← Chapters

လျိုမိသားစု၏ စစ်တုရင်ကစားနည်း

Vol. 27 Ch. 400

လျိုမိသားစု၏ စစ်တုရင်ကစားနည်း

Vol. 27 Ch. 400

"ဒုန်း! ဒုန်း! ဒုန်း!"

ထိုလူများက မြေပြင်ပေါ် ဒူးထောက်ကာ မဆိုင်းမတွ ဦးညွှတ်လာကြသည်။

ရွှီဖန်း၏ထိုကန်ချက်က ငါးမန်းသွားဂိုဏ်းဝင်များ၏ လက်စားချေရန်စိတ်ကူးကို ရပ်တန့်သွားစေခဲ့၏။

တစ်ချက်ကန်ရုံဖြင့် ထိုမျှပြင်းထန်ရက်စက်လှသော ခွန်အားကို ထုတ်သုံးနိုင်သည့် ပုဂ္ဂိုလ်အား သူတို့ မည်သို့ စိန်ခေါ်နိုင်မည်နည်း။

မကြာခင်မှာပင် အကျဉ်းသားအချို့သည် ရွှီဖန်းအတွက် ကုတင်ကို သန့်ရှင်းပေးလာပြီး လှဲလျောင်းရန် လေးစားစွာဖြင့် ဖိတ်ခေါ်ကြသည်။

ကောင်းကင်ကိုတုန်လှုပ်စေသော ဗုံတီးသံကဲ့သို့ အသံများလည်း တဖြည်းဖြည်း ရပ်တန့်သွားကာ ထောင်ထဲတွင် တိတ်ဆိတ်ငြိမ်သက်သွားပြန်၏။ ငါးမန်းသွား၏ မြေပြင်ပေါ်ကျလာသောအသံကိုသာ ကြားလိုက်ရသည်။

ရွှီဖန်းက အကျဉ်းသားငါးဦးကို အခက်တွေ့အောင် မလုပ်ခဲ့ပေ။ သူ စိတ်ကောင်းဝင်နေခြင်းကြောင့် မဟုတ်ဘဲ သူတို့ကို တိုက်ခိုက်ခြင်းက သူ့အတွက် တန်ဖိုးမရှိဟု ခံစားရသောကြောင့်ဖြစ်သည်။

ရွှီဖန်းသည် ပါးစပ်တွင် ဆေးလိပ်တစ်လိပ်ကိုခဲကာ ကုတင်ပေါ်၌ လှဲလျောင်းလိုက်၏။ သူ မျက်လုံးမှိတ်ကာဖြင့် ဆေးလိပ်ငွေ့တစ်ငွေ့ ကို မှုတ်ထုတ်လိုက်သည်။

ထောင်ပြင်ပတွင် လီရှို့သည် မံမီရုပ်ကဲ့သို့ ဖြစ်နေ၏။ သူ့မျက်နှာအား အဖြူရောင်အဝတ်များဖြင့် အထပ်ထပ်ပတ်ထားပြီး သူ့မျက်လုံးများက လက်စားချေလိုသောအကြည့်ကို ဖော်ပြနေသည်။

လီရှို့သည် ဤနေရာတွင် ကြာမြင့်စွာ ရပ်နေခဲ့သည်။ ရွှီဖန်း ဝင်သွားသည့်အချိန်ကတည်းက သူ ရပ်နေခဲ့ခြင်းပင်။ သူ ရွှီဖန်း၏အော်ဟစ်သံများနှင့် မြည်တမ်းသံများကို ကြားချင်ခဲ့၏။

ရဲမှူးချုပ်မရှိသောကြောင့် သူ လီရှို့သည် ဤနေရာတွင် ဘုရင်ဖြစ်သည်။ သူ့အား စိန်ခေါ်ရဲသူ မည်သူကိုမဆို မြှုပ်နှံစရာမြေပင်မရှိဘဲ သေဆုံးစေရလိမ့်မည်။

ထင်မှတ်ထားသည့်အတိုင်း ကမ္ဘာမြေကို တုန်လှုပ်စေသော ဗုံတီးသံကဲ့သို့ အသံများ ထွက်ပေါ်လာသည်။ ၎င်းသည် အကျဉ်းသားများက သံတိုင်များကို ခေါက်ခြင်း၊ ရယ်မောခြင်းနှင့် အော်ဟစ်ခြင်းတို့မှ ဖြစ်ပေါ်လာသော သံစဉ်တစ်ခုဖြစ်ကြောင်း လီရှို့ သိ၏။

ချက်ချင်းပင် ကမ္ဘာမြေကို တုန်လှုပ်စေသော ဗုံသံများ ထပ်မံ၍ ထွက်ပေါ်လာသည်။ လီရှို့သည် ငါးမန်းသွားက သူ၏သွားများကို ပြသနေပြီဖြစ်ကြောင်း သိလိုက်၏။

အော်ဟစ်ခြင်း! မင်း လုပ်ခဲ့သမျှ အရာအားလုံးအတွက်!

တုန်ယင်ခြင်း! ဖြစ်လာမည့်အရာများအတွက်!

ထိုဗုံသံများက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်မှာ အမြဲလိုလိုဖြစ်နေကြအတိုင်းပင်။ 

လီရှို့ သူ့အဝတ်အစားများကို ပြင်ဆင်၍ လက်ဝှေ့ယမ်းလိုက်သည်။ ဘေးမှ ရဲတစ်ဦးက တံခါးကို ဖွင့်ပေးခဲ့ပြီး သူ ခေါင်းမော့ကာ ဝင်သွားခဲ့၏။

သူသည် ရွှီဖန်း၏ဆိုးရွားသော အခြေအနေကို ကိုယ်တိုင် မြင်တွေ့ချင်ခဲ့သည်။ သူ ဆေးလိပ်တစ်လိပ် ကို မီးညှိ၍ ရွှီဖန်းကို မထီမဲ့မြင်ပြုစွာ ကြည့်ခြင်း မလုပ်ခင်မှာ ရွှီဖန်း၏မေတ္တာရပ်ခံသံများကို ကြားချင်ခဲ့၏။ သူ ရွှီဖန်းအား အေးစက်စွာ မေးလိမ့်မည်။ 

"ဒီမှာ ဘယ်သူကဘုရင်လဲ"

ပြင်းထန်သောသွေးနံ့က လီရှို့၏ နှာခေါင်းနှင့် အာရုံကြောများကို လှုံ့ဆော်လိုက်လေသည်။ လီရှို့သည် သူ့ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး သူ့အနောက်မှ ရဲများကလည်း သူ့ကို လိုက်မီရန် အပြေးအလွှား ပါလာခဲ့၏။

ထို့နောက် လီရှို့က ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရပေသည်။ 

စက်ဝိုင်းကွေးပုံစံအလယ်တွင် ထိပ်ပြောင်အမျိုးသားတစ်ဦးက ပိတ်မိနေ၏။ စက်ဝိုင်းကွေးပုံစံအတိုင်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ပုစွန်တစ်ကောင်ကဲ့သို့ ကွေးညွှတ်နေပြီး ပါးစပ်မှ သွေးများ စီးကျနေသည်။

သူ ခေါင်းမော့ကြည့်လိုက်ရာ အထဲတွင်လည်း အကျဉ်းသားငါးဦးက ကုတင်အရှေ့တွင် လေးစားစွာ ဒူးထောက်နေကြ၏။ ကုတင်ပေါ်တွင်မူ ရွှီဖန်းက မျက်လုံးမှိတ်ထားကာ လဲလျောင်းနေပြီး လီရှို့အား မမြင်သကဲ့သို့ပင်။

လီရှို့ လုံးဝ ထိတ်လန့်သွားခဲ့သည်။

"ရွှီဖန်း! မင်း ဘယ်လိုလုပ်ရဲတာလဲ! ထောင်ထဲမှာ လူသတ်မှု ကျူးလွန်ရဲလား! ငါးမန်းသွားကို မင်း ရိုက်နှက်ခဲ့တာလား"

လီရှို့ ထိတ်လန့်နေသည်ကို မြင်သောအခါ သူ့အနောက်မှ ရဲတစ်ဦးက ရွှီဖန်းကို တရားမျှတစွာဖြင့် အော်ဟစ်လာလေ၏။

ရွှီဖန်း မျက်လုံးပင့်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ပြန်မှိတ်ကျသွားလေသည်။

ရွှီဖန်း၏အရှေ့မှာ ဒူးထောက်နေသော အကျဉ်းသားငါးယောက်သည် ထရပ်ကာ ထိုရဲအား တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် ဆူပူလာကြ၏။

"မင်းရဲ့ခွေးမျက်လုံးတွေက ကန်းနေလား! ငါတို့ရဲ့အစ်ကိုရွှီက အဲ့ဒီလို လူမျိုးလား"

"အဟုတ်ပဲ! အစ်ကိုရွှီက ဝင်လာကတည်းက ဒီမှာပဲ လှဲနေတာ၊ သူ့လက်တစ်ဖက်တောင် မလှုပ်ခဲ့တဲ့အပြင် စကားတစ်ခွန်းတောင် မပြောခဲ့ဘူး"

"ငါးမန်းသွားက သူ့ဘာသာသူ လဲကျသွားတာ!"

ဒီအကျဉ်းသားများသည် ယခင်က ငါးမန်းသွား၏အရည်အချင်းရှိသောလူများ ဖြစ်ခဲ့ကြသည်။ ငါးမန်းသွား တိုက်ခိုက်သောအခါ သူတို့ ဘယ်သူ့ကိုမှ မကြောက်ခဲ့ဖူးပေ။ သို့သော် ဒီနေ့ ရွှီဖန်း၏စွမ်းရည်ကို မြင်ပြီးနောက် သူတို့ လုံးဝကို ထိတ်လန့်သွားခဲ့ရ၏။

တိုက်ပွဲတစ်ခုက ဒီလို တိုက်ခိုက်ရတာကိုး...

သူတို့ ငါးမန်းသွားလိုမျိုး မဖြစ်ချင်ကြပေ။ ထို့ကြောင့် ယခု သူတို့သည် ရွှီဖန်းအတွက် စကားပြောပေးရန် ခုန်ထွက်လာကြသည်။ လီရှို့ဆိုတဲ့မင်းက စကားကြီးစကားကျယ်တွေ ပြောတတ်တယ်မဟုတ်လား...မင်း ငါတို့ကို ဘာလုပ်နိုင်မှာလဲ။

ရဲအရာရှိသည် ထိုစကားများကို ကြားသောအခါ မှင်သက်သွားခဲ့၏။ 

ဒီလူတွေက ဥပဒေမဲ့အကျဥ်းသားတွေမဟုတ်ဘူးလား။ ဒုရဲမှူးလီတစ်ယောက်ကပဲ သူတို့ကို နိုင်တာ မဟုတ်ဘူးလား။ အခု ဘယ်လိုအခြေအနေမျိုးဖြစ်သွားတာလဲ။ ရွှီဖန်းကို ကြည့်ရုံနဲ့ ဘက်ပြောင်းသွားကြတာလား။

လီရှို့သည် ရွှီဖန်းကို အကြာကြီးကြည့်၍ မျက်နှာမည်းမှောင်စွာဖြင့် ထောင်ထဲကနေ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားခဲ့သည်။

ရွှီဖန်းက အမှန်တကယ်ကို အစွမ်းထက်၏။ သို့သော် လျိုမိသားစုထံ၌ လှုပ်ရှားမှုတစ်ခုထက်မက ရှိသည်။

စိတ်ဝင်စားစရာကောင်းသည့် တစ်ခုတည်းသောအချက်မှာ ရွှီဖန်းက မည်မျှအထိ ရှေ့ဆက်သွားနိုင်မလဲဆိုတာပင်။

လီရှို့သည် နောက်ဆက်တွဲဖြစ်လာမည့် စစ်တုရင်ကစားနည်းကို တွေးမိကာ သူ့စိတ်အခြေအနေက အတော်အတန် ပြေလျော့သွားခဲ့၏။ ရွှီဖန်းကသာ အခုလို ကိုယ်ခံပညာကို တတ်ထားပြီး မယုံနိုင်စရာနောက်ခံလည်းရှိပါက တကယ်ကို အံ့မခန်းလူတစ်ဦးဖြစ်လိမ့်မည်။ ဒါဆိုလျှင် လီရှို့သည်လည်း သူ့အရှေ့တွင် ဒူးထောက်ကာ ခွေးတစ်ကောင်လိုမျိုး အစေခံရန် ဆန္ဒရှိသည်။

ဒါပေမယ့် ရွှီဖန်းက နောက်ခံမရှိဘဲ ကိုယ်ခံပညာတစ်ခုတည်းနဲ့ လျိုမိသားစုကို စိန်ခေါ်ရဲမှာတဲ့လား။ အခုအချိန်က နှစ်ဆယ့်တစ်ရာစုဖြစ်နေလေပြီ။

သင် မည်မျှပင် အံ့မခန်းလူတစ်ဦး ဖြစ်စေကာမူ လမ်းပေါ်တွင် လူသတ်ရဲမည်လား၊ ရဲကို တိုက်ခိုက်ရဲမည်လား။ လျိုမိသားစုကသာ နောက်ထပ် ခြေလှမ်းအနည်းငယ်မျှ လှမ်းလိုက်သည်နှင့် ရွှီဖန်းက သူ့အရှေ့တွင် ဒူးထောက်ရလိမ့်မည်။

လီရှို့ ရယ်မောရန်ပြင်လိုက်စဉ် သူ့ခေါင်းက ဖက်ထုပ်တစ်လုံးလိုမျိုး ထုပ်ပိုးထားပြီးသား ဖြစ်

နေသည်ကို သတိပြုမိသွားလေ၏။ သူ၏ ပျော်ရွှင်မှုအား စိတ်ထဲတွင်သာ ဖုံးကွယ်ထားနိုင်တော့သည်။

တံခါးဝသို့ရောက်လျှင် လီရှို့ လှည့်ကြည့်လိုက်ရာ ထိုမြင်ကွင်းကို တွေ့လိုက်ရ၏။

ရဲအရာရှိတချို့သည် သတိလစ်နေသော ငါးမန်းသွား ကို ထမ်းပိုးကာ လျှောက်လာနေကြသည်။ ထောင်၏ နှစ်ဖက်စလုံးရှိအကျဉ်းသားများမှာ ပါးစပ်များ ဟောင်းလောင်းပွင့်နေကြပြီး သွေးထွက်နေသော ငါးမန်းသွားကို စိုက်ကြည့်နေကြ၏။

မကြာခင်မှာပင် ဗုံတီးသံကဲ့သို့အသံများ တစ်ဖန် ထွက်ပေါ်လာပြန်သည်။ အော်ဟစ်သံများ၊ ဟစ်ကြွေးသံများနှင့် ရယ်မောသံများစသဖြင့် အသံအမျိုးမျိုး ပေါင်းစပ်ကာ ထူးခြားသည့် စည်းချက်တစ်ခုအနေဖြင့် တခြားသူများ၏နှလုံးကို ရိုက်ခတ်နေလေ၏။

၎င်းမှာ အတိတ်က ဘုရင်ကို ပို့ဆောင်နေခြင်းလည်း ဖြစ်နိုင်သလို မွေးဖွားလာသော ဘုရင်အသစ်တစ်ပါးကို ဘိသိက်ပေးနေခြင်းလည်း ဖြစ်နိုင်သည်။

လီရှို့က အေးစက်စွာ နှာခေါင်းရှုံ့၍ လှည့်ထွက်သွားခဲ့၏။

ထောင်ထဲရှိ ဆူညံနေသော ဗုံသံများကြားတွင် အကျဉ်းသားအသစ်တစ်ဦးက ရွှီဖန်း၏အခန်းထဲသို့ ဝင်လာသည်။

အကျဉ်းသားအသစ်ကို ဖိထားသော ရဲနှစ်ဦးသည် နောက်ထပ်တစ်စက္ကန့်မျှပင် မနေရဲတော့သကဲ့သို့ လျင်မြန်စွာ ထွက်ခွာသွားကြ၏။

မြင်ကွင်းချင်းက တူညီသလို အခြေအနေချင်းကလည်း တူညီနေသည်။ ထိုဖြစ်ရပ်က ပြန်လည်

ဖြစ်ပေါ်ခဲ့၏။ သို့သော် ဤတစ်ကြိမ်မှာတော့ မီးများက ပွင့်နေတာကြောင့် အကျဉ်းသားအသစ်၏ ပုံပန်းသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။

သူ့ပခုံးပေါ်တွင် ရှည်လျားကာ ရှုပ်ပွနေသော ဆံပင်များရှိနေ၏။ သူ၏ငယ်ရွယ်သောမျက်နှာမှာ အထူးသဖြင့် ရင့်ကျက်နေပုံပေါက်ပြီး စာပေလိုက်စားသည့် လူငယ်တစ်ဦးနှင့် တူ၏။ သူက တစ်စုံတစ်ရာထံမှ ထိခိုက်မှုခံခဲ့ရပုံ ရပြီး သူ့တစ်ကိုယ်လုံးက အားအင်ကုန်ခန်းနေကာ ခြေလှမ်းများက ယိုင်နဲ့နေလေသည်။

ထိုအချိန်တွင် အကျဉ်းသားအသစ်သည် ရွှီဖန်း၏ ကုတင်ဆီသို့ တစ်လှမ်းချင်း လျှောက်လာပြီး ခပ်အက်အက်အသံဖြင့် မေးလိုက်၏။

"ခင်ဗျားနဲ့ တစ်ခုခု ဆွေးနွေးလို့ ရမလား"

ရွှီဖန်း သူ့မျက်ခွံများကို ပင့်ပြီး အရှေ့က အကျဉ်းသားအသစ်ကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်သော အမူအရာပေါ်လာ၏။

အဘယ်ကြောင့်ဆိုသော် သူ့အရှေ့မှ အကျဉ်းသားအသစ်သည် အလွန်အမင်း အန္တရာယ်မရှိပုံပေါ်နေသည့်အပြင် သေတော့မည့်ခံစားချက်ကိုလည်း ပေးစွမ်းနေသောကြောင့်ဖြစ်သည်။ သူ့ပုံစံမှာ သေလုမြောပါးလူတစ်ဦးကဲ့သို့ပင်။

ရွှီဖန်း မောင်းထုတ်ထားသော အကျဉ်းသားငါးဦးကလည်း သူတို့၏ကုတင်များမှ ထကာ အကျဉ်းသားအသစ်ကို ဝိုင်းရံလာကြသည်။ သို့သော် သူတို့၏ ဘာရယ်သံများမှ မထွက်လာခဲ့ပေ။

ရွှီဖန်း သူ့လက်ကို ဝှေ့ယမ်းကာ လက်များပွတ်သပ်နေကြသော အကျဉ်းသားအနည်းငယ်ကို တားလိုက်၏။ သူ့မျက်လုံးများ လင်းလက်လာပြီး သူ့အရှေ့မှ အကျဉ်းသားအသစ်ကို မေးလိုက်သည်။

"ငါနဲ့ ဘာဆွေးနွေးချင်တာလဲ"

************************

All Chapters