← Chapters

ချိုးဆုအာ၏ဖြစ်ရပ်

Vol. 27 Ch. 393

ချိုးဆုအာ၏ဖြစ်ရပ်

Vol. 27 Ch. 393

"မင်း စကားများလွန်းတယ်!"

ရွှီဖန်းသည် ယွီကျန့်ဟိုင်၏လည်ပင်းကို ဆုပ်ကိုင်၍ ဘာမှထပ်ပြောဆိုခြင်းမရှိဘဲ မာကျောသော ကြမ်းပြင်ပေါ်သို့ တိုက်ရိုက်ပစ်ချလိုက်သည်။

"ဘုန်း!"

ကြီးမားသောတူဖြင့် မြေပြင်အား ရိုက်ခတ်လိုက်

သကဲ့သို့ ကျယ်လောင်သောအသံက တစ်ခန်းလုံး ပျံ့နှံ့သွားခဲ့သည်။ 

ရွှီဖန်းက အလွန်ဂရုစိုက်၍ ပြုမူခဲ့သည်။ သူ၏လှုပ်ရှားမှုကြောင့် ယွီကျန့်ဟိုင်၏ ကျောရိုးသာ ကျိုးသွားခဲ့ပြီး ခေါင်းကို မထိခိုက်ခဲ့ပေ။

ယွီကျန့်ဟိုင်ထံမှ နားကွဲမတတ် အော်ဟစ်ငိုယိုသံ ထွက်ပေါ်လာပြီး  ထိုမျှနှင့် မပြီးဆုံးသေးဘဲ အော်ဟစ်သံများက ပို၍ကျယ်လောင်လာသည်။

အကြောင်းရင်းက ရိုးရှင်းပေသည်။ ရွှီဖန်းသည် ယွီကျန့်ဟိုင်၏ ခြေထောက်နှစ်ချောင်းကြားရှိအရာကို နင်းပစ်၍ ယောက်ျားဟူသည့်အဆင့်အတန်းမှ လုံးဝကို ဖယ်ရှားပစ်လိုက်ခြင်းပင်။

"အား!"

အသံက ကျယ်လောင်ပြီး ဆက်တိုက်အော်ဟစ်နေလေ၏။ ကြမ်းပြင်ပေါ်တွင်လည်း မျက်မှန်တပ်ထားသည့်လူများ ဒါဇင်နှင့်ချီ၍ လဲနေကြသည်။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ရှက်နေကြပုံရကာ ယွီကျန့်ဟိုင်တစ်ယောက် အော်ဟစ်နေသည်ကို ကြည့်၍ အသံမထွက်ရဲဘဲ တံတွေးမျိုချမိလိုက်ကြ၏။

ရွှီဖန်းသည် သေနေသောခွေးတစ်ကောင်ကဲ့သို့ဖြစ်နေသည့် ယွီကျန့်ဟိုင်အား အမှိုက်ပစ်ထုတ်သကဲ့သို့ အိပ်ခန်းထဲသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ထည့်လိုက်သည်။ ထို့နောက် သူ တစ်ဖက်ကိုလှည့်ကာ ကြမ်းပြင်ပေါ်တွင် လဲနေသည့် မျက်မှန်တပ်ထားသောလူဆယ်

ယောက်ကျော်ကို ကြည့်လိုက်၏။

ရွှီဖန်း စကားမစရသေးခင်မှာပင် ယွီကျန့်ဟိုင်၏ ကြေကွဲဖွယ်ရာအဆုံးသတ်ကြောင့် ကြောက်လန့်ခဲ့ရသော လူဆယ်ဦးကျော်သည် သူတို့၏ပါးစပ်များကို ဖွင့်ကာ ခွင့်လွှတ်ပေးရန် တောင်းပန်လာကြသည်။

"ဒါက ကျွန်တော်တို့နဲ့ဘာမှမဆိုင်ပါဘူး၊ ယွီကျန့်ဟိုင်က ကျွန်တော်တို့ရဲ့အယ်ဒီတာချုပ်ပါ၊ သူအမိန့်ပေးလာတာကြောင့် ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်လို့ပါ"

"ဟုတ်တယ်...ယွီကျန့်ဟိုင်က ကျွန်တော်တို့ကို ခြိမ်းခြောက်ခဲ့တာပါ၊ သူက မလိုက်လာရင် ချက်ချင်း အလုပ်ထုတ်ပစ်မယ်တဲ့၊ ပြီးတော့ ကျွန်တော်တို့ရဲ့ အထက်မှာလည်း ကျွန်တော်တို့ကို ခြေလက်မသန်စွမ်းအောင် လုပ်ပစ်မယ့်သူတွေရှိတယ်၊ ကျွန်တော်တို့မှာ တခြားရွေးချယ်စရာ မရှိခဲ့လို့ပါ"

ရွှီဖန်းသည် မျက်မှန်တပ်ထားသောလူများကို တစ်ချက်ကြည့်၍...

"ဒီနေ့ကိစ္စအတွက် မင်းတို့မှာလည်း တာဝန်ရှိတယ်၊ ဒါပေမယ့် အခု ငါ မင်းတို့ကို တာဝန်မယူခိုင်းတော့ဘူး၊ တစ်ယောက်နဲ့တစ်ယောက် ကြီးကြပ်လုပ်လိုက်ကြ၊ ဒီနေ့အကြောင်းကို ဘာတစ်ခွန်းမှ ထုတ်ပြောခွင့်မရှိဘူး...လုပ်နိုင်လား"

မျက်မှန်တပ်ထားသောလူများက ခေါင်းညိတ်လာကြသည်။

ရွှီဖန်း လက်ဝှေ့ယမ်းကာ 

"ထွက်သွား!"

ထိုလူအုပ်စုကို လွှတ်ပေးပြီးနောက် အခန်းက တိတ်ဆိတ်သွားပြန်၏။ ရှယန်ယွိသည် ဖန်ယွီနင်း၏ဘေးသို့ လျင်မြန်စွာ လျှောက်သွားကာ သူမကို ကြိုးဖြည်ပေး၍ နှစ်ဦးသား အတူတူ ငိုနေကြသည်။

ရွှီဖန်းလည်း အိပ်ခန်းထဲသို့ ဝင်ကာ တံခါးပိတ်လိုက်လေ၏။ ဝမ်ကျုံးကျန့်နှင့် ပတ်သက်၍ သူ့ကို သေချာစစ်ဆေးမေးမြန်းရဦးမည်။

ယွီကျန့်ဟိုင်က နာကျင်မှုကြောင့် သတိလစ်နေပြီဆိုတာကို သိတာကြောင့် ရွှီဖန်း သူ့ကို ပါးရိုက်ကာ ပြန်နှိုးလိုက်သည်။

"အား!"

ယွီကျန့်ဟိုင်သည် သတိပြန်ရလာသည်နှင့် သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်ကာ ပြန်

သတိလစ်သွားခဲ့၏။

ရွှီဖန်း ယွီကျန့်ဟိုင်၏ခေါင်းကိုရိုက်၍ သူ့လက်ချောင်းဖြင့် လျှပ်စီးကဲ့သို့ လျင်မြန်စွာ သူ့ခန္ဓာကိုယ်ကို ထိလိုက်သည်။ ထိုအရာက ယွီကျန့်ဟိုင်၏အာရုံကြောများကို ထုံကျင်စေပြီး ပြန်နိုးထလာစေခဲ့၏။

"ငါ မင်းကိုမေးခွန်းနှစ်ခုမေးမယ်၊ ပထမမေးခွန်းမှာတင် ငါ့ကို စိတ်မကျေနပ်စေရင် ဆုကတော့ မင်းခြေထောက်တစ်ချောင်းပဲ...နားလည်လား"

ယွီကျန့်ဟိုင်က ကြောင်နေသည်။ သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ငုံ့ကြည့်လိုက်တော့ သွေးများ ရွှဲနစ်နေတုန်းပင်။ ဒီလိုအဆုံးသတ်အား သူ လက်မခံနိုင်သေးသကဲ့သို့ ကြောင်တောင်တောင် ဖြစ်နေလေ၏။

"ဝမ်ကျုံးကျန့်"ဟူသည့် စကားသုံးလုံးကို ကြားရသည့်အခါတိုင်းမှာ မကောင်းသောနိမိတ်တစ်ခုကို ရွှီဖန်း အမြဲရခဲ့သည်။ ယွီကျန့်ဟိုင်က သတိလစ်လုနီးပါးဖြစ်နေသော်လည်း အခုလိုအချိန်၌ ရွှီဖန်း ဘယ်လိုလုပ် ယဉ်ကျေးနိုင်တော့မည်နည်။ သူ ချက်ချင်းပင် ခြေချကာ ယွီကျန့်ဟိုင်၏ညာခြေထောက်တစ်ခုလုံးကို ချိုးလိုက်သည်။

"အား!"

ယွီကျန့်ဟိုင်မှာ အသတ်ခံရသည့် ဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်နေလေ၏။ ရွှီဖန်းက သူ့လက်ညှိုးဖြင့် ခပ်ပေါ့ပေါ့ တို့လိုက်သည်နှင့် ယွီကျန့်ဟိုင်၏ ညာဘက်ခြေထောက်က အကြောသေသွားခဲ့သည်။

"ပထမမေးခွန်း...မင်းနဲ့ဝမ်ကျုံးကျန့် ဘယ်တုန်းက ပြန်လွတ်လာတာလဲ"

ယွီကျန့်ဟိုင်၏ဒေါသစိတ်များက အခုချိန်မှာတော့ လုံးဝကို လွင့်ပြယ်ကုန်လေပြီ။ သူ မျက်ရည်များ၊ နှာရည်များပင် စီးကျလျက်ရှိကာ မိစ္ဆာတစ်ကောင်အား ကြည့်နေသကဲ့သို့ ရွှီဖန်းကို ကြည့်လာရင်း တုန်ယင်နေသည့်အသံဖြင့် ပြန်ဖြေလာ၏။

"ရွှီဖန်း ဒီနေ့ကိစ္စတိုင်းကို အထက်က စီစဉ်တာပါ၊ ငါနဲ့ ဘာမှမဆိုင်ပါဘူး...ငါ မလုပ်ရင် သူတို့က ငါ့မိသားစုတစ်ခုလုံးကို သတ်ပစ်မှာ!"

ရွှီဖန်းသည် စိတ်မရှည်စွာဖြင့် ယွီကျန့်ဟိုင်အား ပါးရိုက်ချလိုက်သည်။

"အသုံးမဝင်တာတွေ မပြောနဲ့၊ မှန်မှန်ကန်ကန်နဲ့ အသေးစိတ်က အစပြော၊ မင်းနဲ့ဝမ်ကျုံးကျန့်က ဘယ်အချိန် ထောင်ကလွတ်တာလဲ၊ ဝမ်ကျုံးကျန့်ကို လုပ်ခိုင်းထားတဲ့ တာဝန်ကရော ဘာလဲ"

ယွီကျန့်ဟိုင်သည် သူ့မျက်နှာကို အုပ်၍ လျင်မြန်စွာ ပြောလာ၏။

"ရွှီလောင်ရှီး ဝမ်ကျုံးကျန့်ရဲ့တာဝန်အကြောင်းကို ကျွန်တော် မသိပါဘူး...ပြန်လွတ်လာတာက လွန်ခဲ့တဲ့တစ်နာရီ၊ မိနစ်၂၀လောက်ကပါ၊ ဒါပေမဲ့ ဝမ်ကျုံးကျန့်က ရွှီလောင်ရှီးကို လက်စားချေချင်တယ်ဆိုပြီး ကျွန်တော့်ကို ခဏခဏ ပြောဖူးပါတယ်"

ခွေးသေကောင်တစ်ကောင်ကို ထမ်းလာသကဲ့သို့ ရွှီဖန်းသည် ယွီကျန့်ဟိုင်ကို ကောက်မ၍ အိပ်ခန်းထဲကနေ ထမ်းထုတ်လာခဲ့သည်။

"ယန်ယွိ ဖန်ယွီနင်းကို ကုမ္ပဏီပြန်ခေါ်သွားရအောင်၊ ရဲကိုမခေါ်နဲ့...ဒီကိစ္စက မပြီးသေးဘူး၊ မင်းတို့ကို ပို့ပြီးရင် ကိုယ် ပြန်သွားရဦးမယ်"

ရှယန်ယွိက ခေါင်းညိတ်၍ ဖန်ယွီနင်း၏ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေး၏။ ဖန်ယွီနင်း၏တစ်ကိုယ်လုံးမှာ မျက်ရည်များဖြင့် ရွှဲလုနီးပါးပင်။ ဘယ်အချိန်

ကတည်းကမှန်းမသိသော်ငြား သူမသည် နေရာမှာတင် အေးခဲနေပြီး ဘောလုံးကဲ့သို့ ခပ်ကွေးကွေးရှိနေလေသည်။

ရွှီဖန်းသည် ရှယန်ယွိတို့ တစ်ခုခုဖြစ်မည်ကို စိုးရိမ်မိတာကြောင့် ထိုနှစ်ဦးကို အမြန်ပို့ပေးချင်ခဲ့သည်။ သို့သော် ဖန်ယွီနင်း၏ပုံစံကို မြင်သောအခါ သူ ဒေါသမထွက်နိုင်ခဲ့ပေ။ သူ ယွီကျန့်ဟိုင်အား လက်တစ်ဖက်ဖြင့် ထမ်း၍ ဖန်ယွီနင်းကို ထောက်ကူပေးထားသည့် ရှယန်ယွိအား ကျန်လက်တစ်ဖက်ဖြင့် ဆွဲခေါ်ကာ အောက်ထပ်သို့ အမြန်ဆင်းလာခဲ့၏။

ကားထဲရောက်သည်နှင့် သေနေသောခွေးတစ်ကောင်ကဲ့သို့ဖြစ်နေသော ယွီကျန့်ဟိုင်အား မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် သူ ရှယန်ယွိနှင့် ဖန်ယွီနင်းကို ခေါ်ဆောင်ကာ ကုမ္ပဏီသို့ ဦးတည်သွားခဲ့၏။

ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးသို့ ရောက်သည်နှင့် အတွင်းရေးမှူးပိုင်ပင်းသည် ရွှီဖန်း၏အမိန့်ကို ရရှိထားခဲ့ပြီး ကုမ္ပဏီဝင်ပေါက်တွင် စောင့်နေခဲ့သည်။ ရွှီဖန်းသည် ရှယန်ယွိနှင့်သူမ၏သူငယ်ချင်းအား ပိုင်ပင်း၏လက်ထဲအပ်ခဲ့ကာ ကားကို အရှိန်တင်၍ ရွာသို့ အပြေးအလွှား မောင်းနှင်သွားခဲ့သည်။

အချိန်အတော်ကြာ သူ စဉ်းစားခဲ့သည်။ ယွီကျန့်ဟိုင်၏မစ်ရှင်သည် သတ်ဖြတ်မှုဟု ခေါ်ဆိုခြင်းထက် သူ့အား သွေးဆောင်ခေါ်ယူခြင်းနှင့် ပိုတူ၏။ သူ့ကိုသတ်ရန်အတွက် မျက်မှန်တပ်ထားသောလူတစ်ဒါဇင်ကိုသာ ခေါ်ဆောင်လာခဲ့ခြင်းပင်။ 

လျိုမိသားစုအကြောင်း သူ နားလည်ထားသလောက်သာဆိုလျှင် ဒီလိုအမှိုက်ကဲ့သို့အကြံအား ချမှတ်လိမ့်မည်မဟုတ်ပေ။ 

ထို့ကြောင့် ယွီကျန့်ဟိုင်၏တာဝန်သည် သူ့ကိုချုပ်ထားရန်သာဖြစ်ပြီး ဝမ်ကျုံးကျန့်၏တာဝန်ကသာ အစစ်အမှန်သတ်ဖြတ်မှုဖြစ်နိုင်သည်။ သူ့ကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ သူ့နှင့်နီးစပ်သောသူများကို ပစ်မှတ်ထားခြင်းဖြစ်၏။

သူ့မိဘများက စစ်တပ်တွင် လုံးဝဘေးကင်းစွာရှိနေလေသည်။ ကျန်ရှိသောသူများမှာ သူ့ညီမရွှီရှို့ရှို့၊ ရှောင်းချောင်၊ ရှုချိုးယာ၊ ချိုးဆုအာနှင့် ဝူယွီရွှမ်းတို့ဖြစ်၏။

ရွှီရှို့ရှို့သည် လက်ရှိတွင် တက္ကသိုလ်၌ ပညာသင်ကြားနေပြီး သူတို့ကြားရှိအကွာအဝေးမှာ အလွန်ဝေးကွာတာကြောင့် လျိုမိသားစု၏ပထမဆုံးပစ်မှတ် မဖြစ်

နိုင်ပေ။ ရှောင်းချောင်ထံ၌ လက်ပါးစေတစ်ထောင်ကျော်ရှိပြီး ဝမ်ကျုံးကျန့်တစ်ယောက်တည်းဖြင့် သူတို့အား သေဆုံးအောင်လုပ်ရန် လုံလောက်

မည်မဟုတ်ပေ။

ထို့ကြောင့် ပစ်မှတ်သုံးခုသာ ကျန်ရှိပြီး သူတို့သုံးဦးစလုံးမှာ ရွာတွင် ရှိနေကြ၏။

ရွှီဖန်း လေကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ကားကို လျင်မြန်စွာမောင်းနေရင်း အရင်ဦးဆုံး သူ့ညီမ ရွှီရှို့ရှို့၏ဖုန်းနံပါတ်ကို ခေါ်ဆိုခဲ့သည်။ ရွှီရှို့ရှို့၏ ကြည်လင်ပြတ်သားသောအသံကို ကြားရမှသာ ရွှီဖန်း အနည်းငယ် စိတ်အေးသွားရသည်။

ဝူယွီရွှမ်းလည်း အလားတူပင်။ သူမ၏လေသံက ထူးခြားမှုမရှိသော်လည်း ပြင်းထန်သော ဆူပူမှုတစ်ခုကတော့ ရှိနေခဲ့သည်။ ယခုရက်ပိုင်းမှာ သူ အလုပ်များနေခဲ့တာကြောင့် သူ့သူငယ်ချင်းဟောင်းနှင့် အချိန်အကြာကြီးစကားပြောနိုင်ခြင်းမရှိခဲ့ပေ။ သို့သော်လည်း အခြေအနေက အရေးပေါ်ဖြစ်နေသည်။ ဝူယွီရွှမ်းက စကားဆက်ပြောရန် စိတ်အားထက်သန်နေတာကြောင့် ရွှီဖန်းသည် သူမအား စကားဖြတ်ခဲ့ရုံသာ တတ်နိုင်

ခဲ့၏။ နောက်မှပြန်တွေ့ပြီး စကားပြောကြမည်ဟု ကတိပေးပြီးမှသာ ဖုန်းချခဲ့သည်။

သူ ရှုချိုးယာ၏နံပါတ်ကို ထပ်မံခေါ်ဆိုခဲ့သော်လည်း သူမ၏အသံမှာ ထူးခြားမှုမရှိပေ။ ထိုအချိန် sportscarကလည်း အလွန်လျင်မြန်စွာဖြင့် ရွေ့လျားနေပြီး မျက်စိတစ်မှိတ်စာအတွင်းမှာပင် ရွာအဝင်ဝနားသို့ ရောက်ရှိလာပြီဖြစ်သည်။

ရွှီဖန်းသည် စိတ်သက်သာရာရမိသော သက်ပြင်းတစ်ချက်ကို လျှို့ဝှက်စွာချ၍ ချိုးဆုအာ၏နံပါတ်ကို ခေါ်ဆိုခဲ့၏။

ဒီတစ်ကြိမ်မှာတော့ ဖုန်းက အချိန်အတော်ကြာ မြည်နေခဲ့သည်။ နောက်ဆုံးမှာ ချိုးဆုအာ၏အသံက ဖုန်းတစ်ဖက်ကနေ ထွက်ပေါ်လာလေ၏။

"ဟယ်လို ဘယ်သူလဲ"

ရွှီဖန်းသည် စိတ်ထင့်နေမှုအား ထိန်းချုပ်ကာ တည်

ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ကိုယ် ရွှီဖန်းပါ၊ ရွာမှာ ကိုယ်မရှင်းရသေးတဲ့ကိစ္စတွေ ရှိသေးတာကို ရုတ်တရက်သတိရမိလို့ မင်းဆီ ပြန်လာချင်တာ"

"အိုး...အစ်မ ဒီနေ့ ရွာမှာမရှိဘူး...ဒီကိုလာဖို့ မလိုဘူးနော်"

သူမ၏အသံက အနည်းငယ် တုန်ယင်နေသည်။

ရွှီဖန်း၏နှလုံးသားက တင်းကြပ်သွားခဲ့၏။ သူ ဖုန်းကိုမချဘဲ ကားကို အရှိန်ထပ်မြှင့်လိုက်သည်။ sportscar သည် ဒေါသထွက်နေသောနဂါးတစ်ကောင်ကဲ့သို့ ချိုးဆုအာ၏အိမ်ရှိရာသို့ အရှိန်ဖြင့် မောင်းနှင်သွားခဲ့၏။

**********************

All Chapters