← Chapters

ဝမ်ကောချန်

Vol. 27 Ch. 405

ဝမ်ကောချန်

Vol. 27 Ch. 405

"အား!"

လီရှို့က ရူးသွပ်တော့မည့်လူတစ်ဦးကဲ့သို့ အာခေါင်

ခြစ်ကာ အော်ဟစ်နေ၏။

ရဲနှစ်ဦးကလည်း ဟွမ်းယွမ်အား လီရှို့၏ဝေးရာသို့ မောင်းထုတ်ပြီးလေပြီ။ ဟွမ်းယွမ်သည် ထောင့်တစ်နေရာတွင် ပုန်းနေပြီး ရူးသွပ်နေပုံရသော လီရှို့အား ကြည့်နေသည်။ သူ့မျက်လုံးထဲ၌ ပြင်းထန်သော ရန်ငြိုးတစ်ခုက လင်းလက်သွား၏။

ကျိုးချင်းက ထောင်ထဲရှိ ပြောင်းလဲသွားသော မြင်ကွင်းကို ကြည့်၍ မျက်မှောင်ကြုတ်သည်။ 

ထို့နောက် လက်ဝှေ့ယမ်းကာ...

"ဒုရဲမှူးလီကို ကောင်းကောင်းကုသပေးဖို့ ခေါ်ထုတ်သွားလိုက်ပါ၊ ငါတို့ရဲ့ရဲဘော်အချို့ကတော့ စိတ်ပိုင်းဆိုင်ရာမှာ ခံနိုင်ရည်စွမ်းအား အားနည်းလွန်းတယ်! ဒီလိုကိစ္စသေးသေးလေးအတွက် ဘာကိုဆူညံနေတာလဲ! အဓိပ္ပာယ်မရှိချက်!"

လီရှို့က ရူးသွပ်သွား၏။ သူ့ခေါင်းအား လက်နှစ်ဖက်ဖြင့် အုပ်ထားကာ ရုန်းကန်အော်ဟစ်နေသည်။ ထိုအရာက HIV ပင်။ 

လျိုမိသားစုရဲ့ အစေအပါးက ရွှီဖန်းကို မကိုက်ဘဲ ဘာလို့ သူ့ကို လာကိုက်ရတာလဲ။

လီရှို့မှာ နားမလည်တာကြောင့် လုံးဝကို ပြင်ဆင်ထားခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ဤအချိန်တွင် သူ ရူးသွပ်စွာ ပြုမူနေခြင်းဖြစ်၏။ လီရှို့ကိုချဉ်းကပ်ချင်သော ရဲနှစ်ဦးပင် သူ့အနားကို ချဉ်းကပ်နိုင်ခြင်း မရှိခဲ့ပေ။

ခွေးရူးတစ်ကောင်ကဲ့သို့ဖြစ်နေသော လီရှို့ကို ကြည့်၍ ကျိုးချင်းအား ရွှီဖန်း မေးလိုက်သည်။ 

"ဒုရဲမှူးလီက အဆင်ရောပြေရဲ့လား"

ကျိုးချင်းက ရွှီဖန်း၏စကားနောက်ကွယ်က အဓိပ္ပာယ်ကို နားမလည်ဘဲမနေပေ။ သူ ဆက်

ပြောလိုက်၏။

"အဆင်ပြေပါတယ် အဆင်ပြေပါတယ်၊ ဒုရဲမှူးလီရဲ့ ကိစ္စက ဘယ်လောက်ပဲကြီးကြီး မစ္စတာရွှီရဲ့ကိစ္စလောက် မကြီးပါဘူး၊ ကျွန်တော်တို့ရဲ့ ဟိုတစ်ဖက်မှာလည်း မစောင့်နိုင်တော့လောက်ဘူး၊ မစ္စတာရွှီ...ကျွန်တော်တို့ အရင်ထွက်သွားကြရအောင်"

ရွှီဖန်း တည်ငြိမ်စွာ ခေါင်းညိတ်၍ ထွက်ပေါက်ဘက်သို့ ဦးဆောင်လျှောက်သွားလိုက်သည်။

ရွှီဖန်းသည် သေဆုံးတော့မည့်လီရှို့အတွက် အနည်းငယ်မျှပင် အပြစ်ရှိသည်ဟု မခံစားရပေ။  သူက ကျေးဇူးပြန်ဆပ်ခဲ့ရုံသာဖြစ်၏။

ရွှီဖန်းက လီရှို့ကို လက်စားချေနေခြင်း မဟုတ်ပေ အခြားသူများကို နမူနာပြရန်သာ ဖြစ်သည်။ လျိုမိသားစု မြင်သွားရန်ပင်။

လီရှို့၏အော်ဟစ်သံများက ရဲအရာရှိအများအပြားကို ဆွဲဆောင်နိုင်ခဲ့၏။ ကျိုးချင်းသည် သူတို့ကို လက်ဝှေ့ယမ်းပြကာ ခဏတာမျှ ညွှန်ကြားလိုက်သည်။ ထို့နောက် ရွှီဖန်း၏အနောက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လိုက်သွားလေ၏။

ရဲအရာရှိအချို့က လီရှို့ကို ကောက်ကိုင်၍ ရဲစခန်းထဲသို့ အပြေးအလွှားဝင်သွားကြသည်။ ဒါဟာ ဒဏ်ရာသေးသေးလေးဟု လူတိုင်းက ထင်ခဲ့ကြ၏။ ရွှီဖန်း၊ လီရှို့နှင့် အကျဉ်းခန်းထဲရှိအကျဉ်းသားများသာ လီရှိုက သေရတော့မည့်ကံကြမ္မာရှိသူမှန်းသိထားကြသည်။

"မစ္စတာရွှီ ကျွန်တော် ခင်ဗျားကို ရယ်စရာတွေ မြင်စေမိပြီ၊ ရဲဘော်လီရှို့ ဒီတစ်ခေါက် အမှားလုပ်ခဲ့တာက ရဲဌာနကို မျက်နှာပျက်စေတာပဲ၊ ကျွန်တော် ပြန်ရောက်ရင် သူ့ကို ရာထူးကျအောင်လို့ သေချာပေါက်လုပ်မှာပါ"

ရွှီဖန်း အနည်းငယ်ပြုံးလိုက်၍ ပြန်ထောက်ပြခြင်း မရှိပေ။ ထိုအစား ကျိုးချင်းဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ညွှန်ကြားရေးမှူးကျိုး အိမ်ပြန်လည်နေတဲ့ ညွှန်ကြားရေးမှူးကျိုးကို တစ်ညတွင်းချင်း ပြန်လာစေနိုင်တဲ့ အကောင်ကြီးက ဘယ်လိုလူမျိုးလဲ"

ရွှီဖန်းက လီရှို့ကို ဆက်ပြီး မနှောင့်ယှက်တော့တာကို မြင်သည့်အခါ ကျိုးချင်းမှာ သက်ပြင်းချမိပြီး ပြုံးပြုံးလေး ပြောလိုက်၏။

"မစ္စတာရွှီ သူက ပေကျင်းဌာနမှာ လေးစားခံရတဲ့ အရာရှိဟောင်းတစ်ယောက်ပါ၊ မစ္စတာရွှီ စွပ်စွဲခံနေရတယ်လို့ ကြားတာနဲ့ တရုတ်ပြည်ချန်ဟိုင်းအထိ လေယာဥ်နဲ့ ပျံသန်းလာတာပါ၊ မစ္စတာရွှီ တရုတ်နိုင်ငံတစ်ခုလုံးမှာ ဒီအရာရှိဟောင်းကြီးကို ကိုယ်တိုင် လာအောင် လုပ်နိုင်တဲ့လူက အနည်းငယ်ပဲ ရှိပါတယ်"

ရွှီဖန်း၏ရင်ထဲ တစ်ချက်ခုန်သွားရသည်။ ဗိုလ်မှူးဝူက ဒီလိုကြီးမြတ်သောပုဂ္ဂိုလ်ကြီးတစ်ယောက်ကို ဖိတ်ခေါ်ခဲ့ခြင်းသည် ကျေးဇူးတင်ရန်ပင် မလုံလောက်ဘဲ ကျေးဇူးဆပ်လာစေရန်အတွက်ပါ ဖြစ်နိုင်၏။

နိုင်ငံထဲရှိ ဩဇာကြီးမားသူများက သူ့တန်ဖိုးကို စိတ်ဝင်စားလို့သာ ဒီလိုမြင့်မားသည့်အဆင့်ကနေ သူတို့အပေါ်၌ သူ ကျေးဇူးတင်ကြွေးတင်အောင် လာခဲ့ခြင်း ဖြစ်ရမည်။ နောက်ပိုင်းမှာ တခြားသောအခြေအနေများလည်း ရှိနိုင်သည်။

ထိုအကြောင်းကို စဉ်းစားမိ၍ ရွှီဖန်း ကျိုးချင်းကို မေးလိုက်၏။

"ညွှန်ကြားရေးမှူကျိုး အဲ့ဒီအရေးကြီးပုဂ္ဂိုလ်က လျိုမိသားစုထက် ပိုပြီး ဩဇာရှိလို့လား"

ကျိုးချင်းက ရုတ်ချည်းပင် သတိအနေအထားဖြစ်သွားသည်။ သူ ပတ်ဝန်းကျင်ကို ကြည့်၍ တိုးတိုးလေး ကပ်ပြောလာ၏။

"မစ္စတာရွှီ ဒီလိုမေးခွန်းကို ကျွန်တော် တကယ်ပဲ မဖြေနိုင်ပါဘူး၊ ဒါပေမဲ့ မစ္စတာရွှီ သိထားရမှာက ဒီအရာရှိဟောင်းကြီးရဲ့ စကားတစ်ခွန်းတည်းနဲ့တင် လျိုမိသားစုက နာနာခံခံ ရပ်သွားလိမ့်မယ်"

သူတို့ စကားပြောနေရင်း ထောင်ထဲကနေ နှစ်ယောက်သား ထွက်လာခဲ့ကြသည်။

တောက်ပကာ လှပသော နေရောင်အောက်တွင် ထူးဆန်းမှုများနှင့် ကြောက်မက်ဖွယ်ရာများအားလုံးက နေရောင်အောက်၌ အိပ်မက်တစ်ခုလိုမျိုး အရည်ပျော်သွားခဲ့ပြီး ပျောက်ကွယ်သွားလေ၏။

စစ်တပ်ဂျစ်ကားဘေးနားမှာ ဗိုလ်မှူးဝူက သူ့လက်ကို ဝှေ့ယမ်းလျက် ရွှီဖန်းဆီကို အချက်ပြနေသည်။

ရွှီဖန်း ပြုံးပြကာ ဗိုလ်မှူးဝူရှိရာသို့ လျှောက်သွားလိုက်၏။ ကျိုးချင်းက ဗိုလ်မှူးဝူကိုလည်း တောင်းပန်လာပြီး သူတို့ကို ပို့ဆောင်ပေးရန် လေးစားစွာ ရပ်နေလေသည်။

ဂျစ်ကားက မီးခိုးငွေ့တစ်ငွေ့လိုမျိုး အရှိန်အဟုန်ဖြင့် ရှေ့သို့ မောင်းနှင်သွားလေ၏။ ဝူထျန်းက ရွှီဖန်း၏ ပခုံးကိုပုတ်လျက် ကျယ်လောင်စွာ ရယ်မောနေသည်။ 

"မင်းကတော့ ဘယ်ကိုသွားသွား စိတ်မအေးရဘူး၊ အမြဲတမ်းပြဿနာကို မီးမွှေးရှာတတ်တယ်"

ရွှီဖန်း အတင်းအကြပ် ပြုံးလိုက်မိ၏။

"ဗိုလ်မှူးဝူ ကျွန်တော့်ကို မနောက်ပါနဲ့၊ ကျွန်တော့်ကို သိခွင့်မပြုခဲ့ဘူးနော်၊ ခင်ဗျား ဖိတ်ထားတဲ့ အရာရှိဟောင်းကြီးက လုံးဝကို ရိုးရိုးရှင်းရှင်းမဟုတ်ဘူး"

ယာဉ်မောင်းက ပေါ့ပါးသောအဝတ်အစားကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက်

ဖြစ်သည်။ ရွှီဖန်း၏စကားကို ကြားသော်လည်း သူ့မျက်နှာအမူအရာက လုံးဝမပြောင်းလဲပေ။ 

ဝူထျန်းက ရွှီဖန်း၏ပခုံးကို ပုတ်၍ ရယ်၏။

"မင်း ဒီတစ်ခါတော့ ကံကောင်းတယ်၊ ငါ မင်းရဲ့ကိစ္စကို အာဏာပိုင်တွေဆီ အစီရင်ခံခဲ့တယ်၊ သူတို့က မင်းရဲ့ကိစ္စကို အရမ်းစိတ်ဝင်စားနေတယ်၊ သူတို့ရဲ့ရိုးသားစစ်မှန်မှုကို ပြသဖို့အတွက် အရာရှိဟောင်းဝမ်တောင် သူ ကိုယ်တိုင် လေယာဥ်နဲ့ပျံလာပြီး မင်းကို စောင့်နေတယ်"

ရွှီဖန်း ဘာမှထပ်မပြောတော့ပေ။ မည်သို့ပင်ဆိုစေကာမူ သူ အရာရှိဟောင်းကြီးအား မကြာခင် တွေ့ရတော့မည်။ သူ မေးခွန်းတွေအများကြီးမေးခဲ့သေးသော်လည်း မျက်လုံးထဲ ပုံမဖော်နိုင်ခဲ့ပေ။ 

ထို့ကြောင့် ရွှီဖန်းနှင့်ဝူထျန်းတို့သည် တစ်ယောက်ပုခုံးတစ်ယောက်ဖက်ကာ စကားပြောလာကြ၏။

လက်ဖက်ရည်တစ်ခွက်ဆူပွက်ရန် ကြာသည့်အချိန်လေးအတွင်းမှာပင် စစ်ဘက်သုံးဆိုင်ရာဂျစ်ကားက ပန်းတိုင်ကို ရောက်ရှိလာခဲ့သည်။ ထိုနေရာက ရှေးကျ၍ မွှေးကြိုင်နေသော နားနေဆောင်တစ်ခုပင်။ 

နားနေဆောင်ထဲမှာတော့ ပေါ့ပါးသည့် အဝတ်အစားများကို ဝတ်ဆင်ထားသော အဘိုးကြီးတစ်ဦးက ရွှီဖန်း ကို ကျောပေးထားပြီး သူ့အရှေ့မှာလည်း အငွေ့များထွက်နေသည့် လက်ဖက်ရည်အိုးလေး ရှိနေ၏။

အဘိုးကြီး၏ဘေးမှာတော့ အနက်ရောင်ဝတ်စုံကို ဝတ်ထားသော လူငယ်တစ်ယောက်က ရပ်နေသည်။ ထိုလူငယ်က ထင်ရှားလောက်သည်အသိ ရုပ်ရည်မကြည့်ကောင်းသော်လည်း ဖုံးကွယ်ရခက်သည့် အော်ရာတစ်ခုကတော့ သူ့ဆီမှာရှိနေ၏။ သူက အဘိုးကြီး၏ဘေးမှာ လှံတစ်ချောင်းလိုမျိုး မတ်မတ်ရပ်ပြီး ရွှီဖန်းအား သိမ်းငှက်ကဲ့သို့ မျက်လုံးများဖြင့် ကြည့်နေသည်။

ရွှီဖန်း ပြုံးလိုက်ပြီးနောက် လူငယ်၏စူးရှသောအကြည့်အောက်မှာပင် အဘိုးအိုဆီသို့ 

လျှောက်လှမ်းသွားလိုက်၏။

"အကြီးအကဲဝမ်စောင့်နေတဲ့သူက ဒီကို ရောက်လာပါပြီ"

"ရွှီဖန်း မင်း ဒီနေ့ ထောင်ထဲကနေ လွတ်လာတာ အကြီးအကဲဝမ်ကြောင့်ပဲ"

ဗိုလ်မှူးဝူက စိတ်အားထက်သန်စွာဖြင့် ရှေ့တက်လာပြီး သူတို့အား တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်ပေးလာသည်။

သူ့အရှေ့မှ အဘိုးအိုက ပေါ့ပေါ့ပါးပါး လှည့်ကြည့်လာ၏။ ကြီးမားသည့်စွမ်းအင်များပြည့်နေသော အရာရှိဟောင်းကြီးအား ရွှီဖန်းက တည်ငြိမ်သောအမူအရာဖြင့် ကြည့်နေသည်။

အချိန်ကာလများရွေ့လျားမှုကြောင့် အကြီးအကဲ၏ မျက်နှာပေါ်တွင် ပါးရေတွန့်ရာပေါင်းမြောက်များစွာကို ထွင်းထုထားပြီးနေလေ၏။ သူ့ဆံပင်များက ဖြူဖွေးနေသော်လည်း သူ့မျက်လုံးများကတော့ သမုဒ္ဒရာလိုမျိုး တည်ငြိမ်သည်။ သူ၏ဓားကဲ့သို့မျက်ခုံးများကို အနည်းငယ်ပင့်တင်ထားကာ ထက်ရှသောအော်ရာတစ်ခုက အကြီးအကဲ၏ခန္ဓာကိုယ်မှ ထွက်ရှိနေ၏။

"မင်္ဂလာပါ အကြီးအကဲ"

ရွှီဖန်းသည် အလွန်နှိမ့်ချခြင်းမရှိ၊ မာနထောင်လွှားခြင်း မရှိဘဲ အကြီးအကဲကို အရိုအသေပြုလိုက်ကာ တည်ငြိမ်သောမျက်နှာအမူအရာဖြင့် သူ့ခန္ဓာကိုယ်ကို ပြန်မတ်လိုက်သည်။

အကြီးအကဲက ဝမ်အမည်ရှိပြီး သန်မာသောနာမည်ရှိ၏။ ယခင်က စစ်တပ်ထဲတွင် ဒုတိယအဆင့် ဗိုလ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူ့ရာထူးက ကျသွားပြီဖြစ်သော်လည်း သူ၏အဆင့်အတန်းနှင့် ဆောက်တည်ခဲ့သော ဆက်ဆံရေးများက ကျန်ရှိနေတုန်းပင်။ လျိုမိသားစုလိုမျိုး ကြီးမားသည့်နတ်ဆိုးကြီးဖြစ်နေလျှင်တောင် ဝမ်ကောချန်၏စကားတစ်ခွန်းအား အနည်းငယ်တော့ လေးစားပေးရလိမ့်မည်။ 

ရွှီဖန်းက ဝမ်ကောချန်အား အကဲဖြတ်နေစဉ် ဝမ်ကောချန်ကလည်း ရွှီဖန်းအား အကဲဖြတ်နေ၏။ ရွှီဖန်း၏ မနှိမ့်ချသလို မာနလည်းမကြီးသောသဘောထားကို မြင်ရသည်နှင့်ပင် ဝမ်ကောချန်၏ရင်ထဲ၌ ရွှီဖန်းကိုတော်တော်လေး အထင်ကြီးနေလေပြီ။

ဝမ်ကောချန် ဒီတစ်ခေါက် ချန်ဟိုင်းကို ရောက်လာခြင်းမှာ ရွှီဖန်းအတွက်ပင်။ ပထမဆုံးအနေဖြင့် ရွှီဖန်း၏စစ်မှန်သောအထောက်အထားကို စမ်းသပ်

ချင်၏။ ဒုတိယအနေဖြင့် ရွှီဖန်းက ပထမအဆင့်ကို အောင်မြင်နိုင်မလားဆိုတာကို ကြည့်ရလိမ့်မည်။ 

ဝမ်ကောချန်သည် ရွှီဖန်းအား ဖိတ်ခေါ်သောအမူအရာ လုပ်ပြလိုက်သည်။ သူ ရွှီဖန်းကို မကြည့်တော့ဘဲ သူ့လက်ထဲရှိ လက်ဖက်ရည်အိုးကို စတင်ကိုင်တွယ်နေ၏။

ဝမ်ကောချန်၏မျက်နှာချင်းဆိုင်သို့ လျှောက်သွားပြီးနောက် ရွှီဖန်း အနည်းငယ် အံ့သြသွားရသည်။

ကျောက်စားပွဲက သိပ်မကြီးပေ။ လက်ဖက်ရည်အတွက် လိုအပ်သည့်ပစ္စည်းများဖြင့် ပြည့်နေပြီး ကျောက်ထိုင်ခုံတစ်လုံးသာရှိ၏။ 

လက်ရှိအချိန်မှာ ဝမ်ကောချန်က တည်ငြိမ်စွာရှိနေပြီး အေးအေးဆေးဆေးပင်။ အနက်ရောင်ဝတ်စုံဝတ်ထားသည့်လူငယ်ကတော့ ဘာအမူအရာမှမရှိပေ။ 

ဝူထျန်းကတော့ မူလတန်းကျောင်းသားတစ်ယောက်ကဲ့သို့ ခေါင်းငုံ့ကာ ဝမ်ကောချန်၏အနောက်မှာ ရပ်နေသည်။

ဒါက အင်အားပြသခြင်းလား။ 

စိတ်ဝင်စားစရာပဲ။

ရွှီဖန်း၏ပါးစပ်ထောင့်လေးက အနည်းငယ် ကွေးညွှတ်သွားလေ၏။

*********************

All Chapters