← Chapters

White Lotus (2)

Vol. 7 Ch. 97

White Lotus (2)

Vol. 7 Ch. 97

ချီချန်းရန်သည် ဖုန်းကို အတော်ကြာအောင် စိုက်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် မက်ဆေ့ခ်ျတစ်စောင် ဝင်လာသည်ကို တွေ့လိုက်ရသည်။

လုလီ ပြန်ပို့လာသောစာကို မြင်သောအခါ သူ လက်ကိုဆန့်ထုတ်လိုက်ပြီး နံဘေးရှိ နေရာလွတ်ကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ သူ၏ နှလုံးသားသည်လည်း ဗလာဖြစ်နေခဲ့သည်။

လုလီ စာပြန်ပို့ပြီးနောက် ဖုန်းကိုဘေးချကာ မျက်လုံးမှိတ်ပြီး အိပ်ပျော်ရန် ကြိုးစားလိုက်သည်။ သို့သော် သူမ အိပ်ယာပေါ် လူးလှိမ့်နေရင်း အချိန်အတော်ကြာသည်အထိ အိပ်ငိုက်လာခြင်းမရှိခဲ့ပေ။

နောက်ဆုံးတွင် သူမ မျက်လုံးများကို ဖွင့်လိုက်သည်။ သူမသည် ပုံမှန်ဆို ချီချန်းရန်နှင့် အတူအိပ်နေကြဖြစ်ပြီး သူ့အား ရေဘဝဲတစ်ကောင်လို တွယ်ကပ်နေရသည်ကို အကျင့်ပါနေပုံရသည်။

ယခုမူ သူမ လက်နှင့်ခြေထောက်များကို မည်သည့်နေရာတွင် ထားရမှန်းမသိ ဖြစ်နေသည်။

သူမ အနောက်ပြည်နယ်သို့ ရောက်ခဲ့စဉ်ကလည်း ထိုအတိုင်းဖြစ်သည်။

သူနှင့်နီးနီးကပ်ကပ်ရှိခဲ့၍ ခံစားချက်က ဤမျှ ပြင်းထန်နေသည်လား?

အနမ်းလေးတစ်ခုပဲကို….

လုလီသည် ဤသည်ကို လက်မခံနိုင်ပဲ အိပ်ရာထဲမှ ထထိုင်လိုက်သည်။ ထို့နောက် သူမ အိပ်မပျော်တော့သည့်အတွက် တစ်ခုခုလုပ်ရန် အတွေးဝင်လာသည်။

လုလီသည် သူမဖုန်းကိုထုတ်လိုက်ပြီး Weibo ရှိ သူမ၏ 'Pear-Flavored Little Fairy’အကောင့်ထဲကို ဝင်လိုက်သည်။

ထိုအကောင့်သည် သူမ ကြယ်ပွင့်နောက်လိုက်ရန် သီးသန့်ဖွင့်ထားသော အကောင့်ဖြစ်သော်လည်း လွန်ခဲ့သည့် လအနည်းငယ်အတွင်း ချီချန်းရန်ကိုသာ အာရုံစိုက်ခဲ့သောကြောင့် 'သစ်သီးစုံတွဲ' ၏ CP လှုပ်ရှားမှုမှလွဲ၍ အချိန်ကြာမြင့်စွာ အသုံးပြုထားခြင်းမရှိခဲ့ပေ။

လုလီ အသက်ပြင်းပြင်းရှူပြီး ချီချန်းရန်နှင့် ပွေ့ဖက်ပြီး မအိပ်ရလည်း အဆင်ပြေသည်ဟု ကိုယ့်ကိုကိုယ် ဖြေသိမ့်လိုက်သည်။ ထို့အစား Idol များနှင့် ထိတွေ့ဆက်ဆံခြင်းက သူမကို ပျော်ရွှင်စေနိုင်မည်ဖြစ်သည်။

ဤသို့ဖြင့် ကာလအတော်ကြာ လှုပ်ရှားမှုမရှိသော Pear-Flavored Little Fairy အကောင့်သည် ညနက်ချိန်တွင် ပြန်လည်အသက်ဝင်လာပြီး Weibo တွင် တစ်ခုပြီးတစ်ခု ပို့စ်တင်လာသည်။

"Ah…Ah…Ah… ကျဲ့ပြန်လာပြီနော်!"

"Chengcheng က အရမ်းမိုက်တယ်၊ ပစ္စည်းအသစ်တစ်ခုတောင်ထွက်နေပြီ၊ ငါဝယ်ရမယ်”

"Happy birthday, မစ်လီ! Come and play!”

"ဝါး ...ဒီဓာတ်ပုံတွေက လုံးဝကို အံ့မခန်းပဲ!"

"ကြယ်စင်တွေလို တောက်ပနေတဲ့ ကော မျက်လုံးတွေက ကျဲရဲ့ နှလုံးသားကို ဖမ်းစားလိုက်ပြီ။”

"ကွေးညွတ်နေတဲ့ နှုတ်ခမ်းဖျားလေးတွေ နက်နဲသိမ်မွေ့တဲ့ မျက်ခုံးနဲ့မျက်လုံးတွေက ဒီကျဲ နှလုံးသားကို ထပ်ပြီးချွေယူသွားပြန်ပြီ၊ အခုချိန်ကစပြီး မင်းအတွက် ဆူးခလုတ်အားလုံးကို ဖြတ်ကျော်ပေးမယ်"

"ကောရဲ့ခြေထောက်တွေက Seine မြစ်က နွေဦးစမ်းရေတွေလိုပဲ"

တစ်နာရီကြာပြီးနောက် လုလီသည် အိပ်ရာပေါ်တွင် ပက်လက်လှန်ကာ လဲလျောင်းနေပြီး ဖုန်းဖန်သားပြင်ပေါ်ရှိ ချောမောသော idol တစ်ယောက် ၏ အလှဓာတ်ပုံကို ကြည့်နေသည်။

'ဝိုး...ဒီကောက အရမ်းကြည့်ကောင်းတာပဲ' ဟု မှတ်ချက်ပေးရင်း သူမ၏ မျက်နှာမှာ အေးဆေးတည်ငြိမ်နေပြီး ဖုန်းစခရင်ပေါ်ရှိ အလင်းရောင်က ထင်ဟပ်နေသည်။

လုလီသည် နောက်ဆုံး Weibo ပို့စ်ကို တင်ပြီးနောက်တွင် ဖုန်းကို မှောက်ချပစ်လိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် သူမခြေထောက်ကို ကန်ကျောက်ပစ်လိုက်သည်။

သူမတွင် ရှိနေသော ပုံမှန်ပျော်ရွှင်မှုများ ရုတ်တရက် ပျောက်ဆုံးသွားသကဲ့သို့ ခံစားရသည်။

ယခင်က သူမ ကြိုက်နှစ်သက်သည့် idols များကိုကြည့်ရင် သူမ၏ပျော်ရွှင်မှုများသည် တဟုန်ထိုး မြင့်တက်ခဲ့သော်လည်း ယခု ဘာကြောင့်မှန်းမသိပေမယ့် ထိုပျော်ရွှင်မှုများ ရုတ်တရက် ပျောက်ကွယ်သွားသည်။

သူမသည် နံရံများစွာ တက်ခဲ့သူဖြစ်သော်လည်း ယခုချိန်တွင် ၎င်းတို့၏ မျက်နှာများကို ကြည့်ပြီး သူမအား ပြုံးရယ်အောင် လုပ်ပေးနိုင်သူ တစ်ယောက်မှမရှိပေ။

မည်သည့်အရာက မှားယွင်းနေမှန်း သူမလည်း သေချာမသိချေ။

သူမသည် ချီချန်းရန်အား လအနည်းငယ်သာ လိုက်ခဲ့ပြီး ယခုအချိန်တွင် သူမ၏စိတ်အခြေအနေ ပုံမှန်အနေထားတွင် ရှိနေပြီဖြစ်သည်။ လုလီ ပျင်းရိလာပြီး ကုတင်ပေါ်တွင် လှိမ့်နေလိုက်သည်။

သို့သော် သူမ အိပ်မပျော်ပေ။

သူမ မျက်လုံးမှိတ်လိုက်တိုင်း ချီချန်းရန်၏ ကိုယ်သင်းနံနှင့် သူမအား ပွေ့ဖက်ပေးထားစဉ်က ခံစားမိခဲ့သော နွေးထွေးသည့် အပူချိန်ကို တောင့်တနေမိသည်။ ၎င်းနှင့်အတူ အိပ်ရာဝင်စဉ်က စကားလုံးနှင့်ပင် ဖွင့်ဟမပြနိုင်သော စိတ်ငြိမ်းချမ်းမှုတို့ကို ယခုထိတိုင် ခံစားနေရဆဲဖြစ်သည်။

လုလီသည် အိပ်ရာထဲ လူးလိမ့်နေရင်း နောက်ဆုံးတွင် လက်မခံချင်သော်လည်း ချီချန်းရန်၏ နွေးထွေးသော ရင်ခွင်ထဲတွင် အိပ်စက်ချင်နေသည့် အမှန်တရားကို လက်ခံလိုက်ရသည်။

သို့သော် ဤသည်မှာ s*x မဟုတ်ပဲ ရိုးရိုးအိပ်စက်ခြင်းသာ ဖြစ်သည်။

သူမသည် ထိုအရာကို လပေါင်းများစွာ စွဲလမ်းလာခဲ့သည်။

သို့သော် ယခု ပုံမှန်ဖြစ်နေချိန်တွင် အဘယ်ကြောင့် သူနှင့်အတူ အိပ်စက်ချင်နေရသနည်း?

ယခင်က သူမ၏ ယာယီမှတ်ဉာဏ် ချို့ယွင်းမှုဖြင့် သူ့အား အနုနည်းဖြင့် ဒုက္ခပေးခဲ့သည်။ ချီချန်းရန်သည်လည်း သူမ၏ ကျန်းမာရေးကြောင့် အလိုက်သင့်နေပေးခဲ့သည်။ ယခုမူ ညသန်းခေါင်ကြီး သူ့အခန်းထဲဝင်သွားပြီး မျက်နှာပျက်ရမည့် အဖြစ်ကို မခံနိုင်ဟု တွေးမိသည်။

လုလီသည် သူမ၏မျက်လုံးများကို ဖွင့်ကာ အတွေးနယ်ချဲ့လိုက်ပြီး နောက်ဆုံးတွင် ကုတင်ပေါ်မှ ဆင်းလိုက်သည်။

သူမသည် လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်လျက် ဆုံးဖြတ်ချက်တစ်ခုခုကို ချမှတ်လိုက်သကဲ့သို့ ချီချန်းရန် အခန်းရှိရာဘက်သို့ ထွက်လာခဲ့သည်။ ၎င်းတို့ အိပ်ခန်းနှစ်ခန်းကြားက တံခါးကို ပိတ်ထားသော်လည်း သော့ခတ်ထားခြင်းမရှိပေ။

လုလီ မျက်လုံးကိုမှိတ်ပြီး တံခါးကို ညင်သာစွာဖွင့်လိုက်သည်။

ထို့နောက် သူမ ကိုယ်ကို မတ်မတ်ထားလိုက်ပြီး၊ မျက်လုံးများကို မှိတ်ကာ၊ ခြေလှမ်းတစ်လှမ်းစီတိုင်းကို ရေရွတ်လျက် သူမ၏ မှတ်ဉာဏ်အတိုင်း အိပ်ရာရှိရာဘက်သို့ လျှောက်သွားသည်။

ချီချန်းရန်သည် သတိရှိသူဖြစ်ရာ အခန်းတွင်း လှုပ်ရှားမှုများကြောင့် နိုးလာခဲ့သည်။

အမှောင်ထဲတွင် ပိန်ပိန်ပါးပါး လူတစ်ယောက် သူ့ဆီ တစ်လှမ်းချင်း ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။

ကုတင်ခြေရင်းတွင် အာရုံခံမီးခွက်တစ်ခုရှိပြီး လူတစ်ဦး ချဉ်းကပ်လာသည်နှင့် မီးလင်းလာသည်။

သူထံ လျှောက်လာသူမှာ လုလီဖြစ်နေသည်။

သူမ၏ မျက်လုံးများကို မှိတ်ထားသည်ကို ချီချန်းရန်မြင်လိုက်ရသည်။

"လုလီ?" ချီချန်းရန် သူမကို ခေါ်ဖို့ကြိုးစားလိုက်သည်။

သို့သော် လုလီဘက်က မည်သည့် တုံ့ပြန်မှုမှမရှိချေ။ သူမသည် ကုတင်ဘေးသို့ လျှောက်သွားကာ နောက်ဆုံးတွင် ကုတင်တစ်ဖက်ခြမ်းတွင် ထိုင်လိုက်သည်။ ချီချန်းရန် အနည်းငယ် မျက်မှောင်ကြုတ်ကာ ကြည့်နေလိုက်သည်။

ချီချန်းရန် သူမ အခြေအနေအား ကြည့်ပြီး အိပ်နေရင်းလမ်းထလျှောက်သော စကားလုံး(Sleep Walking) ကို ဆက်စပ်တွေးမိသွားသည်။ သို့သော် လုလီ ထိုသို့ လမ်းထလျှောက်တတ်သော အကျင့်ရှိသည်ကို သူဘယ်တုန်းကမှ သတိမထားမိခဲ့ပေ။

လုလီ အိပ်ယာပေါ်လှဲလှောင်းလိုက်ပြီး စောင်ကိုဆွဲခြုံကာ အိပ်နေသည်။

အာရုံခံမီး ပြန်ပိတ်သွားပြီး အိပ်ခန်း အမှောင်ပြန်ကျသွားသည် ။

လုလီသည် စောင်ကိုတင်းတင်းဆုပ်ကိုင်ထားရင်း အသက်ရှူသံကို သတိထားပြီး ထိန်းချုပ်ထားခဲ့သည်။

ချီချန်းရန် သူမအား လှုပ်နိုးရန် မျှော်လင့်နေခဲ့သည်။ သို့မှသာ သူမ နိုးလာဟန်ဆောင်ကာ အိမ်မက်မက်ပြီး ယောင်နေကြောင်း သဘောပေါက်သောအမူအရာဖြင့် တောင်းပန်စကားပြောကာ သူ့အခန်းထဲ ပြန်ဝင်အိပ်ရန်ဖြစ်သည်။

သို့သော် သူ့ဘက်မှ မည်သည့်တုံ့ပြန်မှုမှ မရှိချေ။

ချီချန်းရန်သည် အမှောင်ထဲတွင် လုလီ၏ မျက်နှာအမူအရာကို လှမ်းကြည့်လိုက်သည်။

နှစ်ဦးကြား အကွာအဝေးမှာ အတော်လှမ်းနေသည်။

သူ သက်ပြင်းအနည်းငယ်ချလိုက်ပြီး ပက်လက်အနေအထားသို့ ပြောင်းကာ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး လုလီအား သူ့ရင်ခွင်ထဲသို့ ဆွဲယူလိုက်သည်။

လုလီသည် ထိုအမျိုးသား၏ရင်ခွင်ထဲတွင် တိတ်တဆိတ် မျက်လုံးကို ဖွင့်ကြည့်လိုက်ကာ သူမ၏ အသက်ရှူသံ အနည်းငယ် မြန်ဆန်လာသည်။

သူမ၏ မူလအစီအစဉ်မှာ သူအိပ်ပျော်သွားချိန်၌ သူ့ဘက်သို့ လှိမ့်ဝင်သလိုဟန်ဆောင်ပြီး သူ့ရင်ခွင်ထဲ တိုးဝင်ရန် ကြံစည်ထားသော်လည်း၊ သူ့အနေဖြင့် တိုက်ရိုက်ဆွဲခေါ်မည်ကိုတော့ မမျှော်လင့်ခဲ့ပေ။

သို့သော် ဤအတိုင်းလည်း ကောင်းပါသည်။

လုလီ ဤသည်ကို အခွင့်ကောင်းယူပြီး ထိုအမျိုးသား၏ရင်ဘတ်ထဲတွင် သူမ ခေါင်းကိုနစ်မြှုပ်လိုက်သည်။

ဤသည်မှာ သူမ အနောက်ပြည်သို့ တစ်ပတ်ကြာသွားရောက်ပြီး သူနှင့်ပထမဆုံး ပြန်လည်အိပ်စက်ခွင့်ရသည့် ပထမဆုံးညဖြစ်သည်။ သူမသည် ထိုအမျိုးသား၏ ရင်ငွေ့နှင့်အတူ ပွေ့ဖက်ထားရသည့် ခံစားချက်ကို လွမ်းဆွတ်နေခဲ့ရသည်။

ယခင် စိတ်ရှုပ်ထွေးစဉ်က သူ့ဆီ လွတ်လွတ်လပ်လပ်သွားနိုင်ခဲ့ပေမယ့်၊ ယခုမူ အိပ်နေရင်း လမ်းထလျှောက်နေသော ပုံစံ ဟန်ဆောင်ကာ သူထံသွားဖို့ အကြောင်းပြချက်ရှာခဲ့ရသည်။

လုလီသည် သူမ အခြေအနေပြန်ကောင်းလာသည်ကိုပင် ရုတ်တရက် နောင်တရမိသွားသည်။

All Chapters