"

ရွှီဖန်းကို အံ့သြစေခဲ့သည့်အရာမှာ စွန်းဖေးဖေးသည် သူမနှုတ်ခမ်းကိုသာ ကိုက်၍ စကားတစ်ခွန်းမှ မပြောသေးခြင်းပင်။ 

ဒီစူပါစတားက ငါ့ကို သဘောကျသွားတာတော့မဟုတ်ဘူးမလား။

အကြံက အလုပ်မဖြစ်သေးသော်လည်း ရွှီဖန်း စိတ်ဓာတ်မကျပေ။ သူ အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ပြီး အနိုင်ကွက်ကို အသုံးပြုလိုက်သည်။

"ငါ့ရဲ့မှတ်ဉာဏ်ကို ကြည့်စမ်းပါဦး၊ ဒီလို ပျော်စရာကောင်းတဲ့ကိစ္စမျိုးကို မှတ်တမ်းတင်ထားသင့်တယ်၊ အားတဲ့အချိန်ကျရင် နည်းနည်း ပြန်ကြည့်ရအောင်လို့"

ထိုသို့ပြော၍ ရွှီဖန်းသည် သူ့ဖုန်း၏ ဗီဒီယိုရိုက်ကူးသော functionကို ဖွင့်၍ ကင်မရာကို စွန်းဖေးဖေး၏ နီမြန်းနေသောမျက်နှာဆီ ချိန်လိုက်သည်။

စတားတစ်ယောက်က ဘာကို အကြောက်ဆုံးလဲ။ ဒီလိုအကြောင်းအရာမျိုး ပေါ်သွားခဲ့လျှင် နာမည်ပျက်ပြီး ဂုဏ်သိက္ခာကျဆင်းသွားမည်ကိုပင်။ ရွှီဖန်း၏ လုပ်ဆောင်ချက်က အင်မတန်ကို ရက်စက်ပေသည်။

သို့သော် ရွှီဖန်း၏အနိုင်တိုက်ကွက်ကို ရင်ဆိုင်ရသော်လည်း စွန်းဖေးဖေးက လှောင်ပြုံးတစ်ချက်သာ ပြုံးလိုက်လေသည်။ သူမ ရွှီဖန်းကို ကြည့်၍ ပြတ်သားစွာ ပြောလာသည်။

"ရှင်က လူကောင်းတစ်ယောက်ပဲ"

ထိုစကားကို ကြားလိုက်ရသောအခါ ရွှီဖန်း စိတ်အခြေအနေက မကောင်းတော့ပေ။ 

ကျေးဇူးပြုပြီး! ငါ မင်းကို လိုက်နေတာ မဟုတ်ဘူးကွ၊ ဘာလို့ ငါ့ကို လူကောင်းကတ်လို ပေါက်ကရတွေ လာပေးနေတာလဲ! ငါ အခု စိတ်တိုပြီး ရူးတော့မလို ဖြစ်နေတာတောင် မင်းက ငါ့ကို လူကောင်းထင်နေတုန်းပဲလား! 

သူ့လှုပ်ရှားမှုများ အနည်းငယ်နှေးနေတာကို မြင်ရတာကြောင့် သူ ဘာမှလုပ်ရဲမှာမဟုတ်ဘူးဟု ဒီအမျိုးသမီးက သေချာနေပုံရသည်။ 

ရွှီဖန်း စိတ်တည်ငြိမ်သွားလေသည်။ သူ လက်တစ်ဖက်ဖြင့် ဖုန်းကို ကိုင်၍ ကျန်လက်တစ်ဖက်ဖြင့် စွန်းဖေးဖေး၏နူးညံ့သောမေးစေ့ကို လှောင်ပြောင်သောအမူအရာဖြင့် မ,တင်လိုက်သည်။

"မင်းနဲ့ကောင်းကောင်းမွန်မွန်တောင် မပတ်သက်ရသေးဘဲ ငါ့ကို လူကောင်းလို့ ထင်နေတာလား၊ ဘာလဲ...မင်း ငါ့ကို တကယ်ပဲ ချစ်မိသွားတာလား"

စွန်းဖေးဖေးကို သူ ကုတင်ပေါ် ပစ်တင်ထားပြီး သူမ၏မေးစေ့ကို ရွှီဖန်း မထားသော်လည်း သူမကတော့ မယုံနိုင်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေ သည်။ 

"အစကတည်းက ရှင် ကျွန်မကို ကြောက်ရုံပဲကြောက်အောင် လုပ်နေတာ၊ ကုတင်ပေါ် ပစ်တင်ခဲ့တယ်...ဒါပေမဲ့ ကျွန်မ နည်းနည်းလေးတောင် မနာခဲ့ဘူး၊ အစ်ကိုကျန်းလည်း မြေပြင်ပေါ် လဲကျသွားပေမယ့် သတိပဲလစ်သွားတာ၊ သူ့နဖူးမှာ နည်းနည်းလေး ပြတ်ရှသွားလို့ သွေးနည်းနည်းထွက်ရုံပဲရှိတာ၊ သူ့ကို ကြည့်ပါဦး...အရမ်းကို အေးအေးချမ်းချမ်း အိပ်ပျော်နေတာများ"

မန်နေဂျာအစ်ကိုကျန်း ဘယ်လောက်ထိ အေးအေးချမ်းချမ်း အိပ်ပျော်နေလဲဆိုတာကို ရွှီဖန်းကတော့ နောက်ပြန်လှည့်ကြည့်မည် မဟုတ်ပေ။ ရွှီဖန်းသည် စွန်းဖေးဖေးက တစ်ခုခုကို လောင်းကြေးထပ်နေတာမှန်း ရှင်းရှင်းလင်းလင်း သိပေသည်။ သူ နောက်ပြန်

လှည့်ကြည့်လိုက်သည်နှင့် သူလိုချင်နေသည့် အနည်းငယ်မျှသော အချက်အလက်ကိုတောင် စွန်းဖေးဖေးက ပေးတော့မည် မဟုတ်ပေ။ ဒီအမျိုးသမီးက သူ သူမအား နာကျင်အောင် လုပ်မှာမဟုတ်ဘူးဆိုတာကို ယုံကြည်နေလေသည်။ 

စွန်းဖေးဖေးက တကယ်ကို လိမ္မာပါးနပ်သည့် အမျိုးသမီးတစ်ဦးဟု ပြောလို့ရသည်။ သူမသည် အန္တရာယ်နှင့် ရင်ဆိုင်ရချိန်မှာတောင် မထိတ်လန့်ဘဲ အရာရာကို အသေးစိတ် စောင့်ကြည့်လေ့လာခဲ့သည်။ 

သို့သော် ရွှီဖန်းကလည်း ပေါ့ပေါ့တန်တန် သဘောထားလို့ရမည့်သူ မဟုတ်ပေ။ အမျိုးသမီးတစ်ဦးနှင့် ဉာဏ်ရည်ယှဥ်ပွဲ၌  ရွှီဖန်းက ဘယ်လိုလုပ် အလျှော့ပေးနိုင်မည်နည်း။

ချက်ချင်းပင် ရွှီဖန်း ဘာမှပြန်မဖြေခဲ့ဘဲ ပြုံးလိုက်သည်။ သူ၏လက်ကြီးကြီးကို ဆန့်ထုတ်ကာ စွန်းဖေးဖေး၏ ဖောင်းကြွနေသောရင်ဘတ်ဆီသို့ ဖြည်းဖြည်းချင်း ဦးတည်လိုက်သည်။

သူ၏အရှိန်က ပုံမှန်ထက် နှေးကွေးနေသော်လည်း ရည်ရွယ်ချက်ခိုင်မာသည့်ပုံပေါက်နေသည်။ သူ့ ပန်းတိုင်သို့ ရောက်သည့်အထိ မရပ်မည့်အလားပင်။ 

စွန်းဖေးဖေးကလည်း ရွှီဖန်း၏မျက်လုံးများကို စိုက်ကြည့်နေခဲ့သည်။ သူမ၏မျက်လုံးနှစ်လုံးက ပြတ်သားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ 

စွန်းဖေးဖေးသည် သူမ၏ဆုံးဖြတ်ချက်အပေါ်၌ ယုံကြည်မှုရှိသည်။ ဒီလူသာ သူမကို နာကျင်အောင်လုပ်ချင်ပါက ဒီလောက်အထိ ဒုက္ခခံနေစရာ မလိုပေ။

အကွာအဝေးက အရမ်းနီးကပ်လာသည့်အချိန် ရွှီဖန်းသည် သူ့လက်အား ရင်ဘတ်ပေါ်ရှိဖောင်းကြွနေသောနေရာကို မြဲမြံစွာ ဖိထားလိုက်မိသည်။

နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်းပင် အံ့အားသင့်သွားခဲ့ကြသည်။

စွန်းဖေးဖေး၏လှပသော မျက်လုံးထဲကနေ မျက်ရည်များ စီးကျလာပြီး သူမသည် မျက်ရည်များတသွင်သွင်စီးကျလျက် ငိုကျွေးလာသည်။ 

စွန်းဖေးဖေးအတွက် ရွှီဖန်း၏လှုပ်ရှားမှုက သူမကို ကူကယ်ရာမဲ့စေပေသည်။ သူမ ရှေ့တိုးလျှင်လည်း သေမည်...နောက်ဆုတ်လျှင်လည်း သေလိမ့်မည်။ သူမ ရှင်သန်ရန်အတွက် နောက်ထပ်နည်းလမ်းရှာရန်သာ ရွေးချယ်စရာရှိခဲ့သည်။ 

သို့သော် အခုတော့ သူမ၏အကြံက ရှုံးနိမ့်သွားပြီဆိုတာကို လက်ခံလိုက်ရသည်။

ရွှီဖန်း၏မျက်နှာပေါ်မှာလည်း မျက်ရည်များကျလုမတတ်ပင်။ သူမ၏ပခုံးများတုန်ယင်နေကာ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ခါနေလေသည်။ 

ရွှီဖန်း၏ခန္ဓာကိုယ်အောက်ပိုင်းမှာ လှုပ်ယမ်းနေပြီး သူ့ခန္ဓာကိုယ်အောက်ပိုင်းမှအပူကလည်း ပုံမှန်ထက် မြန်ဆန်စွာပင် အပေါ်သို့ ဆန်တက်လာသလို ခံစားလိုက်ရသည်။ 

သူသည် ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူ ဖြစ်သော်လည်း အမျိုးသားတစ်ယောက်ဖြစ်နေတုန်းပင်။ သူမလုပ်နေသည့်အနေအထားက ရွှီဖန်း၏လက်ရှိအခြေအနေကို ဘယ်လောက်ထိ နေရခက်စေလဲဆိုတာ  မပြောလဲ သိနိုင်ပေသည်။

အခုသာ သူ ကုတင်ပေါ်က ဆင်းလိုက်ပါက သူ စတင်ခဲ့သည့် အရှိန်အဝါက လျော့ကျသွားရုံသာမကဘဲ သူ့အစီအစဉ်လည်း ပျက်စီးသွားလိမ့်မည်။ သို့သော် သူ ဆက်လုပ်နေလျှင်တော့ သူ၏သည်းခံနိုင်မှုက ပျက်စီးသွားလိမ့်မည်။

သက်ပြင်းအသာချ၍ ရွှီဖန်း ထလိုက်သည်။ သူ ကုတင်ပေါ်ကနေ ဆင်းကာ ဖိနပ်စီးလိုက်သည်။ ထို့နောက် သူ မျက်ရည်များဝဲနေသည့် စွန်းဖေးဖေးကို ပြုံးပြ၍ လှည့်ထွက်လာခဲ့သည်။

*******************

All Chapters