သူတော်စင်ကုန်းမြေများ ဆင်းသက်လာခြင်း
Vol. 117 Ch. 1791
နန်းဟွမ်ကုန်းမြေ၏ ဖီးနစ်တားမြစ်ဒေသကြီးထဲမှ အနက်ပိုင်းထဲဝယ်…
စူးရှသော အော်မြည်သံက ကောင်းကင်နှင့်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ထို့နောက် တောင်ပိုင်းဖီးနစ်ဧကရာဇ်က ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ ၎င်းက ချီယွဲ့ထုံဂိုဏ်း၏ ဆိပ်ကမ်းပေါ်မှာ လှည့်ပတ်ပျံသန်းနေစဉ် ၎င်း၏ ဧရာမအတောင်ပံများက ကောင်းကင်ဘုံလေကို ဆင့်ခေါ်လိုက်သည်။
ဖီးနစ်၏ ကျောပေါ်တွင် ရွှီချင်း၏ ဒုတိယစီနီယာအမက ဂိုဏ်းအတွင်းမှ သူ့ဆရာ၏ တံခါးပိတ်ကျင့်ကြံသော နေရာဆီသို့ စိုးရိမ်ကြောင့်ကြစွာ ကြည့်လိုက်သည်။
“ ဆရာက တံခါးပိတ်ကျင့်ကြံတာကနေ မထွက်လာသေးဘူး ”
ဤနှစ်များတွင် သူ၏ စိုးရိမ်ကြောင့်ကြမှုက သိသိသာသာ ကြီးမားလာခဲ့သည်။
ဟွမ်ယန်က ယင်းကို သတိထားမိသည့်အခါတိုင်း သူ၏ မျက်လုံးထဲမှာ စိုးရိမ်မှုဖြင့် ပြည့်နှက်သွားသည်။ ထို့ကြောင့် သူက နှစ်သိမ့်ပေးသော စကားကို အသံပို့လွှတ်လိုက်သည်။ သို့သော်လည်း ဒုတိယစီနီယာအမက ခါးသီးစွာ ခေါင်းခါလိုက်သည်။
“ ငါဘယ်လိုလုပ် မစိုးရိမ်ဘဲ နေနိုင်မှာလဲ… စီနီယာအကိုကြီးက ဟွမ်ကောင်းကင်ဘုံဆီ ဝင်သွားပြီးကတည်းက လုံးဝ ပျောက်သွားခဲ့တယ်… အခုထိ သူ့အကြောင်းကို ဘာသတင်းမှ မကြားရသေးဘူး ”
“ တတိယဂျူနီယာမောင်လေးက တစ္ဆေအင်ပါယာတောင်ကုန်းမှာ နှစ်တွေအကြာကြီး နေထိုင်ခဲ့တယ်… သူ့ရဲ့ အရှိန်အဝါက အခုထိ ရှိနေသေးပေမဲ့ သူက ပြန်မနိုးလာသေးဘူး… ”
“ စတုတ္ထဂျူနီယာမောင်လေးက ဘာသဲလွန်စမှမကျန်ဘဲ လုံးလုံး ပျောက်သွားခဲ့တယ်… သူဘယ်မှာလဲ မဆိုထားနဲ့ သူအသက်ရှင်နေသေးလားဆိုတာတောင် ငါမသိဘူး ”
“ အခု ချီယွဲ့ထုံဂိုဏ်းရဲ့ သတ္တမတောင်ထွတ်မှာ ငါတစ်ယောက်တည်းပဲ ကျန်ရှိတော့တယ်… သူတော်စင်ကုန်းမြေတွေက မကြာခင် ဆင်းသက်လာတော့မယ်… ပြီးတော့ ဆရာက သေဖို့ အသင့်ပြင်ထားတယ်ဆိုတာ အစောကြီးကတည်းက ငါအာရုံခံမိတယ် ”
ဟွမ်ယန်က နှုတ်ဆိတ်သွားသည်။ သူစကားပြောတော့မည့်အချိန် သူ၏ အမူအရာက ရုတ်ချည်း ပြောင်းလဲသွားသည်။ သူက ဆတ်ခနဲ ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။
ကောင်းကင်ဘုံက ပြောင်းလဲသွားသည်။
.....
လောကတုန်လှုပ်စေနိုင်သော မြည်ဟိန်းသံက ဝမ်ကူးကုန်းမြေ၏ ကောင်းကင်တစ်လျှောက်သို့ ပဲ့တင်ထပ်သွားသည်။ မိုးကောင်းကင်က အက်ကွဲသွားသည့်အလား အလွန်ကျယ်လောင်သော မိုးခြိမ်းသံက အဆုံးမဲ့စွာ မြည်ဟိန်းသွားသည်။ ဤသည်မှာ အလွန်ကြီးမားသော အင်အားတစ်ခုက ကောင်းကင်ပေါ်သို့ ရက်စက်ကြမ်းကြုတ်စွာ ဖိချလိုက်သည့်အလားပင်။
ကောင်းကင်ဘုံက ပြိုကွဲပျက်စီးသွားသည်။
ဤအခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေထဲမှ သက်ရှိအားလုံးသည် ခေါင်းမော့လိုက်ရုံဖြင့် ကောင်းကင်ပေါ်မှာ မရေမတွက်နိုင်သော ခရမ်းရောင်မိုးကြိုးသွားများက ပင့်ကူအိမ်များသဖွယ် ပျံ့နှံ့သွားနေပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်နေကြောင်း ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်။
နောက်အခိုက်အတန့်မှာ ထူထဲသော သွေးက အက်ကွဲကြောင်းများထဲမှ စိမ့်ထွက်လာပြီး သေမျိုးလောကပေါ်သို့ မိုးရေစက်များသဖွယ် ကျဆင်းသွားသည်။
ထို့နောက် ကြွပ်ဆတ်သော အက်ကွဲသံက တိမ်တိုက်များထဲတွင် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။
ဝမ်ကူးကုန်းမြေထဲမှ မျိုးနွယ်စုအားလုံးအတွက်တော့ ထိုအသံက ဈာပနခေါင်းလောင်းထိုးသံ ဖြစ်သည်။
ဝမ်ကူးကုန်းမြေကို (၂၇)နှစ်ကြာ ကာကွယ်ပေးခဲ့သော ဓားစွမ်းအင်အကာအကွယ်အလွှာက ယခု လုံးဝ ပြိုကွဲပျက်စီးသွားသည်။ ဤအခိုက်အတန့်မှာ အကာအကွယ်အလွှာက လောင်ကျွမ်းနေသော မီးတောက်အမျှင်ဘီလီယံပေါင်းများစွာအဖြစ် အသွင်ပြောင်းလဲသွားပြီး ကမ္ဘာမြေပေါ်သို့ ကျဆင်းသွားသည်။
အလေးချိန်ရှိသော လေက ကောင်းကင်ဘုံအလွန်မှ သူတော်စင်ကုန်းမြေများ၏ အစွမ်းကို သယ်ဆောင်လျက် ဆင်းသက်လာသည်။
၎င်းက အုပ်ချုပ်သူတစ်ပါး မဟုတ်ပေ။ ယင်းအစား ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး ဖြစ်သည်။
ထို့ပြင် ၎င်းက အထွတ်အထိပ် ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး ဖြစ်သည်။
ပိုပြီးကြောက်စရာကောင်းသည်မှာ ထိုစွမ်းအားထဲမှာ အာဏာစက်အမျှင်တန်းတစ်ခု၏ အစွမ်းက ကိန်းအောင်းနေသည်။
ယင်းက ဓားကိုင်ဧကရာဇ် အထွတ်အထိပ်အခြေအနေမှာ ရှိနေခဲ့စဉ်က သူဖမ်းဆုပ်ထားခဲ့သော အာဏာစက်နှင့် နှိုင်းယှဉ်လျှင် အလွန်အမင်း သေးနုတ်သည်။ သို့သော်လည်း ဓားကိုင်ဧကရာဇ်က ကျဆုံးသွားပြီဖြစ်သလို သူ၏ ဓားစွမ်းအင်ကလည်း နှစ်ပေါင်းများစွာကြာပြီးနောက် မှေးမှိန်သွားခဲ့သည်။
ထို့ကြောင့် ကောင်းကင်ဘုံအလွန်မှ အာဏာစက်အမျှင်တန်းသည် ဝမ်ကူးကုန်းမြေမှ သက်ရှိအားလုံးကို လှုပ်ခါပစ်ရန် လုံလောက်ပေသည်။
ထိုအာဏာစက်က ကျောက်တုံးဖြစ်သည်။
ကျောက်တုံးအာဏာစက်၏ အစွမ်းတိုးမြှင့်ပေးမှုအောက်မှာ အက်ကွဲသွားသော ဓားစွမ်းအင်အကြွင်းအကျန်များက မီးတောက်ဥက္ကာခဲများသဖွယ် ကမ္ဘာမြေပေါ်သို့ ကျဆင်းသွားကြသည်။
ကမ္ဘာမြေက တုန်ယင်သွားသည်။ ဧရာမချိုင့်ခွက်များနှင့် တွင်းနက်များက မြေကြီးပေါ်မှာ ထွက်ပေါ်လာကြသည်။
ကုန်းမြေက အပြင်းအထန် လှုပ်ခါသွားသည်။
ဖုန်းဟိုင်ဒေသငယ်၏ ဧရိယာအများအပြားထဲမှ တောင်တန်းများက ပြိုကျပျက်စီးသွားကြသည်။
နန်းဟွမ်ကုန်းမြေတွင် ဖီးနစ်တားမြစ်ဒေသကြီးက မီးလောင်ကျွမ်းသွားသည်။ မီးတောက်မီးလျှံများက ကောင်းကင်ပေါ်ထိ မြှောက်တတ်သွားကြပြီး ကောင်းကင်ဘုံကို အနီရောင်ဖန်သားပြင်အဖြစ် ပြောင်းလဲသွားစေသည်။
တားမြစ်ပင်လယ်အောက်မှ ပင်လယ်သားရဲများက အော်ဟစ်ညည်းတွားလိုက်သည့်အခါ အဆုံးမဲ့ရေခဲပြင်က ချက်ချင်း အက်ကွဲသွားသည်။ ထို့နောက် ပင်လယ်က ပွက်ပွက်ဆူလာပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက ပျောက်ဆုံးသွားခဲ့သော ရှေးဟောင်းယဇ်ပလ္လင်များက ပြန်ထွက်ပေါ်လာကြသည်။
ယဇ်ပလ္လင်များ၏ မျက်နှာပြင်ပေါ်တွင် စီခြယ်ထားသော သန္တာကျောက်များ၊ ပုလဲများနှင့် အရိုးများက အဆိပ်ရေမြှုပ်များအဖြစ် အရည်ပျော်သွားပြီး ထွက်ပြေးနေသော ပင်လယ်မျိုးနွယ်စုများကို ယိုယွင်းတိုက်စားလိုက်သည်။ နောက်ကျကျန်ခဲ့ကြသော ပင်လယ်သက်ရှိများက အဆိပ်ရေမြှုပ်အောက်မှာ ပြာဖြစ်သွားကြသည်။
လပူဇော်ဒေသကြီးသည်လည်း ကြီးကြီးမားမား ပြောင်းလဲသွားသည်။
လူသားမျိုးနွယ်၏ နန်းမြို့တော်သည်လည်း အခြေအနေပိုမကောင်းပေ။ မြို့တစ်မြို့လုံးက အရည်ပျော်နေသော ဖယောင်းနှင့် မခြားပေ။ အနက်ရောင်အရည်က အဆောက်အဦးတိုင်း၏ အက်ကွဲကြောင်းများထဲမှ တစိမ့်စိမ့်ထွက်လာနေသည်။
ထိုမျှသာဆိုလျှင် ကိစ္စမရှိပေ။ ယင်းက သူတို့တောင့်ခံနိုင်သော အတိုင်းအတာထဲမှာ ရှိ၏။ သို့သော်လည်း နောက်အခိုက်အတန့်မှာ တည်ငြိမ်သော အသံက ကောင်းကင်ဘုံအလွန်မှ ပဲ့တင်ထပ်လာသည်။ ယင်းက မဟာကပ်ဘေး၏ ရှေ့တော်ပြေးအသံလည်း ဖြစ်သည်။
“ တချို့ကောင်းကင်ဘုံတာအိုတွေက နောက်ထပ် မတည်ရှိသင့်တော့ဘူး ”
ထိုအသံ ထွက်ပေါ်လာသည်နှင့် ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ဘုံတာအိုများက ကောင်းကင်ပေါ်မှာ ဒြပ်ထည်ဖွဲ့စည်းသွားကြသည်။
၎င်းတို့က ပြိုကွဲပျက်စီးသွားသည်နှင့် ဒေါသတကြီး အော်ဟစ်ညည်းညူလိုက်ကြသည်။
ထိုကောင်းကင်ဘုံတာအိုများကို ဝမ်ကူးကုန်းမြေ၏ ပထမအသုတ် ကျင့်ကြံသူများက သူတို့၏ လောကအား ကာကွယ်စောင့်ရှောက်ပေးရန် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခု ၎င်းတို့က မီးလောင်ကျွမ်းသွားကြပြီး ကမ္ဘာမြေပေါ်သို့ ပြုတ်ကျသွားကြသည်။
ရှေးဟောင်းကောင်းကင်ဘုံတာအိုများသည်ပင် ၎င်းတို့၏ အခွင့်အာဏာက ဖယ်ရှားခံလိုက်ကြရသည်။
၎င်းတို့၏ အသွင်သဏ္ဍာန်က ကွဲပြားခြားနားသည်။ တချို့က နဂါးပုံသဏ္ဍာန်ရှိကြပြီး တချို့က လူသားတစ်ပိုင်း မြင်းတစ်ပိုင်းခန္ဓာကိုယ်ဖြင့် ရှိကြသည်။ တချို့သည်တော့ မျိုးနွယ်ခြားများ၏ ပုံသဏ္ဍာန်များ ဖြစ်ကြသည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ ၎င်းတို့အားလုံးက ယိုယွင်းပျက်စီးနေသော သားရဲများအဖြစ် သန္ဓေပြောင်းလဲသွားကြသည်။
၎င်းတို့က ကမ္ဘာမြေပေါ်သို့ ပြုတ်ကျသွားသည့်အခါ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော သွေးအိုင်များအဖြစ် ပေါက်ကွဲသွားကြသည်။
၎င်းတို့ထဲမှာ ဧရာမကလေးတစ်ယောက်လည်း ပါဝင်သည်။ ၎င်းက ယိုယွင်းပျက်စီးနေပြီး ကျယ်လောင်စွာ အော်ငိုနေလျက် ဖုန်းဟိုင်ဒေသငယ်ဆီသို့ တုန်တုန်ယင်ယင်ဖြင့် လေးဘက်ထောက်သွားနေသည်။
မဟာကပ်ဘေးက ကျရောက်လာသည်။
လောကက ၎င်းဘာသာ ဆုတ်ပြဲသွားသည်။ သက်ရှိအားလုံးသည်တော့ ကမ္ဘာမြေ၏ အရေပြားပေါ်မှ ဖုန်မှုန့်များထက် မပိုပေ။
တစ်ချိန်က နယ်နိမိတ်စည်းများ ရေးဆွဲသတ်မှတ်ခဲ့သော မျိုးနွယ်စုအသီးသီး၏ ပိုင်နက်များသည် ယခုအခါ မဟာကပ်ဘေး၏ အက်ကွဲကြောင်းများ ဖြစ်လာကြသည်။
ကောင်းကင်ဘုံအလွန်မှ လေသည် အက်ကွဲသွားသော မိုးကောင်းကင်ကို ဖြတ်သန်း၍ ကျဆင်းလာသည်။ ယင်းက ဖရိုဖရဲဖန်တီးမှု၏ ရှေးဟောင်းအစွမ်းကို သယ်ဆောင်ထားသည်။ သို့ဖြစ်၍ ယင်းက သာမန်လေထက် အဆပေါင်းများစွာ ပိုပြီးအေးစက်ပြီး ပိုပြီးလေးလံသည်။ ယင်းက သက်ရှိအားလုံးကို အပြင်းအထန် နှလုံးတုန်သွားစေသည်။
ဝမ်ကူးကုန်းမြေ၏ ဖရိုဖရဲဖြစ်နေသော ကောင်းကင်ပေါ်တွင် သူတော်စင်ကုန်းမြေများ၏ ပုံရိပ်များက ဖြည်းညင်းစွာ ထွက်ပေါ်လာကြသည်။
ကြီးကျယ်မြင့်မြတ်သော ပုံရိပ်များက သူတော်စင်ကုန်းမြေများပေါ်မှာ မတ်တတ်ရပ်နေကြပြီး မကြာခင် ဖျက်ဆီးခံရတော့မည့် ဝမ်ကူးကုန်းမြေကို အေးစက်စက် စိုက်ကြည့်နေကြသည်။
သူတို့၏ အကြည့်အောက်မှာ ဝမ်ကူးကုန်းမြေထဲမှ မျိုးနွယ်စုအားလုံးက တုန်လှုပ်ချောက်ချားသွားကြသည်။
ယင်းက လွန်ခဲ့သော (၂၇)နှစ်ကနှင့် အတူတူသာ ဖြစ်သည်။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ မဟာကပ်ဘေး ကျဆင်းလာသည်နှင့်ချက်ချင်း ကျယ်လောင်သော ခရာမှုတ်သံက လူသားမျိုးနွယ်၏ မဟာနန်းမြို့တော်ထဲမှာ ပဲ့တင်ထပ်သွားသည်။
လွန်ခဲ့သော (၂၇)နှစ်အတွင်း ပြင်ဆင်ထားမှုများက ဤအခိုက်အတန့်မှာ ထွက်ပေါ်လာသည်။
ဖုန်းဟိုင်ဒေသငယ်ထဲတွင် ကျင့်ကြံသူရာထောင်ချီဖြင့် စုပေါင်းဖွဲ့စည်းထားသော စည်းချအစီအရင်များက အသက်ဝင်လာကြပြီး အရောင်ထွန်းလင်းသွားကြသည်။ ထို့နောက် ရောင်ဝါတောက်ပသော ပုံရိပ်များက စည်းချအစီအရင်များထဲမှ ထွက်ပေါ်လာကြပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။
လပူဇော်ဒေသကြီးထဲတွင် လပုန်ကန်ခန်းမက ထွန်းလင်းတောက်ပလာသည့်အခါ မရေမတွက်နိုင်သော လပုန်ကန်ခန်းမအဖွဲ့သားများက အရှေ့သို့ ချီတတ်သွားကြသည်။ သူတို့အားလုံးက အဖိုးကိုး၊ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ ဦးဆောင်မှုအောက်မှာ အင်အားအလုံးစုံကို ထုတ်လွှတ်လိုက်ကြသည်။
အသင်္ချေမျိုးနွယ်စုများသည်လည်း ထို့အတူပင်။
မဟူရာအရိုးမျိုးနွယ်စုထဲတွင် အရိုးခြောက်စစ်သည်တော်များက အရိုးဓားများကို ဆုပ်ကိုင်ထားလျက် ၎င်းတို့၏ မျက်လုံးများထဲမှ ဝိညာဉ်မီးတောက်များဖြင့် ကောင်းကင်ကို စိုက်ကြည့်လိုက်ကြသည်။
မဟူရာအရိုးမျိုးနွယ်စု၏ ဘုရင်က ၎င်းတို့၏ အရှေ့မှာ မတ်တတ်ရပ်နေလျက် ၎င်း၏ နံရိုးများကြားထဲမှ အက်ကွဲရာများကို ပွတ်သပ်လိုက်သည်။ ထို့နောက် ၎င်းက ရုတ်တရက် ရယ်မောလိုက်သည်။ ၎င်း၏ ရယ်မောသံက အရိုးကြိတ်သံနှင့် ဆင်တူပြီး ယင်းထဲမှာ ရက်စက်ကြမ်းကြုတ်မှုနှင့် ရူးသွပ်မှုက ကိန်းအောင်းနေသည်။
“ ငါတို့ရဲ့ ကိုယ်ပိုင်အရိုးတွေကို လက်ဆောင်ပဏ္ဏာအဖြစ် ပေးသင့်လား ”
.....
ကောင်းကင်ရွက်ဆစ်ကလန်၏ အကြီးဆုံး အင်းဆက်အသိုက်ထဲတွင် ဘုရင်မက ၎င်း၏ လက်တံများကို ၎င်း၏ ဦးခေါင်းနားမှာ ဖြည်းညင်းစွာ ရစ်ပတ်လိုက်သည်။
၎င်း၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သော နတ်ဘုရားအဖြစ်တတ်လှမ်းခြင်းက မအောင်မြင်ခဲ့ပေ။ ယင်းက ၎င်းအား မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေသို့ ကျရောက်သွားစေသည်။
၎င်းက ကိုယ့်ကိုယ်ကိုယ် အဆုံးသတ်ရန် ပြင်လိုက်သည်။ သို့သော်လည်း ၎င်း၏ နှလုံးသားထဲမှာ ဆန္ဒမရှိမှုက ကျန်ရှိနေဆဲပင်။
ယင်းက ၎င်းအား ရုတ်တရက် ခေါင်းမော့သွားစေပြီး ကျယ်လောင်စွာ အော်ဟစ်စေသည်။
၎င်း၏ အော်သံကြောင့် ဘေးပတ်ဝန်းကျင်မှ အင်းဆက်အသိုက်အားလုံးက ပေါက်ကွဲသွားကြပြီး ၎င်း၏ မျိုးနွယ်ဝင်များက ကောင်းကင်ပေါ်သို့ အုပ်စုလိုက်ပျံသန်းသွားကြသည်။
.....
တိုတမ်ဝိညာဉ်မျိုးနွယ်စုထဲမှ ဘိုးဘေးတိုတမ်များက အက်ကွဲသွားကြပြီး ကပ်ဘေးက ၎င်းတို့ဆီသို့ ကျရောက်လာသည်။
သို့သော်လည်း ၎င်းတို့၏ မျိုးနွယ်စုခေါင်းဆောင်က ရူးနှမ်းစွာ ရယ်လိုက်သည်။
၎င်းက ကျိုင်းတုတ်ကို ကိုင်မြှောက်လိုက်ပြီး ကောင်းကင်ပေါ်သို့ ဟိန်းဟောက်လိုက်သည်။ ၎င်း၏ အသံထဲမှာ ယခင်ကဲ့သို့ ရဲရင့်မှုမပါရှိဘဲ အဆုံးမဲ့သော ဝမ်းနည်းမှုနှင့် စိတ်ပျက်မှုဖြင့်သာ ပြည့်နှက်နေသော်လည်း ယင်းထဲမှာ ခုခံတွန်းလှန်လိုသော စိတ်ဆန္ဒက ပါဝင်နေဆဲပင်။
.....
မျိုးနွယ်စုအားလုံးက ထိုအတိုင်းဖြစ်ကြသည်။
သေခြင်းတရားက သေချာနေသည့်အခါ သူရဲဘောအကြောင်ဆုံးလူသည်ပင် သွေးပွက်ပွက်ဆူလာလိမ့်မည်။
အကယ်၍ သူတို့သာ ရန်သူတချို့ကို ငရဲပြည်သို့ သူတို့နှင့်တစ်ပါတည်း ခေါ်ဆောင်သွားနိုင်မည်ဆိုလျှင် အနည်းငယ် စိတ်သက်သာရာရကြလိမ့်မည်။
သို့မှသာ သူတို့၏ သေဆုံးမှုက တန်ဖိုးရှိလိမ့်မည်။
လူသားများသည်လည်း သွေးကြောင်မနေပေ။
ယခု နွေဦးထွက်ခွာဧကရီက အမိန့်ထုတ်ပြန်လိုက်သည့်အခါ မဟာနန်းမြို့တော်ဒေသကြီးထဲမှ စည်းချအစီအရင်အားလုံးက ချက်ချင်း အသက်ဝင်လာကြသည်။
စည်းချအစီအရင်များ၏ အလင်းရောင်က မြန်ဆန်စွာ ပျံ့နှံ့သွားပြီး ယင်းတို့က တခြားဒေသကြီးများထဲမှ စည်းချအစီအရင်များနှင့် ချိတ်ဆက်သွားကြသည်။ တစ်ချိန်တည်းမှာ ဒေသစစ်လက်နက်အသီးသီးက နေရာအနှံ့မှ ထွက်ပေါ်လာကြပြီး ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားကြသည်။
ဒေသငယ်တစ်ခုကဲ့သို့ အလွန်ကျယ်ပြောသော ရှေးဟောင်းလှေတစ်စီးသည် လောကအဆုံးသတ်စွမ်းအားကို သယ်ဆောင်လျက် ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။
ရိုးရှင်းသော ကြေးနီရောင်ဓားတစ်လက်သည် ဟင်းလင်းပြင်အက်ကွဲစေနိုင်သော ဓားစွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။
လျှို့ဝှက်ဆန်းကြယ်သော သစ်သားအပိုင်းအစတစ်ခုသည် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်အဖြစ် အသွင်ပြောင်းလဲသွားပြီး ကောင်းကင်ဘုံဆီသို့ ပျံတတ်သွားသည်။
ဒေသစစ်လက်နက်အသီးသီးသည် ၎င်းတို့၏ အစွမ်းကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်ကြသည်။
လူသားမျိုးနွယ်သည်လည်း ချွင်းချက်မဟုတ်ပေ။
အရေအတွက်များပြားသော အာရုဏ်ဦးနေမင်းများက ထွန်းလင်းတောက်ပသော အလင်းရောင်နှင့်အတူ ကောင်းကင်ပေါ်သို့ ပျံသန်းသွားကြသည်။
နောက်ဆုံးတိုက်ပွဲက စတင်လာသည်။
အဝေးမှကြည့်လျှင် မရေမတွက်နိုင်သော ကျင့်ကြံသူများ၊ အကန့်အသတ်မရှိသော မဟာစည်းချအစီအရင်များနှင့် အရေအတွက်များပြားသော ဒေသစစ်လက်နက်များက အဆုံးမဲ့သော ဒီရေအဖြစ် စုဝေးသွားပြီး ကောင်းကင်ပေါ်မှ သူတော်စင်ကုန်းမြေများဆီသို့ ချီတတ်သွားနေကြောင်း မြင်ရလိမ့်မည်။
သို့တိုင် ထိုအခိုက်အတန့်မှာ အက်ရှရှအသံက သူတော်စင်ကုန်းမြေများထံမှ ပဲ့တင်ထပ်လာသည်။
“ ရီယန်းဇီ ”
ပုံရိပ်တစ်ခုက သူတော်စင်ကုန်းမြေများထဲမှ ထွက်လျှောက်လာသည်။
၎င်းက အစောနက ဓားလေကို အစွမ်းမြှင့်တင်ပေးခဲ့သော အထွတ်အထိပ် ခြေလှမ်းဝက်အင်မော်တယ်နှင့် တစ်ယောက်တည်းသာ ဖြစ်သည်။
၎င်းက လူသားမဟုတ်ပေ။ ၎င်းက ကျောက်တုံးမျိုးနွယ်မှ ဖြစ်သည်။ ယခု ၎င်း၏ တောင်တန်းခန္ဓာကိုယ်က ဟင်းလင်းပြင်ကို တိုက်ရိုက် ဖြတ်သန်းသွားပြီး သူတော်စင်ကုန်းမြေများ၏ အရှေ့မှာ ထွက်ပေါ်လာသည်။
၎င်းက ကောင်းကင်ပေါ်မှာ မတ်တတ်ရပ်နေလျက် အောက်ဘက်မှ ကုန်းမြေကို တည်ငြိမ်စွာ စစ်ဆေးကြည့်ရှုလိုက်သည်။ ထို့နောက် ၎င်းက ၎င်း၏ ကျောက်တုံးလက်ကို မြှောက်တင်လိုက်ပြီး အောက်သို့ ဖိချလိုက်သည်။
၎င်း၏ လက်ဖဝါးက အောက်သို့ ဆင်းသက်သွားသည်နှင့်ချက်ချင်း အထွတ်အထိပ် ခြေလှမ်းဝက်အင်မော်တယ်အစွမ်းက ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ ယင်းက ကောင်းကင်နှင့်မြေပြင်ကို ပရမ်းပတာ လှုပ်ခါသွားစေပြီး တိမ်တိုက်များကို အဝေးသို့ လွင့်စင်သွားစေသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ဝမ်ကူးကုန်းမြေပေါ်သို့ ဆင်းသက်လာသည်။
ဧကရီသည်ပင် တသိမ့်သိမ့် တုန်ယင်သွားပြီး မတ်တတ်ရပ်နိုင်ရန် မနည်းကြိုးစားလိုက်ရသည်။
အကယ်၍ သူက ကြောက်နေမည်ဆိုလျှင် တခြားကျင့်ကြံသူများက ပိုပြီးအခြေအနေဆိုးဝါးသွားလိမ့်မည်။
ဤတိုက်ပွဲကို ၎င်းတို့၏ သက်ဆိုင်ရာဒေသကြီးများထဲမှ စောင့်ကြည့်နေကြသော နတ်ဘုရားများသည်ပင် မျက်နှာသုန်မှုန်သွားကြသည်။
အထွတ်အထိပ် ခြေလှမ်းဝက်အင်မော်တယ်သည် အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားနှင့် နှိုင်းယှဉ်နိုင်သည်။
၎င်းက လက်ရှိဝမ်ကူးကုန်းမြေမှာ အထွတ်အထိပ်တည်ရှိမှု ဖြစ်သည်။ ၎င်းကို တားဆီးနိုင်သူ မရှိပေ။
ထို့ကြောင့် ကျောက်တုံးလက်ဖဝါး၏ ရိုက်ချက်အောက်မှာ ဒေသစစ်လက်နက်အားလုံးက လေထဲမှာပင် ကျောက်ခဲဖြစ်သွားကြပြီး ၎င်းတို့၏ အစွမ်းအာနိသင်များက ပျောက်ဆုံးသွားကြသည်။
ကုန်းမြေထံမှ မြှောက်တတ်လာနေသော စည်းချအစီအရင်များ၏ အလင်းတန်းများက ချက်ချင်း ငြိမ်းသတ်သွားကြသည်။
မျိုးနွယ်စုအသီးသီးထံမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံခြင်းအခြေခံက ဖရိုဖရဲဖြစ်သွားကြောင်း အာရုံခံမိသွားကြသည်။
အာဏာစက်ကို ပိုင်ဆိုင်ထားခြင်းသည် အကြွင်းမဲ့ ဩဇာအာဏာကို ပိုင်ဆိုင်ထားခြင်းနှင့် ဆင်တူသည်။
ယင်းက အမျှင်တန်းတစ်ခုဆိုလျှင်ပင် အာဏာစက်၏ အစွမ်းကို သာမန်ကျင့်ကြံသူများက အန်မတုနိုင်ကြပေ။
ထို့ပြင် ၎င်း၏ ကျင့်ကြံခြင်းအခြေခံက အထွတ်အထိပ် ခြေလှမ်းဝက်အင်မော်တယ်ဖြစ်လေရာ ၎င်းက လက်ရှိဝမ်ကူးကုန်းမြေထဲတွင် ဒဏ္ဍာရီသဖွယ်တည်ရှိမှု ဖြစ်သည်။
သူတော်စင်ကုန်းမြေများထဲမှ ခြေလှမ်းဝက်အင်မော်တယ်များထဲမှာပင် ၎င်းက အထွတ်အထိပ်တည်ရှိမှု ဖြစ်သည်။
၎င်း၏ သာမန်လှုပ်ရှားမှုလေးတစ်ခုက ဝမ်ကူးကုန်းမြေမှ မျိုးနွယ်စုအားလုံးကို မျှော်လင့်ချက်ကင်းမဲ့သွားစေသည်။
“ အားနည်းလိုက်တာ ”
ကောင်းကင်ပေါ်မှ ရီယန်းဇီက စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။
သိမ်မွေ့သော လေပြေသည် လွန်ခဲ့သော နှစ်ပေါင်းများစွာမှ ဓားကိုင်ဧကရာဇ်၏ သက်ပြင်းချသံကို သယ်ဆောင်ထားသည့်အလား ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်မှာ ဖြတ်သန်းသွားသည်။
ယင်းက ဝမ်ကူးကုန်းမြေ၏ အားနည်းမှုအပေါ် သူ၏ သက်ပြင်းချမှု ဖြစ်သည်။
ယင်းက ကံတရား၏ ရက်စက်မှုအပေါ် သူ၏ သက်ပြင်းချမှု ဖြစ်သည်။
ယင်းက သေခြင်းတရားကို မတွန်းလှန်နိုင်သည့် အသင်္ချေမျိုးနွယ်စုများအတွက် သူ၏ သက်ပြင်းချမှု ဖြစ်သည်။
ဝမ်ကူးကုန်းမြေအတွက်တော့ သူတော်စင်ကုန်းမြေများက ပြိုင်ဘက်ကင်းတည်ရှိမှု ဖြစ်သည်။