← Chapters

ဝမ်ကျုံးကျန့်၏ဝှက်ဖဲ

Vol. 27 Ch. 394

ဝမ်ကျုံးကျန့်၏ဝှက်ဖဲ

Vol. 27 Ch. 394

Sportscarသည် အစကတည်းက မြန်ဆန်သော်လည်း ယခုအခါ ဒေါသထွက်နေသော နဂါးတစ်ကောင်ကဲ့သို့ ချိုးဆုအာ၏အိမ်ရှိရာဆီ အပြေးအလွှား မောင်းနှင်

နေလေသည်။

ချိုးဆုအာ တစ်ခုခုဖြစ်နေသည့်ပုံပင်။ မဟုတ်လျှင် သူ့ဖုန်းနံပါတ်ကိုပင် မခွဲခြားနိုင်စရာ အကြောင်းမရှိပေ။ ထို့အပြင် ဖုန်းဆက်သွယ်မှုချိတ်သွားစဉ်က သူမ၏အသံသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေခဲ့၏။

ဖုန်းတစ်ဖက်မှ ကားသံကို ကြားလိုက်ပုံရသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ချိုးဆုအာ၏ အသံက ထပ်မံထွက်ပေါ်လာသည်။

"ရွှီဖန်း ကားမောင်းနေတာလား၊ ရွာကို ပြန်လာနေလား"

ရွှီဖန်း၏မျက်နှာအမူအရာသည် လူအများအား တုန်ယင်စေနိုင်သည်အထိ အေးစက်နေလေသည်။ သို့သော် သူ၏အသံမှာ အထူးတည်ငြိမ်နေ၏။ 

"ဟုတ်တယ် ရွာမှာ ကိုယ် အဲ့ဒီကိစ္စကို မလုပ်ရသေးဘူး၊ မင်းလည်း ရွာမှာမရှိတော့ ကိုယ်တိုင်ပဲ ပြန်သွားလုပ်ရတော့မှာပေါ့"

နောက်ထပ် ခဏတာတိတ်ဆိတ်သွားပြီးနောက် ချိုးဆုအာ၏အသံက ထပ်မံ ထွက်ပေါ်လာသည်။

"ဪ အခု ဘယ်မှာလဲ...ရွာကို ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ"

ရွှီဖန်း ခေါင်းမော့ကြည့်လိုက်သည်။ သူ ချိုးဆုအာ၏အိမ်ကို လှမ်းမြင်နေရပြီဖြစ်သော်လည်း သူ အလျင်စလို မလုပ်သေးပေ။

"ကိုယ် အဝေးကြီးမှာ ရှိနေသေးတယ်...ကုမ္ပဏီကနေ အခုမှ ထွက်လာတာ၊ လုံခြုံရေးတွေ မကောင်းဘူးလို့ ကြားတယ်၊ ယွီကျန့်ဟိုင်ဆိုတဲ့လူက အရိုးချိုးခံရပြီး ခွေးသေကောင်လိုမျိုး လမ်းပေါ်ပစ်ချခံထားရတယ် ဆိုတဲ့သတင်းကိုလည်း အခုလေးတင် ကြည့်လိုက်ရတယ်၊ မင်းလည်း သတိထားရမယ်နော်"

ရွှီဖန်းသည် ထိုစကားအား ဝမ်ကျုံးကျန့်ကို သတိပေးရန်နှင့် သူမ အချိန်ဆွဲထားနိုင်ရန် ပြောပြခဲ့ခြင်းဖြစ်သည်။

သူ၏ခြိမ်းခြောက်မှုနှင့်သဲလွန်စကို ကြားအောင် ပြောပြီးနောက် ဖုန်းကို တိုက်ရိုက်ချလိုက်သည်။

သူ ဖုန်းကိုပစ်ချလိုက်၍ ကားကို ရွာထဲသို့ မောင်းဝင်ကာ ချိုးဆုအာ၏အိမ်ရှိရာသို့ တည့်တည့်မတ်မတ် မောင်းသွားခဲ့သည်။

နီညိုရောင်သံတံခါးသည် နေ့ဘက်များတွင် ဂျက်ထိုးထားလေ့ရှိသော်လည်း ယခုအခါ လုံခြုံစွာ သော့ခတ်ထားလေသည်။

ရွှီဖန်း လုံးဝမတွန့်ဆုတ်နေဘဲ ကားကို အဆုံးအထိ မောင်းနှင်လိုက်သည်။ ကားတစ်စီးလုံးသည် ဒေါသထွက်နေသော နဂါးတစ်ကောင်ကဲ့သို့ မြည်ဟိန်းကာနီညိုရောင်သံတံခါးအား တိုက်ချလိုက်၏။

တံခါးနားသို့ရောက်သောအခါ ရွှီဖန်းသည် စတီယာရင်ကို ရုတ်တရက်လှည့်၍ ဘရိတ်နင်းလိုက်သည်။ sportscarတစ်စီးလုံးသည် အမြီးကို ဝှေ့ယမ်းကာ အဆုံးမရှိသောအင်အားဖြင့် နီညိုရောင်သံတံခါးအား လွင့်စင်သွားစေခဲ့၏။

"ဘန်း!"

အလွန်အကျွံ ပုံပျက်သွားသော သံတံခါးသည် မြေကြီးပေါ်သို့ ပြင်းပြင်းထန်ထန် ကျဆင်းလာပြီး ဖုန်မှုန့်များ ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်၌ ရွှီဖန်း ကားတံခါးကိုဖွင့်၍ သူ့အဝတ်အစားများကို အနည်းငယ် ပြင်ဆင်ကာ တင်းတင်းပိတ်ထားသည့်အိမ်တံခါးဆီကို လျှောက်သွားခဲ့၏။

"မိတ်ဆွေဟောင်းကို အပြင်ထွက်မတွေ့တာတော့ တစ်မျိုးပဲ၊ အခု အိမ်ထဲမှာ ပုန်းနေတာ ဘာဖြစ်လို့လဲ"

ရွှီဖန်း၏အသံက မိတ်ဆွေဟောင်းတစ်ဦး၏ အပြစ်တင်နေသံကဲ့သို့ပင် ရင်းနှီးကျွမ်းဝင်ကာ တည်ငြိမ်သည်။ သူ့မျက်နှာပေါ်၌ အပြုံးရှိနေသော်လည်း သူ့မျက်လုံးများကတော့ ဓားကဲ့သို့ ထက်ရှနေ၏။

တိတ်ဆိတ်နေခြင်း။

ရွှီဖန်း၏မျက်နှာပေါ်မှ အပြုံးက တဖြည်းဖြည်း ပို၍အေးစက်လာသည်။ တင်းတင်းပိတ်ထားသည့် တံခါးပေါ်သို့ လက်တင်လိုက်ပြီး သူ့အတွင်းအားကို 

ထုတ်လွှတ်လိုက်လေ၏။

ဘုန်း!

လွှစာမှုန့်များပျံကုန်ကာ တံခါးလည်း ဖျက်ဆီးခံလိုက်ရသည်။ အခန်းထဲမှ မျက်နှာနှစ်ခုကိုလည်း မြင်လိုက်ရ၏။ သူတို့၏မျက်နှာပေါ်တွင် အံ့အားသင့်ခြင်းနှင့် ထိတ်လန့်ခြင်းများ ရှိနေခဲ့သည်။

ဝမ်ကျုံးကျန့်ကတော့ အခုအချိန်မှာ အနည်းငယ်

စိတ်ဖောက်နေသလိုဖြစ်နေ၏။ သို့သော် သပ်သပ်ရပ်ရပ်နှင့် သန့်ရှင်းစွာ ဝတ်စားထားတာကြောင့် ထောင်ကနေ ထွက်လာသူဟုတောင် မထင်ရပေ။ သူ့လက်ထဲတွင်မူ အေးစက်သောအလင်းရောင်ထွက်နေသည့် ဓားမြှောင်တစ်လက် ရှိနေ၏။

ချိုးဆုအာကတော့ လက်နှင့်ခြေထောက်များ ချည်နှောင်ခံထားရကာ သူမမျက်နှာပေါ်တွင် မျက်ရည်စများ ရှိနေလေသည်။ သူမ၏ဖြူစင်သန့်ရှင်းသောမျက်နှာပေါ်တွင် နီရဲနေသောလက်ဝါးရာတစ်ခုက လတ်လတ်ဆတ်ဆတ်ရှိနေ၏။

လေးလံသည့်ဝန်တစ်ခုကို အောက်ချလိုက်ရသကဲ့သို့ခံစားရကာ ချိုးဆုအာ၏မျက်ရည်များသည် တလဟော စီးကျလာပြီး အော်လာသည်။

"ရွှီဖန်း!"

ရွှီဖန်း မျက်လုံးထဲရှိ အေးစက်မှုက ပို၍ပြင်းထန်လာပြီး ဝမ်ကျုံးကျန့်ဆီသို့ လျှောက်သွားခဲ့၏။

မထင်မှတ်ထားသည်မှာ ဝမ်ကျုံးကျန့်သည် ရွှီဖန်း ဖြည်းဖြည်းချင်းလျှောက်လာသည်ကို မြင်သော်လည်း မအော်ဟစ်သလို ရူးသွပ်သလိုလည်းမပြုမူပေ။ သူ အနည်းငယ်တုန်ယင်သွားရုံသာရှိပြီး ရွှီဖန်းကို ပြုံးပြလာသည်။

"နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာပြီ၊ ရွှီဖန်း..အိုး ရွှီဖန်း...မင်း မထင်ခဲ့မိဘူးမလား၊ မင်းလည်း ဒီနေ့လိုနေ့မျိုး ကြုံရလိမ့်မယ်ဆိုတာကို"

ရွှီဖန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း သူ့ခြေလှမ်းများကို မရပ်တန့်သေးပေ။ သို့သော် အနည်းငယ်မျှ နှေးသွားခဲ့ပြီး…

"မင်းရဲ့စိတ်ပိုင်းဖြတ်ထားတဲ့ပုံစံကို ကြည့်ရတာ မင်းမှာ ပရိယာယ်တချို့ရှိနေပုံပဲ၊ မင်းတစ်ယောက်တည်း ငါ့ကို သတ်နိုင်မယ်လို့ ထင်နေလား"

ဝမ်ကျုံးကျန့်သည် ရွှီဖန်း၏ ခြေလှမ်းများကို မတားဆီးပေ။ သူ့မျက်လုံးများက ပို၍ရူးသွပ်ပုံပေါ်လာပြီး ဆိုးယုတ်စွာ ရယ်မောလာသည်။

"မင်း ကျန်းကျုံးကို အဲ့ဒီလိုအခြေအနေမျိုးဖြစ်အောင် ထိုးကြိတ်ခဲ့တယ်၊ သူ့အဖေအနေနဲ့ငါက ဘယ်လိုလုပ် ဒီအတိုင်းလွှတ်ထားနိုင်မှာလဲ၊ ဒီနေ့ မင်းကို ငါမသတ်နိုင်ခဲ့ရင်တောင်မှ အနည်းဆုံးတော့ မိသားစုဆုံးရှုံးရတဲ့ခံစားချက်မျိုး မင်းကိုခံစားရအောင် လုပ်မှာ၊ ဒါပေမယ့် မင်းကလည်း စောစောစီးစီး သေရမှာပါပဲ"

"အိုး"

ဝမ်ကျုံးကျန့်မျက်လုံးထဲရှိ ရူးသွပ်မှုကို မြင်သောအခါ ရွှီဖန်း၏စိတ်ထင့်မှုက ပို၍ပြင်းထန်လာသော်လည်း သူ့မျက်နှာပေါ်တွင် အနည်းငယ်မျှ ထုတ်ဖော်ပြသခြင်းမရှိခဲ့ပေ။ 

"မင်းရဲ့အားကိုးရာက လျိုမိသားစုဖြစ်ရမယ်...ဟုတ်တယ်မလား၊ လျိုမိသားစုက ဒီလောက် အစွမ်းထက်နေတာတောင်မှ ဘာလို့ ငါ့ကို ကိုယ်တိုင်လာမရှာဘဲ ကောင်မလေးတစ်ယောက်ကို သတ်ဖို့ မင်းကို စေလွှတ်ခဲ့တယ်လို့ထင်လဲ၊ ဒီအကြောင်းကို မင်းတစ်ခါမှ မစဥ်းစားမိဘူးလား"

"ရွှီဖန်း...ရွှီဖန်း...မင်း အခုထိ နားမလည်သေးဘူးလား၊ လျိုမိသားစုက ဘာလို့သန်မာနေတယ်ထင်လဲ"

ဝမ်ကျုံးကျန့်က ခေါင်းခါယမ်း၍ ဘာမှမဖုံးကွယ်ထားတော့ဘဲ လှောင်ပြောင်သည့်လေသံဖြင့် ပြောလာသည်။ 

"မျိုးနွယ်စုကြီးတွေကွ နားလည်လား! လျိုမိသားစုရဲ့ ရိုးရိုးရှင်းရှင်း စကားတစ်ခွန်းတည်းနဲ့တောင် ချန်ဟိုင်းပြည်နယ်တစ်ခုလုံးကို ခေါင်းငုံ့အောင်လုပ်နိုင်ပြီး လက်တစ်ချောင်းလောက် ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရုံနဲ့ မင်းကို သတ်နိုင်တယ်"

လက်ရှိအချိန်တွင် ရွှီဖန်းက အခန်းထဲကို ရောက်နေလေပြီ။ သူ တံခါးကနေ ခုနစ်လှမ်းအကွာမှာရှိနေပြီး ဝမ်ကျုံးကျန့်နှင့် ချိုးဆုအာတို့ကလည်း သူနှင့် ခုနစ်

လှမ်းအကွာမှာ ရှိနေ၏။

ငါးလှမ်းအကွာကနေ နှစ်လှမ်းအကွာအတွင်း၌ ရှိနေလျှင်တော့ ဝမ်ကျုံးကျန့်အား သူ ချက်ချင်း ချုပ်နှောင်နိုင်ပြီး ချိုးဆုအာ၏ ဘေးကင်းမှုကို လုံးဝ အာမခံနိုင်သည်။

သို့သော်လည်း ရွှီဖန်းသည် နောက်တစ်လှမ်းထပ်မတိုးဘဲ ခြေထောက်ကို ပြန်ဆွဲ၍ နေရာမှာသာ ရပ်နေခဲ့၏။

အခန်းက ရှုပ်ပွနေလေသည်။ သေတ္တာများနှင့် ဗီရိုများကို မွှေနှောက်ထားပုံရပြီး အဝတ်အစားများက ကြမ်းပြင်အနှံ့ ကျနေ၏။

ထိုအရာက အဝတ်ပုံသက်သက်ပင်။ ထိုအနောက်၌ ဘာသဲလွန်စမှမရှိဘူးဟု ထင်ရသည်။ သို့သော် သေချာကြည့်လိုက်ပါက မြင်နိုင်သည့်အရာတချို့ ရှိနေ၏။

အဝတ်အစားများက အလွန်ပြန့်ကျဲနေသည်မှာ တမင်တကာ လုပ်ထားသလိုမျိုးဖြစ်နေပြီး တစ်ခုခုအား ဖုံးကွယ်ထားသကဲ့သို့ပင်။

ရွှီဖန်းက ရပ်တန့်သွားပြီး ပတ်ပတ်လည်လှည့်ကြည့်နေတာကို မြင်သောအခါ ဝမ်းကျုံးကျန့်လည်း အနည်းငယ် ထိတ်လန့်လာသည်။ သူ ထပ်ပြောလိုက်၏။

"ရွှီဖန်း ရွာထဲမှာ ငါ ပစ်မှတ်ထားနိုင်တဲ့ပစ်မှတ်သုံးခုရှိတယ်၊ ဘာလို့ ဒီမိန်းမကို ရွေးလိုက်တာလဲ သိလား"

ရွှီဖန်းက ဝမ်ကျုံးကျန့်၏မျက်လုံးထဲမှ လျပ်တစ်ပြက်ထိတ်လန့်မှုကို ဖမ်းမြင်လိုက်လေသည်။ သူ့နှလုံးသားက ခုန်လှုပ်သွားပြီး တိတ်တိတ်လေး အင်အားစုစည်းလိုက်၏။ သူ့မျက်နှာအမူအရာကတော့ ခေါင်းညိတ်၍ ဆက်ပြောရန် အချက်ပြလိုက်သည်။ 

ဝမ်ကျုံးကျန့်က ရယ်၏။

"ငါ အဲ့ဒီမိန်းမသုံးယောက်ကို အချိန်အကြာကြီး စောင့်ကြည့်ခဲ့တာ၊ ဒီမိန်းမကတော့ အရူးဆုံးပဲ၊နေ့ခင်းကြောင်တောင်ကြီး မင်းပုံတွေကို ထိုင်ကြည့်နေတာ၊ ဒီလိုစွဲလမ်းနေရတဲ့သူမကို ငါ မကူညီခဲ့ရင် အရမ်းကို ကျိုးကြောင်းဆီလျော်မှု မရှိတော့ဘူးလေ"

ရွှီဖန်း နောက်ထပ် ခြေတစ်လှမ်းထပ်တိုးလိုက်သည်။ 

ဝမ်ကျုံးကျန့်၏တုံ့ပြန်မှုနှင့်ဆိုလျှင် ချိုးဆုအာကို သူ ဒဏ်ရာပေးနိုင်တော့မည် မဟုတ်ပေ။ 

ရွှီဖန်းလည်း စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်သည်။ ဝမ်ကျုံးကျန့်သာ သတိမထားမိသရွေ့ ချိုးဆုအာကို ကယ်ဆယ်ကာ အခန်းထဲကနေ လျင်မြန်စွာ ထွက်ခွာမည်။ ဝမ်ကျုံးကျန့်၏အားကိုးရာဝှက်ဖဲက ဒီအခန်းထဲမှာ စီစဉ်ထား၏။

"ရွှီဖန်း...ရွှီဖန်း ဒီမိန်းမက မင်းကို ဒီလောက်ချစ်နေတာတောင် မင်းကတော့ မလှုပ်ရဲဘဲ ရပ်နေတယ်၊ မင်း ဒီမိန်းမကိုမချစ်ဘူးဆိုရင် ငါ သူမမျက်နှာကို ဖျက်ဆီးပြီး စိတ်သေအောင်လုပ်ပစ်လိုက်တာက ပိုကောင်းမယ်ထင်တယ်"

ဝမ်ကျုံးကျန့်က သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်၏။ သူ့လက်ထဲရှိဓားမြှောင်မှာ ချိုးဆုအာ၏မျက်နှာပေါ်သို့ ဖြည်းဖြည်းချင်း ကျဆင်းသွားသော်လည်း သူ့မျက်လုံးကတော့ ရွှီဖန်း၏ခန္ဓာကိုယ်ပေါ်ကနေ လုံးဝမခွာပေ။

ဓားမြှောင်က ချိုးဆုအာ၏မျက်နှာအား ခုတ်မိတော့မည်ကို မြင်သောအခါ ရွှီဖန်း ရုတ်တရက် ထအော်လိုက်သည်။

"ရပ်!"

ဝမ်ကျုံးကျန့်လည်း သူ့ဓားမြှောင်အား ခဏရပ်လိုက်သည်။ သူ လှည့်၍ ရွှီဖန်းကို ကြည့်လာသော်လည်း သူ၏အမြင်အာရုံမှာ ဝေဝါးသွားခဲ့ပြီး သူ့ခန္ဓာကိုယ်ရှိ အာရုံခံစားမှုများအားလုံးက ဆုံးရှုံးသွားခဲ့သည်။

ဝမ်ကျုံးကျန့်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ရူးသွပ်နေသော်လည်း စိတ်သက်သာရာရနေသည့် ပုံစံ ဖြင့် မျက်လုံးများကို မှိတ်ကာ သူ၏လက်စားချေမှု အောင်မြင်သွားသကဲ့သို့ ရူးသွပ်စွာ ရယ်မောနေ၏။

ရွှီဖန်းသည် ချိုးဆုအာကို ပွေ့ချီ၍ ခြံထဲမှ အပြေးအလွှား ထွက်လာခဲ့သည်။

"ဘုန်း!!!"

ကြီးမားသောပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ရွာတစ်ရွာလုံးမှာ သုံးကြိမ်တိုင်တိုင် တုန်ခါသွားရသည်။ ရွှီဖန်း ရှိနေခဲ့သောခြံကလည်း မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။

********************

All Chapters