← Chapters

အချိန်လေဟာနယ်၏ အစွန်းနှစ်ဖက်

Vol. 117 Ch. 1782

အချိန်လေဟာနယ်၏ အစွန်းနှစ်ဖက်

Vol. 117 Ch. 1782

ရွှီချင်းက လက်မြှောက်လိုက်ပြီး သူ၏ နဖူးပေါ်သို့ ဖိချလိုက်သည်။

သူ၏ မှတ်ဉာဏ်များမှတဆင့် သူက ဤဘဝအတွေ့အကြုံများကို တစ်မျှင်ချင်းစီ ဆွဲထုတ်လိုက်သည်။ ထို့နောက် ယင်းတို့ကို အလင်းစီးကြောင်းများအဖြစ် အသွင်ပြောင်းလဲစေကာ သူ၏ အရှေ့မှာ စုစည်းသွားစေသည်။

ယင်းက သူ၏ ပထမဆုံး ပဟေဠိအပိုင်းအစ ဖြစ်သည်။

ထို့ပြင် ယင်းက အချိန်လေဟာနယ်မုန်တိုင်းကို သူ့အား ဆင်ခြင်နားလည်နိုင်စေမည့် အစမှတ်လည်း ဖြစ်သည်။

ထိုအစမှတ်က အစေ့နှင့် ဆင်တူသည်။ ယခု အစေ့က ရွှီချင်း၏ ဘဝအတွေ့အကြုံများဖြင့် အာဟာရဖြည့်ပေးခံလိုက်ရသောအခါ ရှင်သန်ကြီးထွားလာသည်။

ထို့ပြင် ကံကြမ္မာ၏ ထပ်လောင်းအားဖြည့်ပေးမှုကြောင့် ယင်းက အာဏာစက်ပိုးအိမ်၏ အပြင်ဘက်သို့ ဆန့်တန်းသွားပြီး အချိန်လေဟာနယ်မုန်တိုင်းထဲသို့ ဝင်ရောက်သွားသည်။ ယင်းက ဖရိုဖရဲအချိန်လေဟာနယ်ထဲမှ သူလိုအပ်သော အရာကို ဆွဲထုတ်ပေးသည်။

ထိုပဟေဠိအပိုင်းအစထဲ၌ ဖြစ်ပေါ်လာသည်မှာ ရွှီချင်း၏ အတိတ် ဖြစ်သည်။

ယင်းထဲမှာ ပြိုင်ဘက်ကင်းမြို့တော်မှ သူ၏ ကလေးဘဝအကြောင်း၊ အသက်ရှင်ရန် သူ၏ ရုန်းကန်ခဲ့ပုံများ၊ ချီယွဲ့ထုံဂိုဏ်းမှ စမ်းသပ်မှုများနှင့် ရေသူကျွန်းပေါ်မှ ယှဉ်ပြိုင်ပွဲအကြောင်း ပါဝင်ကြသည်။

ထို့ပြင် ဓားကိုင်တစ်ယောက်ဖြစ်လာခဲ့သော သူ၏ ခရီးစဉ်၊ ဖုန်းဟိုင်ဒေသငယ်မှ ကိစ္စများ၊ နီလာနတ်သမီးကို တိုက်ခိုက်ခြင်းနှင့် လူသားမျိုးနွယ်၏ မြင့်တတ်မှုလည်း ပါဝင်ကြသည်။

ယင်းထဲမှာ ရွှီချင်း၏ ကံကြမ္မာနှင့် ဤဘဝမှ ချည်မျှင်အားလုံးက ပါဝင်နေသည်။

ယင်းက ပြီးပြည့်စုံသော ဂန္တဝင်ပန်းချီကားတစ်ချပ် ဖြစ်သည်။

" ဒါဆိုရင်… နောက်ထပ် ပဟေဠိအပိုင်းအစတွေက… ”

အာဏာစက်ပိုးအိမ်ထဲ၌ ရွှီချင်းက သူ၏ အရှေ့မှ ကံကြမ္မာနတ်ဘုရားစွမ်းအင်အမြူတေကို စိုက်ကြည့်လိုက်ပြီး သူနေရာချထားသော ပထမဆုံး ပဟေဠိအပိုင်းအစကို အာရုံခံလိုက်သည်။ အချိန်တစ်ခဏကြာ စဉ်းစားပြီးနောက် သူက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

" ဒီခရီးစဉ်မှာ ငါနဲ့ တွေ့ဆုံခဲ့တဲ့ လူတွေကို နောက်ထပ် ပဟေဠိအပိုင်းအစတွေ ဖြစ်လာစေမယ်… ”

နောက်အခိုက်အတန့်မှာ ကံကြမ္မာနတ်ဘုရားစွမ်းအင်အမြူတေက ထွန်းလင်းတောက်ပလာပြီး သူ၏ မှတ်ဉာဏ်များထဲမှ မရေမတွက်နိုင်သော ပုံရိပ်များက သူ၏ ဘဝအတွေ့အကြုံများမှ ဖွဲ့စည်းသွားသော ပဟေဠိအပိုင်းအစ၏ ဘေးမှာ ထွက်ပေါ်လာကြသည်။

သူတို့က ပြိုင်ဘက်ကင်းမြို့တော်မှ ဆွေမျိုးသားချင်းများ၊ တောအုပ်ထဲမှ ရန်သူများ…

ခေါင်းဆောင်လဲ့၊ မိုးကြိုးအဖွဲ့၏ အဖွဲ့သားအားလုံးနှင့် သတ္တမသခင်ကြီးလည်း ပါဝင်ကြသည်။

အားညို၊ ဟွမ်ယန်၊ ဒုတိယစီနီယာအမနှင့် တတိယစီနီယာအကိုလည်း ရှိသေးသည်။

သူတို့ထဲမှာ ယန်ယန်၊ ကျောက်ကျိုးဟမ်နှင့် ထင်းရွှယ်လည်း ပါဝင်ကြသည်။

ကျန်းစန်း၊ အအလေး၊ ဝူကျန်းဝူနှင့် ခုန်းရှန်းလုံလည်း ပါဝင်ကြသည်။

ထုံးစံအားဖြင့် ချင်းချိုး၊ နင်ယန်၊ ကျစ်ရွှမ်းနှင့် လင်းအာလည်း ပါဝင်ကြသည်။

အိမ်ရှေ့စံမင်းသား၊ ဧကရီနှင့် ဓားကိုင်ဧကရာဇ်သည်ပင် ပါဝင်ကြသည်။

နောက်ဆုံးမှာတော့ ဝမ်ကူးကုန်းမြေမှ သူထွက်ခွာပြီးနောက် တွေ့ဆုံခဲ့သော လူများက ပါဝင်လာကြသည်။

ကြယ်တာရာစက်ဝန်း၊ လီမုန့်တု၊ ကျိုးကျန်းလီနှင့် တခြားလူများ အစရှိသော လူအများကြီးက ပါဝင်ကြသည်။

သူတို့တစ်ယောက်စီက ဤဘဝမှ သူ၏ ခရီးစဉ်မှာ တွေ့ဆုံခဲ့သောလူများ ဖြစ်ကြသည်။ သူတို့အားလုံးက ဤနေရာမှာ သူ့အတွက် ပဟေဠိအပိုင်းအစအသစ်များ ဖြစ်လာကြသည်။

ထိုသို့ဖြင့် ဒုတိယအပိုင်းအစ၊ တတိယအပိုင်းအစ…

ကံကြမ္မာအစွမ်း၏ လမ်းညွှန်မှုအောက်မှာ ပိုမိုများပြားသော ပဟေဠိအပိုင်းအစများက ထွက်ပေါ်လာကြပြီး ဖရိုဖရဲအချိန်လေဟာနယ်၏ အာဟာရဖြည့်ပေးမှုကြောင့် ယင်းတို့က အချိန်လေဟာနယ်မုန်တိုင်း၏ အပြင်ဘက်မှာ စုဝေးသွားကြသည်။

ပဟေဠိအပိုင်းအစများက ဆက်လက် တိုးပွားလာသည်နှင့်အမျှ သူ၏ နားလည်သဘောပေါက်မှုက ပိုပြီးထင်ရှားလာသည်။

ယင်းတို့ထဲမှာ ရွှီချင်းသိကျွမ်းခဲ့သော လူတိုင်း၏ ဘဝတစ်ခုလုံး ပါဝင်ကြသည်။

ယင်းက ကံကြမ္မာအစွမ်း၏ ဆင့်ကဲပြောင်းလဲမှုဖြစ်သည်။ နောက်အခိုက်အတန့်မှာ ဆက်သွယ်မှုများက ထွက်ပေါ်လာကြပြီး ကမ္မအနှောင်အဖွဲ့များက ယှက်ထွေသွားကြသည်။

ယခု ယင်းတို့အားလုံးက ကံကြမ္မာပန်းချီကားပေါ်မှာ စုစည်းသွားကြပြီး ကံကြမ္မာအစွမ်းမှတဆင့် အပြင်သို့ ဆန့်တန်းထွက်လာကြသည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

ရွှီချင်းက စောင့်ကြည့်လေ့လာသူတစ်ယောက်သဖွယ် သူ၏ အရှေ့မှ ပဟေဠိကို ကြည့်နေပြီး သူရင်းနှီးကျွမ်းဝင်သော ပုံရိပ်များ၏ ဘဝလမ်းကြောင်းကို ခြေရာခံလိုက်သည်။

ထိုကံကြမ္မာပဟေဠိက သူ၏ လမ်းညွှန်ပေးမှုကို နောက်ထပ် မလိုတော့ပေ။ ယင်းက ၎င်းဘာသာ ကိုယ်ပိုင်စက်ဝန်းတစ်ခုကို ဖွဲ့စည်းလိုက်ပြီး သူ၏ မျက်စိအရှေ့မှာ ဆက်ပြီး ကျယ်ပြန့်သွားနေသည်။

ယင်း၏ စုပ်ယူမှုက ပြင်ပအချိန်လေဟာနယ်မှ ကြီးထွားမှုနှင့် လိုက်ဖက်ညီသွားသည်။

ထို့ကြောင့် ယင်းက တဖြည်းဖြည်း ကျယ်ပြောလာပြီး ရွှီချင်းသိထားသော ဘဝတစ်ခုတည်းကိုသာလျှင် မဖော်ပြတော့ပေ။ ယင်းက သူမသိသေးသော အတိတ်များနှင့် အနာဂတ်များကိုလည်း ဖော်ပြလာသည်။

ထိုထဲမှာ ရွှီချင်း တစ်ခါမှ မတွေ့ဆုံခဲ့ဖူးသော လူများပင် ပါဝင်ကြသည်။

ထို့ပြင် ယင်းက ပုံရိပ်‌လော သို့မဟုတ် အစစ်အမှန်လော ခွဲခြားရန် မဖြစ်နိုင်ပေ။ ဤနေရာမှာ အရာအားလုံးက ဖြစ်နိုင်ခြေရှိသည်။

“ အဲ့ဒါက… ကံကြမ္မာ ”

ရွှီချင်းက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။

အစမှအဆုံးအထိ ထိုကံကြမ္မာပဟေဠိထဲမှာ အရာအားလုံး ပါဝင်နေသည်။

သူ့မှာ ခန့်မှန်းချက်တစ်ခုပင် ရှိသည်။ အကယ်၍ သူသာ ဤကံကြမ္မာပန်းချီကားကို အပြင်လောကမှာ နေရာချလိုက်မည်ဆိုလျှင် ယင်းက ကံကြမ္မာနတ်ဘုရားစွမ်းအင်အမြူတေ၏ အာဟာရဖြည့်ပေးမှုအောက်မှာ…

အပြင်လောကမှ စည်းမျဉ်းအားလုံးကို အစားထိုးသွားပြီး စစ်မှန်သော ကံကြမ္မာအဖြစ် ရက်လုပ်သွားလိမ့်မည်။

ထို့ပြင် ယင်းက သက်ရှိအားလုံးကို အဆုံးအဖြတ်ပေးလိမ့်မည်။

“ ဒီဟာက ရှေးဦးအပျက်အစီးရဲ့ စွမ်းအား… ”

ရွှီချင်းက နှုတ်ဆိတ်သွားသည်။

ထိုတဒင်္ဂအတွင်းမှာ သူက သူ့ကိုယ်ပိုင်အာဏာစက်ကို လမ်းကြောင်းပြောင်းလဲရန်ပင် တွေးမိသွားသည်။ ကံကြမ္မာစွမ်းအားကို ပိုင်ဆိုင်ထားပြီးနောက် ယင်းအပေါ် သူ၏ နားလည်သဘောပေါက်မှုက ပိုပြီးနက်ရှိုင်းလာသည့်အခါ ကံကြမ္မာက မည်မျှအံ့ဖွယ်ကောင်းပြီး မည်မျှကျယ်ပြန့်ကြောင်း သူသိသွားသည်။

သို့သော်လည်း အဆုံးမှာ ရွှီချင်းက ထိုအတွေးကို ပယ်ဖျက်လိုက်သည်။

“ ကံကြမ္မာက နက်နဲသိမ်မွေ့တယ်ဆိုပေမဲ့ ကံကြမ္မာရဲ့ ဇစ်မြစ်ကို ရှေးဦးအပျက်အစီးက ပိုင်ဆိုင်ထားပြီးပြီ… ”

“ ငါ့အတွက်တော့ ကံကြမ္မာက ကိရိယာတစ်ခုထက် မပိုဘူး… အဲ့ဒါက အချိန်လေဟာနယ်မုန်တိုင်းရဲ့ အနှစ်သာရကို ထွင်းဖောက်မြင်နိုင်စေပြီး ငါ့ကိုယ်ပိုင်လမ်းစဉ်ကို ရှာဖွေနိုင်စေမယ့် အဓိပ္ပာယ်တစ်ခုပဲ ဖြစ်တယ် ”

“ ပြီးတော့… အဲ့ဒါက ငါ့အတွက် လမ်းညွှန်မှု ဖြစ်တယ်… ”

ရွှီချင်းက ခေါင်းမော့လိုက်သည်။ သူလက်ဝှေ့ယမ်းလိုက်သည့်အခါ သူ၏ ဘေးပတ်ပတ်လည်မှ အာဏာစက်ပိုးအိမ်က ချက်ချင်း လွင့်ပြယ်သွားပြီး သူ၏ ပုံရိပ်က အချိန်လေဟာနယ်မုန်တိုင်းထဲမှာ ထွက်ပေါ်လာသည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် ကံကြမ္မာပန်းချီကားက ဆက်လက် ကျယ်ပြန့်သွားနေစဉ် ရွှီချင်းက အချိန်လေဟာနယ်မုန်တိုင်းထဲမှာ ကောင်းမွန်စွာ မတ်တတ်ရပ်နိုင်သွားသည်။ သူက လူသားအသွင်သဏ္ဍာန်ကို ဆက်ပြီး ထိန်းသိမ်းနိုင်သွားသလို သူ၏ အတွေးများကလည်း ကစဉ့်ကလျားမဖြစ်တော့ပေ။

အဘယ့်ကြောင့်ဆိုသော် အချိန်လေဟာနယ်မုန်တိုင်းက ဖရိုဖရဲဖြစ်နေစဉ် ကံကြမ္မာပဟေဠိက အစီအစဉ်တကျ ရှိနေသောကြောင့် ဖြစ်သည်။

ရွှီချင်းက အစီအစဉ်တကျရှိနေသော ကံကြမ္မာထဲမှာ မတ်တတ်ရပ်နေလေရာ သူက သူ့ကိုယ်ပိုင်ကံကြမ္မာ၏ အုပ်ချုပ်သူဖြစ်သည့်အလားပင်။ ဖရိုဖရဲဖြစ်မှု မရှိတော့သည့်အခိုက် သူ၏ စိတ်အာရုံက အနှောင့်အယှက်ကင်းမဲ့သွားပြီး လွတ်လပ်သွားသည်။

“ နောက်တစ်ဆင့်အနေနဲ့… တစ်ခုထက်ပိုပြီး ငါအတည်ပြုရမယ် ”

ရွှီချင်းက ခေါင်းမော့လိုက်ပြီး အဝေးသို့ စိုက်ကြည့်လိုက်သည်။

အချိန်အတော်ကြာ နှုတ်ဆိတ်နေပြီးနောက် ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက နတ်ဘုရားစွမ်းအင်အမြူတေကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ၏ ညာလက်ကို မြှောက်လိုက်ကာ ကံကြမ္မာစွမ်းအင်ဖြင့် သူရက်လုပ်ထားသော ကံကြမ္မာပန်းချီကားပေါ်သို့ ရိုက်ချလိုက်သည်။

သူက ကံကြမ္မာ၏ အစွမ်းမြှင့်တင်ပေးမှုကို ဖယ်ရှားလိုက်ပြီး ပဟေဠိကို အက်ကွဲသွားစေသည်။

ထို့နောက် သူက ပဟေဠိ၏ အကြောင်းတရားနှင့် အကျိုးတရားကို အချိန်လေဟာနယ်မုန်တိုင်းက မည်သို့ဆုတ်ဖြဲပစ်လိုက်ကြောင်း လေ့လာလိုက်သည်။ ထို့ပြင် ယင်းက မည်သို့ကပြောင်းကပြန်ဖြစ်သွားပြီး သူ၏ အာဏာစက်နှင့် မည်သို့ဆက်စပ်နေကြောင်း ရွှီချင်း အဖြေရှာလိုက်သည်။

နောက်အခိုက်အတန့်မှာ ပဟေဠိက တုန်ယင်သွားသည်။

ကံကြမ္မာနတ်ဘုရားစွမ်းအင်အမြူတေ၏ အထောက်အပံ့မရှိတော့သည့်အခါ ကံကြမ္မာပန်းချီကားက ဤအချိန်လေဟာနယ်မုန်တိုင်းထဲမှာ အချိန်ကြာကြာ မတည်တံ့နိုင်တော့ပေ။

အချိန်လေဟာနယ်မုန်တိုင်း၏ စွမ်းအားက ပေါ်လျှိုးလာပြီး ဖရိုဖရဲအချိန်လေဟာနယ်ကို ရိုက်ခတ်သွားသည်။ ယင်းက ပန်းချီကားအတွင်းမှ ဘဝများကို ကစဉ့်ကလျားဖြစ်သွားစေပြီး သူတို့၏ အချိန်စီးကြောင်းများကို ပုံပျက်တွန့်လိမ်သွားစေသည်။ သူတို့၏ ဘဝအတွေ့အကြုံများသည်ပင် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ကြရသည်။

ထို့နောက် ယင်းက အချိန်နှင့်လေဟာနယ်ကို ကမောက်ကမာဖြစ်သွားအောင် ကြိတ်ခြေလိုက်သည်။

ဥပမာ လူတစ်ယောက်၏ မွေးဖွားမှုအခိုက်အတန့်ကို သူတို့၏ သားစဉ်မြေးမြစ်များ သေဆုံးသွားပြီးနောက်မှ ဖြစ်ပေါ်လာစေသည်။

သို့မဟုတ် တစ်စုံတစ်ယောက်ဆီမှာ ရှိသင့်သော အဖြစ်အပျက်များက တခြားတစ်ယောက်ဆီမှာ ဖြစ်ပေါ်လာသည်။

သို့ဖြစ်၍ အချိန်လေဟာနယ်မုန်တိုင်းက မွေးဖွားလာသည်။

ထို့ကြောင့် အကြောင်းတရားနှင့် အကျိုးတရားက ပြောင်းပြန်ဖြစ်သွားပြီး နိယာမအားလုံးက ဖရိုဖရဲဖြစ်သွားသည်။

ရွှီချင်းသည်တော့ သူက ယင်းတို့အားလုံး၏ အလယ်မှာ မတ်တတ်ရပ်နေသည်။

သူ၏ အသိစိတ်က တဝီဝီမြည်သွားပြီး မြူခိုးက ရှင်းလင်းသွားသည်။

ဤလုပ်ငန်းစဉ်ကို စောင့်ကြည့်နေစဉ်အတွင်း မရေမတွက်နိုင်သော နားလည်သဘောပေါက်မှုများက သူ၏ အသိစိတ်ထဲသို့ ဒီရေသဖွယ် တိုးဝင်လာပြီး သူ၏ စိတ်ထဲမှာ တံဆိပ်ရိုက်ခတ်သွားသည်။

သူက ယင်းကို အပြည့်အဝ မဖမ်းဆုပ်နိုင်သေးသော်လည်း သူ၏ နားလည်သဘောပေါက်မှုက သိသိသာသာ ကျယ်ပြန့်သွားသည်။

ထိုရှာဖွေမှုအသစ်က သူ့အား တစ်စုံတစ်ခုကို ကောင်းမွန်စွာ နားလည်သွားစေခဲ့သည်။ ယင်းမှာ အစမှအဆုံးအထိ ဤနေရာမှာ ဖြစ်ပေါ်နေသော ဖရိုဖရဲက အမှန်မှာ သူနားလည်ထားသော အချိန်လေဟာနယ်နှင့် အတူတူသာ ဖြစ်သည်။

အချိန်နှင့် လေဟာနယ်က ရောနှောနေသောကြောင့်သာ ဤနေရာမှာ အရာအားလုံး ပါဝင်နေဟန် အောက်မေ့ရ၏။

ယင်းက အပြိုင်စကြာဝဠာအစွမ်းနှင့် ဆင်တူသော အကျိုးသက်ရောက်မှုကို ပေးသည်။

သို့သော်လည်း အမှန်မှာ ယင်းက အချိန်လေဟာနယ်တစ်ခုတည်းသာ ဖြစ်သည်။

ရွှီချင်းက နားလည်သွားသည်။

“ ငါ့ရဲ့ အချိန်လေဟာနယ်အာဏာစက်က မှန်တယ်… ဒီနေရာက အချိန်လေဟာနယ်ကသာ မှားနေတာ… ”

" ဒါပေမဲ့ အမှားနဲ့ အမှန်က ခွဲခြားနိုင်တဲ့အရာ မဟုတ်ဘူး… အဲ့ဒါက ဒင်္ဂါးပြားတစ်ပြားရဲ့ မျက်နှာပြင်နှစ်ခုနဲ့ ဆင်တူတယ် ”

“ မျက်နှာပြင်နှစ်ခုစလုံးကို ပေါင်းစပ်လိုက်မှပဲ ပြီးပြည့်စုံမှုကို ရရှိနိုင်မယ်… ပြီးတော့ အဲ့ဒါက အမှတ်တစ်ခုတည်း ဟုတ်တယ် ”

ရွှီချင်း၏ အသိစိတ်ထဲမှာ ဉာဏ်အလင်းများ ထွက်ပေါ်လာသည်။

ယင်းက သူ၏ မျက်လုံးကို ပိုပြီးထွန်းလင်းတောက်ပစေသည်။

ထိုသို့နားလည်သဘောပေါက်သွားသောအခါ အချိန်လေဟာနယ်အာဏာစက်အပေါ် သူ၏ အမြင်က တစ်မျိုးပြောင်းလဲသွားသည်။ ယင်းက သူ၏ အခြေခံအုတ်မြစ်ကို ပိုပြီးနက်ရှိုင်းသွားစေသည်။

" ဒါဆိုရင် နောက်တစ်ဆင့်က… ”

ရွှီချင်းက သူ၏ ခြေထောက်ကို မြှောက်လိုက်သည်။

All Chapters