A Good Wife and Mother
Vol. 7 Ch. 100
လုလီသည် ဖုန်းကို ကိုင်ထားရင်း သွေးပေါင်ချိန်များ တဟုန်ထိုး တက်လာကာ သူမခေါင်းထဲ လေးလံလာသလို ခံစားလိုက်ရသည်။
ချီချန်းရန်သည် သူမ၏အီမိုဂျီများကို သတင်းထောက်အား ပြသခဲ့လျှင်တောင် အင်တာဗျူးအား စောင့်ကြည့်နေသော ပရိသတ်များ မမြင်အောင် ရှောင်လွှဲလို့ရနိုင်သည် မဟုတ်ပါလား?
သူ ဘာဖြစ်ချင်နေတာလဲ?! သူမ ဂုဏ်သိက္ခာကို မထောက်ထားမှန်း ထင်ရှားနေသည်။
ဤကဲ့သို့ ရိုးသားနုံအသည့် ခေတ်ဟောင်းလူကြီးနှင့်တူညီသော ထိုအမျိုးသားသည် CP နှင့် ၎င်းအားဆက်နွှယ်နေသော Fan များကို မသိရှိသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။
ယခုအဖြစ်အပျက်သည် အသက်ရှူကြပ်လောက်အောင်ပင် ရှုပ်ထွေးနေသည်။
ယခင်က ဘားတွင် ဖြစ်ခဲ့သည့်အဖြစ်အပျက်သည် ၎င်းတို့ လူရှေ့တွင် မတော်တဆ အချိုထုတ်ပြမိသည့်တိုင် သည်းခံနိုင်ဖွယ်ရှိသေးသည်။ သို့သော် ယနေ့တွင် သူမသည် Super talk သို့သွားကာ ၎င်းတို့အားပေးနေသည့် 'သစ်တော်သီးစုံတွဲ' သည် အစစ်အမှန်မဟုတ်ကြောင်း CP Fan များကို သတိပေးခဲ့သည်။ သူမ စကားကြောင့် Fan များသည် ဤအင်တာဗျူးမှ အကျိုးရလဒ် အနည်းငယ်ပင် ရှိနိုင်ဖွယ်မရှိဟု ထင်မှတ်နေကြစဉ် အဆုံး၌ သကြားလုံးတစ်လုံးထက်ပို၍ ချိုမြိန်သော အဖြေကို ရရှိသွားကြသည်။
လုလီသည် သူမမျက်နှာ ပူလောင်လာသည်ကို ခံစားလိုက်ရသည်။
ဤသည်ကို ချီချန်းရန် ဖန်တီးခဲ့ခြင်း ဖြစ်သည်။
လုလီသည် 'သစ်တော်သီးစုံတွဲ'၏ super talk ကိုကြည့်လိုက်သောအခါ CP Fan များသည် “@” ဖြင့် mentionခေါ်ကာ ပြင်းပြင်းထန်ထန် အပြစ်တင်နေကြသည်ကို တွေ့လိုက်ရသည်။
[@Pear-Flavored Little Fairy...ထွက်လာတော့လေ...မင်း လိမ်တာပေါ်ပြီ!]
[သစ်တော်သီးစုံတွဲက ဘယ်လောက်ချိုမြိန်လဲဆိုတာ ဒီလောက် ထင်ရှားနေတာကို၊ နတ်သမီးလေး မင်း သူတို့ကို အပုပ်ချဖို့ ကြိုးစားနေတာလား? ဒါ ဘာသဘောလဲ?]
[Fanတွေကို ပထုတ်ဖို့ ကြိုးစားနေတာလား? အဲ့မှာအိပ်မက်ပဲ မက်နေလိုက်]
[မင်းရဲ့စကားတွေကို နောက်ဘယ်တော့မှ မယုံတော့ဘူး။]
[ဝူး၊ ဝူး၊ ဝူး~ CEO ရဲ့ ရှောင်းလီလီလေးက အီမိုဂျီ package တောင် သုံးနေတာနော်]
[သစ်တော်သီးစုံတွဲက တကယ့်အစစ်အမှန်စုံတွဲပဲ]
[သူတို့က သီးသန့် အီမိုဂျီတောင် သုံးနေကြတာနော်၊ အား...ဘယ်လိုတွေတောင် ချိုနေကြတာလဲ]
[အချိုတွေ ထပ်ရှိနိုင်သေးတယ်၊ ဥက္ကဌချီရေ ကျေးဇူးပြုပြီး ရှောင်းလီလီရဲ့ အီမိုဂျီအားလုံးကို ငါတို့မြင်အောင် လုပ်ပေးပါဦး။]
[အို....သူတို့နှစ်ယောက်ပဲ သီးသန့်သုံးပါစေ၊ ဒါ သူတို့ကြား ချစ်ခြင်းမေတ္တာကို အီမိုဂျီတွေနဲ့ ဖော်ပြနေတာ]
…
Super talk ၏ လှုပ်ရှားမှုကို ရင်ဆိုင်ရင်း လုလီတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ သူမ၏ ရှက်ဖွယ်ကောင်းသော အီမိုဂျီများသည် ကမ္ဘာ့မျက်နှာစာတွင် ပျံနှံသွားပြီဖြစ်ပြီး ချီချန်းရန်ထံသွားကာ ထိုအခြေအနေဖြစ်အောင် လှုံဆော်ခဲ့ခြင်းအတွက် မေးမြန်းအပြစ်တင်ရန်လည်း မဖြစ်နိုင်သေးပေ။ အကြောင်းမှာ ချီချန်းရန်တွင် အလုပ်ကိစ္စအချို့ ကျန်ရှိနေသေးသောကြောင့် ဖြစ်သည်။
လုလီ အချိန်ကိုကြည့်လိုက်တော့ ညဆယ်နာရီထိုးခါနီးပြီ ဖြစ်သည်။
ဘာကြောင့်မှန်းမသိ လောင်ကုန်းဖြစ်သူသည် မိသားစုအား ထောက်ပံ့ရန် ပင်ပင်ပန်းပန်း ငွေရှာနေရသည်ဟု သူမ ဦးနှောက်ထဲတွင် ရုတ်တရက် အတွေးဝင်လာသည်။
လုလီသည် ထိုအတွေးကြောင့် ကိုယ့်ကိုကိုယ်ပင် အံ့အားသင့်သွားသည်။
ထို့နောက် သူမ မယုံကြည်နိုင်စွာဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။
ချီချန်းရန်သည် သူမ၏အီမိုဂျီများကို ထုတ်ဖော်ပြခဲ့ပြီး CP ပရိသတ်များအား အချိုကျွေးကာ သူမ မျက်နှာကို ရိုက်ချခဲ့သည်။ သို့ဖြစ်ရာ ထိူလူနှင့် စာရင်းရှင်းရန် ကျန်သေးသည်။ ထို့ကြောင့် သူ့အပေါ် သနားစိတ်ဝင်နေလို့ မရပေ။
ည ၁၀နာရီခွဲတွင် ချီချန်းရန် အိမ်ပြန်ရောက်လာသည်။
လုလီသည် ဆိုဖာပေါ်တွင် ခြေထောက်ကို ထပ်ထိုင်လျက် ချီချန်းရန်ကို စောင့်မျှော်နေခဲ့သည်။ သူမ တံခါးဖွင့်သံ ကြားသည်နှင့်တစ်ပြိုင်နက် ဖိနပ်စီးကာ ပြေးသွားခဲ့သည်။
“ချီ...ဟို"
လုလီသည် သူ့ကိုမြင်သည်နှင့် စကားတစ်ခွန်းသာ ထွက်လာပြီး ရုတ်တရက် ဘာဆက်ပြောရမှန်း မသိတော့ပေ။
အကြောင်းမှာ သူ့ထံမှ စူးရှသော အရက်နံ့ကို ရှူရှိုက်မိလိုက်သောကြောင့် ဖြစ်သည်။
ချီချန်းရန်သည် အလုပ်နှင့်လူမှုရေး တွေ့ဆုံပွဲများရှိလျှင် အရက်သောက်တတ်သူများနှင့် တွေ့ဆုံပါက ရှောင်လွှဲလို့မရပေ။ ချီချန်းရန်သည် အရက်သောက်ရသည်ကို မကြိုက်သော်လည်း အရက်ကြိုက်သူများ၏ ဆွဲဆောင်မှုအောက်တွင် တစ်ခွက် နှစ်ခွက်တော့ မလွဲမသွေသောက်ရသည်။
ထိုကဲ့သို့သောသူများနှင့် ယနေ့ညတွင် ကြုံတွေ့ရလိမ့်မည်ကို သူမ မထင်ထားခဲ့ပေ။
ချီချန်းရန် အရက်မည်မျှသောက်လာသည်ကို လုလီ အတိအကျမသိသော်လည်း၊ သူ့ခန္ဓာကိုယ်မှထွက်နေသော အနံ့အရ တော်တော်များများ သောက်ခဲ့ဟန်တူသည်။
လုလီ မော့ကြည့်လိုက်ရာ ချီချန်းရန်၏ မျက်လုံးများနှင့် ဆုံသွားသည်။
သူ၏မျက်လုံးများသည် မည်းနက်နေပြီး ထိုအကြည့်မှတဆင့် မူးနေခြင်းရှိမရှိ လုလီမှန်းဆ၍ မရချေ။
လုလီသည် ချီချန်းရန်အား လမ်းဖယ်ပေးရန် နောက်ဆုတ်လိုက်သည်။
ချီချန်းရန်သည် စကားမပြောဘဲ အိမ်စီးဖိနပ်ကို လဲစီးကာ ဧည့်ခန်းဆီသို့ တည့်တည့်လျှောက်သွားပြီး ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
လုလီအနေဖြင့် ယနေ့ညတွင် သူနှင့် ထိပ်တိုက်ဖြေရှင်းရန် မဖြစ်နိုင်တော့ဟု တွေးလိုက်၏။ သူမသည် ဆိုဖာပေါ်တွင် ထိုင်နေသော ထိုအမျိုးသားကို ကြည့်ရင်း ဘာပြောရမှန်း မသိတော့ဘဲ၊ သူမအိပ်ခန်းဆီသို့ ပြန်သွားချင်သော်လည်း မသင့်တော်ဟု ခံစားရသည်။
သူဘာလို့ ဆိုဖာပေါ်မှာ ထိုင်နေတာလဲ? အသန့်ကြိုက်တဲ့ အမျိုးသားက သူ့ကိုယ်သူ သန့်ရှင်းဖို့ အရင်စဉ်းစားသင့်သည် မဟုတ်ဘူးလား?
လုလီသည် တစ်ဆင့်ပြီးတစ်ဆင့် စဉ်းစားရင်း ချီချန်းရန်နားသို့ ချဉ်းကပ်သွားလိုက်သည်။
သူသည် ဆိုဖာပေါ်တွင် ခန္ဓာကိုယ်ကို လျှောထိုင်နေပြီး ခေါင်းအနည်းငယ်စောင်းကာ မျက်လုံးများကို မှိတ်ထားလျက် အနားယူနေဟန် တူသည်။ အရာအားလုံး ပုံမှန်အတိုင်းထင်ရသည်။
လုလီသည် မျက်မှောင်ကို ကျုံ့လျက် ချီချန်းရန်၏ ခေါင်းမှခြေဖျားအထိ စစ်ဆေးကြည့်ရှုပြီးနောက် နောက်ဆုံးတွင် မူမမှန်သောအရာကို ရှာဖွေတွေ့ရှိသွားသည်။
လုလီမျက်လုံးများသည် ချီချန်းရန်၏ ခြေထောက်ပေါ်တွင် ရောက်ရှိသွားသည်။
သူ ဖိနပ်ကို ပြောင်းပြန်စီးထားသည်ကို သူမ တွေ့လိုက်ရသည်။
လုလီ: “…”
ချီချန်းရန် အရက်အလွန်အကျွံမူးနေပြီ ဖြစ်ကြောင်း သူမသိလိုက်သည်။ လက်ရှိအခြေအနေနှင့်ရင်ဆိုင်နေရသော လုလီအတွက် အခက်တွေ့နေသည်။
သူမ ဘာလုပ်သင့်သနည်း?
သူ့အား အိပ်ရန်ပြောသင့်သလား? ဒါမှမဟုတ် သူ့ကို တစ်ယောက်တည်း ထားခဲ့ပြီး တိတ်ဆိတ်စွာနေသင့်လား?
လုလီသည် အတွေးများစွာဖြင့် နောက်ဆုံးတွင် ချီချန်းရန်အား ခြုံပေးရန် စောင် တစ်ထည်ယူလာခဲ့သည်။