ထောင်ချောက် "ဟေ့ကောင် သေတော့မယ့်အချိန်မှ
Vol. 27 Ch. 392
ာတောင် ဟန်လုပ်နေတုန်းလား! ညီအစ်ကိုတို့၊ တိုက်ကြ! အဲ့ဒီကောင်ကို သတ်လိုက်!"
ယွီကျန့်ဟိုင်က ဆိုဖာပေါ်မှာထိုင်၍ အမိန့်များပေးနေလေသည်။
မျက်မှန်တပ်ထားကြကာ စာပေလိုက်စားသူပုံစံ ပေါက်နေသည့် လူတစ်ဒါဇင်ကျော်သည် မကောင်းသောရည်ရွယ်ချက်များဖြင့် ကိုယ်စီလက်ထဲတွင် တုတ်တစ်ချောင်းစီကိုင်ကာ ရွှီဖန်းဆီသို့ အပြေးအလွှား ရောက်လာကြသည်။
တစ်ခဏချင်းမှာပင် သုံး၊ လေးချောင်းသော သစ်သားတုတ်ချောင်းများက ရွှီဖန်း၏ခေါင်းကို ချိန်ရွယ်လာကြသည်။ သူတို့က ရက်စက်ကြမ်းကြုတ်သူများလား သို့မဟုတ် အတွေ့အကြုံမရှိသေးသူများလားဆိုတာကို မသိနိုင်သေးသော်လည်း ဒီတစ်ခါမှာတော့ ရွှီဖန်း၏အသက်ကိုယူရန် သူတို့ စီစဉ်ထားသည့်ပုံပင်။
"ဟားဟား!"
ရွှီဖန်းသည် အစပိုင်း၌ သိပ်ပြီး အင်အားမသုံးရန် စီစဉ်ထားသော်လည်း အံကြိတ်၍ သူ့ဆီပြေးဝင်လာနေကြသော မျက်မှန်တပ်ထားသည့်လူများနှင့် ရင်ဆိုင်
လိုက်ရသည့်အခါ သဘောကျစွာဖြင့် ရယ်လိုက်မိသည်။
ရွှီဖန်း၏ပုံစံသည် သရဲတစ်ကောင်ကဲ့သို့ လျှပ်တစ်ပြက်လှုပ်ရှားလာခဲ့ပြီး သူ့လက်ချောင်းကလည်း အကြိမ်ကြိမ် ထိုးနေခဲ့သည်။
ယွီကျန့်ဟိုင်၏အမြင်အာရုံမှာ ဝေဝါးသွားခဲ့စဥ် ရွှီဖန်းကမူ သူ၏မူလနေရာသို့ ပြန်ရောက်လာသည်။
လူတစ်ဒါဇင်ကျော်သည် ယခင်က ပုံစံအတိုင်း၊ အမူအရာအတိုင်းသာ ရှိနေကြတုန်းပင်။ ထို့နောက် သူတို့ တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ လဲကျကုန်ကြသည်။
"ဘုတ်! ဘုတ်! ဘုတ်!.."
ဖက်ထုပ်များကဲ့သို့ပင် လူတစ်ဒါဇင်ကျော်သည် ကြမ်းပြင်ပေါ်၌ လဲလျောင်းနေကြပြီး ခန္ဓာကိုယ်ကို ကွေးညွတ်ကာ အော်ဟစ်ညည်းတွားလာကြသည်။
ရွှီဖန်းသည် အားကောင်းသည့် ကိုယ်ခံပညာစွမ်းရည်အား ပိုင်ဆိုင်ထားရုံတင်မကဘဲ စိမ်းပြာရောင်ဆေးအိတ်ကို ဖတ်ထားဖူးကာ ဆေးပညာမှာလည်း မနိမ့်ကျပေ။
ရွှီဖန်းအတွက်ကတော့ နာကျင်တတ်သည့် အပ်စိုက်မှတ်တချို့ကို ဆွပေးရခြင်းမှာ ကလေးကစားသကဲ့သို့ လွယ်ကူသောကိစ္စပင်။
ယွီကျန့်ဟိုင်ကလည်း ကြောင်တောင်တောင် ဖြစ်သွားလေသည်။ သူ့ပါးစပ်မှာ ဟောင်းလောင်းပွင့်နေပြီး လက်တစ်ဖက်က ဓားမြှောင်ကိုကိုင်ထားကာ ကျန်
တစ်ဖက်က ရွှီဖန်းကို လက်ညှိုးထိုးနေသည်မှာ သတ္တဝါဆန်းတစ်ကောင်အား မြင်လိုက်ရသကဲ့သို့ပင်။ သူ့မျက်နှာအမူအရာကတော့ သူ့ရင်ထဲရှိ ကြောက်ရွံ့မှုကို ဖော်ပြနေလေသည်။
ယွီကျန့်ဟိုင်၏အမြင်မှာတော့ ရွှီဖန်းကဲ့သို့ နူးညံ့ကာ ပျော့ညံ့သောပုံစံပေါက်နေသူအား ကောင်ချောလေးဟု တမင်ရန်စမိခဲ့ခြင်းမှာ မမှားပေ။ ယွီကျန့်ဟိုင် ယခင်က ရှုံးနိမ့်ခဲ့ရခြင်းမှာ သူ့ဘေးမှ စျေးပေါသည့် မိန်းမတစ်ယောက်ကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု သတ်မှတ်ထားခဲ့သည်။
အခုမှသာ ယွီကျန့်ဟိုင်သည် သူ့အရှေ့မှလူအား တစ်ခါမှပင် သေချာကြည့်တောင်မကြည့်ခဲ့မိဖူးဘူးဆိုတာကို သဘောပေါက်သွားခဲ့သည်။
ရှယန်ယွိကမူ လူတစ်ဒါဇင်ကျော်၏ ကြမ်းတမ်းသော အမူအရာများကြောင့် ထိတ်လန့်သွားပုံရသည်။ ရွှီဖန်းသည် သူမနောက်ကျောကို ပုတ်ပေး၍ အသံခပ်တိုးတိုးဖြင့် နှစ်သိမ့်ပေးလိုက်သည်။
သူ ယွီကျန့်ဟိုင်အားအရေးမလုပ်သည်မှာ ထင်ရှားလှသည်။
ထိုအချိန်၌ ယွီကျန့်ဟိုင်၏စိတ်က လုံးဝပြန်လှုပ်ရှားလာသည်။ ယွီကျန့်ဟိုင်ကဲ့သို့သောလူမျိုးအတွက် မင်း သူ့ကို ထိုးလို့ရပြီး ဆူလို့တောင်ရသည်၊ သူ ရူးသွပ်သွားဦးမည် မဟုတ်ပေ။ သို့သော် မင်း သူ့ကို လုံးဝ လျစ်လျူရှုလိုက်သည်နှင့် သူ့မာနက လုံးဝကျိုးပဲ့သွားလိမ့်မည်။
ယွီကျန့်ဟိုင်သည် သူ့လက်တစ်ဖက်ဖြင့် ဖန်ယွီနင်း ၏ဆံပင်ကို ဆောင့်ဆွဲကာ ဓားမြှောင်ကိုကိုင်ထားသော ကျန်လက်တစ်ဖက်ဖြင့် သူမ၏လည်ပင်းကို ဖိထားလျက် သူ့မျက်လုံးများကလည်း ရဲရဲနီနေကာ လုံးဝရူးသွပ်သွားပုံရသည်။
"ရွှီဖန်း! မင်း တိုက်ခိုက်နိုင်တယ်မလား! ငါ့ကို လာရိုက်စမ်းပါ! မင်း ရှေ့တစ်လှမ်းတိုးရဲတာနဲ့ ငါ သူ့လည်ပင်းကို လှီးပစ်လိုက်မယ်!"
ယွီကျန့်ဟိုင်သည် နက်ရှိုင်းသောမျှော်လင့်ချက်မဲ့ခြင်းရေကန်ထဲကို ရောက်နေသည့် ဒဏ်ရာရတောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ရွှီဖန်းအား ရူးသွပ်စွာ ဟိန်းဟောက်နေသည်။
ရွှီဖန်းသည် ယွီကျန့်ဟိုင်အား တစ်ချက်သာ ကြည့်၍ ရှယန်ယွိဘက်ကို ပြန်လှည့်ကာ ညင်သာစွာ ပြန်နှစ်သိမ့်
ပေးလိုက်သည်။ သူ ရှယန်ယွိထိုင်ရန်အတွက် ကုလားထိုင်တစ်လုံးကိုပင် ရွှေ့ပေးနေသည်။
"motherf*cker! ငါ မင်းကို စကားပြောနေတာ မကြားဘူးလား!"
ရွှီဖန်း၏တစ်ချက်သာကြည့်လိုက်ခြင်းက ယွီကျန့်ဟိုင်၏စိတ်အခြေအနေကို ပြင်းပြင်းထန်ထန် လှုံ့ဆော်နိုင်ခဲ့သည်။ သူ့မျက်နှာမှာ နီမြန်းလာပြီး ဖန်ယွီနင်း၏လည်ပင်းပေါ်မှ ဓားမြှောင်ကလည်း ဟိုဘက်ဒီဘက် ယိမ်းထိုးနေကာ နောက်တစ်စက္ကန့်အတွင်းမှာပင် သူမအား ထိုးသွင်းတော့မည့်အတိုင်းပင်။
ရွှီဖန်းသည် နောက်ဆုံးမှာတော့ လှည့်လာပြီး ယွီကျန့်ဟိုင်ကို ကြည့်လာသည်။ သို့သော် သူ့မျက်လုံးအကြည့်များက လူပြက်တစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။ သူ့လေသံထဲမှာလည်း လှောင်ပြောင်မှုများ အပြည့်ပင်။
"နည်းနည်းကြာကြာ အသက်ရှင်ရတာက ပိုမကောင်းဘူးလား၊ ငါ့ဘက်က နှစ်ခါတောင် အော်ပြောပေးနေရဦးမလား"
ရွှီဖန်း၏စကားများက ရိုင်းစိုင်းသော်လည်း ယွီကျန့်ဟိုင်ကမူ အနည်းငယ် စိတ်ပြန်ငြိမ်သွားလေသည်။
အနည်းဆုံးတော့ ရွှီဖန်းက သူ့ကို စကားပြောလာလေပြီ။ ကိစ္စများက တဖြည်းဖြည်းဖြင့် မှန်ကန်သည့် လမ်းကြောင်းပေါ်ကို ပြန်ရောက်လာလေပြီ။ ရွှီဖန်းက အစွမ်းထက်တာ မှန်သော်လည်း သူ့လက်ထဲတွင် ဓားစာခံရှိနေတာကြောင့် သေချာပေါက် သူ့ဘက်က အနိုင်ရမည့်ပွဲပင်။
"မင်း ငါ့ကို သတ်ရဲလား! ဖာ့ခ်! အခုထိတောင် မင်းက ဟန်လုပ်ပြနေတုန်းပဲ! မင်း လှုပ်ရှားလာဖို့ အရမ်းစောနေသေးတယ်လို့ မထင်မိဘူးလား"
ယွီကျန့်ဟိုင် မှန်ပေသည်။ ဤခုနစ်လှမ်းအကွာ၌ သူသာ ဓားမြှောင်ဖြင့် လှီးချလိုက်လျှင် ရွှီဖန်းသည် ယွီကျန့်ဟိုင်အား ချက်ချင်း တားဆီးနိုင်ခြင်းမရှိပေ။
ထို့အပြင် တစ်ခုခု မှားယွင်းနေသလိုမျိုး ရွှီဖန်းကို ခံစားရစေသည့် တခြားအချက်တစ်ခုလည်း ရှိသေးသည်။ ထိုကြောင့် ရွှီဖန်း မလှုပ်ရှားခဲ့ခြင်းပင်။
ရွှီဖန်း၏အမြင်အရ ယွီကျန့်ဟိုင်သည် စိတ်ညစ်စရာကောင်းပြီး စိတ်ဓာတ်ကျဉ်းမြောင်းသည့် အရေးမပါသောလူတစ်ယောက်သာ ဖြစ်သင့်ပေသည်။ သူ့သတ္တိက မဆိုးသော်လည်း လူသတ်နိုင်သည်အထိတော့ မရှိပေ။
သို့သော် အခုတော့ ယွီကျန့်ဟိုင်သည် ထောင်ထဲကနေ ထိခိုက်မှုမရှိဘဲ ထွက်လာနိုင်ခဲ့ရုံသာမကဘဲ လူအုပ်စုကြီးကိုတောင် ဦးဆောင်၍ ထောင်ချောက်ကို သေချာပြင်ဆင်ထားခဲ့သည်။
ဒီနေ့ ဖြစ်ပျက်ခဲ့သည့်ကိစ္စက ထင်ထားသလောက် ရိုးရှင်းမည်မဟုတ်မှန်း သူ ချက်ချင်း နားလည်လိုက်သည်။
ထိုအတွေးများက ရွှီဖန်း၏စိတ်ထဲတွင် တစ်ခဏချင်း လျှပ်တစ်ပြက်ဖြတ်သန်းသွားခဲ့သော်လည်း သူ့မျက်နှာအမူအရာမှာ လုံးဝမပြောင်းလဲသွားခဲ့ပေ။
"ယွီကျန့်ဟိုင် မင်းရဲ့အဝတ်အစားတွေကို ကြည့်ရင်တော့ လူယဉ်ကျေးတစ်ယောက်လိုပဲ၊ ဘာလို့ ဒီလို မိုက်မဲတဲ့ကိစ္စမျိုးကို လုပ်ရတာလဲ၊ ပြန်ပေးဆွဲတဲ့အပြင် သူမကို တမင်တကာ အန္တရာယ်ကြားထဲ ရောက်စေခဲ့သေးတယ်၊ ဒီရာဇဝတ်မှုနှစ်ခုနဲ့တင် မင်းကို ထောင်ထဲမှာ သေတဲ့အထိ ချုပ်နှောင်ထားဖို့ လုံလောက်တယ်ဆိုတာ သိလား"
ရွှီဖန်းက ထိုစကားများကိုပြောနေခြင်းမှာ ယွီကျန့်ဟိုင်အား အသိဝင်စေ၍ သူ့ဘဝကို ပြောင်းလဲနိုင်ရန် ဆွဲဆောင်နေတာမျိုး မဟုတ်ပေ။ ထိုအရာက ရဲများလုပ်ဆောင်ရမည့်အရာဖြစ်သည်။ ရွှီဖန်းလုပ်စရာလိုအပ်သည်မှာ ယွီကျန့်ဟိုင်အား ရဲလက်ထဲ အပ်လိုက်ရုံပင်။ ဤစကားများသည် ယွီကျန့်ဟိုင်၏စကားများကို ဆန်းစစ်ရန်သက်သက်သာ ဖြစ်သည်။
ယွီကျန့်ဟိုင်၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုမပြလာဘဲ ရွှီဖန်းအား လျှို့ဝှက်ဆန်းကြယ်သောအပြုံးတစ်ခုကို ပြန်ပြုံးပြလာသည်။
"ရွှီဖန်း ရွှီဖန်း...မင်း နားမလည်ဘူးမလား၊ မင်း တစ်စုံတစ်ယောက်ကို စော်ကားမိပြီ! အဲ့ဒီလူကို မင်း မထိနိုင်ဘူး! သူက သူ့ရဲ့လက်ချောင်းတွေနဲ့တင် မင်းကို ကြိတ်သတ်နိုင်တယ်! မင်း အသက်ရှင်နေသေးတဲ့အကြောင်းရင်းက သူတို့ မင်းကို သက်သောင့်သက်သာနဲ့ မသေစေချင်သေးလို့ပဲ"
"မင်းပြောနေတဲ့လူရဲ့မျိုးရိုးနာမည် လျိုလား"
ရွှီဖန်း၏မျက်နှာအမူအရာမှာ မပြောင်းလဲသွားဘဲ စုံစမ်းသိရှိရန် ဆက်ကြိုးစားနေခဲ့သည်။
"မင်း အခုထိတ်လန့်နေပြီလား၊ ဒီနေ့ကိစ္စက မင်းနဲ့ပဲ သက်ဆိုင်တော့ မင်းကိုပြောပြရမှာ ငါ မကြောက်ဘူး! ငါ့ဘက်က အဆင်ပြေရုံသာမကလို့ ငွေတွေအများကြီးတောင် ရဦးမယ်!"
ယွီကျန့်ဟိုင်၏မျက်နှာပေါ်တွင် ထောင်လွှားနေသောပုံစံပေါ်ပေါက်လာပြီး ယုံကြည်မှုအပြည့်ဖြင့် ထပ်ပြောလာသည်။
"ဒါ့အပြင် မင်း ငါ့ကို ချောက်ကမ်းပါးထိပ်ထိ တွန်းပို့နိုင်ခဲ့လို့ ငါ ဓားမြှောင်နဲ့ သူမကို တစ်ချက်လှီးလိုက်ရင်တောင်မှ ရဲတွေနဲ့ရင်ဆိုင်ရလည်း ငါက အဆင်ပြေမှာပဲ၊ ထောင်ထဲရောက်မယ့်သူကသာ မင်းပဲ! ဒါက အာဏာရဲ့စွမ်းအားပဲဆိုတာ မင်း နားလည်ရဲ့လား"
ရွှီဖန်းသည် ထိုစကားကို ကြားသောအခါ သူ့မျက်နှာအမူအရာက ပြောင်းသွားခဲ့ပြီး ရှေ့တစ်လှမ်းတိုးလိုက်သည်။
"မဖြစ်နိုင်ဘူး! ချန်ဟိုင်းမှာ ဘယ်သူကမှ ဒီလိုလုပ်ရဲမှာ မဟုတ်ဘူး!"
သူ့ကို မယုံကြည်သည့်ရွှီဖန်းကို မြင်သောအခါ ယွီကျန့်ဟိုင်သည် ပို၍မာနကြီးလာခဲ့သည်။
"ဒီအချိန်ရောက်လာမှတော့ ငါ မင်းကို ပြောပြရမှာ မစိုးရိမ်တော့ဘူး၊ ဒီမစ်ရှင်ကို အထက်အရာရှိကြီးတွေက စီစဉ်ခဲ့တာပဲ၊ ငါတစ်ယောက်တည်း မဟုတ်ဘူး...ငါ့ရဲ့ ထောင်ဖော်တစ်ယောက် ဝမ်ကျုံးကျန့်လည်း ပါသေးတယ်"
ဒီတစ်ခါမှာတော့ ရွှီဖန်း ဘာမှမပြောခဲ့ပေ။ သူ့မျက်နှာအမူအရာမှာ ခက်ထန်သွားခဲ့ပြီး လျှပ်တစ်ပြက်ပင် ရှေ့တစ်လှမ်းထပ်တိုးလိုက်သည်။
ငါးလှမ်းက လုံလောက်လေပြီ။
ယွီကျန့်ဟိုင်သည် နောက်ဆုံးမှာတော့ ရွှီဖန်း၏လှုပ်ရှားမှုကို သတိထားမိသွားသည်။ သူ့လက်ကို အနည်းငယ်အားစိုက်လိုက်သည်နှင့် ဓားမြှောင်က ဖန်ယွီနင်း၏လည်ပင်းကို ဓားရာပေးလိုက်မိပြီး ရွှီဖန်းအား အော်ဟစ်ပြောဆိုလာသည်။
"ရပ်စမ်း! ရှေ့တစ်လှမ်းထပ်တိုးရင် သူမ သေမယ်! ပြီးရင်တော့ မင်းနဲ့ အဲ့ဒီခွေးမပဲ...လာခဲ့လေ!"
ယွီကျန့်ဟိုင်၏အသံက စိတ်လှုပ်ရှားနေပုံရသော်လည်း သူ့မျက်နှာအမူအရာကတော့ ကြောက်လန့်နေသည့်လက္ခဏာ လုံးဝမပြပေ။ အခုထောင်ချောက်သည် အထက်အရာရှိကြီးများက ချထားခြင်းဖြစ်ကာ ဟာကွက်ကင်းလေသည်။
သို့သော်လည်း ယွီကျန့်ဟိုင်၏စကားမဆုံးခင်မှာပင် ရွှီဖန်းသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့် ရှေ့တစ်လှမ်းတိုးလာကာ ယွီကျန့်ဟိုင်၏အပ်စိုက်မှတ်များအား လက်ညှိုးဖြင့် ထိုးလာသည်။ ထို့နောက်မှာတော့ ယွီကျန့်ဟိုင်၏လည်ပင်းကို ဆွဲကိုင်ကာ အပေါ်ကို မြှောက်
တင်လိုက်လေသည်။
**********************