ဖန်ယွီနင်း၏ဖြစ်ရပ်
Vol. 27 Ch. 391
ဒီဥက္ကဋ္ဌရှကတော့ တစ်ကယ်ကို သူ့ဘက်ကလူပင်။ သူမအကြောင်း စဉ်းစားနေတုန်းမှာပင် ဖုန်းဝင်လာခဲ့သည်။
ရွှီဖန်းပြုံးလိုက်သည်။ သူ လက်ချောင်းများကို ရွေ့လျား၍ ဖုန်းကိုကောက်ကိုင်လိုက်သည်။ ရွှီဖန်း စနောက်ရန် အချိန်မမီလိုက်ခင်မှာပင် ဖုန်း၏တစ်ဖက်ကနေ ရှယန်ယွိ၏ ထိတ်လန့်နေသောအသံက ထွက်ပေါ်လာသည်။
"ရွှီဖန်း မကောင်းတော့ဘူး၊ မြန်မြန်လာခဲ့ပါ!"
ရွှီဖန်း၏နှလုံးသားက တင်းကြပ်သွားပြီး ရုတ်တရက် ထရပ်လိုက်သည်။ သူ ကားသော့ကို ကောက်ကိုင်၍ အောက်ထပ်ကို ပြေးဆင်းသွားလိုက်သည်။ သို့သော် သူ့အသံကတော့ မယုံနိုင်စဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေလေသည်။
"စိတ်မပူနဲ့၊ မင်း အခု ဘယ်မှာလဲ..ကိုယ် အခုပဲ ကားမောင်းပြီး မင်းဆီလာခဲ့မယ်"
ရှယန်ယွိကလည်း ရွှီဖန်း၏အသံကို ကြားပြီးနောက်မှာ သူမ၏စိတ်ကို အနည်းငယ် ပြန်ထိန်းနိုင်ခဲ့သည်။ သို့သော် သူမ၏အသံကတော့ အနည်းငယ် တုန်ယင်နေတုန်းပင်။
"ကျွန်မ အခု ကုမ္ပဏီအောက်ထပ်မှာ ရှိနေတယ်၊ ကျွန်မက အဆင်ပြေတယ်၊ ဖန်ယွီနင်းက ပြဿနာတက်နေတာ... မြန်မြန်လာပေးပါ!"
ရွှီဖန်းသည် ရှယန်ယွိအား စကားအနည်းငယ်ဖြင့် နှစ်သိမ့်လိုက်သည်။
ထို့နောက် ဖုန်းချကာ သူ့ကားထဲကို ဝင်၍ ရှယန်ယွိ၏ ကုမ္ပဏီရှိရာသို့ မောင်းသွားလိုက်သည်။
ဖန်ယွီနင်း...ထိုအမျိုးသမီးအပေါ်၌ ရွှီဖန်း၏ ခံစားချက်သည် ကောင်းသည်ဟုလည်း မဆိုနိုင်သလို ဆိုးသည်ဟုလည်း မဆိုနိုင်ပေ။ သူမက တွေဝေပြီး မပြတ်မသားလုပ်တတ်သောလူမျိုးဖြစ်ပုံရသည်။ အပန်းဖြေဥယျာဉ်မှာတုန်းက နောက်ဆုံးတစ်ခေါက်ကလွဲ၍ သူမချစ်သူ၏ ရန်ဆွပေးမှုများကို အကြိမ်ကြိမ် လျစ်လျူရှုခဲ့ဖူးလေသည်။ သို့သော် ဖန်ယွီနင်းသည် ရှယန်ယွိ၏ အခင်ဆုံးသူငယ်ချင်းဖြစ်နေသည့်အပြင် သူမသည် ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးနှင့်
လည်း အတူတူအလုပ်လုပ်နေသောလူပင်။
သူမကိုကယ်တင်နိုင်ရင်လည်း ကယ်တင်လိုက်တာပေါ့။
ရွှီဖန်းက လူကောင်းတစ်ယောက်မဟုတ်ပေ။ အထက်ပါအကြောင်းပြချက်များသာ မရှိလျှင် ရွှီဖန်းသည် သူမအား ကယ်တင်ရန် စိတ်မဝင်စားပေ။
sportscarက ရှယန်ယွိ၏ဘေးမှာ ရပ်သွားခဲ့သည်။ ရှယန်ယွိသည် ဖန်ယွီနင်း၏ကိစ္စကြောင့် ကြောက်လန့်နေပုံရကာ ရွှီဖန်း ကားပေါ်မှ ဆင်းလာသည်နှင့် တောင့်တင်းနေရာမှ တုံ့ပြန်လာနိုင်ခဲ့သည်။
"ရွှီဖန်း ဘယ်သူလုပ်တာပါလိမ့်လို့ဆိုပြီး ကျွန်မ စဉ်းစားနေတာ၊ အခုမှပဲ ယွီကျန့်ဟိုင်ပြန်ရောက်လာပြီဆိုတာကို သတိရတော့တယ်"
ရှယန်ယွိမျက်နှာပေါ်မှ စိတ်လှုပ်ရှားနေမှုကို သတိထားမိသည့်အခါ ရွှီဖန်းသည် သူမ၏နောက်ကျောကို ပုတ်ပေးလျက် ဖန်ယွီနင်းအကြောင်းကို မေးလိုက်သည်။
ဖြစ်ပုံက ဒီလိုပင်။ ရှယန်ယွိတစ်ယောက် အလုပ်မှာရှိနေတုန်း ရုတ်တရက်ပင် သူမ၏အချစ်ဆုံးသူငယ်ချင်း ဖန်ယွီနင်းဆီမှ ဖုန်းဝင်လာခဲ့သည်။ သို့သော် ဖုန်းဆက်သွယ်မှု ချိတ်ဆက်သွားသည်နှင့် ပါးရိုက်သံအကျယ်ကြီးက ကြည်လင်ပြတ်သားစွာဖြင့် ဖန်ယွီနင်း၏ရှိုက်ကြီးတငင်ငိုသံနှင့်အတူ ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းပင် အမျိုးသားတစ်ဦးက ဖုန်းကို ကောက်ကိုင်လာပြီး ရှယန်ယွိအား ရဲကို ဖုန်းမခေါ်ရန်နှင့် မိနစ်နှစ်ဆယ်အတွင်း ဖန်ယွီနင်း၏အိမ်ကို တစ်ယောက်တည်းလာခဲ့ရန် သတိပေးလေသည်။ မရောက်လာလျှင် ဖန်ယွီနင်းကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်လာသည်။
အချိန်အကြာကြီး စဉ်းစားပြီးမှသာ ရှယန်ယွိသည် ထိုလူက ဖန်ယွီနင်း၏ချစ်သူဟောင်း၊ လောကမီဒီယာ၏ အယ်ဒီတာချုပ်ယွီကျန့်ဟိုင်ဖြစ်နေသည်ဆိုတာကို နောက်ဆုံးမှာ သတိရသွားခဲ့သည်။
ထိုအကြောင်းကို ကြားတော့ ရွှီဖန်းလည်း အနည်းငယ် အံ့သြသွားခဲ့ရသည်။
ယွီကျန့်ဟိုင် ထောင်ထဲသို့ရောက်နေတာ ရက်အနည်းငယ်သာ ရှိသေး၏။ ဘယ်လိုလုပ် အလွယ်တကူ ပြန်လွတ်လာနိုင်မည်နည်း။ အယ်ဒီတာချုပ်သာသာလေးက ဘယ်လိုလုပ် ကြီးမားသည့် နောက်ခံစွမ်းအားရှိမည်နည်း။
သို့သော်လည်း ရှယန်ယွိ၏ လေးနက်နေသောမျက်နှာအမူအရာကို ကြည့်ရတာတော့ သူမ မှားကြားခဲ့တာ မဖြစ်နိုင်ပေ။ ထို့အပြင် ဖန်ယွီနင်းကလည်း ယွီကျန့်ဟိုင်ကို အရင်တစ်ခေါက်တုန်းက သေချာပေါက် ရန်စမိခဲ့တာဖြစ်သည်။ ယွီကျန့်ဟိုင်ထံ၌ ဖန်ယွီနင်းအား ဒီတစ်ခေါက် လက်စားပြန်ချေရန် လုံလောက်သော အကြောင်းပြချက်ရှိပေသည်။
ဒီကိစ္စများက သူနှင့် ဘာမှမပတ်သက်ပေ။ ရွှီဖန်းနှင့် မသက်ဆိုင်ပေ။ ယွီကျန့်ဟိုင်သာ ရှယန်ယွိအား နောက်ဆုံးစကားကို မပြောခဲ့လျှင် ရွှီဖန်းသည် အများဆုံးဖြင့် သူ့ကို သွားထိုးနှက်ရုံသာ ရှိလိမ့်မည်။
သို့သော် အခုတော့ ယွီကျန့်ဟိုင်က ရှယန်ယွိကိုပါ ပစ်မှတ်ထားနေလေသည်။ ထိုကိစ္စက ရိုးရိုးထိုးနှက်ရုံဖြင့် မလွယ်ကူတော့ပေ။
အေးစက်သောမျက်နှာအမူအရာဖြင့် ရွှီဖန်းသည် ရှယန်ယွိပြောသည့် ရပ်ကွက်ထဲကိုဝင်၍ သူ့ကားကို ရပ်
လိုက်သည်။ ရှယန်ယွိ၏ဦးဆောင်မှုအောက်မှာ ဓာတ်လှေကားပေါ်သို့ အမြန်တက်၍ ဖန်ယွီနင်း၏ တိုက်ခန်းသို့ အမြန်သွားခဲ့သည်။
၁၂လွှာတွင် ဓာတ်လှေကားတံခါးက ပွင့်သွားခဲ့သည်။ ရှယန်ယွိသည် သူမ၏ဒေါက်ဖိနပ်ဖြင့် အမြန်ပင် တံခါးဆီသို့ လျှောက်သွားနေသည်။ ကျားသစ်ကဲ့သို့ပင် ရွှီဖန်းသည် တံခါး၏မျက်ကွယ်နေရာ၌ ပုန်းကွယ်လိုက်သည်။ တံခါးအနည်းငယ်ပွင့်လာသည်နှင့် ရွှီဖန်းသည် ထိုအခွင့်အရေးကိုယူ၍ လျှပ်စီးလက်သကဲ့သို့ အမြန်ခိုးဝင်ကာ ယွီကျန့်ဟိုင်အား ဖိနှိပ်မည်ပင်။
ထိုအကြံက အလုံခြုံဆုံးနည်းလမ်းပင်။ တံခါးကို ကန်ဖွင့်၍ ဝင်လိုက်လျှင် ယွီကျန့်ဟိုင်သည် ခုန်
ထွက်ကာ ရှောင်ပြေးသွားနိုင်ပြီး ဖန်ယွီနင်း၏အသက်က အန္တရာယ်ရှိမရှိကို မည်သူကမျှ မပြောနိုင်ပေ။
ရှယန်ယွိ၏ခြေသံများက ကျယ်လောင်သော်လည်း အခန်းထဲရှိ အသံကတော့ အလွန်တိတ်ဆိတ်နေခဲ့သည်။
ရွှီဖန်း၏အားပေးနေသောအကြည့်အောက်မှာ ရှယန်ယွိသည် အံကိုကြိတ်လျက် ခိုးမဝင်နိုင်အောင် ပိတ်ထားသောတံခါးကို ညင်သာစွာ ခေါက်၍ ပြောလိုက်သည်။
"ယွီနင်း! အဆင်ပြေရဲ့လား!"
သူမ စကားပြောပြီးသည်နှင့် အမျိုးသားတစ်ဦး၏ ခပ်နက်နက်အသံက အခန်းထဲကနေ ထွက်လာသည်။
"မင်း တကယ်ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး၊ စိတ်မပူပါနဲ့...မင်းရောက်လာသ၍ သူမကို ဘာမှ လုပ်မှာမဟုတ်ဘူး"
ထိုအသံက ယွီကျန့်ဟိုင်၏အသံဖြစ်ကာ လွတ်လပ်ပေါ့ပါးပြီး ကြောက်ရွံ့နေခြင်းမရှိပေ။
ခြေသံများက အထဲကနေ မြည်လာပြီး တံခါးနားမှာ ခဏရပ်သွားလေသည်။ လာနေသူက အလွန်သတိထားနေမှန်းသိသာသည်။ သူ့ကိုယ်သူဝမ်းလျားမှောက်ကာ ချောင်းကြည့်ပေါက်ကနေ စစ်ဆေးကြည့်ရှုနေသကဲ့သို့ပင်။
တံခါးဝ၌ ထိတ်လန့်နေသည့် ရှယန်ယွိတစ်ယောက်တည်းသာ ရှိနေသည်ကို မြင်သောအခါ လာနေသူသည် စကားတစ်ခွန်းမှမဆိုဘဲ လော့ခ်ချထားသောတံခါးကို မြန်မြန်ဖွင့်ကာ ရှယန်ယွိအား အခန်းထဲသို့ ဆွဲသွင်းရန် လက်လှမ်းလိုက်လေသည်။
ထိုအချိန် တံခါးဘေးမှာပုန်းနေသည့် ရွှီဖန်းက လှုပ်ရှားလာသည်။
သူသည် မိုးပျံအိုးသိုင်းကျမ်းကိုပင် အသုံးမပြုခဲ့ပေ။ သို့သော် လက်တစ်ဖက်တည်းဖြင့် အလုံပိတ်တံခါးအား ခပ်တင်းတင်းဆုပ်ကိုင်ထားနိုင်သည်။ ထို့နောက် ခြေထောက်ကို မြှောက်၍ ထွက်လာသူ၏ ရင်ဘတ်ကို ကန်လိုက်သည်။ ထိုလူသည် ခုနစ်မီတာ၊ ရှစ်
မီတာလောက် အနောက်ကို လွင့်ထွက်သွားခဲ့ကာ ဧည့်ခန်းရှိ ဆိုဖာထောင့်နားမှာ လဲကျ၍ ပါးစပ်ထဲမှ သွေးများအန်ချလိုက်ရသည်။ ထို့နောက် သတိလစ်သွားခဲ့သည်။
"မိန်းမယုတ်! မင်းရဲ့ကောင်ချောလေးကို တစ်ကယ် ခေါ်လာခဲ့တာပဲ!"
ရွှီဖန်းသည် ရှယန်ယွိအား အခန်းထဲသို့ ဖြည်းညင်းစွာ ဆွဲခေါ်သွားလိုက်သည်။ တံခါးဖွင့်ပေးသူမှာ ယွီကျန့်ဟိုင်မဟုတ်ဘဲ မျက်မှန်တပ်ထားသည့် လူငယ်တစ်ဦးဖြစ်သည်။ ယွီကျန့်ဟိုင်သည် ခြေတစ်ချောင်းကိုထပ်ထားလျက် ဓားမြှောင်တစ်လက်ကို ကိုင်ကာ တံခါးကိုမျက်နှာမူထားပြီး ဆိုဖာအလယ်တွင် ပေါ့ပေါ့ပါးပါး ထိုင်နေလေသည်။
ယွီကျန့်ဟိုင်က ရွှီဖန်းရောက်လာမည်ကို မျှော်လင့်ထားပုံရသည်။
ယွီကျန့်ဟိုင်ဘေးတွင် ကြိုးဖြင့် ချည်နှောင်ခံထားရသော ဖန်ယွီနင်းလည်း ရှိသည်။ သူမ၏ပါးစပ်မှာ မျက်နှာသုတ်ပဝါဖြင့် ပိတ်ခံထားရပြီး ပါးပြင်ပေါ်တွင် လက်ဝါးရာများ ထင်ထင်ရှားရှား ရှိနေလေသည်။ သူမ၏ဆံပင်များက ရှုပ်ပွနေကာ သတိမေ့လုနီးပါး ဖြစ်နေလေသည်။
"ယွီနင်း!"
ရှယန်ယွိသည် ဖန်ယွီနင်း၏ထိုပုံစံကို မြင်သောအခါ မအော်ဘဲ မနေနိုင်ခဲ့ပေ။
ဖန်ယွီနင်းကလည်း ရွှီဖန်းနှင့်ရှယန်ယွိကို သတိထားမိခဲ့ပုံရသည်။ သို့သော် သူမ၏မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့ခြင်းများသာ ပို၍ ပြင်းထန်လာခဲ့သည်။ သူမ ထိုနှစ်ဦးစလုံးအား ခေါင်းခါပြကာ ညည်းတွားနေခဲ့သည်။
ရွှီဖန်း၏မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။ သူ ရှယန်ယွိ၏လက်ကို ဆုပ်ကိုင်ရင်း ဆိုဖာအလယ်တွင်ထိုင်နေသော ယွီကျန့်ဟိုင်ဆီသို့တစ်လှမ်းချင်းစီ လျှောက်သွားလိုက်သည်။
ယခုအချိန်တွင် ယွီကျန့်ဟိုင်သည် သူ့ကိုယ်သူ အလွန်ကျေနပ်နေပုံရသည်။ သူသည် ရွှီဖန်းအားထောင်ချောက်ထဲတွင် ကျနေသော သားကောင်
တစ်ကောင်ကဲ့သို့ ကြည့်နေလေ၏။
"ရပ်စမ်း!"
ယွီကျန့်ဟိုင်က သူ့လက်ထဲရှိဓားမြှောင်အား ဖန်ယွီနင်း၏လည်ပင်းပေါ်တင်၍ ရွှီဖန်းကို ပေါ့ပေါ့ပါးပါး အမိန့်ပေးလာသည်။
ခုနစ်လှမ်းအကွာတွင် ရွှီဖန်းသည် ရှယန်ယွိကို ဆွဲကိုင်ထားလျက် ရပ်လိုက်သည်။
ယွီကျန့်ဟိုင်ကမူ ထိပ်ဆုံးတွင် ရှိနေရသည့် ခံစားချက်ကို ပျော်မွေ့နေ၏။ သူ့အကြည့်က ရှယန်ယွိအပေါ်မှာသာ အာရုံစိုက်နေလေသည်။ သို့သော် ကံမကောင်းစွာဖြင့် ရှယန်ယွိ၏ခန္ဓာကိုယ်အများစုအား ရွှီဖန်းက ပိတ်ဆို့ထားကာ သူမကလည်း ရွှီဖန်း၏အနောက်တွင် ပုန်းနေလေသည်။ ထိုအရာက ယွီကျန့်ဟိုင်အား အလွန်စိတ်မချမ်းမသာ ဖြစ်စေခဲ့သည်။
"မိန်းကလေးက ဒီကိုလာ၊ မင်းက ဒူးထောက်နေ!"
ယွီကျန့်ဟိုင်သည် သူ့နှုတ်ခမ်းများကို လျှာဖြင့်သပ်၍ ရွှီဖန်းနှင့် ရှယန်ယွိအား ထပ်မံအမိန့်ပေးလာသည်။ ဖန်ယွီနင်းလည်ပင်းပေါ်ရှိ ဓားမြှောင်မှာ သူ့အမိန့်အား ပြန်မေးခွန်းထုတ်ခွင့်မရှိကြောင်း သွယ်ဝိုက်ပြောဆိုနေခဲ့သည်။
သို့သော်လည်း ရွှီဖန်းက သူပြောသလို လုံးဝမလှုပ်ရှားခဲ့ပေ။ ရှယန်ယွိကလည်း ရွှီဖန်း၏အနောက်တွင် ပုန်းအောင်းကာ သူ့အတိုင်းပင် လိုက်လုပ်ခဲ့သည်။
ရွှီဖန်းနှင့် ရှယန်ယွိတို့က သူ့အမိန့်အား ရုတ်တရက် မနာခံတော့သည်ကို မြင်သောအခါ ယွီကျန့်ဟိုင်သည် ဒေါသတကြီးဖြစ်သွားခဲ့သည်။ သူ လက်ဝှေ့ယမ်းလျက် ရွှီဖန်း၏သေဆုံးခြင်းကို ကြေညာလေသည်။
"ညီအစ်ကိုတို့ ထွက်လာပြီး ဒီကောင်ချောလေးကို သတ်လိုက်!"
သူ ပြောပြီးသည်နှင့်တစ်ပြိုင်နက် ပိတ်ထားသော မီးဖိုချောင်တံခါးက ရုတ်တရက် ပွင့်လာလေသည်။ လူတစ်ဒါဇင်ကျော်ခန့်သည် တုတ်များကို လက်ထဲတွင် ကိုင်ဆောင်လျက် ခုန်ထွက်လာကြပြီး သူတို့ နှစ်ဦးစလုံးကို ဝိုင်းရံလာကြသည်။
တောက်လျှောက်တိတ်ဆိတ်နေခဲ့သော ရွှီဖန်းသည် အလွန်စိတ်ပျက်သွားသလိုမျိုး သက်ပြင်းချလိုက်မိသည်။ သူ ခေါင်းထောင်ကာ ယွီကျန့်ဟိုင်ကို မေးလိုက်သည်။
"ဒါက မင်းရဲ့ဝှက်ဖဲလား"
******************