← Chapters

You Dog (1)

Vol. 7 Ch. 98

You Dog (1)

Vol. 7 Ch. 98

ထိုညက သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့မနက်တွင် လုလီသည် ချီချန်းရန်၏ရင်ခွင်ထဲမှ နိုးလာပြီး “ဘာဖြစ်တာလဲ? ကျွန်မ ဘာလို့ ဒီမှာရှိနေတာလဲ? ဘာလို့ ရှင့်ရင်ခွင်ထဲရောက်နေတာလဲ?”

နိုးနေပြီဖြစ်သော ချီချန်းရန်သည် "မင်း မနေ့ညက အိပ်နေရင်းလမ်းထလျှောက်နေတာ”

"ဟင်?" လုလီသည် စိတ်ရှုပ်ထွေးသောအမူအရာဖြင့် "ကျွန်မမှာ အဲ့လိုအကျင့်မရှိပါဘူး”

"အို….တောင်းပန်ပါတယ် တောင်းပန်ပါတယ်"

ချီချန်းရန် - "ရတယ်၊ ဘာမှ မဖြစ်ဘူး" လုလီ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

…

ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်ပြီး scalper နှင့် အရူး Fan များက နောက်မှ ဝင်တိုက်မိသည့်အတွက် ၎င်းတို့ထံ အပြည့်အဝ တာဝန်ရှိကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။

ထို့အပြင် လိုက်လံနှောင့်ယှက်ခံခဲ့ရသော အနုပညာရှင် ယန်ကျွမ်သည် Weibo တွင် တောင်းပန်စာတင်ခဲ့ပြီး Fanများအား ပရိသတ်တစ်ယောက်အနေဖြင့် လူကျင့်ဝတ်နှင့်အညီ ပြုမူနေထိုင်ရမည့် အခြေခံသဘောတရားများကို နားလည်သဘောပေါက်ရန် သတိပေးခဲ့သည်။

အနုပညာရှင် ယန်ကျွမ်သည်လည်း အရိပ်ထိုးခံခဲ့ရကြောင်း လုလီ သိထားပြီး ဤကိစ္စတွင် အရူး Fan များတွင်သာ အပြစ်ရှိသဖြင့် တင်းကြပ်စွာဆောင်ရွက်ခဲ့သည်။

သူမသည် တာဝန်ရှိသူများကို လျှော်ကြေးပေးရန် အတွင်းရေးမှူးကျောက်အား စီစဉ်ခိုင်းခဲ့သည်။

ထိုသည်မှာ သာမာန်မတော်တဆမှု ဖြစ်သော်ငြားလည်း ဤတကြိမ်တွင် အပြစ်ရှိသူများသည် မိမိတို့၏ ရူးသွပ်မှုကြောင့် အခြားသူများ၏ အသက်ကို လျစ်လျူရှုခဲ့ကြသည့်အတွက် ၎င်းတို့ကို ဆုံးရှုံးမှုအချို့နှင့် သင်ခန်းစာကောင်းကောင်းပေးရန် လိုအပ်နေသည်။

Bentley ကား သည် အလွန်တန်ဖိုးကြီးသော အမျိုးအစားဖြစ်သည်။

လုလီ အတွင်းရေးမှူးကျောက်ကို ညွှန်ကြားပြီးနောက် သူမ၏ Weibo အကောင့်ဆီသို့ ဝင်လိုက်သည်။

သူမသည် မနေ့ညက အွန်လိုင်းပေါ် ရုတ်တရက်ရောက်လာပြီး Weibo ပေါ်တွင် ပို့စ်ပေါင်းများစွာ တင်ခဲ့သည်။ သူမ၏ပရိသတ်များပင် အံ့အားသင့်ခဲ့ကြပြီး နောက်ဆုံးတွင် ဤ *bai fu mei fan* ၏ ပြန်လည်ရောက်ရှိလာမှုအတွက် ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။

[Bai fu mei - တရုတ်စကားပုံတစ်ခုဖြစ်ပြီး အသားအရေဖြူစင်ခြင်း၊ ချမ်းသာခြင်းနှင့် လှပခြင်းတို့ဖြင့် ပြည့်စုံသော အမျိုးသမီးကို ရည်ညွှန်းသည်]

Fan များသည် 'နတ်သမီးလေး၊ နောက်ဆုံးတော့ idol တွေနဲ့ ထိတွေ့ဖို့ ပြန်လာခဲ့ပြီလား?’ ဟူသော သီးသန့်မက်ဆေ့ချ်နှင့် မှတ်ချက်များ ပေးပို့ခဲ့ကြပြီး တချို့ကမူ 'နတ်သမီးလေး၊ “သစ်တော်သီးစုံတွဲ”ရဲ့ အချိုတွေကို ပြန်တွေ့ရတော့မှာလား?” ဟု မေးမြန်းနေကြသည်။

လုလီ မျက်ရည်မကျဘဲ ငိုချင်စိတ်ပေါက်လုနီးပါး ဖြစ်ခဲ့ရသည်။

သတင်းများ ထွက်ပေါပြီးနောက် “သစ်တော်သီးစုံတွဲ”သည် နောက်ဆုံးတွင် ၎င်းတို့၏ 'အချမ်းသာဆုံးစုံတွဲ အတုအယောင်' ဟူသော နာမည်ကို ဖယ်ရှားနိုင်ခဲ့ပြီး CP Fan များစွာကိုလည်း ရရှိခဲ့သည်။ Fan အသစ် အများအပြား ရရှိခဲ့သော်လည်း စီမံခန့်ခွဲမှု မကျွမ်းကျင်သည့်အတွက် ခေါင်းဆောင်မရှိသော နဂါးအုပ်ကြီးသဖွယ်ဖြစ်နေခဲ့ရာ ယခင် "သစ်တော်သီးစုံတွဲ” ၏ နံပါတ် ၁ CP အမာခံပရိသတ်ကို လွမ်းဆွတ်နေကြပြီး မကြာမီ ပြန်လာရန် တောင်းဆိုခဲ့ကြသည်။ ယခုမူ ၎င်းတို့၏ ရည်မှန်းချက်ပြည့်ဝသွားကာ အနာဂတ်တွင် "သစ်တော်သီးစုံတွဲ”၏ ချိုမြိန်မှုကို မြင်ရတော့မည်ဟု ထင်မှတ်နေကြသည်။

လုလီသည် မိမိဖန်တီးခဲ့သော “သစ်တော်သီးစုံတွဲ” Super talk ကို သတိရသွားပြီး ရုတ်တရက် ရှက်ရွံ့သွားခဲ့သည်။

ပရိသတ်အားလုံးသည် ဘားမှ အဖြစ်အပျက်ကို အစဟုသာ ထင်မှတ်နေကြပြီး အနာဂတ်တွင် “သစ်တော်သီးစုံတွဲ”၏ ကြီးမားသော ချိုမြိန်မှုတွင်းနက်ကြီးကို ပိုမိုမြင်တွေ့နိုင်ရန် မျှော်လင့်နေကြသည်။

လုလီသည် ဤသည်မှာ အစမဟုတ်ဘဲ အဆုံးသတ်ဖြစ်ကြောင်း CP Fan များကို မည်သို့ပြောပြရမှန်း မသိဖြစ်နေသည်။

“သစ်တော်သီးစုံတွဲ” သည် ယခင်လို အေးစက်ပြီး ထူးခြားမှုမရှိသည့် အတုယောင်စုံတွဲအဖြစ် ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။

ပို၍ ရှင်းလင်းစွာဆိုရပါလျှင် ယခုချိန်တွင် ၎င်းတို့သည် တစ်ယောက်ချင်း သီးသန့်သာ ရှိနေကြသည်။ သို့မဟုတ်…? လုလီသည် မေးစေ့ကို လက်ဖြင့် ထောက်ကာ ချီချန်းရန်အကြောင်းကို စဉ်းစားလိုက်သည်။

ယနေ့မနက် အလုပ်သွားစဉ်က သူ တံခါးနားတွင် သူမကို မနမ်းပဲ ထွက်သွားသည်။

ဤသည်ကိုတွေးရင်း လုလီ အဘယ်ကြောင့် သူ၏အနမ်းကို ခံယူချင်နေရသနည်းဟု ကိုယ့်ကိုကိုယ်ကြိမ်းမောင်းလိုက်သည်။

ယခင်ကဆို ထိုသို့ ပြုမူဦးမည်ဖြစ်သော်လည်း ယခုမူ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိ သွားပြီဖြစ်သည်။ သို့ဖြစ်ရာ ချီချန်းရန် အလုပ်သွားခါနီး တံခါးနားတွင် သူမကို နမ်းခဲ့မည်ဆိုပါက ၎င်းသည် ပုံမှန်မဟုတ်သော အပြုအမူ ဖြစ်သွားနိုင်သည် မဟုတ်ပါလား?

ချီချန်းရန်သည် အချိန်ဇယားရှိသောကြောင့် ပုံမှန်ထက် စောထွက်သွားကြောင်း လုလီ သတိရလိုက်သည်။

“GO' အမှတ်တံဆိပ် သည် ကြီးစွာသော အောင်မြင်မှုကို ရရှိခဲ့ပြီး ရှန့်ကျင်၏ စတော့စျေးနှုန်းများ အဆက်မပြတ် မြင့်တက်လာခဲ့သည်။ ထို့အတူ ချီချန်းရန် ၏တန်ဖိုးသည်လည်း မြင့်သထက် ပိုမြင့်တက်လာခဲ့သည်။ ဘဏ္ဍာရေးရုပ်သံလိုင်းမှ သူနှင့်အင်တာဗျူးရန် စီစဉ်ထားပြီး ယနေ့သည် ရိုက်ကူးရေးနေ့ဖြစ်သည်။

လုလီသည် ထို Show ကို မှတ်မိသည်။ ယခင်က ဟောင်ကောင်တွင် ဖခင်ဖြစ်သူနှင့် တွေ့ဆုံမေးမြန်းခဲ့ဖူးပြီး သူမ၏မိသားစုအိမ်ကြီးကို ဓာတ်ပုံရိုက်ယူခဲ့သေးသည်။

ရိုက်ကူးရေးလုပ်နေရင်း ချီချန်းရန် မည်သည့်ပုံစံရှိနေမည်ကို လုလီ မသိပေ။

လုလီ ထိုအကြောင်းကို တွေးပြီး အော်ဟစ်ပစ်လိုက်သည်။

ချီချန်းရန်သည် မကြာခဏ အင်တာဗျူးလုပ်လေ့မရှိပဲ ရှားရှားပါးပါး အလားတူ အင်တာဗျူးတစ်ခုသာ လက်ခံဖူးသည်။ အင်တာဗျူးသူမှ “မစ္စတာချီ၊ မင်းရဲ့ ဇနီးက ဘာကြိုက်တတ်လဲ? ဘယ်လိုအစားအသောက်တွေ စားရတာ ကြိုက်လဲ သိလား?” ဟူသောမေးခွန်းမျိုး မေးခဲ့ဖူးသည်။

ချီချန်းရန်သည် အကြောင်းအရာ တစ်ခုခုကို ဖန်တီးကာ မေးခွန်းကို ရှောင်ထွက်နိုင်သော်လည်း သူမအကြိုက်များကို သူသိပ်မသိကြောင်း တည်ငြိမ်သောလေသံဖြင့် ပြောခဲ့ပြီး ထိုနေရာတွင် သူမှ လွဲ၍ လူတိုင်း၏ ခံစားချက်ကို အဆင်မပြေဖြစ်စေခဲ့သည်။

ဤသို့ဖြင့် ၎င်းတို့သည် စုံတွဲအတုအယောင် စစ်တမ်းထဲတွင် ဝင်ရောက်ခဲ့ပြီး မဲပေးရာတွင် ရှေ့ဆုံးမှ ဦးဆောင်ခဲ့ပြီး နံပါတ်တစ် စုံတွဲအတုအယောင်၏ ဆုတံဆိပ်ကို ရရှိခဲ့သည်။

လုလီသည် ထိုစဉ်က အင်တာဗျူးကို မြင်ပြီးနောက် စာမျက်နှာအလွတ်တစ်ခုကို တိတ်တဆိတ်လှန်လိုက်ပြီး တွေးလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ငါလည်း သူ့အကြောင်းတွေ သိပ်သိတာမှမဟုတ်တာ”

ယခုဆိုလျှင် ချီချန်းရန်၏ တစ်နှစ်တစ်ကြိမ် အင်တာဗျုးအချိန် ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ လုလီသည် ယခင်က ဖခင်ဖြစ်သူ၏ နောက်ဆုံးအင်တာဗျူး မှတဆင့် မေးခွန်းတစ်ချို့ကို ခန့်မှန်းခဲ့သည်။

အများစုမှာ ဘဝနှင့်ဆိုင်သော မေးခွန်းများဖြစ်ပြီး အထူးသဖြင့် သူ၏ဘဝဖြတ်သန်းမှု အကြောင်းအရာများ ပါဝင်မည်ထင်သည်။

ဖခင်ဖြစ်သူသည် ထိုမေးခွန်းများကို သေချာဖြေနိုင်ခဲ့ပြီး မိသားစု၏ပျော်ရွှင်ဖွယ် ပုံရိပ်များကို ပုံဖော်ပေးနိုင်ခဲ့သည်။ သို့သော် လုလီသည် ချီချန်းယန်အပေါ် မည်သည့်မျှော်လင့်ချက်မှ မထားချင်ပေ။

သူမ ယာယီ စိတ်ရှုပ်ထွေးနေချိန်က အင်တာဗျူးဖြေခဲ့လျှင် ပိုကောင်းလိမ့်မည်ထင်သည်။ သို့သော် ယခုအချိန်တွင် သူအနေနှင့် အခြေအနေများကို ထည့်သွင်းစဉ်းစားရဦးမည် ဖြစ်သည်။ ယခုဆို သူမလည်း နေပြန်ကောင်းပြီဖြစ်၍ အမှန်တိုင်းသာဖြေနိုင်သည်။ ထို့အပြင် မနက်ကလည်းသူမကို အနမ်းပေးခြင်း မရှိခဲ့ပေ။

လုလီ နှုတ်ခမ်းကိုစူလိုက်ပြီး ဖြစ်နိုင်ချေရှိသည့် မေးခွန်းများကို မတွေးဘဲ မနေနိုင်ခဲ့ပေ။

'မစ္စတာချီက အလုပ်အရမ်းများတဲ့သူဆိုတော့ အားလပ်ရက်တွေမှာ ဇနီးသည်ကို အချိန်ပေးပြီး အပန်းဖြေတာမျိုးတွေ လုပ်လေ့ရှိလား?”

ချီချန်းရန် : ‘ကျွန်တော် သူနဲ့သိပ်မရင်းနှီးဘူး’

'အခုဆို လူတိုင်းက မစ္စတာချီနဲ့ ဇနီးသည်ကြား ဆက်ဆံရေးက နွေးထွေးပြီး အရမ်းချိုမြိန်တယ်လို့ ပြောနေကြတယ်။ အိမ်ထောင်ပြုပြီးနောက်ပိုင်း လင်မယားကြာ ဆက်ဆံရေးတိုးတက်စေမယ့် နည်းလမ်းကောင်းလေးတွေရှိရင် မျှဝေပေးပါဦး”

ချီချန်းရန် - ကျွန်တော်တို့ နွေးထွေးတာ မဟုတ်ဘူး၊ လူတွေ အထင်မှားနေကြတာပါ

All Chapters