← Chapters

လီရှို့၏သေခြင်းတရား

Vol. 27 Ch. 404

လီရှို့၏သေခြင်းတရား

Vol. 27 Ch. 404

လီရှို့၏ခန္ဓာကိုယ်တစ်ခုလုံးက တောင့်ခဲသွားကာ အနောက်မှလူကို လှည့်ကြည့်လိုက်လေ၏။

ထိုသူက လေးထောင့်ကျသောမျက်နှာနှင့် ဆံပင်တိုများရှိကာ အရပ်ရှည်၍ ကြံ့ခိုင်တက်ကြွပုံပေါ်သော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်သည်။ သူက လီရှို့၏အထက်လူကြီး ကျိုးချင်းဖြစ်၏။

လီရှို့မှာ စကားများထစ်အသွားရပြီး ကျိုးချင်းကိုကြည့်၍ ခြောက်ကပ်စွာ ရယ်မောလိုက်သည်။ 

"ကျိုး... ညွှန်ကြားရေးမှူးကျိုး ကျွန်တော် ဒီမှာ အကျဉ်းသားတစ်ဦးကို စစ်ဆေးနေတာပါ၊ တခြား ဘာအဓိပ္ပာယ်မှ လုံးဝမရှိပါဘူး၊ ဟုတ်သားပဲ! ညွှန်ကြားရေးမှူးကျိုး မိသားစုဆီ သွားလည်ပတ်ဖို့ ခွင့်ယူထားတာမဟုတ်ဘူးလား"

ကျိုးချင်း၏မျက်နှာအမူအရာက အေးစက်နေသည်။ သူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်လျက်...

"ဒုရဲမှူးလီ ငါ နှစ်ရက်လောက်ပဲ မရှိသေးတာကို ရဲစခန်းက ပြောင်းလဲသွားပြီပဲ၊ ငါ နောက်ထပ် ရက်အနည်းငယ်လောက်လည်ပတ်နေမယ်ဆိုရင် မင်းက ငါ့ကိုပါ ဖမ်းမှာလား"

လီရှို့၏မျက်နှာအမူအရာက ပို၍ပူပန်လာ၏။ ပုံမှန်အားဖြင့် ကျိုးချင်းသည် လီရှို့ကို မကြိုက်သော်လည်း အနည်းဆုံးတော့ ထိုသို့သော စကားမျိုး ပြောမည်မဟုတ်ပေ။ ကျိုးချင်း၏အမူအရာကို မြင်သောအခါ လီရှို့ လုံးဝပင် စိတ်ပူပန်သွားရသည်။

နေရာတွင်မတ်တပ်ရပ်နေသော လီရှို့ကို လျစ်လျူရှုလျက် ကျိုးချင်းက သူ၏အဝတ်အစားများကို ပြင်ဆင်၍ ထောင်ထဲသို့ လျှောက်လာသည်။ ထို့နောက် ကုတင်ပေါ်မှာ ခြေချိတ်ထိုင်နေသော ရွှီဖန်းအား လေးစားသမှုဖြင့် ဦးညွှတ်လိုက်၏။

"မစ္စတာရွှီဖန်း ကျွန်တော် ကျိုးချင်းက ဤဖြစ်ရပ်အတွက် ရဲစခန်းတစ်ခုလုံးကို ကိုယ်စားပြုပြီး တောင်းပန်စကားပြောလိုပါတယ်၊ မစိုးရိမ်ပါနဲ့၊ ကျွန်တော်တို့ ခင်ဗျားကို ချက်ချင်း လွှတ်ပေးပါမယ်"

ကျိုးချင်းသည် ထိုစကားကိုပြောပြီးနောက် မတ်မတ်ပြန်ရပ်လိုက်ကာ မှင်သက်စွာ ရပ်နေဆဲဖြစ်သော လီရှို့အား လက်ဝှေ့ယမ်းလိုက်သည်။

"မစ္စတာရွှီကို ဘာလို့ အခုထိ မလွှတ်ပေးသေးတာလဲ"

လီရှို့၏ခေါင်းက ကြောင်အနေသော်လည်း သူ၏ တုံ့ပြန်မှုက မနှေးကွေးပေ။ ကျိုးချင်း၏လေ့လာဆန်းစစ်မှုစွမ်းရည်အရ သူက လျိုမိသားစုတစ်ခုလုံးကို တစ်ယောက်တည်းဆန့်ကျင်၍မရနိုင်မှန်း သိလောက်မည်ပင်။ သူ၏လက်ရှိသဘောထားအရ သူ၏ သဘောထားကိုဖော်ပြထားပြီးပြီဖြစ်ရာ လူတစ်ယောက်က သူ့ကို တောင်းဆိုထားတာဖြစ်ရမည်။

နှစ်ဖက်စလုံးက ကြီးမားသော သတ္တဝါများဖြစ်နေကြသည်။ လီရှို့က မည်သို့ စိန်ခေါ်ရဲမည်နည်း။

ဒီအကြောင်းကို စဉ်းစားမိတော့ လီရှို့ အံကြိတ်ကာ သူ့အနောက်က ရဲများကို လက်ဝှေ့ယမ်းလိုက်သည်။

"ဘာလို့ အခုထိရပ်နေကြသေးတာလဲ၊ ညွှန်ကြားရေးမှူးက လွှတ်ပေးဖို့ ပြောနေတာ မကြားကြဘူးလား၊ မစ္စတာရွှီရဲ့ကိစ္စကို မင်းတို့ နှောင့်နှေးအောင် လုပ်ချင်နေတာလား"

ရဲနှစ်ယောက်က အပြေးအလွှား ရောက်လာကြ၏။ သူတို့၏သော့များကို ထုတ်ကာ ထောင်တံခါးကို ဖွင့်လိုက်ကြသည်။ ထို့နောက် ရွှီဖန်းကို ထောင်အပြင်ကနေ ကြိုဆိုနေသလိုမျိုး တံခါး၏ဘေးတစ်ဖက်တစ်ချက်ဆီမှာ လေးစားစွာ ရပ်နေကြ၏။

ရွှီဖန်းကတော့ သူ့အရှေ့က ပြောင်းလဲနေသော မြင်ကွင်းကို တည်ငြိမ်သည့်အမူအရာဖြင့် ကြည့်နေသည်။ သူ ကုတင်ပေါ်မှာ မလှုပ်မယှက်ပင် ခြေချိတ်

ထိုင်နေပြီး သူ့မျက်လုံးထဲ၌ ရွှင်မြူးသောအကြည့်တစ်ခုက ရှိနေ၏။

ရလဒ်အနေဖြင့် အရာအားလုံးက ဟာသတစ်ခုလိုဖြစ်သွားခဲ့ပြီး လေထုက တိတ်ဆိတ်မှုထဲသို့ နစ်မြုပ်သွားလေသည်။ 

ကျိုးချင်းသည် သူ့ခါးကို တစ်ဖန်ပြန်ကိုင်းလျက် ရွှီဖန်းအား လေးစားစွာ မေး၏။

"မစ္စတာရွှီ ဘာဖြစ်လို့လဲခင်ဗျ၊ ပြဿနာရှိရင် ပြောပါ၊ ကျွန်တော်ကျိုးချင်းက ရဲဌာနကတော့ မဟုတ်ပေမယ့် တရားမျှတမှုကို စောင့်ထိန်းပါသေးတယ်"

ကျိုးချင်းက ခါးကိုင်းလာသည်။ လီရှို့သည်လည်း ရွှီဖန်းဘက်သို့ ဦးညွှတ်လိုက်ရ၏။ သူ့နဖူးတွင် ချွေးများ ရွှဲနစ်နေသည်။

ရွှီဖန်းက ကျိုးချင်းကို တစ်ချက်ကြည့်လာသည်။ ထို့နောက် သူ၏အဓိပ္ပါယ်ပြည့်ဝနေသော အကြည့်က လီရှို့အပေါ်သို့ ချက်ချင်း ကျရောက်သွားပြီး ပေါ့

ပေါ့ပါးပါး ပြောလိုက်၏။ 

"ညွှန်ကြားရေးမှူးကျိုး ထင်တာမှားနေပါပြီ၊ ကျွန်တော်က ဒီထောင်ထဲမှာ ကောင်းကောင်းစားရတယ်၊ ကောင်းကောင်းနေရတယ်၊ ကျွန်တော့် အခန်းဖော်တွေကလည်း ကျွန်တော့်ကို မျက်နှာသာပေးကြတယ်၊ အခု စဉ်းစားကြည့်လိုက်တော့ ဒီထောင်ထဲက ကျွန်တော့်ရဲ့နေ့ရက်တွေက သိပ်မဆိုးပါဘူး၊ ဒါကြောင့် ဒီမှာပဲ တစ်နှစ်လောက်နေဖို့ စီစဉ်ထားပြီး အပြင်မထွက်ချင်တော့ဘူး"

ကျိုးချင်း၏မျက်နှာပေါ်၌ ကြောက်ရွံ့မှုများ စတင်ပေါ်ပေါက်လာသည်။ သို့သော် သူ၏ ထက်မြက်မှုကြောင့် သူ ဝင်လာသောအချိန်မှာကတည်းက ပြဿနာကို မြင်ပြီးသားပင်။ လီရှို့နှင့် ရွှီဖန်းတို့ကြားတွင် ပဋိပက္ခတစ်ခုခု ဖြစ်ခဲ့ရမည်။

ရွှီဖန်းနောက်ကွယ်ရှိ ဩဇာရှိသောပုဂ္ဂိုလ်ကို စဉ်းစားမိပြီး ကျိုးချင်း အံကြိတ်လိုက်သည်။ သူ တွန့်ဆုတ်ခြင်းမရှိဘဲ သူ၏ဦးတည်ရာကို လီရှို့ဘက်သို့ လှည့်လိုက်၏။

"ဒုရဲမှူးလီ မစ္စတာရွှီကို ရဲစခန်းခေါ်ဆောင်လာတဲ့အဖွဲ့ကို မင်းက ဦးဆောင်ခဲ့တယ်လို့ ငါ ကြားတယ်"

လီရှို့က ရိုးသားစွာ ခေါင်းညိတ်သည်။

"ညွှန်ကြားရေးမှူးကျိုး ကျွန်တော်က လျိုအမည်ရှိ လူငယ်တစ်ဦးဆီကနေ ပေါက်ကွဲမှုဖြစ်သွားတယ်ဆိုတဲ့ သတင်းပေးပို့ချက်တစ်ခုကို ရခဲ့ပါတယ်၊ ဒါကြောင့် ကျွန်တော့်အဖွဲ့ကို ဦးဆောင်ပြီး မစ္စတာရွှီကို ဖမ်းခဲ့တာပါ၊ နားလည်မှုလွဲမှားနေတာ တစ်ခုခုရှိနိုင်ပါတယ်"

လီရှို့၏စကားများက ကျိုးချင်းအား သတိပေးလိုခြင်း ဖြစ်၏။

ရွှီဖန်းကို တကယ်ဖမ်းချင်နေသူက လျိုမိသားစုဖြစ်ပြီး သူ့နောက်ကွယ်မှာ ရပ်နေတာကလည်း လျိုမိသားစုပင်။ 

လီရှို့ မမျှော်လင့်ထားသည်မှာ ကျိုးချင်းက ချက်ချင်းပင် စိတ်မရှည်သော အမူအရာကို ပြသ၍ လက်ဝှေ့ ယမ်းလိုက်ခြင်း ဖြစ်သည်။

"ဒုရဲမှူးလီ မင်းက မစ္စတာရွှီကို ဖမ်းခဲ့တာဆိုတော့ မင်းပဲ မစ္စတာရွှီကို အပြင်ထွက်ဖို့ ဖိတ်ခေါ်လိုက်ပါ"

လီရှို့ မှင်သက်သွားလေ၏။ သို့သော် ကျိုးချင်း၏ အမိန့်ဖြစ်သောကြောင့် လီရှို့မှာ မနာခံ၍လည်း မရပေ။ ၎င်းမှာ ပထမအဆင့်အရာရှိတစ်ဦးက လူတစ်ဦးကို သေသည်အထိ နှိပ်စက်နိုင်သည့် အခြေအနေမျိုးဖြစ်သည်။

လီရှို့ စိတ်ထဲ၌ အော်ဟစ်နေမိ၏။

*လက်စားချေမယ်! ဒီဆယ်နှစ်လောက်ကို ဘာကြောက်စရာမှ မရှိဘူး!" 

သူ ကိုယ့်ကိုယ်ကိုယ် အားတင်းလျက် ရွှီဖန်းအား ပြုံးပြလိုက်သည်။

"မစ္စတာရွှီ ကြည့်ပါဦး၊ နားလည်မှုလွဲနေတာ တစ်ခုခုများရှိနေလား၊ အပြင်ထွက်ပြီး စကားပြောကြမလား"

ရွှီဖန်းက လီရှို့အား မထီမဲ့မြင်အကြည့်ဖြင့် တစ်ချက်သာကြည့်ကာ ဘာမှမပြောပေ။

ရွှီဖန်းက ဘာမှမပြောသော်လည်း သူ့ဘေးနားက အကျဉ်းသားငါးဦးစလုံး၏ မျက်နှာပေါ်မှာတော့ ရွဲ့စောင်းနေသည့်အပြုံးများရှိနေပြီး လီရှို့အား ရက်ရက်စက်စက် လှောင်ပြောင်လာကြ၏။

"ဒုရဲမှူးလီ ခင်ဗျား ခုနကပဲ စိတ်အားထက်သန်နေတာမဟုတ်ဘူးလား၊ ခင်ဗျားကို အမြင့်ဆုံးအထက်လူကြီးလို့ ထင်ခဲ့တာ၊ ဒုရဲမှူးအဆင့်ပဲ ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

"ဒုရဲမှူးလီ ခုနက ဘာပြောသွားတာပါလိမ့်၊ ဒီရဲစခန်းမှာ ဘယ်သူ့ကိုမဆို သတ်ချင်ရင်သတ်နိုင်တယ်ဆို၊ ဘာလို့ မျက်စိတစ်မှိတ်စာအတွင်းမှာပဲ လက်အောက်ခံလေးဖြစ်သွားရတာလဲ"

အကျဉ်းသားငါးဦးစလုံးက တစ်ချိန်တည်းမှာပင် စကားပြောနေကြသည်။ ရွှီဖန်းကမူ ကုတင်ပေါ်တွင် ပျော်ရွှင်နေသောအမူအရာဖြင့် ခြေချိတ်ထိုင်နေ၏။

ကျိုးချင်းကတော့ ထောင်ဝင်ပေါက်မှာ ဘာမှမပြောဘဲ ရပ်နေသည်။ သူ လီရှို့အား သူစိမ်းတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေ၏။

လီရှို့မှာ ဟွမ်းလျန်ကို စားထားရသကဲ့သို့ ခါးသီးမှုများက သူ့ရင်ထဲ၌ ပြည့်နေလေသည်။

(T/N - ဟွမ်းလျန်က တရုတ်ဆေးမြစ်တစ်ခုပါ။ အရသာက ခါးပြီးပြင်းတဲ့အရသာမျိုးရှိပါတယ်တဲ့။)

သို့သော် သူများ၏အမိုးအောက်မှာ နေရသောအခါ သူ ခေါင်းငုံ့ရန်ကလွဲ၍ တခြားရွေးချယ်စရာ မရှိပေ။ 

သူများအကူအညီဖြင့် လေတိုက်တတ်သူများကို မြင်ဖူးပြီးသားဖြစ်သည့် လီရှို့၏ရင်ထဲ၌ ရုန်းကန်မှုများ ခဏတာခံစားရပြီးနောက် ချက်ချင်းပင် ပြေလျော့သွားခဲ့၏။

လီရှို့ ခါးကိုကိုင်းပြီး ပြောလိုက်သည်။

"မစ္စတာရွှီ ဒီနေ့ဖြစ်သွားတာက ကျွန်တော့်အမှားပါပဲ၊ နောင်အခါ မစ္စတာရွှီဆီမှာ အမိန့်တစ်စုံတစ်ရာများရှိခဲ့ရင် ကျွန်တော့်ကို ပြောပါ"

ဒီလိုသဘောထားမျိုးကနေ ကောင်းမွန်သည့်အထင်အမြင်ကို ရရန်လွယ်ကူပေ၏။

မည်သို့ပင်ဆိုစေကာမူ မိမိအား အမြီးလှုပ်ပြနေသည့် ခွေးတစ်ကောင်အား မည်သူက ငြင်းဆန်နိုင်မည်နည်း။ 

သို့သော်ငြား ရွှီဖန်းကတော့ အေးစက်သောအမူအရာ ဖြင့် ရှိနေကာ သူ့အသံကလည်း ရေခဲကဲ့သို့ အေးစက်နေ၏။ 

"ငါ့ကို အပြင်ထွက်စေချင်တာလား၊ လွယ်ပါတယ်... ငါ့အရှေ့မှာ ဒူးထောက်ပြီးတောင်းပန်"

ရွှီဖန်း၏စကားများက လီရှို့၏မျက်လုံးများအား ချက်ချင်း နီရဲသွားစေသည်။

လီရှို့၏အမြင်အရ သူ့သဘောထားသည် ရွှီဖန်းကို လုံလောက်စွာ မျက်နှာသာပေးပြီးသားပင်။ သို့သော် ရွှီဖန်းက သူ့အတွက် ဘာကောင်းသလဲဆိုတာကို မသိသေးပေ။ သူက နှစ်ဖက်စလုံး နစ်နာသည်အထိ တိုက်ခိုက်ချင်နေ၏။

သူ ရွှီဖန်းကို ဒူးထောက်လိုက်သည်နှင့် ဒုရဲမှူး၏ဂုဏ်သိက္ခာက ပျောက်ဆုံးသွားရုံတင်မကဘဲ လျိုမိသားစုကိုတောင် အစီရင်ခံရန် ခက်ခဲလိမ့်မည်ဆိုတာ သိသာပေသည်။

လီရှို့ အံကြိတ်ကာဖြင့် ထောင်ထဲကို ဝင်သွားခဲ့၏။ သူ ခန္ဓာကိုယ်ကို ကိုင်းကာ ရွှီဖန်းအား တိတ်တဆိတ် ခြိမ်းခြောက်လိုက်သည်။

"ရွှီဖန်း သိပ်ပြီး မလွန်လာနဲ့"

ရွှီဖန်း၏အမူအရာက မပြောင်းလဲပေ။ သူ လီရှို့အား ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသကဲ့သို့ ကြည့်နေ၏။

"ဒူးထောက်"

သူ့အသံက ရေခဲနှင့်နှင်းကဲ့သို့ အေးစက်နေပြီး မေးခွန်းထုတ်စရာမလိုသောလေသံ ပါဝင်နေသည်။ 

လီရှို့၏မျက်နှာပေါ်၌ ရှုပ်ထွေးသောအမူအရာ ပေါ်လာ၏။ သူ ကျိုးချင်းကို လှည့်ကြည့်လိုက်သည်။ သို့သော် ကျိုးချင်းကတော့ သူနှင့် ဘာမှမဆိုင်သလို ရပ်နေ၏။

နောက်ဆုံးမှာ လီရှို့သည် ဒုရဲမှူး၏ဂုဏ်သိက္ခာအားလုံးကို ပြန်ရုပ်သိမ်းကာ ရွှီဖန်းအရှေ့တွင် ဘုန်းကနဲ မြည်အောင် ဒူးထောက်ချလိုက်သည်။ သူ့ခေါင်းအား ခွေးသေကောင်တစ်ကောင်ကဲ့သို့ မြေပြင်ထဲ မြှုပ်ထားလေ၏။

ရွှီဖန်းက လီရှို့ကိုတောင် မကြည့်ဘဲ ထရပ်ကာ ထောင်ထဲကနေ ထွက်သွားသည်။

လီရှို့ သက်ပြင်းရှိုက်လိုက်ကာ လက်ပေါက်လုမတတ် တင်းကြပ်စွာဆုပ်ထားသည့် လက်သီးကို အနည်းငယ် ဖြေလျှော့လိုက်၏။ သူ ထရပ်ရန် လုပ်လိုက်တုန်းမှာပင် သူ့လည်ပင်းနောက်ကျောမှ နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ တောင်ပေါ်မှ ကျားတစ်ကောင် ကျလာသကဲ့သို့ ဟွမ်းယွမ်သည် လီရှို့အား မြေပြင်ပေါ်သို့ ပစ်ချလိုက်လေ၏။

******************

All Chapters